အပိုင်း (၁၀၂)
Viewers 31k

Part 102 


သူကငယ်ရွယ်သေးသော်လည်း ကလေးငယ်လေးများက ထိလွယ်ရှလွယ်ကြသည်။ သူက သူ့အမေကိုချစ်သော်လည်း သူ့အမေကသူ့ကိုမချစ်ပေ။ အတိတ်ကာလကဆိုလျှင် သူမက ဝမ်လေးကို ဖက်ခြင်း နမ်းရှုံ့ခြင်းမရှိသည့်အပြင် သူနှင့် ဆော့ကစားပေးခြင်းလည်း မရှိပေ။


စုန့်ထင်ရှန်းကပြုံးနေရာမှ စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။


" ဝမ်လေး ... ဝမ်လေးဘယ်လိုမွေးလာရလဲသိလား ... သားကို ကိုယ်ဝန်ရှိတုန်းက မာမားအတွက် အရမ်းခက်ခဲခဲ့ရတာ ... သား ဗိုက်ထဲက ထွက်လာချင်တဲ့အချိန်ကဆို သူမက ဆယ်နာရီလောက်ဗိုက်နာနေခဲ့ရတာ ပြီးမှသားလေး မွေးလာကာ ... ပါပါးက ဒီလိုခက်ခဲနာကျင်မှုမျိုးက မခံစားခဲ့ရဘူးလေ ...  မာမားက  ကလေးလေးကို ချစ်ပါတယ် ... ဒါပေမဲ့ ‌ပါပါးတို့ သူမကို အချိန်ပေးကြမယ်လေ ဟုတ်ပြီလား ..."


စုန့်ထင်ရှန်းက ဝမ်လေးရှေ့တွင် ယွမ်ရှ မကောင်းကြောင်းတစ်ကြိမ်မှ မပြောခဲ့ဖူးပေ ။


အဘယ့်ကြောင့်ဆိုသော် သူ့ထံတွင် ထိုသို့ပြောခွင့်မရှိဟု ထင်ခဲ့သောကြောင့်ပင်။ ယောက်ျားတစ်ယောက်ဖြစ်သည့်အတွက် ကိုယ်ဝန်ဆောင်ရသည့် အခက်အခဲနှင့် ကလေးမွေးဖွားရသည့်နာကျင်မှုကို သူ မတွေ့ကြုံခဲ့ရပေ။ 

အဲ့ဒါကြောင့် ယွမ်ရှကို မကောင်းတဲ့အမေလို့ သူ မစွပ်စွဲချင်ဘူး ...


ထိုစကားများကိုကြားသည့်အခါ ဝမ်လေးက ဂနာမငြိမ်ဖြစ်သွားပြီးမေးလိုက်သည်။

" မာမားက နာနေတုန်းလား ..."


" ပါပါးလည်း မသိဘူး ... အဲ့ဒါကြောင့် အနာဂတ်မှာ ကောင်းကောင်းနေရမယ်နော် ... မာမားကို စိတ်ဆိုးအောင်မလုပ်ရဘူ ... သားကိုမချစ်ဘူးလို့လည်း သံသယမဝင်ရဘူး ဟုတ်ပြီလား ..."


ဝမ်လေးက ချက်ချင်းခေါင်းငြိမ့်ပြသည်။

" သား သိပါပြီ ..."


ကလေးငယ်လေးများတွင် မကုန်မခမ်းနိုင်သည့် မေးခွန်းများစွာရှိတတ်ကြသည်။ ပထမတစ်ခု မေးပြီးသည်က မကြာသေးသော်လည်း သူက စုန့်ထင်ရှန်းကို အကျပ်ရိုက်အောင် လုပ်ပြန်သည်။


" ပါပါးကို မာမားက ချစ်တယ်လို့ထင်လား ..."


ဤမေးခွန်းကို ရိုးသားစွာဖြေရန် ခက်ခဲလှသည်ဟု စုန့်ထင်ရှန်းတွေးမိသွားသည်။ သို့သော် သူ့စိတ်ကို သစ္စာဖောက်ပြီး သူ့သားလေးကို လိမ်ပြောရန် အဆင်မပြေပေ။


ဆယ်စက္ကန့်ခန့် စဉ်းစားပြီးသောအခါ သူပြန်ဖြေလိုက်သည်။

" ပါပါးလည်းမသိဘူး ..."


