အပိုင်း ၇
Viewers 15k

Chapter 7


ညစာစားပြီးနောက် ကုဆွေ့ဆွေ့က ဆိုဖာပေါ်တွင်ထိုင်ကာ တီဗွီကြည့်နေစဥ်တွင် ဖုန်းယောက်ချင်းက မီးဖိုခန်းတွင် တစ်ကိုယ်တည်း အလုပ်လုပ်နေသည်။


ရသစုံရှိုးတွင် ချောမောလှပသောမိန်းမပျိုလေးအား ကြည့်နေသော နုနုနယ်နယ်ကလေးလေးက ရုတ်တရက် အရေးကြီးသော အရာတစ်ခုကို တွေးမိသွားသည်။ "မေမေ သမီး ဖုန်းကစားဖို့ မေ့မေ့ဖုန်းခဏလောက်ပေးပါလား?"


ဖုန်းယောက်ချင်းကပြန်ဖြေလိုက်သည်: "မေ့မေ့ဖုန်းက ဧည့်ခန်းထဲက စားပွဲပေါ်မှာရှိတယ် ၊ သမီးကိုယ့်ဘာသာကိုယ် သွားယူလိုက်နော် ၊ lock screen password က ၆ပဲ။ "


ကုဆွေ့ဆွေ့က ဖုန်းကိုတွေ့ကာ lock ဖြည်လိုက်ပြီး screen ကို စိတ်အားထက်သန်စွာနှိပ်လိုက်သည်။


ထိုအချိန်တွင် ဖုန်းယောက်ချင်းက လတ်လတ်ဆတ်ဆတ်လှီးဖြတ်ထားသော သစ်သီးဝလံများနှင့် မီးဖိုခန်းမှထွက်လာသည်။ သူ(မ)၏သမီးလေးအား ပန်းသီးတစ်စိတ်ကျွေးရင်း မေးလိုက်သည်။ "ဆွေ့ဆွေ့ ဘာတွေကစားနေတာလဲ? အရမ်းအသည်းအသန်နဲ့လေ" ။


ကုဆွေ့ဆွေ့က ချိုချိုသာသာပြုံးပြသည်။ "ဒီနေ့ညမှာ ရိုက်ကူးရေးအဖွဲ့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ သမီးဇာတ်ကောင်ရဲ့ဓာတ်ပုံတွေပါတဲ့ မိတ်ကပ်ဓာတ်ပုံအစုံလိုက်ကို ထုတ်ပေးမယ်လို့ ဒါရိုက်တာဦးလေးကြီးပြောထားတယ် ၊ ဖုန်းကိုစောင့်ပြီးတော့ တတ်နိုင်သလောက် မြန်မြန်ကြည့်ချင်လို့ပါ" ။


ဖုန်းယောက်ချင်း၏မျက်ဝန်းတို့က မဟန်နိုင်လောက်အောင် ပြုံးမိသွားသည်။ "တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးစဥ်တည်းက သူ(မ)၏သမီးလေးက ပိုပြီးလှလာသလို ပင်ကိုစရိုက်ကလည်း ပိုမိုရွှင်လန်းတက်ကြွကာ ဖျတ်လတ်လာသည်။


ဖုန်းယောက်ချင်းက သူ(မ)သမီးကို ဝေဘိုအကောင့်တွင် မှတ်ပုံတင်ရန်နှင့် အခြားဖုန်းနံပါတ်တစ်ခုကို အသုံးပြုရန် သင်ပေးခဲ့သည်။ ဆွေ့ဆွေ့ကို ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုပြီးလျှင် ပြီးဆုံးသွားမည်ဖြစ်သော သရုပ်ဆောင်ငယ်လေးတစ်ဦးဟုယူဆထားသောကြောင့် ဖုန်းယောက်ချင်းက အသစ်စက်စက်မှတ်ပုံတင်ထားသော ဝေဘိုအကောင့်အား သူ(မ)၏ကိုယ်ပိုင်အကောင့်အနေနှင့် သတ်မှတ်လိုက်သည်။


