အပိုင်း ၁၃
Viewers 15k

Chapter 13


"ရိုက်ကူးရေးမှာ လူတိုင်းကြိုးကြိုးစားစားလုပ်ခဲ့ကြတယ် ၊ ဒါကလူတိုင်းကိုသောက်ဖို့အစ်မကျီမင်းက ကမ်းလှမ်းထားတဲ့ နို့လက်ဖက်ရည်ပါ"။ ကျီမင်းနှင့်အတူရှိနေသော ဝန်ထမ်းနှစ်ယောက်က ယခုလေးတင်သူတို့ဝယ်ထားသောနို့လက်ဖက်ရည်များကို ကိုင်ထားပြီး ရှိနေသောဝန်ထမ်းများအားလုံးကို ကမ်းပေးလိုက်သည်။


လူများ၏စားသောက်သည့်ပါးစပ်က မလုံလောက်နိုင်ဟု ဆိုကြသည်။ အစားအသောက်ကျွေးလိုက်လျှင် စိတ်ရင်းမှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ လူများကတိမ်းညွှတ်လာကြမည်ဖြစ်သည်။ နို့လက်ဖက်ရည်သောက်သောသူတိုင်းက အများအားဖြင့် ကျီမင်းအားချီးကျူးကြသည်။


"ကျေးဇူးတင်ပါတယ် အစ်မကျီမင်း"


"အစ်မကျီမင်းက အရမ်းသိတတ်တာပဲ"


ချီးမွမ်းနေသည့်ကြားတွင် ကျီမင်း၏လက်ထောက်က သီးသန့်ထုတ်ပိုးထားသော စက္ကူအိတ်လေးကိုယူပြီး ရိုက်ကွင်း၏တိတ်ဆိတ်ချောင်ကျသောနေရာသို့လျှောက်သွားလိုက်ရင်း ပြုံးပြလိုက်သည်။ "အစ်မရင်းယွီ ဒါကအစ်မအတွက်နို့လက်ဖက်ရည်ပါ ၊ ပုလဲထဲကိုရေခဲတွေအများကြီးမထည့်ထားပါဘူး ၊ အစ်မကျီမင်းကကျွန်မတို့ကို အထူးတလှယ်တောင်းဆိုထားတာပါ"။


"ကျီမင်းအတွက်အရမ်းခက်ခဲမှာပဲ ၊ ကျွန်မရဲ့အကြိုက်ကိုမှတ်မိနေသေးတယ်"။ ကျီမင်းထံမှနို့ဖက်ရည်ကို ယူဖို့မရည်ရွယ်သကဲ့သို့ ဖူရင်းယွီ၏အသံက အနည်းငယ်အေးစက်နေသည်။


တမင်တကာလျစ်လျူရှုနေသောလက်ထောက်က ဖူရင်းယွီ၏လှောင်ပြောင်သရော်သံကို သေချာပေါက်ကြားလိုက်ပါသည်။ သူ(မ)၏မျက်နှာထက်မှအပြုံးက အနည်းငယ်တောင့်သွားပြီး စိတ်ထဲတွင်မကျေမချမ်းဖြစ်မှုကို သည်းခံမြိုသိပ်လိုက်ကာ သွားကြိတ်ရင်းပြောလိုက်သည်။ 


"မမရင်းယွီက နောက်နေတာဖြစ်ရမယ် ၊ ဒါပေမဲ့ညီမလေးကျီမင်းက မမကိုအမြဲတမ်းစံနမူနာအဖြစ် သတ်မှတ်ထားတာပါ"။


သူ(မ)အားစံနမူနာအဖြစ် သတ်မှတ်သည်တဲ့လား? ကမ်းခြေတွင် "အရှေ့လှိုင်း" ကိုပြင်းပြင်းထန်ထန်ရိုက်ချပစ်ရန် မစောင့်နိုင်သည့်သူ(မ)၏ "အနောက်လှိုင်း" မဟုတ်မည်ကို စိုးရိမ်မိသည်။


