Chapter 147 (END)
မင်းသားနှင့် မင်းသမီးလေး
ကြည့်ရှုသူများက ရှောင်ပေါ်ကျန်းတွင် သွေးရေချိုးရန် ထပ်ပြီး ထပ်ပြီး ဗီဒီယိုများ တည်းဖြတ်ပေးခဲ့သည်။ နောက်ပိုင်းတွင် ထိုကားက ဂျပန်နှင့် ကိုရီးယား၊ အရှေ့တောင်အာရှသို့ တင်သွင်းခဲ့ပြီး ထိုင်ဝမ်ထိပင် ပေါ်ပြူလာ ဖြစ်လာခဲ့သည်။
ထိုအချက်နှင့်ပင် ထန်ချောင်းချောင်းက ဆုများ ratingများနှင့် ထိပ်တန်း ကြယ်ပွင့် တစ်ယောက် ဖြစ်လာခဲ့သည်။ သူမ အလုပ်အကိုင်က ကြီးပွားလာခဲ့ပြီး သူမနှင့် ရှန်းယွဲ့တို့ လက်ထပ်ပွဲအကြောင်းကိုလည်း အစီအစဥ်များတွင် ထည့်သွင်းခဲ့သည်။
ထန်ချောင်းချောင်းက လက်ထပ်ပွဲကို သူမ၏ ကိုယ်ပိုင်ခြံတွင်သာ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ သူမ၏ခြံက သဘာဝ ကျန်းမာရေးအတွက် အလှဆုံး နေရာပင် ဖြစ်သည်။
သူမက ပွဲအကြီးကြီး မလုပ်ဘဲ ဆွေမျိုးများနှင့် မိတ်ဆွေများကိုသာ ဖိတ်ကြားခဲ့သည်။ မောက်လီနှင့် ချမ်ချင်းက သူမ၏ သတို့သမီးအရံများ ဖြစ်ပေးခဲ့သည်။
လက်ထပ်ပွဲကို လယ်တော၏ ဟင်းလင်းပြင်နေရာတွင် ကျင်းပခဲ့ပြီး တည်ခင်းသော အစားအစာများမှာလည်း သူမ၏ လယ်တောမှ ထွက်သော ပါဝင်ပစ္စည်းများ ဖြစ်သည်။ ထန်ချောင်းချောင်းက အထူးကောင်းမွန်သော အလွှာ ငါးလွှာ ပါသည့် ကိတ်ကြီးတစ်လုံးကိုပင် ကိုယ်တိုင် ပြုလုပ်ထားခဲ့သည်။ ဧည့်သည်များက သူမကိုယ်တိုင် ပြုလုပ်ထားသော အခမ်းအနား အချိုပွဲတစ်ခုကိုလည်း ရရှိခဲ့သည်။
ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့က လက်ထပ်ပွဲကို စီစဥ်ထားခဲ့သော်လည်း ရှန်းယွဲ့မှာလည်း ကိုယ်ပိုင်အတွေး ရှိနေခဲ့သည်။
ထန်ချောင်းချောင်းက အမြဲတမ်း နှစ်လိုဖွယ်ကောင်းသည့် မင်းသမီးလေး ဖြစ်ချင်ခဲ့သည်ကို သူသိနေခဲ့သည်။ သူမက လုံးဝကျရှုံးသွားခဲ့သော်လည်း ယခုတွင်မူ သူမက လူအများ မျက်လုံးထဲတွင် တင်စီးလွန်းသော အစ်မချောင်း ဖြစ်နေခဲ့သည်။
သို့သော်လည်း ယခုက သူမ၏ လက်ထပ်ပွဲ ဖြစ်သည်။ ရှန်းယွဲ့က သူ့မိန်းမလေး၏ ဆုသေးသေးလေးကို ပြည့်သွားစေချင်သည်။
မင်းသမီးလေးရဲ့ တွဲဖက်က ဘယ်သူ ဖြစ်လာမှာလဲ... သေချာပေါက် သူက မင်းသားလေးပေါ့...
