Chapter 3: ခင်ဗျားက ကျွန်တော့်ကို ကာကွယ်ပေးမယ်ဆိုတာ ယုံကြည်တယ်
ငါမငိုနေပါဘူး ။
ငိုတယ်ဆိုတာ ဘယ်လိုခံစားချက်မျိုးလဲဆိုတာ ထန်ယွီအန်းသိသည်။
မျက်ရည်တွေက ပါးပေါ်ကိုစီးကျလာပြီး သူ့တစ်ကိုယ်လုံးက ခံစားချက်တွေထဲနစ်မြုပ်သွားတာကမှ ငိုခြင်းပင်။ တစ်ခါတလေကျလျှင်တော့ အသိစိတ်ကပ်မနေသည့်အချိန်မျိုးတွေ၊ ကိုယ့်ဘာသာကိုယ်ငိုနေမိမှန်း သတိမထားမိလိုက်တာမျိုးတွေ ရှိနိုင်သည့်အတွက် သူ့လက်ကိုမြှောက်လိုက်ပြီး မျက်လုံးကိုထိကြည့်လိုက်သည်။
မျက်လုံးကခြောက်သွေ့နေ၏။
ဒါဆိုဝေ့လန်ရှင်းက ဘာလို့ သူ့ကိုငိုနေတယ်လို့ပြောရတာလဲ။ သူ့ကို စတာလား။
ဝေ့လန်ရှင်းက သူ့ရှေ့ရှိလူငယ်လေးကိုကြည့်ကာ သူ့ကိုယ်သူ ယုတ်မာတဲ့ဗီလိန်တစ်ယောက်လိုခံစားလိုက်ရတော့သည်။
ထန်ယွီအန်း၏မျက်လုံးထောင့်စွန်းများက ခုနက သူ့လက်နှင့်သူပွတ်လိုက်မိသည့်အတွက် နီရဲတက်လာတာကိုတွေ့သည်အခါ ဝေ့လန်ရှင်းမှာ မနေနိုင်မထိုင်နိုင်ဖြင့် မျက်ရည်တွေကို လက်ကိုင်ပုဝါနှင့်ပဲဖြစ်ဖြစ် သုတ်ပေးချင်မိသွားတော့သည်။ သူက ခန္ဓာကိုယ်ပေါ်ရှိ အိတ်ကပ်တွေအားလုံးကိုလိုက်ရှာသော်လည်း သုတ်စရာဆိုလို့ ဘာမှရှာမတွေ့ပေ။
သူကိုယ်တိုင်တောင်မှ သူ့မှာဘာစွမ်းရည်တွေရှိမှန်းမသိသေးဘူးလေလို့။ လောလောဆယ်တော့ ဒီခန္ဓာကိုယ်က ဒီလောက်ဝေးဝေးလမ်းလျှောက်လာရရုံနှင့်ပင် ပင်ပန်းနေသည်ကိုတော့ သူသတိထားမိသည်။ စနစ်၏ ဒေတာမတည်ငြိမ်မှုတွေကြောင့်ထင်သည်။ အားစိုက်ကာလှုပ်ရှားမှုတွေလုပ်ဆောင်ရန်မပြောနှင့် နေရောင်အောက်ကြာကြာနေလျှင်တောင် သူ့ကိုမူးဝေလာစေ၏။
“ရှောင်ထန်စိတ်မပူနဲ့နော်။ သူကလည်း ငါတို့အဖွဲ့ထဲကလူပဲဆိုတော့ သူ့ကိုကြိုက်သလိုပြန်ပြောလို့ရတယ်။ ပြီးတော့ မင်းတို့က နောက်ကျရင် တစ်သင်းတည်းက အဖွဲ့သားတွေဖြစ်လာကျမှာဆိုတော့ မင်းတို့တွေ ပူးပေါင်းလုပ်ဆောင်တတ်ဖို့လိုတယ်။ အစောကတည်းက အချင်းချင်းရင်းနှီးအောင်လုပ်ထားကြ”
နောက်တော့သူက ဝေ့လန်ရှင်းဘက်သို့လှည့်ကြည့်လိုက်ပြီး သူ့လေသံကချက်ချင်းပဲတင်းမာသွားကာ
“ဒီမှာ ငါပြောတာကိုနားထောင် မင်းရှေ့မှာ မတ်တတ်ရပ်နေတဲ့သူက ငါတို့ဌာနရဲ့လျှို့ဝှက်လက်နက်ပဲ။ သူ့ရဲ့နေရာက ဘယ်လောက်အရေးပါလဲဆိုတာ မင်းခန့်မှန်းမိမှာတောင်မဟုတ်ဘူးကွ! ရှောင်ထန် သူ့ကို ထုတ်ပြလိုက်စမ်း!”
