အပိုင်း ၁၂
Viewers 15k

Chapter 12.1


 


ထိုနေ့တွင်တွေ့ခဲ့သော အမျိုးသမီးငယ်လေးက ဤဖျော်ဖြေရေးလောကတစ်ဖန်ပြန်လည်မွေးဖွားခြင်းဆောင်းပါး၏ အမျိုးသမီးဇာတ်လိက်ဖြစ်သည်ကို ကုဆွေ့ဆွေ့သိလိုက်ရသောအခါ သူ(မ)အားရှာမတွေ့နိုင်မည်ကို လုံးဝစိတ်မပူတော့ချေ။ 


 


 မျှော်လင့်ထားသလိုပင် ရိုက်ကူးရေးအဖွဲ့အသစ်၏ရိုက်ကွင်းပေါ်တွင် မကြာမီ သူတို့နှစ်ဦးပြန်လည်တွေ့ဆုံကြသည်။ 


 


ဒါရိုက်တာကျီလန်ရိုက်ကူးမည့် "ပါးကိုက်နားကိုက်" ရုပ်ရှင်ကို အင်ပါယာမြို့တော်မှ ကီလိုမီတာသုံးရာအကွာရှိ ရုပ်ရှင်နှင့်ရုပ်သံဇာတ်လမ်းတွဲဌာနချုပ်တွင်ရိုက်ကူးသွားမည်ဖြစ်သည်။ 


 


"ပါးကိုက်နားကိုက်" ဟူသောဇာတ်လမ်းက စစ်ပွဲကြောင့်နှစ်ပေါင်းများစွာကွဲကွာသွားပြီး ပြန်လည်စုံစည်းသည့်အခါ နှစ်ဦးလုံးမတူညီသောအဖွဲ့တွင်ရှိနေကြသည့် ကုန်သည်မိသားစုမှညီအစ်မနှစ်ဦး၏ ဇာတ်လမ်းပင်ဖြစ်သည်။ 


 


ဟုတ်ပါသည်။ ရိုက်ကူးရေးအဖွဲ့တွင်သရုပ်ဆောင်အငယ်နှစ်ဦးသာရှိသောကြောင့် သူတို့နှစ်ဦးက ညီအစ်မအဖြစ်သရုပ်ဆောင်ရမည်ဖြစ်သည်။ ဤတစ်ခေါက်တွင်ကုဆွေ့ဆွေ့က ညီမငယ်အဖြစ်သရုပ်ဆောင်ပြီး စုယွီချင်းကအစ်မကြီးအဖြစ်သရုပ်ဆောင်မည်ဖြစ်သည်။ 


 


သူ(မ)၏ညီမငယ်အဖြစ်သရုပ်ဆောင်ရမည့်သူက ကုဆွေ့ဆွေ့ဖြစ်ကြောင်း စုယွီချင်းသိသွားသောအခါ သူ(မ)မျက်နှာကပြောင်းလဲသွားခဲ့သည်။ 


 


ညီမငယ်လေးအဖြစ်သရုပ်ဆောင်ရမည့်သူက အဘယ်ကြောင့်ကုဆွေ့ဆွေ့အဖြစ်ပြောင်းသွားရပါသနည်း။ 


 


မဖြစ်နိုင်ပေ။ အဘယ်သို့ဖြစ်နိုင်မည်နည်း။ 


 


သူ(မ)၏ကြားဝင်စွက်ဖက်မှုကြောင့် ဤဘဝတွင်အချို့သောအရာများကလည်း လိုက်ပါပြောင်းလဲသွားသည်လား? 


 


သူ(မ)၏အရင်ဘဝတွင် ကုဆွေ့ဆွေ့က "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးမထွက်ခင်အထိ အခြားမည်သည့်ရုပ်ရှင်မှမရိုက်ကူးခဲ့သည်ကို စုယွီချင်းရှင်းရှင်းလင်းလင်းမှတ်မိပါသည်။ 


 


ဤကလေးမလေးက "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးကြောင့် အစပိုင်းတွင် နာမည်ကြီးရေပန်းစားခဲ့သည်။ ဤရုပ်ရှင်မရှိလျှင် လက်အောက်ခံဘဝအဖြစ်သိမ်းသွင်းခံရသော မင်းသမီးငယ်လေး၏ဇာတ်ကောင်နေရာသာမရခဲ့လျှင် သူ(မ)၏သရုပ်ဆောင်စွမ်းရည်နှင့်ဆိုလျှင် အနာဂတ်တွင် လုံးဝအောင်မြင်မှုရှိလိမ့်မည်မဟုတ်။ သူ(မ)တွင်အလိုလိုက်ခံလိုပြီး အတ္တကြီးသောစရိုက်လက္ခဏာမျိုးရှိသော်လည်း အခြားသူများ၏ဇာတ်ကောင်နေရာများကို ပေါ်တင်ဖြစ်စေ တိတ်တဆိတ်ဖြစ်စေ လုယူခဲ့ပြီးဖြစ်သည်။ သူ(မ)၏ပရိသတ်များကလည်း အယောင်ဆောင်သူတော်ကောင်းသဏ္ဍာန်ဆောင်ထားပြီး သူ(မ)အားတတ်နိုင်သလောက် သည်းခံပေးသည်။ 


 


သူ(မ)ပြန်လည်မွေးဖွားလာသောအချိန်က မတော်တဆတိုက်ဆိုင်မှုမဟုတ်သည်မှာ နှမြောစရာကောင်းလှသည်။ ထိုအချိန်တွင် ကုဆွေ့ဆွေ့က "တိမ်မြှုပ်နေသော" ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ 


နှင့်စာချုပ်လက်မှတ်ထိုးပြီးသားဖြစ်သည်။ အဖွဲ့လိုက်သရုပ်ဆောင်အနေနှင့် ရိုက်ကူးရေးအဖွဲ့ထဲသို့ဝင်ရန် သူ(မ)ကြိုးစားခဲ့သော်လည်း မပြောင်းလဲနိုင်ခဲ့ပေ။ 


 


"မင်းတို့ကလေးနှစ်ယောက် ရိုက်ကူးရေးကိုအစောကြီးလာကြတာပဲ ၊ မနက်စာစားပြီးကြပြီလား ၊ အတူတူလာစားချင်လား"။ "တိမ်မြှုပ်နေသော" ရုပ်ရှင်ရိုက်ကူးရေး၏ တည်ကြည်လေးနက်သော ဒါရိုက်တာချန်းနှင့်နှိုင်းယှဥ်လျှင် ဒါရိုက်တာဟီကျီလန်၏ ပင်ကိုယ်စရိုက်က သိသိသာသာပင် အများကြီးပိုပြီး ပေါ့ပေါ့ပါးပါးဖြစ်သည်။ စုယွီချင်းကသူ(မ)၏ပုံရိပ်ကိုဂရုမစိုက်ချေ။ ယနေ့တွင်လည်း သူ(မ)ကဤနေရာကို ခဲရောင်ဂျာကင်အဟောင်းလေးဝတ်လာခဲ့ပြီး သူ(မ)၏ဆံနွယ်များကလည်း အတန်ငယ်ရှုပ်ပွနေပြီး မညှပ်ရသေးပေ။ 


