အပိုင်း ၁၄၆
Viewers 23k

Chapter 146


ရှန်းယွဲ့က သူမ၏ လက်ကို ခပ်ဖွဖွ လှုပ်ခါကာ အား​ပေးလိုက်သည်။


စတိတ်စင်​​ပေါ်မှ အ​ကောင်းဆုံး အမျိုးသမီး သရုပ်​​ဆောင်ဆုကို ​ကြေညာ​ပေးသူမှာ ​မောက်လီ ဖြစ်​နေသည်။သူမက အခြား​သော အမျိုးသား စီနီယာများကဲ့သို့ ပြင်ဆင်ထားသော စကားအချို့ ​ပြောပြီး​​နောက် ပရိတ်သတ်များကလည်း တဝါးဝါးတဟားဟား ရယ်​မောကြသည်။ ထို့​နောက် ​မောက်လီက ဆုရရှိသူ အမည်​ရေးထား​သော ကဒ်ကို ဖွင့်လိုက်ပြီး ထိုကဒ်​ပေါ်မှ အမည်ကျု ​တွေ့သောအခါ ခဏရပ်သွားသည်။ သူမက နှုတ်​ခမ်း​ထောင့်များ မြင့်ဆက်လာကာ ​ပြောလိုက်သည်။


 "ဒီနှစ်ရဲ့ ​ရွှေပုလဲဆု​ပေးပွဲမှာ အ​ကောင်းဆုံး အမျိုးသမီး သရုပ်​ဆောင်ဆု ရရှိသူက​တော့...." 


"ထန်​ချောင်း​ချောင်းပါ.... ဂုဏ်ပြုပါတယ်"


ပရိတ်သတ်များကလည်း လက်ခုပ်သံများ ​ပေါက်ကွဲထွက်လာသည်။ ရုပ်ရှင်ထဲမှ ထန်​ချောင်း​ချောင်း၏ သရုပ်​​ဆောင်မှုက အလွန် ​ပြောင်​မြောက်လှသဖြင့် လူအများက ဤရလဒ်ကို ​မျှော်လင့်ထားကြပြီးသား ဖြစ်သည်။


ထန်​ချောင်း​ချောင်းက တစ်ခဏမျှ ​အေးခဲသွားသည်။ သူမက ကြက်​သေ​သေ​နေပုံဖြင့် ထရပ်လိုက်ပြီး​နောက် စင်ဆီသို့ ​​လျှောက်သွားရန် ပြင်လိုက်သည်။ သူမက ​ခြေတစ်လှမ်း ထွက်လိုက်ပြီး​နောက် ​ဘေးသို့လည့်ကာ သူမ​ဘေးမှ အမျိုးသားကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သဖြင့် ပွဲတစ်ခုလုံး ဆူဆူညံညံဖြစ်သွား​တော့သည်။


ရှန်းယွဲ့က သူမ၏ နား​လေးနားကို ကပ်ကာ တီးတိုး ​ပြောလိုကသည်။


 "Congratulations ... အချစ်"


ထန်​ချောင်း​ချောင်းက ​မောက်လီထံမှ ဆုကို ယူလိုက်ပြီး နှစ်​ယောက်သားက ရင်းရင်းနှီးနှီး ဖက်လိုက်ကြသည်။ သူတို့ခွာလိုက်သည်နှင့် ​မောက်လီက ထိုစကားကို တိုးတိုး​လေး ​ပြောလာသည်။ 


"မင်း ငါ့ကို ​​​ကျွေးရမယ်​နော်"


ထန်​ချောင်း​ချောင်းက မတတ်နိုင်ဘဲ ရယ်​မောလိုက်ရ​တော့သည်။


သူမက ​​တောက်ပ​သော အပြုံး​လေးနှင့် လေးလံလှ​သော ဆုကို ကိုင်ကာ မိုက်ခရိုဖုန်း​ရှေ့တွင် ရပ်လိုက်သည်။ သူမက အလွန် လှပ​နေခဲ့​လေသည်။


ထိုအချိန်၌ ပရိတ်များထဲမှ ရှန်းယွဲ့၏ အကြည့်က ကမ္ဘာ​ပေါ်တွင် မျက်လုံးတစ်စုံသာ ကျန်ရှိ​နေ​တော့ဟန်ပင်။ ထန်​ချောင်က ထိုသူထံမှ နင့်နင့်နဲနဲ ဆွဲ​ဆောင်ခြင်း ခံ​နေရသည်။ 


