အပိုင်း ၁၅
Viewers 15k

Chapter 15


ရိုက်ကွင်းအတွက်အစားအသောက်ဘူးများကို ရိုက်ကူးရေးအဖွဲ့သားများအား ညီတူမျှတူဝေပေးလိုက်သည်။ အရသာက သာမာန်ပဲဖြစ်သည်။ သို့သော်သူ(မ)ကို အစ်မဖူက အသိအမှတ်ပြုပေးသောကြောင့် သူ(မ)၏ဘဝအဆင့်အတန်းက တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ ဖူရင်းယွီ၏လက်ထောက်က အစားအသောက်ဝယ်ရန်အပြင်သွားတိုင်း ဆွေ့ဆွေ့အတွက်လည်းထပ်တူဝယ်လာပေးခဲ့သည်။


အထူးသဖြင့် ယနေ့နေ့လည်ခင်းတွင် နေ့လည်စာထမင်းဘူးထဲတွင် ကြက်ပေါင်ကြော်ကို ကုဆွေ့ဆွေ့တွေ့လိုက်သည်။


ပေါင်မုန့်သားအလွှာက ကြွပ်ရွနေသောရွှေရောင်အပြင်သားကို အုပ်ထားပေးသည်။ ဘူးဖွင့်လိုက်သည်နှင့် ကြက်ကြော်၏ တစ်မူထူးသော အနံ့လေးကို ချက်ချင်းရလိုက်သည်။


"ကျေးဇူးတင်ပါတယ် မမဖူ ၊ မမဖူက အရမ်းကြင်နာတတ်တာပဲ"။ ဆွေ့ဆွေ့က ကြက်ပေါင်ကြော်ကို အလွန်နှစ်သက်သည်။


ကုဆွေ့တွေ့က ကြက်ပေါင်ကြော်ကို လက်ဖြင့်လှမ်းယူလိုက်ပြီး အားရကျေနပ်စွာ တစ်ကိုက်ကိုက်လိုက်သည်။ ကြက်ကြော်၏အသားက နူးညံ့နေပြီး သူ(မ)၏ပါးစပ်ထဲတွင်လည်း အဆီများနှင့်ပြည့်နေသည်။ ချစ်စရာကောင်းလွန်းသောအလှလေးက အစားစားနေချိန်တွင် သူ(မ)၏ အနုပညာတစ်ယောက်ဟူသောဝန်ထုပ်ကြီးကို ခေတ္တမျှလွှတ်ချလိုက်သည်။ အနုပညာရှင်တစ်ဦး၏ပုံရိပ်စသော အရာများကိုလည်း အာရုံမစိုက်နိုင်တော့ချေ။


ဖူရင်းယွီက စက္ကူသုတ်ပဝါလေးကိုထုတ်လိုက်ပြီး ဆွေ့ဆွေ့၏ပါးစပ်အားသုတ်ပေးလိုက်ရင်း မနေနိုင်ပဲပြောလိုက်သည်။ "ဖြေးဖြေးစား ၊ ဘယ်သူမှလုမစားပါဘူး ၊ ဒါတွေအကုန်လုံးကိုမင်းဟာတွေပဲ"


ကလေးများအတွက်စားချင့်စဖွယ်ဖြစ်စေသော အဆီအနှစ်အစားအသောက်များနှင့်နှိုင်းယှဥ်လျှင် သူ(မ)၏နေ့လည်စာက ရိုးရှင်းပါသည်။ အရွက်သုပ်တစ်ပွဲသာဖြစ်သည်။


သူ(မ)ယခုလက်ရှိသရုပ်ဆောင်နေသော ဇာတ်ကောင်ကရုပ်ရှင်ထဲတွင် အမျိုးသမီးအနုပညာရှင်များ၏လိုအပ်ချက်များကို အလွန်အမင်းတင်းကြပ်ထားသော တရုတ်ရိုးရာပိုးသားကိုယ်ကြပ်ဝတ်စုံကို ဝတ်ရမည်ဖြစ်သည်။


ထို့ကြောင့်ရိုက်ကူးရေးမပြီးဆုံးခင်အထိ သူ(မ)အစားများများမစားရဲပေ။


ကုဆွေ့ဆွေ့က အစ်မဖူ၏ပန်းကန်လုံးထဲတွင် အသီးအရွက်စိမ်းများစွာကို တွေ့လိုက်ရသည်။သူ(မ)၏လက်တစ်ဖဝါးစာမျှသာရှိသော မျက်နှာလေးက ဘန်းမုန့်အရွယ်အစားမျက်နှာပုံစံသို့ရှုံ့တွသွားသည်။ သူ(မ)အသီးအရွက်များကို မနှစ်မြို့သည်မှာ သိသာလှသည်။ သူ(မ)စဥ်းစားနေရင်း တူကိုအမြန်ယူလိုက်ကာ သူ(မ)ပန်းကန်လုံးထဲရှိ အပြုတ်လုပ်ထားသောအမဲသားကို ကောက်ယူလိုက်ပြီး နူးညံ့သောလေသံလေးဖြင့်ပြောသည်။