"မေမေ လုချီရဲ့ဝေဘိုအကောင့်ရဲ့နောက်မှာ ဘာလို့ဒီအဝါရောင် ဗွီလေးနဲ့လဲ ၊ ဒါပေမဲ့ သမီးကျတော့ ဘာလို့မရှိရတာလဲ?" ။ ပထမဆုံးအကြိမ် လူသားအဖြစ်ပြန်လည်ဝင်စားထားသော ဝါချိုချဥ်လေးက "ဘာလို့လဲ" ဟူသောမေးခွန်းပေါင်းများစွာ ရှိနေသည်။


ဝေဘိုကို အစ်မထောင်ယောင်မှတစ်ဆင့် သိခဲ့ရသော်လည်း သူ(မ)နားမလည်နိုင်သော အသေးအဖွဲအခက်အခဲများစွာ ရှိနေသေးသည်။


ဖုန်းယောက်ချင်းက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ "ဒါက သရုပ်ဆောင်တစ်ယောက်ရဲ့ တရားဝင်အထောက်အထားပဲ ၊ မေမေတို့လည်း အနာဂတ်မှာ အရွယ်တစ်ခုရောက်ရင် ဒီလိုဟာမျိုးရလာမှာပါ" ။ သူတို့အရွယ်များက အလွန်ချစ်စရာကောင်းပြီး လှပသောကြောင့် ဤအသိုင်းအဝိုင်းထဲတွင် သေချာပေါက် ထင်းထွက်နိုင်ပေမည်။


ကုဆွေ့ဆွေ့က ဖောလိုဝါအကောင့်ကို နှိပ်လိုက်ပြီး စိတ်လှုပ်ရှားစွာပြောလာသည်။ "အဲဒါဆိုရင် မနက်ဖြန်ကျရင် အစ်ကိုလုချီဆီသွားပြီး သမီးအတွက်တစ်ခုလုပ်ခိုင်းလိုက်မယ်လေ ၊ ဒီအဝါရောင် ဗွီနောက်ဆက်အမှတ်အသားလေးက အရမ်းလှတယ်!"


လုချီကိုရှာနေတာလား?


ဖုန်းယောက်ချင်းက သရုပ်ဆောင်များနှင့် မဆုံဖူးသောကြောင့် ဤရက်ပိုင်းများအတွင်း သူ(မ)သမီးသိသောသူများကို သူ(မ)မသိပေ။ သို့သော် အခုတလောတွင် သူ(မ)သမီးထံမှ လုချီဟူသောနာမည်ကို မကြာခဏကြားမိသည်။ ထို့ကြောင့် လီကောအားထိုအကြောင်းမေးရန် သူ(မ)အခွင့်အရေးတွေ့သွားသည်။ ထိုပုဂ္ဂိုလ်၏ မူလဇာစ်မြစ်ကို မေးရန်ဖြစ်သည်။


ဖုန်းယောက်ချင်းက တစ်ခဏမျှတွေးလိုက်ပြီး ပြောသည်။ "ဆွေ့ဆွေ့ ဒါမှမဟုတ်လည်း မေမေက သမီးကိုမနက်ဖြန်ကျရင် ဖုန်းတစ်လုံးဝယ်ပေးမယ် ၊ သမီးရဲ့ရိုက်ကူးရေးက အပြီးသတ်တော့မှာ ၊ လူတိုင်းနဲ့ အဆက်အသွယ်တစ်ခုချန်ထားရမယ်မလား?"