 


ဇာတ်ညွှန်းတင်ထားသောစားပွဲပေါ်တွင် ကောက်နှံအုန်ဂျုံယာဂု ၊ ပေါင်းထားသောဘန်းမုန့် ၊ ပဲနို့ ၊ ဂျုံမုန့်ညက်ချောင်းကြော် စသည်ဖြင့် အစောပိုင်းမုန့်ပဲသရေစာများစွာရှိနေသည်။ 


 


ဟီကျီလန်က တစ်ယောက်တည်း နံနက်စာစားနေခြင်းမဟုတ်ပေ။ သူနှင့်အတူထိုင်နေသောမုတ်ဆိတ်တိုတိုနှင့်လူက ရွှေတံဆိပ်ဆုရ ရုပ်ရှင်စာရေးဆရာတစ်ဦးဖြစ်သည်။ သူတို့နှစ်ဦးက ပုဂ္ဂိုလ်ရေးရာ ဆက်ဆံရေးကောင်းကြပြီး ဤတစ်နှစ်တွင်လည်း နှစ်ဦးသားတစ်ဖန်အလုပ်တူတူတွဲလုပ်ကြဦးမည်ဖြစ်သည်။လွန်ခဲ့သောအ ခေါက်က သူတို့နှစ်ဦး ပူးပေါင်းထုတ်လုပ်ခဲ့သော စာပေရုပ်ရှင်က ထိုနှစ်စာပေလောကရုပ်ရှင်များ၏ ရုပ်ရှင်လက်မှတ်ရောင်းအားတွင် အထွတ်အထိပ်နေရာအသစ်ကိုဖန်တီးပေးခဲ့သည်။ 


 


ဤတစ်ခေါက်တွင်သူတို့နှစ်ဦး၏ပူးပေါင်းလုပ်ဆောင်မှုက ပိုပြီးအောင်မြင်မည်ကို စုယွီချင်းသိသည်။ အဘယ်ကြောင့်ဆိုသော် အရင်ဘဝတွင် "ပါးကိုက်နားကိုက်" ဟူသောရုပ်ရှင်ကိုထုတ်လွှင့်ခဲ့ပြီး ထိုရုပ်ရှင်ကအလွန်အမင်းရေပန်းစားသွားကာ ရုံလက်မှတ်တစ်ကုဋေအထိ ထိုးတက်သွားခဲ့သည်။ အမျိုးသမီးဇာတ်လိုက် 


နှစ်ဦးအဖြစ်သရုပ်ဆောင်သူတို့ကလည်း ထိုမှအကျိုးအမြတ်ရကာ တစ်ဆင့်တက်လှမ်းသွားတော့သည်။ 


 


ထိုတိကျသောအကြောင်းရင်းကြောင့်ပင် ပြန်လည်မွေးဖွားလာပြီးနောက် "ပါးကိုက်နားကိုက်" ရုပ်ရှင်ကားကြီးတွင် အမျိုးသမီးဇာတ်လိုက်၏ကလေးဘဝနေရာမှသရုပ်ဆောင်ရန် ပထမဆုံးအကြိမ်တွင် စုယွီချင်းကလူရွေးပွဲဝင်ပြိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ သူ(မ)၏အနာဂတ်တိုးတက်မှုအတွက် ဖျော်ဖြေရေးလောကတွင်ကြိုတင်ပြီး ပရိသတ်အခြေခံ အုတ်မြစ်ကောင်းကောင်းချလိုက်သည်ဟု မှတ်ယူနိုင်သည်။


ကလေးသရုပ်ဆောင်တစ်ဦး၏သရုပ်မှန်ကို သိရန်ကောင်းကောင်းအသုံးပြုလျှင် ပရိသတ်ကလည်းများသောအားဖြင့် သဘောကျကြမည်ဖြစ်သည်။ 


 


"ဒါရိုက်တာဟီ သမီး...." 


 


သရုပ်ဆောင်မှုကိုနှစ်ခြိုက်သောစုယွီချင်းက သူ(မ)ပထမဆုံးအကြိမ်အဖြစ်သရုပ်ဆောင်ရ 


မည့်ဇာတ်ကောင်နေရာအတွက် အတိုက်အခံစိတ်ရှိတတ်သည်။ ရုပ်ရှင်ကိုပိုပြီး လက်တွေ့ဆန်စေရန် ကြွက်တစ်အုပ်ဟိုဟိုဒီဒီပြေးနေသော အခန်းထဲတွင် နေလေ့ရှိခဲ့သည်။ သို့သော် ရုပ်ရှင်တစ်ခုထဲတွင် ကုဆွေ့ဆွေ့အား သူ(မ)၏ညီမလေးအဖြစ်သရုပ်ဆောင်စေသည်က တစ်ကယ့်ကိုလက်မခံနိုင်စရာဖြစ်သည်။ ထိုအကြောင်း 


စဥ်းစားလေလေ သူ(မ)သက်တောင့်သက်သာမရှိလာလေလေဖြစ်သည်။ 


 


ကလေးမလေးက သူ့အားပြောစရာတစ်ခုခုရှိသကဲ့သို့ တစ်ခဏမျှတုံ့ဆိုင်းနေသည်ကို ဟီကျီလန်တွေ့လိုက်သည်။ "ဘာဖြစ်လို့လဲ ၊ ဦးကတစ်ခုခုဖြစ်နေလို့လား?" 


 


စုယွီချင်းက တစ်ခဏမျှတိတ်ဆိတ်သွားပြီး ခေါင်းယမ်းကာ ပြောသည်။ "အဆင်ပြေပါတယ် မစ္စတာဟီ ၊  သမီးတို့ဘယ်အချိန်ရိုက်ကူးရေးစကြမလဲဆိုတာ မေးချင်လို့ပါ" 


 


 ထိုအခိုက်အတန့်တွင် "စိတ်ပေါက်လာလို့သမီးရှေ့ဆက်သရုပ်မဆောင်ချင်တော့ဘူး" ဟုသူ(မ)ပြောမိခါနီးပင်။  


 


မည်သို့ပင်ဆိုစေ ဤသို့သောအခွင့်အရေးကောင်းမျိုးကို သူ(မ)လက်လွှတ်မည်မဟုတ်။ သူ(မ)ညီမအဖြစ်သရုပ်ဆောင်မည့်သူက ကုဆွေ့ဆွေ့ဖြစ်နေလျှင်တောင် အတူတူပင်ဖြစ်သည်။ 