ထန်​ချောင်း​ချောင်းက ဒါရိုက်တာ၊ ရိုက်ကူး​ရေး အဖွဲ့သားများ၊ တွဲဖက် သရုပ်​​ဆောင်များနှင့် အထူးသဖြင့် သူမကို တ​လျှောက်လုံး အား​ပေးလာခဲ့​​သော သကြားယုန်​လေးများကို ​ကျေးဇူးတင်စကား ​ပြောခဲ့သည်။ ကြည့်​ရှုနေ​သော ဖန်များမှာ မျက်ရည်မထိန်းနိုင်ကြ​တော့။


"​နောက်ဆုံးအ​နေနဲ့ ကျွန်မရဲ့ ခင်ပွန်းကို ​ကျေးဇူးတင်စကား ​ပြောချင်ပါတယ်... *နှင်း​တောထဲမှာ မီး​သွေး ပို့​ပေးပြီး* ကျွန်မတို့ရဲ့ ရုပ်ရှင်ကို ရင်းနှီးမြှုပ်နှံ​ပေးလို့ ​ကျေးဇူးပါလို့" ထန်​ချောင်း​ချောင်း ထိုစကား ​ပြောသည်နှင့် စင်​အောက်မှ သတင်း​ထောက်အားလုံးမှာ ကြက်​သေ​သေသွားကြ​တော့သည်။(*လိုအပ်ချိန်မှာကူညီ*)


သူမက သူမရဲ့ အမျိုးသားက "ပိုးအိမ်"မှာ ရင်းနှီးမြှုပ်နှံတယ်လို့ ​ပြောလိုက်တာ​လေ... ဒါ​ပေမယ့် "ပိုးအိမ်"ရဲ့ ရင်းနှီးမြှုပ်နှံသူက ရှန်းယွဲ့လို့ပဲ သိထားကြတာ... ဆိုတော့ ရှန်းယွဲ့က ထန်​ချောင်း​ချောင်းရဲ့ ခင်ပွန်း​ပေါ့...ဒီ​နေ့ညမှာ ရှန်းယွဲ့နဲ့ ထန်​ချောင်း​ချောင်းက လက်ထပ်ပြီးသွားကြပြီးပြီ​ပေါ့...


ချက်ချင်း ဆိုသလို ကင်မရာများက တစုတစည်းတည်း ရှန်းယွဲ့ကို ပစ်မှတ်ထားလိုက်​ကြ​တော့သည်။ ပထမတွင် သူ့အမူအယာက အလွန်အံ့အားသင့်သွားဟန် ပေါ်​သော်လည်း ထို့​နောက် သူ့နှုတ်ခမ်း​ထောင့်​လေးများ ​ကော့တက်သွားသည်။ သူက စတိတ်စင်​ပေါ်က အမျိုးသမီးကို အရာအားလုံး အလိုလိုက်ထားသည့်ဟန်ဖြင့် ကြည့်​နေခဲ့သည်။


ထန်​ချောင်း​ချောင်းက ဤတစ်ကြိမ်၌ သူတို့လက်ထပ်ပြီးကြောင်း ဖွင့်ဟလိုက်သည်က သူ​တွေးထားသည်ထက် ​ကျော်လွန်​နေခဲ့သည်။ သို့​သော်လည်း သူ သူမကို ချစ်မိသွားသည့် အချိန်ကတည်းက ဘယ်လို ဆုံးဖြတ်ချက်မျိုးပဲ လုပ်လုပ် သူက အားလုံး​ထောက်ပံ့​​ပေးသွားမည်ပင် ဖြစ်သည်။


ထန်​ချောင်း​ချောင်းက ​ရွှေပုလဲဆုကို ပထမဆုံး ဆန်ကာတင် ဝင်သည့်အချိန်မှာပင် ရရှိသွားခဲ့သည်။ ထို့​ကြောင့် ​ဝေ့​ပေါ်၌ သတင်း​ခေါင်းစီးများ တက်လာ​​တော့သည်။ ဖန်များမှာ မျက်ရည်လည်ရွှဲ ဖြစ်​နေစဥ်မှာပင် ရုတ်တရက် ထန်​​ချောင်း​ချောင်းနှင့် ရှန်းယွဲ့တို့ လက်ထပ်ပြီး​ကြောင်း သတင်းက ​ပေါက်ကွဲထွက်လာ​တော့သည်။


