အပိုင်း ၁၄၃
Viewers 24k

Chapter 143

လက်ဦးမှုယူခြင်း


ညတာက ရှည်လျားခဲ့​လေသည်။

...


​နောက်တစ်​​နေ့မနက်တွင် ခန်းစီးအဟ​လေးများအကြားမှ ​နေ​ရောင်ခြည်က အခန်းထဲသို့ ဖြာကျ​နေခဲ့သည်။


ထန်​ချောင်း​ချောင်းက မူး​ဝေစွာ မျက်လုံးဖွင့်မိချိန်တွင် ထိုလူ၏ ခိုင်မြဲ​သော လက်​မောင်းက သူမ ခါးကို ဖက်တွယ်ထားသည်။


သူမက အပြည့်အဝနိုးလာချိန်အထိ မျက်​တောင်ခတ်ပြီးရင်း ခတ်​နေခဲ့သည်။


​ကောင်းချက်ပဲ... သူ မ​နေ့ကညတုန်းက​တော့ သူမကို ဦး​ဆောင်ခွင့်​ပေးမယ်လို့ ​ပြောခဲ့တာပဲ... ဒါ​ပေမယ့် ​နောက်ကျ​တော့​ရော... ​ယောကျ်ားတစ်​ယောက်ရဲ့ ပါးစပ်ကလှည့်ဖျားတတ်တဲ့ မ​ကောင်းဆိုးဝါးလိုပဲ"


ထန်​ချောင်း​ချောင်းက တစ်ကိုယ်လုံး နာကျင်​နေခဲ့သည်။ မကြာမီ ရိုက်ကူး​​ရေး စ​တော့မည်သာ မဟုတ်ခဲ့ပါက တစ်​နေ့လုံး အိပ်ရာပေါ်တွင်သာ လဲ​​လျောင်း​နေချင်​တော့သည်။


သူမက ရှန်းယွဲ့၏ ဖက်တွယ်မှုများက​နေ ရုန်းထွက်ရန် လုပ်လိုက်​သော်လည်း ထို​ယောက်ျားက သူမကို ပြန်ဆွဲချလိုက်သည်။


"ဒီ​နေ့ ရိုက်ရမဲ့ ဇာတ်ကွက်​တွေ အများကြီး ရှိ​နေတုန်းပဲ"


"ဘယ်​လောက်ကျလဲ... မင်းကို ဒီ​နေ့ တစ်ရက် ဝယ်မယ်​​လေ..." ရှန်းယွဲ့က မျက်လုံးပင် မဖွင့်ဘဲ ပလုံးပ​ထွေး ​ပြော​နေခဲ့သည်။


ထန်​ချောင်း​ချောင်းက သူ့နှာ​ခေါင်းကိုသာ တိုက်ရိုက် ဆွဲညှစ်လိုက်သည်။ "ဆိုးဝါးတဲ့ အရင်းရှင်သူ​ဌေးကြီး"


ရှန်းယွဲ့က အသက်မရှုနိုင်​တော့​သော​ကြောင့် မျက်နှာ​ပေါ်မှ ​ကျေနပ်အားရ​နေ​သော အမူအယာဖြင့် မျက်လုံးကို တဖြည်းဖြည်း ဖွင့်လာခဲ့သည်။


ထန်​ချောင်း​ချောင်းက ထိုအ​ခြေအ​နေကို အခွင့်​ကောင်းယူပြီး သူမကိုယ်ကို အခင်းနှင့် ပတ်ကာ အိပ်ရာပေါ်မှ ခုန်ထွက်ပြီး ​ဆေး​ကြောသန့်စင်ရန် ​ရေချိုးခန်းသို့ ​ပြေးသွား​တော့သည်။ သူမ ထွက်လာသည့်အခါတွင် မနက်စာအတွက် ​အဆင်​ပြေ​လောက်မည့် ရှန်းယွဲ့ လုပ်ထား​သော ကိတ်ကို ​ကော်ဖီစားပွဲ​ပေါ်တွင် ​တွေ့လိုက်ရသည်။


သူ့ကိတ်က အနည်းငယ် ရုပ်ဆိုး​နေ​သော်လည်း အရသာက မဆိုးဝါ​ပေ။ အလယ်ပိုင်းတွင် ချိုမြမြ မက်မွန်သီး​လေးများနှင့် စ​တော်ဘယ်ရီပါ ပါခဲ့​သေးသည်။


ထန်​ချောင်း​ချောင်းက ကိတ်ကို အလုတ်အကြီးကြီး သွပ်ကာ မပြတ်မသား ​ပြောလိုက်သည်။


 "ပင်ပန်းရင် သွားအိပ်​နေ​လေ"


၎င်းကို ရှန်းယွဲ့ ကြား​သောအခါ ချက်ချင်း ထရပ်လိုက်သည်။ 


​နောက်​နေတာလား... သူမက​တောင် မပင်ပန်းတာ... သူက ဘာလို့ ပင်ပန်းရမှာလဲ...


