အပိုင်း ၂၅
Viewers 15k

Chapter 25


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုး၏ရိုက်ကွင်းနေရာအချို့က ပြည်သူပိုင်နေရာများဖြစ်သည်။ စီရွှမ်မြို့ဟောင်းက တိုင်းပြည်တစ်ခုလုံးတွင် အဆင့် 5A ရှိသည့်ခရီးသွားများကို ဆွဲဆောင်နိုင်သောနေရာတစ်ခုဖြစ်သည်။ ယနေ့တွင်လည်း လာရောက်လည်ပတ်သူခရီးသွားအများအပြားရှိနေသည်။ ရိုက်ကွင်းနေရာကို အစောင့်အကြပ်များဖြင့် သေသေချာချာဝန်းရံထားသော်လည်း ပြဿနာရှိနေသေးသည်။ ဖြတ်သွားဖြတ်လာအများစုက သူတို့ကို တိတ်တဆိတ်ဓာတ်ပုံရိုက်ယူသွားကြသည်။


ထိုနေ့ညတွင် ရိုက်ကွင်းပုံများကို ပရိသတ်များက ဆိုရှယ်မီဒီယာပေါ်တွင်ဖြန့်လိုက်သည်။ ဤတစ်ခေါက်တွင် ပန်းခြံရိုက်ကွင်းတုန်းကထက် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့သည်။ 


နောက်နေ့မနက်အစောတွင် "ရသစုံရှိုးရိုက်ကူးနေဟန်ရှိသည့်ခဲ့ကျင်းယန်" ဟူသောသတင်းက 


စီရွှမ်တစ်မြို့လုံးတွင်ပြန့်သွားပြီး ဝေဘိုတွင်လည်း ရေပန်းအစားဆုံးထိပ်တန်းအကြောင်းအရာငါးခုထဲတွင် ဝင်သွားသည်။


"ပါးကိုက်နားကိုက်" ရုပ်ရှင်ကားကြီးကိုရိုက်ကူးနေသည့် ဖူရင်းယွီလည်း ထိုသတင်းကိုသေချာပေါက်ကြားမိသည်။ အစပိုင်းတွင် ဖူရင်းယွီ ထိုအကြောင်းကိုလုံးဝဂရုမစိုက်ပေ။ သတင်းကိုကျော်သွားမည်အပြုတွင် ထိုရိုက်ကွင်းပုံများထဲတွင် ရင်းနှီးနေသည့်ပုံရိပ်လေးကို သူ(မ)တွေ့လိုက်ရသည်။


ခဲ့ကျင်းယန်ဘေးတွင်ရပ်နေသည့် ခေါင်းလုံးလုံးနှင့်ကလေးမလေးက ကုဆွေ့ဆွေ့မဟုတ်လား။


ထိုကလေးမလေးက ရသစုံရှိုးရိုက်ကူးသည်တဲ့လား။ ထို့အပြင် ခဲ့ကျင်းယန်နှင့်အတူရိုက်ကူးခြင်းဖြစ်သည်။


ထိုသတင်းမှာ ဆိုရှယ်မီဒီယာတစ်ခွင်လုံးတွင် ပွထနေပြီး ပရိသတ်များကလည်းအမျိုးမျိုးဝေဖန်သုံးသပ်ချက်များပေးနေကြသည်။ ခဲ့ကျင်းယန်


နှင့်လက်တွဲပြီး ရပ်နေသည့်ကလေးမမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုလည်း ပြောဆိုနေကြသေးသည်။


ဖူရင်းယွီက ကောမန့်များကိုအကြမ်းဖျင်းဖတ်ကြည့်ပြီး မျက်မှောင်ကြုတ်နေသည်။ ထို့နောက် သူ(မ)၏ဖုန်းကိုဖွင့်ကာ နံပါတ်တစ်ခုအား ခေါ်ဆိုလိုက်သည်။


"တီ" ဟူသည့် အသံနှစ်ချက်ကိုကြားလိုက်ရပြီးနောက် သူ(မ)ခေါ်ဆိုသည့်ဖုန်းမှာ စက်ပိတ်ထားကြောင်းသိလိုက်ရသည်။


