Chapter 11
တစ်စုံတစ်ယောက်မှရုတ်တရက်တွန်းလိုက်သောကြောင့် စုယွီချင်းတစ်ယောက် လဲကျမတတ်ဖြစ်သွားသည်။ နောက်သို့ယိမ်းထိုးသွားကာ မြဲမဲရပ်နိုင်အောင် နောက်ဆုံးတွင်စားပွဲခုံကို ကိုင်ထားလိုက်ရသည်။
သူ(မ)ခေါင်းမော့လိုက်ပြီး တံခါးပေါက်မှ အတွင်းသို့ယခုလေးတင်လမ်းလျှောက်ဝင်သွားသော ဖုန်းယောက်ချင်းကိုကြည့်ကာ သူ(မ)၏နှုတ်ခမ်းကိုတင်းတင်းကိုက်ဖိထားမိသည်။ ထို့နောက် ဒေါသအရိပ်အယောင်တစ်ခုက နက်ဆွေးသောမျက်ဝန်းတို့တွင် ဖြတ်ပြေးသွားသည်။
အချိန်တိုင်း ဤသို့ပင်ဖြစ်သည်။
သူ(မ)ကကုဆွေ့ဆွေ့အား အနိုင်ကျင့်နေသလိုပင်။ သိသိသာသာပင် သူ(မ)ကုဆွေ့ဆွေ့အား ဘာမှမလုပ်ခဲ့ချေ။
ဤရင်းနှီးနေသောမြင်ကွင်းကြောင့် စုယွီချင်း၏စိတ်ထဲတွင် ဒေါသများပြည့်လျှံလာမတတ်ပင်ဖြစ်နေသည်။
သူတို့သားအမိနှစ်ဦး အိမ်တော်ထဲသို့ ပထမဆုံးဝင်ရောက်လာချိန်တွင် သူ(မ)ကအလယ်တန်းကျောင်းသူအရွယ်သာရှိသေးသည်။ ထိုအချိန်ကလည်း တူညီသောအဖြစ်အပျက်မျိုး ဖြစ်ခဲ့ဖူးသည်။
ကုဆွေ့ဆွေ့ကအမြင့်တစ်နေရာတွင်ထားထားသော အရုပ်ကိုယူရင်း မြေပြင်ပေါ်သို့မတော်တဆပြုတ်ကျကာ ခေါင်းကွဲသွားသည်။ အခန်းထဲတွင် သူ(မ)နှင့်ကုဆွေ့ဆွေ့နှစ်ဦးသာရှိသည်။ ဆွေ့ဆွေ့ပြုတ်ကျသည်ကိုမြင်သောအခါ သူ(မ) အပြေးအလွှားသွားလိုက်သော်လည်း ဖုန်းယောက်ချင်းက သူ(မ)အားဘာမှမပြောပဲတွန်းထုတ်ပြီး ဆွေ့ဆွေ့နှင့်အတူဆက်ငိုနေတော့သည်။ ထိုမြင်ကွင်းက သူ(မ)အဖေအား အထင်လွဲမှားသွားစေခဲ့ပြီး သူနောက်တစ်ကြိမ်လက်ထပ်ထိမ်းမြားမည်ကို မကျေနပ်သောကြောင့် သူ(မ)ကအာရုံမစိုက်ပဲ ညီမဖြစ်သူအားမြေပြင်ပေါ်သို့တွန်းချလိုက်သည်ဟု ထင်မှတ်သွားတော့သည်။
