Chapter 144
Box Office Hit
အမှန်တကယ်တွင် ဘဲများကို မြှုပ်ရန် တွင်းများ တူးထားသူ၊ ညဘက် အိပ်ရင်း လမ်းထလျှောက်ပြီး၊ မီးဖိုချောင်အတွင်း နေရာအနှံ့ သွေးများ စွန်းသည်အထိ အသားများ ခုတ်ထားသူမှာ ယုလီ ဖြစ်နေသည်။
သူမက ယောကျ်ားဖြစ်သူကို တစ်ချိန်လုံး သံသယ ရှိခဲ့သော်လည်း သူမက နေမကောင်း ဖြစ်နေခဲ့သည်။
ထိုကဲ့သို့ ဇာတ်ကြောင်း ပြောင်းလဲမှု အဆင့်က ကြည့်ရှုသူများစွာ တွေးတောနိုင်မှုအတွင်း ရှိနေသော်လည်း အနောက်ဘက်ခုံတွင် သူမ၏ သားဖြစ်သူနှင့် ထိုင်နေသော သူမ၏ သမီးမှာ အချိန်အတော်ကြာ ကတည်းက သေဆုံးပြီးသား ဖြစ်နေကြောင်းကို လူတိုင်း ရှာတွေ့သွားသောအခါ လူတိုင်း ထိတ်လန့်သွားကြတော့သည်။
ယုလီ၏ စိတ်ကယောင်ခြောက်ခြား ဖြစ်မှုနှင့် စိတ်ကစဥ့်ကလျား ရောဂါက အလွန်ပြင်းထန်သော အဆင့်သို့ ရောက်နေခဲ့သည်။
ယုလီ၏ တစ်ခါတစ်ရံ ရူးသွပ်မှုနှင့် တစ်ခါတစ်ရံ မသိမသာ နောက်ကြောင်းပြန်မှုတို့အကြား ဇာတ်ကြောင်း၏ နောက်ဆုံးအပိုင်းတွင် ကြည့်ရှုသူများက သူမ၏ သာမန်ကျပြီး ရုန်းကန်ရသည့်ဘဝကို တွေ့မြင်ခဲ့ရသည်။
ယုလီက ငယ်ကတည်းကပင် လူအများက ပြောကြသည်မှာ နာခံတတ်သည့် ကလေးကောင်းလေးဟုပင်။ သူမက သူမ၏ မောင်လေးကိုသာ အရာအားလုံး ယူခွင့် ပေးခဲ့ပြီး သူမ အိမ်မက်ကို လက်လျှော့လိုက်ခြင်း အပါအဝင် သူမ မိဘများ ပြောသည်ကိုသာ နာခံခဲ့သည်။
တစ်ယောက်ယောက်နှင့် လက်ထပ်ပြီးနောက် အတန်းပိုင်အဖြစ် ရာထူးတိုးတော့မည့်အချိန်တွင် သူမ၏ ကိုယ်ဝန်ကြောင့် အခွင့်အရေးနှင့် လွဲသွားခဲ့ရသည်။
သို့သော်လည်း သူမ၏ ယောကျ်ားနှင့် ယောက္ခမများက သူမ၏ အလုပ်အကိုင်ကို အာရုံ မစိုက်ခဲ့ကြပေ။ သူတို့က သူမ၏ ဝမ်းဗိုက်ကိုသာ စိုက်ကြည့်၍ သားလေးမွေးစေရန်အတွက် နတ်ဘုရားများထံ ဆုတောင်းကာ ဗုဒ္ဓကို ပူဇော်ပသခဲ့ကြသည်။
သူမက အမွှာတစ်စုံကို မွေးဖွား ပေးခဲ့သည်။ သူ့မ ယောက္ခမများက အလွန်ပျော်ရွှင်ခဲ့ကြသော်လည်း သူမအတွက်မူ ကပ်ဘေး တစ်ခုသာ ဖြစ်လာခဲ့သည်။