 


 "ပါးကိုက်နားကိုက်" ရုပ်ရှင်တွင် ပါဝင်ခွင့်ရသည်က စုယွီချင်းလက်ရှိတွေးမိသမျှတွင် ကလေးသရုပ်ဆောင်တစ်ယောက်၏ အကောင်းဆုံးအချိုးအကွေ့များထဲမှ တစ်ခုဖြစ်သည်။ အခြားတစ်ခုက "တိမ်မြှုပ်နေသော" ရုပ်ရှင်မှလက်အောက်ခံဘဝကျရောက်သွားသော မင်းသမီးငယ်လေးဇာတ်ရုပ်ပင်ဖြစ်သည်။ သို့သော်ထိုဇာတ်ကောင်နေရာအတွက် သူ(မ)ကအသက်အရွယ်အနည်းငယ်ကြီးနေပြီး မသင့်တော်လှပေ။ သူ(မ)၏ဘဝနှစ်ခုလုံးတွင် စိတ်အနှောင့်အယှက်အဖြစ်ဆုံးသော ကုဆွေ့ဆွေ၏ ဇာတ်ကောင်နေရာကို သရုပ်ဆောင်ခဲ့ပြီးသားဖြစ်သည်။ 


 


စုယူချင်းကဇာတ်ညွှန်းကိုယူလိုက်ပြီး နံဘေးရှိခုံဆီသို့လျှောက်သွားလိုက်ရင်း ပြောရမည့်စာကြောင်းများကို လေ့ကျင့်ရန် စီစဥ်လိုက်သည်။ ထိုသို့လုပ်မှ ရိုက်ကူးရေးစသည့်အခါ စာကြောင်းများမမေ့မှာဖြစ်သည်။  


 


"မမအာလူးကြော်စားလား ၊ သမီးဆီမှာသခွားသီးနဲ့ခရမ်းချဥ်သီးအရသာအာလူးကြော်တွေရှိတယ်" 


 


နုနုနယ်နယ်ကလေးလေးက သူ(မ)၏ကြင်နာမှုကို ရိုးရှင်းသောနည်းလမ်းလေးနှင့်ဖော်ပြလိုက်သည်။ ထိုနည်းလမ်းက သူ(မ)ယူလာသော မုန့်ပဲသရေစာကို ထိုလူသားနှင့်အတူမျှဝေစားရန်ဖြစ်သည်။ 


 


သို့သော် သူ(မ)၏ကြင်နာသောအပြုအမူလေးက သက်ဆိုင်သော တုံ့ပြန်မှုမျိုးကိုမရပဲ စက်ဆုပ်ရွံ့ရှာမှုကိုခံလိုက်ရသည်။ 


 


"ငါကအာလူးကြော်စားရတာတွေမကြိုက်ဘူး"။ စုယွီချင်းက သူ(မ)လက်ထဲရှိဇာတ်ညွှန်းကို ဖိညှစ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိလူများကိုမကြည့်ပဲ အေးစက်နေသောလေသံဖြင့်ပြောလိုက်သည်။ "ပြီးတော့ ငါနဲ့တရင်းတနှီးလာမနေနဲ့ ၊ ငါသူစိမ်းတွေနဲ့ရောရတာမကြိုက်ဘူး ၊ အထူးသ 


ဖြင့်နင်နဲ့ပေါ့" 


 


အရွယ်မရောက်သေးပဲ ဆိုးလာသောကုဆွေ့ဆွေ့ကိုတွေ့ရသောအခါ စုယွီချင်းတစ်ယောက် ဘာလုပ်ရမည်မှန်းမသိတော့ချေ။  


 


သူ(မ)ဆွေ့ဆွေ့ကိုမုန်းသည်။ သို့သော်ဆွေ့ဆွေ့အရွယ်ရောက်လာသောအခါ ပို၍မုန်းမိသည်။ယခုမူကုဆွေ့ဆွေ့က သုံးနှစ်အရွယ်သာရှိသေးသည်။ သူ(မ)စိတ်ထဲတွင် ဆွေ့ဆွေ့အားမုန်းသော်လည်း ဤအရွယ်ကလေးတစ်ယောက်အပေါ် အရေးယူရန်က မဖြစ်နိုင်ချေ။ သူ(မ)တစ်နေ့တွင် ဖြေရှင်းချက်တစ်ခုကို မစဥ်းစားနိုင်မချင်း မည်သည့်အရာကမှ ရှင်းလင်းဦးမည်မဟုတ်ပေ။ 


 


ဤလိမ္မာသောညီမလေးအားမည်သို့လက်တုံ့ပြန်ရမည်ကို စုယွီချင်းမသိသေးသော်ငြားလည်း တစ်ခုကိုတော့သူ(မ)သိသည်။ ထိုအရာက  ဤကလေးမလေးနှင်် သူ(မ)ဘာအရောတဝင်မှ မပြုလိုခြင်းဖြစ်သည်။ 


 


ဤကလေးမလေးက အတန်ကြာအောင်စိုက်ကြည့်ရင်း သူ(မ)ရင်ထဲတွင်အမုန်းတရားများ ပွင့်ထွက်လာပြီး မထိန်းချုပ်နိုင်လောက်သောအရာတစ်စုံတစ်ခုကိုလုပ်လိုက်မိမည်ကို သူ(မ)စိုးရိမ်နေမိသည်။ 


 


"တစ်ခြားပြောစရာရှိသေးလို့လား ၊ အဆင်ပြေတယ်ဆိုရင် ငါပြောရမဲ့စာကြောင်းတွေကို ပြန်ရွတ်တော့မယ်" ။ သူ(မ)၏စကားလုံးများတွင် လူများကိုမောင်းထုတ်နေသည့်အဓိပ္ပါယ်က သိသာလှသည်။ ဝါချိုချဥ်လေးက မည်မျှပင်နုံအပါစေ စုယွီချင်း၏ခံစားချက်အတက်အကျများကို အာရုံခံမိသည်။ 


 


"ကောင်းပြီ မမကိုသမီးအနှောက့်အယှက်မပေးတော့ပါဘူး"။ 


ဤလူသားကသူ(မ)အားအဘယ်ကြောင့်ထိုမျှလောက်မုန်းနေရသည့်အကြောင်းရင်းကိုသိသွားပြီးနောက် ထိုအကြောင်းရင်းကိုတတ်နိုင်သမျှကျေပေးစေလိုပြီး ထိုလူသားသူ(မ)အပေါ်တွင်ထားနေသည့် အငြိုးအတေးကို ရှင်းထုတ်ပစ်ချင်သည်။ 


 


