အပိုင်း ၄
Viewers 15k

Chapter 4


ကုဆွေ့ဆွေ့၏ရိုက်ကူးရေးပထမနေ့က အစပိုင်းမှလွဲ၍ အရှုပ်အထွေးများများစားစား မရှိပေ။ ကင်မရာကမည်သည့်နေရာတွင်ရှိသည်ကို သူ(မ)မသိသောကြောင့် ရိုက်ကူးရေးကိုသိပ်နားမလည်ခဲ့။ တစ်ခေါက် နှစ်ခေါက်လောက်တော့ သူ(မ)အဆင်မပြေသော်လည်း နောက်ပိုင်းတွင် ပြေပြစ်သွားခဲ့သည်။


"ကတ်! မိတ်ကပ်အဖွဲ့ကသရုပ်ဆောင်တွေကို နောက်ထပ်ဇာတ်ဝင်ခန်းတစ်ခုအတွက် မိတ်ကပ်လိမ်းပေးလိမ့်မယ်"


"ပျက်သုဥ်းသွားတဲ့တိုင်းပြည်ရဲ့မင်းသမီးငယ်လေးနေရာမှာ သရုပ်ဆောင်တဲ့ ကလေးလေးက အရှိန်အဝါအရမ်းရှိတဲ့ပုံပေါက်တယ် လောင်လီ မင်းဒီတစ်ခါတော့ ဇာတ်ကောင်နေရာကောင်းကိုရွေးထားတာပဲ" ကင်မရာရှေ့က ဒါရိုက်တာချန်းတစ်ယောက် အတော်လေးကျေနပ်အားရစွာပြောလိုက်သည်။


အဓိကအားဖြင့် ပရိသတ်ဆီကိုဤကလေးမလေးယူဆောင်လာပေးသော ခံစားချက်ကြောင့်


ဤအရွယ်အခြားကလေးများ၏သရုပ်ဆောင်ကျွမ်းကျင်မှုကို မတွေ့ရချေ။ ကျွမ်းကျင်သော သရုပ်ဆောင်မှုစွမ်းရည်များနှင့်နှိုင်းစာလျှင် ဒါရိုက်တာချန်းကဲ့သို့နာမည်ကျော်တစ်ဦးက သဘာဝကျပြီး ရိုးစင်းသော သရုပ်ဆောင်မှုမျိုးကို ပို၍နှစ်သက်သည်။ 


တိုင်းပြည်မင်းသမီးလေး၏နောက်ဆုံးဇာတ်ဝင်ခန်းအခက်အခဲကြောင့် ဤဇာတ်ကောင်နေရာကိုသရုပ်ဆောင်ရန် အသက်အရွယ်ကြီးသောကလေးတစ်ယောက်ကိုရှာရမည်လားဟု ဒါရိုက်တာချန်းတစ်ခေါက်က စဥ်းစားခဲ့ဖူးသည်။


ယခုတွင်မူ ဤအရွယ်ကလေးတစ်ဦးအားရှာဖွေရန် အသင့်တော်ဆုံးဖြစ်သည့်ပုံပင်။ ဤသို့သော ရိုးစင်းပြီးအပြစ်ကင်းစင်သည့်အမူအရာလေးများ ၊ အမှုမဲ့အမှတ်မဲ့မျက်နှာထားလေးများက အသက်အရွယ်ကြီးသောကလေးများ သရုပ်မဆောင်နိုင်လောက်သည့်အရာမျိုးဖြစ်သည်။ 


"တိမ်မြှုပ်နေသော" ရုပ်ရှင်၏ရိုက်ကူးရေးဒါရိုက်တာချန်းက သူ(မ)အားအလွန်အားရကျေနပ်နေကြောင်းကို ကုဆွေ့ဆွေ့မသိပေ။ သူ(မ)က ဤနေရာတွင်ရိုက်ကူးရေးလုပ်နေရင်း မောင်လေး ညီမလေးများကိုကြည့်လို့ရကာ စားစရာသောက်စရာများရှိသည်ကိုသာ သိသည်။ 


တတ်နိုင်လျှင် သူ(မ)နေ့တိုင်းလာချင်မိသည်။


နားနေချိန်ဖြစ်သည်။ လုချီက ဤတစ်ခေါက်တွင်အားရကျေနပ်နေသော မျက်နှာထားလေးဖြင့် သရေစာစားနေသော ရိုက်ကွင်းပေါ်ရှိ သူ၏ ညီမငယ်လေးကိုကြည့်လိုက်ရင်း သူ့မျက်ဝန်းထဲတွင်အပြုံးလေးတစ်ခုဖြတ်ပြေးသွားသည်။


