Chapter 1: “ဇနီးကဒ်ဆိုတာ ဘာကြီးလဲ ?”
တောက်ပနေသည့်အလင်းရောင်အောက်တွင် သတ်လတ်ပိုင်းအရွယ် ကုထုံးပညာရှင်က ဇီဝဖန်ပြွန်အိမ်ထဲတွင် တစ်နှစ်ကြာအောင်လဲလျောင်းနေသည့် လူနာကိုကြည့်ကာ သူ့ရဲ့အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုသူ စပြီးသံသယဝင်လာတော့သည်။
လူငယ်လေးရဲ့ စိတ်စွမ်းအင်က ကားမတော်တမှုဖြစ်ပြီးနောက်ပိုင်း လုံးဝပျောက်ကွယ်သွားသည်။ ကုထုံးပညာရှင်ကိုယ်တိုင် ဒီလူငယ်လေးက ဘယ်တော့မှနိုးလာမှာ မဟုတ်တော့ဘူးဟု လူနာ၏မိသားစုကို ပြောပြလိုက်ချိန်တွင် နစ်နာကြေးရပြီးသည်နှင့် နှလုံးသားမဲ့စွာ ဒီလူငယ်လေးကိုထားခဲ့ကြသည်။
လူငယ်လေးက အရမ်းငယ်ရွယ်ပြီး အရမ်းချောမောကာ ပြောရမယ်ဆိုရင် ထင်းထွက်နေသည့်လူစားမျိုးပင်။ ဒါပေမယ့်လည်း သူ့မိဘတွေနဲ့ ညီငယ်ကတော့ သူ့ဆီကနေ ငွေတွေထပ်ရနိုင်ဖို့အတွက်သာ စိတ်ပူကြသည်။
အစပိုင်းတွင်တော့ ပြဇာတ်တွေရိုက်ပြီး ငိုကြသော်လည်း ပိုက်ဆံရောက်လာသည်နှင့် ပျော်ရွှင်စွာထွက်ခွါသွားကြပြီး ဟန်ဆောင်ပန်ဆောင်ပင် ဆက်ပြီးဝမ်းနည်းမပြကြတော့သည်မှာ တစ်ခါနှစ်ခါမကတော့ပေ။
ကုထုံးဆရာဝန်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတောင်မှ သူ့ကိုပြောကြသည်မှာ
“ဒီကလေးကိုက ကံမကောင်းတာနေပါမယ်လေ။ သနားစရာပဲ” ဟုသာ။
သူ့ကိုမတော်တဆတိုက်မိသွားခဲ့သည့် ချမ်းသာသောစီးပွါးရေးသမားမှာ လူငယ်လေးအသက်ဆက်ရှင်ရန် လိုအပ်သမျှကို ဆက်လက်ပြီးထောက်ပံ့ပေးချင်စိတ် အပြည့်အဝရှိသော်လည်း လူငယ်လေး၏အသိစိတ်က ပျောက်ဆုံးသွားပြီး ပြန်လည်ကုသလို့မရနိုင်တော့ပေ။
အနှစ်နှစ်ဆယ်ရှိနေပြီဖြစ်သည့် လုပ်သက်အတွေ့အကြုံကြောင့် ဒီအချက်အလက်ကိုသာ သူယုံကြည်ခဲ့သော်လည်း ယခုအချိန်တွင် လူနာ၏ ပျောက်ဆုံးသွားသင့်ပြီးဖြစ်သော စိတ်စွမ်းအင်က အတက်အကျတွေပြန်ဖြစ်လာသည်ကို သူတွေ့လိုက်ရတော့၏။
ရဲတင်းသည့်အတွေးတစ်ခုက သူ့စိတ်ထဲသို့ဝင်ရောက်လာသည်။
ဖောက်ထွင်းမြင်နေရသည့်ဖန်ချပ်၏နောက်တွင် ပိန်ပါးသည့်လူငယ်လေးက အေးချမ်းစွာအိပ်စက်နေ၏။
ဖြူဖျော့နေသည့်အသားအရေက အရိုးပေါ်အရေတင်နေသည့်အတိုင်း ပါးလျနေကာ ထင်းထွက်နေသည့်အရိုးတွေက လမ်းမထက်တွင် စွန့်ပစ်ခြင်းခံထားရသည့် ကြောင်လေးတစ်ကောင်ကဲ့သို့ ပိန်လှီနေသည့်ပုံပေါ်စေသည်။ လေတစ်ချက်ဝှေ့လိုက်ရုံနှင့်ပင် သူ့ခန္ဓာကိုယ်ကလဲကျနိုင်ပြီး လမ်းမပေါ်တင်ဒီတိုင်းသွားလာနေသည့်ယာဉ်တွေကတောင် သူ့ကိုအသားလွတ်ကြီးဒဏ်ရာရစေလောက်သည်။