သူ(မ)တရင်းတနှီးနေမိသည်နှင့် အရှေ့တွင်ရှိနေသော အမျိုးသမီးငယ်လေး၏ ဂရုဏာမဲ့စွာ မောင်းထုတ်ခြင်းခံရမည်ဆိုတာကို အဖြစ်မှန်များကိုသက်သေပြသွားခဲ့ပြီးဖြစ်သည်။ သူ(မ)ကိုလည်း တရင်းတနှီးနေရန် ဘာအခွင့်အရေးမှပေးလိမ့်မည်မဟုတ်ပေ။ 


 


ကံကောင်းခြင်း၏အကျော်ဇေယျမိန်းကလေးဖြစ်သော အစ်မထောင်ယောင်သာ ဤနေရာတွင်ရှိခဲ့လျှင် သူ(မ)ထိုသူနှင့် တရင်းတနှီးနေချင်လိမ့်မည်မဟုတ်။ ထိုမိန်းကလေး၏မျက်ဝန်းထဲရှိအကြည့်များက ကြောက်စရာကောင်းလှသည်။


သူ(မ)မျက်ဝန်းထဲရှိ အမူအရာများက ထိထိရောက်ရောက်ရှိနိုင်လျှင် ထိုအခိုက်အတန့်တွင် ဆွေ့ဆွေ့ထံတွင်သူ(မ)မလိုချင်သောအရာများ 


နှင့်ပြည့်နှက်နေသည်ကို နုနုနယ်နယ်နယ်ကလေးလေး ဆွေ့ဆွေ့ကခံစားမိသည်။ 


 


အစီအစဥ်ကပြောင်းလဲမှုများနှင့် ဘယ်တော့မှအမှီလိုက်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုလူသားအားကြင်နာမှုကိုထုတ်ပြရန်ဆောင်ရွက်ချက်ကို ယခုလေးတင်စတင်လိုက်သော အကောင်အထည်ဖော်မှုက တစ်ဆို့သွားသည်။ ကြံရာမရသည့်အဆုံး ကုဆွေ့ဆွေ့က သူ(မ)၏အကြိုက်ဆုံး အာလူးကြော်ထုတ်နှစ်ထုတ်ကိုကိုင်ထားပြီး တွေဝေသောအမူအရာနှင့်ထွက်သွားတော့သည်။ 


 


ကုဆွေ့ဆွေ့နှင့်စုယွီချင်းတို့ပထမဆုံးရိုက်ရမည့်ဇာတ်ဝင်ခန်းမှာ ရီပဗ္ဗလစ်ကန်ပုံစံ အိမ်ကြီးတွင်ဖြစ်သည်။ ညီအစ်မနှစ်ဦးက ငယ်ရွယ်စဥ်တွင် ပူပန်ကြောင့်ကြကင်းသောဘဝကိုပိုင်ဆိုင်ခဲ့သည်။ သူတို့တွင် အစားအစာ အဝတ်အစားပြတ်လပ်ခြင်းမရှိပေ။ သူတို့၏ဖခင်ကဘစီးပွားရေးလုပ်ပြီး ချမ်းသာကြွယ်ဝသည်။ မိဘနှစ်ပါး၏သေဆုံးမှုနှင့် စစ်ပွဲကြောင့်သာမဟုတ်လျှင် ဇာတ်လမ်းဇာတ်ကွက်များများဟားစားရှိလိမ့်မည်မဟုတ်ပေ။ အဖြစ်ဆိုးတစ်ခုဖြစ်ပျက်သွားခဲ့သည်။ 


 


"ရား! နင်တို့နှစ်ယောက် ဘာဖြစ်နေတာလဲ" 


 


Xxxxxxx


Chapter 12.2


"ရား! နင်တို့နှစ်ယောက် ဘာဖြစ်နေတာလဲ" 


 


သူတို့နှစ်ဦး အတန်ကြာသရုပ်မဆောင်ခင်တွင် ဒါရိုက်တာဟီကျီလန်က ရိုက်ကူးရေးအဖွဲ့တစ်ခုလုံးကိုရပ်ခိုင်းလိုက်သည်။ ကလေးသရုပ်ဆောင်နှစ်ဦးထံသို့လျှောက်သွားလိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။ 


 


"ဒီဇာတ်ဝင်ခန်းမှာ ညီအစ်မနှစ်ယောက်ကြားလေးနက်တဲ့ဆက်ဆံရေးကို မင်းတို့သရုပ်ဆောင်နေကြတာ သေချာရဲ့လား"။ သူကဘေးတစ်ဖက်တွင်ရှိနေသော စုယွီချင်းကိုကြည့်ရင်း အားပါပါပြောလိုက်သည်။ "မင်းကအခုမင်းညီမကိုချစ်တဲ့ အစ်မကောင်းတစ်ယောက်ပဲ ၊ မင်းညီမကမင်းထက်အများကြီးငယ်တယ် ၊ ဒါကြောင့်မင်းကသူ(မ)ကိုမသိစိတ်ကနေ တယုတယဖြစ်နေရမယ် 


ချစ်ရမယ် ၊ သူ(မ)ကိုဂရုစိုက်ရမယ် ၊ အဲဒါမှငယ်ငယ်တုန်းက မင်းတို့ညီအစ်မနှစ်ယောက်က ဆက်ဆံရေးကောင်းတယ်ဆိုတာကို ပရိသတ်ကတစ်ချက်လေးကြည့်ရုံနဲ့ သိနိုင်မှာပေါ့" 


 


"ပြီးတော့ မင်းရောပဲ အခုလေးတင်ကင်မရာရှေ့မှာ ဘာမျက်နှာထားလုပ်လိုက်တာလဲ? ငါ့မျက်နှာပေါ်မှာ မကြိုက်ဘူး ဆိုတဲ့စကားလုံးကို ရှင်းရှင်းလင်းလင်းချရေးမိတော့မလို့ပဲ ၊ မသိရင် မင်းတို့နှစ်ယောက်က အချိန်အကြာကြီးဝေးနေကြသလိုပဲ ၊ ရုပ်ရှင်ထဲမှာမင်းကမင်းအစ်မကိုတမင်သက်သက်အဆုံးခံလိုက်သလိုပဲ" 


 


ဤဇာတ်ဝင်ခန်းက ပရိသတ်အားထိုကဲ့သို့ခံစားချက်မျိုးပေးလျှင် သူတို့ဤရုပ်ရှင်ကို အဘယ်ကဲ့သို့ဆက်ရိုက်ရတော့မည်နည်း။ 


 


ဒါရိုက်တာဟီကျီလန်၏ဆုံးမစကားကိုနားထောင်ပြီးနောက် စုယွီချင်းက ခေါင်းကိုအသာလေးနိမ့်ချလိုက်သည် ဒါရိုက်တာဟီပြောသွားသော ပြဿနာများက အမှန်ဖြစ်သည်ကို သူ(မ)သိသောကြောင့် သူ(မ)စိတ်ထဲတွင် မကျေမနပ်မဖြစ်ပေ။ 


 


