Chapter 22
ရသစုံရှိုးအကြိုရုပ်ရှင်ရိုက်ကူးခြင်းကို တနင်္လာနေ့မနက်ပိုင်းတွင် ယာယီရပ်နားလိုက်သည်။ ရိုက်ကူးရေးအပြီးတွင် ဝန်ထမ်းတစ်ယောက်က ကုဆွေ့ဆွေ့အားသီးသန့်အင်တာဗျူးရန် လာခေါ်သည်။
"ဟုတ်ပြီ...ဒီနေ့ အင်တာဗျူးကတော့ ဒီလောက်ပါပဲ....သမီးမေမေနဲ့အိမ်ပြန်လို့ရပြီနော်....မီးမီးလေးက ဒီနေ့ကောင်းကောင်းအလုပ်ကြိုးစားခဲ့တာပဲ"။ ဝန်ထမ်းက အပြုံးလေးဖြင့်ပြောလာသည်။
ရိုက်ကူးရေးအဖွဲ့က အကြိုရုပ်ရှင်တွင် ကလေးငါ်များနှင့်မိဘများ၏သီးသန့်အင်တာဗျူးကို ထည့်သွင်းလိုသောကြောင့် အစီအစဥ်တွင်ပါဝင်သည့် ဧည့်သည်တိုင်း သီးသန့်စီပြန်လည်ရိုက်ကူးရေးလုပ်ရသည်။
ကလေးအများစုက အလွန်ငယ်ရွယ်သော
ကြောင့် အင်တာဗျူးဖြေရာတွင် သူတို့၏အတွေး သူတို့၏ဆန္ဒများတွင် လွယ်လွယ်ကူကူမဖြေတတ်ကြပေ။ သို့သော် ကုဆွေ့ဆွေ့က လူကြီးလေးတစ်ယောက်ကဲ့သို့ အက်တာဗျူးကို အေးအေးဆေးဆေးပင်ဖြေပြသွားခဲ့သည်။
သီးသန့်အင်တာဗျူးပြီးနောက် ဖုန်းယောက်ချင်းနှင့်ဆွေ့ဆွေ့ကို အိမ်ပြန်ပို့ရန် ရိုက်ကူးရေးအဖွဲ့က ကားလွှတ်ပေးသည်။
ဤတစ်ခေါက်တွင် အကြိုအပို့တာဝန်ယူထားသူမှာ ရိုက်ကူးရေးဝန်ထမ်းများထဲမှတစ်ဦးဖြစ်
သည့် ထန်းကျူပင်ဖြစ်သည်။ သူ(မ)က ဖုန်းယောက်ချင်းအား ရိုက်ကူးရေးအဖွဲ့မှစာရင်းထုတ်ထားသော ကြိုတင်ကာကွယ်မှုစာရင်းကို ပေးလိုက်သည်။ ရသစုံရှိုးရိုက်ကူးရေးလုပ်မည့်နှစ်ရက်အတွင်း စီရွှမ်မြို့ဟောင်း၏ရာသီဥတု
နှင့် နှစ်ရက်အတွင်းအမြင့်ဆုံးဒေသအတွင်းအပူချိန်များကိုကိုပါဖော်ပြထားသည်။ ထို့နောက် သူ(မ)က ဖုန်းယောက်ချင်းအား ပြောလာသည်။ "ဆွေ့ဆွေ့အမေ....ကလေးအတွက် ပစ္စည်းပစ္စယတွေကို ဒီထဲကအတိုင်းပြင်ဆင်ပေးလို့ရပါတယ်....အဝတ်အစားတွေ အများကြီးလည်းသိပ်မလိုပါဘူး.....ဒီတစ်ခေါက်ရိုက်ကူးရေးက စီရွှမ်မြို့ဟောင်းမှာနှစ်ညအိပ်ရမယ်ဆိုတော့ မြို့တော်ကို စနေနေ့ နေ့လည်ခင်းလောက်မှာပြန်ရောက်မှာပါ"။