သူ့ရဲ့ မျှော်လင့်ချက်တွေဖြင့်ပြည့်ဝနေပြီး လေးစားမှုတို့ရောယှက်နေသည့် အကြည့်တွေက ထန်ယွီအန်းဆီသို့ကျရောက်လာတော့သည်။ ဝေ့လန်ရှင်းက နောက်သို့ခြေတစ်လှမ်းပင်ဆုတ်လိုက်ပြီး “ကြွပါ” ဆိုသည့်အမူအရာကိုပြုလုပ်ပြကာ သူစွမ်းရည်တွေထုတ်ပြနိုင်ရန် နေရာပေးလာတော့သည်။
သူကခြေချောင်းတွေကိုအသာကွေးလိုက်ရင်း တစ်ခုခုပြန်တုံ့ပြန်ရန်နည်းလမ်းကိုစဉ်းစားလိုက်တော့သည်။
ဖန်ကျင်းရဲ့ပြောစကားအရဆိုရင် ဖန်ကျင်းက သူ့ရဲ့အကြောင်းကို ကောင်းကောင်းသိနေပြီး သူ့အနေနဲ့ အရင်တုန်းက ဖန်ကျင်းနဲ့ လူချင်းတွေ့ခဲ့ဖူးတာတောင်ဖြစ်နိုင်သည်။ ဒါကြောင့် အနာဂတ်တွင် ပြဿနာထပ်မရှုပ်လာနိုင်စေရန် တိုက်ရိုက်ဝန်ခံလိုက်ဖို့သာ သူဆုံးဖြတ်လိုက်တော့သည်။
သူကထန်ယွီအန်းကို ဆိုဖာပေါ်သို့ဆွဲခေါ်လိုက်ပြီး အံဆွဲထဲမှဖိုင်တွဲတစ်ခုကိုထုတ်ကာ သူ့ကိုလှမ်းပေးလိုက်သည်။ ဒါက ထန်ယွီအန်းရဲ့ကိုယ်ရေးမှတ်တမ်းဖိုင်ဖြစ်၏။ ဓာတ်ပုံထဲရှိထန်ယွီအန်းမှာ အဖြူရောင်တီရှပ်ကိုဝတ်ဆင်ထားပြီး ပုံစံကအနည်းငယ်ရှက်ရွံ့နေပုံရသည်။ အသက်ကတော့ ၁၇ နှစ်လောက်သာရှိဦးမည့်ပုံပင်။
ဘေးဘက်တွင်တော့ အခြေခံအချက်အလက်တချို့ပါပြီး သူ့ရဲ့ဆေးမှတ်တမ်းတွေပါ ပါဝင်သည်။ ထန်ယွီအန်းက ရှုပ်ထွေးသည့်အချက်အလက်တချို့ကိုနားမလည်နိုင်သော်လည်း နောက်ဆုံးစစ်ဆေးချက်ရလဒ်ကိုတော့ သူသတိထားမိလိုက်တော့သည်။
နေဦး ဒါကဘာအဓိပ္ပာယ်လဲ။ သူကဆင့်ကဲပြောင်းလဲသွားတာလား။
ကြီးမားသည့်ပြောင်းလဲမှုဖြစ်စဉ်အချက်အလက်များကိုစစ်ဆေးရန် တာဝန်ရှိသော လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ထန်ယွီအန်း၏ မူမမှန်သောဆေးမှတ်တမ်းကို တစ်နေ့တွင် ပုံမှန်အတိုင်းစစ်ဆေးရင်း ရှာတွေ့သွားကာ သူ့ရဲ့အလားအလာရှိမှုကိုသတိထားမိပြီး ကြယ်စင်စုကာကွယ်ရေးဌာနသို့ ၁၈ နှစ်ပြည့်ပြီးသည်နှင့် ဖိတ်ခေါ်ကြည့်ရန်ပြောပြခဲ့သည်ဖြစ်ကြောင်း ဖန်ကျင်းကရှင်းပြလာသည်။ သို့သော်ထန်ယွီအန်းက သူ့မိသားစုကိုမထားချင်ခဲ့သဖြင့် ငြင်းဆိုခဲ့သည်ဟုလည်း ဆက်ပြောပြလာ၏။