ရှန်းယွဲ့က ဥာဏ်များသော လှည့်စားမှုသေးသေးလေးကို စီစဥ်ထားသည်။ သူ ထန်ချောင်းချောင်းကို မပြောပြခဲ့သော်လည်း လက်ထပ်ပွဲနေ့တွင် သူပ အဖြူရောင် ဝတ်စုံဝတ်၍ မြင်းဖြူကြီးစီးကာ လက်ထပ်ပွဲနေရာသို့ တဖြည်းဖြည်း ရောက်လာခဲ့သည်။
သူက ချောမောသော အရောင်အဝါတို့ဖြင့် မြင်းတစ်ကောင်ပေါ် ထိုင်နေသည်။ မနီးမဝေးတွင် လှပသော သတို့သမီး ဝတ်စုံ ဝတ်ထားသော သတို့သမီးလေး ရှိနေခဲ့သည်။ နောက်ခံတွင် ရိုမန့်တစ်ဆန်သော မင်္ဂလာသီချင်းတစ်ပုဒ် ဖွင့်ထားခဲ့သည်။ ဧည့်သည်အားလုံးက ထရပ်ကာ သူ့ကို ကြည့်နေခဲ့သည်။
'အားလုံးက ပြီးပြည့်စုံနေတာပဲ'
'ကိုယ်လာနေပြီ ကိုယ့်ရဲ့ မင်းသမီးလေး'
ရှန်းယွဲ့က သူ့နှလုံးသားထဲတွင် အနည်းငယ် လှုပ်ရှားနေခဲ့သည်။ သို့သော်လည်း သူ ထန်ချောင်းချောင်းအနား ရောက်တော့မည့် အချိန်တွင် မြင်းဖြူကြီးက ရှင်းမပြနိုင်စွာပင် အငြိမ်မနေတော့။ သူက ခွာများကိုလက်လွတ်စပယ် ရှေ့နှင့်နောက် ခုန်ပေါက်နေသည်။
ရှန်းယွဲ့က မြင်းစီးရာ၌ မကျွမ်းကျင်ဘဲ မြင်းကလည်း ထိန်းရခက်လာသည်။ ဧည့်သည်များကလည်း ထိတ်လန့်နေကာ မည်သူမျှ သူ့အနား မကပ်ရဲကြပေ။
ဆိုးဆိုးဝါးဝါး ဖြစ်ပျက်တော့မည့် အချိန်တွင် သတို့သမီးအလှလေးက ပန်းစည်းကို ပစ်ထုတ်ကာ ဒေါက်ဖိနပ်ကို ကန်လွှတ်၍ ဂါဝန်အနားစကို ကောက်မလိုက်သည်။ ထို့နောက် သူမက အငြိမ်မနေသော မြင်းဖြူကြီးဆီ ပြေးလာပြီး ကြိုးကို ဆွဲလိုက်သည်။ ထို့နောက် အလင်းကဲ့သို့ အလျင်ဖြင့် လွှားခနဲ ခုန်ကာ မြင်း၏ကျောပေါ် တက်ထိုင်လိုက်သည်။
ထန်ချောင်းချောင်းက မည်ကဲ့သို့ လုပ်ရမည်ကို သိနေသည်။ သူမတက်လိုက်သည်နှင့် ဇက်ကြိုးကို ဆွဲကာ မြင်း၏ တင်ပါးကို စည်းချက်မှန်မှန် ပုတ်ပေးလိုက်ပြီး မကြာမီပင် မြင်းက ငြိမ်ကျသွားသည်။
"မြင်းကောင်းလေးပဲ" ထန်ချောင်းချောင်း ချီးမွမ်းလိုက်သည်။
ရှန်းယွဲ့က ကြက်သေသေသွားရတော့သည်။
သူ၏ ပြီးပြည့်စုံသော အစီအစဥ်မှာ: လျှောက်သွားပြီး ထန်ချောင်းချောင်းကို မြင်းပေါ် ခေါ်လိုက်ကာ သူ့ကိုယ်ပေါ်တွင် မှီထားစေမည်။ ၎င်းက မင်းသားနှင့် မင်းသမီးလေးတို့၏ စံသတ်မှတ်ထားသော မြင်းစီးပုံပင်။
အခု ဘာတွေ ဖြစ်နေတာလဲ...လမ်းကြောင်း ပြောင်းသွားပြန်ပြီ.... သူအခု ထန်ချောင်းချောင်းရဲ့ လက်မောင်းထဲမှာ အဖက်ခံထားရပြီး ငှက်တစ်ကောင်လို မှီနေရတဲ့သူ ဖြစ်နေတယ်...