"ဟုတ်ကဲ့"


ဤနယ်ပယ်အသိုင်းအဝိုင်းထဲတွင် လူတစ်ယောက်ထက်ပို၍သိကျွမ်းခြင်းက နောက်ထပ်ထွက်လမ်းတစ်ခုဟုဆိုလိုသည်။ သူ(မ)သမီး၏ပြောစကားအရ လုချီဟုခေါ်သောသူက ရိုက်ကွင်းတွင် ဆွေ့ဆွေ့အပေါ်အလွန်ကောင်းလှသည်ကို သူ(မ)သဘောပေါက်မိသည်။ အနာဂတ်တွင် သူ(မ)တစ်ခုခုတွေ့ကြုံလာရပါက လုချီကသူ(မ)အားကူညီကောင်းကူညီနိုင်လိမ့်မည်။


"ဆွေ့ဆွေ့က အစ်ကိုလုချီကို သဘောကျလား?"


"သဘောကျတယ် ၊ အစ်ကိုလုချီက အရမ်းကောင်းတယ် ၊ ပြီးတော့ သမီးကိုလည်း အရသာရှိတဲ့အစားအစာတွေအများကြီး နေ့တိုင်းဝယ်ကျွေးတယ်" ။ ကုဆွေ့ဆွေ့၏ ပြောင်းလဲသွားသည့်အချိန်က အလွန်တိုတောင်းသည်။ သူ(မ)၏ခေါင်းသေးသေးလေးတွင် သူ(မ)အလှအပအတွက်မှလွဲ၍ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော စကားလုံးများကိုသာ စဥ်းစားနိုင်သည်။


ကုဆွေ့ဆွေ့က ရိုက်ကွင်းပေါ်တွင် သူ(မ)အားကောင်းကောင်းဆက်ဆံသော အစ်ကိုအစ်မများ ၊ ဦးလေးအဒေါ်များ၏ ဝေဘိုအကောင့်များကိုတွေ့သွားပြီး သူ(မ)၏အကောင့်ကိုသုံး၍ သူတို့အားတစ်ယောက်ပြီးတစ်ယောက် follow လုပ်လိုက်သည်။


ထိုအရာများကို လုပ်ပြီးနောက် ညနေ ၈နာရီတွင် သူ(မ)တစ်ချိန်လုံးတွေးနေခဲ့သော မိတ်ကပ်ဓာတ်ပုံကို နောက်ဆုံးတွင် ရလာခဲ့သည်။


"မေမေ သမီးကိုကြည့်ပါဦး ၊ ဒီဓာတ်ပုံထဲကလူက သမီးလေ ၊ အရမ်းမလှလွန်းဘူးလား?" နုနုနယ်နယ်ကလေးလေးက ပတ်ဝန်းကျင်ရှိလူများက သူ(မ)ကို အနည်းငယ်မျှလောက် ချီးကျူးပေးရန် မျှော်လင့်လျက် ဖုန်းယောက်ချင်းအား မျှော်မှန်းချက်အရိပ်အယောင်လေးနှင့် ကြည့်လာသည်။


 ဖုန်းယောက်ချင်းက တုံ့ဆိုင်းခြင်းမရှိပဲ စကားလုံးအနည်းငယ်ဖြင့် ချီးမွမ်းစကားဆိုလိုက်သည်။


ရိုးရိုးသားသားပြောရလျှင် ဆွေ့ဆွေ့၏ရုပ်ရှင်ထဲကဝတ်စုံကို သူ(မ)ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သို့သော် ဆွေ့ဆွေ့ပါသော ရိုက်ကူးရေးအဖွဲ့က အလွန်တရာကသိကအောက်ဖြစ်စရာကောင်းလှသည်။ ထိုထဲတွင်ပါဝင်သောလူတိုင်းက သူတို့ငွေကြေးအမြောက်အမြားဖြုန်းပစ်သည်ကို သိမြင်နိုင်သည်။


ဒါရိုက်တာချန်းက ဤတစ်ခေါက်တွင် ဇာတ်ဝင်ဇာတ်စားပုံစံကို ကြိုးကြိုးစားစား အားထုတ်ထားသည်။ "တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်ကားကြီးက လွှင့်ပြီးနောက် မအောင်မြင်မည်ကို သေချာပေါက်စိတ်ပူစရာမလိုကြောင်း စိတ်ကူးလို့ရသည်။