ဤ​နေ့က အဓိကဇာတ်လိုက်၏ ​မွေး​နေ့ ကျင်းပမည် ဖြစ်​သော​ကြောင့် "စစ်သည်​တော်များ"၏ ရိုက်ကူး​ရေးအဖွဲ့ကလည်း ပြင်ဆင်​ပေးရမည်ပင်။


အထူးသဖြင့် မကြာ​သေးမီက ထန်​ချောင်း​​ချောင်းနှင့် ရှန်းယွဲ့တို့၏ အချစ်​ရေး ​ပြောင်းလဲမှုက ရိုက်ကူး​ရေးအဖွဲ့ကို ​မွှေ​နှောက်သွားခဲ့သည်။ ချမ်​​ပျောင်လည်း ​တွေ့ရပါ၏။ ရှန်းယွဲ့က ရိုက်ကူး​ရေး အဖွဲ့ဆီ ​ရောက်မလာသည်မှာ ကြာပြီဖြစ်​ကြောင်း ​တွေးမိချိန်၌ သူ့နှလုံးသားထဲတွင် ​ကောလဟာလများနှင့် ခွဲခြား၍ မရနိုင်​တော့​ပေ။ ထပ်ပြီး​တော့ သူ ဤကဲ့သို့ ကိစ္စရပ်များကို အနုပညာ​​လောကအတွင်း၌ အကြိမ်တစ်​ထောင်မက မြင်​တွေ့ဖူးခဲ့ပြီးပြီ။


ထို့​ကြောင့် "အချစ်​ကြောင့် နာကျင်​နေရ​သော" ထန်​ချောင်း​ချောင်းကို နှစ်သိမ့်ရန်အတွက် ချမ်​ပျောင်က ရိုက်ကူး​ရေး ဝန်ထမ်းများကို ​မွေး​နေ့ပါတီ ​ကောင်း​ကောင်း​လေး လုပ်​ပေးရန် ​ဆော်ဩထားခဲ့သည်။ အရာအားလုံး အဆင်သင့်ဖြစ်​နေပြီ ဖြစ်​သော်လည်း အဓိက ဇာတ်လိုက်က​တော့ ​ပျောက်​နေ​လေ၏။


ချမ်​ပျောင်သည်လည်း ထန်​ချောင်း​ချောင်း ​ရောက်လာသည်နှင့် မည်သူကမှ သူမ​ရှေ့တွင် ရှန်းယွဲ့အ​ကြောင်း မဟကြရန် အထူးတလှယ် ရှင်းပြထားခဲ့သည်။


သို့​သော်လည်း သူတို့၏ surprise က ထွက်မလာရ​သေးခင်မှာပင် ထန်​ချောင်း​ချောင်းက သူတို့ကို surpriseအကြးကြီး ​ပေးခဲ့သည်။


သူမက အဝတ်လဲခန်းထဲ၌ ချိုသာရွှင်ပြစွာဖြင့် ရှန်းယွဲ့နှင့် အတူ​ပေါ်လာခဲ့ပြီး "Happy Birthday"ဟု ​အော်ရန် ပြင်ဆင်ထားခဲ့​သော လူတစ်စုအား ​ရှောခ့်ရသွား​စေခဲ့ပြီး အ​အော်ရပ်သွား​စေခဲ့သည်။


'အမ်'


'မင်းတို့ရဲ့ ယိုယွင်း​နေတဲ့ အချစ်​ရေးက ဘယ်လိုလဲ'


ထန်​ချောင်း​ချောင်း အခန်းအပြင်အဆင်ကို ကြည့်လိုက်​သောအခါ ချက်ချင်း နားလည်သွားခဲ့သည်။ သူမက လူအုပ်ထဲမှ ဖန့်ယွမ်ကို ကြည့်လိုက်ပြီး​နောက် ​ပြောလိုက်သည်။


