အပိုင်း ၆
Viewers 15k

Chapter 6


ကလေးမလေးက သူ(မ)၏မျက်ရှည်ရှည်များပေါ်တွင် မျက်ရည်စလေးများတွဲလဲခိုနေကာ မော့ကြည့်လာသည်။ သူ(မ)မျက်တောင်ခတ်လိုက်သောအခါ မျက်ရည်များက လုချီ၏လက်ဖမိုးပေါ်သို့ ပေါက်ခနဲ ကျလာသည်။


ဤသည်မှာ ဖူရင်းယွီတစ်ယောက် သူ(မ)မလာခင်ကပင် စိတ်ကူးထားခဲ့သော အခြေအနေနှင့် တစ်ထပ်တည်း တူညီသည်။ ရှောင်ကွီဘို၏ အရည်ရွှန်းလဲ့နေသော မျက်လုံးဝိုင်းများက ယခုတော့ယုန်လေးတစ်ကောင်ကဲ့သို့ နီရဲနေပြီး အလွန်သနားစဖွယ်ကောင်းလှသည်။


"မမလှလှ ဒါအို...." ကုဆွေ့ဆွေ့၏အသံက အနည်းငယ်ဆို့နင့်နေသေးသည်။ တစ်ကယ်တမ်းတွင် သူ(မ)တစ်ချိန်လုံးငိုမနေချင်ပါ။ သို့သော် သူ(မ)မျက်ရည်တွေမကျတော့အောင် ရပ်တန့်လို့မရနိုင်ပေ။


သူမချိုချဥ်တစ်ခုကိုမတွေ့ခင်အချိန်အထိဖြစ်သည်။


သူ(မ)၏မျက်ရည်များက အလျင်အမြန်တိတ်သွားသည်။ ဤနည်းလမ်းကအသုံးဝင်သည်ကို လုချီသိသွားသောအခါ ပျော်ရွှင်သွားပြီး စိတ်သက်သာရာရကာ သက်ပြင်းလေးတိတ်တခိုးချလိုက်မိသည်။ "ဆွေ့ဆွေ့နောက်ဆုံးတော့အငိုတိတ်သွားပြီပေါ့"


ဤကလေးလေးသာ ဆက်ပြီးငိုနေမည်ဆိုလျှင် လူကြီးတစ်ယောက်အနေနှင့် သူလည်း ထိုကလေးနှင့်အတူ လိုက်ငိုမိမည်ဖြစ်သည်။


မျက်စိရှေ့တွင်နူးညံ့ပြီး ချစ်စရာကောင်းသော


မုန့်လုံးလေးငိုနေသည်ကို မည်သူကခံနိုင်လိမ့်မည်နည်း။


လုချီ: "ချိုချဥ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...."


"အိုး ကျေးဇူးတင်စရာမလိုပါဘူး ၊ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေသွားအောင် လုပ်တဲ့ကိစ္စပဲလေ" ။ သူ(မ)အဘယ်ကြောင့် စပ်စုမိသွားမှန်း သိချင်မိသော်လည်း လုပ်မိသွားခဲ့ပြီးဖြစ်သည်။ အခြားသူများကိုလည်း သူ(မ) ဘာမှရှင်းပြနေစရာမလိုပေ။


ဖူရင်းယွီ၏စိတ်နေသဘောထားက အေးစက်စက်နိုင်လွန်းသည်။ သူ(မ)က ချိုချဥ်များပေးထားခဲ့ပြီး လှည့်ထွက်သွားလိုက်သည်။ လူများနှင့်ပင် သူ(မ)လုံးဝ စကားမပြောချင်ပေ။


ဖူရင်းယွီဤသို့ထွက်သွားသည်ကို မြင်သောအခါ လုချီတစ်ယောက် မျက်မှောင်ကြုတ်သွားမိပြီး မေးလိုက်သည်။ "ဆွေ့ဆွေ့ ခုဏက အစ်မကြီးကို သိလား?"