 "မမဖူ ဘာလို့အသီးအရွက်တွေချည်းစားနေတာလဲ ၊ လက်ထောက်အစ်မကအသားဝယ်ဖို့မေ့ခဲ့လို့လား ၊ ရပါတယ် သမီးပန်းကန်ထဲမှာရှိတဲ့အသားတွေအကုန်လုံး မမကိုပေးလိုက်ပါ့မယ် ၊ အသားတွေများများစားရမယ်လို့မေမေကပြောတယ် ၊ အဲဒါမှအရပ်ပိုပိုပြီးရှည်လာမှာတဲ့"


နုနုနယ်နယ်ကလေးလေးက အစားအစာကိုတွန့်တိုတတ်သော်လည်း သူ(မ)အပေါ်ကောင်းသောသူများကိုတော့ ရက်ရောတတ်ပါသည်။


ကလေးမလေး၏သူ(မ)အပေါ်ပြုမူလိုက်သော နွေးထွေးသည့်အပြုအမူလေးကို ဖူရင်းယွီမြင်လိုက်ရသောအခါ နှုတ်ခမ်းပါးကညွှန့်ကွေးသွားပြီး နက်ဆွေးဆွေးမျက်ဝန်းတို့က အနည်းငယ်နွေးထွေးရိပ်သန်းသွားသည်။ တစ်စုံတစ်ရာကိုသူ(မ)တွေးလိုက်မိသည့်အခိုက်တွင် မျက်ခုံးအနည်းငယ်ပင့်သွားပြီး သူ(မ)မျက်လုံးများက တစ်ကိုက်သာကိုက်ရသေးသောအသားပေါ်သို့အကြည့်ရောက်သွားသည်။ ကြက်ပေါင်ကိုကြည့်ရင်း တမင်တကာသက်ပြင်းချလိုက်သည်။


 "ဒါပေမဲ့ မမကမင်းခွက်မှာရှိတဲ့အသားကိုမစားချင်ဘူး ၊ မင်းရဲ့ကြက်ပေါင်ကိုပဲစားချင်တာဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲ"


သူ(မ)၏ကြက်ပေါင်ကိုစားချင်သည်တဲ့လား?


ဤတစ်ခေါက်တွင် ကုဆွေ့ဆွေ့က သိသိသာသာတုံ့ဆိုင်းသွားသည်။ တစ်အောင့်လောက်ကြာပြီးနောက် သူ(မ)စိတ်ပိုင်းဖြတ်လိုက်သည်။ လက်လှမ်းလိုက်ပြီး ကြက်ပေါင်ကိုကမ်းပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ဆွေ့ဆွေ့ကခေါင်းကိုလှည့်လိုက်ပြီး သူ(မ)၏ချစ်လှစွာသော ကြက်ပေါင်ကြီးကို အကြည့်ရပ်လိုက်သည်။ သူ(မ)ကဝမ်းနည်းကြေကွဲစွာဖြင့်ပြောလာသည်။


 "မမဖူ ဒီကြက်ပေါင်ကိုယူလိုက်ပါနော် သမီးကအရမ်းကိုစေတနာကောင်းတာမလို့ မမကိုအကုန်လုံးပေးလိုက်ပါ့မယ်"


အရသာရှိသောအစားအစာကိုဆုံးရှုံးလိုက်ရသည်က သုံးနှစ်အရွယ်ကလေးလေးအတွက် အလွန်ကြီးမားသောထိတ်လန့်ဖွယ်ရာကိစ္စတစ်ခုဖြစ်ဟန်ရှိသည်။ လူတစ်ကိုယ်လုံးကလည်း ညှိုးကျသွားသည်။


ဤအငိုသန်လေး၏ တုံ့ပြန်မှုက အဘယ်ကြောင့် ဤမျှလောက်ချစ်ဖို့ကောင်းနေရပါသနည်း။


ဖူရင်းယွီက ကလေးမလေး၏ဝါဖျော့ဖျော့မျက်ဝန်းလှလှလေးထဲတွင် သဘောမတူခြင်းကို အနည်းငယ်လှစ်ဟပြနေသည်ကိုတွေ့လိုက်ပြီး မညှာမတာရယ်လိုက်မိသည်။


 "ဟုတ်ပြီ ဟုတ်ပြီ အရမ်းကိုစေတနာကောင်းလွန်းတဲ့ ကုဆွေ့ဆွေ့လေးရယ် မမသမီးကိုမစတော့ဘူးနော် ၊ မမသမီးရဲ့ကြက်ပေါင်ကိုမြည်းကြည့်ပြီး ကျန်တဲ့ဟာသမီးကိုအကုန်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ?"