ဝမ်လေးက သူ့ကို အထင်သေးစွာကြည့်လိုက်သည်။

" ပါပါးက တုံးလိုက်တာ မသိဘူးပေါ့ ... သားဆိုရင် အခု မာမားက သားကိုသဘောကျတာလည်းသိတယ် ပါပါးကသဘောကျတာလည်းသိတယ် ... ဘိုးဘိုးနဲ့ဘွားဘွားက သားကိုသဘောကျတာလည်းသိတယ် ..."


စုန့်ထင်ရှန်းက သူ၏ဝေဖန်ချက်ကို နှိမ့်ချစွာလက်ခံလ်ိုက်သည်။

" ပါပါးက ဒီလိုနေရာမှာ ကလေးလေးလောက် မတော်ဘူး ..."


" ပါပါး မာမားကို သေဘာက်လား ..."

ဝမ်လေးက သူ့ကို ခက်ခဲသည့်မေးခွန်းနောက်တစ်ခုထပ်မေးပြန်သည်။


စုန့်ထင်ရှန်းက ဝမ်လေး၏ဗိုက်မှချီကာ ရေချိုးတဘတ်လေး ပတ်ပေးလိုက်သည်။

" ကဲ ... အမေးအဖြေလုပ်ရမယ့်အချိန်ပြည့်ပြီ ..."


" မပြည့်သေးဘူး ... ပါပါး မာမားကိုသဘောကျလားလို့ ဆိုနေ ..."

ဝမ်လေးက သူ့လက်ကိုဆွဲပြီး စပ်စုလိုသည့် မျက်ဝန်းတစ်စုံဖြင့် ကြည့်နေသည်။


ဝမ်လေးက သူ့အမေနှင့် အလွန်တူသည်။ ဤမေးခွန်ူကို မေးနေသူက ယွမ်ရှဖြစ်သည်ဟုပင် စုန့်ထင်ရှန်း ခဏတာ တွေးမိသွားသည်။


" ပါပါးမသိဘူး ..."


ဝမ်လေးက ရေမျက်နှာပြင်ကို လက်ဖောင်းဖောင်းလေးဖြင့် ရိုက်လိုက်သည်။

" ပါပါးက ဘာလို့ ဘာတစ်ခုမှ မသိတာလဲ ..."


စုန့်ထင်ရှန်းက သူ့မျက်နှာပေါ်စင်သွားသည့် ရေများကိုသုတ်လိုက်သည်။

" ပါပါးလည်းလူပဲလေ ... ပါပါးမသိတဲ့ကိစ္စမျိုးတွေလည်း ရှိတာပေါ့ ..."



စုန့်ထင်ရှန်းနှင့် ဝမ်လေးက ထိုသို့စကားစမြည်ပြောနေမည်ဟု ယွမ်ရှမသိလိုက်ပေ။ အကယ်၍ ဝမ်လေးက သူမကို ထိုကဲ့သို့မေးခွန်းမျိုး မေးလာပါကလည်း သူမ "မသိဘူး"ဟုသာ ဖြေမိလိမ့်မည်။


ရေချိုးပြီး၍ စိတ်ထဲလန်းဆန်းသွားပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာသည်။ စုန့်ထင်ရှန်းက ဝမ်လေးကို သူမထံသို့ ခေါ်လာသညိ။


မူလက ဝမ်လေးသည် သူ့မိဘနှစ်ပါးအပေါ် အချိန် အညီအမျှခွဲဝေပေးမည်ဟု ပြောခဲ့သော်လည်း သူ့အမေဖြင့်အိပ်သည့်အချိန်က ပိုများကြောင်းသိသာလှသည်။ ယွမ်ရှအတွက်လည်း ငြင်းဆန်ရန် မလွယ်ကူပေ။ သူမ လက်မခံပါက ဝဝကစ်ကစ်ကလေးလေး၏ ခံစားချက်များကို နာကျင်စေမိလိမ့်မည်ဖြစ်သည်။ ထို့အပြင် ဤကလေးလေးကို စိတ်ဆင်းရဲခြင်းမှ ကာကွယ်ရခြင်းကလည်း အလွန်လွယ်ကူသည်။