အပိုင်း ၂၀
Viewers 15k

Chapter 20


ခဲ့ကျင်းယန်၏ နာမည်ကျော်ကြားမှုဂုဏ်သတင်းက နောက်စရာမဟုတ်ပေ။ ရသစုံရှိုးအတွက် သူရိုက်ကူးရေးလုပ်နေစဥ်အတွင်း သူနှင့်ပတ်သတ်သည့်ပို့စ်များက အွန်လိုင်းပေါ်တွင် ပလူပျံနေသည်။


မနက်ရှစ်နာရီခွဲအချိန်ခန့်တွင် လူတစ်ယောက်က သူပန်းခြံထဲတွင်လေ့ကျင့်ခန်းလုပ်နေပြီးအပြေးလေ့ကျင့်နေစဥ် ခဲ့ကျင်းယန်ရိုက်ကူးရေးလုပ်နေသည်ကို တွေ့ခဲ့ကြောင်း ဝေဘိုတွင်ပို့စ်တင်ပြီးပြောလာသည်။ သက်သေပြရန်အတွက် တိတ်တဆိတ်ရိုက်ယူထားသောပုံနှစ်ပုံပါ တွဲတင်လိုက်သေးသည်။


ထိုပို့စ်ကိုတင်ထားသောသူမှာ နှစ်ပေါင်းများစွာ ခဲ့ကျင်းယန်၏သစ္စာရှိပရိသတ်တစ်ဦးဖြစ်ခဲ့ပုံရသည်။ သူရေးတင်ထားသည့်စာသားအရခဲ့ကျင်းယန်အား တွေ့ခဲ့ရသည်ကိုအလွန်စိတ်လှုပ်ရှားနေကြောင်းသိရှိနိုင်သည်။


သူ့ပို့စ်အောက်တွင် ကောမန့်များစွာလည်းရေးထားကြသေးသည်။ ပုံပါတွဲတင်ထားသောကြောင့် မယုံသည့်သူမရှိပေ။ တစ်ခဏမျှကြာပြီးနောက် ခဲ့ကျင်းယန်၏အမည်က ရေပန်းအစားဆုံးရှာဖွေမှုစာရင်းသို့ရောက်ရှိသွားလေသည်။


ဝေဘိုတွင်တင်ထားသည့်ဓာတ်ပုံက အနည်းငယ်ဝါးနေသည်။ ရိုက်ကူးရေးအဖွဲ့က သတိပေးစည်းကြိုးတားထားသည့်အတွက် အဝေးမှလှမ်းရိုက်ယူရသောကြောင့် သူ့ပုံက သိပ်မပီပြင်လှပေ။


သို့သော် သူ့ငွေရောင်ဆံပင်တောက်တောက်ကြောင့် ပရိသတ်များက ခဲ့ကျင်းယန်ကိုချက်ချင်းမှတ်မိကြသည်။ 


"အား....သူရုပ်ရှင်ရိုက်နေတာလား....ချစ်လိုက်တာနော်"။


"ရုပ်ရှင်ရိုက်နေတာမဟုတ်လောက်ဘူး....ဒီပုံတွေအရဆိုရင် ရသစုံရှိုးတစ်ခုခုရိုက်နေတာနဲ့တူတယ်"။


"ဝိုး...အစ်ကိုက အရမ်းအလုပ်ကြိုးစားတာပဲ....သူ့ရဲ့ပွဲပြီးတာနဲ့ ချက်ချင်းကို ရိုက်ကူးရေးပြန်စတယ်နော်"။


"အစ်ကိုကျင်းယန်က နောက်ဆုံးရသစုံနယ်ပယ်အထိပါ ခြေဆန့်တော့မှာလား......ဒါနဲ့ သူရိုက်နေတာ ဘာရသစုံရှိုးလဲဆိုတာ တစ်ယောက်ယောက်သိလား.....ဘယ်အချိန်လွှင့်မှာတဲ့လဲ...လွှင့်လို့ကတော့ အပိုင်းဘယ်လောက်များများ တစ်ထိုင်တည်းကြည့်ပစ်မယ်"။


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံအစီအ


စဥ်၏ ရိုက်ကူးရေးအဖွဲ့က ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့တို့သားအဖ၏အကြိုရုပ်ရှင်ရိုက်ကူးရေးနေရာအတွက် မြို့တော်ရှိပြည်သူ့ပန်းခြံကြီးတွင် ရွေးချယ်စီစဥ်လိုက်သောကြောင့် ဆိုရှယ်မီဒီယာများတွင် ထိုသတင်းများက မမြင်ချင်သည့်အဆုံးဖြစ်နေသည်။