အမွှာလေးများကို ပြုစု စောင့်ရှောက်ရန် တာဝန်က သူမပုခုံးပေါ်သာ ကျလာခဲ့သည်။ သူမက တစ်နေ့လုံး စာသင်ရန် အတန်းကိုသွားရပြီး နေ့ခင်းပိုင်းတွင် အိမ်စာများကို အမှတ်ခြစ်ရသည်။ သူမ ညနေပိုင်း ပြန်လာသည့်အချိန်တွင် ကလေးများကို စောင့်ရှောက်ရသေးသည်။ သို့သော်လည်း သူမ၏ ယောကျ်ားက စားလိုက် ကစားလိုက် အိပ်လိုက်ဖြင့်သာပင်။ ရံဖန်ရံခါ ကလေးများကို ချော့မြှူခြင်းကပင် အကြီးကျယ်ဆုံး အထောက်အပံ့ကြီး ပြုခဲ့ရသည်ဟု တွေးခဲ့သည်။
သူမကို ပို၍ ရှက်ရွံ့စေသည်မှာ သူမယောကျ်ားက သူမဗိုက်မှ အကြောပြတ်ရာများကို တွေ့သည့်အချိန်တွင် သူ့မျက်လုံးထဲမှ ရွံရှာမှုများကို ဖုံးကွယ်မထားခဲ့။
နောက်ပိုင်းတွင် ယောကျ်ားဖြစ်သူ၏ ဝီချက်မှ မရေမရာ မက်ဆေချ့်များကို တွေ့ခဲ့ရသည်။
သို့သော်လည်း သူမက အရင်ကအတိုင်းပင်။ သူမက ရှောင်ကြဥ်မှသာ ဖြစ်မည်။
နောက်ပိုင်း ဖြစ်ပွားခဲ့သည့် ကိစ္စတစ်ခုက ယုလီ၏ စိတ်ဝိဥာဏ်ကို လုံးဝ လှုပ်ခါသွားစေခဲ့သည်။
သူမ အတန်းရှိသည့်အတွက် အချိန်ပို ဆင်းရသည့်နေ့တွင် သူမ၏ ယောကျ်ားထံ ကလေးများကို လွှဲပေးထားခဲ့သည်။ သူ့ချစ်သူနှင့် တွေ့ရန်အတွက် ယောကျ်ားဖြစ်သူကလည်း ယုလီ၏ ယောက္ခမထံ ကလေးများကို ပို့ထားခဲ့သည်။
ယောက္ခမဖြစ်သူမှာ သမီးများထက် သားကို ပိုအလေးပေးတတ်သဖြင့် မြေးဖြစ်သူကိုလည်း အလွန်ချစ်သည်။ သူမက စျေးဝယ်ထွက်ချိန်တွင် မြေးဖြစ်သူကိုသာ ခေါ်ရန် သတိရပြီး မြေးမကိုကား အိမ်တွင် တစ်ယောက်တည်း ထားခဲ့သည်။ ကြောက်ရွံ့သည့်အတွက် ယုလီ၏ သုံးနှစ်အရွယ် သမီးလေးက မတော်တဆ ပြတင်းပေါက်ပေါ် တက်မိရင်း အောက်သို့ ပြုတ်ကျသွားရသည်။ သူမက ပြုတ်ကျ၍ သေဆုံးသွားခဲ့ရသည်။
နောက်ပိုင်းတွင် ယောက္ခမက နှစ်ကြိမ်မျှ ငိုကြွေးခဲ့သော်လည်း ဘာပဲဖြစ်ဖြစ် သူမမှာ သားရှိနေသေးသည်ဟု ပြောခဲ့သည်။ သူမ၏ ယောကျ်ားကပင် သူမကို မပူဆွေးတော့ရန် အကြံပေးလိုက်သေးသည်။
ထိုအချိန်မှစ၍ ယုလီက ပြင်းထန်သည့် သွေးလေခြောက်ခြားမှု ရှိလာခဲ့သည်။
သူမက ပိုးကောင်အိမ်လေးကဲ့သို့ တစ်စုံတစ်ခုတွင် ရှုပ်ထွေးငြိတွယ်နေခဲ့ပြီး သူမကို တင်းတင်းကြပ်ကြပ် ညှစ်နေကာ သူမ၏ အသားများထဲအထိတင်းတင်းကြပ်ကြပ် ဖိညှစ်၍ သွေးကြောများအထိ ဖိညှစ်နေသောကြောင့် အသက်ရှု၍ပင် မရတော့သည်အထိ။
ဒီတစ်ကြိမ် ဗီလာမှ အဖြစ်အပျက်များသည်ကား သူမကို ပိုးကောင်အိမ်လေးကို ချိုးဖြတ်နိုင်စေခဲ့သည်။
