အပိုင်း ၁၀
Viewers 15k

Chapter 10


"အင်း အင်း ငါသိပြီ"


ဖုန်းယောက်ချင်းကဖုန်းချလိုက်ပြီး ဇာတ်ကောင်နေရာကအမှန်တကယ်ပင်ရွေးချယ်ပြီးကြောင်းကိုသိသွားသောအခါ အလွန့်အလွန်ဒေါသထွက်မိသည်။ သို့သော် သူ(မ)လည်း ဘာမှမတတ်နိုင်ပေ။


သူ(မ)တို့သားအမိအား ကျောထောက်နောက်ခံလုံးဝမရှိပဲ သာမာန်လူကဲ့သို့ဖြစ်အောင် မည်သူကများလုပ်လိုက်သနည်း။


ဤတစ်ခေါက်တွင် လူရွေးပွဲအခွင့်အရေးကောင်းတစ်ခုအားသတိမပေးပဲ ပယ်ဖျက်လိုက်သည်ကိုပြောနေစရာပင်မလိုပေ။ သို့သော် လူရွေးပွဲအောင်ပြီးနောက် ရိုက်ကူးရေးမတိုင်ခင်တစ်ရက်တွင် ရုတ်တရက်အခြားတစ်ယောက်နှင့်အစားထိုးပစ်လိုက်သည်က ဤနယ်ပယ်တွင်မကြားဖူးပေ။


ဤနယ်ပယ်တွင်မြဲကာ အောင်မြင်ကျော်ကြားလိုလျှင် ဖုန်းယောက်ချင်းတို့ကဲ့သို့ကျောထောက်နောက်ခံနှင့် ဂုဏ်သတင်းမရှိသောသူများက အနာဂတ်တွင် ဆိုးရွားသောအရာအမြောက်အမြားနှင့်တွေ့ကြုံရမည်ကို သူ(မ)ပိုမိုနားလည်လိုက်ရသည်။ အရာအားလုံးကိုသူ(မ)လိုက်ပြီးဂရုစိုက်နေရလျှင် သမီးလေးအောင်မြင်သည်ကိုမမြင်ရခင် သူ(မ)သေသွားလိမ့်မည်။


ဖုန်းယောက်ချင်းကအသက်ပြင်းပြင်းရှုလိုက်ပြီး ဖြစ်ပျက်သမျှကို ဘာမှမသိနားမလည်သောသမီးလေးကိုကြည့်လိုက်သည်။ သူ(မ)စကားလုံးစီကာပြောလိုက်သည်။ "ဆွေ့ဆွေ့ ဒီတစ်ခေါက်ကတော့မေ့မေ့အမှားပါ ၊ အခြေအနေနဲ့ပတ်သတ်ပြီး မေမေကြိုမစုံစမ်းလိုက်မိဘူး ၊ သမီးရဲ့ဇာတ်ကောင်နေရာကို အယူခံလိုက်ရပြီ ၊ အဲဒါကြောင့် နောက်ကျရင်မေမေသမီးအတွက် နောက်ထပ်ဇာတ်ကောင်နေရာရှာပေးပါ့မယ် ၊ ဟုတ်ပြီလား?"


လူကြီးများအနေနှင့်သူတို့သိထားသောအရာများကို အသက်သုံးနှစ်အရွယ်ကလေးတစ်ယောက်က နားမလည်နိုင်ဟု မဆိုလိုပေ။ သူ(မ)သမီးသာသိသွားလျှင်ဝမ်းနည်းနေမည်ကို ဖုန်းယောက်ချင်းစိုးရိမ်နေမိသည်။


ဆွေ့ဆွေ့၏ရှေ့တွင်ဖုန်းယောက်ချင်းက သူ(မ)၏စိတ်ခံစားချက်အတက်အကျများကို ဖုံးကွယ်ရန်အကောင်းဆုံးကြိုးစားနေသော်လည်း ကု​တွေ့ဆွေ့ကသတိထားမိဆဲပင်။ သူ(မ)က ဝါဖျော့ဖျော့မျက်ဝန်းလှလှလေးများကို ပေကလတ် ပေကလက်လုပ်လိုက်ရင်း နားမလည်နိုင်စွာမေးလာသည်။ "သမီးလူရွေးပွဲဝင်ပြိုင်တဲ့ ဇာတ်ကောင်နေရာကြောင့် မေမေစိတ်ညစ်နေတာလား? သမီးအဆင်ပြေပါတယ် မေမေ ၊ အဲ့ဇာတ်ကောင်နေရာမရရင်လည်း ပိုပြီးကောင်းတဲ့ဟာရှိဦးမှာပါ"