လူနည်းသည့်နေရာကိုရိုက်ကွင်းနေရာအဖြစ်မရွေးပဲ ပြည်သူပိုင်နေရာတစ်ခုကိုသာ ရိုက်ကွင်းနေရာအဖြစ် ဒါရိုက်တာရီကျောက်ရွေးချယ်ခဲ့ခြင်းမှာ ပရိသတ်ပြည်သူနှင့်ရသစုံရှိုးကြီးကို အစမ်းသဘောအနေဖြင့် ထိတွေ့စေလိုသောကြောင့်ဖြစ်သည်။ ဤနည်းအားဖြင့် ပရိသတ်များ၏အာရုံနှင့်စိတ်ဝင်စားမှုကို အနည်းနှင့်အများဆိုသလို ရယူထားနိုင်သည်။


ဆိုရှယ်မီဒီယာများပေါ်တွင် ပရိသတ်ပြည်သူများ ကြိုက်သလိုထင်မြင်ချက်ပေးနေပါစေ သူဂရုမစိုက်ပေ။ ထိုမှသာလျှင် ခဲ့ကျင်းယန်ပါဝင်သည့် ရသစုံရှိုးကြီးနှင့်ပတ်သတ်ပြီး သိလိုစိတ် စူးစမ်းလိုစိတ်တို့ ပရိသတ်များအကြားမြင့်တက်လာပြီဖြစ်သည်။


အစီအစဥ်တွင်ပါဝင်မည့်ဧည့်သည်အနုပညာရှင်များစာရင်းကိုတရားဝင်ကြော်ငြာလိုက်ပါက ရေပန်းအစားဆုံးရှာဖွေမှုစာရင်းထဲသို့ တန်းရောက်သွားမည့်အဖြစ်ကို မြင်ယောင်ပါသေးသည်။


ကုဆွေ့ဆွေ့က လတ်လတ်ဆတ်ဆတ်မီးကင်ထားသော မုန့်ချိုကို ကျေနပ်အားရနေသောမျက်နှာအမူအရာဖြင့် ကိုင်ထားသည်။


မုန့်ချိုလေးက သူ(မ)ကြိုက်သောအပန်းရောင်လေးဖြစ်သည်။


သို့သော်ကုဆွေ့ဆွေ့က ထိုပန်းရောင်ငှက်သိုက်


မုန့်လေးကိုမမြည်းကြည့်မီတွင် လက်ကြီးတစ်ဖက်က ဘေးမှထွက်လာပြီး သူ(မ)၏ငှက်သိုက်မုန့်ကို မထင်မှတ်ထားစွာ ရုတ်တရက်ဖြတ်လုသွားသည်။


ဆွေ့ဆွေ့အား တစ်စုံတစ်ယောက်က မည်သည့်စွမ်းရည်မျိုးရှိသနည်းဟုမေးလာလျှင် အငိုစွမ်းရည်ရှိသည်ဟု သေချာပေါက်ဖြေမိလိမ့်မည်။ သူ(မ)က မည်သည့်အချိန် မည်သည့်နေရာတွင်မဆို ချက်ချင်းငိုနိုင်သည်။ 


သူ(မ)လက်ထဲရှိ ငှက်သိုက်မုန့်လေးအလုခံလိုက်ရသိသည်ကို သတိထားမိချိန်တွင် ဆွေ့ဆွေ့၏မျက်ဝန်းထဲတွင် မျက်ရည်စများဝေ့သီလာသည်။ ငိုမဲ့မဲ့ဖြင့်အလွန်သနားစဖွယ်ကောင်းကာ အသံလေးကလည်းရှိုက်ကာ ရှိုက်ကာဖြင့်ပြောလာသည်။ "သမီးရဲ့ငှက်သိုက်မုန့်လေး"။ ကလေးများ၏မုန့်ကိုဖြတ်လုသူမှာ မကောင်းသည့်လူဆိုးကြီးဟု အစ်မထောင်ယောင်က သူ(မ)ကိုပြောခဲ့ဖူးသည်။


ရုပ်ဘယ်လောက်ချောချော သူ(မ)မုန့်ကိုဖြတ်လုသူမှာ အကျင့်မကောင်းသည့် လူဆိုးကြီးဖြစ်သည်။