စားပွဲပေါ်ရှိ မုန့်ပဲသရေစာများကို သူ့လက်ထောက်က တကူးတကယူလာပေးခြင်းဖြစ်သည်။ 


မုန့်များကိုသူ့ဘာသာမစားပေ။ ကလေးများစားနေသည်ကို ကြည့်နေရသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။


လုချီကစိတ်အခြေအနေကောင်းနေပြီး အပြုံးလေးဖြင့်မေးလိုက်သည်။ "အရသာရှိရဲ့လား?"


ကုဆွေ့ဆွေ့ကကြက်သွန်ဖြူလေးလိုခေါင်းညိမ့်ပြသည်။ "အရမ်းအရသာရှိတယ်!"


လူသားတွေက အရမ်းပျော်နေတဲ့အခါ နေ့တိုင်း အဲဒီကတစ်နေ့အစားသုံးနပ်က အရသာရှိတယ်~


လုချီ: "အရသာရှိတယ်ဆိုရင် မင်းထပ်ပြီးစားလို့ရတယ် ၊ အစ်ကို့အတွက်ပိုက်ဆံချွေတာနေစရာမလိုပါဘူး"


ဒီကနေ့ ရိုက်ကွင်းပေါ်တွင်အကြိမ်များစွာ ရိုက်ရလိမ့်မည်ဟု အစကသူထင်ခဲ့မိသည်။ သို့သော် မမျှော်လင့်ပဲ ရလဒ်က ချောချောမွေ့မွေ့ဖြစ်သွားသည်။ ဤနေ့တွင်နာရီအနည်းငယ်နောက်ကျပြီးမှ အလုပ်အပြီးသတ်စရာမလိုတော့ရုံသာမက စောစောအနားယူရန် ဟိုတယ်သို့ပင် ပြန်သွားလို့ရနိုင်သည်။


ဒါတွေအားလုံးက အသက်အရွယ်အရမ်းငယ်နေလိမ့်မည်ဟု မထင်ရလောက်သော ချစ်ခင်စဖွယ် ညီမလေး၏ကျေးဇူးကြောင့်ပင်ဖြစ်သည်။ သူ(မ)က သရုပ်ဆောင်ရာမှာလည်း အတော်လေးကျွမ်းကျင်ပါသည်။


"သရုပ်ဆောင်ရာတွင်ကျွမ်းကျင်လှသော" ကုဆွေ့ဆွေ့က ထိုအရာကိုသတိထားမိပုံရပြီး သွားဖြူဖြူလေးများကိုဖော်ကာ သူ့အားပြုံးပြလာသည်။ ယခုသူ(မ)၏စိတ်ထဲတွင်မူ လုချီဟူသောအစ်ကိုကြီးက သူ(မ)အမေထက် တစ်ဆင့်သာနိမ့်တော့သည်။


နုနုနယ်နယ်ကလေး၏လောကကြီးကိုကြည့်မြင်သည့်အမြင်က အလွန်ရိုးရှင်းပြီး အကြမ်းထည်ပင်ဖြစ်သည်။ သူ(မ)ကိုကောင်းကောင်းဆက်ဆံသောမည်သူမဆို လူကောင်းဖြစ်သည်။


နောက်ဇာတ်ဝင်ခန်းတစ်ခုမှာ လုချီသရုပ်ဆောင်ထားသောမင်းသားနှင့် မင်းသမီးလေးတို့ကြားက ဆက်ဆံရေးဇာတ်ကွက်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဂူစူးစူးက သာမာန်သုံးနှစ်အရွယ်ကလေးတစ်ယောက်မဟုတ်ပေ။ ဝန်ထမ်း၏အကူအညီဖြင့် သူ(မ)ပြောရမည့် စကားများကို တစ်ခါတည်းပြောနိုင်ခဲ့သည်။


ဒါရိုက်တာချန်းကဤရုပ်ရှင်အပေါ် မျှော်မှန်းချက်ကောင်းကောင်းထားသောကြောင့် ပြီးပြည့်စုံစေရန် ကြိုးပမ်းသည့်အနေဖြင့် မရပ်ခင် နောက်ထပ် ရိုက်ကွက်အနည်းငယ်ထပ်ရိုက်ခိုင်းသည်။