အတိတ်တွင် ဤကဲ့သို့အဖြစ်အပျက်မျိုးတွေ့ကြုံလာရချိန်တွင် သူ(မ)စိတ်ထဲမှားနေသလိုခံစားခဲ့ရမိသည်။ သူ(မ)အဖေက သူ(မ)အားအထင်လွဲနေသည်ကို ခံစားမိသည်။ ဤပြဿနာက တစ်ကယ်တမ်းတွင် အခြားသူများကြောင့်ဖြစ်လာခဲ့သည်ကို သူ(မ)မည်သည့်အခါမှ မစဥ်းစားမိခဲ့ပေ။ သို့သော်ထိုသားအမိနှစ်ဦး၏ သရုပ်မှန်ကိုသိလိုက်ရသောအခါ စုယွီချင်းနားလည်သွားသည်။ သူတို့က တမင်တကာလုပ်ခဲ့ခြင်းဖြစ်သည်။ သူ(မ)ကသာလျှင် တုံးအခဲ့ခြင်းဖြစ်ပြီး ချစ်ခြင်းမေတ္တာအတုအယောင်ဟူသောအရာကြောင့် စုံလုံးကန်းခဲ့သည်။ သူတို့သားအမိအား သူ(မ)၏ တစ်ကယ့်ညီမအရင်းသဖွယ် မိထွေးသဖွယ် သတ်မှတ်ခဲ့မိသည်။
သို့သော်သူတို့ကသူ(မ)အား မည်သို့သတ်မှတ်ခဲ့သနည်း။ အပေါ်ယံတွင် သူ(မ)အားကြင်နာပြကာ နေရာတိုင်းတွင် သူ(မ)နှင့်ပတ်သတ်ပြီးတွေးပေးသကဲ့သို့ဟန်ဆောင်ပြခဲ့သည်။ သို့သော် အနာဂတ်တွင် သူတို့သားအမိနှစ်ဦးထံ ပိုင်ဆိုင်မှုအားလုံးချန်ထားပေးရန် ဖေဖေသူ(မ)အားစိမ်းကားသွားအောင် တိတ်တဆိတ်တောင့်တနေခဲ့ကြသည်။
"မကြောက်နဲ့တော့နော် ၊ မေမေအမြဲတမ်းဒီမှာရှိနေမယ် ၊ တစ်ခြားလူတွေသမီးကိုနောက်ထပ်ဘယ်တော့မှအနိုင်မကျင့်စေရဘူး" ဖုန်းယောက်ချင်းက ကြိုတင်မှန်းဆထားပြီး သူ(မ)စိတ်ထဲတွင်လည်း သူ(မ)ရှေ့တွင်ရှိနေသော မျက်နှာစိမ်းကလေးမလေးက ဆွေ့ဆွေ့အားငိုအောင်လုပ်သည့်သူဟု ထင်မိသည်။
ကုဆွေ့ဆွေ့က သူ(မ)အမေ၏လက်မောင်းတွင်းသို့တိုးဝှေ့ပူးကပ်ရင်း မသက်မသာငိုနေသည်။ သေးသွယ်ကျစ်လျစ်နေသောကိုယ်လုံးလေးက လှုပ်ခါနေရင်း အသံကလည်းပြတ်တောင်းပြတ်တောင်းဖြစ်နေသည်။
"မေမေဒီမမလေ သူ...သူက သမီးကိုဘာလို့အဲ့လောက်မုန်းနေရတာလဲ?" (ငိုမဲ့မဲ့မျက်နှာဖြင့်)။
သူ(မ)ကျင်းမျိုးနွယ်တစ်ယောက်ဖြစ်လာပြီးထဲက အခြားသူများကသူ(မ)အား မလိုမုန်းထားသည်ကို မည်သည့်အခါမှ မခံစားခဲ့ဖူးချေ။
