Chapter 4: သခင်
ယခုအဖြစ်အပျက်မှာ အဝေးထိန်းစနစ်အောက်ရှိ လုံခြုံရေးအိမ်အတွင်း၌ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
“ကျိုးထင်းဟန်က ဒီမှာနေနေတာအတော်ကြာပြီ။ ဒီနေ့မှ သူ့ရဲ့စိတ်စွမ်းအင်တွေက ရုတ်တရက်ကြီး ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားတာ” ဝေ့လန်ရှင်းကရှင်းပြလာသည်။
“တစ်ယောက်ယောက်က သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားခဲ့တာလား”
မဟုတ်ရင် သူက ဘယ်လိုလုပ်ပြီး လုံခြုံရေးအိမ်မှာ နေနေမှာလဲ။
ဝေ့လန်ရှင်းကခပ်တည်တည်ပဲပြန်ဖြေလာသည်။
“တကယ်တော့ သူ တခြားလူတွေကို လိုက်မသတ်အောင် ထိန်းထားတာ”
ထန်ယွီအန်းမှာပြောနေသည့်စကားပင်ရပ်သွားရသည်။ နောက်မှ ဝေ့လန်ရှင်းပြောခဲ့သည့် ထိုလူတွင် PTSD ရှိသည် ဆိုသောစကားအား ပြန်သတိရသွားတော့၏။ သူ့ရဲ့စိတ်ကျန်းမာရေးပြဿနာကဆိုးရွားလွန်းလို့ ထိန်းချုပ်မှုလွတ်လွတ်သွားပြီး လူတွေကို အချိန်မရွေး အန္တရာယ်ပေးနိုင်တဲ့အထိ ဖြစ်သွားတာလား။
ဝေ့လန်ရှင်းပြောစကားအရဆို ကျိုးထင်းဟန်က အရင်တုန်းက အဖွဲ့အစည်း၏အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ပုံရသည်။
ထ်ို့ကြောင့် တစ်ခါတလေဆိုလျှင် သူက အနားရှိလူများကို ထထတိုက်ခိုက်တတ်ခြင်းဖြစ်သည်။
“သူက အခုလောလောဆယ်လူတိုင်းကိုလိုက်ပြီး ရန်မူနေတာ သူ့ကိုရန်သွားမစမိစေနဲ့”
ကားက အတားအဆီးတွေကာရံထားသည့်နေရာ အနား၌ရပ်သွားသည်။
ထိုနေရာတွင် တာဝန်ကျနေသည့် အငယ်တန်းအရာရှိလေးက ဝေ့လန်ရှင်းဆီသို့ လေးစားစွာဖြင့် အခြေအနေတွေအား အလျင်အမြန် အစီရင်ခံလာတော့၏။
“တစ်နာရီလောက်ရှိနေပြီ။ သူက တံခါးတွေရော ပြတင်းပေါက်တွေရော အကုန်ပိတ်ထားတာ။ သူ့ရဲ့စိတ်စွမ်းအင်အဆင့်က အရမ်းမြင့်နေပြီး ကျွန်တော်တို့ သူ့အနားကိုကပ်လို့မရဘူး။ သုံးတဲ့နည်းလမ်းလည်းစုံနေပြီ”
အငယ်တန်းအရာရှိလေးမှာ သူ့တာဝန်က အခြေအနေအရပ်ရပ်ကို စောင့်ကြည့်ပြီး ပုံမှန်အစီရင်ခံပေးရုံတင်ဟု ထင်ထားခဲ့သည်။ သို့သော် သူစတိုးဆိုင်လေးခဏလောက်သွားလိုက်သည့်အချိန်အတွင်းမှာတင် ဒီလူက တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည်အထိ ပြင်းထန်သောမုန်တိုင်းကြီးတစ်ခုကို ထုတ်လွှတ်လိုက်လိမ့်မယ်လို့ ဘယ်သူကထင်ထားမှာတဲ့လဲ။