 "ဒီ​နေ့ နင်ခွင့်တစ်ရက် ယူပြီး ငါ့ကို စတူဒီယိုကို လာဖို့​ပြောတာ အံ့​သြစရာ မရှိ​တော့ဘူး...တကယ်​တော့ ဒါ​ကြောင့်ကိုး"


ဖန့်ယွမ်က တစ်ခစ်ခစ် ရယ်​မောလိုက်သည်။ 


လူတိုင်းက တစ်ခဏမျှ ကြက်​သေ​သေ​နေကြပြီး​နောက် ငယ်ရွယ်​သော စုံတွဲ​လေးက အဆင်​ပြေ​နေကြဆဲ ဖြစ်​ကြောင်း သ​ဘော​ပေါက်သွား​တော့သည်။


'ခဏ​လေး​နေပါအုံး'


သူတို့၏ မျက်လုံးများက ဆုပ်ကိုင်ထားသော လူနှစ်​ယောက်၏ လက်များမှ ရှန်းယွဲ့၏ ​ခြေ​ထောက်ဆီသို့ ​ရောက်သွား​တော့သည်။


သူက ဝှီးချဲ​ရော ချိုင်း​ထောက်​ရော မပါဘူးဟ...


'သူ့​ခြေ​ထောက်​တွေ ​ကောင်းသွားပြီပဲ'


"ဥက္ကဌရှန်း ခင်ဗျား ​ခြေ​ထောက်​တွေ အဆင်​ပြေသွားပြီလား ချိုင်​ထောက် မပါဘဲ ရပ်နိုင်ပြီ​ပေါ့ ​ကောင်းလိုက်တာ"


ဥက္ကဌရှန်း ပြန်လာပြီ​ပေါ့... ခင်ဗျား ​ရောက်မလာ​တော့ ကျွန်​တော်တို့ အားလုံး သတိရ​နေကြတာ"


လူအုပ်ကြီးက ရှန်းယွဲ့ကို ဝန်းရံကာ တတွတ်တွတ် ​ပြော​နေခဲ့ကြသည်။ ဇာတ်လိုက်​လေး၏ ​မွေး​နေ့ပါတီကို ​မေ့သွားကြ​တော့​လေသည်။


ထန်​ချောင်း​ချောင်းက ပ​ဟေဠိ ဖြစ်​နေသည်။ ၎င်းက သူမ ​မွေး​နေ့ပါတီ ဖြစ်ပြီး ရှန်းယွဲ့၏ ကြိုဆိုပွဲလည်း မဟုတ်ပါ​ပေ။


သို့​သော်လည်း လူတိုင်းက ရှန်းယွဲ့ကို အာရုံစိုက်ကြရန် အချိန်အများကြီး မကြာလိုက်​ပေ။ သူတို့က တစ်ခဏမျှ စိတ်လှုပ်ရှား​နေကြပြီး​နောက် ထိုစိတ်လှုပ်ရှားမှု ​​ပျောက်သွားသည်နှင့် ထန်​ချောင်း​ချောင်း ​မွေး​နေ့ပါတီကို ​ပျော်​ပျော်ရွှင်ရွှင် ကျင်းပခဲ့ကြသည်။


လက်​ဆောင်များ ​ပေးရင်း၊ ဖ​ယောင်းတိုင်မှုတ်ရင်း ကိတ်စားရင်းဖြင့် လွန်စွာ အသက်ဝင်​နေခဲ့သည်။


​မွေး​နေ့ပါတီ၏ ဖြစ်စဥ်တစ်ခုလုံးကို အဖွဲ့မှ ရိုက်ကူးထားပြီး တရားဝင်​ဝေ့​ပေါ်သို့ ချက်ချင်းတင်​ပေးခဲ့သည်။


ရှန်းယွဲ့ ​ပေါ်လာမှုက အကြီးမားဆုံး ရိုက်ချက်ပင်။ ယခင်က သူနှင့် ထန်​ချောင်း​ချောင်းတို့၏ ​ကောလဟာလအားလုံးက အလိုလို ကွယ်​​ပျောက်သွားခဲ့​လေပြီ။ 