ဘယ်လိုအန္တရာယ်မျိုးကမဆို ဒီနူးညံ့သည့်အသက်ကို အဆုံးသတ်ပေးနိုင်၏။ သူ အသက်မှရှင်သေးရဲ့လား ဆိုသည်ကိုသိရန် ဖျော့တော့နေသည့်အသက်ရှူငွေ့ကို အမြဲစမ်းကြည့်နေရသည်။
လူငယ်လေးက အရိုးပေါ်အရေတင်ပုံစံဖြစ်နေသော်လည်း သူ့နှုတ်ခမ်းတွေကတော့ ပန်းပွင့်ချပ်လေးတွေလို ဖူးငုံနေကာ အခုအချိန်တွင် ထူးဆန်းစွာဖြင့် အနည်းငယ်မျှ သွေးရောင်သမ်းနေသည်။
နက်မှောင်သည့်ဆံပင် ၊ ဖြူဖွေးသည့်အသားအရေ ၊ နီရဲသည့်နှုတ်ခမ်းတွေ—
လုံးဝကြီးကို မညီမျှနေသည့် ဆန့်ကျင်ဘက်အရောင်တွေက ကုထုံးဆရာဝန်အား ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပင် ခံစားမိစေသည်။
ထူးဆန်းစွာဖြင့် ဒီလူနာက ရောက်လာကတည်းက ချောမောနေခဲ့ပြီးသားဆိုသော်လည်း အခုချိန်ထိ လူတွေကိုစွဲလမ်းစေနိုင်သည့် ခံစားချက်ကို ပျောက်ပြယ်မသွားစေခဲ့ပေ။
တစ်နှစ်လောက်အိပ်လိုက်ရင် လှသွားစေမယ့် သက်ရောက်မှုတွေ ဘာတွေများရှိနေတာလား ?
ခဏအကြာတွင် မျက်တောင်ရှည်များက လှုပ်ခတ်လာကာ ကြည်လင်နေသော်လည်း စိတ်ရှုပ်ထွေးနေဟန် မျက်လုံးတစ်စုံက ထွက်ပေါ်လာ၏။ မျက်လုံးတွေက ဖြည်းဖြည်းချင်းရွေ့လျားသွားပြီး အဆုံးတွင်တော့ ကုထုံးပညာရှင်ဆီတွင်ရပ်သွားတော့သည်။
ကြောင်အနေသည့် ကုထုံးပညာရှင်က စကားပြောရန်ကြိုးစားနေပုံစံဖြင့် လူငယ်လေး၏နှုတ်ခမ်းတွေ လှုပ်ရှားမသွားသေးခင်အချိန်အထိ ဘာမှမတုံ့ပြန်နိုင်ဘဲ ဒီတိုင်းကြည့်နေမိသည်။ အသိဝင်လာတော့မှ သီးသန့်ကာရံထားသည့် ဖန်ချပ်ကိုအမြန်ဖွင့်ပေးလိုက်တော့၏။
ရုတ်တရက်နိုးထလာပြီးနောက် လူငယ်လေးက စိတ်ရှုပ်ထွေးနေလောက်သည်။ ထို့ကြောင့် လူငယ်လေးလန့်သွားအောင် သူလုပ်လို့မဖြစ်ပေ။
ကုထုံးပညာရှင်က အကြင်နာဆုံးအမူအရာကိုဖော်ပြလိုက်ရင်း ညင်သာစွာမေးလိုက်သည်။
“ဘာများပြောမလို့လဲ ? ဆက်ပြောကြည့်ပါ”
အားနည်းနေသည့်အပြင် အသုံးမပြုတာကြာပြီဖြစ်သည့်အတွက် လူငယ်လေး၏ အသံမှာ နူးညံ့နေပြီး ကွဲပြားစွာနားထောင်နိုင်ရန် ခက်ခဲလေသည်။ ကုထုံးပညာရှင်က အနားကိုပိုတိုးလိုက်ကာမှ လူငယ်လေးပြောသည့်စကားကို နားလည်သွားတော့သည်။
“ငါ့ကို မြေမြှုပ်လိုက်ကြပြီမဟုတ်ဘူးလား ? ဘယ်သူကပြန်တူးထုတ်လိုက်တာလဲ ? ရိုင်းလိုက်တာ…”
ကောင်းရော လူကနိုးလာပေမယ့် ဦးနှောက်ကတော့ပျက်သွားပြီ ။