ကုဆွေ့ဆွေ့ကခေါင်းညိမ့်ပြသည်။ "ဟုတ် မမလှလှကလေ လူကောင်းတစ်ယောက်ပါ" ။ သူ(မ)ပတ်ဝန်းကျင်ရှိ လူများ၏ခံစားချက်များကို သိမြင်နိုင်သော နတ်သမီးတစ်ယောက်အနေနှင့် ထိုလူသားက သူ(မ)အား ကြင်နာပေးသည်ကို ခံစားမိသည်။


လုချီက ကလေးမလေး၏ နူးညံ့သောဆံနွယ်များကို ပွတ်သပ်ပေးနေရင်း ရုပ်ရှင်မရိုက်ကူးခင်တွင် သူ့ကိုယ်စားလှယ်ပြောခဲ့သော အရာများကို ပြန်လည်စဥ်းစားမိသောအခါ သူ၏နက်ဆွေးသောမျက်ဝန်းများက အနည်းငယ် တိမ်ဝင်သွားသည်။


လူကောင်းလား? သူကတော့ ထိုကဲ့သို့ မထင်ပါ။


"လေမရှိလျှင် လှိုင်းမရှိနိုင်" ဟူသောဆိုးရိုးစကားအတိုင်း သူ့ကိုယ်စားလှယ်ကပင် သူ့အား ဂရုစိုက်ရန် သတိပေးသည်။ ဤအမျိုးသမီးက ရိုးရိုးဖြောင့်ဖြောင့်မဟုတ်မည်ကို သူစိတ်ပူမိပါသည်။


ဖူရင်းယွီ၏ကိုယ်စားလှယ်က ဟောင်ဖုန်းဖြစ်ပြီး သူ(မ)နှင့်အတူ သုံးနှစ်ခန့်အတူရှိနေခဲ့သူဖြစ်သည်။


နှစ်ဦးသား အဝတ်လဲခန်းသို့ ပြန်လာခဲ့ပြီးနောက် ဟောင်ဖုန်းက ရိုက်ကွင်းပေါ်တွင် ဖြစ်ပျက်ခဲ့သောအရာကို တွေးမိပြီး မရဲတရဲနှင့်မေးလိုက်သည်။ "ရင်းယွီ အဲဒီကလေးမလေးကို သိလို့လား?"


ဖူရင်းယွီက မော့မကြည့်လာပဲ ဖုန်းကိုသာငုံ့


ကြည့်နေသည်။ "ငါမသိဘူး"


ထိုကလေးမလေး၏ အမည်ကိုပင် သူ(မ)မသိ။ ကလေးမလေးအား သူ(မ) မည်သို့သိနိုင်ပါမည်နည်း။


ဖူရင်းယွီတစ်ယောက်က အဘယ်ကြောင့်များ လူတစ်ယောက်ကို ချိုချဥ်လေးနှင့် ချော့ချင်ရပါသနည်း။ သူ(မ)က ယခင်တုန်းက မည်သည့်အခါမှ နွေးထွေးကြင်နာသော အရာများကို မလုပ်ခဲ့ဖူးချေ။


ဟောင်ဖုန်း၏စိတ်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် သူ(မ)အား အေးဆေးတည်ငြိမ်စွာကြည့်လိုက်ရင်း နောက်ဆုံးတွင် သူ(မ)စကားကိုယုံလိုက်ကာ တိုးတိုးသာပြောသည်။ " အဲဒီကလေးမလေးက လုချီနဲ့ ဆက်ဆံရေးကောင်းတယ်လို့ ငါထင်တယ်" ။


လုချီ၏ အဘိုးဖြစ်သူ လုကျန်းဟွေ့က ထူးချွန်ပြောင်မြောက်သော ဒါရိုက်တာတစ်ဦးဖြစ်သည်။ 


ရုပ်ရှင်နှင့်ရုပ်သံဇာတ်လမ်းကုမ္ပဏီကို စီမံခန့်ခွဲနေသော ဆွေမျိုးများလည်းရှိသည်။ ထိုပုဂ္ဂိုလ်က အလွန်တောင့်တင်းသော ကျောထောက်နောက်ခံရှိသူတစ်ယောက်ပင်။


"ဖြစ်လောက်တယ်" ။ ဖူရင်းယွီက ဂရုစိုက်ပုံမပေါ်ပေ။ သူ(မ)ကစကားလမ်းကြောင်းလွှဲလိုက်သည်။ "ဒါနဲ့ ဒါရိုက်တာဟဲ့ကျီလျန်က ရုပ်ရှင်အသစ်ရိုက်ဖို့အစီအစဥ်တစ်ခုနဲ့ ငါတို့ကုမ္ပဏီကို ဆက်သွယ်လာတယ်လို့ ကြားမိတယ်။ အဲ့အကြောင်းသွားမေးလိုက်။ အဲဒီရုပ်ရှင်ထဲမှာ အမျိုးသမီးဇာတ်လိုက်နဲ့ပတ်သတ်ပြီး ငါဆုံးဖြတ်ရမယ်" ။