ကလေးမလေးက သူ့ကို လူဆိုးကြီးဟုခေါ်ပြီး ငိုမဲ့မဲ့ဖြစ်နေသောကြောင့် သူစနောက်လိုက်သောကိစ္စမှာဤမျှလောက်ကြီးသွားသည်လားဟု ခဲ့ကျင်းယန်ပြန်လည်စဥ်းစားနေမိသည်။ သူလုယူလာသော ငှက်သိုက်မုန့်ကို တစ်ပိုင်းဖြဲလိုက်ပြီး ပါးစပ်ထဲထည့်ကာ အရသာကိုမြည်းစမ်းလိုက်သည်။ အရသာမြည်းကြည့်ပြီးနောက် မနှစ်မြို့သည့်လေသံဖြင့် ပြောလာသည်။ "ဒီငှက်သိုက်မုန့်ရဲ့အရသာကသာမာန်ပါပဲ....အရမ်းချိုရဲလွန်းတယ်"။


သာမာန်အရသာလောက်ပဲရှိသည့်ငှက်သိုက်မုန့်တစ်ခုကြောင့် ချောမောလွန်းလှသည့်သူ့မျက်နှာကို ဥပက္ခာပြုခြင်းကဖြစ်နိုင်လို့လား။


ငှက်သိုက်မုန့်က သူ့ရုပ်ရည်ထက်တန်ဖိုးကြီးနေလို့လား။ ခဲ့ကျင်းယန် သူ့တစ်ယောက်တည်း ကြံကြံဖန်ဖန်အတွေးနယ်ချဲ့နေမိသည်။


"လူဆိုး....ကိုကိုကလူဆိုးကြီး"။


နဂိုက မုန့်အလုခံလိုက်ရသော်လည်း ကုဆွေ့ဆွေ့မျက်ရည်များကိုထိန်းပြီး သဘ်းခံနေနိုင်သေးသည်။ သို့သော် ထိုအစ်ကိုကြီးက သူ(မ)၏မုန့်ကိုလုယူသွားရုံမျှမက သူ(မ)ကြိုက်သည့်ငှက်သိုက်မုန့်လေး၏အရသာကိုလည်း လူအများကြားမှာ အသေရေဖျက်ပြီး ဝေဖန်ပုတ်ခတ်နေသေးသည်။ သူ(မ)ဆက်ပြီးသည်းမခံနိုင်တော့သောကြောင့် ငိုချလိုက်တော့သည်။


ပန်းခြံ၏အနောက်ဘက်ပိုင်းတွင်ဖြစ်သော


ကြောင့် ဖြတ်သွားဖြတ်လာလူများများစားစားမရှိပေ။ ငှက်သိုက်မုန့်ရောင်းနေသောအဖိုးနှင့် ခုံတန်းပေါ်တွင်ထိုင်နေကြသော သက်ကြီးရွယ်အိုစုံတွဲမှလွဲ၍ အခြားသူများမရှိပေ။ 


ငှက်သိုက်မုန့်အလုခံလိုက်ရသောကြောင့် ငိုနေ


သည့်ကလေးငယ်လေးကိုကြည့်ပြီး သူတို့အားလုံးက ခဲ့ကျင်းယန်အား အပြစ်တင်သည့်အကြည့်များဖြင့်လှည့်ကြည့်လာသည်။


ခဲ့ကျင်းယန်တစ်ယောက် သူ့ရှေ့တွင်ရပ်နေသောကလေးငယ်လေးကို ငုံ့ကြည့်လိုက်မိသည်။ နွေဦးစမ်းချောင်းကဲ့သို့ အမြဲတစေကြည်လင်တောက်ပနေတတ်သော သူ(မ)၏အရည်လဲ့လဲ့မျက်လုံးများက ငိုထားသဖြင့် သနားစဖွယ်ကောင်းလောက်အောင် နီရဲတွတ်နေသည်။


သူတို့အမြင်တွင် ချစ်စဖွယ်ကလေးငယ်လေးကိုငိုအောင်လုပ်သည့် တရားခံက သူဖြစ်သည်ဟုထင်နေပုံရသည်။ 


ခဲ့ကျင်းယန်က သူ့ဆံပင်ကိုစိတ်ရှုပ်စွာဖြင့် ဆွဲဖွလိုက်သည်။ သူဒီကလေးမလေးကို အငိုတိတ်အောင်မည်သို့ချော့ရပါအံ့နည်း။ သူငယ်စဥ်ကပင် ရပ်ကွက်တစ်ခုထဲရှိ ယောကျာ်လေးအပေါင်းအသင်းအုပ်စုများနဲ့သာ ဆော့ကစားဖူးသည်။ မိန်းကလေးတစ်ဦးတစ်လေကိုမျှ အာရုံမစိုက်ခဲ့ဖူးချေ။ 