နေ့လည်ခင်းငါးနာရီတွင် ကုဆွေ့ဆွေ့ယနေ့ရိုက်ကူးရေးပြီးနောက် မိဘဖြစ်သူ ဖုန်ယောက်ချင်းက သူ(မ)ကို အချိန်မီ လာကြိုသည်။ 


"ဒီနေ့ မမလှလှတစ်ယောက်က သမီးကချိုချဥ်တွေပေးတယ် ပြီးတော့ရုပ်ရှင်အတူတူရိုက်ရတဲ့ ကိုကိုကြီးတစ်ယောက်က အရသာရှိတဲ့အစားအစာတွေအများကြီးဝယ်ကျွေးတယ်" ပထမဆုံးအကြိမ် ရုပ်ရှင်ရိုက်ဖူးသော နုနုနယ်နယ်ကလေးလေးက သိသိသာသာ အလွန်တရာ စိတ်လှုပ်ရှားနေသည်။ သူ(မ)က ထိုအကြောင်းကိုပဲ ဆက်တိုက်ပြောနေတော့သည်။


သူ(မ)၏သမီးက ရိုက်ကူးရေးလုပ်သည့်ပတ်ဝန်းကျင်နှင့် သက်တောင့်သက်သာရှိပုံရသည်ကို တွေ့ရသောအခါ သူ(မ)လွဲမှားနေသည်ဟု မခံစားရ။ အရေးမပါသော ဒေါသစိတ်ကို ထားလိုက်ပါတော့။ ဖုန်ယောက်ချင်း၏ စိုးရိမ်စိတ်တို့က နောက်ဆုံးတော့ မူလနေရာသို့ပြန်ရောက်သွားလေပြီ။


သူ(မ)၏သမီးက ကလေးအဝတ်အစားကြော်ငြာမော်ဒယ်ဖြစ်ခဲ့စဥ်တွင် ရိုက်ကူးရေးလုပ်တိုင်း အမေဖြစ်သူကအဖော်လိုက်ပေးခဲ့ရသည်။ ဆွေ့ဆွေ့ကိုဂရုစိုက်ပေးရန် လီဖူကွေ့အား တောင်းဆိုခဲ့သော်လည်း ကလေးထွက်သွားမည်စိုး၍ သူ(မ)အလွန်အမင်းစိုးရိမ်မိနေဆဲပင်။


"ဒါနဲ့လေ မေမေ ဒီယုန်ဖြူကြီးတော်ဖီက မေ့မေ့အတွက်ပါ ၊ ဒီနေ့မေမေသမီးကိုကြိုးစားပြီး လာကြိုခဲ့တာလေ" ကုဆွေ့ဆွေ့ကသူ(မ)ပါးစပ်ထဲမရောက်အောင် ဖယ်ထားခဲ့သည့် တော်ဖီကို သူ(မ)ရှေ့တွင်ရှိနေသော အမျိုးသမီးအားပေးလိုက်သည်။


ထိုအမျိုးသမီးကသူ(မ)ကိုကောင်းကောင်းဆက်ဆံသောကြောင့် သူ(မ)လည်းပြန်ပြီးကောင်းကောင်းဆက်ဆံပေးရမည်။


ဤသည်ကလောကကြီးတွင်ပြုမူနေထိုင်ရန် အစ်မထောင်ယောင်က သူ(မ)အား သင်ပေးနေကျ အရာဖြစ်သည်။ ဘာပါလိမ့်....ကျေးဇူးသိတတ်ခြင်းပဲ!


ဟုတ်သည် ထိုအရာက ထျန်းသာဓကပြထားသော အဆိုစကားပင်ဖြစ်သည်။


နောက်ကျလျှင် သူ(မ)ထံတွင် အရသာရှိသောတစ်စုံတစ်ခုရှိလာခဲ့လျှင် သူ(မ)အမေအတွက် တစ်ပန်းကန်စာချန်ထားပေးမည်။


သူ(မ)လက်ထဲတွင်လျင်မြန်စွာ အရည်ပျော်ကျသွားသော တော်ဖီကိုကြည့်ရင်း ဖုန်ယောက်ချင်းတစ်ယောက် ကြက်သေသေသွားပြီး သူ(မ)၏မျက်လုံးများက တဖြေးဖြေးနှင့် အနည်းငယ်စိုစွတ်လာသည်။