ထိုသို့ပြောပြီးနောက် ဖူရင်းယွီက ကိုယ်ကိုညွှတ်ကိုင်းလိုက်ကာ ကုဆွေ့ဆွေ့လက်ထဲရှိ ကြက်​ခြေထောက်ကို တစ်ကိုက်ကိုက်လိုက်သည်။ ဤကဲ့သို့သောအစားအစာမျိုးကို ကလေးများစားကြလိမ့်မည်ဟု သူ(မ)မထင်ခဲ့ပေ။ 


သူ(မ)မစားချင်ခဲ့သော်လည်း ကလေးများအလွန်ကြိုက်နေကြသည်ကိုတွေ့ရသောအခါ အစားကြီးသူတစ်ယောက်ဖြစ်သော သူ(မ)ကိုယ်တိုင်လည်း မနေနိုင်မထိုင်နိုင် မြည်းကြည့်ချင်လာသည်။


ကြက်ပေါင်၏အရသာမှာအလွန်ကောင်းသည်။ ကုဆွေ့ဆွေ့ကဲ့သို့ကလေးများ ကြိုက်ကြသည်မှာမထူးဆန်းလှပေ။


ရိုက်ကူးရေးအဖွဲ့ကိုအလည်လာရန် ရိုက်ကွင်းသို့ရောက်လာသောကိုယ်စားလှယ်ဟောင်ဖုန်းက သူ့အနုပညာက ကုလားထိုင်ခုံပေါ်တွင်ထိုင်ပြီး ပြုံးကာ သူ(မ)နံဘေးတွင်ထိုင်နေသော ကလေးမလေး၏လက်ထဲရှိ ကြက်ပေါင်ကြော်စားနေသည်ကိုမြင်လိုက်ရသည်။ နှစ်ဦးသား၏ဆက်ဆံရေးက အလွန်ကောင်းမွန်ပုံရသည်။ 


ဤအခြင်းအရာကိုမြင်လိုက်ရသောအခါ ဟောင်ဖုန်းတစ်ယောက်မှင်တက်သွားမိသည်။ "ငါဘယ်သူလဲ? ငါဘယ်ရောက်နေတာလဲ? ငါအခုလေးတင်ဘာတွေ့လိုက်ရတာလဲ?"


ဖူရင်းယွီက အနာဂတ်တစ်ချိန်ချိန်တွင် ကုမ္ပဏီနှင့်စာချုပ်ကိုအဆုံးသတ်လိုက်နိုင်သောကြောင့် ဤရက်ပိုင်းအတွင်းတွင် ထိုကိစ္စများနှင့် ဟောင်ဖုန်းအလုပ်ရှုပ်နေခဲ့သည်။ သူကြိုတင်ပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ထားရသည်။ ထို့ကြောင့် ရိုက်ကူးရေးအဖွဲ့ဆီသို့ ရက်အတန်ကြာအောင်သူမလာနိုင်ခဲ့ပေ။ ယနေ့ရောက်လာသောအခါတွင်လည်း ပုံမှန်မဟုတ်သောမြင်ကွင်းကို ရုတ်တရက်ကြီးမြင်လိုက်ရသည်။ သူ၏စိတ်အတွင်းပိုင်းအထိ ကြောက်ရွံ့သွားမိသည်။


အနုပညာရှင်တစ်ယောက်အနေနှင့်ပြောရမည်ဆိုလျှင် ကိုယ်ခန္ဓာအားစီမံရာတွင် သူ(မ)က သူ(မ)၏ကိုယ်ခန္ဓာပိုင်းကို ကောင်းကောင်းထိန်းချုပ်နိုင်သော အစွမ်းအစရှိသည်။ ထို့


ကြောင့် ကိုယ်စားလှယ်တစ်ယောက်အနေနှင့် သူ(မ)အားလုံးဝစိတ်ပူစရာမလိုခဲ့ပေ။ ရုပ်ရှင်ရိုက်ကူးရာတွင် ပိုပြီးဓာတ်ပုံစားစေရန် ရိုက်ကွင်းပေါ်တွင် အစာမစားခင်တိုင်း ကယ်လိုရီများကို သူ(မ)ကြိုတင်ပြီး တွက်ချက်ရမည်ဖြစ်သည်။


ကယ်လိုရီမြင့်မားသော အစားအသောက်များကို ရံဖန်ရံခါစားခြင်းက ကိစ္စမရှိပေ။ သူ့အားထိတ်လန့်သွားစေသည်မှာ သမားရိုးကျမဟုတ်သော ဖူရင်းယွီနှင့်ကလေးမလေးတို့၏ တရင်းတနှီးဖြစ်နေမှုပင် ဖြစ်သည်။


ဤနေ့ကမည်သည့်နေ့နည်း။ နေလုံးကြီးက အနောက်အရပ်မှထွက်လာခြင်းပေလား?