သူ(မ)၏ကံကအလွန်ကောင်းလွန်းနေသည်ဖြစ်ရမည်။ ခန္ဓာကူးပြောင်းပြီးနောက် သူ(မ)ကြုံခဲ့ရသမျှလူတိုင်းက သူ(မ)အပေါ်ကြင်နာကြသည်။ အချို့သူများဆိုလျှင် သူ(မ)အား နေရာတကာတွင် ဂရုစိုက်ပေးကြသေးသည်။ ထို့ကြောင့် သူ(မ)ရှေ့တွင်ရှိနေသော အစ်မစုယူချင်းက သူ(မ)အား အဘယ်ကြောင့် ထိုမျှမုန်းတီးနေသည်ကို လူသားကလေးဖြစ်ခါစ ကုဆွေ့ဆွေ့က နားမလည်နိုင်ချေ။
သူတို့ယခုမှပထမဆုံးအကြိမ်တွေ့ဖူးသည်မှာ သိသာထင်ရှားပါသည်။
နုနုနယ်နယ်ကလေးလေးက အမုန်းခံရသောခံစားချက်မျိုးကို လုံးဝလုံးဝ မနှစ်သက်ချေ။
သူ(မ)သမီးလေးငိုနေသည်ကိုမြင်ရသောအခါ ဖုန်းယောက်ချင်းသေမတတ်ပူပန်သောကရောက်မိသည်။ သူ(မ)စိတ်ထဲရှိအမျက်ဒေါသကိုချုပ်တည်းထားပြီး အေးစက်စက်မျက်ဝန်းများ
နှင့်ရပ်နေသော စုယွီချင်းအား ခပ်ကျယ်ကျယ်မေးလိုက်သည်။
"နင်ငါ့သမီးကို ဘာတွေလုပ်လိုက်တာလဲ...သုံးနှစ်ခွဲလောက်ပဲရှိသေးတဲ့ကလေးလေးကို နင့်လိုကလေးမလေးက ဘာကိစ္စလာကြောရတာလဲ" ။
စုယွီချင်းက ဘေးနှစ်ဘက်ရှိ သူ(မ)လက်များကို ဆုပ်ထားလိုက်ပြီး သူ(မ)မျက်ဝန်းထဲရှိလှောင်ပြောင်သရော်မှုအရိပ်အယောင်များကို ဖုံးကွယ်ရန် မျက်လွှာအနည်းငယ်ချလိုက်ကာ တည်ငြိမ်သောလေသံလေးနှင့်ပြောသည်။
"အန်တီ ဘာသက်သေမှမရှိပဲ ပေါက်ကရတွေမပြောပါနဲ့ ၊ ကျွန်မဘာမှမလုပ်ရသေးဘူး ၊ ဆွေ့ဆွေ့က စားပွဲခုံစွန်းနဲ့ဆောင့်မိပြီး နာနာကျင်ကျင်နဲ့ငိုနေတာ ၊ အဲဒါကသာမာန်ပဲမဟုတ်လား"။
သူ(မ)နာသွားသေးလား?
သူ(မ)ကုန်တင်ကားကြီးနှင့်တိုက်ခံရချိန်တွင် နာကျင်မှုကို စုယွီချင်းအမှတ်ရနေသေးသည်။ သူ(မ)တစ်ကိုယ်လုံးရှိအရိုးများက တစ်မုဟုတ်ချင်းတွင် ကျိုးကြေသွားပုံရသည်။ အထူးသဖြင့် သူ(မ)၏ရင်ဘတ်နေရာက နာကျင်လွန်း၍ အသက်ရှူကျပ်မတတ်ပင်ဖြစ်သွားခဲ့သည်။
ထိုအရာအားလုံးက ဖုန်းယောက်ချင်း၏ သမီးကောင်းလေး ကုဆွေ့ဆွေ့ကြောင့်ပင်ဖြစ်သည်။
ယခုတော့သူ(မ)ဘာသာသူ(မ)စားပွဲခုံစွန်းနှင့်တိုက်မိသောသူက အဘယ်ကြောင့်ငိုနေရပါသနည်း။
အရင်ဘဝတွင် သူ(မ)သေဆုံးသွားခဲ့စဥ်က နာကျင်ခဲ့ရသလား?