အဆုံးတွင် ယုလီ ရူးသွပ်သွားပြီးနောက် ယုလီ၏ ခင်ပွန်းက သူမကို ကြောက်ရွံ့လာသဖြင့် သူ့သားကို ခေါ်ကာ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့လေပြီ။ ယွီလီက မီးရှို့ခဲ့ပြီး ဗီလာတစ်ခုလုံးကို မီးလောင်တိုက်သွင်းခဲ့သည်။ အိမ်နီးချင်းများက အပြေးရောက်လာပြီး သူမ သားကိုသာ ကယ်တင်နိုင်ခဲ့သည်။
ရုပ်ရှင်၏ အဆုံးသတ် ဇာတ်ကွက်တွင် ယုလီက မီးတောက်များအကြား စိတ်ကြီးဝင်နေဟန် ရယ်မောနေကာ သူမနောက်က မီးတောက်များက လိပ်ပြာတောင်ပံများကဲ့သို့ တောက်လောင်နေခဲ့သည်။
ရုပ်ရှင် ပြီးသွားပြီးနောက် ကြည့်ရှုသူများမှာ ရှောခ့်ရသွားကြတော့သည်။
လူအများစုက "ပိုးအိမ်" ကို အခြားသော အိမ်တွင်း သည်းထိတ်ရင်ဖို ဇာတ်လမ်းဟုသာ တွေးခဲ့ကြသော်လည်း ၎င်းက လူအများကို ဤကဲ့သို့ surpriseအကြီးကြီး ပေးလာမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ဒါရိုက်တာက ကြောက်မက်ဖွယ် ပတ်ဝန်းကျင်ကို သေချာ တည်ဆောက်ထားသည်။ ကြည့်ရှုသူများကို ရုတ်တရက် ခြောက်လှန့်မှုများနှင့် လန့်ပြီး ခုန်သွားစေမည့် အဆင့်နိမ့် သည်းထိတ်ရင်ဖို ရုပ်ရှင်မျိုး မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကပါ ထိတ်လန့်ကြောက်ရွံ့စေမည့် အမျိုးအစား ဖြစ်သည်။
ရုပ်ရှင်၏ ပထမပိုင်းတွင် ကြည့်ရှုသူအများက တုန်လှုပ်နေကြကာ အော်ပြီးရင်း အော်နေခဲ့ကြသော်လည်း ဒုတိယပိုင်းတွင် ရုပ်ရှင်ရုံက တိတ်ဆိတ်၍သွားသည်။ လူတိုင်းက အလွန်အမင်း စိတ်ဓါတ်ကျပြီး နာကျင်ရသော ခံစားချက်များဆွင် နစ်မြုပ်သွားကြသည်။ ထိုကဲ့သို့ နှလုံးသားအတွင်းသို့ ထိုးဖောက်စေသည့် အေးစက်မှုမျိုးကြောင့် ခံစားချက်က ပထမပိုင်းထက် ပိုဆိုးလေသည်။ ထို စိတ်ဓါတ်ကျပြီး နာကျင်ရသည့် ခံစားချက်က လူတိုင်းကို လှည့်ပတ်နေကာ သူတို့ကိုယ်တိုင် ဖြစ်ပျက်နေသကဲ့သို့ပင်။
အမျိုးသမီး တစ်ယောက်က အစ်မကောင်းတစ်ယောက် ဖြစ်ရမည်။ ရိုးရိုးကုပ်ကုပ်နေကာ သိတတ်၍ နာခံတတ်ရန်၊ မိသားစုကို အမြဲတမ်း စောင့်ရှောက်ရန်၊ ယောကျ်ားနှင့် ကလေးများ ရှိလာရန်၊ နာခံတတ်ပြီးလိုက်လျောတတ်ရန်၊ အရင်ဆုံး ဂုဏ်သိက္ခါထိန်းသိမ်းတတ်ကြရန်... စသည်ဖြင့်ပင်...