ထိတ်လန့်သွားသောကြောင့် ဟောင်ဖုန်း၏ ပထမဆုံးပြောလိုက်သောစကားက အနည်းငယ်ဗလုံးဗထွေးဖြစ်နေသည်။ "ရင်းယွီ ဒါ...ဒါတွေအားလုံးက ကယ်လိုရီတွေလေ"


တစ်ကယ်တမ်း သူပြောချင်သောအရာက သူ(မ)နှင့်ကလေးမလေးကြား မည်သည့်ကိစ္စရှိသနည်း ဟူသောစကားဖြစ်သည်။


ဘေးတွင်ရှိနေသော ကုဆွေ့ဆွေ့က ထူးဆန်းသောအသုံးအနှုန်းတစ်ခုကို ကြားလိုက်ရသောအခါ ခေါင်းလေးငဲ့ပြီးဇဝေဇဝါဖြင့်မေးလာသည်။ "မမဖူ ကယ်လိုရီဆိုတာဘာလဲဟင်"


"အဲဲဒီဟာက စားလို့ရလား"


ဖူရင်းယွီက ကလေးမလေး၏ခေါင်းကိုပွတ်သပ်ပေးရင်းပြောလိုက်သည်။ "သမီးလိုကလေးလေးက ဒါတွေဂရုစိုက်စရာမလိုပါဘူး ၊ ကိုယ့်နေရာမှာကိုယ်ထိုင်ပြီး နေ့လည်စာကို စိတ်အေးလက်အေးစားနေနော် ၊ မမနဲ့ဦးလေးကြီးက ပြောစရာလေးရှိလို့  ၊ ခဏနေပြန်လာခဲ့မယ်နော်"


မျက်နှာဖောင်းဖောင်းလေးနှင့် ကလေးလေးကအလွန်ချစ်စရာကောင်းလှသည်။ ဤအသက်အရွယ်တွင် စားချင်တာကိုမစားရလျှင် ဝေဒနာ ခံစားရလိမ့်မည်။


ဤရက်ပိုင်းအတွက်းတွင် ဖူရင်းယွီက ကုဆွေ့ဆွေ့အား သူ(မ)၏ညီမအရင်းကဲ့သို့သတ်မှတ်ထားသောကြောင့် အစားစားရာတွင် အကြောင်းအရာအများအပြားကို တွေးနေရသော သူ(မ)ကဲ့သို့ ဆွေ့ဆွေ့ကိုမဖြစ်သေလိုသောကြောင့်ဖြစ်သည်။


ထို့အပြင် အငိုသန်လေးကိုကြည့်ရင်း အစားစားသည့်အခါတိုင်း လူတိုင်းကိုစိတ်အေးလက်အေးစားနိုင်စေသော မြိန်ရေယှက်ရေရှိသော ခံစားချက်တစ်မျိုးကိုရသည်။


ဆွေ့ဆွေ့လေးဆက်ပြီးပူပင်ကြောင့်ကြကင်းကင်းနှင့်နေနိုင်ရန် သူ(မ)မျှော်လင့်မိသည်။


ကုဆွေ့ဆွေ့သိချင်နေသောအကြောင်းအရာကို စကားနှစ်ခွန်း သုံးခွန်းနှင့်သူ(မ)ဖြေပေးလိုက်သည်။ ကလေးလေးကို စိတ်ငြိမ်သွားအောင်လုပ်ပြီးနောက် သူ(မ)က ဟောင်ဖုန်းအားမျက်စိတစ်ဖက်မှိတ်ပြသည်။ နှစ်ယောက်သား ရိုက်ကွင်းမှ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြပြီး ပို၍တိတ်ဆိတ်သော နေရာသို့သွားကြသည်။


"စကား​ပြောကြစို့ ငါဘာလုပ်ပေးရမလဲ?"။ ဖူရင်းယွီကမျက်မှောင်ကြုတ်ရင်း အေးဆေးတည်ငြိမ်စွာမေးလိုက်သည်။


ဟောင်ဖုန်းက ဘေးဘီကိုဖျတ်ခနဲတစ်ချက်


ကြည့်လိုက်ပြီး လူတစ်ယောက်မှမတွေ့သောအခါမှစကားစပြောသည်။ "ရပါတယ် ၊ စကားမစပ်မင်းရဲ့စာချုပ်အခြေမနေကို အဖွဲ့ဆီကိုပဲ လာပြီးတင်ပြလိုက်ပါ ၊ ငါမင်းကိုထပ်ပြီးမေးချင်နေတုန်းပဲ ၊ စာချုပ်ကိုအဆုံးသတ်လိုက်ပြီလို့ ကုမ္ပဏီကိုတစ်ကယ်ပဲပြောချင်တာလား"


