Chapter 142
Surprise Gift
ထန်ချောင်းချောင်းက အသံတစ်ချက်မှ မထွက်ဘဲ မျက်တောင်ခတ်လိုက်သည်။
ရှန်းယွဲ့က သူမ၏ လက်ချောင်းသွယ်သွယ်လေးများကို ပွတ်သပ်လိုက်သည်။ "ဘာလို့ စကားမပြောတာလဲ... ကိုယ့်ကို မတွေ့တာကြာတော့ ကြောင်အသွားပြီလား"
ထန်ချောင်းချောင်းက သူမလက်များကို ပြန်ဆွဲယူကာ နှုတ်ခမ်းဆူလိုက်သည်။ သူမက လက်နှစ်ဖက်လုံးဖြင့် သူ့နားရွက်များကို ဆွဲကာ ရက်ရက်စက်စက် ပြောလိုက်လေသည်။
"ရှင့်ဦးနှောက်မှာ ပြဿနာ ရှိနေတာလား... ရှင်ခုနက အချိန်မီ မရပ်လိုက်နိုင်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်သွားမလဲဆိုတာ သိရဲ့လား"
ရှန်းယွဲ့က အရွယ်ရောက်လာကတည်းက နားရွက်အဆွဲ မခံရတော့သည် ဖြစ်ရာ စက္ကန့်အနည်းငယ်မျှ အံ့အားသင့်သွားရသည်။ ထန်ချောင်းချောင်းက အားပြင်းပြင်း မဆွဲသော်ငြား ပါးစုန့်လေးများက ဒေါသကြောင့် ဖောင်းပွနေခဲ့သည်။
သူက ပြုံးလိုက်သည်။ "ဗျူဟာ မှားသွားပုံပဲ" သူ ထန်ချောင်းချောင်း၏ အမြင်စူးရှမှုကို မှားတွက်မိပုံပဲ...
ထန်ချောင်းချောင်းက နှာမှုတ်ကာ မေးလိုက်သည်။ "ဘယ်အချိန်တုန်းက အိမ်ပြန်စရောက်တာလဲ"
"ဒီ မနက်ပဲ"
"ဒါဆို ဘာလို့ ကျွန်မကို မပြောရတာလဲ"
"အချိန်မရလို့."
"အချိန်မရဘူးတဲ့လား... ဘာတွေလုပ်နေလို့ အချိန်မရရတာလဲ"
"ဒါတွေနဲ့ အလုပ်ရှုပ်နေလို့လေ" ရှန်းယွဲ့က မေးကို မော့ပြလိုက်သည်။
ထန်ချောင်းချောင်းက သူ့အကြည့်နောက် လိုက်ကြည့်လိုက်သောအခါ ပန်းရောင်နှင့် ရွှေရောင် ပူဖောင်းများက အခန်းထဲရှိ နေရာတိုင်းတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ "Happy Birthday" ဟူသော စာတန်းကိုလည်း နံရံအလယ်တွင် ချိတ်ထားသေးသည်။ ၎င်းက လှပပြီး အိမ်မက်ဆန်ပေသည်။
သူမက တွေဝေနေဟန် ပြောလိုက်သည်။"ဒီနေ့ ကျွန်မ မွေးနေ့လား"
"မဟုတ်ပါဘူး... ဆယ်စက္ကန့်ကြာမှ" ရှန်းယွဲ့က နာရီကို ကြည့်လိုက်ပြီး "သုံး... နှစ်... တစ်... သုည... Happy Birthdayပါ"
ထန်ချောင်းချောင်းက အဆုံးတွင်မှ ယနေ့မှာ မူလကိုယ်၏ မွေးနေ့ဖြစ်သည်ကို မှတ်မိသွားလေသည်။ သူမ၏ အရင်ဘဝတွင် မွေးနေ့ ကျင်းပသည့် အယူအဆ မရှိခဲ့ပေ။ ယခုတွင်မူ ထိုမွေးနေ့က သူမနှင့် သက်ဆိုင်သွားပေပြီ။ သူမက မမှတ်ထားခဲ့သော်လည်း ရှန်းယွဲ့ မှတ်မိနေမည်ဟု မထင်ထားခဲ့ပေ။