ဟောင်ဖုန်းက ရုပ်ရှင်အသစ်နှင့်ပတ်သတ်ပြီး အတွင်းသတင်းအချက်အလက်အချို့ကို သိဖို့ဖြစ်လာခဲ့ပြီး ကသိကအောက်ဖြစ်မိသည်။ "ဒါပေမဲ့ ကုမ္ပဏီက ကျီမင်းကို အဲဒီရုပ်ရှင်ထဲမှာ အမျိုးသမီးဇာတ်လိုက်ဖြစ်အောင် တမင်ကိုလုပ်ပြီးသွားပြီ ၊ ကိုင်တွယ်ဖို့မလွယ်မှာ စိုးမိတယ်" ။


ထိုနာမည်ကိုကြားလိုက်သောအခါ ဖူရင်းယွီ၏မျက်ဝန်းများက ပို၍ပင် အေးစက်သွားသည်။ "ရုပ်ရှင်ထဲမှာ ပါချင်တဲ့သူက ကျီမင်းကိုး ၊


အဲဒါကြောင့်ငါလည်း အမျိုးသမီးဇာတ်လိုက်နေရာကို ရချင်တယ် ၊ အဲဒါကတမင်သက်သက်လုပ်တာလို့ နင်ပြောတယ်မလား ၊ တရားဝင်ကြော်ငြာချက်မရှိသေးသရွေ့ ငါ့မှာအခွင့်အရေးတွေအများကြီးရှိသေးတယ်" ။ သူ(မ)မည်မျှ ပေးဆပ်ရပါစေ ကျီမင်းလက်ထဲမှ အမျိုးသမီးဇာတ်လိုက်နေရာကို လုယူရမည်ဖြစ်သည်။


ဟောင်ဖုန်း၏ ပါးစပ်က လှုပ်သွားကာ သူ(မ)အား စိတ်လိုက်မာန်ပါမပြုရအောင် ဖျောင်းဖျရန် ကြိုးစားမိသည်။ သို့သော် သူ(မ)အား ဖျောင်းဖျရန်ကြိုးစားလိုက်တိုင်း ထိရောက်မှုမရှိသည်ကို စဥ်းစားမိသောအခါ သူလက်လျှော့ရန်သာ တတ်နိုင်တော့သည်။


ဖူရင်းယွီက အဘယ်ကြောင့် ကျီမင်းနှင့် အကျောက်အကန်ယှဥ်ပြိုင်နေမှန်း သူနားမလည်ပေ။ သူတို့၏ IP ရုပ်ရှင်ဖြစ်သော "တိမ်မြှုပ်နေသော" ရုပ်ရှင်ကိုလည်း မူလက ကျီမင်းအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။


သူ(မ) တစ်ကြိမ် နှစ်ကြိမ်လောက်တော့ ဇာတ်ကောင်နေရာကို လုယူခဲ့ဖူးသည်။ ဇာတ်ကောင်နေရာလုယူခြင်းမှာ သာမာန်ပင်ဖြစ်သည်။ ဇာတ်ညွှန်းကောင်းများနှင့် ဇာတ်ကောင်ကောင်းများ အများအပြားရှိသည်။ ကြီးပွားချမ်းသာရန် အလစ်သုတ်ခြင်းကို အမှီမပြုသင့်ပေ။ သို့သော် ယခုက ကွဲပြားသည်။ ကျီမင်းက သူဌေးဖြစ်သူ၏ အငယ်ဆုံးသားနှင့်တွဲနေမှန်း ကုမ္ပဏီတစ်ခုလုံး မည်သူမှမသိကြပေ။ သူ(မ)၏ အသက်မွေးဝမ်းကျောင်းကို သူ(မ)ကိုယ်တိုင်ခက်ခဲအောင်လုပ်နေသည် မဟုတ်လား?!


ထို့အပြင် သူတို့နှစ်ဦးသားက ယခင်တုန်းက တပူးတွဲတွဲနေခဲ့ကြသည်မဟုတ်လား? ဘာကြောင့်များ လူအယောက်ရှစ်ရာကိုအဆုံးရှုံးခံပြီး ရန်သူအယောက်တစ်ထောင်ကို ထိခိုက်အောင်လုပ်သည့် နည်းလမ်းမျိုးသုံးရမည်နည်း။


ဟောင်ဖုန်းက ထိုစကားများကို သူ့အနုပညာရှင်ရှေ့တွင် မမေးရဲပေ။ သို့သော် သူ(မ)နှင့်ပတ်သတ်ပြီး သူ့စိတ်ထဲတွင် စိုးရိမ်နေမိဆဲပင်ဖြစ်သည်။