နုနုနယ်နယ်ကလေးလေးက လူသားများ၏အတွေးကို နားလည်နိုင်ရန်အပြင်းအထန်ကြိုးစားနေသည်။ ဤသည်က သူတို့ကြိုက်သောမုန့်ပဲသရေစာများကို အခြားသူများကဝယ်သွားသည့်ခံစားချက်မျိုးနှင့်အတူတူပင်ဖြစ်နိုင်သည်မဟုတ်လား?


ထိုခံစားချက်က အမှန်တကယ်ကို ဆိုးရွားသောခံစားချက်မျိုးဖြစ်သည်။


သို့ပေမဲ့ မုန့်ပဲသရေစာအမျိုးမျိုးရှိသည်မလို့ တူစရာမလိုပေ။


သူ(မ)လိုပင် အာလူးကြော်စားရသည်ကိုကြိုက်သည့်အပြင် ဂျယ်လီ ၊ ချောကလက်နှင့် ရေခဲမုန့်စားရသည်ကိုလည်း ကြိုက်သေးသည်။


သူ(မ)သမီးက ကြင်နာနွေးထွေးပြီး သူ(မ)အားပြန်လည်နှစ်သိမ့်ပေးနေသည်ကို မြင်ရသောအခါ ဖုန်းယောက်ချင်းတစ်ယောက် ပိုပြီးအပြစ်ရှိသလိုခံစားမိလာကာ ဝမ်းနည်းလာရသည်။ သူ(မ)အသုံးကျခဲ့လျှင် ဤကဲ့သို့ဖြစ်လိမ့်မည်မဟုတ်။


ဇာတ်ကောင်အသစ်အကြောင်းပြောသည်တွင် ကလေးတစ်ယောက်သဖွယ်ဝတ်စားထားသော ကုဆွေ့ဆွေ့ကတစ်ခုခုကိုရုတ်တရက်သတိရသွားကာ သူ(မ)ဖုန်းကိုရှာလိုက်ပြီး ဖုန်းပေါ်က မက်ဆေ့ချ်စာတစ်စောင်ကို မိခင်ဖြစ်သူအားပြလိုက်သည်။


 "မေမေ ဒါရိုက်တာဦးလေးကဒီနေ့မှသမီးကိုပြောခဲ့တာ ၊ ကလေးသရုပ်ဆောင်တစ်ယောက်လိုနေတဲ့ရိုက်ကူးရေးအဖွဲ့ရှိတယ်တဲ့ ၊ သမီးကူညီပေးနိုင်မလားဆိုပြီးတောင်းဆိုထားတာ ၊ အဲဒီကလူတွေကို ဆက်သွယ်ရအောင် သမီးကိုဖုန်းနံပါတ်ပေးထားခဲ့တယ်"


ရိုက်ကူးရေးအဖွဲ့တွင်ကုဆွေ့ဆွေ့၏ကျော်ကြားမှုက အပြောတစ်ခုထက်ပိုသည်။ ဒါရိုက်တာ


ချန်းကသူ(မ)ကိုအလွန်သဘောကျသည်။ ထို့ကြောင့် အခွင့်အရေးကောင်းတစ်ခုရှိသည့်အခါတိုင်း သူ(မ)အတွက်စဥ်းစားပေးသည်။


ဒါရိုက်တာချန်းက လတ်တလောပါတီပွဲတစ်ခုတွင် သူ့မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခဲ့ရသည်မှာ တိုက်ဆိုင်မှုတစ်ခုဖြစ်သည်။ ထိုမိတ်ဆွေဟောင်းကြီးကလည်း ရုပ်ရှင်အသစ်တစ်ကားရိုက်ကူးရန်ပြင်ဆင်နေခဲ့သည်။ ထို့နောက်နှစ်ဦးသားက ဇာတ်ညွှန်းပါအကြောင်းအရာများနှင့် လုပ်ငန်းစဥ်အကြောင်း အလာပသလ္လာပပြောဖြစ်ကြသည်။ မိတ်ဆွေဖြစ်သူ၏စကားကိုနားထောင်ပြီးနောက် ကုဆွေ့ဆွေ့က ဇာတ်ကောင်နေရာများထဲမှတစ်ခုနှင့် သင့်တော်လိမ့်မည်ဟု သူတွေးမိသွားသည်။ ထို့အပြင်သူ့မိတ်ဆွေကဇာတ်ကောင်အတွက်သင့်တော်သူကိုမတွေ့သေးသောကြောင့် ဆွေ့ဆွေ့အားအကျိုးသင့်အကြောင်းသင့်ထောက်ခံပေးလိုက်ကာ သူ(မ)နှင့်ပတ်သတ်ပြီးကောင်းသောအရာအများအပြားကို ပြောပေးလိုက်သည်။