စားပွဲပေါ်တွင် ကိတ်တစ်လုံးရှိနေပြီး ထန်ချောင်းချောင်းက ထိုင်ချကာ အနီးကတ် ကြည့်လိုက်သည်။ "ဘယ်ကနေ ဝယ်လာတာလဲ... နာမည်ပြောစမ်းပါ... အလင်းကာဖို့အတွက်ပဲ ကောင်းမှာ... ရုပ်ဆိုးလွန်းတယ်"
"ကိုယ်လုပ်ထားတာ" ရှန်းယွဲ့က ပြောလိုက်သည်။
ထန်ချောင်းချောင်း၏ နှလုံးခုန်သံ မှားသွားသလိုပင်။ ထို့နောက် သူမက ချက်ချင်း မျက်နှာကို ပြင်လိုက်ကာ "ဒီလို ရုပ်ဆိုးတဲ့ ကိတ်လေးတွေကို ကြိုက်တယ်... ချစ်စရာ ကောင်းပြီး ခေတ်ဆန်တယ်လေ"
ပြီးနောက် သူမက ခေါင်းကိုလှည့်ကာ အပြုံးချိုချိုလေးဖြင့် ပြောလိုက်သည်။ "ကျေးဇူးပါ... ကျွန်မ အရမ်း ကြိုက်တယ်"
ရှန်းယွဲ့က သူမ၏ အပြုံး မျက်နှာလေးကို ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။
"ကိုယ် အခုတလော ဘာတွေလုပ်နေလဲလို့ မမေးတော့ဘူးလား""
ထန်ချောင်းချောင်းက ပြောသည်။ "အဲ့တုန်းကလား... ဘာတွေ လုပ်နေခဲ့တာလဲ"
ရှန်းယွဲ့က ပြုံးလိုက်သည်။ "ဘာလို့ အလှည့်ကျ ကဒ်တွေ မဆွဲလိုက်တာလဲ... အခုအချိန်မှာ မင်းက ဒီလို ပြောသင့်တာလေ... ကျွန်မ ရှင့်ကို ယုံပါတယ်... ရှင်ပြောချင်တဲ့အခါမှ ပြောပါလို့လေ
"ကျွန်မကတော့ အဲ့လို အဓိပ္ပါယ် မရှိတာတွေ မပြောချင်ပါဘူး... ကျွန်မ ရှင် ဘာတွေ လုပ်နေတာလဲ ဆိုတာ တကယ် သိချင်နေတာ..."
ထန်ချောင်းချောင်းက ပြောင်ပြောင်တင်းတင်းပင် ပြောလိုက်သည်။
"ကောင်းပြီလေ... မင်း ထရပ်ပြီး မျက်လုံးမှိတ်လိုက်" ရှန်းယွဲ့က နူးနူးညံ့ညံ့ ပြောလိုက်သည်။ "ကိုယ်မင်းကို မွေးနေ့လက်ဆောင်ပေးမလို့"
ထန်ချောင်းချောင်း: "လက်ဆောင် ရှိသေးတာလား" သူကိုယ်တိုင် လုပ်ထားသော ကိတ်ကပင် သူမအတွက် အကောင်းဆုံးလက်ဆောင် ဖြစ်နေပြီးသားပင်။
ရှန်းယွဲ့: "ဒါပေါ့"
ထန်ချောင်းချောင်းက မတ်မတ်ရပ်လိုက်ပြီး မျက်လုံးကို တင်းတင်းပိတ်ကာ ၎င်းကို စောင့်မျှော်နေလိုက်သည်။
တစ်ခဏအကြာမှာပင် နားဝင်ချိုပြီး ရိုမန့်တစ်ဆန်လှသော တေးသွားလေးက အခန်းတွင်းသို့ ပျံ့နှံ့လာခဲ့သည်။
အတွေးမျိုးစုံသည်လည်း ဝင်လာခဲ့သည်။ မစ္စတာ အထက်မြက်ဆုံးရှန်း ပြောသည့်အတိုင်းပင် တလေးတနက်ကိစ္စများအားလုံး မလွတ်သွားစေရ။
မကြာမီ ချက်ချင်းပင် ထန်ချောင်းချောင်း နွေးထွေးသော အထိအတွေ့လေးသို့ ပစ်လဲကျသွားသလိုပင်။ သူ့ဘယ်လက်က သူမခါးကို ရစ်ပတ်နေပြီး ညာလက်က သူမ၏ လက်ကို ဆုပ်ကိုင်ထားသည်။ သူမ၏ နှာခေါင်းတွင် ရနေသမျှက သူ၏ စွဲမက်ဖွယ် အနံ့လေးသည်သာ။
