Chapter 2: မငိုပါနဲ့
ထန်ယွီအန်းက သူ့လက်တွေထဲမှာပွေ့ထားသည့်ဝက်ဝံရုပ်လေးကို ပိုပြီးတင်းနေအောင်ဖတ်ထားလိုက်ကာ မိုးမျှော်တိုက်ကြီး၏ မြေညီထပ်ရှိရာဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ရောက်လာတော့သည်။
သူဖုန်းပြန်ခေါ်လိုက်ချိန်တွင် တစ်ဖက်လူက စိတ်အနှောင့်အယှက်ဖြစ်ဟန်မပြဘဲ အလုပ်နှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးနိုင်ရန် မြန်မြန်လေးသူ့ဆီလာခဲ့ဖို့သာပြောလာခဲ့သည်။
လွတ်လပ်ခြင်းတို့ရဲ့အမှတ်တံဆိပ်ဖြစ်သည့် ကြယ်စင်စုကာကွယ်ရေးဌာနရဲ့ အပြာရောင်အမှတ်အသားကို အဆောက်အဦး၏အပြင်တွင် တွေ့လိုက်ရချိန်မှာတော့ ဒီအလုပ်က တကယ်တရားဝင်တဲ့အလုပ်ဆိုတာ သေချာသွားတော့သည်။
ကောင်းကင်ပေါ်ကပြုတ်ကျလာသည့်ပိုင်မုန့်တုံးက လူတစ်ယောက်ယောက်ပေါ်ပြုတ်ကျပြီး အဲ့ဒီလူကို ထိခိုက်စေနိုင်သလို ဒီလောက်များပြားတဲ့လစာရဲ့အနောက်မှာ သေချာပေါက်တစ်ခုခုတော့ရှိနေမှာပင်။
ဒါပေမယ့်လည်း သူ့အနေနဲ့ မစ်ရှင်ပြီးမြောက်အောင်လုပ်ရဦးမည်။ သူလာရသည့်အကြောင်းအရင်းကို ဧည့်ကြိုကောင်တာအားရှင်းပြလိုက်ပြီး သူ့နာမည်ကိုအတည်ပြုပြီးသည်နှင့် အမျိုးသမီးတစ်ယောက်က သူ့ကို ဓာတ်လှေကားဆီသို့ခေါ်လာကာ ရုံးခန်းကိုမည်သို့သွားရမည်ကိုရှင်းပြလာပြီး ကော်ဖီတစ်ခွက်ပင် ကမ်းပေးလာသည်။
“ကြိုဆိုပါတယ်”
ဒါတကယ်ပဲ အလိမ်ခံရတာကြီးများဖြစ်နေမလား…?
(T/N: ဧည့်ကြိုအမျိုးသမီးက “Welcome aboard” “ကြိုဆိုပါတယ်” လို့ပြောတာကို ကိုယ်တွေရဲ့ဇနီးလောင်းလေးက တိုက်ရိုက်ကြီးဘာသာပြန်လိုက်ပြီး “သင်္ဘောပေါ်ကနေ ကြိုဆိုပါတယ်” လို့ ပြောတယ်ထင်သွားတာပါ😭)
“ရှင့်ရဲ့ဝက်ဝံရုပ်လေးက ချစ်စရာလေးပဲ”
ဒီအဆောက်အဦးထဲတွင် အများနှင့်မတူဘဲ ထူးခြားစွာကွဲထွက်နေသည့်လူတွေအများကြီးရှိသည်။ သူမ၏လုပ်သက်တစ်လျှောက် နေ့စဉ်တွေ့ကြုံခဲ့ရသည့်လူအများစုမှာ သူတို့၏ကိုယ်ပိုင်ထူးခြားသောအမူအကျင့်များရှိကြသော်လည်း သူတို့ရဲ့စွမ်းဆောင်ရည်ကအလွန်မြင့်မားလွန်းသဖြင့် အကြီးပိုင်းတွေကတောင် သူတို့အားပြန်ပြီး အလိုလိုက်အကြိုက်ဆောင်ရသည့်သူတွေပင်။