ရိုက်ကူးရေးအဖွဲ့၏ ဂရုတစိုက်ရှိမှုကြောင့် ဖုန်းယောက်ချင်းအံ့အားသင့်သွားရသည်။ သူ(မ)အိမ်ပြန်ပြီး ဆွေ့ဆွေ့အတွက် ထုပ်ပိုးပေးရဦးမည်။
"ရှောင်ထန်း.....ကျွန်မတို့ကို လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးပါ"။
ထန်းကျူက ပြုံးပြီးပြောသည်။ "ဒါက ကျွန်မအလုပ်ပဲလေ....အဆင်ပြေတယ်ဆိုရင် ကျွန်မသွားပြီနော်....တစ်ခုခုလိုတာရှိရင် ကျွန်မကို ဖုန်းခေါ်လိုက်ပါ....ကြာသပတေးနေ့ မနက်ခုနစ်နာရီအတိမှာ ဆွေ့ဆွေ့ကိုလာကြိုပြီး လေယာဥ်ကွင်းကိုခေါ်သွားလိုက်ပါ့မယ်"။
ဖုန်းယောက်ချင်းက ခေါင်းညိမ့်ပြီးပြောလိုက်သည်။ "ဟုတ်ပါပြီ"။
အိမ်တွင်ရှိနေစဥ်သုံးရက်ကို အခွင့်ကောင်းယူ၍ ဖုန်းယောက်ချင်းက သူ(မ)သမီး၏ပုံလှလှလေးများကို အနည်းငယ်ရိုက်ယူပြီး ပရိသတ်များမြင်စေရန် ဝေဘိုတွင်တင်လိုက်သည်။ နောက်ထပ်လဝက်ခန့်ကြိုးစားခဲ့ပြီးသည့်အပြင် မကြာမကြာဝေဘိုတွင်ပုံတင်ခြင်းကြောင့် ကုဆွေ့ဆွေ့၏အကောင့်မှာ နဂိုဖော်လိုဝါလေးသိန်းမှ ငါးသိန်းအထိတဖြေးဖြေးတိုးလာခဲ့သည်။
ဖုန်းယောက်ချင်းတွင် ယုံကြည်ချက်အပြည့်အဝရှိသည်။ သူ(မ)သမီးပါဝင်ရိုက်ကူးထားသည့် ရုပ်ရှင်ကားကြီးနှစ်ကား ထုတ်လွှင့်ပြီးသည်နှင့် ဝေဘိုရှိဖော်လိုဝါများ နှစ်ဆတိုးလာလောက်သည်။ အသေးအဖွဲဇာတ်ကောင်နေရာလေးများဖြစ်သော်လည်း သူ(မ)သမီး၏လုပ်နိုင်စွမ်းကို သူ(မ)ယုံကြည်ပါသည်။ ဖော်လိုဝါတစ်သန်းပြည့်သွားလျှင် နမည်ရခါစအနုပညာရှင်တစ်ယောပ်ဟု သတ်မှတ်နိုင်ပေသည်။
မကြာမီတွင် ကြာသပတေးနေ့သို့ရောက်ရှိလာသည်။
မနက်ခြောက်နာရီတွင် လေဆိပ်သွားရမည့်အချိန်မနောက်ကျစေရန်အလို့ဌာ ဖုန်းယောက်ချင်းတစ်ယောက် အိပ်ပျော်နေသေးသည့် သူ(မ)၏သမီးငယ်ကို အပြေးသွားနိုးရသည်။