ရှန်းယွဲ့က အမျိုးသမီးလေး၏ လှုပ်ခါနေသော မျက်တောင်များကို ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။ "မျက်လုံးဖွင့်လို့ရပြီ"
ထန်ချောင်းချောင်းက ခံစားချက်အချို့ရှိနေခဲ့ပြီးသားပင်။ သူမမျက်လုံးကိုဖွင့်ပြီး ရှန်းယွဲ့က သူမရှေ့တွင် မြဲမြဲမြံမြံ ရပ်နေသည်ကို တွေ့လိုက်ရချိန်တွင် ပျော်ရွှင်မှုဖြင့် နှလုံးခုန်သံကိုပင် ထိန်းမရနိုင်တော့ပေ။
"ရှင့်ခြေထောက်တွေက"
ရှန်းယွဲ့က ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်တယ်"
ထန်ချောင်းချောင်းက နောက်တစ်လှမ်းဆုတ်ကာ မတ်မတ်ရပ်နေသော သူ့ခြေထောက်များကို သေချာ ကြည့်နေလိုက်သည်။
"နှစ်လှမ်းလောက်... ကျွန်မဆီ နှစ်လှမ်း လျှောက်ခဲ့" ထန်ချောင်းချောင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ရှန်းယွဲ့ မျက်နှာ မဲမှောင်သွားလေသည်။ ဒီလို ကလေးကလား လျှောက်ခိုင်းတာ မျိုးကတော့ တော်တော်များသွားပြီ...
သူက ထန်ချောင်းချောင်းကို သူ့လက်မောင်းထဲသို့ ပြန်ဆွဲယူလိုက်ပြီး ပြောသည်။ "ကိုယ်နဲ့ အတူ လျှောက်"
ထန်ချောင်းချောင်း: "?"
ရှန်းယွဲ့က အားကိုးရာမဲ့စွာ ပြောလိုက်သည်။ ကိုယ်အလှဆင်ထားတာရော... ရိုမန့်တစ်ဆန်တဲ့ တေးသွားတွေရော လုပ်ထားပြီးသွားပြီ... သေချာပေါက် ကိုယ်တို့ကမှရမှာပေါ့" 'ရိုမန့်တစ်ဆဲလ်တွေ မရှိတဲ့သူနဲ့ စကားပြောရတာ တကယ် ခက်ခဲတာပဲ'
"အိုး"
ထို့ကြောင့်ပင် ရှန်းယွဲ့က ထန်ချောင်းချောင်းကို ဖက်ကာ တေးသွားအလိုက် တဖြည်းဖြည်း ကနေခဲ့သည်။
ထန်ချောင်းချောင်းက ရှန်းယွဲ့၏ ခြေထောက်များကို သာမာန်လူများနှင့် ခြားနားမှု ရှိမရှိ စူးစမ်းရန် ခေါင်းကိုသာ တွင်တွင်ငုံ့နေခဲ့သည်။ သူမ၏ အပ်စိုက်ကုထုံးနှင့် moxibustionကုထုံးက ပျက်ဆီးနေသော မန်ထျန်းများကို ကုသပေးပြီးသွားပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်ကမူ သူကိုယ်တိုင်ကလွဲပြီး အခြားသူ မကူညီနိုင်ပေ။
"ဒါဆို ရှင် ပြန်လည်ထူထောင်ရေး လုပ်ဖို့ ပျောက်သွားတာပေါ့"
ရှန်းယွဲ့က ပြောသည်။ "ကိုယ် နောက်တစ်ခါ ထရပ်နိုင်မှာကို မင်း မြင်ချင်နေမှန်း သိလို့လေ"
"ရှင် ပင်ပန်းခဲ့ရမှာပဲ... ဟုတ်တယ်မလား"