မိတ်ဆွေဟောင်းဖြစ်သူ၏အာမခံပေးမှုကြောင့် ကုဆွေ့ဆွေ့က လူရွေးပွဲဝင်ပြိုင်ရန်ပင် မလိုအပ်ချေ။ သူ(မ)လက်ခံလိုက်လျှင် ဇာတ်ကောင်နေရာက သူ(မ)အပိုင်ဖြစ်သည်။


ထို့ကြောင့် ဖုန်းယောက်ချင်းတစ်ယောက် ထျန်းဟောင်ဖျော်ဖြေရေး၏ နှစ်ဆယ့်တစ်ထပ်​မြောက်ကိုရောက်သောအခါ လူတစ်ယောက်လုံးလည်းအစစ်အမှန်ဟုပင်မခံစားရပေ။


ဤဇာတ်ကောင်ကရရန်လွယ်ကူသည်လား?


ဤလုပ်ငန်းနယ်ပယ်နှင့်စိမ်းနေသေးသော ဖုန်းယောက်ချင်းပင်လျှင် ရုပ်သံဇာတ်လမ်းတွဲများတွင်သရုပ်ဆောင်ရသည်နှင့် ရုပ်ရှင်ကားကြီးများတွင်ပါဝင်သရုပ်ဆောင်ရသည်ကို လုံးဝကိုခြားနားသောအဆင့်ဖြစ်ကြောင်း သိသည်။ ရုံကားကြီးကသိပ်မကောင်းပေ။ တိုင်းပြည်၏မင်းသမီးငယ်လေးဇာတ်ရုပ်ကိုဆွေ့ဆွေ့ရခဲ့သည်မှာကံကောင်းသောကြောင့်ဖြစ်သည်။ နဂိုကရွေးချယ်ထားသည့်ကလေးသရုပ်ဆောင်က ရိုက်ကူးရေးမတိုင်ခင် နေမကောင်းဖြစ်ပြီး ဆေးရုံတက်ရသောကြောင့် လီဖူဂွီနှင့်ချိတ်ဆက်ရန် သူ(မ)အခွင့်အရေးရသွားပြီး သူ(မ)၏သမီးကိုရိုက်ကူးရေးအဖွဲ့ထဲသို့  ထည့်ပေးရန်အကူအညီတောင်းလိုက်နိုင်သောကြောင့်ဖြစ်သည်။


သူ(မ)သမီးကရုပ်ရှင်ကားကြီးနှစ်ကားဆက်တိုက်တွင် ပါရမည့် အခွင့်အရေးလိမ့်မည်ဟု ဖုန်းယောက်ချင်းမည်သည့်အခါမှမထင်ထားခဲ့ချေ။ 


 "အစ်မက ကုဆွေ့ဆွေ့ရဲ့အမေလား? ကျွန်မက ဒီတစ်ခေါက်မှာ ရှင့်ရဲ့စာချုပ်ကိုလက်ခံဖို့အတွက် တာဝန်ရှိတဲ့ဝန်ထမ်း ဗီဗီယန်ပါ"။ အဝတ်အစားအနက်ရောင်ဝတ်စုံကိုပညာရှင်ပီသစွာဆင်မြန်းထားသော ရည်ရည်မွန်မွန်လေးပြုံးပြလာရင်း ဖုန်းယောက်ချင်းကို အစည်းအဝေးခန်းငယ်လေးထဲသို့ ခေါ်သွားသည်။


စာချုပ်ကိုလွန်ခဲ့သောအချိန်အတန်ကြာတည်းက ပုံနှိပ်ထားခြင်းဖြစ်သည်။ လစာဖြည့်ရန်နေရာတွင် ပြုပြင်မွမ်းမံစရာလေးမှလွဲ၍ အခြားသောဝါကျကဏ္ဍများကို အထူးအခြေအနေမဟုတ်လျှင် ပြုပြင်မွမ်းမံခွင့်မပြုချေ။