စိတ်ပူသွားသည့် ကုထုံးပညာရှင်တွေက စက်ပစ္စည်းတွေတစ်ပုံတစ်ပင်ကြီးဖြင့် သူ့ခန္ဓာကိုယ်ကို စစ်ဆေးတော့သည်။ လူငယ်လေးကလည်း အလိုက်သင့်ပူးပေါင်းပေးပြီး လုပ်ချင်တာမှန်သမျှလုပ်ခိုင်းကာ စကားထပ်မပြောတော့ပေ။
အရှင်လတ်လတ် အခေါင်းထဲတွင် မြေမြှုပ်ခံလိုက်ရပြီး အသက်ရှူကျပ်ဖွယ်အမှောင်ထုက သူ့ကိုထိတ်လန့်ဖွယ် ရစ်ဝိုင်းနေကာ သူ့အနားတွင်စွဲကျန်ရစ်နေသည်။
တစ်ယောက်ယောက်က သူ့ကိုစစ်ဆေးနေသည်ဆိုသည်ကို သူသိသဖြင့် ထိုကဲ့သို့အခြေအနေမှာတောင် အလိုက်အထိုက်သင့်အောင် နေရသည်။ သူကမျက်လုံးတွေကိုမှိတ်လိုက်ပြီး အသက်ရှူခြင်းကိုသာ အာရုံစိုက်ကာ သူ့ကိုယ်သူရွှေရောင်သန်းနေတဲ့ ကမ်းခြေထက်တွင် မတ်တတ်ရပ်နေသည်ဟုစိတ်ကူးယဉ်ရင်း နူးညံ့တဲ့သဲမှုန်လေးတွေနှင့် ပင်လယ်လေပြေတွေက သူ့ရဲ့စိတ်ခံစားချက်တွေအားလုံးကို သယ်ဆောင်သွားပေး၏။
သူ့ကိုယ်သူပုံမှန်အခြေအနေသို့ပြန်ရောက်ရန်လိုအပ်တိုင်း ဒီနည်းကိုအမြဲသုံးဖြစ်သည်။
ကုထုံးဆရာဝန်က စောင့်ကြည့်ဖန်သားပြင်ပေါ်တွင် ထိုးတက်လာသောနှလုံးခုန်နှုန်းကိုကြည့်ပြီး အထိတ်တလန့်ဖြင့် အသက်ကယ်နည်းတွေကို အသုံးပြုဖို့ပြင်နေသည်။ ကံကောင်းစွာဖြင့် လူငယ်လေး၏အခြေအနေမှာ သိပ်မကြာခင်မှာပဲ ပြန်လည်တည်ငြိမ်လာ၏။
“ဘယ်လိုခံစားနေရလဲ ? မသက်မသာဖြစ်နေလား ?”
လူငယ်လေးက ခဏကြာအောင်သေချာစဉ်းစားပြီး စိတ်ရှုပ်နေသည့်ပုံစံဖြင့် မျက်လွှာချလိုက်ရင်း
နည်းပညာမြင့် ဇီဝဖန်အိမ်က ကြွက်သားတွေချိနဲ့တာကို ကာကွယ်ပေးသဖြင့် ထန်ယွီအန်းက ဝှီးချဲမသုံးတော့ဘဲ ကုထုံးဆရာဝန်၏ဘေးမှ ဖြည်းဖြည်းချင်းအတူလိုက်လာသည်။
သူ့နာမည်က ကမ္ဘာတိုင်းမှာ ထန်ယွီအန်းဖြစ်တာကြောင့် နာမည်ကိုသူသိနေခြင်းသာ။ ကြည့်ရတာတော့ အဖြည့်ခံလူသားတွေက နောက်ခံဇာတ်လမ်းသိပ်မလိုအပ်သဖြင့် နာမည်ကို မပြောင်းလဲဘဲ ထားပေးထားသည်ထင်သည်။
ဒါပေမယ့် တစ်ခုထူးခြားနေသည်က ပုံမှန်ဆိုရင် ကမ္ဘာအသစ်ကိုရောက်သည်နှင့် စနစ်ကသူ့အတွက် ခန္ဓာကိုယ်အသစ်တစ်ခုကိုဖန်တီးပေးတတ်သဖြင့် အတိတ်နောက်ခံအကြောင်းအရာတွေ ဘာမှမရှိပေ။ အခုတစ်ခေါက်မှာတော့ ဒီခန္ဓာကိုယ်က နောက်ခံဇာတ်ကြောင်းရှိနေပုံပေါ်သည်။
ကြည့်ရတာတော့ စနစ်ကအသစ်တိုးမြှင့်မှုလုပ်ထားပုံပင်။
[ဇာတ်ကောင်အသစ်ကိုဖန်တီးပြီးပါပြီ။ ကျေးဇူးပြုပြီး ဇာတ်ကောင်ရဲ့ကဒ်အသစ်ကို ဆွဲမဆွဲရွေးချယ်ပေးပါ Host]