ဖူရင်းယွီ၏မျက်နှာက အေးစက်နေသည်။ သူ(မ)စကားပြန်မပြောနိုင်ခင်တွင် ဘေးတွင်ရပ်နေသော လက်ထောက်ရှောင်ဝုက နားထောင်နေရင်း အရွဲ့တိုက်ပြီးပြောလိုက်သည်။ "တစ်ဆိတ်လောက်ပါ ၊ လူတိုင်းကအခုရုပ်ရှင်ရိုက်ကူးရေးအဖွဲ့မှာပါနေပြီးပြီဆိုတာကို ရှင်လည်းသိမှာပါ ၊ ကျွန်မတို့ရဲ့အစ်မရင်းဂယူက ဒီလိုအချိန်ကာလမျိုးမှာ ပိုပြီးဓာတ်ပုံစားအောင်လုပ်တဲ့အနေနဲ့ ကယ်လိုရီမြင့်တဲ့နို့လက်ဖက်ရည်လိုသောက်စရာမျိုးကို ဘယ်တော့မှမထိဘူး ၊ အိုး ဟုတ်သား ရှင့်မိသားစုထဲကတစ်ယောက်ကလည်း ရုပ်ရှင်မင်းသမီးပဲမလား ၊ သူ(မ)တစ်ယောက်ထဲစားနေကျလို့ ကျွန်မထင်တယ် ၊ ရှင်က ရေစီးသန်တဲ့ရေထဲက ဟင်းသီးဟင်းရွက်တွေကို ချက်ပေးရတဲ့ သူ(မ)ရဲ့လက်ထောက်မလား ၊ ဒီလိုကိစ္စလေးကိုတောင်ရှင်မသိဘူးလား"။


သူ(မ)၏သခင်က လောကဝတ်ပြုရန် သူ(မ)အားနို့လက်ဖက်ရည်တစ်ခွက်နှင့်လာခိုင်းခဲ့သည်ဟု လက်ထောက်ရှောင်ဝုက တိုက်ရိုက်မပြောပေ။ အန်းတစ်ယောက်ဘာဖြစ်နေမှန်း သူ(မ)တို့လည်းမသိချေ။


 ကိုယ်စားလှယ်နှလက်ထောက်အထိ ဖူရင်းဂယူအနားတွင်ရှိနေသော ဝန်ထမ်းများအားလုံးက ဖူရင်းဂယူမုန်းသလောက်ကို ကျီမင်းအားမုန်းတီးကြသည်။  အထူးသဖြင့် လတ်တလောကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အပြီးတွင်ဖြစ်သည်။


ယခုမူ ဖူရင်းယွီနှင့်ကျီမင်းတို့နှစ်ဦးက ထျန်းဟောင်ဖျော်ဖြေရေး၏ ပထမဆုံးရုပ်ရှင်ကားတွင် အစ်မကြီးဇာတ်ရုပ်နေရာအတွက် ယှဥ်ပြိုင်နေကြသည်ကို ကုမ္ပဏီတစ်ခုလုံးက မသိကြပေ။ ဤတစ်ခေါက်တွင် ကျီမင်းကမလာရဲသောကြောင့် သူ(မ)၏လက်ထောက်အားလူကောင်းယောင်ဆောင်ခိုင်းခဲ့သည်လား?


ဖူရင်းယွီဤတစ်ခေါက် "ပါးကိုက်နားကိုက်" ရုပ်ရှင်ကားကြီးတွင် ဒုတိယအမျိုးသမီးဇာတ်လိုက်နေရာကိုယူမည်ဖြစ်သည်။ ကျီမင်းတိတ်တဆိတ်လုပ်ခဲ့သည့် အရိပ်အယောင်စိုးစဥ်းပင်မရှိပေ။ ကုမ္ပဏီအားသူ(မ)ဖိအားမပေးခဲ့လျှင် သူ(မ)ပိုက်ဆံဘယ်လောက်ပေးပေး ဖူရင်းယွီကိုယှဥ်နိုင်လိမ့်မည်မဟုတ်။