ဖန်များမှာ ကြက်​သေ​သေသွားရသည်။ အင်တာနက်​ပေါ်ရှိ လူအများမှာ ကြက်​သေ​သေသွားကြသည်။ ​ဝေ့​ပေါ် ဆာဗာသည်ပင် ကြက်​​သေ​သေသွားသည်​ကြောင့် နာရီဝက်မျှ တိုက်ရိုက် ငြိမ်သက်သွား​​တော့သည်။


လူတိုင်း ​ဝေ့​ပေါ်ကို ​ချော​ချော​မွေ့​မွေ့ ဖွင့်နိုင်ချိန်၌ ထန်​ချောင်း​ချောင်းနှင့် ရှန်းယွဲ့တို့၏ ​အောက်မှ ကွန်မန့်များမှာ ​ပေါက်ကွဲထွက်​နေ​လေပြီ။ 


【ငါ့နတ်ဘုရားမ​လေး လက်ထပ်ပြီးသွားပြီတဲ့လား ငါမယုံနိုင်ဘူး】


【​ရုပ်​ချောပြီး ပါရမီရှိတဲ့သူ​တွေ ​ပေါင်းစည်းတာကို ကန့်ကွက်​နေရမဲ့ အချိန် မဟုတ်​​သေးဘူး... ငါက​တော့ သူတို့ လက်ထပ်တာကို ​​​ထောက်ခံပါတယ်】


【မဖြစ်နိုင်တာ... ငါ့​ခေါင်း​တွေ ထုံ​နေပြီ... ရှန်းယွဲ့... မင်း ငါ့မိန်းမကို ပြန်​ပေး... မိန်းမအလစ်သုတ်သွားတဲ့​ ဒဏ်​ခတ်ရမဲ့​ကောင်ကို ခွင့်မလွှတ်နိုင်ဘူး】


【အားးးးးးး ​ပေါက်ကွဲကြရ​အောင်... ဒီလို သတင်း​ကောင်း​လေး ရှိလာတယ်.... လမင်းယုန်​လေး ဖန်​တွေ​​တော့ ပျော်​နေပါပြီ】


【ဒီ​နေ့ညက အ​ပျော်နှစ်ဆပဲ ​ချောင်း​ပေါင်အတွက် ​ပျော်တယ်​နော်... @ရှန်းယွဲ့V မင်း ငါတို့ရဲ့ ​ချောင်း​ပေါင်​လေးကို ကောင်း​ကောင်း ဆက်ဆံပါ... ငါတို့ သကြားယုန်​လေး​တွေ မင်းကို ​စောင့်ကြပ်​နေမယ်... အ​လေးအနက် ဖြစ်​နေတဲ့မျက်နှာ】


【အ​ပေါ်ထပ်ကို ​ထောက်ခံပါတယ်... ​ချောင်း​ပေါင်က သူ့မိဘ​တွေနဲ့ အ​ဆင်မ​ပြေဘူး... ဒါ​ကြောင့်မို့ ငါတို့က သူ့မိသားစုပဲ... @ရှန်းယွဲ့Vသာ သူ့​အ​ပေါ် တစ်ခုခု လုပ်ရဲရင် ငါတို့ ခွင့်မလွှတ်ဘူး​နော်... ဟမ့် 】


......


ထန်​ချောင်း​ချောင်း၏ ဆုနှင့် သူမ လက်ထပ်ခြင်းအ​ကြောင်း အင်တာနက်​​ပေါ်မှ လူအများက ခံစားချက်မျိုးစုံဖြင့် ဆွေး​နွေး​နေကြသည်။ ပွဲပြီး ဂုဏ်ပြုပါတီ၌ ​မောက်လီနှင့် သူမ၏ အခြားသူငယ်ချင်းများက သူမကို ဝိုင်များစွာ ​လောင်းထည့်​ပေးခဲ့ကြသည်။ သူမက အ​တော်​လေး အ​သောက်လွန်သွားခဲ့သည်။ 


ထန်​ချောင်း​ချောင်းက ဟိုတယ် ​အ​နောက်ဘက်ရှိ ကားထဲတွင် ဆုကို ပိုက်ကာ ရှန်းယွဲ့ လက်​မောင်းထဲတွင် ခိုဝင်​နေခဲ့သည်။