ယခုသူ(မ)၏အမူအရာများက နေရာတကျရှိမနေ။ ပညာရှင်ပီသသော သရုပ်ဆောင်တစ်ဦးရှိသင့်သည့်အမူအရာမျိုး သူ(မ)တွင်လုံးဝရှိမနေပေ။ သရုပ်ဆောင်အသစ်များလောက်ပင် မကောင်းပေ။ ကုဆွေ့ဆွေ့က သူ(မ)အား ပွေ့ဖက်ရန်ကြိုးစားသည်။ ဆွေ့ဆွေ့အား အဝေးတွင်နေစေရန် တွန်းထုတ်လိုသောကြောင့် သူ(မ)၏ကိုယ်က တောင့်နေသည်။ 


 


"တောင်းပန်ပါတယ် ဒါရိုက်တာဟီ ၊ သမီးစိတ်အခြေအနေမကောင်းသေးလို့ပါ ၊ ပြင်ဆင်ဖို့အတွက် အချိန်နည်းနည်းလေးပေးလို့ရမလား ၊ နောက်တစ်ခါကျရင် ဒီလိုမဖြစ်စေရဘူးလို့ ကတိပေးပါတယ်" 


 


စုယွီချင်းထိုသို့ပြောပြီးနောက် ဟီကျီလန်က သူ့လက်ယာဘက်တွင်ရှိနေသော ကလေးငယ် ကုဆွေ့ဆွေ့ကိုကြည့်လိုက်သည်။ သူ(မ)ကငယ်လွန်းသေးသည်။ ရိုက်ကူးရေးအမှားအတွက် သူ(မ)တွင်တာဝန်မရှိပေ။ သူ၏လေသံကအတန်ငယ်နူးညံ့သွားသည်။ "ဆွေ့ဆွေ့ သမီးရောပဲနော် ၊ သမီးကဘဝမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ သမီးရဲ့အစ်မကြီးကို အရမ်းမှီခိုအားကိုးတတ်တဲ့ ညီမလေးဆိုတာ သတိရပါ ၊  သမီးသူ့ရဲ့လက်မောင်းထဲဝင်သွားတဲ့အခါမှာ တတ်နိုင်သလောက် သဘာဝကျကျလေး သရုပ်ဆောင်ရမယ် ၊ သမီးမိသားစုအပေါ်အလိုလိုက်ခံရပြီးဆိုးနေသလိုမျိုး ခါတိုင်းလိုပဲသရုပ်ဆောင်လို့ရတယ်" 


 


ကုဆွေ့ဆွေ့ကဝါဖျော့ဖျော့မျက်ဝန်းလှလှတစ်စုံကို ပေကလက်ပေကလက်လုပ်ရင်း ခေါင်းညိမ့်ကာ ခပ်ပြတ်ပြတ်ပြောလိုက်သည်။ "ဦးဦးဒါရိုက်တာ သမီးကြိုးကြိုးစားစားလုပ်ပါ့မယ်"။ 


 


မည်သို့ပင်ဆိုစေ သူတို့ကကလေးငယ်လေးများသာဖြစ်သည်။ ထို့ကြောင့် သူတို့အပေါ် ကြမ်းတမ်းလွန်း၍မရချေ။ 


 


ဟီကျီလန်ကိုယ်တိုင်ကလည်း ဒေါသထွက်လွယ် စိတ်ဆိုးလွယ်သော ဒါရိုက်တာတစ်ဦးမဟုတ်ပေ။ သူကဒေါသအမြန်ထွက်ပြီး အမြန်ပင်ပြေပျောက်သွားတတ်သော သူမျိုးဖြစ်သည်။ ကလေးသရုပ်ဆောင်နှစ်ဦးက အမှားကိုဝန်ခံတတ်သော သဘောထားမျိုးရှိသောကြောင့် သူလည်းထပ်ပြီးအပြစ်မတင်လိုတော့ချေ။ "မင်းတို့ကလေးနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်အရင်ဆုံးသိအောင်လုပ်ပြီး အချင်းချင်းခံစားချက်တွေကို အတူတူရှာကြ ၊ နောက်ကျရင် ဒီမကျေမလည်ဖြစ်နေတာတွေကို အပြီးသတ်နိုင် 


လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်" 


 


တစ်ကယ်တမ်းတွင် ထိုကလေးသရုပ်ဆောင်နှစ်ဦးကိုသူအတော်လေး ကျေနပ်အားရမိပါသည်။ တစ်ဦးက လောင်ချန်းကိုယ်တိုင်ထောက်ခံပေးထားသော သူ့နဂိုရိုက်ကူးရေးအဖွဲ့ရှိ သရုပ်ဆောင်ငယ်လေး ကုဆွေ့ဆွေ့ဖြစ်သည်။ ကလေးမလေး၏ မျက်နှာပေါက်က အလွန်လှပြီး သူ(မ)၏မျက်လုံးဝိုင်းများက ဘာကြောင့်မှန်းမသိ အမျိုးသမီးဇာတ်လိုက်နံပါတ်နှစ်အဖြစ် သရုပ်ဆောင်သောဖူရင်းဂယူ၏မျက်လုံးများ 


နှင့်တူနေသည်။ အရေးကြီးဆုံးအရာမှာ သူ(မ)၏အသွင်အပြင်က ရုပ်ရှင်နောက်ကွယ်ကဇာတ်လမ်းဇာတ်ကွက်ကို အပြုသဘောသက်ရောက်စေပြီး အကူအညီကြီးကြီးဖြစ်စေသည်။ 


 


ပြောရမည်ဆိုလျှင် ဤကလေးမလေးက ပင်ကိုပရိသတ်ကံကြမ္မာရှိသည်။ ဘာမှမလုပ်ပဲ ဒီတိုင်းရပ်နေလျှင်ပင် လူအများသဘောကျလာအောင် လုပ်နိုင်သည်။ 


 


အခြားကလေးသရုပ်ဆောင်တစ်ဦးကမူ သူ(မ)ကိုယ်တိုင်လူရွေးပွဲဝင်ပြိုင်ခဲ့ခြင်းဖြစ်သည်။ 


 