ဖုန်းယောက်ချင်းကစားပွဲပေါ်ရှိစာချုပ်ကိုဖွင့်လိုက်သည်။ အခွန်ခမပါလျှင် သရုပ်ဆောင်ကြေးက ယွမ်နှစ်သောင်းဟု ဖော်ပြထားသည်။ ကိုယ်ပိုင်ဝင်ငွေ၏အခွန်ကိုနှုတ်လိုက်ပြီးလျှင် ယွမ်တစ်သောင်းခြောက်ထောင်ခန့်ရနိုင်သေးသည်။


တာဝန်ရှိသူ ဗီဗီယန်က တုံ့ဆိုင်းနေပုံရသော ဖုန်းယောက်ချင်းကိုတွေ့သောအခါ အနည်းငယ်မျက်မှောင်ကြုတ်လိုက်ရင်း အပြုံးတစ်ခုကိုဆက်ထိန်းထားကာ ပြောလိုက်သည်။ "အစ်မဖုန်း ဒီစာချုပ်ကိုမကျေနပ်ဘူးဆိုရင် ကျွန်မတို့ထပ်ပြီးဆွေးနွေးလို့ရပါတယ်"။


ဒါရိုက်တာချန်းကထောက်ခံပေးသောသူဖြစ်သောကြောင့် အခြားသရုပ်ဆောင်များ၏သရုပ်ဆောင်ကြေးကဲ့သို့ ကြိုတင်စျေးညှိရန် ပမာဏအတန်ငယ်လောက်ကို သူတို့မချန်ထားခဲ့ပေ။ ဤသရုပ်ဆောင်ကြေးက သူတို့တတ်နိုင်သလောက်အများဆုံးပေးထားခြင်းဖြစ်သည်။ ဤစျေးနှုန်းကိုမကျေနပ်သေးပါက ဒါရိုက်တာဟီကိုသာခေါ်လိုက်ပြီး ညွှန်ကြားချက်တောင်းရမည်ဖြစ်သည်။


ဖုန်းယောက်ချင်းက ကိုယ်ကိုပြန်မတ်လိုက်ပြီး ခေါင်းယမ်းကာဆိုလာသည်။ "မကျေနပ်စရာဘာအကြောင်းမှမရှိပါဘူး ၊ ကျွန်မအခုလက်မှတ်ထိုးလိုက်ပါ့မယ်"။


သူ(မ)သမီး၏သရုပ်ဆောင်ကြေးမနစ်နာစေရန်ကာကွယ်သည့်အနေဖြင့် ဤကိစ္စနှင့်ပတ်သတ်ပြီး သူ(မ)တမင်တကာပိုမိုစုံစမ်းထားခြင်းဖြစ်သည်။ ရုပ်ရှင်ကားတစ်ကားတွင်သာပါပြီး နာမည်ဂုဏ်သတင်းမရှိသော ကလေးသရုပ်ဆောင်တစ်ယောက်အတွက် ရိုက်ကူးရေးအဖွဲ့ပေးသော အခကြေးငွေမှာကောင်းလွန်းသည်။


စာချုပ်ဘေးတွင်ရှိနေသောဇာတ်ညွှန်းက စာမျက်နှာပါးပါးလေးသာဖြစ်ပုံပေါ်သည်။ ရုပ်ရှင်ထဲတွင် သုံးမိနစ်စာလောက်ပင် ပါပါ့မလားဟု သူ(မ)စိုးရိမ်မိသည်။ ထိုသို့သောဇာတ်ကောင်နေရာတစ်ခုအတွက် အခွန်မပါပဲ သရုပ်ဆောင်ကြေးယွမ်နှစ်သောင်းမျှ ရနိုင်ခြင်းက ဒါရိုက်တာချန်း၏မျက်နှာကြောင့်သာဖြစ်သည်။


ဖုန်းယောက်ချင်းကယခုချက်ချင်းသူ(မ)၏အမည်ကို လက်မှတ်မထိုးသေးသည့်အကြောင်းရင်းမှာ သူ(မ)အတန်ငယ်စိတ်ရှုပ်ထွေးနေသောကြောင့်ဖြစ်သည်။