ဇာတ်ကောင်ကဒ်က အဖြည့်ခံသမားတစ်ယောက် ကစားရမည့် ဇာတ်ကောင်နေရာကို ဆုံးဖြတ်ပေးသည်။ စစ်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့သည့် စစ်မှုထမ်းဟောင်း ထန်ယွီအန်းမှာ ဒီကိစ္စကြောင့် မတုန်လှုပ်ပေ။ သူမကျဖူးသည့်ဇာတ်ကောင်ဆိုတာ မရှိလောက်တော့။
[တီ—ဇာတ်ကောင်ကဒ်ကိုအတည်ပြုပြီးပါပြီ။ စိန်အဆင့် ရှားပါးတဲ့ကဒ်ကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ် Host !]
ထန်ယွီအန်း:”….”
သူသတိလက်လွတ်ပြောလိုက်မိတာပဲ။ ဒီတစ်ကဒ်ကို သူတစ်ခါမှမမြင်ခဲ့ဖူးဘူး။
“ဒါဘာအဓိပ္ပာယ်လဲ ? ရှင်းပြဦး”
[ကဒ်၏အဓိပ္ပာယ်ကောက်ယူခြင်း : ကျေးဇူးပြုပြီး ဇာတ်လိုက်၏ ခန္ဓာကိုယ်နှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ပေးပြီး အသင်းကိုစည်းလုံးအောင်စုစည်းကာ အသန်မာဆုံး ဇာတ်အိမ်တစ်ခုကိုတည်ဆောက်ပေးပါ!]
[ကဒ်၏အဓိပ္ပာယ်ကောက်ယူခြင်း : ကျေးဇူးပြုပြီး ဇာတ်လိုက်၏ ခန္ဓာကိုယ်နှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ပေးပြီး အသင်းကိုစည်းလုံးအောင်စုစည်းကာ အသန်မာဆုံး ဇာတ်အိမ်တစ်ခုကိုတည်ဆောက်ပေးပါ!]
စနစ်ကစက်ရုပ်တစ်ရုပ်သာဖြစ်သည့်အတွက် ထန်ယွီအန်းလေကုန်မခံတော့ဘဲ လက်ရှိအခြေအနေကိုသာ လက်ခံလိုက်တော့သည်။
ဇာတ်ကောင်ကဒ်ဆိုတာက ဒီတိုင်းအပြောသာဖြစ်ပြီး တအားအလေးအနက်ကြီးထားနေစရာမလိုဘူးဆိုသည်ကို သူသိသည်။ သူအရင်တုန်းက “ဝန်ထုပ်ဝန်ပိုးများတဲ့ သားရဲကဒ်” ကျဖူးပေမယ့် တကယ့်လက်တွေ့မှာကျ သားရဲပုံစံပြောင်းလဲသွားတာမျိုးမဟုတ်ဘဲ ပင်ပန်းတဲ့အထိ အလုပ်တွေလုပ်ရတာပင်။
ထန်ယွီအန်းတစ်ယောက် သူ့ကိုယ်သူနှစ်သိမ့်နေချိန်မှာပဲ သူ့ခြေထောက်တွေက ရုတ်တရက်အားနည်းသွားပြီး လဲကျတော့မလိုပင်ဖြစ်သွား၏။ ကုထုံးပညာရှင်က သူမလုပ်ချင်ဘူးဟု ငြင်းဆန်နေသည်ကို လျစ်လျူရှုကာ သူ့ကိုဝှီးချဲပေါ်တင်ပေးလိုက်တော့သည်။
ရပါတယ်လေ သူ့တစ်ကိုယ်လုံးလည်း အားနည်းနေပြီး လည်ပင်းကလည်းခြောက်ကပ်နေတာမှ မီးတောက်သေးသေးလေးတစ်ခုလောက် လည်ပင်းထဲ ထည့်ထားမိသလိုပင်။
[ချို့ယွင်းနေသည့်အချက်အလက်ကိုတွေ့ရှိပါသည်။ ပြန်လည်ပြုပြင်နေပါသည်—]
[ပြန်လည်ပြုပြင်မှုကျရှုံးပါသည်။ ရုတ်တရက်ဆန်သော အတက်အကျဖြစ်မှုများကို ဖယ်ရှား၍မရပါ။ ကျေးဇူးပြုပြီး လိုက်လျောညီထွေဖြစ်ဖြစ်နေနိုင်ရန် ကြိုးစားပါ Host]
ထန်ယွီအန်း : “….”