အလုပ်လုပ်တာကြာလာတော့လည်း သူတဖြည်းဖြည်းနေသားကျလာခဲ့သည်။ အခုဆိုလျှင် ဝင်ပေါက်၌ ဒရာမာချိုးကာပို့စ်တွေပေးပြီး ဓာတ်ပုံရိုက်ချင်သူများကို ကျွမ်းကျင်စွာဖြင့် ဓာတ်ပုံရိုက်ပေးနိုင်ပြီဖြစ်သလို ရန်နည်းနည်းလောက်အစခံလိုက်ရသည်နှင့် နံရံတွေ ၊ တံခါးတွေကို ဖြိုဖျက်ပစ်တတ်ကြသည့်အတွက် ကုန်ကျစရိတ်တင်ပြချက်တွေကိုလည်း သူအေးဆေးရေးနိုင်နေပြီဖြစ်သည်။
ဒီတစ်ခေါက်တွင်တော့ ချောမောပြီး တိတ်ဆိတ်ကာ ချဉ်းကပ်ရလွယ်ကူလောက်မည့် လူငယ်လေးတစ်ယောက်ကို သူတွေ့လိုက်ရသဖြင့် အခွင့်အရေးကိုအမိဖမ်းဆုပ်ထားရမည်။
ထန်ယွီအန်းက ဧည့်ကြိုမိန်းကလေး၏ စိတ်အားထက်သန်လွန်းနေသော အကြည့်တွေကိုမြင်လိုက်ရသည့်အခါ နေရာမှာတင် တောင့်တင်းသွားပြီး အဆုံးတွင်တော့ သူက စကား ၂ လုံးကို ဖျစ်ညှစ်ကာထုတ်ပြောလိုက်သည်။
သူနှင့်ဖုန်းပြောစဉ်တုန်းကအသံနှင့်ကွဲပြားသည့် လူငယ်ဆန်သောအသံတစ်သံကထွက်လာသည်။
သူဝင်သွားလိုက်ချိန်တွင်တော့ သေးငယ်သည့်ရုံးခန်းလေးက အလွန်သန့်ရှင်းနေသည်ကို တွေ့လိုက်ရ၏။ အရပ်ရှည်ကာ ဆံပင်အနက်ရောင်တွေရှိသော အမျိုးသားတစ်ယောက်က မျက်နှာကြက်ကနေ ကြမ်းပြင်အထိ တပ်ဆင်ထားသောမှန်ချပ်ရှေ့တွင်ရပ်နေသည်။ ထိုအမျိုးသား၏ဝတ်စုံမှာ ခန္ဓာကိုယ်နှင့်ကွက်တိကျစွာ ချပ်ကပ်မနေသော်လည်း ကောင်းမွန်စွာချုပ်လုပ်ထားသည်မှာ သိသာပြီး သူ့အတွက်
သေချာချုပ်ထားသကဲ့သို့ပင်။
ထိုအမျိုးသားရဲ့ဟန်ပန်က အေးဆေးနေသော်လည်း ပေါ့ပျက်ပျက်ဖြစ်မနေဘဲ သူ့ဘက်သို့လှည့်လာချိန်တွင်တော့ ထိုအမျိုးသား၏မျက်နှာချောချောက ထွက်ပေါ်လာတော့သည်။
သူ နေရာမှားဝင်လာမိသည်လားဟု ထန်ယွီအန်းမေးတော့မည့်အချိန်တွင် ထိုအမျိုးသား၏အမူအရာက ရှုပ်ထွေးနေဟန်ကနေ အံ့ဩသွားဟန်သို့ နောက်တော့ တစ်ခုခုကိုသဘောပေါက်သွားသိသည့်ပုံစံအဖြစ် ထပ်ပြောင်းသွားတော့သည်။ ထိုအမျိုးသား၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်တည်လာပြီး အစက ခပ်တန်းတန်းဖြစ်နေသောလေထုကို ဖြိုခွင်းလိုက်တော့သည်။
“မင်းကဒီကို တာဝန်အတွက် လာအကြောင်းကြားတာလား ?”
သူနဲ့ ဖုန်းပြောခဲ့တဲ့ မျိုးရိုးဖန်နာမည်နဲ့လူက သူ့ကို ဒီနေရာကို ဆွေးနွေးဖို့အတွက်ပဲခေါ်ထားတာလေ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး တာဝန်အတွက်အကြောင်းကြားစာပို့တဲ့အဆင့်ကို ရောက်သွားရတာလဲ ?