ဒါရိုက်တာချန်းက အရည်အချင်းရှိသူများကို မြတ်နိုးတန်ဖိုးထားသောကြောင့် ဤနယ်ပယ်အသိုင်းအဝိုင်းတွင် ထင်ရှားကျော်ကြားသည်။ သူ့ရုပ်ရှင်တွင်ပါဝင်သရုပ်ဆောင်ခဲ့ကြသော သရုပ်ဆောင်အချို့အား တစ်ခါတစ်ရံတွင်အခြားရိုက်ကူးရေးအဖွဲ့များထံထောက်ခံပေးပြီး သူ၏ကျယ်ပြန့်လှသောအချိတ်အဆက်များနှင့် ချိတ်ဆက်ပေးသည်။ ယခင်နှစ်ကပြည်တွင်းရုပ်ရှင်ပွဲတော်တွင် ဆုနှစ်ခုရရှိခဲ့သော သရုပ်ဆောင်မင်းသား ဒုန်ထင်းယန်ကိုပင် ကားမတော်တဆဖြစ်ပြီးနောက် ပထမဆုံးပြန်ရိုက်သည့်ရုပ်ရှင်ကို ဒါရိုက်တာချန်းမိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။


"တိမ်မြှုပ်နေသော" ရုပ်ရှင်တွင်ဆွေ့ဆွေ့၏သရုပ်ဆောင်မှုက မည်သို့ဖြစ်သည်ကို ဖုန်းယောက်ချင်းမသိပေ။ သို့သော်ရိုက်ကူးရေးအဖွဲ့၏ဒါရိုက်တာက ဆွေ့ဆွေ့ကိုသဘောကျသောကြောင့် သူ(မ)လည်းအခွင့်အရေးရသည့်အခါများတွင် ဆွေ့ဆွေ့ကသရုပ်ဆောင်ကောင်းကြောင်း ထောက်ခံပေးလိုက်သည်။ ဒါရိုက်တာချန်းကသူ(မ)၏စိတ်ဓာတ်ကိုပျိုးထောင်ပေးလိုက်ခြင်းပင်ဖြစ်သည်။


ဖုန်းယောက်ချင်းက အထက်တန်းအောင်ပညာရေးသာရှိပြီး စာများများစားစားဖတ်လေ့မရှိသော်လည်း လူမှုအဖွဲ့အစည်းတွင်သူ(မ)နှစ်ပေါင်းများစွာနေလာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူ(မ)၏နောကျေမှုကို နားလည်နေဆဲပင်။


ဖုန်းယောက်ချင်းကဤနေရာတွင်စာချုပ်လက်မှတ်ထိုးနေပြီး သူ(မ)နှင့်အတူလာသော ကုဆွေ့ဆွေ့က နှစ်ဆယ့်တစ်ထပ်၏နားနေခန်းတွင် စောင့်နေသည်။ ထျန်းဟောင်ဖျော်ဖြေရေး၏ ဝန်ထမ်းကလည်း ကလေးငယ်အတွက် မုန့်ပဲသရေစာများကို တရင်းတနှီးပြင်ဆင်ပေးသည်။


နားနေခန်းသို့ကုဆွေ့ဆွေ့ဝင်လာပြီးနောက် သူ(မ)ထက်ကြီးသောကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူ(မ)စဥ်းစားလိုက်ရင်း သူ(မ)၏ခြေတံတိုလေးများနှင့်ထိုကလေးဆီ လျှောက်သွားတော့သည်။ "မမ စာချုပ်လက်မှတ်ထိုးဖို့အတွက် ဒီမှာရောက်နေတာလား?"


စုယွီချင်းကသူ(မ)ရှေ့တွင်ကြည်လင်ရွှင်ပျသောအပြုံးလေးနှင့်ရပ်နေသောကလေးမလေးကိုကြည့်ရင်းလက်များတုန်လာသည်။


ကုဆွေ့ဆွေ့!