ထိုကဲ့သို့သော အကြောင်းအရာများနှင့် ဘဝ၏ အစိတ်အပိုင်းများက ယုလီကို သာမန် လူတစ်ယောက်မှ ရူးသွပ်သူ တစ်ယောက်အဖြစ် တွန်းပို့ပေးခဲ့သည်။ အမှန်ကမူ သူမက မီးတွင်း စိတ်ကျရောဂါ လက္ခဏာများ ရှိနေပြီးသားဖြစ်ပြီး မည်သူကမှ ထိုအကြောင်းကို ဂရုမစိုက်ခဲ့ကြခြင်းပင်။
ရုပ်ရှင်အဆုံးတွင် သူမက ယောကျ်ားဖြစ်သူကိုပါ သေတွင်းသို့ ဆွဲခေါ်သွားခဲ့သည်။ ကြည့်ရသည်မှာ သူမက လှပသော တောင်ပံလေးများကို ဖြန့်ကားနေသည့် လိပ်ပြာလေးကဲ့သို့ လုံးဝ စိတ်သက်သာရာရသွားဟန်ပင်။ သို့သော်လည်း ၎င်းက ဘယ်တော့မှ ဖြစ်မလာသင့်သည့် ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းတစ်ခုဖြစ်မှန်း သိနေကြသည်။
ကြည့်ရှုသူများ ထွက်လာသောအခါ သူတို့ အမူအယာများမှာ အထူးသဖြင့် အမျိုးသမီးများမှာ ဝမ်းနည်း မှုန်မှိုင်းနေကြသည်။ မိန်းမငယ်လေးများစွာကလည်း လမ်းလျှောက်ရင်း တရှုံ့ရှုံ့ငိုနေကြကာ "ယုလီက အရမ်း ဝမ်းနည်းစရာ ကောင်းပြီး သနားစရာ ကောင်းတယ်"ဟု ရေရွတ်လာကြသည်။
သူတို့အနားမှ ချစ်သူကောင်လေးများက နှစ်သိမ့်လိုကြသော်လည်း သူတို့၏ ကောင်မလေးများထံမှ "ရှင်တို့ ယောကျ်ားတွေရဲ့ အပြစ်ပဲ"ဟု ပြောရင်း လွှင့်ပစ်ခံလိုက်ရသည်။
ထန်ချောင်းချောင်းက လူအုပ်ကြီးနှင့်အတူ အပြင်ဘက်သို့ လိုက်ထွက်လာခဲ့ပြီး ကြည့်ရှုသူများ၏ အမူအယာများကို ကြည့်နေခဲ့သည်။ သူမက စိတ်သက်သာရာရသွားပြီး ရှက်လည်း ရှက်သွားသည်။ တစ်ချိန်တည်းမှာပင် သူမယုလီအဖြစ် ရှိခဲ့စဥ်က အချိန်များကိုလည်း ပြန်သတိရသွားတော့သည်။
ရှန်းယွဲ့က သူမ၏ လက်လေးများကို ခါယမ်းကာ ခိုင်ခိုင်မာမာ ဆိုလိုက်သည်။
"မင်း ဘယ်တော့မှ ယုလီလို ဖြစ်လာမှာ မဟုတ်ဘူး... မင်း ဘာပဲ လုပ်ချင်ချင် ကိုယ်က ထောက်ပံ့ပေးမှာ"
ထန်ချောင်းချောင်းက ပြုံးလိုက်ပြီး သူ့လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။
မကြာမီပင် "ပိုးအိမ်" ရုပ်ရှင် ကြည့်သူများ၏ ပထမဆုံး တုံ့ပြန်ချက်လှိုင်းများ ထွက်ပေါ်လာပြီး အင်တာနက်ပေါ်မှ ဆွေးနွေးချက်များကလည်း အသက်ဝင်လာတော့သည်။