နောက်ပိုင်းတွင်လည်း သူ့လုပ်ဖော်ကိုင်ဖက်က ဇွဲမလျှော့ဘဲ အကြိမ်ပေါင်းများစွာဖိတ်ခေါ်ခဲ့ပြီး ဆွဲဆောင်ရန်ကြိုးစားခဲ့သော်လည်း ထန်ယွီအန်းက ကာကွယ်ရေးဌာနဆိုသည့်နေရာမှာ သူနှင့်အလှမ်းဝေးလွန်းပြီး သူတာဝန်တွေကိုမလုပ်ဆောင်နိုင်လောက်ဘူးဟု ငြင်းမြဲငြင်းဆဲအတိုင်း အမြဲငြင်းဆိုခဲ့လေသည်။ သို့သော် ထန်ယွီအန်း၏ပုံစံမှာ တစ်ခေါက်ထက်တစ်ခေါက် ပိုပြီးညင်သာလာသဖြင့် လုပ်ဖော်ကိုင်ဖက်ကပျော်ရွှင်လာပြီး လုပ်ဆောင်နိုင်စွမ်းပြည့်ဝသည့် နောက်ထပ်အဖွဲ့ဝင်တစ်ယောက်ကို စုဆောင်းနိုင်တော့မည်ဟု ထင်ခဲ့မိလောက်သော်လည်း သူဘာမှအပြီးမသတ်လိုက်ရသေးခင်မှာပင် ထန်ယွီအန်းက ကားမတော်တဆဖြစ်သွားပြီး သတိမေ့သွားတော့သည်။
“ကံကောင်းတာက မင်းကကောင်းချီးပေးခံရပြီး ပြန်နိုးလာခဲ့တယ်လေ။ မင်းရဲ့ထူးခြားတဲ့စိတ်စွမ်းအင်ကလည်း ပြန်ပြီးထွက်ပေါ်လာခဲ့တယ်။ ကြည့်ရတာတော့ ကောင်းကင်ဘုံကမင်းကိုခေါ်ဖို့ အဆင်သင့်မဖြစ်သေးဘူးထင်တယ်”
ထန်ယွီအန်းမှာရှုပ်ထွေးနေပြီး
“ဒါဆို စိတ်စွမ်းအင် ဆင့်ကဲပြောင်းလဲခြင်းဆိုတာ ဘာကိုပြောတာလဲ။”
စိတ်စွမ်းအင်အဆင့်မြင့်လေလေ အရောင်ကပိုပြီးသန့်ရှင်းလေလေဖြစ်သည်။ ဒီလက်နက်က မသန့်စင်သည့်အရာတွေ လုံးဝမပါလုနီးပါးသန့်စင်ကာ အလွန်ထက်ရှပြီး တိုက်ခိုက်မှုအားလည်းပြင်းထန်ကာ ခဏတွင်းချင်းတိတ်တဆိတ်လေး လူတစ်ယောက်အားသတ်ပစ်နိုင်လောက်သည်အထိ စွမ်းလေသည်။
ဖန်ကျင်းက ထန်ယွီအန်းကိုလည်း သူ့၏စိတ်စွမ်းအင်အားထုတ်လွှတ်ရန် အချက်ပြလာသည်။