ဒါကြီးက စနစ်ကတိုးမြင့်သွားတာမဟုတ်ဘူး ပိုဆိုးသွားတာကွ !
ထန်ယွီအန်းနှင့်ပတ်သက်ပြီး တစ်ခုခုလွဲမှားနေသည်ကို သူသိသော်လည်း ထောက်မပြနိုင်ဘဲဖြစ်နေသည်။
လူနာက ဆေးရုံမှာဆက်မနေချင်တော့ဘဲ ဆေးရုံဆင်းခွင့်တောင်းနေပြီး ကုထုံးဆရာဝန်အနေနဲ့လည်း သူ့ရဲ့အတိတ်မေ့ရောဂါအတွက် ဘာမှထပ်မလုပ်ပေးနိုင်တော့ပေ။ အတိတ်မေ့သွားတာက သွေးခဲမှုကြောင့်ဖြစ်တာမဟုတ်လျှင် စိတ်စွမ်းအင်ထိခိုက်သွားမှု၏ နောက်ဆက်တွဲဆိုးကျိူးဖြစ်နိုင်သည်။ ရင်းနှီးတဲ့နေရာတွေကိုသွားခိုင်းပြီး သူ့ရဲ့မှတ်ဉာဏ်တွေကို ပြန်လှုံ့ဆော်ပေးရုံကလွဲ တခြားလုပ်နိုင်မည့်နည်းလမ်းမရှိတော့ပေ။
အဆုံးတွင်တော့ ဒီရောဂါက ရှားပါးအဖြစ်အပျက်ဖြစ်နေသဖြင့် သူဆက်လေ့လာချင်စိတ်ပေါက်သွားရာ အရှက်မဲ့စွာဖြင့် ထန်ယွီအန်းအား ဆေးစစ်ချက်တွေထပ်ယူနိုင်ရန် စစ်ဆေးမှုတွေထပ်လုပ်ပေးနိုင်ဦမလားဟုမေးလိုက်ရတော့သည်။
သူမျှော်မှန်းထားသည့်အတိုင်း လူငယ်လေးကခေါင်းညိတ်ပြလာကာ
“ရတာပေါ့ ဆရာက ကျွန်တော့်ကို ဒီနှစ်တွေထဲမှာ ဂရုစိုက်ပေးထားခဲ့လို့ ကျွန်တော်ကတောင် ပြန်ပြီးကျေးဇူးတင်ရမှာပါ…”
စစ်ဆေးမှုတွေပြီးသွားချိန်တွင်တော့ ထန်ယွီအန်းက စစ်ဆေးမှုရလဒ်တွေအကုန်လုံးကိုပေးအပ်ခဲ့ပြီး ဆေးရုံဆင်းသွားတော့သည်။
ထန်ယွီအန်း ၊ Carl ဂြိုလ်၏နိုင်ငံသား ၊ အသက် ၁၉ နှစ်။
အခုတော့ အသက် ၂၀ ပြည့်ပြီ။
ထန်ယွီအန်းက ဆေးရုံထဲကနေထွက်လာပြီး ဆူညံနေသည့်လမ်းမထက်ကို လျှောက်သွားလိုက်သည်။ နွေးထွေးသည့်နေရောင်ခြည်နှင့် ဘေးပတ်လည်ရှိလူအုပ်ကြီးက သူ့အာရုံကို ပျံ့လွင့်သွားစေ၏။
သူက ပန်းခြံတစ်ခုထဲဝင်လိုက်ပြီး ထောင့်တစ်နေရာကိုရှာကာ ထိုင်ချလိုက်ပြီး သူ့ကိုပေးမည့်တာဝန်ကို စောင့်နေလိုက်သည်။