【ငါကတော့ ဘာမှမဟုတ်ဘဲ လက်မှတ် ဝယ်ဖို့ ငွေသုံးလိုက်ရမယ်လို့ပဲ ပြင်ထားခဲ့တာ... ဒါပေမယ့် အရမ်း ငိုခဲ့ရမယ်လို့ မထင်ထားဘူး... အဓိကဇာတ်လိုက် အတွက် တကယ် စိတ်မကောင်းဘူး... သူ့သမီးလေး သေသွားတာကို သာမန်ကာလျှံကာပဲ သဘောထားခဲ့ကြတာ... သူ့ယောကျ်ား မိသားစုက တကယ့် မိမစစ် ဖမစစ်တွေပဲ】
【ငါလည်း အတူတူပဲ ခံစားခဲ့ရတယ်... ယုလီနဲ့ငါ့မှာ တူတဲ့ အတွေ့အကြုံတွေ ရှိခဲ့တယ်... ငါ ကလေးမွေးတော့ လူတွေ ဝင်ချည်ထွက်ချည်နဲ့ မွေးခန်းထဲမှာ လဲနေခဲ့ရတယ်လေ... ဂုဏ်သိက္ခါ မရှိတဲ့ အဝတ်စုတ်လိုပဲ... ငါ့ယောက္ခမက သူ့မြေးကို ကြည့်ဖို့ပဲ သိတယ်... အဲ့ဒီတုန်းက တကယ် အေးစိမ့်နေခဲ့ရတာ】
【ငါ့ကိုလည်း မုဆိုးမလို လက်ထပ်ခြင်းမျိုးမှာ ထည့်လိုက်... ငါ တစ်ယောက်တည်း ကလေးကို အိပ်ပျော်သွားအောင် ချော့မြူခဲ့ရတာ... ငါ့ယောက္ခမက ငါ့ကို အမေကောင်း မဟုတ်ဘူးဆိုပြီး မကြိုက်ဘူး... ငါ့ယောကျ်ားက နည်းနည်းလောက် ဖက်ပေးရုံနဲ့ အဖေကောင်းဆိုပြီး ချီးကျုးခံရရော(အန်ချင်နေပြီ)】
【စင်ဂယ်ခွေးလေးတွေက ယုလီလို ဘဝမျိုး မကြုံကြသေးဘူး... ဒါပေမယ့် အရမ်း အသက်ရှုကျပ်ရတယ်...ငါသာဆို ရူးသွားတာ ကြာပြီ】
【အမျိုးသမီးတွေရဲ့ ရုန်းကန်လှုပ်ရှားရတဲ့ အကျပ်အတည်းတွေကို ရိုက်ပြတဲ့ ရုပ်ရှင်တွေ တော်တော်ရှားတယ်... ငါ "ပိုးအိမ်"နဲ့ ထန်ချာင်းချောင်းအတွက် ရူးလောက်အောင် ငိုခဲ့ရပြီးပြီ... မင်းတို့မကြည့်ရသသေးရင် ကျေးဇူးပြုပြီး တစ်ရှူးဆောင်ထားကြပါ】
【ဇာတ်ကွက်ရဲ့ လေးနက်မှုကို မပြောနဲ့အုံး... ထန်ချောင်းချောင်းက အကောင်းဆုံး သရုပ်ဆောင်ဆု ဆန်ကာတင်ဝင်ဖို့ ထိုက်တန်တယ်နော်... သူကအစောပိုင်း သံသယဝင်နေတာကနေ အဆုံးမှာ လုံးဝ ရူးသွားတဲ့အထိ ပြောင်းလဲသွားတာ... အဲ့ဒါက ငါ့ကို တကယ် ကြောက်သွားစေခဲ့တာ】
【သကြားယုန်လေးအနေနဲ့ ငါရုပ်ရှင်မကောင်းမှာကို စိတ်ပူခဲ့ရတာ... အတန်းဖော်တွေကို သွားကြည့်ဖို့ ခေါ်ဖို့ကို ရှက်နေခဲ့တာလေ... အခု အခန်းတစ်ခုလုံး သွားကြည့်ဖို့ ခေါ်ရမယ်... တကယ်က နှစ်ခါပြန်တောင် လုပ်သင့်သေးတာ... ချောင်းပေါင်အတွက် ဂုဏ်ယူတယ်】
......