ထန်ယွီအန်းမှာ စိတ်စွမ်းအင်ကို ဘယ်လိုထုတ်လွှတ်ရမလဲဆိုသည်ကိုမသိသော်လည်း ဖန်ကျင်းလမ်းညွှန်သည့်အတိုင်း အကောင်းဆုံးလုပ်ဆောင်ကြည့်လိုက်သည်။ သူက သူ့ရဲ့စိတ်ကိုလျှော့ချလိုက်ပြီး နေရာတစ်ခုထဲတွင် အာရုံစိုက်ထားလိုက်သည်။
သေးငယ်ကာဖောက်ထွင်းမြင်နေရသည့် ရွှေရောင်သန်းနေသောငှက်တစ်အုပ်က သူ့ဘေးပတ်လည်တွင်ပေါ်ထွက်လာပြီး ဘေးတွင်ပတ်ကာပျံနေကာ တဖြည်းဖြည်းချင်း အပေါ်သို့ဝိုက်ကာတက်သွားသည်မှာ မသိလျှင် ကခုန်နေကြသည့်အတိုင်းပင် ။
သူ့ဘဝတစ်လျှောက်လုံး ရွှေရောင်စိတ်စွမ်းအင်ကိုမတွေ့ခဲ့ဖူးပေ…
မှော်စွမ်းအင်တွေဖြင့်ညှို့ယူခံလိုက်ရသကဲ့သို့ သူဆက်ပြီးအောင့်မထားနိုင်တော့ဘဲ သူ့ရဲ့ကိုယ်ပိုင်စိတ်စွမ်းအင်ကို ထန်ယွီအန်း၏စိတ်စွမ်းအင်နှင့် နီးကပ်သွားအောင်အနားတိုးလိုက်မိ၏။
ထန်ယွီအန်း၏စိတ်စွမ်းအင်ကိုတိုက်ခိုက်ရန်စိတ်ကူးမရှိသော်လည်း သူ့ရဲ့ဓားဦးကို ရှေ့တည့်တည့်သို့ဦးတည်လိုက်မိတော့သည်။
သို့သော် သူ့ဓားသွားနှင့်ငှက်တွေ၏တောင်ပံတွေ ထိခတ်မိသွားချိန်တွင်တော့ သူ့ရဲ့တန်ဖိုးကြီးလှပါသော စိတ်စွမ်းအင်လက်နက်က လေထဲတွင်ချက်ချင်းပဲပျောက်ကွယ်သွားတော့၏ !
ဘာတွေဘယ်လိုဖြစ်သွားတာလဲ။
ဝေ့လန်ရှင်းတစ်ယောက် ဂွမ်းအိတ်အားလက်သီးဖြင့်ထိုးနေမိသလို ခံစားလာရတော့သည်။
သူဒီလောက်ငြင်းဆန်နေတာတောင်မှ ဖန်ကျင်းကဘာလို့ ဆက်ပြီးခေါ်ထားချင်ရတာလဲဆိုတာကို သူနားလည်သွားတော့သည်။ ထန်ယွီအန်း၏ လုပ်နိုင်စွမ်းက ခန့်မှန်း၍မရနိုင်လောက်သည်အထိကြီးမားသည်ပင်။ ဖန်ကျင်းက ထန်ယွီအန်းရဲ့ပုခုံးကိုသိုင်းဖက်လိုက်ပြီး ဝေ့လန်ရှင်းကိုမေးထိုးကာမေးလိုက်သည်။
အံ့ဩစရာကောင်းတယ်ဆိုတာထက်ကို ပိုသည်ဟုပြောရမည်။ သေချာသာအသုံးပြုနိုင်လျှင် တကယ့်ကြောက်မက်ဖွယ်အတိသာဖြစ်၏။