ဒါပေမယ့်လည်းစနစ်ရဲ့တာဝန်ဆိုတော့ သူငြင်းဆိုလို့မရပေ။
“ဟုတ်မယ်…ထင်ပါတယ်”
ထန်ယွီအန်းလည်း မလိုအပ်ဘဲ အရှက်ရသွားလောက်မည့် ကိစ္စမျိုးတွေ မဖြစ်စေချင်တော့သဖြင့် ပြုံးသာပြုံးပြလိုက်ပြီး ဘာမှမပြောလိုက်တော့ပေ။
သူ့ရှေ့ရှိအမျိုးသားမှာ သူ့အားအသစ်ရောက်လာသည့်လက်ထောက်နှင့်မှားနေသည်ကို ထန်ယွီအန်း တဖြည်းဖြည်းနဲ့နားလည်လာတော့သည်။ ဒါလုံးဝကို နားလည်မှုလွဲနေပြီပင်။ သူရှင်းပြတော့မည့်အချိန်မှာပဲ နောက်ထပ်လူတစ်ယောက်ကရုံးခန်းထဲသို့ဝင်လာတော့သည် ။
အသစ်ဝင်လာသည့်လူက သေသပ်သည့်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ့မျက်နှာက ကြင်နာမည့်ပုံပေါက်ကာ အလုပ်ဒဏ်တွေကြောင့်အနည်းငယ် ပင်ပန်းနေပုံတော့ပေါ်သည်။
ကံကောင်းသည်မှာ ဖန်ကျင်းကထိုအကြောင်းကိုဆက်မပြောတော့ဘဲ ဘေးနားရှိအမျိုးသားဆီသို့လှည့်သွားကာ သူ့ကိုမိတ်ဆက်ပေးလာသည် ။
“သူကလည်း ငါတို့ဌာနရဲ့အဖွဲ့ဝင်အသစ်ပဲလေ နာမည်က ဝေ့လန်ရှင်း တဲ့။ သူ့မှာအတွေ့အကြုံတွေအများကြီးရှိတယ် အခုကနေစပြီး မင်းတို့ ၂ ယောက်က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာကြတော့မှာ…လန်ရှင်း ဒါကရှောင်ထန် သူလည်းဒီဌာနမှာအသစ်ပဲဆိုတော့ မင်းသူ့ကို ဂရုစိုက်
ဝေ့လန်ရှင်းဆိုသည့်လူက စကားကိုဖြတ်ပြောလာသည် ။
“နေပါဦး သူက ကျွန်တော့်အတွက်စီစဉ်ပေးထားတဲ့လက်ထောက်မဟုတ်ဘူးလား?”
ဖန်ကျင်းမှာတော့ ဝေ့လန်ရှင်းတစ်ယောက် ထိုသို့သောအတွေးကို ဘယ်နေရာမှဆွဲထုတ်လာမှန်းမသိ ဖြစ်သွားရတော့သည် ။
“မင်းကို လက်ထောက်တစ်ယောက်ရှာပေးမယ့်အကြောင်းပြောခဲ့တာဟုတ်ပေမယ့် မင်းပဲ ခါးခါးသီးသီးငြင်းခဲ့တာမဟုတ်ဘူးလား ? မင်းပြောတော့ ငါပို့သမျှလူတိုင်းကို မင်းကမောင်းထုတ်ပစ်မှာဆို ?”