ဤတစ်ကြိမ်​တော့ သူမ အမှန်တကယ် အမူးလွန်သွားပုံ​ပင်။ ထန်​ချောင်း​ချောင်းက ​နောက်ဆုံးတစ်​ခေါက် မူး​နေစဥ်ကဲ့သို့ ဇီဇာ​ကြောင်ခြင်းမျိုး မလုပ်​နေ​​သော်လည်း သူမ ​ခေါင်း​လေးက ယိမ်းထိုး​ပြီး ပလုံးပ​ထွေးနှင့် တစ်ခုခု ​ပြော​နေခဲ့သည်။


ရှန်းယွဲ့က ​လျှောကျ​နေ​သော ဆံပင်​လေးများကို သပ်တင်​ပေးကာ သူမ နီရဲရဲ မျက်နှာ​လေးကို ကြည့်၍ နူးနူးညံ့ညံ့ ​မေးလိုက်သည်။ 


"အရင်တစ်​ခေါက် မင်း မူး​နေတုန်းက အချိန်ကို မှတ်မိရဲ့လား မင်းကိုယ့်ကို ကတိတစ်ခု​ပေးခဲ့တယ်​လေ" 


ထန်​ချောင်း​ချောင်း၏ ​ခေါင်းက ​လေးလံ​နေ​သော်လည်း နှုတ်ခမ်းဆူကာ တစ်ခဏမျှ ​တွေးလိုက်သည်။ အဆုံးတွင် သူမက ပြုံးရယ်ကာ ​ပြောလိုက်သည်။ 


"မှတ်မိပြီ... ရှင် ကျွန်မကို ဗီဒီယိုတစ်ခုနဲ့ ခြိမ်း​ခြောက်ထားခဲ့တာ​လေ... မ​ကောင်းတဲ့လူ"


ရှန်းယွဲ့က လှုပ်ယမ်း​နေ​သော သူမ၏ ခန္ဓါကိုယ် ​သေး​သေး​လေးကို ဆွဲချကာ ပြုံးလိုက်သည်။ 


"မင်း မှတ်မိတာပဲ... အဲ့အချိန်တုန်းက ကိုယ်ဘာမှ မစဥ်းစားနိုင်​တော့ဘူးလို့ ​ပြောခဲ့တယ်​လေ... ဒါ​ပေမယ့် အခု တစ်ခုခု ​တွေးမိလာလို့"


ထန်​ချောင်း​ချောင်းက သူ့ကို သူမ၏ နက်​မှောင်​နေ​သော စပျစ်သီးပုံ မျက်လုံးများနှင့် ကြည့်လိုက်သည်။ "​ပြော​လေ... ရှင် ဘာ​တွေ ​ဖြေရှင်းချင်လဲ... ကျွန်မ ရှင်းပေးမယ်"


ရှန်းယွဲ့က ဒီတစ်ကြိမ်၌ သူမ၏ ဝိုင်ကို ကိုင်တွယ်နိုင်သည့်အတွက် ချီးကျူးလိုက်သည်။ သို့​သော်လည်း ဝိုင်က အခုမှ ​အနားကပ် ရောက်လာပုံပင်။


ထန်​ချောင်း​ချောင်းက အနည်းငယ် အမူး​ပြေလာချိန်တွင် ရှန်းယွဲ့က တစ်ချိန်လုံး သူ့နှလုံးသားထဲ၌ တစ်ခုခု ရှိ​နေခဲ့သည်ဟု ​ပြောလာခဲ့သည်။


" မင်းအမြဲတမ်း ကိုယ့်​​ဘေးမှာပဲ ​နေ ပြီး ဒီဘဝမှာ မခွဲခွာရဖို့ ဆု​တောင်းတယ်"


ထန်​ချောင်း​ချောင်းက ပြုံးလိုက်သည်၊ "ဘာ​တွေ စိုးရိမ်​နေတာလဲ"


ရှန်းယွဲ့က သူမည်သည်ကို စိုးရိမ်​နေမှန်း မသိ​သော်လည်း ထန်​ချောင်း​ချောင်းက သူနှင့် ကွဲပြားသည်ဟူ​သော ခံစားချက် တစ်ခု ရ​နေသည်။ သူမသာ တကယ် ထွက်သွားချင်ပါက သူဘယ်​တော့မှ သူမကို ရှာ​တွေ့နိုင်​တော့မည် မဟုတ်​ပေ။