ထိုအခိုက်တွင် အပြင်မှနေ၍ အဝတ်လဲခန်းသို့ဝင်လာသော ကိုယ်စားလှယ်ဟောင်ဖုန်းက ကုလားထိုင်ပေါ်တွင် လေးနက်တညိတင်းသောမျက်နှာထားဖြင့် ထိုင်နေသည့်ဖူရင်းယွီကိုတွေ့လိုက်ရသည်။ ထို့ကြောင့်သူလည်း ဇဝေဇဝါဖြင့်မေးလိုက်သည်။ "ရင်းယွီ....နင်က ရုတ်တရက်ကြီး ဘာဖြစ်လို့ မျက်မှောင်ကြုတ်နေရတာလဲ....တစ်ခုခုဖြစ်လို့လား"။ လတ်တလောတွင် ထျန်းဟောင်ဖျော်ဖြေရေးနှင့်စာချုပ်အဆုံးသတ်မည့်ကိစ္စကအပြင်သို့ပေါက်ကြားသွားပြီး ကုမ္ပဏီရှိအထက်လူကြီးများက ချင်းဖျော်ဖြေရေးနှင့်ဖူရင်းယွီတို့ အတူတူအလုပ်တွဲလုပ်နေကြသည်ကို ရိပ်မိသွားနိုင်သောကြောင့် သူစိုးရိမ်နေမိသည်။


ဖူရင်းယွီက နှုတ်ခမ်းကိုတင်းတင်းစေ့ရင်းပြောလာသည်။ "ဒီအရွယ်လေးပဲရှိသေးတယ်....ရသစုံရှိုးသွားရိုက်နေပြီ....ပြီးတော့ ခဲ့ကျင်းယန်နဲ့တဲ့လား"။ ကလေးငယ်ကိုဖုန်းခေါ်ရန် သူ(မ)ကြိုးစားသော်လည်း စက်ပိတ်ထားသောကြောင့် ခေါ်မရပေ။ 


"ဆွေ့ဆွေ့ကရသစုံရှိုးရိုက်တယ်.....ခဲ့ကျင်းယန်နဲ့လား"။ ဟောင်ဖုန်းကတစ်ခဏမျှမှင်တက်သွားပြီး တဖြေး​ဖြေးသဘောပေါက်လာသောကြောင့် 


ပြုံးလိုက်မိသည်။ "အဲဒါကောင်းတဲ့ကိစ္စပဲလေ"။


ဖူရင်းယွီက စိုးရိမ်နေသည့်လေသံဖြင့်ပြန်ပြောလာသည်။ "ခဲ့ကျင်းယန်နဲ့အတူတူ ရသစုံရှိုးရိုက်တယ်ဆိုတည်းက.....ကောင်းတဲ့ကိစ္စမဟုတ်တော့ဘူးလေ....ခဲ့ကျင်းယန်ရဲ့ပရိသတ်တွေအကြောင်းနင်လည်းသိတာပဲ....တစ်ခုခုဆိုရင် ဆွေ့ဆွေ့ပဲထိခိုက်လာမှာ"။ 


သွေးမတော်သားမစပ်သည့်ကလေးတစ်ယောက်ကို ဂရုစိုက်လွန်းသောဖူရင်းယွီအား ဟောင်ဖုန်းအံ့သြနေမိသည်။ အနီးအနားပတ်ဝန်းကျင်ရှိလူများကို ခေါင်းထဲမထည့်တတ်သည့်ဖူရင်းယွီက ထိုကလေးကိုမူ ထူးထူးဆန်းဆန်းအကဲပိုလွန်းသည်။


"ရင်းယွီ....သိပ်လည်းစိတ်မပူပါနဲ့....ခဲ့ကျင်းယန်ရဲ့ပရိသတ်တွေက....ဘယ်လောက်ပဲအစွဲကြီးကြီး....ဘယ်လောက်ပဲရူးရူး....ဘာမှနားမလည်တဲ့ ကလေးတစ်ယောက်ကိုတော့ ထိခိုက်အောင်မလုပ်လောက်ပါဘူး"။