သူ့ရဲ့စိတ်စွမ်းအင်တွေနဲ့ တိုက်ခိုက်တဲ့ပုံစံကို စိတ်ကူးယဉ်ကြည့်ရရင် သူ့ရှေ့ရှိရန်သူတွေအားလုံးက သူ့အတွက်စက္ကူရွက်လေးတွေသာသာပင်။ သူ့ကိုထိခိုက်အောင်မလုပ်နိုင်ခင်မှာပဲ တခြားသူတွေရဲ့လက်နက်တွေက အကုန်ပျက်စီးသွားလောက်သည်။
ဖန်ကျင်းတစ်ယောက် သူ့ကိုယ်သူ သတင်းသိတာမြန်တဲ့အတွက် ဂုဏ်ယူနေတော့သည်။ ထန်ယွီအန်းနိုးလာပြီဆိုတဲ့သတင်းကို သူ့လုပ်ဖော်ကိုင်ဖက်မသိခင် သူကအရင်ချက်ချင်းသိခဲ့ပြီး အရယူနိုင်ခဲ့သည်လေ။
တစ်ဖက်မှာတော့ ထန်ယွီအန်းမှာ သူတို့ ၂ ယောက်စကားပြောနေသည့်အပေါ်တွင် အာရုံရှိမနေပေ။ ရွှေရောင်ငှက်လေးတစ်ကောင်က သူ့လက်ချောင်းထိပ်ပေါ်သို့လာနားခိုနေပြီး အနွေးဓာတ်ငွေ့ငွေ့လေးကို ထုတ်လွှတ်နေ၏။ ဒီခံစားချက်က အရမ်းကိုထူးဆန်းနေပြီး မသိရင် သူ့ရဲ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတစ်ခုကို အပြင်ဘက်ကမ္ဘာဆီထုတ်လွှတ်ပေးလိုက်ရသလိုမျိုး လွတ်လပ်နေပြီး သက်သောင့်သက်သာဖြစ်သည့် ခံစားချက်ကို ခံစားရသည်။
သူအတွေးတွေကိုရပ်တန့်လိုက်ချိန်တွင်တော့ ငှက်လေးတွေမှာလည်းပျောက်ကွယ်သွားတော့သည်။
ဝေ့လန်ရှင်းနှင့်ဖန်ကျင်းမှာလည်း သဘောတူညီမှုရရှိသွားပြီဖြစ်ကာ ဝေ့လန်ရှင်းက ခေါင်းဆောင်တစ်ယောက်၏ လေသံဖြင့် ထန်ယွီအန်းအား ညွှန်ကြားလာသည်။
သူကတစ်ခုခုကိုတွေးမိသွားပြီး ဖန်ကျင်းကိုလှည့်မေးလိုက်၏။
“ဒါနဲ့ လောလောဆယ် ကျွန်တော်တို့ဌာနထဲမှာ လူဘယ်နှယောက်ရှိနေပြီလဲ ?”
ဖန်ကျင်း : “သုံးယောက်”
ဝေ့လန်ရှင်း : “…”
ဝေ့လန်ရှင်းတစ်ယောက် ဒီလောက်အထိ မခိုင်မာ မတောင့်တင်းတဲ့ဌာနကို တစ်ခါမျှမတွေ့ဖူးပေ။
“သုံးယောက်! ခင်ဗျား ဘယ်လိုဒါရိုက်တာလဲ။”
သို့သော်ဖန်ကျင်းမှာတော့ သူတို့ဌာနအသစ်လေးရဲ့ ပြောင်ရှင်းနေသည့် ရှေ့ရေးတက်လမ်းကို မမှုဘဲနေနေသည်။ သူကအလွန်ခေါင်းမာပြီး ဧကချီကျယ်သော ကြီးမားသည့်လယ်ကွက်ကြီးကို တစ်ယောက်တည်းထယ်ထိုးမည့် လယ်သမားတစ်ယောက်၏ စိတ်ခွန်အားကိုပိုင်ဆိုင်ထားလေသည်။ ဒါကြောင့်မို့လည်း