လိုအပ်သည့်ပစ္စည်းများကို သူ(မ)ပြင်ဆင်ထုပ်ပိုးထားနှင့်ပြီးဖြစ်သည်။ ဆွေ့ဆွေ့အတွက် ဘဲရုပ်ပုံပါသည့် အဝါရောင်အဝတ်အိတ်လေးကိုလည်း ဝယ်ထားပေးသေးသည်။ နှစ်ညအိပ်ရိုက်ကူးရေးခရီးစဥ်ဖြစ်သည့်အပြင် စီရွှမ်မြို့ဟောင်းကဲ့သို့ဝေးလံသည့်ရိုက်ကွင်းနေရာသို့ သွားရမည်ဖြစ်သည်။ ထို့ကြောင့် လမ်းခရီးတွင်ဆွေ့ဆွေ့ဗိုက်ဆာနေမည်စိုးသောကြောင့် မုန့်ပဲသရေစာအချို့ကို အဝတ်အိတ်ထဲတွင် ဖုန်းယောက်ချင်းသွတ်ထည့်ပေးလိုက်သေးသည်။
ဖုန်းယောက်ချင်းက ဆွေ့ဆွေ့အတွက် မုန့်ပဲသရေစာများ မကြာခဏဝယ်ပေးလေ့မရှိပေ။ သို့သော် စူပါမားကတ်ကဲ့သို့သောဆိုင်များကိုဖြတ်သွားတိုင်း သူ(မ)၏ပေါက်စလေးအတွက် မုန့်တစ်ခုမဟုတ်တစ်ခု ဝယ်ပေးဖြစ်သည်။
"ဆွေ့ဆွေ့....မေမေသို့ မြန်မြန်အောက်ဆင်းကြရအောင်.....အန်တီရှောင်ထန်းက သမီးကိုစောင့်နေလောက်ပြီ"။
အိမ်တံခါးမကြီးဆီသို့ ကုဆွေ့ဆွေ့လျှောက်သွားလိုက်ချိန်တွင် သူ(မ)တစ်စုံတစ်ခုမေ့ကျန်ခဲ့သည်ကို ရုတ်တရက်ကြီးသတိရသွားခဲ့သည်။ ထို့ကြောင့် မိခင်ဖြစ်သူအား အသံချိုချိုလေးဖြင့်ပြောလိုက်သည်။ "မေမေ....သမီးဦးထုပ်ကို မမေ့ခဲ့နဲ့နော်....ဒီနေ့ နေအရမ်းပူတယ်....အသားမည်းသွားလိမ့်မယ်"။
"သိပါပြီ....မေမေမမေ့ပါဘူး"။ ဖုန်းယောက်ချင်းက ဧည့်ခန်းထဲရှိအပန်းရောင်နေကာဦးထုပ်လေးကို လှမ်းယူလိုက်ရင်းပြောလိုက်သည်။
သူ(မ)သမီးလေးက တစ်နေ့ထက်တစ်နေ့ပိုပိုပြီး လှချင်လာသည်။ အပြင်သွားလျှင် နေရောင်ကာပစ္စည်းများယူသွားရမည်ဟု သူ(မ)ကိုပင် ပြန်
လည်သတိပေးတတ်သည်။
ရိုက်ကူးရေးအဖွဲ့က သူ(မ)တို့၏အိမ်အောက်ထပ်တွင် ဆယ်မိနစ်ခန့်စော၍ ကြိုစောင့်နေသည်။ ကုဆွေ့ဆွေ့ကို ကားပေါ်သို့ပွေ့ချီတင်ပြီး ခါးပတ်အမြန်ပတ်ပေးလိုက်သည်။ ကားထွက်ခါနီးတွင် ဆွေ့ဆွေ့က ခေါင်းလေးပြူထွက်ရင်း ဖုန်းယောက်ချင်းအား လက်ပြနှုတ်ဆက်ကာ ပြောလာသည်။ "မေမေရေ.....တာ့တာ"။
ထန်းကျူ: "ဒါဆိုရင်....ကျွန်မတို့ သွားတော့မယ်နော်....စနေနေ့ နေ့လည်ကျရင် ဆွေ့ဆွေ့လေးကို ကျွန်မကောင်းကောင်းပြန်ပို့ပေးပါ့မယ်"။
