အပိုင်း ၂၆
Viewers 16k

Chapter 26


စုယွီချင်းတစ်ယောက်ရိုက်ကွင်းမှပြန်လာပြီးနောက် အင်တာနက်ပေါ်တွင်နာမည်ကြီးနေသည့် အနုပညာသတင်းအားလုံးကို လိုက်ကြည့်မိသည်။


ဤလောက၏အနာဂတ်လမ်းကြောင်းက သူ(မ)မှတ်မိနေသည့် အတိတ်ဘဝနှင့်အတူတူပင်ဖြစ်သည်။ မှတ်ဥာဏ်များအရဆိုလျှင် ကုဆွေ့ဆွေ့က "ပါးကိုက်နားကိုက်" ရုပ်ရှင်ကားကြီးတွင် ပါဝင်ခဲ့သည်မှာအမှန်ပင်ဖြစ်သည်။


သို့သော် အတိတ်ဘဝတွင် ကုဆွေ့ဆွေ့က မည်


သည့်ရသစုံရှိုးတွင်မှ ပါဝင်ခြင်းမရှိခဲ့ပေ။


ဤဘဝတွင်ကုဆွေ့ဆွေ့နှင့်ပတ်သတ်ပြီး စုယွီ


ချင်း၏ခံစားချက်များမှာ အလွန်ရှုပ်ထွေးနေသည်။ အတိတ်ဘဝတုန်းကကဲ့သို့ ကုဆွေ့ဆွေ့ကို ဆိုးသွမ်းပြီးအကျင့်မကောင်းသည့်ကလေးဖြစ်စေလိုသည်။ သို့မှသာလျှင် သူ(မ)လည်းဘာဖိအားမှမရှိပဲ လက်စားချေနိုင်မည်ဖြစ်သည်။ သို့သော်ကုဆွေ့ဆွေ့က အတိတ်ဘဝကနှင့် ကွဲလွဲစွာပြောင်းလဲသွားခဲ့သည်။ သူ(မ)၏စိတ်ထဲတွင်လည်း ယခုလက်ရှိကုဆွေ့ဆွေ့၏ပုံစံကိုသာ မပြောင်းလဲပဲ ဆက်ရှိနေစေရန် မျှော်လင့်နေမိပြန်သည်။


သူ(မ)ဘာကြောင့်ထိုသို့တွေးနေမိမှန်း သူ(မ)ကိုယ်တိုင်လည်း မသိတော့ချေ။ ကုဆွေ့ဆွေ့ကို သူ(မ) ရက်ရက်စက်စက်မုန်းသင့်သည်မဟုတ်လား။ အတိတ်ဘဝတွင် ကုဆွေ့ဆွေ့သူ(မ)မပေါ် လုပ်ခဲ့သောအရာများကိုစဥ်းစားလိုက်တိုင်း ထိုကလေးမ၏အရေခွံကိုစုတ်ခွာကာ အပြစ်တရား၏အခကို ခံစားကြည့်စေချင်သည်။


သို့သော် ယခုမှာ သူ(မ)နှင့်ရိုက်ကူးရေးအတူလုပ်နေသော ကုဆွေ့ဆွေ့ကိုမျက်နှာချင်းဆိုင်တွေ့လိုက်တိုင်း သူ(မ)တုံ့ဆိုင်းပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေတတ်သည်။


ကုဆွေ့ဆွေ့က သူ(မ)မြင်တွေ့ခဲ့ရသောအတိတ်ဘဝကနှင့် ကွာခြားနေသောကြောင့်ဖြစ်တန်ရာသည်။ သို့သော် စုယွီချင်းက အတိတ်မှတ်ဥာဏ်အားလုံးရှိနေသေးသည့်အတွက် တွေ့လိုက်တိုင်းသူ(မ)အားချိုချိုသာသာပြုံးပြလာသော ထိုကလေးမလေးကို သည်းမခံနိုင်ပေ။


ဤရက်ပိုင်းများတွင် ကုဆွေ့ဆွေ့က သူ(မ)အား မကြခဏဆိုသလို မက်ဆေ့ချ်များပို့လာတတ်သည်။ သုံးနှစ်အရွယ်သာရှိသေးသည့် ကလေးတစ်ဦးဖြစ်သည့်အလျောက် လက်ဆော့ကာ အီမိုဂျီတွေချည်းလိမ့်ပို့တတ်သည်။