ကံမကောင်းစွာဖြင့် သူ့တွင်အခွင့်အရေးထပ်မရှိတော့ သလို သူ့မှာလက်ထောက်လည်းလိုတော့မည်မဟုတ်ပေ ။
အမှန်တရားကိုရုတ်တရက်သိလိုက်ရသည်ဝေ့လန်ရှင်းမှာ သူ့ဘဝတွင် ပထမဦးဆုံးအနေဖြင့် ကြက်သေသေသွားတော့သည် ။ သူ့၏သဘာဝအလျောက်တည်ငြိမ်သည့်ပြောဆိုပြုမူပုံတို့က အရာရာတိုင်းကို သူ့လက်အောက်တွင်ရှိနေသကဲ့သို့ အမြဲတမ်းခံစားစေရသဖြင့် ဒီလိုမျိုးဆိုးဝါးတဲ့အမှားတစ်ခုကို သူ့ဘဝတွင် လုပ်ခဲလေသည် ။
ဒါပေမယ့် သူ့ကိုချည်းပဲတော့ အပြစ်တင်လို့မရပေ။ ဖန်ကျင်းက သူ့ကိုလက်ထောက်တစ်ယောက် ရှာပေးနိုင်ရန် ဇွဲမလျော့ဘဲအမြဲပြောနေခဲ့တာဖြစ်သည့်အတွက် ဖန်ကျင်းတစ်ယောက် သူ့အတွက်စီစဉ်ချင်သလိုတွေ စီစဉ်ပြီးခါမှ လာအသိပေးခိုင်းသည်ဟု ထင်လိုက်မိတာပင်။
အစပိုင်းတုန်းက ဒီတစ်ခေါက်တွင်လည်း သူထပ်ငြင်းလိုက်ပြီး သူ့၏ရပ်တည်ချက်ကို ဖန်ကျင်းသေချာပေါက်သိအောင် ပြောမည်ဟုကြံထားသော်လည်း ထိုလူငယ်လေးဝင်လာသည်ကို တွေ့လိုက်ရသည်နှင့် ထိုအတွေးများမှာလွင့်ပြယ်သွားပြီး သူ့စကားလုံးတွေအားလုံးမှာလည်း ပြန်မျိုချခံလိုက်ရတော့သည်။
လူငယ်လေး၏ညင်သာသောမျက်လုံးများထဲတွင် ရန်လိုမှုတစ်စွန်းတစ်စမှရှိမနေဘဲ နဖူးထက်ရှိဆံပင်များမှာ အနည်းငယ်ကောက်ကောက်လေးဖြစ်နေကာ သူ့အဝတ်အစားတွေက အကြိမ်ရေတော်တော်များများ ဝတ်ဆင်ခံထားရပုံပေါ်နေပြီး အပေါ်ဝတ်ဂျက်ကပ်မှာ အရောင်ပင်မှိန်နေသည်။
လက်ထဲတွင်လည်း ဝက်ဝံရုပ်တစ်ရုပ်ကို ကိုင်ထားသေးသဖြင့် မရှိမဲ့ရှိမဲ့ပိုင်ဆိုင်မှုအနည်းငယ်လေးဖြင့် ခိုလှုံရာလာရှာသည့် လူတစ်ယောက်နှင့်ပင်တူနေသည်။
လူငယ်လေး၏ပုံစံက…ဒီအလုပ်ကိုအရေးတကြီးလိုအပ်နေပုံပေါ်နေပြီး သူတစ်ခုခုကိုစိတ်ခုသွားမှာကို ကြောက်သည့်အတွက် သူ့သောက်ရန်ကော်ဖီပင်ယူလာပေးပုံပေါ်သည်။ လူငယ်လေးရဲ့နှုတ်ခမ်းတွေက အနည်းငယ်စေ့ပိတ်နေပြီး မရင်းနှီးသည့်ပတ်ဝန်းကျင်အသစ်တွေ သက်သောင့်သက်သာမရှိနေတဲ့ပုံရကာ လမ်းပျောက်နေသည့်တိရစ္ဆာန်လေးတစ်ကောင် ထောင့်တစ်နေရာလေးတွင် ဝပ်နေသည့်ပုံနှင့်
အခုချိန်တွင်တော့ ခုနကအချိန်တုန်းက သူ့ကိုယ်သူပိတ်ထိုးချင်မိပြီး သူ့မသိစိတ်ကလုပ်လိုက်မိသည့်အရာများအတွက် စိတ်ရှုပ်ထွေးနေမိတော့သည်။
ပုံမှန်ဆိုလျှင် စကားပြောကောင်းသည့် ဝေ့လန်ရှင်းမှာ ဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် ထစ်ငေါ့နေပြီး
“ဒါဆို..ဒီ….ဒီကော်ဖီက….”
