အပိုင်း (၁၀၄)
Viewers 31k

Part 104 


ထိုစကားများကြားသည့်အခါ ယွမ်ရှ အံ့အားသင့်လွန်းသဖြင့် အေးခဲသွားသည်။ ဝမ်လေး၏ ပြောစကားများကို သူမနားလည်အောင် အမြန်ကြိုးစားလိုက်ရသည်။ ခံနိုင်ရည်စွမ်းအားရှိသော အမျိုးသမီးများမှလွဲ၍ အမျိုးသမီးအများစုက ကလေးမွေးဖွားချိန်တွင် နာကျင်မှုကို အလွန်အမင်း ခံစားရလေ့ရှိသည်။ နာကျင်မှုကို တစ်မှ တစ်တယ်အထိ အဆင့်သတ်မှတ်ထားပါက ကလေးမွေးခြင်းကို အဆင့်တစ်ဆယ်ဟုပင်ပြောနိုင်သည်။


သူမကိုယ်တိုင် ခံစားခဲ့ရခြင်း မဟုတ်သော်လည်း သူမထင်ထားသည်ထက် အဆပေါင်းများစွာနာကျင်မည်ကို သူမ ခံစားနိုင်သည်။ ယခုခေတ်တွင် ခေတ်မီနည်းပညာများဖြင့် သက်တောင့်သက်သာ ကလေးမွေးဖွားနိုင်သည့်နည်းလမ်းများရှိသော်လည်း ၎င်းတို့က မွေးဖွားနေစဉ်မှာပင် နာကျင်မှုကို လျော့သွားစေနိုင်သည်။  နောက်ပိုင်း အနာကျက်သွားလျှင်ပင် ဆက်လက်နာနေဦးမည်ဖြစ်သည်။


မူလပိုင်ရှင်က ကံကောင်းသည်ဟု ဆိုနိုင်သည်။ သူမဗိုက်က အသားအရောင်မပြောင်းသွားပဲ ချုပ်ရိုးအရာလည်း မကျန်ခဲ့ပေ။ ကလေးမွေးပြီးသွားသော်လည်း ‌ဗိုက်က ချပ်နေဆဲဖြစ်ပြီး ကလေးမွေးထားသည့်အရိပ်အယောင်ပင် မရှိပေ။


အချို့အမျိသမီးများက ကလေးမွေးပြီးနောက်တွင် အကြောပြတ်ရာများ ကျန်ရှိ နေခဲ့တတ်သည်။ ကြောက်စရာအကောင်းဆုံးအရာမှာ ချုပ်ရိုးရာကျန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ နည်းပညာများဖြင့်ဆိုလျှင်လည်း ချုပ်ရိုးရာကို အရောင်ဖျော့သွားအောင်လုပ်နိုင်ရုံသာဖြစ်သည်။ ၎င်းတို့ကို လုံးဝပျောက်သွားအောင် မလုပ်နိုင်ပေ။ သူမ၏လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မီးဖွားစဉ်တွင် ချုပ်ရိုးရာများစွာကျန်ခဲ့၍ ငိုယိုနေခဲ့သည်ကို မှတ်မိသွားသည်။


မူလပိုင်ရှင်က မည်မျှအားစိုက်ထုတ်ခဲ့ရသည်ကို ယွမ်ရှမသိသော်လည်း ကိစ္စတစ်ခုကို တော့ သူမ သေချာသိပေသည်။ မူလပိုင်ရှင်က ဝမ်လေးကို မွေးဖွားနိုင်ရန်အတွက် များစွာခံစားခဲ့ရမည်ဖြစ်သည်။


ကလေးမွေးဖွားချိန်တွင် နာကျင်မှုရှိသည်မှာ သဘာဝဖြစ်သော်လည်း ဝမ်လေးက ဤမျှငယ်ရွယ်သည့်အရွယ်မှာပင် သူ့အမေ၏ နာကျင်မှုကို ကိုယ်ချင်းစာတတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ 


သူတို့နှစ်ယောက်ကြားတွင် ညဝတ်အင်္ကျီအပါးတစ်ထည်ရှိသေးသော်လည်း ကလေးလေး၏နှုတ်ခမ်းများမှ နွေးထွေးမှုကို သူမ ခံစားနိုင်သည်။ သူ၏ ခေါင်းသေးသေးလေးကို သူမပုတ်လိုက်သည်။ သူမ သတိမထားလိုက်မိစဉ်မှာပင် နူးညံ့သာ့်အသံဖြင့် ပြောလိုက်မိသည်။

" မာမား မနာတော့ပါဘူး ..."


ဝမ်လေးက မျက်လုံးရွဲကြီးများဖြင့် သူမကို ကြည့်နေသည်။

" တကယ်လား ..."


" တကယ်ပေါ့ ..."

ယွမ်ရှက စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။ 


" မာမား နောက်ထပ်ကလေးတစ်ယောက် ထပ်မွေးလာမှ နာရမှာ ... အဲ့အချိန်ဆို တကယ်ကြီးနာသွားမှာ ..."