လူရွေးပွဲဝင်ပြိုင်စဥ်က စုယွီချင်း၏ သရုပ်ဆောင်မှုက သူ့အားအံ့သြသွားစေသည်။ ထိုနေ့တွင် ကလေးဒါဇင်နှင့်ချီပြီး တစ်သီတစ်တန်းကြီးလူရွေးပွဲဝင်ခဲ့ကြသော်လည်း သူတို့ထဲကတစ်ယောက်မှ သူ့အား အထူးတလှယ်ကျေနပ်အားရစေခြင်းမရှိခဲ့ပေ။ သူလက်လျှော့ပြီး တစ်ယောက်ကိုမှ မရွေးချင်ခဲ့ပေ။ အရင်ဆုံးရိုက်ကူးရေးလုပ်လိုက်သည်ကအကောင်းဆုံးဖြစ်လိမ့်မည်ဟုတွေးခဲ့သည်။ သို့သော် ကံကောင်းစွာဖြင့် စုယွီချင်း၏သရုပ်ဆောင်မှုကို နောက်ဆုံးရောက်မှ သူတွေ့ခဲ့သည်။ ဒါဇင်နှင့်ချီပြိုင်ပွဲဝင်ကြသောကလေးများထဲတွင် သူ(မ)က သူ့စိတ်ထဲတွင်လိုချင်သော ခံစားချက်မျိုးကို သရုပ်ဆောင်ပြနိုင်သော တစ်ဦးတည်းသော ကလေးသရုပ်ဆောင်ဖြစ်သည်။ ထို့ကြောင့် တုံ့ဆိုင်းခြင်းမရှိပဲ ထိုကလေးမလေးကိုသူရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။ 


 


သို့သော် ယနေ့တွင် အလွန်များပြားလှသောဝန်ထမ်းများကို တစ်စုတည်းတွေ့လိုက်ရသောကြောင့် သူ(မ)အနည်းငယ် မသက်မသာဖြစ်နေ၍လားမသိပေ။ သူ(မ)၏သရုပ်ဆောင်မှုက လူရွေးပွဲနေ့တုန်းကထက် အများကြီး ပိိုကောင်းသည်။ 


 


သူတို့၏စိတ်ကိုပြင်ဆင်ရန် အချိန်ပေး နေရာပေးပြီး ဒါရိုက်တာဟီကျီလန်ထွက်သွားသည်ကို မြင်သောအခါ စုယူချင်းကအသက်ပြင်းပြင်းရှုလိုက်ရင်း ကုဆွေ့ဆွေ့နှင့်မျက်နှာချင်းဆိုင်သောအခါ သူ(မ)ဒေါသမထွက်မိရန် ဘာလုပ်ရမည်ကိုစဥ်းစားနေလိုက်သည်။ 


 


ဤအခွင့်အရေးကောင်းကို သူ(မ)လက်မလွှတ်ချင်ပေ။ ဤဇာတ်ကောင်နေရာက ပေါ့ပါးသောပင်ကိုစရိုက်လေးရှိပြီး ရုံလက်မှတ်ရောင်းအားကလည်း မနိမ့်လှပေ။ သူ(မ)ကောင်းကောင်းသရုပ်ဆောင်နိုင်သရွေ့ ပရိသတ်အမြောက်အမြားရလာရန် ဤရုပ်ရှင်ကိုသူ(မ) သေချာပေါက်အမှီပြုနိုင်မည်ဖြစ်သည်။ သူ(မ)ဤအလုပ်ကိုချစ်သောကြောင့် ရုပ်ရှင်ရိုက်ရန်အခွင့်အရေးတိုင်းကို မြတ်နိုးတန်ဖိုးထားရမည်ဖြစ်သည်။ 


 


ကုဆွေ့ဆွေ့နှင့်ညီအစ်မအဖြစ်အတူတူရိုက်ရသောကြောင့်မဟုတ်ပေလား? ကုဆွေ့ဆွေ့ကို သူ(မ)၏အရင်ဘဝတွင် မတွေ့ခဲ့ရပေ။ ထို့ 


ကြောင့် ဘာမှခက်ခက်ခဲခဲဖြစ်လိမ့်မည်မဟုတ်။ 


 


"မမ ဒါရိုက်တာဦးဦးပြောသလိုပဲ သမီးတို့တစ်ယောက်နဲ့တစ်ယောက်သိအောင်လုပ်ကြစို့ ၊ အဲဒါမှ နောက်ရိုက်ကွင်းမှာ အဆင်ပြေပြေသရုပ်ဆောင်နိုင်မှာလေ"။ ကြင်နာမှုကိုဖော်ပြရန်စဥ်းစားနေသေးသော ကုဆွေ့ဆွေ့က တစ်ခဏမျှတုံ့ဆိုင်းနေပြီး  လွယ်လွယ်ကူကူအရှုံးမပေးပဲ ယနေ့ထပ်ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ "သမီးနာမည်က ကုဆွေ့ဆွေ့ပါ ၊ ဒီနှစ်မှာ သမီးအသက်က သုံးနှစ်ခွဲရှိပါပြီ ၊ မမရောဘယ်လိုလဲ" 


 


စုယွီချင်း၏နှုတ်ခမ်းသားတို့လှုပ်ရှားသွားသည်။ သူ(မ)ကိုထိုကလေးလေးထပ်ပြီး အနှောင့်အယှက်မပေးစေလိုတော့ပေ။ သို့သော် ဆိုးရွားသောရိုက်ကူးရေးအခြေအနေကို တွေးမိသွားသည်။ သူ(မ)ပြောမည့်စကားကို မြိုသိပ်လိုက်သည်။ "ငါ့နာမည်က စုယွီချင်းပါ" 


 


စုယွီချင်းသဘောထားပြောင်းသွားပြီး အချင်းချင်းနာမည်ဖလှယ်ကြရန် အလိုရှိသည်ကို ကုဆွေ့ဆွေ့သိလိုက်သည်။ သူ(မ)၏မျက်ဝန်းလေးများတောက်လာကာ အသံလေးကလည်းချိုချိုသာသာလေးဖြင့်ပြောလိုက်သည်။ "ဒါဆိုရင် အခုကစပြီး မမစုလို့ခေါ်မယ်နော်" 


 


မျက်နှာပေါ်တွင်မြူမှုန်တစ်မှုန်မျှပင်မရှိပဲ သူ(မ)အားတောက်ပစွာပြုံးပြနေသော ကလေးမလေးကိုကြည့်ရင်း စုယွီချင်း၏စိတ်တို့ရှုပ်ထွေးလာရသည်။ 


 


အသက်သုံးနှစ်အရွယ်ကလေးနှင့် ခြောက်နှစ်အရွယ်ကလေးတို့၏ပင်ကိုစရိုက်က တစ်ကယ်ပဲ အလွန်ကွာခြားနိုင်သည်လား? 