"မမရင်းယွီ ဒေါသမထွက်ပါနဲ့ ၊ ကျီမင်းလိုလူမျိုးက အချိန်အကြာကြီး ပူလောင်ရဖို့ကံပါလာတာပဲ ၊ ကုမ္ပဏီကရိုက်မဲ့ အစ်မကြီးဇာတ်ကောင်နေရာကလည်း မမအတွက်ပဲဖြစ်မှာပါ"။ ကျီမင်း၏လက်ထောက်ကိုဆူလိုက်သော သူ(မ)အား လက်ထောက်ရှောင်ဝုက ဒေါသတကြီးပြောလာသည်။


အစ်မရင်းယွီက ဒေါသထွက်လွယ်ပြီး စကားသိပ်မ​ပြောပဲ ရင်းရင်းနှီးနှီးနေလေ့မရှိသော်လည်း တစ်ကယ်တမ်းတွင် သူ(မ)ပတ်ဝန်းကျင်ရှိ သူများအပေါ်ကောင်းရှာသည်။ ကျီမင်းကမူ လူအများရှေ့တွင် နူးညံ့သိမ်မွေ့ပြီး စေတနာကောင်းပြသည်။ သို့သော်သာမာန်လူများနှင့် လက်ထောက်များကိုကြည့်ပင်မကြည့်ချေ။ သူ(မ)၏မျက်လုံးများက မိုးပေါ်ကိုသာ ထောင်တက်နေသည်။


လက်ထောက်ရှောင်ဝုက ဤနယ်ပယ်အသိုင်းအဝိုင်းထဲတွင် အချိန်အကြာကြီးရှိနေခဲ့ပြီး ယခင်ကနှင့်ယခုအတူတူပင်ဖြစ်သော အကျော်အမော်အများအပြားကို သူ(မ)မြင်ဖူးခဲ့သည်။ အချို့အကျော်အမော်များလည်း ကင်မရာရှေ့တွင်ရှိနေသောပုံရိပ်နှင့်ကွဲလွဲစွာ သူတို့လက်ထောက်များ၏ အဆူအဆဲ အထုအထောင်းများကို ခံခဲ့ရသည်။ အစ်မရင်းယွီကတစ်သမတ်တည်းဖြစ်ပြီး သူတို့ကိုမည်သည့်အခါမှ အရှက်မခွဲခဲ့ချေ။ အလုပ်ကောင်းကောင်းလုပ်သရွေ့ နှစ်အဆုံးတွင်ပေးသော အပိုဆုကြေးက အခြားလက်ထောက်များထက်သာအောင်ပေးသည်။


ဖူရင်းယွီက သူ(မ)လက်ထဲရှိအမှတ်အသားပေါင်းများစွာနှင့် ဇာတ်ညွှန်းကိုငုံ့ကြည့်လိုက်သည်။ "ငါ့ကိုဘာက ဒေါသထွက်သွားစေတာလဲ"။ သူတို့နှစ်ဦးကြားရှိ နာကြဥ်းချက်များကို စကားလုံးအနည်းငယ်ဖြင့် ရှင်းရှင်းလင်းလင်းမရှင်းပြနိုင်ပေ။


သူ(မ)၏လက်ရှိကုမ္ပဏီနှင့်စာချုပ်ကိုအဆုံးသတ်လိုက်ရန် ဖူရင်းယွီစဥ်းစားထားသော်လည်း ဒါရိုက်တာဟဲ့ကျီလျန်ရိုက်မည့်ရုပ်ရှင်ကို လက်လွှတ်ရန် မည်သည့်အခါမှ ဖူရင်းယွီမတွေးခဲ့ဖူးချေ။ ဇာတ်ဘွှန်းကကောင်းသရွေ့ သူ(မ)၏ဇာတ်ကောင်က အမျိုးသမီးဇာတ်လိုက် နံပါတ်တစ်ဖြစ်စေ ၊ နံပါတ်နှစ်ဖြစ်စေ သူ(မ)ဂရုမစိုက်။ သူ(မ)ကျီမင်းနှင့် မယှဥ်ပြိုင်လိုတော့ပေ။


သူ(မ)ကြိုက်သောတစ်စုံတစ်ခုက ယင်ကောင်များကိုဆွဲဆောင်လိုက်သကဲ့သို့ ရွံ့စရာကောင်းသော ခံစားချက်မျိုးဖြစ်သည်။