“ကြယ်စင်စုတိုက်ခိုက်ရေးရဲ့ တည်ထောင်သူအဖွဲ့ဝင် ဝေ့လန်ရှင်းပါ။ တွေ့ရတာဝမ်းသာပါတယ်။”
ထန်ယွီအန်းမှာတော့ ရာထူးမရှိသေးသည့်အတွက် နာမည်ကိုသာပြန်မိတ်ဆက်လိုက်တော့သည်။
ဝေ့လန်ရှင်းရဲ့ပထမဆုံးအတွေးမှာ-
လက်ကကိုင်လို့ကောင်းသားပဲ။ သူ့လက်ထဲမှာ ကိုင်ထားရတာ ကျောက်စိမ်းတုံးလေးလို ချောမွတ်နေတာပဲ။ ကိုင်လို့ကောင်းလွန်းလို့ ပြန်တောင်လွှတ်မပေးချင်တော့ဘူး။
ထန်ယွီအန်းကလည်း စနစ်၏အချက်ပေးမှုအသံကြောင့် လက်ကိုမလွှတ်ပေ။
သူအံ့ဩတော့မသွားမိပေ။ ဇာတ်လိုက်ဆိုသည်မှာ ပုံမှန်အားဖြင့်ထူးခြားသည့် aura ရှိပြီး ထိုအရာကပဲ သူတို့ကို တခြားလူတွေနဲ့ မတူဘဲကွဲပြားစေသည်။ ဝေ့လန်ရှင်း၏အသွင်အပြင်မှာလည်း လူအုပ်ကြားထဲ ချက်ချင်းသတိထားမိနိုင်စရာပုံစံပင်။
လက်ဆွဲနှုတ်ဆက်နေကြသည့်ပုံစံက အဖွဲ့ဝင်တွေအချင်းချင်း မိတ်ဆက်နေကြသည့်ပုံစံနှင့်မတူနေဘဲ dating show တွေတွင် အောင်မြင်စွာတွဲသွားနိုင်လိုက်တဲ့ အတွဲ ၁ တွဲ နှုတ်ဆက်နေသည့်ပုံနှင့်ပိုတူနေသဖြင့် ဖန်ကျင်းတစ်ယောက် သူတို့ ၂ ယောက်ရဲ့မျက်နှာကို တစ်လှည့်စီကြည့်နေမိသည်။
အခုခေတ်လူငယ်တွေကို သူတကယ်ပဲနားမလည်နိုင်တော့ဘူး…
ထိုအချိန်မှာပဲ ဖန်ကျင်း၏ဖုန်းထဲသို့ တာဝန်နှင့်ပတ်သက်သည့် စာတစ်စောင်ဝင်လာတော့သည်။ ထိုစာများနှင့်ပတ်သက်လျှင် နိုတီအသံကို သေချာရွေးပြီးထားထားသဖြင့် အသံကြားလိုက်ရသည်နှင့် ဖန်ကျင်းမှာ နှလုံးခုန်တွေပင်မှားကုန်တော့၏။
ဘာမှဆိုးဆိုးရွားရွားကြီးဖြစ်မနေဖို့သာ မျှော်လင့်ရမည်…
သူ့မျက်နှာကမှောင်မဲသွားပြီး
“ကြည့်ရတာတော့ မင်းတို့ရဲ့ပထမဆုံးတာဝန်က ရောက်လာပြီထင်တယ်…”
“စောလှချည်လား။ ထုံးစံအတိုင်းဆို ရောက်ရောက်ချင်းမှာ အနည်းဆုံးတစ်လလောက်တော့ လေ့ကျင့်ရေးဆင်းရဦးမှာလေ !”