ထန်​​ချောင်း​ချောင်းက သူ့မျက်နှာကို သူမလက်များနှင့် အုပ်ကိုင်ကာ သူ့မျက်လုံးများကို ကြည့်လိုက်သည်။


"ကျွန်မ​ ​ပြောမယ်... ကျွန်မ ထန်​ချောင်း​ချောင်းက ကျွန်မဘဝရဲ့ ​နောက်လာမယ့် အချိန်​တွေကို ရှန်းယွဲ့နဲ့ပဲ ကုန်ဆုံးမယ်... ကျွန်မ ​ပြောတဲ့အရာတိုင်းက အမှန်ယူလို့ရတယ်" 


ရှန်းယွဲ့က ထိုစကားကို ကြားချိန်တွင် သူ့နှလုံးသား ခုန်​ပေါက်သွားသည်။ သူ့နှုတ်ခမ်းက အနည်းငယ်လှုပ်သွားကာ မျက်လုံးများကလည်း ချက်ချင်း နီရဲလာခဲ့သည်။


ချက်ချင်း ဆိုသလိုပင် ထန်​ချောင်း​ချောင်းက ထပ်​ပေါင်း ​ပြောလိုက်သည်။ "ဘယ်သူပဲ အရင် ထွက်သွားသွား ပါပီ(ခွေး) ပဲ"


ရှန်းယွဲ့က ကြက်​သေ​သေသွား​သော်လည်း အိပ်​ပျော်​တော့မည့် ထန်​ချောင်း​ချောင်းကို သူ့လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ထို့​နောက် သူမ နီရဲ​နေ​သော မျက်ခွံ​လေးကို ခပ်ဖွဖွ နမ်းလိုက်​လေသည်။


ထန်​ချောင်း​ချောင်း ​ရွှေပုလဲဆု ရပြီး​နောက် တန်ဖိုးများစွာ တက်လာသည်။သူမရရှိလာ​သော ရုပ်ရှင်၊ တီဗီ ဒရာမာ၊ ရသစုံရှိုး၊ ​ကြော်ငြာများ ကဲ့သို့​​သော အရင်းအမြစ်များစွာနှင့် အခြား​သော အရင်းအမြစ်များက အဆင့်​ပေါင်း များစွာ မြင့်လာခဲ့သည်။


မကြာခင်မှာပင် သူမ ​အေဂျင်စီနှင့် စာချုပ်သက်တမ်း ကုန်သွားခဲ့သည်။ သူမက စာချုပ်ပြန်မချုပ်​တော့ဘဲ ရှန်းယွဲ့ ရွှမ်​ချောင်း မီဒီယာ လက်​​အောက်မှ သီးသန့်စတူဒီယို တည်​ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ သူမ၏ အလုပ်အကိုင် ​ရွေးချယ်ခြင်းအတွက် ထိန်းချုပ်မှု အပြည့် ရသွား​တော့သည်။


တစ်ချိန်တည်းမှာပင် ထန်​ချောင်း​ချောင်း ရုပ်ရှင်နှင့် တီဗွီ အလုပ်များမှာ ​စျေးကွက်တွင် ပို၍ ​ကျော်ကြားလာခဲ့သည်။ သူမ တီဗီစီးရီး "စစ်သည်​တော်များ"ကို ထုတ်လုပ်​ရေး မပြီးဆုံးခင်မှာပင် First Line SatelliteTV၏ Golden Chenneမှ ဝယ်ယူသွားပြီး ​နွေဦးရာသီ​ရောက်သည်နှင့် ထုတ်လွှင့်မည် ဖြစ်သည်။


​နွေဦးကာလမှာ မူလကပင် ​ရှေးဝတ်စုံ ဒရာမာများအတွက် အချိန်​ကောင်းတစ်ခုဖြစ်ည်။ "စစ်သည်​တော်များ"၏ ပရိုမိုးရှင်း အကြိုပြကွက် ထုတ်လွှင့်သည်နှင့် အထူး​ကောင်းမွန်​သော ဝတ်စုံများနှင့်ပင် ပရိတ်သတ်များ၏ အာရုံကို ဆွဲ​ခေါ်သွားနိုင်ခဲ့သည်။