 


သူ(မ)ကိုယ်တိုင်မျက်စိနှင့်သောတပ်အပ်မမြင်ခဲ့လျှင် စုယွီချင်းယုံနိုင်မည်မဟုတ်ပေ။ သုံးနှစ်အရွယ်ကုဆွေ့ဆွေ့က ကောင်းမွန်ပြီးနူးညံ့သော ပင်ကိုစရိုက်ရှိသည်။ သူ(မ)ကတော့ ကုဆွေ့ဆွေ့ကို မလိုမုန်းထားနေသည်။ ကုဆွေ့ဆွေ့အားသူ(မ)တစ်ခါမှ မျက်နှာသာမပေးခဲ့သော်လည်း ဆွေ့ဆွေ့ကရယ်မောနေနိုင်သေးသည်လား။ 


 


စုယွီချင်းကိုယ်တိုင်လည်း သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် ဤကလေးမလေး၏အပြုံးက စစ်မှန်ပြီး သရုပ်ဆောင်လုပ်ယူနေသည့်အရိပ်အယောင်မျိုးမပါချေ။ ထို့အပြင် အသက်သုံးနှစ်မျှသာရှိသေးသော ကုဆွေ့ဆွေ့ကာ အကြံအစည်ကြီးကြီး ကြံစည်နေသည်မျိုးလည်း မဖြစ်နိုင်ပေ။ 


 


ဟီကျီလန်က သရုပ်ဆောင်ငယ်လေးနှစ်ဦးကို အချိန်တစ်ချို့ပေးထားလိုက်သည်။ ထို့နောက် ရိုက်ကူးရေးပြန်စသောအချိန်တွင် ကင်မရာရှေ့မှသရုပ်ဆောင်မှုက ယခင်သရုပ်ဆောင်မှုထက် အမှန်တကယ့်ကို အများကြီး ပိုကောင်းလာသည်။ သူတို့နှစ်ဦးလည်း ညီအစ်မရင်းချာခံစားချက်မျိုး ရလာကြသည်။ 


 


သို့သော်သူကျေနပ်အားရမှုမရှိသေးသောကြောင့် ကလေးမလေးနှစ်ယောက်အား နောက်ထပ်အနည်းငယ်ထပ်ရိုက်ကူးပေးရန် တောင်းဆိုလိုက်သည်။ နောက်ထပ်မတူညီသောရိုက်ကွက်အနည်းငယ်ရိုက်ကူးပြီးနောက် ဇာတ်ဝင်ခန်းကိုအပြီးသတ်လိုက်သည်။


ယနေ့မနက်တွင် ကလေးနှစ်ယောက်က ဤဇာတ်ဝင်ခန်းရိုက်ကူးပြီး နောက်ထပ်ရိုက်ကူးမည့်ဇာတ်ဝင်ခန်းက အမျိုးသမီးဇာတ်လိုက်နံပါတ်နှစ်၏ ဇာတ်ဝင်ခန်းဖြစ်သည်။ 


 


သရုပ်ဆောင်များရိုက်ကူးရေးပြီး၍ ယနေ့အတွင်းအခြားရိုက်ကူးစရာဇာတ်ဝင်ခန်းမရှိတော့လျှင် ပြန်ပြီးအနားယူနိုင်သည်။ ရိုက်ကွင်းပေါ်တွင် ဆက်နေလို့လည်းရသည်။ 


 


"ပါးကိုက်နားကိုက်" ရိုက်ကူးရေးအဖွဲ့က ရုပ်ရှင်နှင့်ရုပ်သံဇာတ်လမ်းတွဲ ဌာနချုပ်အနီးအနားတွင် သရုပ်ဆောင်များနှင့်ရိုက်ကူးရေးအဖွဲ့သားများနားနေနိုင်ရန် ဟိုတယ်ဌားပေးထားသည်။ 


 


ဖုန်းယောက်ချင်းက ဤတစ်ခေါက်တွင်သူ(မ)သမီးနှင့်အတူလိုက်လာပြီး တစ်ခန်းထဲတွင်နေကြသည်။ ကုဆွေ့ဆွေ့လေးကငယ်လွန်းပြီး မြို့ပြင်တွင်ရိုက်ကူးရေးလုပ်ရသောကြောင့် ရိုက်ကူးရေးအဖွဲ့က မိဘအားအဖော်လိုက်ပါခွင့်ပြုလိုက်ခြင်းဖြစ်သည်။ 


 


အမျိုးသမီးဇာတ်လိုက်နံပါတ်တစ်နှင့် နံပါတ်တစ်က ကုမ္ပဏီတစ်ခုတည်းမှနာမည်ကျော်ရှောင်ဟောင်ဒန်ကျီမင်းနှင့် ဖူရင်းဂယူတို့ဖြစ်ကြောင်း "ပါးကိုက်နားကိုက်" ရိုက်ကူးရေးအဖွဲ့က လွန်ခဲ့သောအချိန်တော်တော်ကြာကြာတည်းက တရားဝင်ကြော်ငြာထားပြီးဖြစ်သည်။ 


 


ဤအဖြစ်အပျက်ကြောင့် မင်းသမီးနှစ်ယောက်၏ ပရိသတ်များက အင်တာနက်ပေါ်တွင် ပွက်လောရိုက်နေကြသည်။ 


 


ဖူရင်းဂယူ၏ပရိသတ်များက အစ်မယန်မင်းတွင် သရုပ်ဆောင်စွမ်းရည်ကောင်းကောင်းရှိလိမ့်မည်ဟု ထင်နေကြသည်။ ဇာတ်ကောင်နေရာမရှိတော့လျှင်ကုမ္ပဏီတစ်ခုတည်းမှ ရုပ်ရှ်မင်းသမီးကို ယှဥ်ပြိုင်ရန် အဘယ်ကြောင့်အပင်ပန်းခံနေရမည်အဘယ်ကြောင့်အပင်ပန်းခံနေရမည်နည်း။ တရားမဝင်နည်းလမ်းများကို သုံးသောသူက ကျီမင်းပဲဖြစ်ရမည်။ ကျီမင်း၏ပင်ကိုစရိုက်က အမျိုးသမီးဇာတ်လိုက်နံပါတ်တစ်ဇာတ်ကောင်နေရာနှင့် သင့်တော်လိမ့်မည်ဟု သူ(မ)၏ပရိသတ်များက တွေးထင်ကြသည်။ ထို့အပြင် မည်သူက အမျိုးသမီးဇာတ်လိုက်နံပါတ်တစ်နေရာဖြစ်မည်ကို ဒါရိုက်တာက ရွေးချယ်ဆုံးဖြတ်မည်ဖြစ်သည်။ ဇာတ်ကောင်နှင့်ပို၍ သင့်တော်သောသူက ရွေးချယ်ခံရမည်ဖြစ်သည်။ ဖူရင်းဂယူ၏ပရိသတ်များက အကြောင်းရင်းမရှိပဲ ပြဿနာများဖြစ်စေသည်။ 


 


ထိုအခိုက်အတန့်တွင် အဝတ်လဲခန်းတွင်ထိုင်နေသော ဖူရင်းဂယူက အလွန်အကျည်းတန်နေသည်။ 


 