ထန်ယွီအန်းရဲ့စိတ်စွမ်းအင်က ဘယ်လောက်အင်အားကြီးတယ်ပဲပြောပြော သူကအဆင်သင့်မဖြစ်နေသေးပေ။
အဲ့ဒါကို ဘာလို့ဒီလိုမျိုးအလောတကြီး တာဝန်ပေးရတာလဲ။ ဝန်ထမ်းအင်အား မလုံလောက်နေလို့များလား။
“ဒါကအရေးပေါ်တာဝန်ပဲ။ အဖွဲ့အစည်းရဲ့ စောင့်ကြည့်နေဆဲအခြေအနေ အဖွဲ့ဝင်တစ်ယောက်က စိတ်စွမ်းအင်ထိန်းချုပ်မှု လွတ်ထွက်သွားလို့။ သူ့အခြေအနေက ထူးခြားနေတယ် ငါတို့ အပြင်လူတွေကို ဒီကိစ္စထဲဝင်ပါခိုင်းလို့မဖြစ်ဘူး”
သူက tablet ကိုစားပွဲပေါ်တင်ပေးလိုက်သည်။ ထန်ယွီအန်းအနားသို့တိုးကြည့်လိုက်ရာတွင်—
ကျိုးထင်းဟန် ၊ ၂၄ နှစ်။ တခြားအချက်အလက်တွေမှာတော့ အရေးမပါတာတွေသာဖြစ်ပြီး တည်တင်းနေသည့်မျက်နှာထားနှင့် အမျိုးသားတစ်ဦး၏ ခပ်မှုန်မှုန်ဓာတ်ပုံတစ်ပုံသာပါပြီး မျက်နှာမှာ ပြုံးရယ်မနေဘဲ အေးစက်နေသည်မှာ သူ့နာမည်အတိုင်းပင်။
(寒=han=အေးသော)
ဝေ့လန်ရှင်းက စာရွက်ကိုလှန်ကြည့်ပြီးနောက် တခြားဘာမှမတွေ့သဖြင့်
“တခြားအချက်အလက်တွေကိုကျ ဘာလို့ပေးမသိတာလဲ။ နေပါဦး ဒီတစ်ယောက်က အရင်တစ်ခေါက်က ဟိုအဖွဲ့အစည်းကနေ သွားကယ်လာရပြီး PTSD ရသွားတဲ့တစ်ယောက်လား ?”
သူကမှတ်ဉာဏ်အလွန်ကောင်းပြီး အရာရာတိုင်းကို အတိအကျမှတ်သားထားတတ်ကာ အရေးကြီးတဲ့ အဖွဲ့ဝင်တွေကိုဆိုလျှင် အမြဲအထူးဂရုစိုက်ပြီးလိုက်ကြည့်နေတတ်သည်။
ဖန်ကျင်းကခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်တယ်သူပဲ”
“သူ့အတွက် တာဝန်ယူထားတဲ့အဖွဲ့က သက်သက်ရှိတယ်မဟုတ်ဘူးလား။ ဘာလို့ ကျွန်တော်တို့က ဖြေရှင်းပေးရမှာလဲ။”
“…စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့သူကို အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်မယ်။”
“ဟုတ်တယ် ငါမျက်လုံးကောင်းတယ်မဟုတ်လား။”
ဝေ့လန်ရှင်း : “…”
“တာဝန်က ရုတ်တရက်ဆန်တယ်နော် ။ ရှောင်ထန်က ဒီတစ်ခေါက်တော့ လိုက်လို့မရလောက်ဘူး။ မင်းတစ်ယောက်တည်းသွားလို့ အဆင်ပြေတယ်မဟုတ်လား။”
ဝေ့လန်ရှင်းက ချက်ချင်းပဲအထုတ်အပိုးစပြင်ကာ
“ကျွန်တော့်တာဝန်သာထားလိုက်ပါ”
ထန်ယွီအန်းက ခေါင်းညိတ်ပြလိုက်တော့မယ့်အချိန်မှာပဲ စနစ်ကထပ်ပြီးမြည်လာတော့သည်။
[တီ—တာဝန်အသစ်ထွက်ပေါ်လာပါပြီ။ ကျေးဇူးပြုပြီး ဒီစစ်ဆေးရေးတွင်ပါဝင်ပြီး ဇာတ်လိုက်နံပါတ်နှစ် ကျိုးထင်းဟန်အား အန္တရာယ်ကျရောက်နေသည်မှ ကယ်တင်ပါ Host ။ ကြိုးစားထားပါ Host က အတော်ဆုံးပဲ !]