ထန်ယွီအန်းက မျက်လွှာအသာပင့်လိုက်ပြီး
“ဧည့်ကြိုမိန်းကလေးက ကျွန်တော့်အတွက်
ပေးလိုက်တာပါ”
သူ့ခေါင်းပေါ်သို့ မိုးကြိုးဖြင့်တည့်တည့်ကြီးပစ်ချခံလိုက်ရသလိုပင်။ ဝေ့လန်ရှင်းတစ်ယောက် ပြတင်းပေါက်ကနေသာ ခုန်ချချင်လိုက်တော့သည်။
သူ့ရဲ့ရှက်ရွံ့မှုကို ထန်ယွီအန်းက ငဲ့ညှာစွာဖြင့် အခြေအနေကို အဖက်ဆယ်နိုင်ရန်ကြိုးစားလိုက်တော့သည်။
“ဒါမယ့် ကျွန်တော်က ကော်ဖီမကြိုက်တော့ ခင်ဗျားသောက်လိုက်လို့ရပါတယ်”
“တောင်းပန်ပါတယ် နောက်တစ်ခေါက်ကျ ကော်ဖီပြန်ဝယ်တိုက်ပါ့မယ်..”
“မဟုတ်တာ မလိုပါဘူး…”
ပွဲကိုအချိန်အတော်ကြာအောင်ကြည့်ပြီးသွားသည့်ဖန်ကျင်းက နောက်ဆုံးတွင်တော့ဝင်ပါလိုက်ဖို့ဆုံးဖြတ်လိုက်ပြီး အရွှန်းဝင်ဖောက်လိုက်တော့သည်။
“ကြည့်ရတာတော့ မင်းတို့ ၂ ယောက် အချိတ်အဆက်မိသွားကြပြီထင်တယ်။ ကောင်းတယ် အဖွဲ့သားတွေက အချင်းချင်းကူညီကြသင့်တယ်…”
ထိုအခါမှ မူလကဆွေးနွေးနေသည့်ခေါင်းစဉ်မှာ သူ့လမ်းကြောင်းပေါ်သူပြန်ရောက်သွားပြီး ဝေ့လန်ရှင်းတစ်ယောက် အခုချိန်ကျမှပဲ သူလွတ်သွားသည့်အရာကိုသတိထားလိုက်မိတော့သည်။
“အဖွဲ့ဝင်တွေ? ဘာအဖွဲ့လဲ…? ပြီးတော့ ဗဟိုမဟာဗျူဟာစီမံရေးဆိုတာကရော ဘာကြီးလဲ? ဒီလိုဌာနမျိုး ရှိတောင်ရှိလို့လား ?”
“အထက်လူကြီးတွေ အခုမှအသစ်ဖွင့်လှစ်လိုက်တဲ့ဌာနလေ။ ငါက ဌာနရဲ့ဒါရိုက်တာ အခုလာတာကဘည်း မင်းကို တာဝန်အတွက် နေရာပြန်လည်ချထားရေး အလုပ်ခံလိုက်ရတယ်ဆိုတာကို လာအကြောင်းကြားတာ”
“အဆင့်သတ်မှတ်ချက်မရှိဘဲ အရေးပေါ်ကိစ္စတိုင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ငါက စည်းလုံးတဲ့အဖွဲ့တစ်ဖွဲ့ကိုတည်ဆောက်မှာ။ ဂုဏ်ယူပါတယ် မင်းကတော့ ဒီအသင်းရဲ့ခေါင်းဆောင်ပဲ”
ကြားရသည်မှာတော့ အထင်ကြီးစရာကောင်းသော်လည်း တကယ့်လက်တွေ့မှာတော့ အမျိုးအစားစုံလင်သည့် တာဝန်ပေါင်းများစွာကိုတာဝန်ယူဖို့အတွက် လူပေါင်းစုံကိုကောက်ထည့်ပြီး အရူးလွယ်အိတ်လို အဖွဲ့တစ်ဖွဲ့အား တည်ထောင်လိုက်ရုံပင်။
သူ့ရဲ့တာဝန်နေရာပြန်လည်ချထားခံလိုက်ရမှုနှင့် အတင်းအကျပ်ခေါင်းဆောင်တာဝန်ပေးအပ်ခံလိုက်ရမှုအပေါ်တို့တွင် ဝေ့လန်ရှင်းတစ်ယောက် ပြည့်ပြည့်ဝဝနားမလည်နိုင်သေးခင် သူသတိရသွားသည်မှာ တခြားအရာတစ်ခုဖြစ်လေသည်။
“အဲ့ဒီအသင်းဆိုတာက လက်တွေ့ကွင်းဆင်းပြီးလုပ်ရမှာမျိုး ဟုတ်တယ်မလား ?”