[မျက်နှာ ဖြတ်ရိုက်ချက်... ရှန်းယွဲ့က ထန်​ချောင်း​ချောင်းရဲ့​ ​မွေးနေ့မှာ အတူရှိ​နေ​ပေးဖို့ အထူးတလှယ် ပြန်လာခဲ့တယ်... ​ရော့... ​ခွေးစာ​​လေး တစ်ကိုက်​လောက် စားလိုက်]


[လမင်းယုန်​လေး CPက ထာဝရပဲ... ငါ့CPက ကမ္ဘာ​ပေါ်မှာ အ​ကောင်းဆုံး]


[အမှိုက်ထုပ် မားကတ်တင်းအ​ကောင့်​တွေ ရိုက်ခံလိုက်စမ်း... မစ္စတာရှန်းယွဲ့ရဲ့ ​ရှေ့​နေ ဆင့်​ခေါ်စာက လမ်း​ပေါ်​ရောက်​နေပြီတဲ့]


[ခဏ​လေး ​နေကြပါအုံး... မစ္စတာရှန်းရဲ့​ခြေထောက်​တွေ လုံးဝ ပြန်​​ကောင်းသွားပြီ... သူ ချိုင်း​ထောက်​တောင် မသုံးဘူး​နော်... အံ့သြစရာပဲ]


ရှန်းယွဲ့ တစ်ဘဝလုံး ဒုက္ခိတ ဖြစ်သွားလိမ့်မည်ဟု လူများစွာက တစ်ပြိုင်နက် ​ထောက်ခံထားကြသည်။ အနည်းဆုံး သူက ချိုင်း​ထောက် မရှိဘဲ မ​နေနိုင်​တော့​​​ပေ။ ၎င်းကပင် blackဖန်များ ထန်​ချောင်း​ချောင်းကို ထပ်ခါထပ်ခါ ပြက်ရယ်ပြုခဲ့ကြသည့် အချက်ပင်ဖြစ်ပြီး ပိုက်ဆံအတွက် ကိုယ်တစ်ပိုင်း​သေ​နေ​​သော လူကိုပင် လက်ထပ်ရန် ဆန္ဒရှိ​နေသည်ဟု ရယ်စားခဲ့ကြသည်။


မထင်မှတ်ထားစွာဖြင့် ရှန်းယွဲ့က သက်သာလာခဲ့ပြီး ထန်​ချောင်း​ချောင်း​ဘေးတွင် မြဲမြဲမြံမြံ ရပ်​နေခဲ့သည်။ နှစ်​ယောက်သားက အတွဲညီလှပြီး အရပ်များကလည်း လိုက်ဖက်​သေးသည့် အတွက် သူတို့ကို ​​ရွှေစုံတွဲ တစ်တွဲ ဖြစ်သွားစေသည်။


ထိုကဲ့သို့ ​ဆေး​လောက၏ ဖြစ်ရပ်ဆန်းများကို ​တွေ့ကြုံရသည့်အတွက် တိုက်ခိုက်တတ်ကြသည့် မားကတ်တင်း အ​ကောင့်များကလည်း ဆက်ပြီး ​လှောင်​ပြောင်ရန် မျက်နှာ မပြရဲကြ​တော့​ပေ။ ​​သေချာပေါက် ထပ်မ​ပြောရဲ​တော့ခြင်း၏ တကယ့်အ​ကြောင်း

ပြချက်မှာ ရှန်းယွဲ့၏ ​ရှေ့​နေအုပ်စုထံမှ သတိ​ပေးစာများ ​ရောက်လာသည့်အတွက်​ကြောင့်ပင်။


အင်တာနက်​ပေါ်က လူများ​ပြောကြသည်မှာ ရှန်းယွဲ့၏ ပြန်လည် ​ကောင်းမွန်လာမှုက ​ဆေး​လောက ဖြစ်ရပ်ဆန်းဟူ၍ ဖြစ်​သော်လည်း ရှန်းယွဲ့သိသည်မှာ အရာအားလုံးမှာ ထန်​ချောင်း​ချောင်း သူ့ထံ ​ရောက်ရှိလာခြင်း​ကြောင့်ဟုသာ။


ထို့​ကြောင့်ပင် သူက ​ဝေ့​ပေါ်တွင် တင်လိုက်သည်။ "မင်းသာ ကိုယ့်ရဲ့ အံ့သြဖွယ်ရာလေးပါ @ထန်​ချောင်း​ချောင်းV"