ကျေးဇူးပါ လောလောဆယ် အားပေးစကားတွေကြားဖို့ သူမလိုအပ်သေးပါဘူး။
“ကျွန်တော်ကလည်း ဒီအဖွဲ့ရဲ့အဖွဲ့ဝင်ပါပဲ ကျွန်တော်လည်း အတူလိုက်ခဲ့ပါ့မယ်”
သူက “လိုက်ချင်တယ်” လို့မပြောဘဲ “လိုက်ခဲ့ပါ့မယ်” လို့ပြောလိုက်သည်။ သူက ပုံမှန်ဆိုလျှင် ကိုယ်သိကိုယ်တတ်ပုံစံဖြင့် ပြောလေ့မရှိဘဲ အခြားသူတွေဆုံးဖြတ်ချက်ချနိုင်အောင် နေရာချန်ထားပေးလေ့ရှိသော်လည်း အခုတွင်တော့ စနစ်ကတာဝန်က သူ့အားရွေးချယ်ခွင့်မပေးတော့ပေ။
“မင်းရဲ့စွမ်းရည်တွေကို သေချာမစစ်ဆေးရသေးဘူးလေ ။ မင်းအတွက် အန္တရာယ်များ…”
ဖန်ကျင်းကလည်း သူနှင့်အတူသံယောင်လိုက်ပြီးပြောလာသည်။
“ဟုတ်တယ် ရှောင်ထန်ရေ မင်းက အခုမှနိုးလာတာလေ။ မင်းရဲ့အခုအခြေအနေက သိပ်ကောင်းသေးပုံမပေါ်ဘူး။ ခဏလောက်နားလိုက်ပါ ဒီကလေးဝေ့လန်ရှင်းက တကယ်မာတာ သူတစ်ယောက်တည်းနဲ့တင်လုံလောက်ပြီ”
[ဇာတ်ကြောင်းကိုငြင်းဆိုနေသည့်အချက်အားတွေ့ရှိပါသည်။ အလိုအလျောက်ပွင့်သွားသည့်စွမ်းရည် - သနားစဖွယ်အသွင်…]
“ရပ်လိုက် ! အခုချက်ချင်းရပ်စမ်း !”
[ပွင့်သွားသည့်စွမ်းရည်အားပြန်လည်ဖျက်သိမ်းလိုက်ပါသည်]
သူ အဲ့ဒီထူးဆန်းတဲ့စွမ်းရည်ကြီးကို မလိုချင်ပေ
“ကျွန်တော်လိုက်ခဲ့မယ်။ ကျွန်တော့်ကိုခေါ်မသွားရင် အနောက်ကနေ ခိုးလိုက်ခဲ့မှာ”
နူးညံ့ညင်သာတဲ့မျက်နှာလေးက ပြောထွက်လာသည့် ပြတ်သားသော စကားလုံးတွေကြောင့် ဝေ့လန်ရှင်းမှာ လူငယ်လေးအား အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေမိပြီး ဒီလူငယ်လေးက သူထင်ထားသည်နှင့် ကွဲပြားသည်ဟု ခံစားနေရသည်။
“ကောင်းပြီ ဒါပေမယ့် မင်း ကိုယ့်စကားကို နားထောင်ရမယ်နော်”
လမ်းတွင် ဝေ့လန်ရှင်းက ကားမောင်းသည်။ ယာဉ်ကြောက တော်တော်လေးပိတ်နေသဖြင့် သူကစိတ်မရှည်စွာ ဟွန်းတစ်ချက်တီးလိုက်ပြီး ထန်ယွီအန်းအား မေးလာသည်။
သူက ပိုက်ဆံအရမ်းလိုအပ်နေပြီး ဘောနပ်စ်တွေ ဘာတွေများလိုချင်လို့များလား။
သူက ဝေ့လန်ရှင်းဘက်သို့လှည့်ကြည့်လိုက်ပြီး အသာပြုံးကာ
“ပြီးတော့ ခင်ဗျားက ကျွန်တော့်ကိုကာကွယ်ပေးမယ်ဆိုတာ ယုံကြည်တယ်”
ယာဉ်ကြောပိတ်နေသည့်လမ်းမှာ ရှင်းသွားပြီဖြစ်သော်လည်း သူ့ကားကတော့မရွေ့သေးပေ။ အနောက်ဘက်ရှိ ကားများက ဟွန်းတွေတီးလာကာမှ ကားကရှေ့သို့တိုးသွားတော့သည်။