ထို့အပြင် သုံးနှစ်အရွယ်ကလေးသာသာလေးက ဤမျှလောက်ဆတ်ဆတ်ထိမခံမှန်း ခဲ့ကျင်းယန်မထင်ထားခဲ့ပေ။ သူ(မ)၏ငှက်သိုက်မုန့်ကို လုမိပြီး တစ်ကိုက်မျှစားလိုက်ရုံမျှဖြင့် ငိုသွားလိမ့်မည်ဟု သူမထင်ခဲ့ရိုးပါ။ သူ့အသက်ငါးနှစ်ကျော်ကျော်အရွယ်ခန့်က ဝမ်းကွဲအစ်ကိုဖြစ်သူ လုယွင်ကျီနှင့် မုန့်လုကြရာဝယ် အရိုက်ခံခဲ့ရဖူးသည်။ ထိုစဥ်တွင်ပင် သူတို့နှစ်ယောက်လုံး မျက်ရည်တစ်စက်မကျခဲ့ပေ။


"ဟေး....မငိုနဲ့လေ"။ ကလေးကသူ့ကိုကြောက်ပြီး အငိုတိတ်သွားလိမ့်မည်ဟုတွေးကာ ခဲ့ကျင်းယန် တစ်ချက်ငေါက်လိုက်သည်။


သို့သော် သူအော်ငေါက်လိုက်သောကြောင့် ကလေးကလန့်ပြီး ပိုငိုလေသည်။ 


အာခေါင်ခြစ်ကာ အော်ငိုနေသောကလေးငယ်ကို မြင်သောအခါ ခဲ့ကျင်းယန်ထိုနေရာတွင်တောင့်တောင့်ကြီးရပ်နေမိသည်။ တစ်ခါမှ ကလေးမထိန်းဖူးသူက ဘာလုပ်လို့လုပ်ရမှန်းမသိပဲ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတော့သည်။ 


ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့၏အခြေအနေကိုရိုက်ကူးရေးဝန်ထမ်းများလည်း တွေ့သွားသည်။ 


တအားငိုနေသောကလေးကြောင့် သူတို့လည်း ရိုက်ကူးရေးကို ယာယီခေတ္တခဏရပ်နားလိုက်ပြီး ကလေးအမေကိုခေါ်ခိုင်းရသည်။


မလှမ်းမကမ်းတွင်ရပ်ကြည့်နေသော ဖုန်းယောက်ချင်းလည်း ရိုက်ကူးရေးရုတ်တရက်ရပ်သွားသည်ကို မြင်သောအခါ ချက်ချင်းပင်ရောက်လာပြီး ရှိုက်ငိုနေသောသူ(မ)သမီးလေးကိုပွေ့ချီကာ ချော့မော့တော့သည်။ "ဆွေ့ဆွေ့လေး.....ဘာမှမဖြစ်ဘူး....တိတ်တော့နော်.....မေမေက သမီးကိုနောက်ထပ် ငှက်သိုက်မုန့်တွေဝယ်ပေးမယ်"။ 


အဓိကဒါရိုက်တာနှင့်ထုတ်လုပ်သူဖြစ်သည့် ရီကျောက်လည်း ရုတ်တရက်ဆန်သောအခြေအနေကြောင့် အံ့အားသင့်ကာဘာမှမပြောနိုင်တော့လောက်အောင် ဆွံ့အနေမိသည်။ အရွယ်ရောက်ပြီးသားလူတစ်ယောက်က အဘယ်ကြောင့် ကလေးမုန့်ကိုဆွဲလုပြီးကလေးကိုငိုစေသနည်း။


"ဒါရိုက်တာကြီး....ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ...."။ ရိုက်ကူးရေးဝန်ထမ်းတစ်ယောက်က စိုးရိမ်တကြီးမေးလာသည်။ 


"ဒီအခြေအနေမှာ တစ်ခြားဘာလုပ်ရမှာလဲ....ကလေးကို အရင်ဆုံးချော့ရမှာပေါ့"။ ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့ ကောင်းကောင်းအဆင်ပြေနိုင်သည်ဟု သူထင်ခဲ့သောကြောင့် အခြားအဖွဲ့များကိုသာအာရုံစိုက်ပြီး သူတို့နှစ်ဦးကိုအာရုံမစိုက်မိခဲ့ချေ။ ယခုမူ သူ၏ပေါ့ဆမှုကြောင့် ဒုက္ခလှလှရောက်ချေပြီ။