သူရောက်ခဲ့သည့်နောက်ဆုံးကမ္ဘာက လူသားတွေရွေးထုတ်သုတ်သင်နေသည့် ကပ်ဘေးပြီးကမ္ဘာဖြစ်ပြီး လူတိုင်းက အကြောက်တရားအပြည့်ဖြင့်နေနေရကာ ပြစ်မှုတွေကနေရာတကာဖြစ်ပွါးနေပြီး မည်သူမဆို အချိန်မရွေးအသက်ဆုံးရှုံးနိုင်သည်။ အခုကမ္ဘာကတော့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး — ပိုပြီးစည်ကားတိုးတက်ကာ ၊ ပိုလွတ်လပ်ပြီး ၊ ပို၍အန္တရာယ်ကင်းသည်။
ကလေးမလေးတစ်ယောက်ရဲ့လက်ကိုဆွဲကာ စကားပြောရင်း ရယ်မောရင်း လမ်းလျှောက်သွားသည့် အတွဲတစ်တွဲကိုသူကြည့်မိသည်။ ၃ ယောက်လုံးက သန့်သန့်ရှင်းရှင်းဝတ်ဆင်ထားကာ တက်ကြွမှုအပြည့်နှင့်ပင်။ အဖေဖြစ်သူက သမီးဖြစ်သူကို သူ့လက်မောင်းတွေနဲ့ပွေ့ချီထားပြီး ရယ်အောင်စနေကာ အမေ့လက်ထဲရော သွားဦးမလားဟုမေးနေသည်။ နောက်တော့ အမေကပွေ့ချီထားချိန်တွင် ကလေးမလေးက သူ့အဖေလက်တွင်ချည်ထားသည့်ဘောလုံးကို သူ့အမေ၏ဆံပင်ထက်၌ တွဲချည်ပေးလိုက်တော့သည်။
“မေမေ့အတွက် သမီးအလှဆင်ပေးထားတဲ့ ဆံပင်ပုံစံကို သဘောကျလား ?”
“သဘောကျတာပေါ့ ! အခုချိန်ကနေစပြီး သမီးလေးက အမေ့ရဲ့အထူးသီးသန့်ပြင်ဆင်ပေးသူပဲ !”
သူအရှင်လတ်လတ်မြေမြှုပ်မခံရသေးမီအချိန်တွင် ဒီကလေးမလေးအား သူတွေ့လိုက်ရသည်ကို ထန်ယွီအန်းမှတ်မိသည်။ ကလေးမလေး၏ ဝမ်းဗိုက်ကပေါက်နေပြီး သူ့ကို ထန်ယွီအန်း ကယ်ချင်ခဲ့သော်လည်း ပြန်ပြီးဖိချခံလ်ိုက်ရကာ မြေမြှုပ်ခံလိုက်ရသည်။
အဲ့လိုမျိုးပုပ်သိုးနေသည့်ကမ္ဘာမျိုးထဲတွင် ထိုကလေးမလေး ထပ်ပြီးမမွေးဖွားလာစေဖို့ သူမျှော်လင့်မိ၏။
တုန်ခါမှုအသေးလေးတစ်ခုက သူ့ကို အတွေးတွေထဲမှ ရုန်းထွက်သွားစေသည်။ သူသယ်လာသည့် အဝတ်အိတ်အဖြူလေးကိုချွတ်လိုက်ပြီး အထဲရှိ ခေတ်ဟောင်းဖုန်းလေးကိုထုတ်လိုက်သည်။
သူမတော်တမှုဖြစ်တုန်းက ဒီအိတ်ကိုလွယ်ထားခဲ့သည်ဟု ကုထုံးပညာရှင်ကပြောပြသည်။
အိတ်ရဲ့အစွန်းတွေက ပြဲနေပြီး အထဲတွင်တော့ ဘာမှန်းမသိရသည့် စာရွက်စာတမ်းအနည်းငယ်ရယ် ၊ အကြွေအနည်းငယ်ရယ်နဲ့ ဘယ်သူမှမသုံးလောက်တော့မည့် ဖုန်းဟောင်းတစ်လုံးရယ်သာပါသည်။
ခေါ်ဆိုလာသည့်နံပါတ်မှာ အမည်မသိဖုန်းနံပါတ်တစ်ခုပင်။
“ဟယ်လို ?”