"တိမ်မြှုပ်နေသော" ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့၏ ပုံသေမိတ်ကပ်ဓာတ်ပုံများကို ထုတ်ပြီးသည်နှင့် လှုမှုကွန်ရက်တစ်ခုလုံး စနက်တံဖြုတ်လိုက်သကဲ့သို့ဖြစ်ကာ တစ်ဆင့်ပြန်တင်သော အရေအတွက်ကလည်း အထိန်းအကွပ်မဲ့ဖြစ်သွားသည်။ #<<တိမ်မြှုပ်နေသော>> ရုပ်ရှင်ရိုက်ကွင်း မိတ်ကပ်ဓာတ်ပုံ# ဟူသော ခေါင်းစဥ်ကြီးက တစ်နာရီခွဲလောက်ပင် မကြာလိုက်သည့်အချိန်တွင် ရေပန်းစားသောရှာဖွေမှု ထိပ်ဆုံးသုံးခုအတွင်း ထိုးတက်သွားခဲ့သည်။


ပြည်သူများ၏မှတ်ချက်အပေးခံရဆုံးသောသူများက အမျိုးသားဇာတ်လိုက်ဖြစ်သူလုချီနှင့် အမျိုးသမီးဇာတ်လိုက်ဖူရင်းဂယူတို့ဖြစ်သည်။ သူတို့နှစ်ဦး၏ဝေဘိုတွင် ပရိသတ်များသန်းနှင့်ချီတိုးလာသည်။ ဤရုပ်ရှင်က သူတို့နှစ်ဦး ပထမဦးဆုံးအကြိမ်အဖြစ် တွဲရိုက်ဖူးသော ရုပ်ရှင်ဖြစ်သည်။ "တိမ်မြှုပ်နေသော" ရုပ်ရှင်အဖွဲ့သားများ၏ ရိုက်ကွင်းမိတ်ကပ်ဓာတ်ပုံများကို ထုတ်ပေးပြီးသည်နှင့် နှစ်ဦးသားက သူတို့၏ဝေဘိုတွင်  တစ်ယောက်ပြီးတစ်ယောက် ပြန်တင်ကြသည်။


"ဘုရားရေ ကောလိပ်တက်နေတဲ့ အစ်ကိုလုက နောက်ဆုံးတော့ရုပ်ရှင်အသစ်ရိုက်ပြီပဲ ၊ ဒီရုပ်ဂှင်ကိုဘယ်တော့ ထုတ်လွှင့်မှာလဲ? ငါကြည့်ဖို့အဆင်သင့်ဖြစ်နေပြီ"


 "မမကရဲရဲရင့်ရင့်နဲ့ လုပ်နေတာပဲ ၊ ကျွန်မတို့လည်း မမနဲ့အတူအမြဲတမ်းရှိနေပေးပါ့မယ်"


"ရှေးခေတ်ရုပ်ရှင်က ရုပ်ရှင်ကားတစ်ကောင်းပဲဖြစ်ရမယ်"


"ဒီရိုက်ကွင်းဓာတ်ပုံတွေထွက်လာပြီးတော့ ငါဘာမှမလုပ်ပါဘူး ၊ screen ကိုအကြိမ်ပေါင်းများစွာ လျှက်မိရုံလေးပါ ၊ အခုငါ့လျှာတွေနည်းနည်းနာနေပြီ"