"မင်းလိမ်နေတာပဲဖြစ်ရမယ်"။ ဖုန်းယောက်ချင်းက ထုံးစံအတိုင်းသူ(မ)စကားကို အယုံအကြည်မရှိပေ။ ဤနားနေခန်းတွင် ဆွေ့ဆွေ့နှင့်သူ(မ)နှစ်ဦးသာရှိနေခဲ့သည်။ ဆွေ့ဆွေ့ကယခုကဲ့သို့ရုတ်တရက်ကြီးထငိုတော့သည်။ တရားခံကသူ(မ)မဟုတ်လျှင်အခြားမည်သူရှိနိုင်သေးသနည်း။
စုယွီချင်း၏အဒေါ်ကသတင်းကြားပြီးနောက် အပြေးအလွှားလာပြီး အဖြစ်အပျက်နှင့်ကိစ္စတစ်ခုလုံး၏သက်ရောက်မှုကိုရှင်းပြကာ စိတ်ရှည်လက်ရှည်နှင့်ပြောလာသည်။
"မိန်းကလေးရေ ကျွန်မတို့ရဲ့ကလေးကလည်းရှင်းပြပြီးပြီပဲ ၊ မယုံဘူးဆိုရင် မိန်းကလေးရဲ့ကလေးလည်းအဲဒီမှာရှိနေခဲ့တာပဲ ၊ သူ(မ)ကိုအရင်ဆုံးမေးကြည့်လိုက်ပါလား"။
သူ(မ)၏တူမအရင်းကိုသူ(မ)ထက်မည်သူကမှ ပိုနားမလည်နိုင်ပေ။ တူမလေးက ဤသို့သောကလေးလေးကို အနိုင်ကျင့်သည်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။
"အန်တီ အဲဒီလိုမျိုးယုတ္တိမတန်တဲ့လူတွေကို သမီးတို့စကားပြောနေစရာမလိုဘူး"။ စုယွီချင်းက ဇာတ်ကောင်နေရာအတွက်လူရွေးပွဲအောင်မြင်ခဲ့သည်။ ယနေ့တွင်စာချုပ်လက်မှတ်ထိုးရန် အုပ်ထိန်းသူလိုအပ်သော်လည်း သူ(မ)၏အဖေကိုအကူအညီမတောင်းလိုသောကြောင့် အဒေါ်ဖြစ်သူကိုခေါ်လာခဲ့ခြင်းဖြစ်သည်။
မျက်ရည်စက်လက်ဖြစ်နေသော ကုဆွေ့ဆွေ့က လူတိုင်းသူ(မ)နှင့်ပတ်သတ်ပြီးအငြင်းအခုံ့ဖစ်နေကြသည်ကို ကြားသောအခါ ဆို့နင့်နေရင်းရှင်းပြလိုက်သည်။ "မေမေ အဲ့မမပြောတာအမှန်ပဲ ၊ သမီးဘာသာသမီးစားပွဲခုံအစွန်းနဲ့တစ်ကယ်တိုက်မိသွားတာ"။
ထိုလူသားက သူ(မ)အပေါ်အငြိုးအတေးကြီးကြီးရှိသော်လည်း သူ(မ)ကိုဘာမှလုပ်ဖို့အချိန်မရလိုက်ပေ။
ဤတစ်ခေါက်တွင်ရှင်းပြရန် ကုဆွေ့ဆွေ့က
လက်ဦးမှုယူလိုက်သည်ကို တွေ့ရသောအခါ စုယွီချင်းက အရင်လို အပြစ်ကင်းပြီးအားနည်းချင်ယောင်မဆောင်တော့ပဲ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခုကိုသဘောပေါက်သွားပြီး အလျင်အမြန်အလွှတ်ပေးလိုက်သည်။
ဖုန်းယောက်ချင်းက သူ(မ)သမီး၏စကား
ကြောင့် ထိုကလေးမလေးအပေါ်အမြင်မပြောင်းသွားချေ။ ဤသည်က မိခင်တစ်ယောက်၏ ပင်ကိုဗီဇပင်ဖြစ်သည်။