ဟောင်ဖုန်း၏စကားကိုနားထောင်ပြီးနောက် 


ဖူရင်းယွီ၏ စိုးရိမ်ပူပန်မှုတို့အနည်းငယ်လျော့ကျသွားသည်။ သူ(မ)၏ကိုယ်စားလှယ်ဟောင်ဖုန်းပြောသလို သူ(မ)အစိုးရိမ်လွန်နေတာပဲ ဖြစ်ရမည်။


ထိုအချိန်တွင် ရိုက်ကူးရေးလုပ်နေသည့်ခဲ့ကျင်းယန်နှင့် ကုဆွေ့ဆွေ့တို့မှာ ထိုကိစ္စများနှင့်ပတ်သတ်ပြီး ဘာဆိုဘာမှမသိချေ။ သူတို့က တဲအိမ်ရှေ့ရှိ ကျောက်စားပွဲလေးပေါ်တွင်ထိုင်ပြီး မနက်စာစားနေကြသည်။


ရိုက်ကူးရေးအဖွဲ့က ခဲ့ကျင်းယန်ထင်သည့်အတိုင်း ဧည့်သည်အနုပညာရှင်များကို တစ်ချိန်လုံးအငတ်မထားရဲပေ။ မနေ့ညကလည်း သူတို့အားလုံးကိုကြိုဆိုရန် မီးပုံပွဲကိုအသေအချာပြင်ဆင်ပေးပြီး စားကြသောက်ကြ ကကြခုန်ကြသည်မှာ အလွန်ပျော်စရာကောင်းလှသည်။


"ကုဆွေ့ဆွေ့.....စားပြီးပြီလား.....စားပြီးရင်သွားရအောင်"။ ခဲ့ကျင်းယန်က ဇီဇာကြောင်သူဖြစ်သည်။ အစားလည်းရွေးသလို အသုံးအဆောင်ပစ္စည်းကအစ ချေးများလွန်းသည်။ သို့သော် မနေ့ညက အိပ်ရာတစ်ခုတည်းရှိပြီး တဲအိမ်စုတ်ထဲတွင်ကလေးတစ်ဦးနှင့်အတူအိပ်ရသော်လည်း သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သလို မနက်စာကိုလည်းခံတွင်းတွေ့လှသည်။ တစ်နေကုန်ရိုက်ကူးရေးလုပ်ထားသည်ကြောင့် ပင်ပန်းသွား၍ထင်သည်။


ကုဆွေ့ဆွေ့က နောက်ဆုံးပေါင်မုန့်လက်ကျန်ကို ပါးစပ်ထဲသွတ်ထည့်လိုက်ရင်း ဗလုံးဗထွေး


ဖြင့်ပြောလာသည်။ "ပါပါးခဲ့.....သမီးစားလို့ပြီးပြီ"။


စီရွှမ်ဒေသ၏ဓလေ့ထုံးတမ်းအစဥ်အလာကို ခံစားမိစေရန် ရိုက်ကူးရေးအဖွဲ့ကအသင်းတစ်သင်းစီကို ရိုးရာအဝတ်အစား ၊ အသုံးအဆောင် ၊ အဆင်တန်ဆာများပို့ထားပေးသည်။ ထို့ကြောင့် သူတို့လည်း ဒေသခံမျိုးနွယ်စုများဝတ်ဆင်သည့် ရိုးရာဝတ်စုံကိုပြောင်းလဲဝတ်ဆင်လိုက်ကြသည်။


ဧည့်သည်အနုပညာရှင်တိုင်း ရိုက်ကူးရေးအဖွဲ့မှပြင်ဆင်ပေးထားသည့် ရိုးရာဝတ်စုံများကိုဝတ်ကာ စုဝေးရပ်သို့ထွက်လာခဲ့သည်။ ထိုနေရာသို့ရောက်သောအခါ ဝန်ထမ်းများက ယနေ့လုပ်ရ


