Chapter 27
"တစ်ခုစီကိုလက်ထဲမှာသေချာကိုင်ထား.....ငါ့နောက်ကို ကောင်းကောင်းလိုက်ခဲ့....လျှောက်မပြေးနဲ့နော်...."။ ဆီဘူးနှစ်ဘူးကိုင်ထားသည့် ခဲ့ကျင်းယန်က စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလာသည်။
သို့သော် ထိုကလေးနှစ်ယောက်က သူ့သတိပေးစကားကို ကြောက်လန့်သွားပုံလည်းမပေါ်ပေ။ နှစ်ယောက်စလုံးခေါင်းလေးစောင်းကာ သူ့ကိုကြည့်လာပြီး မျက်ဝန်းများကလခြမ်းကွေးသဏ္ဍာန်ကိုင်းညွှတ်သွားကာ ရူးကြောင်ကြောင်နှင့် သူ့ကိုလာပြုံးပြနေကြသည်။
ခဲ့ကျင်းယန်: "......"
ကလေးတစ်ယောက်ကိုထိန်းရသည်ပင် ဒုက္ခများလွန်းလှပြီဟု သူတွေးနေခဲ့သေးသည်။ သို့သော်ကလေးနှစ်ယောက်ကို တစ်ခါတည်းထိန်းကျောင်းရမည်မှန်း မည်သည့်အခါမှသူ့အတွေးထဲတွင်မရှိခဲ့ဖူးပေ။
ရုတ်တရက်ဆိုသလို ခဲ့ကျင်းယန်အလွန်နောင်တရမိသွားသည်။ သူဘာကြောင့် ထိုကလေးနှစ်ယောက်ကို အတူခေါ်ဖို့သဘောတူခဲ့မိသနည်း။ သို့သော် ရိုက်ကူးရေးဝန်ထမ်းတစ်ယောက်လည်း အတူလိုက်လာသောကြောင့်
လမ်းပျောက်မည်ကိုတော့ စိုးရိမ်စရာမရှိပေ။
"ပါပါးခဲ့....အဲဒီဟာကလေ....အရမ်းကိုအရသာရှိမဲ့ပုံပဲ....သမီးစားကြည့်ချင်တယ်"။ အစားအသောက်အနံ့ရလိုက်သည်နှင့် ကုဆွေ့ဆွေ့က ထုံးစံအတိုင်းခဲ့ကျင်းယန်ကို အပူကပ်လာပြန်သည်။ နှာခေါင်းလေးတရှုံ့ရှုံ့နှင့် ခွေးပေါက်လေးလိုအနံ့ခံရင်း မလှမ်းမကမ်းတွင်ရှိ
သည့်စျေးဆိုင်လေးကို လက်ညှိုးထိုးပြလာသည်။
"သားလည်းစားချင်တယ်"။ လင်းတုံတုံက ကုဆွေ့ဆွေ့နောက်ကိုသံယောင်လိုက်ရင်း ခဲ့ကျင်းယန်ကို အူကြောင်ကြောင်နှင့်ပြောလာသည်။
ခဲ့ကျင်းယန်က ကန်စွန်းဥဖုတ်များရောင်းသည့်စျေးဆိုင်လေးကိုကြည့်ပြီး ကလေးနှစ်ယောက်ကိုပြောလိုက်သည်။ "ဝယ်လို့မရဘူး.....ငါတို့မှာ ပိုက်ဆံမရှိဘူးလေ"။ သူတို့အားလုံး၏ ပိုက်ဆံအိတ်များနှင့် ဖုန်းများကိုရိုက်ကူးရေးအဖွဲ့က သိမ်းထားသည်။
ကုဆွေ့ဆွေ့က မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ငိုမဲ့မဲ့လေသံလေးဖြင့် ခဲ့ကျင်းယန်ကိုကြည့်ကာ ပြန်ပြောလာသည်။ "ဟုတ်ကဲ့ပါ"။
ခဲ့ကျင်းယန်တစ်ယောက် သူ့ဆံပင်များကို စိတ်ရှုပ်စွာဆွဲဖွလိုက်ရင်း ထိုကလေးနှစ်ယောက်၏ပူဆာမှုကို လျစ်လျူရှုကာ ပြန်ခေါ်သွားရန်ကြိုးစားသော်လည်း မျက်လုံးဝိုင်းဝိုင်းနှစ်စုံကို သူ့ကိုဆက်တိုက်ငေးကြည့်နေသောကြောင့် ခဲ့ကျင်းယန်အလွန်စိတ်ဖိစီးလာရသည်။
ကလေးငယ်များက မျက်နှာသစ်များဖြစ်သောကြောင့် ရိုက်ကူးရေးလုပ်နေသည်ကိုလူတော်တော်များများ မြင်ကြသော်လည်း သိပ်ပြီးအာရုံမထားကြပေ။ သို့သော်ခဲ့ကျင်းယန်ကမူ ကွာခြားသည်။ ဂီတနယ်ပယ်အပြင် ရုပ်ရှင်နယ်ပယ်အထိပါ အောင်မြင်ကျော်ကြားပြီး ပရိသတ်ပေါင်းများစွာကိုပိုင်ဆိုင်ထားသူဖြစ်သည်။
သူတို့ရိုက်ကူးရေးလုပ်နေချိန်တွင် အစီအစဥ်တွင်ပါဝင်မည့်ဧည့်သည်အနုပညာရှင်စာရင်းကို တရားဝင်ကြော်ငြာထားပြီးသားဖြစ်သော