သူ(မ)ကဘာကြောင့် ဤနေရာတွင်ရှိနေရပါသ


နည်း။


ရိုက်ကူးရေးအဖွဲ့တွင်အုပ်စုလိုက်ရိုက်ကူးစဥ်ကသူ(မ)ထံတွင်စုပြုံနေသောမျက်လုံးအကြည့်များကဲ့သို့မဟုတ်ပဲ ဤနားနေခန်းတွင်အစောင့်အကြပ်များမရှိပေ။ ကုဆွေ့ဆွေ့အားသူ(မ)တွေ့လိုက်သောအခိုက်အတန့်တွင် ကြောက်စရာကောင်းလှသောအတွေးအမြောက်အမြားကသူ(မ)၏စိတ်ထဲတွင် ထိန်းမနိုင်သိမ်းမရစွာ ဖြတ်ပြေးသွားသည်။ ဥပမာအားဖြင့်ပြောရမည်ဆိုလျှင် လူတစ်ယောက်ကိုနှစ်ဆယ့်တစ်ထပ်မှ တွန်းချလိုက်သော အတွေးမျိုးဖြစ်သည်။


သို့သော် မကြာလိုက်မီတွင် ထိုအတွေးများကို စုယွီချင်း မရမက ထိန်းချုပ်ထားလိုက်သည်။ သူ(မ)တစ်သက်တာလုံး ကောင်းမွန်သောဘဝတွင်ရှင်သန်နေထိုင်ခဲ့ပြီး ပိုကောင်းသောအနာဂတ်လည်းရှိလာဦးမည်ဖြစ်သည်။ ဤသို့သော် လူမျိုးအတွက် သူ(မ)ကိုယ်သူ(မ) လူသတ်သမားတစ်ယောက်ဖြစ်သွားအောင် လုပ်စရာမလိုပေ။


ကုဆွေ့ဆွေ့ကို ဤအတိုင်းသေခွင့်ပြုလိုက်လျှင် သူ(မ)အပေါစားဆန်လွန်းသွားမည်ဖြစ်သည်။


ဤဘဝတွင်သူ(မ)အားအဖော်လိုက်ပါပေးမည့် လိမ္မာသောညီမလေးလည်းရှိပြီး သူ(မ)တို့နှစ်ဦးလုံးကို အပျော်သဘောဖြင့် အာရုံစိုက်ပေးသော အလကားလူတစ်ယောက်လည်းရှိသည်။


မိတ်ဆွေဖွဲ့တော့မည့်ကုဆွေ့ဆွေ့က ထိုအစ်မဆီမှ ပြင်းထန်သောအငြိုးအတေးကို ရုတ်တရက်ကြီး ခံစားလိုက်မိသည်။ သူ(မ)ကြောက်လွန်း၍ ​ခြေနှစ်လှမ်းအမြန်ဆုတ်လိုက်မိသည်။ ထိုအခါစားပွဲခုံစွန်းနှင့်တိုက်မိပြီး နာကျင်မှုကြောင့် မျက်ရည်များကရုတ်တရက်ထွက်လာတော့သည်။


သူ(မ)မငိုချင်သော်လည်း မတတ်နိုင်ပေ။


ဘေးတွင်ရပ်နေသောစုယွီချင်းက ကလေးမလေးငိုနေသည်ကို စိတ်မဝင်စားသောအကြည့်


ဖြင့်ဂရုမစိုက်ဟန်ကြည့်နေသည်။ ယခင်ဘဝတုန်းကကဲ့သို့စိတ်ရှည်လက်ရှည်မချော့တော့ပဲအသာထားလိုက်ကာ အပြင်ထွက်ပြီးဝန်ထမ်းကို အကူအညီတောင်းရန်ပင်မလှုပ်တော့ပေ။


ထိုအချိန်တွင် ယခုလေးတင်စာချုပ်လက်မှတ်ထိုးလာသော ဖုန်းယောက်ချင်းက ငိုသံကြားလိုက်သောကြောင့် တံခါးဖွင့်လိုက်သည်။


ဖုန်းယောက်ချင်းကသူ(မ)သမီးလေးကို စိတ်အားထက်သန်စွာ ချော့မော့နေသည်။ သူ(မ)သမီးငိုနေသည်ကိုမြင်လိုက်ရသောအခါ ဘာတွေဖြစ်သွားမှန်းနားလည်ဖို့ပင် အချိန်မရှိ။ သူ(မ)ခြေလှမ်းခပ်စိပ်စိပ်လှမ်းလိုက်ကာ ဆွေ့ဆွေ့ရှေ့တွင်ရပ်နေသောသူကို တွန်းထုတ်လိုက်သည်။ သူ(မ)သမီးလေးကိုဖက်လိုက်ပြီး အပူတကြီးဖြင့်ပြောလိုက်သည်။


 "ကလေးလေးမငိုနဲ့တော့နော် ၊ မေမေဒီမှာရှိတယ်..."


Xxxxxxxx