သို့သော် စုယွီချင်းက မည်သည့်အခါမှ ကုဆွေ့ဆွေ့၏ မက်ဆေ့ချ်များကို စာပြန်ခြင်းမရှိခဲ့ချေ။ ကလေးများအပေါ်သူ(မ)စိတ်မရှည်သည့်အပြင် အတိတ်ဘဝတွင်ရန်ငြှိုးရှိခဲ့သော ထိုကလေးနှင့်ပိုလို့ပင်အဆက်အသွယ်မလုပ်ချင်ပေ။ ထို့


ကြောင့် သူ(မ)ခပ်တန်းတန်းသာနေလိုက်သည်။


"ချင်းချင်း....ဒီနေ့နေ့လည်ဘာလို့အိမ်ပြန်လာတာလဲ"။ စုယွီချင်း၏အခန်းထဲသို့ဝင်လာသည့် အမျိုးသားက အနောက်တိုင်းအနက်ရောင်ဝတ်စုံပြည့်ဝတ်ထားသည်။ အသက်သုံးဆယ်ကျော်အရွယ်ဟုထင်ရကာ ခပ်တန်းတန်းမျက်ခုံးများ


နှင့်မျက်ဝန်းများကလည်း အသူရာချောက်ကဲ့သို့နက်မှောင်နေပြီး မျက်နှာပေါက်မှာ စုယွီချင်းနှင့်အနည်းငယ်ဆင်သည်။


ဖျော့တော့စွာဖြင့် သူ(မ)ဆီသို့တစ်လှမ်းချင်းလှမ်းလာသောဖခင်ဖြစ်သူကို မြင်သောအခါ သူ(မ)လက်ထဲရှိဖုန်းကိုအမြန်ချလိုက်ပြီး တွဲကူကာ စိုးရိမ်သဘ့်အမူအရာဖြင့်မေးလိုက်သည်။ "ဖေဖေ.....အဆင်ပြေရဲ့လား"။


စုယွီင်လုံက ပြုံးရင်းပြန်ဖြေသည်။ "အဆင်ပြေပါတယ်.....ဖေဖေ မတော်တဆချော်လဲတာပါ....ဆေးလိမ်းထားတယ်"။


စုယွီချင်းက သူ(မ)ဖခင်၏ ရှုံ့တွနေသောစတိုင်ပန်ကိုကြည့်ရင်း မျက်မှောင်ကြုတ်ကာ ဧည့်ခန်းထဲရှိ တီဗွီစက်အောက်မှ ဆေးဘူးကိုသွားယူပြီး ဒဏ်ဖြစ်သွားသည့်နေရာတစ်ဝိုက်ကိုလိမ်းပေးလိုက်သည်။ "ဖေဖေ.....ဆေးရုံသွားသင့်တယ်နော်....တစ်ခြားနေရာတွေလည်း ထိခိုက်မိထားရင် ဘယ်လိုလုပ်မလဲ"။


စုယွိင်လုံက လက်ကာပြပြီးအလျင်အမြန်ပြောလာသည်။ "သိပ်ပြီးမပြင်းထန်ပါဘူး.....ဆေးလိမ်းထားတယ်ဆိုတော့....မနက်ဖြန်လောက်ကျရင် သက်သာသွားမှာပါ"။


အနီးကပ်ဆေးလိမ်းပေးနေသောအခါ သူ(မ)အဖေထံမှ စုယွီချင်း အရက်နံ့ရလိုက်သည်။


သူ(မ)တို့စုမိသားစုတွင် အသေးစားကုမ္ပဏီတစ်ခုပိုင်ဆိုင်သည်။ အသေးစားဟုဆိုသော်လည်း အတော်လေးတိုးတက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ကုမ္ပဏီပိုင်ရှင်ဖြစ်သော သူ(မ)ဖခင်စုယွိင်လုံက လုပ်ငန်းပရောဂျက်ရအောင် မိတ်ဖွဲ့ပြီး အရက်လေးဘာလေးသောက်လာတတ်သည်။


မိခင်ဖြစ်သူကွယ်လွန်သွားပြီးနောက် သူ(မ)၏ဖခင်က အလုပ်ထဲတွင်သာအာရုံစိုက်ပြီး ခေါင်းနစ်ထားသည်။ မနက်အစောတည်းကအိမ်မှထွက်သွားပြီး ညနက်မှပြန်လာတတ်သည်။ စုယွီချင်းလည်း ခြောက်ကပ်နေသည့်အိမ်တွင်မနေလိုသောကြောင့် မနက်စာနှင့်နေ့လည်စာကို ကျောင်းကန်တင်းတွင်သာစားဖြစ်သည်။ ညစာကိုမူ အဒေါဖြစ်သူကချက်ပြုတ်ပေးသည်။