ရုပ်ရှင်က ချီးကျူးမှုများ ဆက်တိုက်ရနေပြီး နောက်ထပ် နောက်ထပ် ကြည့်ရှုသူများကလည်း လူတိုင်းကို ပရိုမိုးရှင်းဆင်းနေခဲ့ကြသည်။
Douban scoreက 8.2ဖြစ်ပြီး မကြာသေးမီက နှစ်များအတွင်း ratingအမြင့်ဆုံး အိမ်တွင်း သည်းထိတ်ရင်ဖို ဇာတ်ကား ဖြစ်လာခဲ့သည်။ ကောင်းမွန်သော ဂုဏ်သတင်းများက ကြည့်ရှုသူများ ထပ်တိုးလာပြီး ရုပ်ရှင်ရုံများကလည်း သဘာဝကျကျပင် ပြသသည့်နေရာများ ထပ်တိုးလာရတော့သည်။
စတင် ရုံတင်ပြီး သုံးရက်အတွင်း "ပိုးအိမ်"၏ Box officeက 200 မီလီယံကျော်သွားခဲ့သည်။ ကုန်ကျစရိတ် နည်းနည်းဖြင့် အိမ်တွင်း၌သာ ရိုက်ကူးထားသည့် သည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ခုအတွက် ထိုရလဒ်က အတော်ကောင်းသည်။ အနုပညာလောကမှ လူအများကပင် အတော်လေး ရှောခ့်ရသွားကြသည်။
ထို့နောက် "ပိုးအိမ်"သာ ဆိုးဝါးသည့် ရုပ်ရှင် မဟုတ်ခဲ့ပါက သူ့ကီးဘုတ်ကို liveလွှင့်ကာ စားပြမည်ဟု ဆိုခဲ့သည့် "အင်တာတိန်းမန့် သခင်ကြီးရှစ်"ဟူသည့် အတင်းအဖျင်းများ တင်သည့် မားကတ်တင်း အကောင့်သည်လည်း သူ့ကံကြမ္မာကို နာနာခံခံ ဝန်ခံခဲ့သည်။ သူက ဘေးဘက်က ဘောလုံးမှန်သွားပြီး ကီးဘုတ်ပုံစံ ချောကလက်ပြားကို စားခဲ့သည်။ သူက အထူးတန်း လက်မှတ်ပုံကို ပိုစ့်တင်ကာ ထန်ချောင်းချောင်းကို တောင်းပန်ခဲ့သည်။ အင်တာနက်ပေါ်မှ လူများကလည်း ကီးဘုတ် အစစ်စားပြရန် သေချာပေါက်တွန်းအား မပေးခဲ့ကြသော်လည်း ထိုမားကတ်တင်းအကောင့်က လူတိုင်း၏ ဟာသပြက်လုံးတစ်ခု ဖြစ်လာရတော့သည်။
"ပိုးအိမ်" က အမျိုးမျိုး ပြောင်းလဲမှု အပြည့် ဖြစ်သွားပြီး ဆွေးနွေးမှုများလည်း မြင့်တက်လာသည်။ box office မှာလည်း အလွန်အမင်း တိုးတက်လာတော့သည်။ ရုံတင်ပြီးသည်နှင့် တစ်ဘီယံပင် ကျော်လွန်သွားတော့သည်။
ထို ရုပ်ရှင်၏ ပေါက်ကွဲမှုက ထန်ချောင်းချောင်း၊ အခြားသော ဇာတ်လိုက်သရုပ်ဆောင်များ၊ လူသိနည်းသော ဒါရိုက်တာများကို ကျော်ကြားလာစေသော်လည်း တကယ့် အောင်နိုင်သူအစစ်မှာ ရှန်းယွဲ့ဖြစ်ကြောင်း ရှာတွေ့လာကြသည်။
ရုပ်ရှင်၏ အဓိက ထုတ်လုပ်သူအနေဖြင့် သူငွေအများကြီး ဝင်ခဲ့လေသည်။ သူက မကြာမီမှာပင် ရုပ်ရှင်နှင့် တီဗီ ဇာတ်လမ်းတွဲလောကကို ဝင်ရန်အတွက် "ရွှမ်ချောင်း မီဒီယာ"ဟူသော ကုမ္ပဏီခွဲတစ်ခုကို တည်ထောင်လိုက်တော့သည်။
အင်တာနက်ပေါ်က လူများကလည်း ထပ်ပြီး လီမွန်သီးများ စားရပြန်တော့သည်။ သူ့ရဲ့ မဟာဗျူဟာမြောက် အမြင်ရှိပုံကိုသာ ကြည့်လိုက်ပါ... သူက အလှလေးရဲ့ နှလုံးသားကို အောင်နိုင်ပြီး ငွေအများကြီးလည်း ရှာနိုင်လိုက်သေးတယ်... ဘယ်သူက မနာလိုဘဲ နေမှာလဲ...
Xxxxxxxx