"လေးကိုလွှတ်လိုက်ပြီဆိုရင် ပြန်လှည့်စရာအကြောင်းမရှိတော့ဘူးနော် ၊ ထျန်းဟောင်ဖျော်ဖြေရေးနဲ့ မင်းရဲ့စာချုပ်အဆုံးသတ်လိုက်တဲ့သတင်းပြန့်သွားတာနဲ့ နောက်ပိုင်းကျရင်ကုမ္ပဏီမှာနေလို့မရတော့တာတင်မကပဲ အင်တာနက်ကွန်ရက်ပေါ်မှာလည်း ပြဿနာအများကြီးဖြစ်သွားလိမ့်မယ် ၊ အဲဒီအချိန်ကျရင် မင်းအခက်အခဲတွေကို ရင်ဆိုင်လာရမှာ ၊ ကျီမင်းရှိနေတာကြောင့်စိတ်လိုက်မာန်ပါမလုပ်ပဲ မင်းသေသေချာချာစဥ်းစားမယ်လို့ ငါမျှော်လင့်တယ်"


ကုမ္ပဏီ၏ကိုင်တွယ်ဖြေရှင်းမှုက ဤတစ်ခေါက်တွင် တစ်ကယ့်ကိုမမျှတပေ။ သို့သော် အစ်မကြီးဇာတ်ကောင်နေရာကိုမည်သူရသွားမည် မသေချာသေး။ အပြောင်းအလဲရှိနိုင်သေးသည်။


ထို့အပြင် ဖူရင်းယွီ၏လက်ရှိအဆင့်အတန်းနှင့်ဆိုလျှင် ကုမ္ပဏီက သူ(မ)ကို လွယ်လွယ်ကူကူ ထွက်သွားခွင့်ပြုမည်မဟုတ်ချေ။ ကြားတွင်တစ်ခုခုဖြစ်သွားမည်စိုး၍ သူ(မ)အားစာချုပ်နစ်နာကြေးပေးပြီး သွားခွင့်ပြုလိုက်မည်ဟု ထင်သလောက်မရိုးရှင်းပေ။


ဖူရင်းယွီကသူ(မ)၏နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ပြုံးလိုက်သည်။ "ငါလုပ်တဲ့ကိစ္စကို ငါဘယ်တုန်းကများနောင်တရဖူးလို့လဲ ၊ ငါထပ်ပြီးပြောလိုက်မယ် ၊ ထျန်းဟောင်ဖျော်ဖြေရေးနဲ့ စာချုပ်ကိုငါအပြီးသတ်လိုက်ပြီ ၊ ကျီမင်းနဲ့ကုမ္ပဏီတစ်ခုတည်းမှာ ငါထပ်ပြီး မနေနိုင်ဘူး ၊ ဒီတစ်ခေါက်တော့ သူထွက်ရင်ထွက် မဟုတ်ရင်ငါထွက်သွားရမှာပဲ ၊ ဟောင်ဖုန်း နင်ကသုံးနှစ်လောက် ငါ့ရဲ့ကိုယ်စားလှယ်ဖြစ်ခဲ့တာမလို့ ငါ့အကြောင်းသိပါတယ် ၊ နင့်မှာတစ်ခြားစိတ်ကူးနဲ့ထွက်လမ်းရှိရင်လည်း ငါနင့်ကိုမတားပါဘူး"


စိတ်နှစ်ခွရှိသောသူတစ်ယောက်ကို သူ(မ)ဘေးတွင်အတင်းအကြပ်နေခိုင်းမည်မဟုတ်။


စာချုပ်အပြီးသတ်ကြောင်း သူ(မ) ထုတ်ပြောလိုက်သည့်နေ့တွင် ဘာလုပ်ရမည်ကိုဟောင်ဖုန်းမသိပေ။ သူကပြတ်ပြတ်သားသားပြောလိုက်သည်။ "ရင်းယွီ မင်းကထွက်သွားဖို့စျတ်ပိုင်းဖြတ်ပြီးပြီဆိုရင် ငါကကုမ္ပဏီမှာ ဘယ်လိုဆက်နေရမလဲ"


နှစ်ပေါင်းများစွာအတူရှိလာခဲ့သောသံယောဇဥ်ကြောင့်ပဲဖြစ်ဖြစ်သို့မဟုတ် သူ့အနာဂတ်နှင့်တိုးတက်မှုကြောင့်ပဲဖြစ်ဖြစ် ဖူရင်းယွီနှင့်အတူထွက်သွားလိုက်သည်က သူ့အတွက် အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်သည်။