လက်မောင်းတွင် ရှရာတစ်ချက်ရသွားပြီးနောက်ပိုင်း သူထိုနေရာအနားသို့ ကပ်ပင်မကပ်ရဲတော့သည့်အတွက် အရေးပေါ်ခေါ်ဆိုမှုကိုသာပြုလုပ်လိုက်ပြီး ရောက်လာမည့် အကူအညီကိုသာ စောင့်နေလိုက်ရတော့သည်။
သူအရင်ကဝေ့လန်ရှင်းကိုမြင်ဖူးသည်။ ဝေ့လန်ရှင်းက ရန်သူ့နယ်မြေထဲသို့ တစ်ယောက်တည်း ထိုးဖောက်ဝင်ရောက်သွားပြီး ထိပ်တန်းအဆင့်စာရွက်စာတမ်းများကို အရပြန်ယူလာနိုင်သည့် ထူးချွန်ပြောင်မြောက်လှသော လုပ်ဆောင်ချက်အတွက် ဆုရဖူးသည်။
ယခုဆိုလျှင် သူက ဌာနအသစ်၏ ခေါင်းဆောင်အဖြစ်ပါ ရာထူးတိုးခံလိုက်ရပြီ။
သူဝတ်ထားသည့်အဝတ်အစားနှင့် လမ်းလျှောက်သည့် ခြေလှမ်းပုံံစံက သူ့အနေနှင့် လေ့ကျင့်ရေးတစ်ခါမှ မဆင်းဖူးသေးသည်မှာ သေချာသည်။
သူ့ပုံစံကအဖွဲ့အစည်းထဲက အဖွဲ့ဝင်တစ်ယောက်၏ပုံစံနှင့် လုံးဝတူမနေချေ။
ဘာလို့များ ဝေ့လန်ရှင်းက ရိုးရိုးပြည်သူတစ်ယောက်ကို ဒီလိုအန္တရာယ်များတဲ့ဆီခေါ်လာတာလဲ။ ဒီလူသာ တစ်ခုခုထိခိုက်သွားရင် သူလည်းဒဏ်ပေးခံရမှာပင်။
ပြောပြီးနောက် ဝေ့လန်ရှင်းက အခြေအနေကိုစစ်ဆေးရန် အရှေ့သို့ဆက်လျှောက်သွားပြီး ထန်ယွီအန်းတစ်ယောက်တည်းသာ ထိုနေရာတွင်ကျန်ခဲ့သည်။
ဝေ့လန်ရှင်းပြောသည်ကိုကြားသော် အငယ်တန်းအရာရှိလေးက နားလည်သွားတော့၏။ အဖွဲ့အစည်းထဲတွင် ဒုတိယမျိုးဆက် အရာရှိများ၏ ရှယ်ယာတချို့ပါဝင်နေပြီး ထိုလူများနှင့် အဆက်အနွယ်ရှိသော လူချမ်းသာသခင်လေးများမှာ အများစုက သူတို့၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း (resume) ထဲတွင် ထည့်လို့ရရန် ဒီကိုခဏအလုပ်လာလုပ်တတ်ကြသည်။
(T/N: resume ဆိုတာ CV form နဲ့တူပါတယ်။ ကွာသွားတာက သူက CV form လောက်အသေးစိတ်ရေးဖို့မလိုတာပါ)
ထိုသခင်လေးများသည် ပုံမှန်အားဖြင့်ညံ့ဖျင်းကြပြီး ဒေါသထွက်လွယ်ကာ သူတို့မသိသည့်အရာများအား လူတတ်ကြီးလုပ်ကာဝေဖန်တတ်ကြပြီး တော်တော်လေးကို ဒုက္ခများစေသောလူစားမျိုးတွေပင်။
သူက အေးတိအေးစက်နဲ့ပြုံးပြလိုက်ပြီး