ဖုန်းယောက်ချင်းက ခေါင်းညိမ့်ပြလိုက်သော်လည်း စိုးရိမ်ပူပန်မှုအရိပ်အယောင် တစ်စွန်းတစ်စကသူ(မ)မျက်ဝန်းထဲမှ ဖြတ်ပြေးသွားသည်။ "ဆွေ့ဆွေ့လေး....ဟိုရောက်ရင် အန်တီ ရှောင်ထန်းရဲ့ဖုန်းကိုဌားပြီး မေမေ့ကိုကောင်းကောင်းရောက်ကြောင်း ဘာညာလှမ်းပြောဦးနော်...."။ ကုဆွေ့ဆွေ့က တစ်ခါပြောလိုက်သည်နှင့် ခေါင်းထဲစွဲအောင်မှတ်ထားတတ်
သည့် ကလေးမျိုးဖြစ်သော်လည်း ဖုန်းယောက်ချင်းစိတ်မချနိုင်ပေ။
လူတိုင်း၏နှလုံးသားကို ကိုင်လှုပ်နိုင်သော သူ(မ)၏ ချစ်စဖွယ်သမီးလေးကို ဘယ်နည်းနှင့်မှ စိတ်မချနိုင်ပေ။
ကုဆွေ့ဆွေ့လည်း ရုတ်တရက်ဆိုသလို မိခင်ဖြစ်သူနှင့်ခွဲခွာရမည်ဖြစ်သောကြောင့် အနည်းငယ်အင်တင်တင်ဖြစ်လာသည်။ သို့သော် သူငယ်ချင်းမိတ်ဆွေအသစ်များနှင့်တွေ့ပြီး ကစားရမည်ကိုတွေးလိုက်မိသောအခါ ချက်ချင်းပြန်လည်မြူးထူးသွားပြီး သူ(မ)၏အမေဘက်သို့လှည့်ကာ ပြောလိုက်သည်။ "မေမေ....စိတ်မပူပါနဲ့.....သမီးမမေ့ပါဘူး"။
ကားလေးက သူ(မ)တို့ရပ်ကွက်ထဲမှ တရွေ့ရွေ့ထွက်ခွာသွားသည်ကိုကြည့်ရင်း ဖုန်းယောက်ချင်းလွမ်းဆွတ်စွာဖြင့် မျက်ရည်သုတ်လိုက်မိသည်။
ရိုက်ကူးရေးက နှစ်ရက်နှစ်ညကြာမည်ဖြစ်သောကြောင့် သူ(မ)သမီးလေး ကောင်းကောင်းအိပ်ရလား ၊ ကောင်းကောင်းစားရလား ၊ သို့မဟုတ် ခဲ့ကျင်းယန်က ထပ်ပြီးအနိုင်ကျင့်ဦးမည်လား စသဖြင့် အတွေးများယောက်ယက်ခတ်ရင်း မိခင်
တစ်ဦး၏ သောကမီးအပူကတရိပ်ရိပ်တက်လာသည်။
ထို့ကြောင့် ဖုန်းယောက်ချင်းတစ်ယောက် ဒီနေ့တစ်နေ့လုံး အလုပ်လုပ်ရန်လည်း စိတ်မပါတော့ပေ။
ရသစုံရှိုး၏ပထမအပိုင်းကိုကောင်းမွန်စွာရိုက်ကူးနိုင်ရန် ရိုက်ကူးရေးအဖွဲ့ကအတော်လေးအားထုတ်ထားသည်။ သီးသန့်ဂျက်လေယာဥ်ကြီးကို စင်းလုံးဌားလိုက်ပြီးဧည့်သည်အနုပညာရှင်များအားလုံးကို အေးအေးလူလူစီးနင်းလိုက်ပါစေကာ စီရွှမ်မြို့ဟောင်းတည်ရှိနေသည့် အိတ်ချ်မြို့တော်သို့ ထွက်ခွာတော့သည်။
Xxxxxxxx