ဧည့်သည်များမှာ တသောသော ရယ်မောကြတော့သည်၊ လူတိုင်းက ထန်ချောင်းချောင်းရှိနေသည်နှင့် အရာအားလုံးက မထင်မှတ်ထားသော ထူးဆန်းသည့် လမ်းကြောင်းပေါ်သို့ ရောက်သွားမည်ဖြစ်ကြောင်း သိလိုက်ကြသည်။
သို့သော်လည်း ရလဒ်က ထိုကဲ့သို့သော အနှောင့်အယှက် ပြီးသွားသည်နှင့် ပိုကောင်းလာသေးသည်။ ထိုနေရာရှိ လေထုက စိတ်လှုပ်ရှားမှုများ ပေါက်ကွဲထွက်လာကြသည်။
ထိုဗီဒီယိုကို ဧည့်သည်များ ဝေ့ပေါ်တွင် တင်လိုက်သောအခါ အင်တာနက်ပေါ်ရှိ လူထုကြီးကို ရယ်မောသွားစေတော့သည်။
[ချောင်းပေါင်က ချောမောပြီး အင်အားပြည့်နေတာပဲ]
[မစ္စတာရှန်းက ချစ်ဖို့ကောင်းလိုက်တာ]
[မင်းသားလေးချောင်းနဲ့ မင်းသမီးလေး??? ငါ့CPကတော့ ပြောင်းပြန်ဖြစ်ကုန်ပါပြီ... ဒါပေမယ့် ငါကြိုက်တယ်... ဟားဟားဟား]
ထန်ချောင်းချောင်းက မြင်းပေါ်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေကာ ဧည့်သည်များဆီ လက်ဝေ့ယမ်းပြနေခဲ့သည်။
ရှန်းယွဲ့ "....."
ထန်ချောင်းချောင်းက မြင်းပေါ်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေကာ ဧည့်သည်များဆီ လက်ဝေ့ယမ်းပြနေခဲ့သည်။
ရှန်းယွဲ့ အစီအစဥ်မှာ အတော်လေး ဖန်တီးနိုင်စွမ်းရှိသည်။ သူမက မင်္ဂလာဦးည၏ မင်္ဂလာအခန်း၌ သူ့ကို ဆုအချို့ပေးရမည်။
ရှန်းယွဲ့က ရုန်းကန်နေရသည်ကို ရပ်လိုက်ပြီး သူမကိုသာ ဦးဆောင်ခွင့်ပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့မင်းသမီးလေးဆီကနေ ဖက်ခံနေရတဲ့ပုံက အင်တာနက်ပေါ် ပျံ့သွားလောက်ပြီပြီ။ အခုအချိန်တွင် မြင်းဖြူပေါ်တွင် စီးနင်းနေသော လူနှစ်ယောက်သာ ဖြစ်သည်။
သို့သော်လည်း ထိုကိစ္စ၌မူ ထန်ချောင်းချောင်း သဘောမကျတော့။ သူမက မြင်းဖင်ကို ပုတ်ကာ အပြုံးလေးဖြင့် ဆိုလိုက်သည်။ "သွားတော့... မြင်းစီးကြမယ်လေ"
ရှန်းယွဲ့: 'ဟမ်'
ဓါတ်ပုံဆရာများက ထန်ချောင်းချောင်းနှင့်ဥက္ကဌရှန်းယွဲ့တို့ မြင်းပေါ်၌ ကဆုန်ပေါက် ပါသွားပုံကို အမိအရ ရိုက်ယူထားသည်။အင်တာနက်ပေါ်က လူများကလည်း ၎င်းကို နာမည်ကျော်များ၏ မင်္ဂလာပွဲများမှ ဂန္တဝင် ဓါတ်ပုံများအဖြစ် ရွေးချယ်ခဲ့သည်။
နောက်ပိုင်းတွင် ထိုဓါတ်ပုံကို ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့၏ အိပ်ခန်းတွင် ချိတ်ဆွဲထားခဲ့လေသည်။
××××××××××× The End ×××××××××××××
(ထန်ချောင်းချောင်းနဲ့ ရှန်းယွဲ့တို့ရဲ့ ဇာတ်လမ်းက ဒီမှာ ပြီးပါပြီ)
[T/N နောက်မှာ bonus chapter သုံးပိုင်း ရှိနေပါသေးတယ်]
Xxxxxxxxxx