“သိပါပြီ ဒါဆို အပြင်ဘက်ကနေပဲ အခြေအနေတွေကို စောင့်ကြည့်နေသင့်တယ်။ ကျွန်တော်တို့ကို မကူညီရသေးခင်မှာဘဲ ကိုယ့်ဘာသာကိုယ်ဒဏ်ရာရမသွားအောင်သာ ဂရုစိုက်ပါ”
သူပြဿနာမရှာသရွေ့ အဆင်ပြေနေမှာပါ။
မမျှော်လင့်ထားစွာဖြင့် လူငယ်လေးက နာခံစွာ ခေါင်းညိတ်ပြီး ကားဆီသို့ပြန်ကာ ဆေးသေတ္တာဘူးကို သွားယူလာသည်။
“သတိပေးတဲ့အတွက်ကျေးဇူးပါ။ လက်မောင်းက ဒဏ်ရာက သေချာကုသသင့်တယ်။ စိတ်စွမ်းအင်ကြောင့် ဖြစ်လာတဲ့ဒဏ်ရာတွေက ပိုးဝင်လွယ်တယ်”
သူက အငယ်တန်းအရာရှိ၏ဒဏ်ရာကို ကျွမ်းကျင်စွာဖြင့် ပိုးသတ်ပေးလိုက်ပြီး လျင်မြန်ညင်သာစွာ ပတ်တီးစည်းပေးလိုက်သည်မှာ လေ့ကျင့်ရည်ဝနေသည့် လူတစ်ယောက်အတိုင်းပင်။
အငယ်တန်းအရာရှိမှာ အစတုန်းက စိုးရိမ်စိတ်များနှင့်သာ ပြည့်နေသဖြင့် သူ့ဒဏ်ရာသူ သိပ်ပြီးအာရုံမရလိုက်ပေ။ အခု သေချာဆေးထည့်ပေးခံရတော့မှ နာမှန်းသတိထားမိသွားတော့သည်။
သူ့ရှေ့ရှိ ဆံပင်ခပ်အုပ်အုပ်နှင့်ကောင်လေးကိုကြည့်ကာ အပြစ်ရှိစိတ်တွေစတင်ဖြစ်လာတော့၏။
သူ စောနတုန်းက ရွဲ့တဲ့တဲ့စကားတွေပြောမိပေမယ့် ဒီလူငယ်လေးမှာ သူ့ကိုတကယ်ကျေးဇူးတင်ပြီး ဒဏ်ရာကိုတောင်ဂရုစိုက်ပေးသေးသဖြင့် သူ့ကိုယ်သူပြန်ရှက်သွားမိသည်။
သွယ်လျတဲ့လက်ချောင်းတွေက ပတ်တီးကိုသေချာနေရာချပေးလိုက်သည်။ သူ့ရဲ့ဒဏ်ရာကို ထုံဆေးအပေးခံလိုက်ရသလို ခံစားလိုက်ရပြီး နာကျင်မှုက အနည်းငယ်ယားကျိသော ခံစားချက်အဖြစ်သို့ ပြောင်းလဲသွား၏။
“ငါ့နာမည်ကဝမ်ဝိန်းပါ အဖွဲ့အစည်းရဲ့ ဒုတိယအဆင့်အရာရှိ မင်းကရော ဆေးတပ်သားလား”
ဟုတ်တယ်ဆိုရင်တော့ သူ့တွင်စစ်ရေးလေ့ကျင့်မှုမရှိနေသည်ကို ရှင်းပြပြီးသွားဖြစ်သွားလိမ့်မည်။
ထန်ယွီအန်းက ခေါင်းယမ်းလိုက်ပြီး
“အချိန်အတော်ကြာနေမကောင်းဖြစ်ခဲ့တော့ လုပ်တတ်နေရုံပါ။ အခြေခံကုသနည်းတွေလောက်တော့ ကျွန်တော်သိထားတယ်”
အဆုံးတွင်တော့ အချိန်ကြာလာတာနှင့်အမျှ သူ့ကိုယ်သူဆေးပြန်ကုသတတ်လာတော့သည်။ သူက ပတ်တီးကိုသေချာပြန်စစ်ပြီးနောက် ဆေးသေတ္တာကို ဘေးကိုပို့လိုက်ရင်း “ကျွန်တော့်နာမည်က ထန်ယွီအန်းပါ”