အခြားသူများ၏လက်ထဲတွင် သူ(မ)ကို ဒုက္ခမရောက်စေလိုပါ။


တစ်ကယ်တမ်းတွင် ရင်းယွီ၏တိုးတက်မှုများက လတ်တလောနှစ်များအတွင်း ကောင်းသထက်ပိုပိုပြီး ကောင်းလာသည်။ သူ(မ)အား ကိုယ်စားလှယ်အသစ်တစ်ယောက်ပေးရန် ကုမ္ပဏီက အချိန်အကြာကြီး တွေးနေခဲ့သည်။ ဟောင်ဖုန်းက သူ၏အရည်အချင်းမှာ သာမာန်မျှသာဖြစ်ကြောင်း ၊ အသိုင်းအဝိုင်းထဲတွင်လည်း အဆက်အသွယ်များများစားစားမရှိကြောင်း 


ကိုယ့်ကိုကိုယ်သတိပြုပါသည်။ သို့သော် ဖူရင်းဂယူက ဟောင်ဖုန်းအား အစားထိုးရန် မရည်ရွယ်ခဲ့ပေ။ ဤသည်ကို ဟောင်ဖုန်းမသိခဲ့။


ဖူရင်းယွီက သူ့အား ကောင်းကောင်းဆက်ဆံကာ မည်သည့်အခါမှလက်မလွှတ်ခဲ့သော 


ကြောင့် လှုပ်လေမြှုပ်လေဖြစ်သော နွံ့အိုင်သဖွယ်အရှုပ်တော်ပုံထဲသို့ သူ(မ)ပိုပိုပြီးနစ်သွားမည်ကို ဟောင်ဖုန်းမမြင်ချင်ပေ။


ဤကဲ့သို့ဆက်နစ်နေလျှင် သူ(မ)ပျက်စီးသွားပေမည်။


ထိုနေ့တွင် အသိတရားရလာပြီးတည်းက မိသားစုကိုထောက်ပံ့ရန် သူ(မ)၏သမီးအား ဝင်ငွေမရှာခိုင်းသင့်ကြောင့် ဖုန်းယောက်ချင်းသဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် သူ(မ) ယာယီအလုပ်လေးတစ်ခုလောက် ရှာချင်မိသည်။


၂၄ နာရီဖွင့်သော စတိုးဆိုင်၏လုပ်အားခက 


မများလှသော်ငြားလည်း အကျိုးခံစားခွင့်မှာ အလုပ်လွယ်ကူပြီး အချိန်သက်သာသည်။ မိသားစုကို ဖြည့်ဆည်းပေးရန် ဝင်ငွေများများရှိနိုင်သလို ဆွေ့ဆွေ့ရုပ်ရှင်ရိုက်ကူးပြီးလျှင် ရိုက်ကူးရေးမှအိမ်သို့ နေ့တိုင်းလာကြိုလို့ရသည်။ 


ဖုန်းယောက်ချင်းက သူ(မ)သမီးအား အနာဂတ်တွင် ကလေးအဝတ်အစားကြော်ငြာမော်ဒယ်တစ်ယောက်လုပ်ခွင့်ပြုရန် အစီအစဥ်မရှိချေ။ ထိုနေရာတွင် အလုပ်လုပ်မည်မဟုတ်ကြောင်း သူ(မ)ပြောထားပြီးဖြစ်သည်။ သို့သော် ရုပ်ရှင်ရိုက်ကူးရေးဘက်တွင်မူ....


ဖုန်းယောက်ချင်းကိုယ်တိုင်လည်း အထက်တန်းအောင်ဘွဲ့တစ်ခုသာရှိသည်။ တည်မြဲသောအလုပ်တစ်ခုကို ရှာမည်ဆိုလျှင်ပင် မစို့မပို့လစာလေးနှင့် သူ(မ)နှင့် သမီးတို့ကိုတစ်ပြိုင်တည်း ထောက်ပံ့ဖို့ကမဖြစ်နိုင်ချေ။ ဆွေ့ဆွေ့ကလည်း အရွယ်ရောက်လာလျှင် မူလတန်းကျောင်း ၊ အလယ်တန်းကျောင်း ၊ အထက်တန်းကျောင်း ၊ တက္ကသိုလ် စသည်တို့ကို တက်ရောက်ရမည်ဖြစ်သည်။ အနာဂတ်တွင် ငွေသုံးရမည့် နေရာကဏ္ဍအတော်များများ ရှိပါသေးသည်။