ဒါရိုက်တာဟီကျီလန်ရိုက်ကူးမည့် အမျိုးသမီးဇာတ်လိုက်နံပါတ်တစ်နေရာကို ဖြတ်လုခဲ့ရုံတင်မကပဲ ကုမ္ပဏီကလည်း ဤရုပ်ရှင်ထဲတွင် ကျီမင်းနှင့်တွဲဖက်သရုပ်ဆောင်ခိုင်းသောကြောင့် သူ(မ)၏စိတ်အခြေအနေက မည်သည့်အခါမှ ကောင်းလာတော့မည်မဟုတ်ပေ။ 


 


ဖူရင်းဂယူ၏ကိုယ်စားလှယ်ဖြစ်သူ ဟောင်ဖန်ကမူ သူ(မ)ခံစားချက်ဆိုးရွားပြီး မသက်မသာဖြစ်နေမှန်းမသိချေ။ 


 


ဤတစ်ခေါက်တွင် ကုမ္ပဏီ၏လုပ်ပုံကိုင်ပုံက တစ်ကယ့်ကို မမျှတချေ။ ရုပ်ရှင်ကားကြီးတွင် ကျီမင်းအားအမျိုးသမီးဇာတ်လိုက်နံပါတ်တစ်နေရာပေးရုံတင်မလုံလောက်သေးပဲ အဆင့်တူသောရင်းဂယူက သူ(မ)နှင့်တွဲဖက်သရုပ်ဆောင်ရန်လိုသေးသည်။ သူ(မ)ကသူဌေး၏သားနှင့်တွဲနေကြသည်မှာ သေချာသလောက်ရှိပြီး အပြုအမူများကလည်း ယခင်ကနှင့်ခြားနားနေသည်။ 


 


တိုးတက်မှုအရှိဆုံးသောကုမ္ပဏီ၏ အမျိုးသမီးအနုပညာရှင်နှစ်ဦးမှာ သူတို့နှစ်ယောက်ပင်ဖြစ်သည်။ ကျန်းရင်ဟောင်က လက်ထပ်သွားပြီး ကလေးယူလိုက်တည်းက ကုမ္ပဏီ၏ အစ်မကြီးနေရာက လစ်ဟာနေသည်။ မမျှော်လင့်ထားသောအရာတစ်စုံတစ်ခုမှမဖြစ်ခဲ့လျှင် သူတို့နှစ်ဦးအနက် တစ်ဦးက အစ်မကြီးနေရာကိုရမည်ဖြစ်သည်။ 


 


သို့သော် ဤသို့ဆတ်ဆတ်ထိမခံဖြစ်နေသောအချိန်ကာလတွင် ကုမ္ပဏီက အနုပညာရှင်များကို ငြင်းပိုင်ခွင့်မပေးပဲ ရင်းဂယူအား ကျီမင်းနှင့်တွဲပေးရန် ဆုံးဖြတ်လိုက်သည်။ ထိုအရာက လူအများကို ပိုမိုစဥ်းစားသွားစေသည်။ 


 


"ဒုတိယအမျိုးသမီးဇာတ်လိုက် ရင်းဂယူကတစ်ကယ်ကိုတော်တယ် ၊ ပထမအမျိုးသမီးဇာတ်လိုက်ထက်တော့ဆိိုးမှာမဟုတ်ဘူး ၊ မင်းသရုပ်ဆောင်တာ သူ(မ)ထက်တောင်ကောင်းသေးတယ် ၊ သရုပ်ဆောင်တဲ့နေရာမှာ ကျီမင်းကိုမင်းကျော်နိုင်တယ် ၊ ကျော်အောင်လုပ်ပြီး ကုမ္ပဏီရဲ့အစ်မကြီးက ဘယ်သူလည်းဆိုတာ လူတိုင်းသိသွားအောင်လုပ်လိုက်"။ 


 


ကိုယ်စားလှယ်၏နှစ်သိမ့်စကားကိုကြားပြီးနောက် ဖူရင်းဂယူကမျက်လွှာချလိုက်ရင်း မေးသည်။ "ငါ့ကုမ္ပဏီစာချုပ်မှာ တစ်နှစ်လောက်ကျန်သေးလား" 


 


"ငါစဥ်းစားပါရစေဦး ၊ ကုမ္ပဏီနဲ့စပြီးစာချုပ်လက်မှတ်ထိုးတုန်းက မင်းငါးနှစ်စာချုပ်ချုပ်ခဲ့တာ ၊ အဲဒါကြောင့်အတိအကျဆိုရင် တစ်နှစ်နဲ့နှစ်လကျန်သေးတယ် ၊ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မင်းတိုးတက်လာတာကောင်းတယ် ၊ အချိန်အတိုင်းအတာတစ်ခုရောက်ရင် စာချုပ်အသစ်ပြန်ချုပ်မည့်အကြောင်း ကုမ္ပဏီကိုပြောလို့ရပြီ ၊ စာချုပ်ပါအချက်တွေကိုလည်း သေချာပေါက်ပိုပြီး ဆွေးနွေးလို့ရမယ်လေ"။ 


 


စကားပြောနေရင်းတစ်ဝက်လောက်တွင် သူ(မ)ဘာကိုဆိုလိုမှန်း ဟောင်ဖန်ရုတ်တရက်နားလည်သွားပြီး မရဲတရဲမေးတော့သည်။ "ရင်းဂယူ ဒီတစ်ခေါက်တော့ ကုမ္ပဏီနဲ့စာချုပ်ကို အဆုံးသတ်လိုက်တော့မလို့လား" 


 


ဖူရင်းဂယူက မငြင်းဆန်ပဲပြောလာသည်။ "ကုမ္ပဏီမှဆက်မနေမှ ငါကျော်နိုင်မှာ ၊ ကျီမင်းကငါ့ကိုအလွှတ်ပေးမှာမဟုတ်ဘူး ၊ သူ(မ)ကုမ္ပဏီရဲ့ အစ်မကြီးဖြစ်လာတဲ့အခါ ထျန်းဟောင်ဖျော်ဖြေရေးမှာ ငါ့နေရာရှိတော့မှာမဟုတ်ဘူး ၊ သူ(မ)နေဖို့နေရာပဲဖြစ်သွားမှာ"။ သူ(မ)လည်း ကျီမင်းအားကုမ္ပဏီ၏အစ်မကြီးဖြစ်ခွင့်ပေးလိုက်တော့မလို ပြောနေသည်။ သူ(မ)သည်လည်း ကျီမင်းကိုအလွှတ်ပေးမည့်သူမဟုတ်ပေ။


သို့သော်ဖူရင်းဂယူက သေဖို့စောင့်နေတတ်တဲ့သူမျိုးမဟုတ်။ ကုမ္ပဏီက စေတနာမရှိလျှင် သူ(မ)၏တရားနည်းလမ်းကျမှုကို လာပြီးအပြစ်တင်စရာမလိုပေ။ 


 


ကျီမင်းအတွက်သူ(မ)ကလမ်းခင်းပေးရမည်တဲ့လား? တွေးပင်မတွေးသင့်ပေ။


Xxxxxxxx