​သေစမ်း... လူ​ဖြောင့်​တွေ အချစ်​ကြောင်း ​ပြောလာရင် အ​တော် ထိတ်လန့်ဖို့ ​ကြောင်းတာပဲ... လမင်းယုန်​လေး CPအဖွဲ့က​တော့ ထပ်ပြီး ကျယ်​ပြော​လာ​တော့သည်။


သကြားယုန်အစစ်​လေးများမှာမူ စိတ်ဖိစီး​နေရသည်။


"စစ်သည်​တော်များ" ရိုက်ကူး​ရေးက အလှည့် အ​ပြောင်းများလှပြီး ထန်​ချောင်း​ချောင်းက ဝမ်ယွီနှင့် အားချင်း ဇာတ်​ကောင်နှစ်မျိုးလုံးတွင် နှစ်မြှုပ်ထားရသည်။ သူမက ညီအစ်မနှစ်​​ယောက်အကြား ကူးချည်သန်းချည် ​ပြောင်းလဲ​နေရ​သော်လည်း ​နေ့တိုင်း အဆင်​ပြေ​ပြေ ပြီးသွားခဲ့သည်။ ထိုရိုက်ကူး​ရေးက ထန်​ချောင်း​ချောင်း၏ သရုပ်​ဆောင်စ​ကေးကို အကြီးအကျယ် တိုးတက်​စေခဲ့သည်။


ထိုကာလအတွင်းမှာပင် ထန်​ချောင်း​ချောင်းက ရသစုံရှိုးတစ်ခုမှ လက်မခံခဲ့​သော်လည်း "စစ်သည်​တော်များ" ရိုက်ကူး​ရေးမှ ရက်အနည်းငယ် ခွင့်ယူကာ သူမ၏ သည်းထိတ်ရင်ဖို ရုပ်ရှင် "ပိုးအိမ်"က ပြသတော့မည် ဖြစ်သည့်အတွက် လူထု​ရှေ့သို့ ထွက်​ပေါ်လာရ​တော့သည်။ ထိုရုပ်ရှင်အ​ကြောင်း ထုတ်ပြန် ​ကြေညာလိုက်သည်နှင့် ပထမဆုံး အကြိုပြကွက်ကိုလည်း လွှင့်​ပေးခဲ့သည်။


ရုပ်ရှင်၏ အ​ရောင်က အ​တော်​လေး မဲ​မှောင်ကာ စဖွင့်သည်နှင့် စိတ်ဓါတ်ကျစရာ ခံစားချက်မျိုး ပေး​နေခဲ့သည်။


ထန်​ချောင်း​ချောင်း သရုပ်​ဆောင်ရမည့် ယုလီက က​​လေးနှစ်​ယောက် အ​မေဖြစ်သည်။ အကြိုပြကွက်တွင် ပါသည့် ဇာတ်ကွက်များမှာရှင်းမပြနိုင်သည့် ​သွေးစွန်းကွက်များ၊ ဘဲ​သေများ၊ အိပ်ရင်း လမ်း​လျှောက်ခြင်းများ စသည်ဖြင့် သည်းထိတ်ရင်ဖို အ​ကြောင်းအရာများ ​သူမ ခင်ပွန်းနှင့် က​လေးများတွင် ​ပေါ်လာချိန်၌ ယုလီက ​ကြောက်စိတ်မွှန်နေပြီး သံသယဖြစ်စရာ ​ကောင်း​နေခဲ့သည်။ 


အကြိုပြကွက် ​ပေါ်လာပြီးသည်နှင့် ကွန်မန့်​ပေါင်းများစွာကို ဆွဲ​ဆောင်နိုင်ခဲ့သည်။


[ ငါက​တော့ တိမ်​တွေ မြူ​တွေကြား ​ရောက်​နေပြီ... ကြည့်ရတာ ငါတစ်ခုခု ​ပြောခဲ့​ပေမဲ့ ဘယ်သူမှ နားမ​ထောင်ကြပုံပဲ​နော်... ထန်​ချောင်း​ချောင်းက ​အော်ရုံ​အော်ဖို့ ပါလာတာပဲလား]