သရုပ်ဆောင်အလုပ်က အမြန်ပင် ရောက်လာသည်။ သူ(မ)၏သမီးလေးကို ရုပ်ရှင်ဆက်လက်ရိုက်ကူးခိုင်းမှသာလျှင် သားအမိနှစ်ယောက်လုံး ပိုမိုကောင်းမွန်ပြီး ပိုမိုတည်ငြိမ်သောဘဝတစ်ခုတွင် နေနိုင်မည်ဖြစ်သည်။


ကလေးငယ်လေးက သူ(မ)အဖေနှင့်တူသည်။ သူ(မ)၏ရုပ်ရည်က သာမာန်မဖြစ်လွန်းလျှင် ဖန်ယောက်ချင်းတစ်ယောက် သူ(မ)ကိုယ် သူ(မ)ရုန်းကန်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ(မ)လည်း သမီးဖြစ်သူကို အသက်ငယ်ငယ်ရွယ်ရွယ်လေးမှာ မိသားစုအား ထောက်ပံ့ရန် ဝင်ငွေထွက်ရှာခိုင်းလိမ့်မည်မဟုတ်ပေ။


ဤအခေါက်တွင်မူ သူ(မ)သမီး၏ ဆန္ဒများကို လေးစားရန် ဖုန်းယောက်ချင်း ဆုံးဖြတ်လိုက်သည်။


"ဆွေ့ဆွေ့ မေမေ့ကို သေသေချာချာပြောကြည့် ၊ သမီးရုပ်ရှင်ရိုက်ရတာကို ကြိုက်ရဲ့လား?"


ကုဆွေ့ဆွေ့က တုန့်ဆိုင်းခြင်းမရှိပဲ ပြောလိုက်သည်။ "သမီး ကြိုက်ပါတယ်" ။


ယနေ့တွင် ဒါရိုက်တာဦးလေးကြီးပြောသော မိတ်ကပ်ဓာတ်ပုံကို သူ(မ) တိတ်တခိုးကြည့်လိုက်မိပြီး အဘယ်ကြောင့် အစ်မထောင်ယောင်က သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်ခဲ့မှန်း နောက်ဆုံးနားလည်သွားခဲ့ရသည်။


ဓာတ်ပုံထဲရှိ သူ(မ)က လှပလွန်းပြီး သူ(မ) အမှန်တစ်ကယ် သဘောကျမိသည်။


သူ(မ)လည်းပဲ အစ်မထောင်ယောင်ကဲ့သို့ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်သည်။


ဖန်ယောက်ချင်း: "ဒါရိုက်တာချန်းရဲ့ရုပ်ရှင်က နောက်အပတ်လောက်ဆိုရင် အပြီးသတ်တော့မှာ ၊ မေမေက သမီးကို နောက်ထပ်ရုပ်ရှင်ကားအတွက် လူရွေးပွဲပြိုင်စေချင်တယ် ၊ သမီးသဘောကျလား?" ။ သူ(မ)က အစ်ကိုလီဆီမှလည်း တူညီသောသတင်းကိုကြားခဲ့သည်။ ၎င်းမှာ ရုပ်ရှင်ကားကြီးဖြစ်ပြီး သရုပ်ဆောင်ကြေးကလည်း မနိမ့်လှချေ။


မိသားစု၏စီးပွားရေး အခြေအနေက သာမာန်မျှသာဖြစ်သည်ကို ကုဆွေ့ဆွေ့သိပါသည်။ သူ(မ)လည်းပဲ စကပ်လှလှလေးများ အများအပြားဝယ်နိုင်အောင် ငွေရှာနိုင်ရန် သူ(မ)၏ကိုယ်ပိုင်အားထုတ်ကြိုးပမ်းမှုကို အမှီပြုရမည်ဖြစ်သည်။ ထို့ကြောင့် သူ(မ) ထိုမေးခွန်းကိုကြားသောအခါ "သမီးလုပ်မယ်" ဟုပြောရန်ပင် မတုန့်ဆိုင်းတော့ပေ။


အနာဂတ်တွင် ငွေအမြောက်အမြားရှာနိုင်ပြီးနောက် သူ(မ)ကိုယ်တိုင်အတွက် ကြည့်ကောင်းသော အဝတ်အစားများသာမက သူ(မ)အမေအတွက်လည်း အများအပြားဝယ်ပေးဦးမည်။


Xxxxxxx