ဝမ်ဝိန်း၏စိတ်ထဲတွင် “အချိန်အတော်ကြာ နေမကောင်းဖြစ်ခဲ့တယ်” ဆိုသည့်စကားနှင့်သာ ပြည့်နှက်နေသည်။
ခုနကနေရောင်က အရမ်းတောက်ပလွန်းတာကြောင့် သူ့အမြင်အာရုံကို အနှောင့်အယှက်ဖြစ်နေခဲ့ခြင်းဖြစ်မည်။ အခု သေချာအနီးကပ်ကြည့်တော့မှပဲ လူငယ်လေးရဲ့ ချောမွေ့တဲ့မျက်နှာထက်မှာ နေမကောင်းဟန် အရိပ်အငွေ့တို့ထင်ကျန်ရစ်နေဆဲဖြစ်၏။ လူငယ်လေးက ထိုအရိပ်အငွေ့များကို အပြုံးဖြင့်ဖုံးရန်ကြိုးစားနေသော်လည်း သူ့ပုံစံက နုံးချည့်နေပုံပေါက်ဆဲပင်။
အစောကတည်းက လူငယ်လေး၏ နေရောင်နှင့်မထိတွေ့ထားသကဲ့သို့ ဖြူဖျော့နေသောအသားအရေနှင့် ချောမွေ့သော မျက်နှာတို့အားသတိထားမိခဲ့သည်။ ဒါကြောင့်လည်း ဝမ်ဝိန်းက သူ့ကို အလိုလိုက်ခံထားရသည့် သခင်ငယ်လေးတစ်ယောက်ဟုထင်လိုက်ခြင်းပင်။
ဒါပေမယ့် အခုတော့ ဟောင်းနွမ်းနေသောအပေါ်ဝတ်ဂျပ်ကပ်နှင့် ပုံသွင်းမထားတာသိသာကာ အနည်းငယ်ကောက်နေသော ဆံပင်တို့ကြောင့် သူထိုအတွေးအား ပယ်လိုက်တော့သည်။
စက္ကန့်ပိုင်းအတွင်း သေးငယ်ကာသနားစဖွယ်ကောင်းသော ဂေါ်ဖီထုပ်လေးအဖြစ် မသိလိုက်မသိဘာသာ ပြောင်းလဲပုံဖော်ခံလိုက်ရသည့် ထန်ယွီအန်းမှာတော့ ထိုအကြောင်းအရာတွေကို လုံးဝသတိမထားမိလိုက်ပေ။
သူက ဝေ့လန်ရှင်းကိုသာ မမှိတ်မသုန်စိုက်ကြည့်နေသည်။ စိတ်စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော ဓားသွားလေးများမှာ အိမ်၏ဘေးပတ်လည်ရှိ အရာများနှင့်ထိစပ်မိသည်နှင့် ချက်ချင်းပြန်တွန်းကန်နေပြီး တွန်းကန်အားက ဝေ့လန်ရှင်းကိုပင်အံ့ဩစေသည်။
ဒီမငြိမ်မသက်ဖြစ်နေသည့်စိတ်စွမ်းအင်များကို သူ့အနေနှင့် အတင်းဖိနှိပ်ပစ်လိုက်လို့မရတာမျိုး မဟုတ်သော်လည်း အထဲရှိလူမှာ လုံးဝထိန်းချုပ်မှုလွတ်နေသည်မှန်း သိသာနေပြီး မောပန်းမည်ကိုပင် မစိုးရိမ်ဘဲ စိတ်စွမ်းအင်များကို လက်လွတ်ခြေလွတ်အကုန်ထုတ်သုံးနေသည်ပင်။
ဒီအတိုင်းသာဆက်သွားနေလျှင် မကောင်းတာတစ်ခုခု ဖြစ်လာတော့မည်။ သူ အနောက်သို့ ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်ပြီး ဝမ်ဝိန်းပေးသည့် အာရုံခံစက်ကို ထုတ်ယူလိုက်သည်။ အာရုံခံစက်တွင်ပြသနေသော ရှုပ်ပွနေသည့်အချက်အလက်များမှာ မည်သည်ကိုမျှဖတ်လို့မရနိုင်သည်အထိပင်။