အတိတ်ဘဝတွင် ကုဆွေ့ဆွေ့တို့သားအမိ ဤအိမ်သို့မရောက်လာမီတွင် သူ(မ)၏ဖခင်က သူ(မ)ကို တစ်ခါမှဆိုးဆိုးရွားရွားမဆက်ဆံဖူးခဲ့ပေ။ သူ(မ)တစ်ယောက်တည်းကို အလိုလိုက်ပြီးဖူးဖူးမှုတ်ခဲ့သည်။ လိုလေသေးမရှိအောင်ချစ်ပေးခဲ့သည်။


မောပန်းနွမ်းနယ်နေသည့်သူ(မ)၏ဖခင်ဖြစ်သူကိုကြည့်ရင်း အတိတ်ဘဝကမှတ်ဥာဏ်များကို အသုံးပြုပြီး အကူအညီပေးရန် စုယွီချင်းစဥ်းစားမိသည်။


"ဒါနဲ့.....ချင်းချင်း....သမီးဒီနေ့နေ့လည် ဘာလို့အိမ်ပြန်လာတာလဲဆိုတာ.....ဖေဖေ့ကိုမပြောရသေးဘူးနော်"။ 


စုယွီချင်းက ပေါ့ပေါ့ပါးပါးဆင်ခြေသုံးပြီးပြန်ဖြေလိုက်သည်။ "သမီးယူစရာရှိလို့ပါ....ဒီနေ့နေ့လည်အတန်းအတွက်.....စာအုပ်တွေမေ့ကျန်ခဲ့လို့"။ တစ်ကယ်တမ်းတွင် သူ(မ)ဖုန်းမေ့ကျန်ခဲ့ခြင်းဖြစ်သည်။ လူရွေးပွဲအတွက် လွတ်သွားမည်စိုးသောကြောင့် ဖုန်းကိုအမြဲတမ်းစစ်ဆေးနေရန်လိုအပ်သည်။


စာအုပ်ဝင်ယူရန် အခန်းထဲပြန်ဝင်ချိန်တွင် စုယွီချင်း ကွန်ပျူတာဖွင့်ကြည့်လိုက်မိသည်။ သတင်းများကိုအကြမ်းဖျင်းဖတ်ကြည့်နေရင်း ဝေဘိုတွင် ရေပန်းအစားဆုံးဖြစ်နေသည့်သတင်းတစ်ခုကို သတိထားမိသွားသည်။ 


#ကလေးငယ်နှင့် ခရီးသွားခြင်းရသစုံရှိုးတွင် ပါဝင်မည့် ဧည့်သည်အနုပညာရှင်စာရင်းကို တရားဝင်ကြော်ငြာခြင်း#


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးကို စုယွီချင်း သိပါသည်။ သို့သော် ယခုဧည့်သည်အနုပညာရှင်စာရင်းက အတိတ်ဘဝကဧည့်သည်အနုပညာရှင်စာရင်းနှင့် အနည်းငယ်ကွာခြားနေဟန်ရှိသည်။


အနာဂတ်အနုပညာလောကတွင် ထိပ်တန်းဒိတ်ဒိတ်ကြဲအနုပညာရှင်ဖြစ်လာမည့် ခဲ့ကျင်းယန်က ဤသို့သောရသစုံရှိုးမျိုးတွင် အတိတ်ဘဝကပါဝင်ခဲ့ခြင်းမရှိပေ။


သူ(မ)ပဲအမှတ်မှားနေသည်လား။ စုယွီချင်း အနည်းငယ် ဇဝေဇဝါဖြစ်နေမိသည်။ "ပါးကိုက်နားကိုက်" ရုပ်ရှင်ကားကြီးတွင်ပါဝင်သည့် သရုပ်ဆောင်များနှင့် ထုတ်လွှင့်ချိန်တွင်ရရှိသည့် ရုံတင်ကြေးကိုပါ စုယွီချင်းအတိအကျမှတ်မိသည်။ ထို့အပြင် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးတွင်ပါဝင်ရိုက်ကူးခဲ့သည့် အနုပညာရှင်များကိုလည်း သူ(မ)အတိအကျမှတ်မိပါသည်။ ထိုအထဲတွင် ခဲ့ကျင်းယန်သေချာပေါက် မပါဝင်ခဲ့ပေ။


တစ်ဖက်တွင်လည်း အကျော်အမော်အနုပညာရှင်တို့၏ မနားမနေအားထုတ်မှုဖြင့်လုပ်ခဲ့ရသော


နဂါးမုတ်ဆိတ်ချိုချဥ်လည်း ပြီးသွားပြီဖြစ်သည်။ ဆိုင်တွင်လုပ်ရောင်းသည့် ချိုချဥ်လောက်ပုံစံမလှသော်လည်း စားနိုင်လောက်