သူ(မ)အိမ်ထောင်မကျသေးခင် ကလေးမွေးဖွားခဲ့ရသည်။ ကလေးမွေးပြီးနောက် မကြာမီတွင် ကလေးအဖေဖြစ်သူက ပျောက်ဆုံးသွားသည်။ မကျေမချမ်းမဖြစ်ပဲ သူ(မ)က ကလေးကိုခေါ်ကာ တစ်ယောက်တည်းအလုပ်လုပ်ခဲ့သည်။


ဤကလေးမရှိလျှင် သူ(မ)တစ်ယောက်တည်း အလွန်ခက်ခက်ခဲခဲနေရလိမ့်မည်မဟုတ်ဟုပင် ဖုန်ယိုချင်းတွေးခဲ့ဖူးသည်။


သို့သော်နောက်ဆုံးတွင် သူ(မ)ကိုယ်ဝန်ကို အောက်တိုဘာလတွင် မွေးဖွားခဲ့သည်။ သူ(မ)ဘဝ၏အခက်ခဲဆုံးအချိန်မှာပင်  သူ(မ)၏သမီးကို မိဘမဲ့ဂေဟာတွင် အမှန်တကယ် မထားပစ်နိုင်ခဲ့ပေ။


နောက်ပိုင်းတွင် လမ်းမပေါ်ရှိဆွေ့ဆွေ့၏ထူးခြားသောရုပ်ရည်ကြောင့် ကလေးအဝတ်အစားကြော်ငြာမော်ဒယ်တစ်ယောက်ဖြစ်လာခဲ့သည်။ သူတို့သားအမိနှစ်ယောက်၏ဘဝကလည်း တစ်နေ့ပြီးတစ်နေ့တိုးတက်လာခဲ့သည်။


လွန်ခဲ့သောလအနည်းငယ်လောက်က အသက်သုံးနှစ်အရွယ်သာရှိသေးသော်လည်း သူ(မ)၏သမီးက မိသားစုကိုထောက်ပံ့သည့်အရေးကြီးသော တာဝန်ကိုယူထားရသည်ကို ဖန်ယိုချင်းလျစ်လျူရှုခဲ့သည်။ ဤအရာကလည်း သူ(မ)သမီးအတွက် ၊ သူ(မ)ပိုကောင်းလာဖို့အတွက်ဖြစ်သည်ဟု ကိုယ့်ကိုကိုယ်ပြောနေခဲ့သည်။ သို့သော် ယနေ့တွင် သူ(မ)သမီးလေး၏ကြည်နူးဖွယ်ရာ အပြုအမူလေးကြောင့် စိတ်ထိခိုက်သွားရသည်။ နှလုံးသားကိုတို့ထိသွားပြီး မျိုသိပ်ထားသောခံစားချက်တို့က သူ(မ)စိတ်ထဲတွင်တိုးထွက်လာကာ သူ(မ)အား အမောဆို့စေသည်။


ဖုန်ယိုချင်းက သူ(မ)သမီးကို တင်းကြပ်စွာဖက်ထားပြီး လိပ်ပြာမသန့်စွာပြောလိုက်သည်။ "သမီးလေးရေ မေမေကပဲတောင်းပန်ပါတယ်ကွယ် ၊  ဒီလိုအသက်ငယ်ငယ်လေးပဲရှိသေးတဲ့ သမီးကို ပိုက်ဆံထွက်ရှာခိုင်းမိတယ် ၊ သမီးကိုပိုကောင်းတဲ့ဘဝမပေးနိုင်ပဲ အသုံးမကျတာအမေပါ...."


သူ(မ)ကတာဝန်ကျေသော မိခင်ကောင်းတစ်ယောက်မဟုတ်ပေ။


သူ(မ)အဘယ်ကြောင့်တောင်းပန်နေသည်ကို ကုဆွေ့ဆွေ့က နားမလည်နိုင်ပဲ ငေးကြောင်ကြောင်နှင့်ကြည့်နေသည်။ သို့သော် အမေဖြစ်သူအား မည်သို့နှစ်သိမ့်ပေးရမည်ကို သူ(မ)သိသည်။ ဖုန်ယိုချင်း၏နောက်ကျောကို ညင်သာစွာပုတ်ပေးပြီး နူးနူးညံ့ညံ့ချော့လိုက်သည်။ "မငိုတော့နဲ့နော် ၊ မလှပဲနေမယ်" 


Xxxxxxxxx