ဖြစ်ပေါ်နေသည့်အတက်အကျများက မှတ်တမ်းတင်ထားသည့် မည်သည့်အရာနှင့်မျှ မတူညီပေ။
ဝမ်ဝိန်းက သူ့ရင်ဘတ်သူပုတ်လာပြီး
“ခေါင်းဆောင်စိတ်မပူပါနဲ့ ကျွန်တော်သူ့ကို စောင့်ရှောက်ထားလိုက်ပါ့မယ် သူ အဆင်ပြေမှာပါ ။ တာဝန်ကိုသာအာရုံစိုက်ထားလိုက်ပါ”
ဟုတ်ပြီလေ အနည်းဆုံးတော့ ဒီတစ်ယောက်က အလုပ်ကို စိတ်နှစ်ကိုယ်နှစ်လုပ်သားပဲ။
“တခြားနည်းလမ်းမရှိတော့ဘူး သူ့ကို အားသုံးပြီးပဲ ဖိနှိပ်ပစ်ရတော့မယ်”
သူ့ရဲ့စိတ်စွမ်းအင်ကိုအသုံးပြုပြီး အထဲရှိလူကို ဖိနှိပ်ပစ်ရန်မှာ နောက်ဆုံးရွေးချယ်စရာလမ်းသာ။
“ဒါပေမယ့် သူအသက်အန္တရာယ်ရှိ…”
“ဒါဆိုလည်း သူ့ကံလို့ပဲ သတ်မှတ်လိုက်ကြတာပေါ့”
ဝေ့လန်ရှင်းက သူအကောင်းဆုံးလုပ်နိုင်မည့်အရာကိုသာ လုပ်ပေးနိုင်သည်။ ဒီစကားတွေကိုကြားသည့် ထန်ယွီအမ်းမှာ သဘောမတူနိုင်ပေ။ ဒါက ဒုတိယမြောက် အဓိကဇာတ်လိုက်လေ နောက်ပိုင်းကျရင် သူပါဝင်ရမယ့် အရေးကြီးတဲ့ဇာတ်ကွက်တစ်ခုရှိနေလောက်တယ်။ သူသာ ဒီနေရာမှာသေသွားခဲ့ရင် အဖြည့်ခံလူသားတစ်ယောက်အနေနဲ့ သူ့အလုပ်က အဓိပ္ပာယ်မဲ့သွားမှာပေါ့…
အထဲတွင် စွမ်းရည်အား အနည်းငယ်စစ်ဆေးခဲ့သည်နှင့် လက်တွေ့တိုက်ပွဲတွင် ကြုံတွေ့ရသည့် မရေမတွက်နိုင်သော ထိန်းချုပ်ရခက်ခဲသည့် အစိတ်အပိုင်းများက လုံးဝမတူညီပေ။
ထန်ယွီအန်း၏ပုံစံက အပိုဆုကြေး ဒါမှမဟုတ် ကျော်ကြားမှု တစ်ခုခုကိုလိုချင်နေသည့်ပုံမပေါ်ဘဲ အစစ်အမှန်ကူညီချင်စိတ်များဖြင့်သာ ပြည့်နေပုံပေါ်၏။
စိတ်စွမ်းအင်ဆိုတာက မူလပိုင်ရှင်က ပြန်ရုပ်သိမ်းမှ ပျောက်ကွယ်သွားတဲ့အရာတွေဆိုပေမယ့် ထန်ယွီအန်းက တခြားလူတစ်ယောက်ရဲ့ စိတ်စွမ်းအင်တွေကို လေထဲမှာတင် ပျောက်ကွယ်သွားအောင် လုပ်လိုက်နိုင်တယ်…
ပြီးတော့ အရောင်နဲ့ပုံစံကလည်း သူတွေ့ခဲ့ဖူးသမျှတခြားဟာတွေနဲ့ လုံးဝမတူနေပေ။
ထိုအချိန်ခဏတွင် ထန်ယွီအန်းမှာ နန်းတော်ကြီးတစ်ခု၏အလယ်၌ ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံနေသည့် ပြီးပြည့်စုံစွာထုဆစ်ထားသော ရုပ်ထုတစ်ခုနှင့်ဆင်တူသည်။