[ပုပ်ပွ​နေတဲ့ ရုပ်ရှင်​တွေက ကြည့်တာနဲ့ နားလည်လွယ်​နေပြီ... ကြည့်လိုက်တာနဲ့ ပုံစံ​ဟောင်းကြီးပဲ... ဗီလာထဲမှာ သရဲ​တွေ ရှိ​နေ​ပေမယ့် တကယ်​တော့ သရဲ မဟုတ်ဘူး]


[ ဒါက "​တောက်ပခြင်း"ရဲ့ အရိပ်လို့ပဲ ခံစား​နေရတယ်... ဒါ​တွေအားလုံး ပုံမှန်မဟုတ်တဲ့ အိမ်ကို က​လေး​တွေ ​ခေါ်လာပြီး​နေတဲ့" မိဘ​တွေ အ​ကြောင်းပဲ]


[အ​ပေါ်ထပ်ကလူ​ရေ... မင်းရယ်နိုင်ပါတယ်... ဒါ​ပေမယ့် ရုပ်ရှင် ထွက်တာကို ​စောင့်ပြီးမှ မြင့်မြတ်တဲ့ မှတ်ချက်​လေး ချန်ထား​ပေးလို့ ရမလား... မင်း လက်မှတ်ဝယ်သ​ရွေ့ ရယ်နိုင်တယ်​နော်]


[ဖြတ်သွားဖြတ်လာ​တွေ​ရေ... မလွဲ​စေနဲ့​နော်... မင်းတို့ ပိုးအိမ်ရဲ့ လက်မှတ်ကို ဝယ်သ​ရွေ့ ဒီဘဝမှာ ငါတို့က ညီအစ်မပဲ]


...


​စျေးကွက်က အိမ်တွင်း သည်းထိတ်ရင်ဖိုများကို ဘယ်တုန်းကမှ သ​ဘောမ​တွေ့ကြ။ "ပိုးအိမ်"ထဲမှ အဓိက သရုပ်​ဆောင်များတွင် နာမည်ကြီးဟူ၍ ထန်​ချောင်း​ချောင်းသာ ပါသည်။ ထို့​ကြောင့် ကြည့်ရှုသူကလည်း မများလှဘဲ အဓိက အွန်လိုင်း ပလပိပ်​​ဖောင်းများကလည်း လူထု အာရုံစိုက်မှု ​များစွာ ပေးမလာခဲ့​ပေ။


သို့​​​သော်လည်းထိုဇာတ်ကားတွင် ရှန်းယွဲ့ ဟူ​သော ထုတ်လုပ်သူ အကြီးစားကြီး ပါ​နေသည်။


၎င်းက ရှန်းယွဲ့၏ ရုပ်ရှင်တစ်ခုတွင် ပထမဆုံး ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ရာ တိတ်တိတ်​လေးပဲ လွှင့်​ပေးလိုက်နိုင်ပါ့မလား...


ရှန်းယွဲ့က ရှန်းယုံကို ဖုန်းဆက်ကာ ညွှန်ကြားမှုက အဆင့်ဆင့် သွားခဲ့သည်။ ရှန်းအုပ်စုမှ ​ရှောပင်း​မောကြီးများ၊ အိမ်ခြံ​မြေ ​စျေးကွက်များနှင့် ​ဖျော်​ဖြေ​ရေး ​နေရာများတွင် ထန်​ချောင်း​ချောင်း၏ ပိုးအိမ် ရုပ်ရှင်၏ ပရိုမိုးရှင့် ပိုစတာကြီးများ ချိတ်ဆွဲထားခဲ့သည်။ ပိုစတာများမှာ ကြီးမားပြီး ​နေရာမှာလည်း မျက်စိဖမ်းစားစဖွယ်ပင်။ ​​ပျော်စရာ​တောင်ကြား ကစားကွင်းပင်လျှင် ဂိတ်ဝ၌ ပိုစတာများ တိုက်ရိုက် ချိတ်ထား​သေးသည်။ လည်ပတ်သူများက ပထမဆုံးအကြည့်မှာပင် ၎င်းတို့ကို ​တွေ့သွားနိုင်​ပေသည်။ 


ထိုဖြန့်ဖြူး​ရေး လုပ်ငန်းစဥ်တစ်ခုလုံးကို စကားတစ်ခုထဲဖြင့် ​ဖော်ပြရလျှင်- ချမ်းသာခြင်း၏ စွမ်းအားသာ ဖြစ်မည်။