သီချင်းဆိုနိုင်ရုံ ကနိုင်ရုံမျှသာဖြစ်သော မိန်းကလေးတစ်ဆယ့်ရှစ်ယောက်ရှိသည့်အဖွဲ့တစ်ခု၏ အဖွဲ့ဝင်တစ်ယောက်အဖြစ်မှ ယခုလက်ရှိသရုပ်ဆောင်ကျွမ်းကျင်သူဖြစ်လာခဲ့သော ဖူရင်းယွီ၏အစွမ်းအစမှာ သူ(မ)ရိုက်ကူးသည့်ရုပ်ရှင်တိုင်းတွင် အလေးအနက်ထားကြိုးစားခဲ့မှုနှင့် ခွဲခွာ၍မရချေ။


 သူ(မ)၏ဇာတ်ဝင်ခန်းနောက်တစ်ခုမှာ ညမမှောင်မချင်း စဦးမည်မဟုတ်ပေ။ လက်ထောက်ထံမှထွက်လာခဲ့ပြီးနောက် ဇာတ်ညွှန်းကို ခေတ္တမျှဖတ်နေလိုက်သည်။ သူ(မ)မျက်လုံးမှတ်လိုက်ပြီး မျက်ခုံးကိုပွတ်သပ်လိုက်သည်။ သို့သော် သူ(မ)လှည့်ကြည့်လိုက်သောအခါ နံဘေးရှိထိုင်ခုံတစ်ခုကိုတွေ့လိုက်ရသည်။ ထိုခုံပေါ်တွင် အလွန်ချစ်စရာကောင်းသော ဆံထုံးသေးသေးလေးနှင့် ဝတ်စုံဝတ်ထားသောကလေးမလေးတစ်ယောက် ထိုင်နေသည်။


အကြောင်းမှာ ထိုကလေးမလေးကို သူ(မ)သိနေခြင်းဖြစ်သည်။


အဘယ်ကြောင့်များ ဤအငိုသန်လေးပဲ ဖြစ်နေရပြန်သနည်း။


ကံကြမ္မာကိုမည်သည့်အခါမှ အယုံအကြည်မရှိခဲ့သော ဖူရင်းယွီ ကံကြမ္မာအား သက်ပြင်းချမိသွားသည်။ ဤကလေးမလေးကို အဘယ်ကြောင့်နေရာတိုင်းတွင် သူ(မ)တွေ့နေရသနည်း။


"တိမ်မြှုပ်နေသော" ရိုက်ကူးရေးအဖွဲ့မှ "ပါးကိုက်နားကိုက်" ရိုက်ကူးရေးအဖွဲ့အထိပင်။ ဤကလေးလေးက သူ(မ)နှင့်ရင်းနှီးသော အသက်သုံးနှစ်ခွဲအရွယ်ကလေးမလေးဟုတ်မဟုတ်ကို သူ(မ)မနိုင်နေပဲ သိချင်မိသည်။


ဖူရင်းယွီက ကလေးမလေးကို မှတ်မိသွားပြီး သူ(မ)အိပ်ကပ်ကို သတိလက်လွတ် ထိလိုက်သည်။ သူ(မ)နှင့်အတူသယ်လာသော ချိုချဥ်ကိုထုတ်ယူချင်သော်လည်း သူ(မ)က တရုတ်ရိုးရာပိုးထည်ကိုယ်ကြပ်ဝတ်စုံကို ဝတ်ထားခြင်းဖြစ်သည်။ သူ(မ)၏အိတ်နှင့်အဝတ်အစားများကိုလည်း အဝတ်လဲခန်းတွင်ချန်ထားခဲ့သည်။ လက်ပြန်ရုပ်ရန်သာတတ်နိုင်တော့သည်။ "ငါ့ကလေးလေး နောက်ဆုံးတော့အငိုတိတ်သွားပြီပေါ့" ဟုသူ(မ)ဖျော့ဖျော့လေး ပြောလိုက်မိသည်။ 


ထိုမတိုင်ခင်တွင် ဤကလေးမလေးစနားစဖွယ်ကောင်းစွာငိုနေသည်ကို နှစ်ကြိမ်တိုင်တိုင်သူ(မ)မြင်ခဲ့ဖူးသည်။