ဒီအရာကိုမြင်တော့ ဝေ့လန်ရှင်းမှာ အစတုန်းက ပျော်ရွှင်နေသော်လည်း တစ်ခုခုကမှားယွင်းနေသည်ကို ချက်ချင်းပဲ သတိထားမိသွားတော့၏။
အပြင်ဘက်အလွှာက စိတ်စွမ်းအင်တွေက ပျောက်ကွယ်သွားသည်ဆိုသော်လည်း အတွင်းအလွှာမှာတော့ ဆက်တိုက်ခုခံနေဆဲဖြစ်သည်။ အာရုံခံစက်ပေါ်ရှိ အနီရောင်မျဉ်းမှာ ဆက်တိုက်တစ်ရိပ်ရိပ်ထိုးတက်လာနေပြီး အတက်အကျဖြစ်မှုများမှာ ပိုမိုပြင်းထန်လာတော့၏။
သူကထန်ယွီအန်းအား ချက်ချင်းရပ်ရန်လှမ်းပြောလိုက်သည်။ မဟုတ်လျှင် ကျိူးထင်းဟန် ပို၍လျင်မြန်စွာသေဆုံးသွားနိုင်သည်။ ထန်ယွီအန်းမှာလည်း ဖြစ်နေသည့်ပြဿနာကိုနားလည်သွားသည်။ အတက်အကျဖြစ်မှုများအား လျှော့ချနိုင်ရန် သူကိုယ်တိုင် အနားသို့ကပ်သွားရမည်ဖြစ်ပြီး တိုက်ရိုက်ဝင်ဖြေရှင်းရမည်သာ။
သူက သူ့အတွေးကိုထုတ်ပြောလိုက်သော်လည်း ဝေ့လန်ရှင်းက ချက်ချင်းငြင်းဆိုလာသည်။
“မလုပ်ရဘူး မင်းဝင်သွားနိုင်ရင်တောင်မှ သူ့ကို ဖိနှိပ်နိုင်မှာမဟုတ်ဘူး”
သူတို့ငြင်းခုန်ကြတော့မည့်အချိန်မှာပဲ အိမ်ကိုဝိုင်းရံထားသည့် စိတ်စွမ်းအင်များက လျင်မြန်စွာပေါင်းစည်းသွားပြီး မုန်တိုင်းတစ်ခုကဲ့သို့ ပြန့်ကျဲစွာ ပျံ့နှံ့လာတော့၏။
ဝေ့လန်ရှင်း၏မျက်အိမ်များက ကျုံ့ဝင်သွားတော့သည်။
မကောင်းတော့ဘူး။ သူက ထင်ထားတာထက်စောပြီး အချိန်မတန်သေးဘဲ နောက်ဆုံးအဆင့်ကို ကူးပြောင်းသွားပြီ။ သူ့ရဲ့စိတ်စွမ်းအင်တွေက လုံးဝကိုပေါက်ကွဲထွက်ကုန်တော့မယ်။
သူက ထန်ယွီအန်းကို သူ့အနောက်သို့အမြန်ဆွဲခေါ်လိုက်ပြီး ကာထားလိုက်တော့သည်။ နောက်ဆုံးအဆင့်သို့ရောက်သွားလျှင် ပြန်ပြင်ဆင်၍မရပေ။ မည်သည့်နည်းလမ်းကိုမျှ အသုံးပြု၍မရနိုင်။ ယခုလောလောဆယ်ဦးစားပေးမှာ ထန်ယွီအန်းကိုအန္တရာယ်ကင်းအောင် ကယ်ထုတ်ဖို့ပင်။
ဒါပေမယ့် နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ့လက်မှာ ဖြေချခံလိုက်ရသည်။
လေထဲတွင်ဝေ့နေသောဖုန်မှုန့်များမှာ သူ့အမြင်အာရုံကို အခက်အခဲဖြစ်စေသော်လည်း ရွှေရောင်ပုံရိပ်လေးမှာ မုန်တိုင်း၏ဗဟိုသို့ တစ်လှမ်းချင်းလျှောက်သွားနေသည်အား သူဝိုးတဝါးမြင်လိုက်ရသည်။
“ပြန်လာခဲ့ ! သူ့ကိုကယ်လို့မရတော့ဘူး ! မရူးမိုက်စမ်းပါနဲ့ !”