ထိုကလေးမလေး ဆွေ့ဆွေ့၏မျက်လုံးကို ကြည့်နေပုံက သူ(မ)ကိုအလွန်စိတ်မသက်မသာဖြစ်စေသည်။ သူ(မ)တွင် မပြောပြတတ်သော ခံစားချက်မျိုးလည်းရနေသည်။ ထို့ကြောင့် ဤသည်က ထိုကလေးမလေးက သူ(မ)သမီးကိုငိုသွားအောင် လုပ်သောသူဟု သူ(မ)ယုံကြည်နေရသည့်အကြောင်းရင်းများမှ တစ်ခုဖြစ်သည်။
စုယွီချင်းကဖုန်းယောက်ချင်း၏သူ(မ)အပေါ်ရန်လိုမှုကို သတိပြုမိသည်။ သားအမိနှစ်ဦး၏ သရုပ်ဆောင်စွမ်းရည်ကို အမြဲတမ်းလိုလိုထိပ်တန်းပင်ဖြစ်သည်။ အထူးသဖြင့် မိထွေးဖြစ်သူကပိုတော်သည်။ သူ(မ)သရုပ်ဆောင်မဖြစ်လာခဲ့သည်မှာ နှမြောစရာကောင်းလှသည်။
ကံကောင်းစွာပင် သူ(မ)၏စိတ်ပျော့သောဖခင်က ဤနေရာတွင်ရှိမနေခြင်းဖြစ်သည်။ မဟုတ်လျှင် သူတို့သားအမိနှစ်ဦး၏ ကြာပန်းဖြူလုပ်ရပ်ကြောင့် သေချာပေါက် ဇဝေဇဝါဖြစ်နေဦးမည်ဖြစ်သည်။
"အစ်မကြီး ရှင့်ရဲ့သမီးကိုယ်တိုင်ကလည်း သူကစားပွဲခုံစွန်းနဲ့ မတော်တဆတိုက်မိတာပါလို့ ပြောပြီးသွားပြီ ၊ အကုန်လုံးကအထင်လွဲနေကြတာပါ ၊ ဒီမှာကျွန်မတို့မှားတာဘာမှမရှိဘူး ၊ ဒါကြောင့် ကျွန်မရဲ့ကလေးကိုအရင်ဆုံးခေါ်သွားလိုက်ပါ့မယ်"
ထိုသို့ပြောပြီးနောက် နှစ်ယောက်သားက နားနေခန်းမှထွက်သွားကြတော့သည်။
မလိုမုန်းထားမှုအရင်းအမြစ်ကြီး လုံးဝကွယ်ပျောက်သွားပြီးနောက် ငိုနေသောကုဆွေ့ဆွေ့က တဖြည်းဖြည်းစိတ်ငြိမ်လာသည်။ သို့သော် ထိုလူသားကသူ(မ)အား အဘယ်ကြောင့်ထိုမျှလောက် မုန်းနေသည်ကို နားမလည်နိုင်ပဲ အိမ်အပြန်တစ်လမ်းလုံး သူ(မ)စိတ်ဓာတ်ကျလာခဲ့သည်။
ထိုညတွင် ကုဆွေ့ဆွေ့အိပ်မက်မက်ခဲ့သည်။
အိပ်မက်ထဲက သူ(မ)က အိမ်အသစ်ဆီသို့ သူ(မ)အမေနောက်လိုက်သွားခဲ့သည်။ ပို၍ကျယ်ဝန်းသော အိမ်ထဲတွင် အရပ်မြင့်ပြီးချောမောသော ဦးလေးကြီးနှင့် ဆံကျစ်ကျစ်ထားသော အမျိုးသမီးငယ်တစ်ယောက်ရှိနေသည်။
ဤအိပ်မက်က မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဥာဏ်တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည်။
အိပ်မက်ထဲသို့ဖြတ်သွားလိုက်ပြီးနောက် ကုဆွေ့ဆွေ့က မူရင်းဝတ္ထု၏ ဇာတ်လမ်းကိုသိနေသော်လည်း မူလပိုင်ရှင်ကိုယ်တိုင်၏မှတ်ဥာဏ်က မြူမှုန်အထပ်ထပ်ပိတ်ဆီးနေသကဲ့သို့ မပီပြင်ဝိုးတဝါးဖြစ်နေသည်။