သူ့စကားများကိုကြားလိုက်သောအခါ ဖူရင်းဂယွီ၏အေးစက်စက်အမူအရာတို့က အနည်းငယ်လှုပ်ရှားသွားသည်။ သို့သော်သူ(မ)ကမည်သည့်အခါမှ စကားနူးနူးညံ့ညံ့ပြောတတ်သူမဟုတ်သောကြောင့် သူ့ပခုံးကိုသာပုတ်ပေးလိုက်ပြီး ကတိပေးလိုက်သည်။ "နင်ကုမ္ပဏီအသစ်ပြောင်းသွားရင်တောင်မှ ငါ့ရဲ့ကိုယ်စားလှယ်ဖြစ်နေတုန်းပါပဲ ၊ ပြီးတော့ဒါကဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူး"


နဂိုကဟောင်ဖုးန် ကလေးမလေး၏အကြောင်းကိုထပ်ပြီး မေးကြည့်ချင်သော်ငြားလည်း ဖူရင်းယွီကထိုအကြောင်းပြောရန် စိတ်ဝင်စားပုံမရသောကြောင့် သူလက်လျှော့ရုံသာတတ်နိုင်သည်။


သူကမှတ်ဥာဏ်ကောင်းသောကြောင့် နဂိုအတိုင်း မှတ်မိနေတတ်သည်။ ထိုကလေးမလေးက လွန်ခဲ့သောအခေါက်တွင် "တိမ်မြှုပ်နေသော" ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့မှ လုချီနှင့်အတူရှိနေခဲ့သူဖြစ်သည်။


လွန်ခဲ့သောအခေါက်တွင် ကလေးမလေးအပေါ် ရင်းယွီ၏သဘောထားက ပုံမှန်မဟုတ်သည်ကို သူမသဲမကွဲသတိထားမိသည်။ သူတို့နှစ်ဦးက အရင်တည်းက အချင်းချင်းသိကြသူများဖြစ်လိမ့်မည်။ မည်သည့်အခါမှ စပ်စပ်စုစုမရှိခဲ့ဖူးသော ဖူရင်းဂယူက ငိုနေသောကလေးလေးကို ချော့ရန်သွားလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ယခုအခြေအနေကို တစ်ကယ့်ကို ကိစ္စထူးပင်ဖြစ်သည်။


ဟောင်ဖုန်းက သန်သန်မာမာစရိုက်မျိုးရှိသော ကိုယ်စားလှယ်တစ်ဦးမဟုတ်ပေ။ သူယုံကြည်လက်ခံထားသော တစ်ခုတည်းသော စည်းမျဥ်းက ကိုယ်တိုင်အပြစ်မလုပ်နိုင်လျှင် သူတစ်ပါးကို


မစော်ကားသင့်ဟူသောအချက်ဖြစ်သည်။


ဖူရင်းယွီကအရင်ဆုံးအာဏာပြလိုက်သည်က သူ့အတွက်အဆင်ပြေပါသည်။ သူ့ထံတွင် မန်နေဂျာတစ်ဦး၏ လုပ်ပိုင်ခွင့်ရှိသေးသည်။ သို့သော် သူ(မ)၏ကျော်ကြားမှုက တစ်စထက်တစ်စ တိုးတက်လာသော​ကြောင့် အများဆုံးဘေးတွင်ထိုင်ပြီး သူ့အနုပညာရှင်၏ကိစ္စဝိစ္စအားလုံးကို စပြီးနားထောင်ပေးလာရသည်။ အကြံပေးဖို့ဆိုလျှင် လက်ရှိကုမ္ပဏီနှင့်စာချုပ်အဆုံးသတ်ခြင်းကဲ့သို့ကိစ္စရပ်များကိုလည်း ခြွင်းချက်မရှိပေ။


ဖူရင်းယွီနှင့်ကလေးမလေးတို့၏ဆက်ဆံရေးကိုတွေးမိရင်း ဟောင်ဖုန်းအံ့အားသင့်သွားပြီး တစ်စုံတစ်ခုကို ရုတ်တရက်သတိရမိသွားသည်။


 ဖူရင်းယွီက ထျန်းဟောင်ဖျော်ဖြေရေးနှင့်စာချုပ်ကိုအဆုံးသတ်ချင်သည်။ ထို့ကြောင့်သူ(မ)နောက်ထပ်ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုကိုရှာရမည်ဖြစ်သည်။ အခြားကြီးမားသောပြည်တွင်းကုမ္ပဏီများထဲတွင် ချင်းကုမ္ပဏီကအကောင်းဆုံးဖြစ်သည်။ အဓိကသော့ချက်မှာ ထိုကုမ္ပဏီ၏အမျိုးသားအနုပညာရှင်များကအလွန်တော်ကြပြီး အမျိုးသမီးအနုပညာမရှိပေ။ဖူရင်းယွီသာ ထိုကုမ္ပဏီနှင့်စာချုပ်ချုပ်လိုက်လျှင် သူ(မ)၏တိုးတက်မှုက ထျန်းဟောင်ကုမ္ပဏီတုန်းကလောက် ဆိုးတော့မည်မဟုတ်ချေ။ သို့မဟုတ် ပို၍ပင် ကောင်းလာနိုင်သေးသည်။