ပုံမှန် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်များက သူ့ကို အသက်ရှုရပ်သွားစေမတတ်ပေ။ ထိုကဲ့သို့ ပြန်လည်ထူထောင်ရေးကို ပြန်လည် တိုက်ခိုက်ရန်အတွက် ပြင်းပြသည့်စိတ်က ပိုကောင်းသွားစေခဲ့သည်။ ၎င်းက မည်ကဲ့သို့ ခက်ခဲခဲ့မည်ကို တွေးမိသည်နှင့် ထန်ချောင်းချောင်း ပူပန်လာတော့သည်။
ရှန်းယွဲ့က တည်ငြိမ်စွာ ဆိုလိုက်သည်။ "ရည်မှန်းချက်တွေ ပြည့်နေသ၍ပေါ့"
"ဘာလို့ ကျွန်မကို မပြောခဲ့တာလဲ"
"မင်းကိုsurpriseလုပ်မလို့လေ"
"ကောင်းပါပြီ ကျွန်မ အရမ်းပျော်နေတယ်" ထန်ချောင်းချောင်းက ပြုံးနေခဲ့သည်။
"ကောင်းတာပေါ့" ရှန်းယွဲ့က ပြောလိုက်သည်။ "ဒါပေမယ့် ကိုယ်ကတော့ မင်းရဲ့ဖန်တွေကြောင့် ရှောခ့်ရသွားတယ်... မင်းအတွက် တရားမျှတမှုရဖို့ လူတွေအများကြီး ကိုယ့်ဝေ့ပေါ်ကို ရောက်လာကြတယ်လေ"
ထန်ချောင်းချောင်းက ပြုံးလိုက်ငည်။ "ဒါဆို ကျွန်မနဲ့ အဲ့ဒီ သရုပ်ဆောင်တို့ ကြိတ်ပုန်းခုတ်နေကြတယ်ဆိုတဲ့ အရှုပ်တော်ပုံရော တွေ့မှာပေါ့"
"တွေ့တယ်လေ"
"ရှင့် တုန့်ပြန်မှုက ဘယ်လိုလဲ... သဝန်မတိုဘူးလား"
"ကိုယ့်လို ပြီးပြည့်စုံတဲ့သူ မင်းဘေးမှာ ရှိနေမှတော့ တခြားလူတွေ မင်းမျက်လုံးထဲဘယ်လိုဝင်နိုင်ပါ့မလဲ" ရှန်းယွဲ့က ရှက်ရွံ့မှု တစိုးတစိမှ မရှိဘဲ ပြောလိုက်သည်။
ထန်ချောင်းချောင်းက ရွှင်မြူးသွားကာ တခစ်ခစ် ရယ်မော လိုက်သည်။ "ကြည့်ရတာ ရှင့်ခြေထောက် ပိုကောင်းလာတော့ ရှင့်ရဲ့ ကိုယ်ရည်သွေးတဲ့ပုံစံကလည်း မြေပေါ်အထိ မြောက်တက်သွားပုံပဲ"
ရှန်းယွဲ့က သူမကို စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"မင်း ဒီလိုအခြေအနေလေးကို မဖျက်ဆီးလို့ မရဘူးလား"
ငြိမ့်ညောင်းသည့် တေးသွားလေးက ဆက်သွားနေပြီး ချစ်သူနှစ်ယောက်က အခန်းထဲတွင် တိတ်တဆိတ် ကနေကြသည်။ အမျိုးသားက မီးခိုးရောင် ကုတ်ကို ဝတ်ထားကာ အမျိုးသမီးက ထုံးခြောက်ရောင် ဝတ်စုံကို ဝတ်ထားခဲ့သည်။ လိမေ္မာ်ရောင် အလင်းရောင်လေးက သူတို့အပေါ် ကျနေချိန်တွင် ထိုမြင်ကွင်းက ပို၍ နွေးထွေးသွားစေသည်။
ထိုအချိန်မှာပင် ရှန်းယွဲ့၏ နှလုံးသားက ပြည့်နင့်နေခဲ့သည်။ ထန်ချောင်းချောင်းက သူမ၏ ခေါင်းလေးကို သူ့ပုခုံးပေါ်သို့ တင်ထားသည်။ သူခေါင်းကို ငုံ့လိုက်သည်နှင့် ထန်ချောင်းချောင်း၏ နှဖူးလေးပေါ်မှ ဆံပင် ရှုပ်ရှုပ်လေးများကို မြင်နေရပြီး ချိုမြမြ မက်မွန်သီး အနံ့လေးကိုလည်း ရနေသည်။
ရှန်းယွဲ့က တရှုံ့ရှုံ့ လုပ်နေခဲ့သည်ကို ထန်ချောင်းချောင်း ခံစား၍ ရနေသည်။