အိပ်မက်ထဲမှအချိန်က အလျင်အမြန်ကုန်ဆုံးသွားသည်။ သူ(မ)နှင့် သူ(မ)၏အမေ အိမ်အသစ်သို့ရောက်လာပြီးနောက် ကြားထဲတွင် ကိစ္စအများအပြားဖြစ်ပျက်သွားခဲ့သည်။ သို့သော် နောက်ကွယ်ကဖြစ်ရပ်များကိုပိုပြီးသိလာလေ ကုဆွေ့ဆွေ့ပိုပြီး ထိတ်လန့်လာရလေဖြစ်သည်။ သူ(မ)၏အစ်မက ကားမတော်တဆမှုနှင့်သေဆုံးသွားပြီး အတိတ်ဘဝတွင် သူ(မ)က မိန်းကလေးငယ်လေးအပေါ် မကောင်းသောအရာအမြောက်အမြားလုပ်ခဲ့မိကြောင်း သဘောပေါက်သွားတော့သည်။ ထိုမိန်းကလေးက ထို့ကြောင့် သူ(မ)အား အလွန်မုန်းတီးနေသည်မှာ မထူးဆန်းလှပေ။
ထို့အပြင် အိပ်မက်မှတစ်ဆင့် လျှို့ဝှက်ချက်တစ်ခုကို ကုဆွေ့ဆွေ့သိရှိသွားခဲ့သည်။
အိပ်မက်ထဲက မိန်းကလေးငယ်လေးက ဤဖျော်ဖြေရေးဝတ္ထု၏ အမျိုးသမီးဇာတ်လိုက်ဖြစ်ပုံရသည်။ သူ(မ)နောက်တစ်ကြိမ်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။
ထိုလူသားက သူ(မ)အား အဘယ်ကြောင့် ထိုမျှလောက်မုန်းတီးနေရသည့် အကြောင်းရင်းကို သိသွားပြီးနောက် ကုဆွေ့ဆွေ့အများကြီး နေလို့ကောင်းသွားခဲ့သည်။ အနည်းငယ်မှားနေသည်ဟု သူ(မ)ခံစားမိသော်လည်း မည်သို့ပင်ဆိုစေ အိပ်မက်ထဲမှ အစ်မအပေါ်မကောင်းသောအရာများလုပ်ခဲ့သည့်သူက သူ(မ)မဟုတ်ချေ။
သို့သော် သူ(မ)ကအခြားသူတစ်ဦး၏ ကိုယ်ထဲတွင်ရှိနေခြင်းဖြစ်သည်။ မူလပိုင်ရှင်ဘယ်ရောက်သွားမှန်း သူ(မ)မသိသော်လည်း သူ(မ)ကလူသားခန္ဓာကိုယ်စစ်စစ်ကို ယူခဲ့မိခြင်းဖြစ်သည်။ ဤသည်က ငြင်းလို့မရသော အဖြစ်မှန်ဖြစ်သည်။
ယခုသူ(မ)ဘာလုပ်သင့်သနည်း။
မူလပိုင်ရှင်က သူ(မ)ကို ခန္ဓာကိုယ်ပိုင်ရှင်အဖြစ်သတ်မှတ်လိုက်ပြီး စိတ်ပျက်စရာကောင်းအောင် သူ(မ)က မူလပိုင်ရှင်အဖြစ်နေပေးရမည်ဖြစ်သည်။
နုနုနယ်နယ်ကလေးလေးက သူ(မ)၏စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ နောက်ဆုံးတွင် သူ(မ) ဤခန္ဓာကိုယ်ထဲသို့ဖြတ်သွားပြီးလျှင် အစ်မထောင်ယောင်၏အပြောအရ ဤခန္ဓာကိုယ်အစိတ်အပိုင်း၏ အကျိုးသက်ရောက်မှုကို သည်းခံရန် သူ(မ)ကိုယ်သူ(မ)တွန်းအားပေးရမည်ဖြစ်သည်။
ကုဆွေ့ဆွေ့က သူ(မ)၏လက်သီးဆုပ်သေးသေးလေးကို ဆုပ်ထားလိုက်ပြီး အိပ်မက်ထဲမှမိန်းကလေးငယ်ကို တွေ့အောင်ရှာပြီး ဤအဖြစ်အပျက်နှင့်အကျိုးသက်ရောက်မှုကို အဆုံးသတ်မည်ဟု တိတ်တဆိတ် စိတ်ပိုင်းဖြတ်လိုက်သည်။
သူ(မ)က တာဝန်ယူမှုရှိသော နတ်သမီးကောင်းလေးတစ်ဦးဖြစ်သည်။
Xxxxxxxxx