ဖန်ကျင်းမှာ ဝေ့လန်ရှင်းအနေဖြင့် ဒီလိုမျိုးသိသာသည့်အချက်အား ထောက်ပြလာရသည်ကို နားမလည်နိုင်ဘဲ ဖြစ်နေတော့သည်။ ဒီလိုမျိုး အရည်အချင်းရှိသူတွေကို ခက်ခက်ခဲခဲနဲ့လိုက်စုထားရတဲ့အဖွဲ့ကို ဖုန်သုတ်ပြီး တံမြက်စည်းလှဲခိုင်းလိမ့်မယ်လို့ထင်နေတာလား ?
ဒီလိုမျိုးနူးညံ့တဲ့ခန္ဓာကိုယ်မျိုးက အထူးဂရုစိုက်နေဖို့လိုကာ အန္တရာယ်တွေဖြင့် တောက်လျှောက်ထိတွေ့နေလို့မဖြစ်ပေ။
နောက်ဆုံးတွင်တော့ ပြောနေသည့်ခေါင်းစဉ်က သူ့ဆီသို့တစ်ပတ်ပြန်လည်လာပြန်တော့သည်။ ထန်ယွီအန်းမှာ ဒီမှတ်ချက်နှင့်ပတ်သက်ပြီး သူ့အနေနဲ့အစော်ကားခံလိုက်ရသလို ခံစားသင့်သည်လားဟု တွေးနေမိသည်။ ထိုလူပြောလိုက်သည့်ပုံမှာ သူကလုံးဝကို ညံ့ဖျင်းနေသည့်လူတစ်ယောက်အတိုင်းပင်။
ဒါပေမယ့်လည်း ဖန်ကျင်းအနေနဲ့ သူ့ကိုတမင်တကာလာရှာရလောက်တဲ့အထိ သူ့မှာဘယ်လိုစွမ်းရည်မျိုးတွေ ပိုင်ဆိုင်ထားသည်ဆိုတာကို သူကိုယ်တိုင်လည်းမသိသည့်အတွက် ထိုကဲ့သို့သံသယအဝင်ခံရချိန်တွင် မျက်လွှာကိုချထားရုံမှအပ တခြားဘာဆက်လုပ်ရမည်ကိုသူမသိတော့ပေ။
ဝေ့လန်ရှင်းကခဏရပ်သွားပြီးနောက် ဆက်ပြောလာသည်။
“တစ်မျိုးပြောတယ်လို့တော့မထင်ပါနဲ့ ဒါပေမယ့် သူ့ပုံစံကလုံးဝကိုအတွေ့အကြုံမရှိတဲ့ပုံပေါက်နေတာလေ။ ကွင်းဆင်းအလုပ်လုပ်ရင်းတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်ကြမှာလဲ ? ဖန် ခင်ဗျား သူ့ကို အသေသတ်ဖို့ကြံနေတာလား ?”
စကားတစ်ခွန်းတည်းနဲ့တင် လူယုတ်မာဇာတ်အသွင်းခံလိုက်ရသည့်ဖန်ကျင်းမှာ တောက်တစ်ချက်ခေါက်လိုက်ပြီး
“မင်းဘာတွေလာပြောနေတာလဲ ? မင်းကတော့ တစ်နေ့တခြား ပိုပိုပြီး စည်းမဲ့ကမ်းမဲ့ဖြစ်လာတာပဲ ! သူက ဘာတွေလုပ်နိုင်စွမ်းရှိတယ်ဆိုတ မင်းမသိသေး…”
“သူလုပ်နိုင်တယ်ဆိုရင်တောင်မှ တိုက်ရည်ခိုက်ရည်မရှိရင် လက်တွေ့ကွင်းဆင်းပြီး အလုပ်လုပ်ဖို့အတွက် အရည်အချင်းမပြည့်မီဘူး။ စည်းမျဉ်းတွေကိုမေ့သွားပြီလား ?”