"ကျွန်မ ခေါင်း မလျှော်ရသေးဘူး... ဒီနေ့က အခုမှ ပြန်လာရတာလေ... ဒါကြောင့် မရှုနဲ့... ရှင် အနံ့ဆိုးဆိုးကြီးတွေ ရနေမှ ကျွန်မကို အဆိုးမဆိုနဲ့နော်"
ရှန်းယွဲ့က နူးနူးညံ့ညံ့ ပြုံးလိုက်သည်။ "မဟုတ်ပါဘူး... မက်မွန်နံ့လေးပါ"
ထိုစာကြောင်းက ထန်ချောင်းချောင်းကို အလွန် သက်တောင့် သက်သာ ဖြစ်သွားစေသည်။ သူမ၏ ခေါင်းလေးက သူ့ပုခုံးကို ချစ်ခင်တွယ်တာစွာ ပွတ်သပ်လာခဲ့ပြီး ရှန်းယွဲ့၏ ပုခုံးများက အလွန် ကျယ်လှသည်ကို ယခုမှ ပထမဆုံးအကြိမ် သိရသည့်အတိုင်းပင်။
ထန်ချောင်းချောင်းက အလွန် တိတ်နေပြီး သိမ်မွေ့နေသည်။ ရှန်းယွဲ့က ၎င်းကို အနည်းငယ် ကျင့်သားမရ ဖြစ်နေသည်။
သို့သော်လည်း မကြာမီပင် ထန်ချောင်းချောင်းက ပွင့်ပွင့်လင်းလင်း မေးလာပြန်သည်။ "ရှင့်ခြေထောက်တွေက အလုပ်ဖြစ်ရဲ့လား"
"ရှင် ပြောချင်တာကလေ ယောကျ်ားတွေကို အလုပ်ဖြစ်ရဲ့လားလို့ မမေးသင့်ဘူးလို့ ပြောချင်တာလား... အဲ့လို မေးတာက ရှင့်ရဲ့ မာနကို ထိသွားစေလား" ထန်ချောင်းချောင်းက အချိန်မီ ကိုယ့်ကိုယ်ကို ဆန်းစစ်လိုက်သည်။ "ကျွန်မက ရှင်အကြာကြီး မရပ်နိုင်မှာကို စိတ်ပူလို့ပါ"
ရှန်းယွဲ့က သူမမျက်လုံးလေးများကို ကြည့်လိုက်သည်။ "ကိုယ်က ကောင်းကောင်း ရပ်နိုင်ရုံတင်မကဘူး... ထပ်ပြီးတော့လည်း..."
ထန်ချောင်းချောင်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။ "ဘာလုပ်နိုင်သေးလဲ"
"ဒါ လုပ်နိုင်သေးတယ်"
ရှန်းယွဲ့၏ ညာဘက်က သူမ၏ ချိုင်းကို လျှိုဝင်ကာ ဘယ်လက်က ထန်ချောင်းချောင်း၏ ဒူးနောက်တွင် ထားပြီး သူမကို မချီလိုက်သည်။
ထန်ချောင်းချောင်းက အငိုက်မိသွားပြီး ရှန်းယွဲ့၏ လည်ပင်းကို ခိုင်မြဲစွာ တွယ်ချိတ်ထားလိုက်သည်။
"မင်း ကိုယ့်ကို မင်းသမီး ချီသလို သုံးကြိမ်တောင် ချီခဲ့တာ... အခု ပြန်စာရင်း ရှင်းနိုင်ပြီ" ရှန်းယွဲ့ ထိုအကြောင်း ပြောနေချိန်တွင် ကလေးတစ်ယောက်လို ပြုံးနေခဲ့သည်။
"ရှင်က မူကြိုကလေးလို ပြုမူနေတာပဲ... ရိုးလိုက်တာ" ထန်ချောင်းချောင်းက ပြုံးရယ်ရင်း ဟာသလုပ်လိုက်သည်။
ရှန်းယွဲ့က ပြန်မချေပဘဲ ရှေ့ကို နှစ်လှမ်းလှမ်းကာ ထန်ချောင်းချောင်းကို အိပ်ရာကြီးပေါ်သို့ တင်ပေးလိုက်သည်။ သူ့လက်များကို သူမခန္ဓါကိုယ်၏ ဘေးနှစ်ဖက်တွင်ထားကာ သူမကို နက်နက်နဲနဲ စိုက်ကြည့်နေခဲ့သည်။
"ဒါဆို မရိုးစင်းတဲ့ တစ်ခုခု လုပ်ကြမလား"