အသက်အရွယ်ကြီးရင့်သည့်ယောက်ျားတစ်ယောက်၏ တည်ငြိမ်သည့်အသံက ပြန်ဖြေလာသည်။
“ကျွန်တော်က ကြယ်စင်စုကာကွယ်ရေးဌာနရဲ့ ဗဟိုစစ်ဗျူဟာစီမံဆောင်ရေးဌာနရဲ့ ဒါရိုက်တာပါ။ လူကြီးမင်းအနေနဲ့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းချင်ပါသလား ? တစ်လကို ကြယ်ငွေ ၅ သောင်းပေးမှာဖြစ်ပြီး အခန်းတစ်ခန်းနဲ့ စားသောက်စရိတ်အပြီးအစီးပါဝင်မှာပါ…”
သူ့စကားကြီးက လိမ်စဉ်ကြီးအတိုင်းပင်။ ဒီကမ္ဘာရှိလူတွေရဲ့ ပျှမ်းမျှအခြေခံလစာက ကြယ်ငွေ ၃ ထောင်သာဖြစ်ပြီး ထန်ယွီအန်းကိုယ်တိုင် အတည်ပြုထားသည်ပင်။ ဒီလူက အခုမှဆေးရုံကထွက်လာသည့်လူကို ၅ သောင်းပေးမည်ဆိုမှတော့ မရိုးရှင်းတဲ့အလုပ်တစ်ခုခုအတွက် သူ့ကိုမျှားခေါ်ရန် ကြိုးစားနေခြင်းဖြစ်နိုင်သည်။
သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေ ဘယ်လိုပေါက်ကြားသွားတာလဲဆိုတာကို သူသိချင်မိ၏။ ဒီလူလိမ်တွေက အရင်းအမြစ်တွေတော့ တော်တော်လေးများလောက်သည်။ သူဆေးရုံကထွက်လာသည်နှင့် သူ့ကို ချက်ချင်းလာမျှားခေါ်သည်လေ။
ပြီးတော့ ကိရိယာလူသားတစ်ယောက်အနေနဲ့ သူရဲ့ပါဝင်မှုက ဇာတ်ကြောင်း၏ဇာတ်လိုက်အတွက် လိုအပ်နေသည်ဆိုလျှင် စနစ်ကိုယ်တိုင်က တာဝန်ကိုပြောပြမည်ဖြစ်သည်။
ထန်ယွီအန်းက ဖုန်းချချင်လိုက်သော်လည်း ခဏတာတုံ့ဆိုင်းသွားပြီး စကားပြန်ပြောလိုက်သည်။
“ဒီကမ္ဘာပေါ်မှာ တရားဝင်တဲ့အလုပ်အကိုင်တွေ အများကြီးရှိပါတယ်။ လူတွေကို လိုက်လိမ်စားတဲ့အလုပ်အပေါ်မှာပဲ မှီခိုမနေနဲ့။ ကိုယ့်ဘဝအတွက်ကိုယ် ရိုးရိုးသားသားရှာစား”
သူ ဒီလူကိုဆက်ပြီးနားချချင်သေးသော်လည်း သူ့နားထဲတွင် ရုတ်တရက်ထွက်ပေါ်လာသည့်အသံကြောင့် ဖုန်းချလိုက်ရတော့သည်။
[နေရာလွတ်တွင် ချို့ယွင်းချက်တစ်ခုကိုရှာတွေ့ပါသည်။ ဝင်ကြည့်၍မရပါ။ မူရင်းပစ္စည်းတစ်ခု အပြင်ကိုထွက်လာပါသည်။]
နောက်တစ်စက္ကန့်အကြာတွင် နူးညံ့သည့်ဝက်ဝံရုပ်လေးတစ်ရုပ်က ထန်ယွီအန်း၏လက်ထဲတွင် ပေါ်လာသည်။ အရုပ်လေးရဲ့ ကြယ်သီးမျက်လုံးတွေက တစ်ဖက်နှင့်တစ်ဖက် ကိုက်ညီမှုမရှိသည့်အပြင် နားရွက်တစ်ဖက်ပါပျောက်နေသေးသည်။
ဘယ်နေရာမှာရှိနေနေ ဘယ်သူမှသတိမထားမိလောက်သည့် သာမန်ဆန်တဲ့ ပျက်စီးနေသည့်ဝက်ဝံရုပ်လေးဟာ ထန်ယွီအန်း၏လက်ထဲတွင်တော့ တယုတယကိုင်ဆောင်ခြင်းကို ခံထားရသည်။ သူက ဝက်ဝံရုပ်လေး၍ခေါင်းကို တစ်ချက်ပွတ်သပ်လိုက်ပြီးနောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိတော့၏။