လုချီ၏ကုမ္ပဏီကလည်း ချင်းဖျော်ဖြေရေးဖြစ်သည်။


ဤနည်းလမ်းကိုစဥ်းစားပြီးနောက် ရုတ်တရက်ကြီး ကိစ္စများကရှင်းလင်းသွားကာ သူနားမလည်နိုင်သောအရာများကို နားလည်သွားတော့သည်။


သူ့အနုပညာရှင်လေးက အလုပ်ခုန်ကူးရန် အတွေးရှိနေခြင်းဖြစ်သည်။


"ညီမလေး အစ်မရင်းယွီဘယ်သွားလိုက်လဲသိလား?"


အစားစားနေသော ကုဆွေ့ဆွေ့က သူ(မ)အားတစ်စုံတစ်ယောက်စကားပြောနေသည်ကို ကြားမိသောကြောင့် ရပ်လိုက်ကာ မော့ကြည့်လိုက်သောအခါ ဖက်ရှင်ကျသောအမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရသည်။


အမျိုးသမီးက ပါးလွှာသော ပိုးထည်လက်ပြတ်ဝတ်စုံကိုဝတ်ထားကာ ဖြူဖွေးသွယ်လျသော ခြေတံတစ်စုံကိုလှစ်ဖော်ထားသည်။ အလွန်လှပသိမ်မွေ့သော ဖရဲသီးစေ့မျက်နှာလေးကလည်း မာန်မပါပဲ သန့်စင်ချိုမြိန်နေသည်။


ကုဆွေ့ဆွေ့က တလက်လက်တောက်နေသော ဝတ်စုံလှလှလေးကို စူးစမ်းစွာကြည့်လိုက်ရင်း သူ(မ)မျက်လုံးလေးကို ပေကလတ်ပေကလတ်လုပ်ကာ အလွန်ပညာသားပါလှသောပုံလေးနှင့် ပြန်ဖြေသည်။ "မမဖူက ဒီနေရာမှာမရှိပါဘူး ၊ တစ်ခုခုချန်ထားခဲ့စရာရှိရင်လည်း မမပြန်လာမှ နောက်ထပ်လာခဲ့လို့ရပါတယ်"


"ဝိုး! ဒီမမရဲ့အဝတ်အစားတွေက အရမ်းလှတာပဲ 


နေရောင်ထဲမှာဆို တလက်လက်တောက်နေတော့မှာပဲ"


သူ(မ)လည်း ဤကဲ့သို့ တလက်လက်တောက်နေသော စကပ်လှလှလေးကို ဝတ်ချင်မိသည်။


ဖူရင်းဂယူမရှိငြောင်းကြားလိုက်ရသောအခါ ကျီမင်းက သူ(မ)မျက်နှာပေါ်တွင် အဓိပ္ပါယ်ရှိသောအပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ "မမက ဖူရင်းယွီကို ရှာနေတာမဟုတ်ဘူး ၊ သမီးကို လာရှာတာပါ"


ကုဆွေဆွေ့ကအံ့သြသွားသည်။ "သမီးကိုရှာတာလား?"


"ဟုတ်တယ် သမီးအတွက်အရသာရှိတဲ့ကိတ်မုန့်တွေလည်းဝယ်လာခဲ့သေးတယ် ၊ ဒါတွေက လတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့ မုန့်အကာတွေလေ ၊ နူးညံ့ပြီးနို့အပြည့်ပါတယ် ၊ သမီးတို့အရွယ်ကလေးတွေအတွက် အများဆုံးသင့်လျော်တယ်"။ ထို့နောက် ကျီမင်းက သူ(မ)နောက်တွင်ပါလာသော လက်ထောက်အား တောင်းဆိုလိုက်ကာ သူ(မ)ဝယ်လာသောပစ္စည်းများကို စားပွဲပေါ်တင်ထားလိုက်သည်။


ကုဆွေ့ဆွေ့၏နှာခေါင်းလေးက လှုပ်ရှားသွားပြီး ပေါင်မုန့်အကာ၏တစ်မူထူးခြားသော နို့ရနံ့ကို အနံ့ခံလိုက်မိသည်။


ကျီမင်း: "ညီမလေးရဲ့နာမည်ကဘာလဲ ၊ မမကို​ပြောပြလို့ရလား"။


ဤမမက အပြင်ပန်းပုံစံကဲ့သို့ မကြင်နာတတ်ပြီး မနူးညံ့သည်ကို သူ(မ)ခပ်ရေးရေးခံစားမိသော်လည်း ပေါင်မုန့်အပုံကြီးကြောင့် သူ(မ)ယဥ်ယဥ်ကျေးကျေးသာ ပြန်ဖြေလိုက်သည်။