ခဲ့ကျင်းယန်က "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးလူကြည့်များလာရန် တစ်ခုတည်းသောအာမခံချက်ဖြစ်သည်။ သို့သော် ထိုကိုယ်တော်ချောက ရိုက်ကူးရေးစည်းမျဥ်းကို ဘယ်သောအခါမှ မလိုက်နာပေ။ တာထွက်တည်းက ဤပုံစံဖြစ်နေလျှင် ရှေ့ဆက်သူဘယ်လိုလုပ်ရပါ့မလဲ။


သူတို့အစီအစဥ်အတွက် ခဲ့ကျင်းယန်၏အရေးပါမှုကိုစဥ်းစားရင်း ရီကျောက်အသက်ပြင်းပြင်းတစ်ချက်ရှုကာ ပြောလိုက်သည်။ "ခဲ့ကျင်းယန်ရဲ့ ကိုယ်စားလှယ်ကို ဖုန်းခေါ်​ပြီး....အခုဖြစ်သွားတဲ့ အခြေအနေကိုပြောပြလိုက်.....သူခဲ့ကျင်းယန်ကို ဖျောင်းဖျပါလိမ့်မယ်....တစ်ခြားဟာတွေ အသာထားပါ....ကလေးနဲ့ အဆင်ပြေရင်ရပြီ"။


ခဲ့ကျင်းယန်က တစ်ခြားလူစကားကိုနားထောင်ချင်မှ နားထောင်လိမ့်မည်။ သို့သော် သူ့ကိုယ်စားလှယ်စကားကို သေချာပေါက်နားထောင်ပေလိမ့်မည်။


ခဲ့ကျင်းယန်က သူ့အရှေ့ရှိငှက်သိုက်မုန့်ရောင်းနေသော အဖိုးဆီသွားပြီး သည်းခံစိတ်ကုန်နေသောလေသံဖြင့်ပြောလိုက်သည်။ "ငှက်သိုက်မုန့်တစ်ခုလောက်ပေးပါ....ကျွန်တော်အပန်းရောင်လေးလိုချင်တယ်"။


"လူငယ်လေး....ဟိုကလေးမလေးအတွက် ဝယ်ပေးတာလား"။ အဖိုးကခဲ့ကျင်းယန်အားထိုသို့မေးရင်း ငှက်သိုက်မုန့်ကိုပြင်ပေးနေသည်။ "ရော့ဒီမှာ....ဒါကငှက်သိုက်မုန့်အကြီးစား....ကလေးမလေးကိုသွားချော့လိုက်ပါ"။


ခဲ့ကျင်းယန်လည်း ထိုငှက်သိုက်မုန့်ကိုယူကာ ကလေးမလေးဆီသို့သွားလိုက်ပြီး ရှက်ကိုးရှက်ကန်းလေသံဖြင့်ပြောလိုက်သည်။ "ဒီမှာ....ငါမင်းအတွက်ငှက်သိုက်မုန့်ဝယ်လာပေးတယ်....အစောနတစ်ခုထက်ကြီးတယ်နော်....တိတ်တော့....မငိုနဲ့တော့နော်"။


ထိုစဥ်တွင်သူ့နောက်မှ အသံတစ်သံထွက်လာသည်။ "ခဲ့ကျင်းယန်....ငါနဲ့လိုက်ခဲ့"။ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ကလေးကိုချော့လို့မပြီးသေးခင် သူ့ကိုယ်စားလှယ်ကြီးကရောက်လာပြန်သည်။ ရှင်းပြပေဦးပေါ့ ခဲ့ကျင်းယန်ရယ်။


ခဲ့ကျင်းယန် ကိုယ်စားလှယ်ကြီးနှင့်အတန်ကြာအောင်စကားပြောပြီးနောက် စိတ်ဓာတ်ကျစွာ


ဖြင့် ရိုက်ကွင်းရှိရာသို့ပြန်လာလိုက်သည်။ သူငိုင်နေစဥ်တွင် နူးညံပြီးထွေးအိနေသည့်လက်လေးတစ်ဖက်က သူ့လက်ကိုလာကိုင်သည်။ သူကြည့်လိုက်သောအခါ ကုဆွေ့ဆွေ့ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ "ငှက်သိုက်မုန့်ကြောင့်....သမီးပါပါးကိုခွင့်လွှတ်လိုက်ပါ့မယ်"။ ကလေးငယ်၏ "ပါပါး" ဟူသောအသုံးအနှုန်းကြောင့် ခဲ့ကျင်းယန်ပို၍ပင် စိတ်ညစ်သွားရတော့သည်။


Xxxxxxxx