ဇာတ်ကား တရားဝင် ထုတ်လွှင့်​​သောအခါ ပရိတ်သတ်များမှာ ဝတ်စုံက စားမြိန်ဖွယ်သာ ဖြစ်ပြီး ဇာတ်​ကြောင်းက အမှန်တကယ် စွဲလမ်းဖွယ်ဖြစ်​ကြောင်း ​နားလည်သွားကြသည်။


​စျေးကွက်အတွင်းရှိ ​​အပိုင်း 70 80ရှိ​သော ရှေး​ခေတ်ဝတ်စုံ ဒရာမာများနှင့် နှိုင်းယှဥ်ပါက "စစ်သည်​တော်များ"တွင် အပိုင်း 40သာ ရှိသည်။ 


ပထမပိုင်းတွင် မင်းဆက် ပျက်သွားပြီး အမွှာ ညီအစ်မတို့ ကွဲကွာသွားရသည်။


ဒုတိယအပိုင်းတွင် ညီအစ်မ​နှစ်​ယောက် ကြီးပြင်းလာကြ​သော်လည်း တစ်​ယောက်က နန်း​တော်အတွင်းပိုင်း၌ ပျိုး​ထောင်ခံရပြီး အခြားတစ်​ယောက်မှာမူ ​တော​တောင်ထဲတွင် ကြီးပြင်းလာသည်။ နန်း​တော်သူနှင့် မြစ်​ချောင်းသူတို့မှာ အပြိုင် ဖွံ့ဖြိုးလာကြသည်။


တတိယအပိုင်းတွင် အားချင်းက သူမ၏ ကမ္ဘာမှ ထွက်ကာ အင်ပါယာအရှင်ကို လက်တုံ့ပြန်မည့် လမ်း​ပေါ် ထပ်​​ရောက်လာခဲ့သည်။ ဝမ်ယွီက အခြားတိုင်းပြည်သို့ လက်ဆက်​ရန်အတွက် သွား​ရောက်ရန် အမိန့်​ပေးခံရသဖြင့် နန်း​တော်ထဲမှ ထွက်​ပြေးလာခဲ့သည်။ 


အပိုင်း​လေးတွင် ညီအစ်မတို့ ​တွေ့ဆုံကြသည်။


ဒရာမာတစ်ခုလုံးက အချိန်မြန်​သော်လည်း ကြည့်ရှု​နေသူများကို မြန်လွန်းသည်ဟု အ​တွေးမျိုး မရ​စေရ​ပေ။ ဇာတ်လမ်းက ပြင်းထန်ကာ ကာရိုက်တာများကလည်း ထက်မြက်သည်။ ပရိတ်သတ်များ သိလိုစိတ်ကို ခိုင်ခိုင်မြဲမြဲ ဆွဲထားမည့် သည်းထိတ်ရင်ဖို အခန်းများကိုလည်း အပိုင်းတစ်ခု အဆုံးတွင် ချန်ထား​​ပေးခဲ့​သေးသည်။ 


အထူးသဖြင့် ဇာတ်လိုက် ထန်​ချောင်းချောင်းပင် ဖြစ်သည်။ သူမက ရုပ်ရည် တစ်ထပ်တည်း တူ​သော်လည်း ကွဲပြားသော အမူအကျင့်များ ရှိသည့် အမွှာ ညီအစ်မနှစ်​ယောက်အဖြစ် သရုပ်​ဆောင်ရသည်။ ဝမ်ယွီက လစ်လျူရှုခံရပြီး အားနည်းသည်။ ချစ်စရာ​ကောင်းကာ ရိုးသားသည်။ အားချင်းက ရက်စက်ကာ စိတ်ကြီးဝင်တတ်ပြီး သန်မာသည်။ ညီအစ်မနှစ်​ယောက် အတူရှိ​နေကြ​သောအခါ ကြည့်ရှုသူများက သူမတို့ အင်္ကျီနှင့် ဆံပင် စတိုင်တို့ကို ကြည့်စရာ မလို​ပေ။ ထန်​ချောင်း​ချောင်း၏ မျက်လုံးများထဲမှ အ​ပြောင်းအလဲများကို ကြည့်၍ မည်သူဖြစ်​ကြောင်း ပရိတ်သတ်များ ​ပြောနိုင်ကြသည်။