ထူးဆန်းတဲ့နေရာတစ်ခုထဲကို သူပထမဆုံးအကြိမ်အထည့်ခံလိုက်ရတုန်းက စနစ်ကစက်ရုပ်တစ်ရုပ်သာဖြစ်ပြီး သူနှင့်ပြောဆို မဆက်သွယ်နိုင်ခဲ့သည့်အတွက် ရှုပ်ထွေးသည့် တာဝန်တွေကြောင့် သူအခက်အခဲပေါင်းများစွာကို ကြုံတွေ့ခဲ့ရသည်။
သူ့တွင်ဘာမှတ်ဉာဏ်မှရှိမနေသလို သူဘယ်သူလဲဆိုတာကိုမသိတဲ့အပြင် သူဘယ်ကလာလဲဆိုတာကိုပါမသိပေ။ ထိုနေရာတွင် သူတစ်ယောက်တည်းသာရှိနေပြီး နေရာလွတ်ထဲတွင်လည်း စနစ်ကပေးထားသည့် မူရင်းပစ္စည်းတစ်ခုသာရှိကာ— ထိုပစ္စည်းက ဒီဝက်ဝံရုပ်လေးသာဖြစ်၏။
သူ ကမ္ဘာပေါင်းများစွာကို ဘယ်လိုနည်းနဲ့ကူးပြောင်းသည်ပဲဖြစ်စေ ဝက်ဝံရုပ်လေးက သူ့နောက်တွင်အမြဲလိုက်ပါလာသည်။ သူ့ဆီမှာရှိတဲ့မရေမတွက်နိုင်သောပစ္စည်းတွေကြားထဲတွင် ဒီအရုပ်လေးကသာ အမြဲတမ်းတည်ရှိပေးသည့်အရာတစ်ခုဖြစ်ပြီး သူဆုပ်ကိုင်ထားသည့် တစ်ခုတည်းသောအရာဖြစ်သည်။
ဒီအရုပ်လေးကနေတစ်ဆင့် သူ့နာမည်သူသိခဲ့ရသည်ဆိုလည်း မမှားပေ။
သူခေါင်းကိုငုံ့ချလိုက်သည်။ ပန်းခြံထဲရှိလေထုက လတ်ဆတ်နေပြီး ရှူသွင်းလိုက်ရင်စိတ်ကိုအေးချမ်းစေကာ မှောင်မိုက်နေသည့် မြေအောက်နေရာတွင်သာ အသက်ရှင်နေထိုင်ရပြီး နေရာတိုင်းတွင်လေဆိုးလေညစ်တွေဖြင့် ပြည့်နှက်နေသည့် အရင်ကမ္ဘာနှင့်ကွဲပြားသည်။
ဝက်ဝံရုပ်လေးရဲ့ဗိုက်ကို သူဖိညှစ်လိုက်ချိန်တွင်တော့ စက်ရုပ်အသံတစ်ခုက ထွက်လာသည်။
“ထန်ယွီအန်း ပျော်ပျော်နေရမယ်နော် !”
တော်ပါသေးတယ် မပျက်သွားလို့။ သိမ်းထားလို့မရဘူးဆိုရင်လည်း သူဒီအရုပ်လေးကို အပြင်ဘက်တွင်ထုတ်သယ်သွားမည်။
သူ့ရဲ့မူရင်းပစ္စည်းထဲမှာ ဒီအသံကဘာလို့ပါလာနေတာလဲဆိုတာကို သူမသိပေမယ့် ဒါက ကိရိယာအလုပ်သမားတွေကိုအားပေးရန် စနစ်ကပြုလုပ်ပေးထားသည်ဟုသာ ယူဆထားလိုက်
သည်။
[စနစ်မှာချို့ယွင်းချက်ရှိနေပါသဖြင့် တာဝန်ပေးရန်နောက်ကျသွားခဲ့ပါသည်။ တီ—တာဝန်ကို ရရှိပါပြီ]
[ကျေးဇူးပြုပြီးဒီအလုပ်ကမ်းလှမ်းစာကိုလက်ခံကာ ဇာတ်လိုက်၏အဖွဲ့နှင့် ဆက်သွယ်ရန်အခွင့်အလမ်းတိုးတက်မှုအတွက် ကြယ်စင်စုကာကွယ်ရေးဌာနရဲ့ ဗဟိုစစ်ဗျူဟာစီမံဆောင်ရေးဌာန၏ အလုပ်သမားတစ်ယောက်ဖြစ်အောင်လုပ်ပါ Host။ ဖိုက်တင်းပါ Host ကအတော်ဆုံးပဲ !]
သူခုနက ခဏလောက်ရူးသွားလို့ ပေါက်ကရတွေပြောမိတာပါဆိုပြီး သူတို့ကိုဖုန်းပြန်ဆက်လိုက်ရင် သူအရိုက်ခံရလောက်လား ?