သည့် ပုံစံကြမ်းလေးတော့ရလာသည်။


ခဲ့ကျင်းယန်က နဂါးမုတ်ဆိတ်ချိုချဥ်အချို့ကိုယူလိုက်ပြီး အုန်းသီးခြစ် ၊ နှမ်းဖြူနှင့်မြေပဲများကို လိုအပ်သလောက် ဖြူးလိုက်သည်။ နဖူးမှစီးကျနေသည့်ချွေးများကို ခဲ့ကျင်းယန်တစ်ယောက် သူ့အင်္ကျီလက်ဖြင့်သုတ်လိုက်ရင်း သူကိုယ်တိုင်လုပ်ထားသော သကြားလုံးလေးများကို တစိမ့်စိမ့်ကြည့်နေမိသည်။ တစ်မနက်လုံးအချိန်ကုန်ခံ အပင်ပန်းခံပြီးလုပ်ထားရသည့် သူ့လက်ရာလေးက မဆိုးလှချေ။ ထိုအချိန်တွင် ပါဝင်ပစ္စည်းများသွားရှာသည့်ကလေးများလည်း ပြန်ရောက်လာသည်။


ခဲ့ကျင်းယန်က သူကိုယ်တိုင်လုပ်ထားသည့် နဂါးမုတ်ဆိတ်ချိုချဥ်ဘူးကို ကုဆွေ့ဆွေ့လက်ထဲသို့ သွတ်ထည့်လိုက်ပြီး ချောင်းအသာဟန့်ကာပြောလိုက်သည်။ "ငါဒီဟာတွေကို တစ်မနက်လုံးအချိန်ကုန်ခံပြီးလုပ်ထားတာ....တစ်ယောက်တည်းလည်း မစားနိုင်လို့....ယူလိုက်"။


လူသားများ၏ခံစားချက်များကို အာရုံခံနိုင်သော ကုဆွေ့ဆွေ့က ခဲ့ကျင်းယန်၏သဘောထားကို ချက်ချင်းနားလည်သွားကာ ပြုံးလိုက်မိသည်။ ပါပါးခဲ့ကအပြောဆိုးသော်လည်း စိတ်ရင်းကောင်းရှာပါသည်။


ပြုံးပျော်နေသော ကုဆွေ့ဆွေ့နှင့်မတူပဲ နောက်မှဝင်လာသည့်ဟုန်းလင်းအာက မျက်နှာတစ်ခုလုံးနီရဲတွတ်ကာ အော်ငိုတော့သည်။ ငိုယိုနေသောသူ(မ)၏သမီးကြောင့် ကျန်းဟွီကျင်လည်း လက်အိတ်ချွတ်ကာ မျက်ရည်သုတ်ပေးပြီးမေးလိုက်သည်။ "လင်းအာ....ဘာလို့ငိုနေတာလဲ....တစ်ခြားလူတွေနဲ့ ပစ္စည်းသွားစုတာမဟုတ်ဘူးလား"။


"မေမေ....ကိုကိုချင်းယန်က သမီးကိုမကူပေးဘူး"။ ညီမလေးဆွေ့ဆွေ့ကို အခြားသူများက ဝိုင်းပြီးကူညီပေးကြသော်လည်း သူ(မ)ကိုမူ ဂရုမစိုက်ကြချေ။


တစ်ဖက်တွင်ရှိသောချန်းရီလည်း လင်းအာ၏စကားကိုကြားလိုက်သောအခါ ကြောင်အသွားပြီး သူ့သားကိုလှမ်းမေးလိုက်သည်။ "ချင်းယန်.....လင်းအာပြောတာ အမှန်ပဲလား"။


ထိုအခါ ချန်ချင်းယန်က စွပ်စွဲခံရသောကြောင့် မခံမရပ်နိုင်သည့်ပုံစံဖြင့်ပြန်ပြောလာသည်။ "ဖေဖေ.....သားလည်း တစ်ခြားသူတွေကိုကူပေးတဲ့အပြင် ကိုယ့်ဘာသာကိုယ်လည်း လုပ်ရသေးတယ်....ညီမလေးလင်းအာကိုဘယ်လိုလုပ်ပြီး သက်သက်ကူညီပေးနိုင်မှာလဲ"။