ကျီမင်းနှင့်ဖူရင်းဂယူတို့က အချိန်အတန်ကြာတည်းက တစ်ယောက်နှင့်တစ်ယောက်သိခဲ့ကြသည်။ သူတို့၏ စရိုက်နှင့်ပင်ကိုစိတ်ရင်းကိုလည်း အချင်းချင်းကောင်းကောင်းငိထားကြသည်။ ဤအမျိုးသမီးက ကလေးအပေါ် အကြောင်းမရှိပဲ ထိုမျှလောက်မကောင်းနိုင်ချေ။


ဒါရိုက်တာဟဲ့၏စကားကို သူ(မ)မတော်တဆကြားလိုက်မိသည်။ ဖူရင်းယွီနေရာမှ သရုပ်ဆောင်သော ကလေးမလေး၏မျက်လုံးများက ဖူရင်းယွီနှင့်အလွန်တူသည်ဟု ဒါရိုက်တာကပြောခဲ့ခြင်းဖြစ်သည်။


ထိုစကားက ကျီမင်းအား တစ်စုံတစ်ခုကို နားလည်သွားစေသည်။ 


ရိုက်ကွင်းပေါ်တွင် ကလေးမလေး၏အမေဆိုသူ၏မျက်လုံးကို ဖူရင်းယွီကပဲအများဆုံးဖုံးကွယ်ထားခြင်းဖြစ်သည်။ သားအမိနှစ်ဦး၏ အလှအပက အလွန်ကွာခြားလှသောကြောင့် မိသားစုနှင့်ပင်မတူချေ။


ကလေးမလေးဆီမှစကားရအောင်နှိုက်ပြီး ဖူရင်းယွီအားလက်ပူးလက်ကြပ်ဖမ်းမိအောင် သူ(မ)လုပ်မည်ဖြစ်သည်။ လက်မထပ်ရသေးခင် ကိုယ်ဝန်ရသောသတင်းပေါက်ကြားသွားသည်


နှင့် သူ(မ)၏ကုမ္ပဏီအစ်မကြီးနေရာကို လုယူနိုင်တော့မည်မဟုတ်ပေ။


ပါးနပ်သောအကြံအစည်များက ကျီမင်း၏စိတ်ထဲတွင်ဖြတ်ပြေးသွားပြီး နူးညံ့သောအစ်မကြီးတစ်ယောက်သဖွယ် သူ(မ)၏မျက်နှာထက်ရှိ အပြုံးကပိုမိုသိမ်မွေ့လာသည်။ သို့သော် ဖုန်းအသံသွင်းခြင်းကို ရုတ်တရက်ဖွင့်လိုက်သည်။


သို့သော် သူ(မ)ရှေ့တွင်ထိုင်နေသော ကုဆွေ့ဆွေ့က သာမာန်ကလေးမဟုတ်ကြောင်း သူ(မ)မသိလိုက်ချေ။ ကုဆွေ့ဆွေ့က သူ(မ)တွေးနေချိန်တွင် တစ်ခုခုမှားနေသည်ကို သတိပြုလိုက်မိသည်။


အငြိုးအတေးပင်ဖြစ်သည်။ ဤမမက သူ(မ)အား ထိခိုက်စေလိုသည်လား?


သို့သော် အဘယ်ကြောင့်နည်း။ ယခုလေးတင် သူ(မ)အဖို့အရသာရှိသော ပေါင်မုန့်များဂယ်လာပေးခဲ့သည်မဟုတ်လား?


ဒီလောကတွင်အတွေ့အကြုံမရှိသေးသော ကုဆွေ့ဆွေ့၏ဆင်ခြေကို မစောင့်လိုက်ရခင် နောက်စက္ကန့်ပိုင်းလောက်တွင် ဆွေ့ဆွေ့အပေါ်အလွန်ကြင်နာသော မမဖူက အဝေးမှလာနေသည်ကိုတွေ့လိုက်ရသည်။


အကျိုးကိုရှာပြီး မဖြစ်သင့်သည်ကိုရှောင်ရှားရန် အလိုအလျောက်သိစိတ်ဖြင့် ထိုင်ခုံမှသူ(မ)အမြန်ထလိုက်ပြီး ဖူရင်းယွီ၏ဘေးသို့သွားကာ အင်္ကျီစွန်းလေးကို အသာအယာဆွဲလိုက်ရင်း တီးတိုးပြောလိုက်သည်။ "မမဖူ အဲ့မမကလေ သမီးဆီကို ရုတ်တရက်ကြီးစကားလာပြောတယ် ၊ သူသမီးကိုတစ်ခုခုလုပ်လိုက်မှာကြောက်တယ်"။