အငိုသန်လေးဟုတစ်စုံတစ်ယောက်၏အမည်တပ်ခြင်းကိုခံနေရသောကုဆွေ့ဆွေ့က ခေါင်းလေးစောင်ငဲ့ကာ ရှက်ကိုးရှက်ကန်းပြုံးပြလာသည်။ 


ဖူရင်းယွီကစကားပြောရသည်ကိုမနှစ်သက်သော သူမျိုးဖြစ်သည်။ သို့သော် သူ(မ)ဤကလေးငယ်နှင့်ရှိနေသည့်အခါတိုင်းတွင် စိတ်ငြိမ်ပြီး ခါတိုင်းထက်စကားပိုများနေမိသည်။ သူ(မ)က ကျီမင်းရှိနေသောနေရာကို ကြည့်ရန်မျက်လုံးပင့်လိုက်ရင်း အေးဆေးတည်ငြိမ်စွာမေးလိုက်သည်။ "ကလေး အစ်မမင်းကိုတစ်ခုမေးမယ် ၊ အဲဒီမှာရှိနေတဲ့အစ်မကြီးကို သဘောကျလား"


ကုဆွေ့ဆွေ့ကလားရာကိုကြည့်ပြီး ခေါင်းယမ်းကာ ရိုးသားစွာပြောလာသည်။ "သမီး သဘောမကျဘူး"။


အစက ဖူရင်းယွီက သာမာန်ကာလျှံကာမျှသာမေးလိုက်ခြင်းဖြစ်သည်။ သို့သော်ကလေးမလေးက သူ(မ)ကျေနပ်အားရမည့် အဖြေမျိုးကိုဖြေလိမ့်မည်ဟု မမျှော်လင့်မိခဲ့ပေ။မည်သို့ပင်ဆိုစေ သန့်စင်ပြီးချိုသာပုံပေါ်သော် ကျီမင်းက နူးညံ့ပြီး စေတနာကောင်းယောင်ဆောင်ကာ အပြစ်ကင်းသည့်ကလေးများကို လှည့်ဖြားတတ်သည်။


ကွဲပြားသောအဖြေတစ်ခုကို ရုတ်တရက်ကြားလိုက်ရသောအခါ ဖူရင်းယွီစိတ်ဝင်စားလာပြီး ဆက်မေးလိုက်သည်။ "ဘာလို့လဲ? သူ(မ)ကမင်းအတွက် နို့လက်ဖက်ရည်ဝယ်လာပေးတယ်မဟုတ်လား"


ကုဆွေ့ဆွေ့၏ ဝါဖျော့ဖျော့မျက်ဝန်းလေးများက အတန်ငယ်ဝိုင်းစက်သွားပြီး အပြစ်ကင်းစင်မှုကိုဖော်ပြနေသည်။ "အဲဒီမမက ရိုက်ကူးရေးအဖွဲ့ကလူတိုင်းအတွက် နို့လက်ဖက်ရည်တွေဝယ်ပေးပေမဲ့လို့ သမီးတို့ကိုသဘောမကျဘူးလေ"။ သူ(မ)ထိုကဲ့သို့ခံစားမိသည်။


ဆွေ့ဆွေ့ပြောသောစကားကိုနားထောင်ပြီးနောက် သူ(မ)၏နှုတ်ခမ်းများကာ ကွေးညွှတ်သွားကာ ပြုံးလိုက်မိပြီး ဒေါသကလည်းအနည်းငယ်အားပျော့သွားသည်။ သူ(မ)၏လက်ကိုဆန့်ထုတ်လိုက်ပြီး ဆွေ့ဆွေ့၏နူးညံ့သောမျက်နှာလေးကို ဖိညှစ်ကာပြောလိုက်သည်။


 "လူတွေကရူးကြောင်ကြောင်နိုင်ပေမဲ့ လုံးဝစုံလုံးကန်းနေတာတော့မဟုတ်ဘူး"။


ဤကလေးမလေးကို ထိုမျှလောက် ပါးနပ်လိမ့်မည်ဟု သူ(မ)မမျှော်လင့်ခဲ့မိပေ။


Xxxxxxxx