ဖူရင်းဂယူ၏ယခင်ဇာတ်ကောင်များက ယူကျဲ သို့မဟုတ် ဂေါင်လန်နတ်ဘုရားမ ပုံစံများသာဖြစ်သည်။ သို့သော် ယခုဇာတ်ကောင်က အနည်းငယ်ပိုပြီး နူးညံ့သိမ်မွေ့ကာ ကြည့်ရှုသူများကို ပေါ့ပါးသောခံစားချက်မျိုးပေးသည်။ အမျိုးသားဇာတ်လိုက်နေရာတွင် လုချီကဇာတ်လိုက်နေရာယူသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သရုပ်ဆောင်စွမ်းရည်စမ်းသပ်ချက်တစ်ခုဖြစ်သော ယခင်ဇာတ်ကောင်များနှင့် ယခုဇာတ်ကောင်ပုံပန်းသဏ္ဍာန်တို့ကြားက ခြားနားချက်မှာ သိသာလှသည်။


ကုဆွေ့ဆွေ့အတွက် ထုတ်ပေးလိုက်သော ပုံသေမိတ်ကပ်ဓာတ်ပုံမှာ သူ(မ)လက်တစ်ဖက်က လုချီလက်မောင်းကို ချိတ်ထားပုံဖြစ်သည်။ ခမ်းနားထည်ဝါသော နန်းတွင်းဝတ်စုံကိုဝတ်ထားက သူ(မ)၏မျက်လုံးများက အပြစ်ကင်းသည်။ မောင်နှမနှစ်ဦးလုံးက ချောမောကြသည်။ တစ်ယောက်ကချစ်ဖို့ကောင်းပြီး သူတို့နှစ်ဦးလုံးက အလွန်ညှို့ယူဖမ်းစားနိုင်သည်။


တရားဝင်ဝက်ဆိုက်ဘ်ပေါ်ရှိ ပြည်သူအများစုက ဤဓာတ်ပုံထဲရှိချစ်စဖွယ်ကလေးမလေး၏ ဆွဲဆောင်မှုကိုခံလိုက်ရပြီး  ဤချစ်စဖွယ်ကလေးမလေးက မည်သည့်ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်သည်ကို သူတို့အားလုံးမေးမြန်းကုန်ကြတော့သည်။


မူရင်းဝတ္ထု၏ပရိသတ်တစ်ယောက်က ဤဇာတ်ကောင်က ဇာတ်လိုက်မင်းသား၏ညီမဖြစ်​ ပြီးလက်အောက်ခံဘဝကျရောက်သွားသော မင်းသမီးငယ်လေး လင်းရာဖြစ်ကြောင်းပြောကာ ဇာတ်ကောင်အား အခြားသူများကို အတွင်းကျကျမိတ်ဆက်ပေးသည်။


"ငါက တိမ်မြှုပ်နေသော ရုပ်ရှင်ဇာတ်လမ်းရဲ့ မူရင်းဝတ္ထုနောက်လိုက်ခဲ့တယ်လေ ၊ အဲဒီအချိန်တုန်းက မင်းသမီးငယ်လေးသေသွားတဲ့ဇာတ်ကွက်ကိုတွေ့တော့ အိပ်ရာပေါ်မှာ တစ်ယောက်တည်းအချိန်အကြာကြီးငိုခဲ့ရတာပေါ့"


"မောင်နှမနှစ်ယောက် နေရာမှာ သရုပ်ဆောင်တဲ့သူတွေက ဘာလို့အရမ်းကြည့်ကောင်းနေရတာလဲ ၊ ငါသူတို့ကိုသဘောကျလိုက်တာ"


ဖုန်းယောက်ချင်းက အောက်တွင်ရှိသော မှတ်ချက်များကို လှန်လှောကြည့်နေပြီး ဤသည်က သူ(မ)သမီးအား လူတိုင်းသိမြင်နိုင်ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်ကို သိလိုက်သည်။ ထို့ကြောင့် သူ(မ)သမီးအတွက် "တိမ်မြှုပ်နေသော" ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့၏ တရားဝင်ဝက်ဘ်ဆိုက်ကို ပြန်တင်ရန် သူ(မ)၏အသစ်စက်စက်မှတ်ပုံတင်ထားသော ဝေဘိုအကောင့်ကို အလျင်အမြန်သုံးတော့သည်။


Xxxxxxx