ဝမ်လေးက တွေးတွေးဆဆဖြင့်ပြောလိုက်သည်။

" မာမား အဲ့ဒါဆို နောက်ထပ်ကလေးတစ်ယောက် မမွေးနဲ့တော့ ... သား မာမားကို မနာစေချင်ဘူး ..."


ယွမ်ရှ မနေနိုင်ပဲ ရယ်မိတော့သည်။


သူမက ကလေးမွေးဖွားခြင်း၏ နာကျင်မှုကို မကြုံတွေ့ခဲ့ရပေ။ သူမ၏ကမ္ဘာတွင်လညိး။သူမကိုယ်တိုင်က လက်မထပ် ကလေးမမွေးရန် စဉ်းစားထားခဲ့ပြီးဖြစ်သည်။ အကယ်၍ သူမ သဘောကျနှစ်သက်သူတစ်ယောက်တွေ့၍ လက်ထပ်ချင်ခဲ့ပါကလည်း သူမက DINKဟု ကြိုပြောထားမည်ဖြစ်သည်။

( DINK - Dual Income, No Kids / ကလေးမမွေးပဲ လင်မယား နှစ်ယောက်လုံး အလုပ်လုပ်ကာ ငွေရှာခြင်း )


ကလေးတစ်ယောက်ရှိခြင်းက ဂေါ်ဖီထုတ်တစ်ထုတ်ဝယ်ခြင်းနှင့်မတူပေ။ ဤခေတ်အခြေအနေနှင့် လက်ရှိအသက်အရွယ်တွင်ပင် အိမ်မွေးတိရစ္ဆာန်မွေးလိုသည့် လူဆိုလျှင်ပင် ၎င်းတို့ကို အသက်အရွယ်ကြီးလာသည်အထိ ဂရုစိုက်စောင့်ရှောက်ရန် ဆုံးဖြတ်ထားရမည်ဖြစ်သည်။ ကလေးဆိုလျှင် စံနှုန်းများက အိမ်မွေးတိရစ္ဆာန်ထက် ပိုမြင့်သွားပြီဖြစ်သည်။


သူမက အသက်တစ်ချောင်းကို တာဝန်ယူနိုင်ရန် ယုံကြည်ချက်မရှိပေ။


" ကောင်းပါပြီ ... ဝမ်လေးတစ်ယောက်ပဲ မာမားရဲ့ကလေးဖြစ်ရင် လုံလောက်ပါပြီ ..."

ယွမ်ရှ ကတိပေးလိုက်သည်။


ဝမ်လေးက အနည်းငယ်ရှက်သွားသည့်ပုံပင်။ သူမခါးဖက်ထားပြီး ဗိုက်ကိုခေါင်းခြင့်ပွတ်နေသည်။


သူ့ မာမားက သူ့ကို သူမကလေးဟုပြောခြင်းကို ကြားရသည်ကို သဘောကျသည့်ပုံပင်။


သားအမိနှစ်ယောက် ခဏတာ ကြည်နူးပျော်ရွှင်နေကြပြီးနောက် ဝမ်လေးက နို့သောက်ရန် ဇီဇာကြောင်နေသည်။ ထို့နောက် အိမ်မောကျသွားတော့သည်။ ထိုအချိန်ကျမှသာ ယွမ်ရှက အိပ်ရာဝင်အနမ်းအဖြစ်ဟန်ဆောင်ရန် ကိစ္စများကို စဉ်းစားချိန်ရသွားသည်။


သူမက လိုချင်တောင့်တစိတ်များကို တောင့်ခံထားနိုင်သူ နတ်သမီးတစ်ပါးမဟုတ်ပေ။ စုန့်ထင်ရှန်းကဲ့သို့ အောင်မြင်ထူးချွန်သူတစ်ယောက်နှင့် နေ့တိုင်းမျက်နှာချင်းဆိုင်နေရသည့်အတွက် သူမ၏ စိတ်လိုက်မာန်ပါလုပ်ပစ်ချင်စိတ်များကို ခက်ခက်ခဲခဲတောင့်ခံထားရသည်ကို ကောင်းကင်ဘုံသာသိသည်။


အစောပိုင်းက သူ သူမနားသို့ ချဉ်းကပ်လာစဉ်က သူမနှလုံးသားတစ်ခုလုံးခုန်ထွက်သွားတော့မည်ဟု ပြောလျှင်လည်း ချဲ့ကားနေခြင်းမဟုတ်ပေ။


ဒီလိုအခြေအနေမှာ ဘယ်အမျိုးသမီးငယ်လေးမဆို မျက်လုံးမှိတ်လိုက်မိမှာပဲလေ ... ဒီလို ဆွဲဆောင်မှုကြီးကို လူဘယ်နှယောက်လောက်က ခုခံနိုင်မှာတဲ့လဲ ...