“ဒီခွေးကောင်လေးကတော့ ငါ့ကို စာလာပြန်သင်ပေးနေတယ် ! မင်းကို ဒီနေ့ ငါ အလွတ်ပေးမှာမဟုတ်ဘူး ! “
နှစ်ယောက်သားက ဆက်ပြီးစကားများရန်ဖြစ်နေကြကာ ထန်ယွီအန်းမှာတော့ သူနှင့်ဘာမှမဆိုင်သည့်အတိုင်း ဘေးနားတွင်သာတိတ်တဆိတ်ရပ်ကြည့်နေသည်။
ဝေ့လန်ရှင်းမှာဘယ်လိုပဲ ဦးဆောင်နေသည့်ပုံစံပေါက်နေပါစေ သူ့ရာထူးက ဖန်ကျင်းထက်နိမ့်နေသည့်အတွက် ဖန်ကျင်းကသာ ခေါ်ချင်ခဲ့လျှင် ဝေ့လန်ရှင်း၏စကားတွေကအရေးမပါပေ။ ဒီကိစ္စကသူ့အလိုလိုပြီးသွားမှာဖြစ်ပြီး သူကလည်းဒီအဖွဲ့တွင်ဆက်ရှိနေမည်ဖြစ်သည်။
အချိန်အတော်ကြာအောင်ငြင်းဆိုပြီးကြပြီးနောက် ဝေ့လန်ရှင်းက သူတို့ငြင်းခုန်နေရသည့်အဓိကအကြောင်းအရင်းဖြစ်သော ထန်ယွီအန်းကို မဲဆွယ်စည်းရုံးဖို့ကြိုးစားတော့သည် ။
“မင်း….ပိုက်ဆံပြတ်နေလို့လား ? အဆင်ပြေတယ်နော် ငါ့ကိုပြောပြလို့ရတယ်”
ထန်ယွီအန်းမှာ သူနောက်ပိုင်းဆက်ပြောနေသည်များကို မကြားရတော့ပေ။ အဘယ့်ကြောင့်ဆိုသော် စနစ်မှာထပ်ပြီးလည်ပတ်လာလို့ပင်။
[တီ—ဇာတ်ကြောင်းကိုငြင်းဆိုနေသည့်အစိတ်အပိုင်းအားတွေ့ရှိပါသည်။ အလိုအလျောက်ပွင့်သွားသည့်စွမ်းရည် - “သနားစဖွယ် အသွင်အပြင်” ]
ဘာကြီးလဲဟ ?!
သူ့ဘဝတွင် အရင်တုန်းကလည်း ဇာတ်ကောင်ကဒ်ပေါ်မူတည်ပြီး သက်ဆိုင်သည့်စွမ်းရည်တွေ အလိုအလျောက် မရရှိဖူးသည်မျိုးမဟုတ်သော်လည်း သူရရှိဖူးသည့်စွမ်းရည်များက “ယာယီကိုယ်ပျောက်ခြင်း” ဒါမှမဟုတ် “လျင်မြန်စွာရှောင်တိမ်းနိုင်ခြင်း” အစရှိသည့်လက်တွေ့ဆန်သော စွမ်းရည်များဖြစ်ကာ ဒီ “သနားစဖွယ် အသွင်အပြင်” ဆိုတာကြီးကကျ ဘာကြီးလဲလို့ ?
ထန်ယွီအန်းမှာ သူ့ခန္ဓာကိုယ်တွင် တစ်ခုခုပြောင်းလဲသွားသည်ကို မခံစားရသဖြင့် ရှုပ်ထွေးသွားကာ ခေါင်းမော့လိုက်ချိန်တွင်တော့ ဝေ့လန်ရှင်း၏အကြည့်များနှင့် ဆုံသွားတော့သည်။
ဒီလူက ဘာလို့နေရာမှာတင် ရပ်နေရတာလဲ ?
ဝေ့လန်ရှင်း၏အမူအရာမှာ ပြောင်းလဲသွားပြီး
“ကိုယ်…ကိုယ်ကမင်းကိုအနိုင်ကျင့်တာမဟုတ်ပါဘူး ! ဒီတိုင်းအချက်အလက်တချို့ကိုပြောပြကြည့်ရုံပါ ။ ကိုယ်က မင်းကိုကူညီဖို့ကြိုးစားနေတာပါ….မငိုပါနဲ့”