ထန်​ချောင်းချောင်း၏ ဖန်များမှာ ရှန်းယွဲ့က တကယ် မိုက်လွန်းသည်ဟု ​တွေး​နေကြသည်။


မူလတွင် သူတို့က အင်တာနက်အ​ပေါ်ရှိ ​နေရာတိုင်းတွင် ပရိုမိုရှင်းများဆင်းရင်း ​ခြေကုန်လက်ပန်းကျ​နေခဲ့ရ​သော်လည်း အနည်းငယ်သာ ​ရောင်းထွက်​သေးသည်။ အခုချိန်တွင် ​မြေပြင် ပရိုမိုးရှင်းများက ပျံ့နှံ့သွားပြီး လူများစွာက ရုပ်ရှင်အ​ကြောင်း ချက်ချင်း သိသွားကြသည်။ အမှန်တကယ်တွင် box officeကို ထိန်းချုပ်နိုင်မည့် ကြည့်ရှုသူများမှာ အင်တာနက်​ပေါ်မှ လူများ၊ ​ဝေ့​ပေါ်မှ ဖန်များ မဟုတ်ဘဲ သာမန် ဖြတ်သွားဖြတ်လာ ကြည့်ရှုသူများပင်။


တရားဝင် ထုတ်လွှင့်သည့်​နေ့တွင် ထန်​ချောင်း​ချောင်းက "စစ်သည်​တော်များ" အဖွဲ့ကို ရုပ်ရှင် ကြည့်ရန်အတွက် ဖိတ်​ခေါ်ရန် ရုပ်ရှင်ရုံတစ်ခုကို အထူးတလှယ် ဘိုကင်လုပ်ထားခဲ့သည်။ သူမနှင့် ရှန်းယွဲ့က ဦးထုပ်များ၊ ​နေကာ မျက်မှန်များ ဝတ်ကာ သာမန် ကြည့်ရှုသူများနှင့် တိတ်တဆိတ် ​ရောလိုက်သွားခဲ့ကြသည်။


ထန်​ချောင်း​ချောင်းက ကြည့်ရှုသူ အ​ရေအတွက်က မဆိုး​ကြောင်း ​တွေ့လိုက်ရ​သော်လည်း ထိုရုပ်ရှင်က သည်းထိတ်ရင်ဖို ဖြစ်​သော​ကြောင့် ​ကောင်မ​လေး များစွာက သတ္တိ​မွေးရန်အတွက် ချစ်သူ​ကောင်​​လေးများပါ ​ခေါ်လာခဲ့ကြသည်။


ထန်​ချောင်း​ချောင်းက နှလုံးသားထဲမှ တိတ်တဆိတ် ​တွေး​တောလိုက်သည်။ 'မင်းတို့ ရုပ်ရှင်ကြည့်ပြီးမှ လမ်းခွဲချင်သွားရင်​တော့ ငါ့ကို အပြစ်မတင်ကြနဲ့​နော်' 


အမှန်တကယ်မှာ ထိုရုပ်ရှင်က ​သည်းထိတ်ရင်ဖို နည်းပြီး စိတ်ပျက်အားငယ်ရသည့် ရုပ်ရှင် တစ်ခုပင်။


ရုပ်ရှင်၏ ပထမ သုံးပုံတစ်ပုံမှာ အကြိုပြကွက်နှင့် တူညီ​နေသည်။ လူတိုင်းက ​ယောကျ်ား ဖြစ်သူထံတွင် ပြဿနာ ရှိ​နေသည်ဟု ​တွေးလိုက်ကြသည်။ သူ၏ ​ဖောက်ပြန်မှု​ကြောင့် မိန်းမနှင့် က​လေးများကို အပန်း​ဖြေ ခရီးဟု အမည်ခံကာ ​တောနက်ထဲရှိ ဗီလာတစ်ခုသို့ ​ခေါ်လာခဲ့သည်။ အ​ကြောင်းမှာ သူက သူ့မိန်းမ ရူးသွပ်သွား​စေရန် ထိတ်လန့်​ခြောက်ခြားဖွယ် မ​တော်တဆမှု တစ်ခု ကို တမင်သက်သက် စီစဥ်ထားခဲ့သည်။


သို့​​သော်လည်း ဇာတ်ကားအလယ်ပိုင်းတွင် ဇာတ်​ကြောင်း ​ပြောင်းသွားခဲ့သည်။


Xxxxxxx