သူမမှားကြောင်းခံပြောနေသည့် သားဖြစ်သူကို ချန်းရီကြည့်ပြီး ပြောလိုက်သည်။ "အဲဒါဆိုရင်.....နောက်တစ်ခေါက် ဒီလိုအခြေအနေမျိုးထပ်ကြုံလာရရင်.....သားကညီမလေးကိုစောင့်ခိုင်းလိုက်.....သားအလုပ်အရင်ပြီးအောင်လုပ်ပြီးရင် ညီမလေးကိုကူပေးလိုက်....ဟုတ်ပြီလား"။


ချန်းရီက အိမ်တွင်ဖြစ်စေ အပြင်မှာဖြစ်စေသူ့သားကို အမြဲတမ်းသွန်သင်ဆုံးမလေ့ရှိသည်။ အကျိုးအကြောင်းကိုအရင်မေးမြန်းပြီးမှ 


အလျဥ်းသင့်သလိုဆုံးမသည်။ တစ်ဖက်တည်းကိုကြည့်၍ မည်သည့်အခါမှဘက်မလိုက်ခဲ့ချေ။ ထိုအစား မှန်ကန်သည့်နည်းဖြင့်ဖြေရှင်းပေးလေ့ရှိသည်။


ကျန်းဟွီကျင်လည်း မနေသာတော့ပဲကိစ္စမြန်မြန်ပြီးရန် သူ(မ)ကိုယ်တိုင်လုပ်ထားသည့် နဂါးမုတ်ဆိတ်ချိုချဥ်ကို ချင်းယန်အားပေးလိုက်သည်။ "ဒီချိုချဥ်တွေကို....လင်းအာအစား အန်တီက သားကိုပေးလိုက်မယ်....ဒီနေ့သားနဲ့လင်းအာကြားမှာဖြစ်ခဲ့တဲ့ကိစ္စတွေကို.....ကျေပေးလိုက်နော်....ဟုတ်ပြီလား"။


ချိုချဥ်မကြိုက်သည့်ကလေးမျိုးမရှိပေ။ ချိုချဥ်တစ်ဘူးလုံးရလိုက်သော ချန်ချင်းယန်လည်း ချက်ချင်းပင် ဟုန်းလင်းအာနှင့်ငြိမ်းချမ်းရေးသဘောမျိုးဖြင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။


တာဝန်ပြီးဆုံးပြီးနောက် ကုဆွေ့ဆွေ့လည်း သူ(မ)၏ခြင်းတောင်းလေးကို ဝန်ထမ်းလက်ထဲပြန်အပ်လိုက်သည်။ ထို့နောက်ဘေးသို့လှည့်


ကြည့်လိုက်သောအခါ ဆိုင်ဝင်ပေါက်တွင်ဆောင့်ကြောင့်ထိုင်နေသည့် လင်းတုံတုံကိုတွေ့လိုက်ရသည်။


"ကိုကိုတုံတုံ....ဘာလို့ဒီရောက်နေတာလဲ"။


"ကို....ကိုကို့ခြင်းတောင်းပျောက်သွားလို့"။ လင်းတုံတုံက ငိုချတော့မည့်လေသံဖြင့်ပြောလာသည်။


ကုဆွေ့ဆွေ့က လင်းတုံတုံအားဆွဲထူလိုက်ကာ အပြုံးလေးဖြင့်ပြောလိုက်သည်။ "ရပါတယ်....ကိုကို့ခြင်းတောင်းကို....ဆွေ့ဆွေ့ကူရှာပေးမယ်လေ"။


ကလေးနှစ်ယောက်လုံး သူတို့အပြန်လမ်းတစ်လျှောက်လုံးတွင် ခြင်းတောင်းတွေ့လိုတွေ့ငြားလိုက်ကြည့်ရင်း ကျောက်တံတား၏အစွန်းတစ်နေရာတွင် ပါဝင်ပစ္စည်းများအပြည့်ထည့်ထားသည့် ခြင်းတောင်းလေးကိုတွေ့လိုက်ရသည်။


"တွေ့လား.....ဆွေ့ဆွေ့ပြောပါတယ်....ပြန်တွေ့မှာပါဆို"။ ကုဆွေ့ဆွေ့က ဂုဏ်ယူဝံ့ကြွားစွာဖြင့် မျက်နှာလေးမော်ချီကာပြောလာသည်။


အမှန်မှာ လင်းတုံတုံနှင့်ကုဆွေ့ဆွေ့တို့တစ်ခုခုလိုက်ရှာနေကြောင်း ခဲ့ကျင်းယန် အမှတ်မထင်သိလိုက်ရသည်။ ထို့ကြောင့် မျက်စိနောက်သက်သာအောင် သူကူညီပေးလိုက်ခြင်းဖြစ်သည်။