သူ အနောက်ကလိုက်ရန်ကြိုးစားသော်လည်း မုန်တိုင်းမှာ သူ့ကို အနောက်သို့ပြန်တွန်းပို့နေ၏။
သေခါနီးလူတစ်ယောက်၏ ပေါက်ကွဲအားက ကြောက်မက်ဖွယ်အတိဖြစ်ပြီး တစ်ဖက်လူ၏ စိတ်စွမ်းအင်အဆင့်မှာ သူနှင့်အဆင့်တူလုနီးပါးဖြစ်သဖြင့် ခုခံရန်ပိုပြီးခက်ခဲလေသည်။
သူ၏အော်သံမှာ တိုက်ခတ်နေသောလေများကြား လွင့်ပါသွားသည်။ ထန်ယွီအန်းက အရှေ့သို့ဆက်သွားနေပြီး ရွှေရောင်အလင်းတန်းများမှာ သူ့အားအလွှာတစ်ခုကဲ့သို့ ကာရံ ဖုံးလွှမ်းပေးထားရာ သူ့အနားရောက်လာသမျှ ပြန့်ကျဲနေသည့်စိတ်စွမ်းအင်များက အတားအဆီးတစ်ခုအား ထိမိသွားသကဲ့သို့ မြစ်ရေထဲကျလာသည့်ရေစက်များပမာ ပျောက်ကွယ်ကုန်၏။
လမ်းလျှောက်ရသည်မှာတော့ အနည်းငယ်ခဲယဉ်းကာ ရေအောက်ထဲတွင် လမ်းလျှောက်နေရသည့်အတိုင်းပင်။
သူက အိမ်၏စင်ဝင်အောက်သို့ဝင်လိုက်ပြီး ပျက်စီးနေသည့်တံခါးကိုတွန်းဖွင့်ကာ ပြန့်ကျဲနေသည့် ပရိဘောဂများကို ကျော်ဖြတ်၍ တကျွီကျွီမြည်နေသည့် ကြမ်းခင်းများကိုနင်းကာ အဆုံးတွင်တော့ ထောင့်တစ်နေရာတွင် ကွေးနေသောလူတစ်ယောက်ကို မြင်လိုက်ရတော့၏။
ဓာတ်ပုံထဲတွင် အမူအရာမဲ့ကာအေးစက်သည့်ပုံစံပေါက်သော ကျိုးထင်းဟန်မှာ အခုအချိန်တွင်တော့ ဘောလုံးလေးတစ်လုံးလိုကွေးနေပြီး သူ့ခေါင်းကို ဒူးခေါင်း ၂ ဖက်ကြားဝပ်ထားကာ အနည်းငယ်တုန်ယင်နေလေသည်။
သူ့တစ်ကိုယ်လုံးတွင် အတိမ် အနက် မညီမျှသည့် ပြတ်ရှရာများပြည့်နှက်နေပြီး မြင်ကွင်းမှာ ထိတ်လန့်စရာပင်။
ထန်ယွီအန်းက သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏စိတ်စွမ်းအင်များကို မရဲတရဲဖြင့် အနည်းငယ်စမ်းထုတ်ကြည့်ရာ ဒီတစ်ခေါက်တွင်တော့ ပိုမိုသေးငယ်ပြီး ညင်သာသော လိပ်ပြာလေးတစ်ကောင် ထွက်ပေါ်လာသည်။
ရွှေရောင်လိပ်ပြာလေးက သူ့ကိုပတ်ကာ ကခုန်နေပြီး သူ့ရှေ့ရှိလူမှာလည်း တစ်ခုခုကိုသတိထားမိသွားပုံရသည်။ ထိုလူက ခေါင်းမော့ကြည့်လာပြီး ပါးပြင်ထက်၌ချွေးတို့စီးကျနေကာ မျက်လုံးများကရဲတောက်နေပြီး အံကိုတင်းကျပ်စွာကြိတ်ထားလေသည်။
သူက ထန်ယွီအန်းကို မျက်မှောင်ကျုတ်ကာကြည့်နေသည်
မှာ တစ်ခုခုကို အတည်ပြုနေသည့်ပုံပေါက်ပြီး နောက်တော့ သူ့နှုတ်ခမ်းတွေကလှုပ်ရှားသွားကာ စကားလုံး ၂ လုံး ထွက်ပေါ်လာသည်။
“သခင်”
ထန်ယွီအန်း : “???”