ထန်ချောင်းချောင်းက ပွင့်ပွင့်လင်းလင်း မင်းလိုက်သည်။ "ရှင်က ကျွန်မနဲ့ စုံတွဲ ကျင့်ကြံမလို့လား"
'စုံတွဲ ကျင့်ကြံတာလား... သူမကတော့ နတ်လောက တီဗီဒရာမာတွေ လွှမ်းမိုးခံနေရပုံပဲ'
ရှန်းယွဲ့က ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။ "ရမလား"
သူမက နည်းနည်းလေးမျှပင် မလိုချင်စိတ် ဖြစ်ခဲ့ပါက သူ ဒီနေရာမှာပင် ရပ်လိုက်မည် ဖြစ်သည်။
ထန်ချောင်းချောင်းက နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခုဖြင့် ပြန်ကြည့်လိုက်သည်။ သူမမျက်လုံးများက သူ့အကြည့်ကို လွှဲဖယ်ခြင်းမျိုး သူ့ကို ကြောက်နေခြင်းမျိုး ရှိမနေဘဲ ပျော်ရွှင်မှုနှင့် သိလိုစိတ် အပြည့်သာ ရှိနေခဲ့သည်။
သူမက ရှန်းယွဲ့၏ နက်ခ်တိုင်ကို ဆွဲယူလိုက်သည်။ သူမက သူ့နားရွက်အနားကို ကိုင်းကာ သူမ၏ အသံကလည်း ဖျားယောင်းနေသည့်ပုံစံပင်။ "ရတာပေါ့... ဒါပေမယ့်...
သူမ စကားပြော၍ မပြီးခင်မှာပင် ရှန်းယွဲ့က ရုတ်တရက် ရေဝဲလေးတစ်ခုကို ခံစားလိုက်ရသည်။ သူက အိပ်ရာပေါ်သို့ အတွန်းခံလိုက်ရလေသည်။
ထန်ချောင်းချောင်းက တိုက်ခိုက်သည့်ပုံစံ ပြောင်းသွားပြီး သူ့ကို ခွထိုင်ထားသည်။
ဒီလို ကိစ္စမျိုးဆိုရင် ကျွန်မကပဲ ဦးဆောင်ရမှာပေါ့'
ထန်ချောင်းချောင်းက သူမ၏လက်များကို သူ့ရင်ဖတ်ပေါ် တင်လိုက်ပြီး သူ့ကို ငုံ့ကြည့်လိုက်သည်။
ရှန်းယွဲ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သဖြင့် သူ့ရင်ဘတ်ပင် လှုပ်ခါသွားခဲ့သည်။ ထို့နောက် သူ့လက်များကို ဘေးဘက်သို့ ဖြန့်ကာ သူမလုပ်ချင်သမျှကို လုပ်ခွင့် ပြုလိုက်သကဲ့သို့ ပြားပြားဝပ် လှဲနေလိုက်သည်။
"ဒါဆို လာလေ" သူက ထန်ချောင်းချောင်း အားလုံးကို လုပ်နိုင်မည်လားဟု သိချင်နေမိသည်။
ထန်ချောင်းချောင်းက ထိုယောကျ်ားကို ကြည့်ကာ ထိုသူ့ကို လျှော့တွက်မိလေသလားဟု ခံစားနေရသည်။
သူမက ကိုယ်ကို ကိုင်းချကာ ရှန်းယွဲ့၏ မေးစေ့ဆီသို့ မှီတွယ်လိုက်ပြီး ကိုက်ချလိုက်သည်။ တစ်ဖက်လူက အတော်လေး နာကျင်သွားလောက်သည်။ သူမက သွားစွယ်လေးများ ပေါ်လာသည်အထိ ပြုံးလိုက်သည်။
ရှန်းယွဲ့က သူမလည်ပင်းကို ဖိချကာ သူတိုးတိုးလေး ပြောသည့်အချိန်၌ ခန္ဓါကိုယ်နှစ်ခုက အတူတကွ ချည်နှောင်နေခဲ့လေသည်။ "ဆက်လုပ်လေ"
ထန်ချောင်းချောင်း: ...
ဘယ်သူကများ သူမကို ထို tsudere လူကြီးကို ချစ်ဖို့ ပြောခဲ့ပါလိမ့်...
ညတာက ရှည်လျားခဲ့လေသည်။
Xxxxxxxxx