မည့်တာဝန်များအကြောင်းပြောလာသည်။ လူကြီးများက ရှေးဟောင်းမုန့်ဆိုင်သို့သွားရောက်ပြီး နဂါးမုတ်ဆိတ်သကြားလုံးလုပ်နည်းကို သင်ယူရမည်ဖြစ်သည်။ ကလေးငယ်များကမူ နေ့လည်စာချက်ရန် ဟင်းအမယ်ပါဝင်ပစ္စည်းများ သွားရှာရမည်ဖြစ်သည်။


ကလေးတစ်ယောက်ချင်းစီတိုင်း လက်ထဲတွင်ရက်ခြင်းများနှင့်ရိုက်ကူးရေးအဖွဲ့ကပေးသော တာဝန်ကတ်ကိုကိုင်ထားကာ မြို့ဟောင်လမ်းကြားများထဲသို့ ခြေဦးတည့်ရာသွားကြတော့သည်။


ရှာပုံတော်ထွက်လာသောကလေးများက ပါဝင်ပစ္စည်းတစ်မျိူးဖြစ်သည့် မုန်လာဥကိုပထမဆုံးရှာတွေ့သွားကြသည်။ ထိုအခါ ချန်ချင်းယန်က သယ်ရမည့်ပစ္စည်းအရေအတွက်ကိုတွက်ကြည့်ပြီးပြောလိုက်သည်။ "တစ်....နှစ်....သုံး....လေး...ငါး...မုန်လာဥငါးခုရှိတယ်ဆိုတော့....တစ်ယောက်တစ်ခုစီယူကြစို့"။


ထို့နောက်တွင် ဝက်သား ၊ ငရုတ်နှစ်နှင့်မုန်လာ


ချဥ်များကိုထပ်တွေ့ကြပြန်သည်။ ဟင်းချက်ရန် ပါဝင်ပစ္စည်းအားလုံးကိုတွေ့ရှိပြီးနောက် သူတို့အားလုံး လာရာလမ်းအတိုင်းပြန်လှည့်လာကြသည်။


အလာတွင် ခြင်းတောင်းကဗလာဖြစ်နေသောကြောင့် အေးဆေးလေးလျှောက်နိုင်သော်လည်း 


အပြန်တွင်မူ သူတို့၏ခြင်းတောင်ထဲတွင် အနည်းနှင့်အများဆိုသလို ပစ္စည်းများဖြင့်ပြည့်နေသည်။


"ညီမလေးဆွေ့ဆွေ့.....အရမ်းလေးနေလား....ကိုကိုကူသယ်ပေးမယ်"။ ချွီရွှဲ့ယွမ်က ခြင်းတောင်းကိုမနိုင်မနင်းသယ်နေသည့် ဆွေ့ဆွေ့အား လှမ်းပြောကာ ပစ္စည်းတစ်ချို့ကို ခွဲသယ်ပေးလိုက်သည်။


ထိုအခါကုဆွေ့ဆွေ့က ချိုချိုသာသာပြုံးကာပြန်ပြောလာသည်။ "ကျေးဇူးပါနော်....ကိုကိုရွှဲ့ယွမ်....ကိုကို့ကြောင့် ဆွေ့ဆွေ့ခြင်းတောင်းကအများကြီးပေါ့သွားပြီ"။


ကုဆွေ့ဆွေ့၏စကားကြောင့် ရွှဲ့ယွမ်ကရှက်ကိုးရှက်ကန်းနှင့် ခေါင်းငုံ့ချလိုက်သည်။ "ကျေးဇူးတင်စရာမလိုပါဘူး....ဖေဖေကပြောတယ်....ကလေးအားလုံးထဲမှာ ညီမလေးကအငယ်ဆုံးတဲ့....အဲဒါကြောင့် ကိုကိုကဂရုစိုက်ပေးတာပါ"။


ဆွေ့ဆွေ့အားရွှဲ့ယွမ်ကကူသယ်ပေးသည်ကို ဟုန်းလင်းအာမြင်လိုက်သောအခါ သူ(မ)လည်းလေးလာသောကြောင့် သူ(မ)ခြင်းထဲရှိပစ္စည်းအချို့ကို ချန်ချင်းယန်၏ခြင်းတောင်းထဲသို့