ထပ်၍ ထန်​ချောင်း​ချောင်းက ညီအစ်မတစ်​ယောက်ချင်းစီ၏ အချစ်​ရေးကို တစ်ချိန်တည်းမှာပင် သရုပ်​ဆောင်ရ​သော်လည်း ​ပေါ်ပြူလာ အဖြစ်ဆုံးCPမှာ ညီအစ်မCP သာပင်။ အတိုချုပ်​ပြောရလျှင် CPများ ပရမ်းပတာ ဖြစ်မှုကပင် ထိုရှိုး၏ အဓိက ပြကွက် ဖြစ်လာသည်။


ဇာတ်ကွက် နက်နဲမှု​ကြောင့် မူလတွင် ရိုးသား​သော မင်းသမီး​​လေး ဝမ်ယွီက သူမတိုင်းပြည်နှင့် မိသားစု အမုန်းများကို သိလိုက်ရသည်။ သူမက အပြင်ဘက်တွင် နူးညံ့ကာ အတွင်း၌ မာ​ကြော၍ ကြီးပြင်းလာသည်။ ထို့​နောက် သူမ၏ ​​အေးခဲ​နေ​သော နှလုံးသား ပွင့်ထွက်သွား​တော့သည်။


သို့​သော်လည်း ကြည့်ရှုသူများ ၎င်းက ​ပျော်စရာ ဇာတ်သိမ်း ဖြစ်မည်ဟု ထင်​နေကြချိန်မှာပင် ဝမ်ယွီက သူမ ချစ်ခင်မှုနှင့် ​သွေး​ကြွေးတို့​၏ လွန်ဆွဲမှုကြောင့် သူမအ​ပေါ် အမြဲတမ်း ကြင်နာ၍ ​မွေးမြူ​ပေးခဲ့​သော သူမ​၏ ​မွေးစားအ​​မေကို မ​​စောင့်​ရှောက်​ပေးနိုင်​တော့​ပေ။ ဘေးကျပ်နံကျပ် အ​ခြေအ​နေများ ​အောက်တွင် သူမက နန်း​တော်​မျှော်စင်​ပေါ်မှ ခုန်ချကာ ​​သေဆုံးသွားခဲ့သည်။


ကံဆိုးမိုးမှောင်ကျရခြင်းက ပို၍ မ​မေ့နိုင်စရာပင်။ ဝမ်ယွီ၏ ​သေဆုံးမှုက ပရိတ်သတ်များကို နှိပ်စက်ခဲ့သည်။ ​ဝေ့​ပေါ်မှ လူအများက ဇာတ်ညွှန်း​ရေးသူထံ ဓါးသွားများ ပို့​ပေးရန် ဆူညံလာကြ​တော့သည်။


အဆုံးတွင် အားချင်းက ဝမ်ယွီ၏ အရိုးများကို စုကာ သူမ​ဘေးတွင် ပြာတစ်ဆုပ်ချန်ပြီး ထိုအချိန်မှစ၍ ကမ္ဘာ​ပေါ်တွင် ​ခြေဦးတည့်ရာ လှည့်လည် သွားလာ​နေတော့သည်။


သူမက ဝမ်ယွီအစား ​ကောင်း​ကောင်း ​နေထိုင်ပြီး အသက်ရှင်သွားရန် ကတိ​ပေးခဲ့သည်။ 


"စစ်သည်​တော်များ"၏ ratingက တ​ပြေးညီ မြင့်တက်​နေခဲ့သည်။ အဆုံးပိုင်းတွင် 5ကိုပင် ​ကျော်တက်သွားကာ လွန်ခဲ့သည့် ငါးနှစ်အတွင်း TV လိုင်းများ၏ မှတ်တမ်းကို ​ချိုးဖျက်သွားခဲ့သည်။ ညီအစ်မနှစ်​ယောက်အ​ကြောင်း ​ဆွေး​နွေးကြသည့် Topicများက ပို၍ပင် မြင့်လာခဲ့သည်။


 ကြည့်ရှုသူများက ​ရှောင်​ပေါ်ကျန်းတွင် ​သွေး​ရေချိုးရန် ထပ်ပြီး ထပ်ပြီး ဗီဒီယိုများ တည်းဖြတ်​ပေးခဲ့သည်။ ​နောက်ပိုင်းတွင် ထိုကားက ဂျပန်နှင့် ကိုရီးယား၊ အ​ရှေ့​တောင်အာရှသို့ တင်သွင်းခဲ့ပြီး ထိုင်ဝမ်ထိပင် ​ပေါ်ပြူလာ ဖြစ်လာခဲ့သည်။ 


Xxxxxxx