ထည့်လိုက်သည်။


သို့သော်ချန်ချင်းယန်က သုန်မှုန်နေသောမျက်နှာအမူအရာဖြင့် ပြန်ပြောလာသည်။ "လင်းအာ....ငါ့ခြင်းတောင်းထဲ ပစ္စည်းတွေလာလာမ


ထည့်နဲ့လေ....လေးတယ်ဟ....ငါတောင်မနည်းသယ်နေရတာကို"။


ဟုန်းလင်းအာကမိသားစုထဲတွင် ဖူးဖူးမှုတ်ခံထားရသောရွှေမင်းသမီးလေးဖြစ်သည်။ ထို့အပြင် မာနလည်းအလွန်ကြီးလှသည်။ ယခုသူ(မ)တောင်းဆိုသည်ကို ချက်ချင်းအငြင်းခံလိုက်ရသောကြောင့် ဒေါသထွက်လွန်းသဖြင့် ခြင်းတောင်းထဲရှိပစ္စည်းအားလုံးကို မြေကြီးပေါ်သို့ တစ်စစီလွှင့်ပစ်လိုက်သည်။


သူတို့နောက်မှခပ်သွက်သွက်လိုက်လာသော လင်းတုံတုံလည်း အနည်းငယ်ယောင်ဝါးဝါးဖြစ်နေဟန်ရှိသည်။ သွားရင်း သွားရင်းနှင့်မှ သူ့လက်ထဲတွင် ခြင်းတောင်းမပါပဲမေ့ကျန်ခဲ့မှန်းသိလိုက်ရသည်။


တစ်ဖက်တွင်လည်း အကျော်အမော်အနုပညာရှင်ကြီးများမှာ အခြေအနေသိပ်မဟန်ပေ။ သူတ်ု့အားလုံး ရှေးဟောင်းမုန့်ဆိုင်လေးတွင် ရိုးရာသကြားလုံးလုပ်နည်းကိုသင်ယူနေကြခြင်းဖြစ်သည်။ အခြားသူလုပ်နေသည်ကို ဘေးတွင်ရပ်ကြည့်နေရသည်က အတော်လေးလွယ်ကူသယောင်ပင်။ တစ်ကယ်တမ်း ကိုင်တိုင်ကိုယ်ကျလုပ်ရသောအခါ ခက်ခဲလှသည်။ သို့သော်ကြိုးစားပမ်းစားနှင့်သင်ယူကာ အားလုံးအတူပူးပေါင်းလုပ်ဆောင်ကြသည်။


ဧည့်သည်အနုပညာရှင်များကြိုးစားပမ်းစားနှင့်ရိုက်ကူးရေးလုပ်နေတုန်း ရိုက်ကူးရေးအဖွဲ့လည်းမနားမနေပဲ အချိန်ပိုလုပ်နေရသည်။


ဤရသစုံရှိုးတွင် ခဲ့ကျင်းယန်ပါဝင်သည့်သတင်းက ဘယ်လိုကနေဘယ်လိုပေါက်ကြားသွားမှန်းမသိပဲ ဆိုရှယ်မီဒီယာများတွင်ပြန့်သွားပြီး ပရိသတ်များကလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ရိုက်ကူးရေးအဖွဲ့က ဧည့်သည်အနုပညာရှင်စာရင်းကို ပထမဆုံးအပိုင်းရိုက်ကူးပြီးမှ တရားဝင်ထုတ်ပြန်ကြော်ငြာမည်ဟုစီစဥ်ထားခြင်းဖြစ်သည်။ ယခုမူ အချက်အလက်ပေါက်ကြားမှုကြောင့် အချိန်ကိုရှေ့တိုးပြီးစီစဥ်လိုက်ရတော့သည်။


နေ့လည်ဆယ့်နှစ်နာရီတိတိတွင် ရိုက်ကူးရေးအဖွဲ့က ဧည့်သည်အနုပညာရှင်စာရင်းကို ဝေဘိုတွင် တရားဝင်ကြော်ငြာလိုက်တော့သည်။