ကြောင့် ခဲ့ကျင်းယန်ပါဝင်မည်ကိုလူအတော်များများလည်း သိပြီးကြပြီဖြစ်သည်။ ခရီးသွားရာသီမဟုတ်သဖြင့် စီရွှမ်မြို့ဟောင်းတွင် ခါတိုင်းထက် လာရောက်လည်ပတ်သူနည်းပါးသော်လည်း ပုံမှန်ခရီးသွားအနည်းငယ်တော့ရှိစမြဲပင်။
"ဟဲ့....ဟိုမှာကြည့်လိုက်.....ကလေးနှစ်ယောက်နဲ့ရပ်နေတဲ့သူက....ခဲ့ကျင်းယန်မဟုတ်လား"။ ကင်မရာတစ်လုံးနှင့် ဓာတ်ပုံရိုက်နေသော ဆံပင်တိုတိုကောင်မလေးတစ်ယောက်က သူ(မ)နှင့်အတူလိုက်ပါလာသူကိုပြောလိုက်သည်။
"ခဲ့ကျင်းယန်....ဟုတ်လား....ဘယ်မှာလဲ"။ ထိုကောင်မလေးက ခဲ့ကျင်းယန်၏အခိုင်အမာပရိသတ်တစ်ဦးဖြစ်သည်။ ခဲ့ကျင်းယန်ပွဲဦးထွက်တည်းက အားပေးလာသူပင်။
"အား.....ခဲ့ကျင်းယန်ကြီး.....တကယ် ခဲ့ကျင်းယန်ဟ....ဒီမနက် ဝေဘိုကသတင်းက အမှန်နဲ့တူတယ်....သူတကယ်ရသစုံရှိုးလာရိုက်နေတာပဲ"။
"လာ....ရှောင်ရှောင်....ငါတို့သူ့ဆီသွားပြီး လက်မှတ်သွားတောင်းကြမယ်"။
ရှောင်ရှောင်ဟုခေါ်သည့်ဆံပင်အတိုနှင့်ကောင်မလေးက တုံ့ဆိုင်းနေပြီးပြောလိုက်သည်။ "ခဲ့ကျင်းယန်က.....ရိုက်ကူးရေးလုပ်နေတာမလား.....ငါတို့သွားလိုက်ရင် သူအဆင်မပြေဖြစ်သွားမှာပေါ့"။ သူ(မ)ကိုယ်တိုင်လည်း ခဲ့ကျင်းယန်၏ပရိသတ်တစ်ဦးဖြစ်သည်။ သို့သော် သူ(မ)ကြောင့် သူ(မ)၏အိုင်ဒေါကို စိတ်အနှောင့်အယှက်မဖြစ်စေလိုပေ။
"ရှောင်ရှောင်....ချီတုံချတုံလုပ်မနေနဲ့....ဒါအခွင့်အရေးနော်....ငါတို့စီရွှမ်မြို့ကိုလာတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ခဲ့ကျင်းယန်နဲ့လာဆုံတယ်....ဒါဘုရားပေးတဲ့ အခွင့်အရေးပဲ....နင်မသွားရင် ငါတစ်ယောက်တည်းသွားမယ်"။
"မလုပ်ပါနဲ့.....ငါလည်း အတူလိုက်ပေးပါ့မယ်"။
ထိုကောင်မလေးနှစ်ယောက်လည်း ခဲ့ကျင်းယန်ရှိရာသို့ တဖြေးဖြေးချဥ်းကပ်သွားလိုက်သည်။
"မင်္ဂလာပါ....ကျွန်မတို့နှစ်ယောက်လုံးက အစ်ကို့ပရိသတ်တွေပါ.....အစ်ကို့ရဲ့သီချင်းတိုင်းကို ကျွန်မတို့အရမ်းကြိုက်တယ်....ထွက်သမျှအယ်လ်ဘမ်တိုင်းလည်း ဝယ်ပါတယ်....ကျေးဇူးပြုပြီး ကျွန်မတို့ကိုလက်မှတ်ထိုးပေးလို့ရမလား"။
ခဲ့ကျင်းယန်ကိုအနီးကပ်တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားလွန်းသောကြောင့် သူ(မ)တို့၏အသံများပင် တုန်နေသည်။
ကလေးနှစ်ယောက်နှင့်ချာလပတ်ရမ်းနေသောခဲ့ကျင်းယန်က မျက်မှောင်ကြုတ်လိုက်ရင်း ထိုကောင်မလေးနှစ်ယောက်၏တောင်းဆိုချက်ကို ချက်ချင်းငြင်းပစ်ရန် စဥ်းစားလိုက်သည်။ သို့သော် ထိုကောင်မလေးနှစ်ယောက်၏ ဖုန်းနှင့်ပိုက်ဆံအိတ်များကို မြင်လိုက်ရချိန်တွင် သူ့အတွေးပြောင်းသွားခဲ့သည်။
စိတ်မရှည်သည့်အရိပ်အယောင်များအနည်းငယ်လျော့ကျသွားပြီး ထိုကောင်မလေးနှစ်ယောက်ကိုပြောလိုက်သည်။ "ကျွန်တော်တို့နောက်ကိုလိုက်နေတဲ့ ကင်မရာကိုတွေ့လား.....ကျွန်တော်နဲ့ ဒီကလေးနှစ်ယောက်က ရသစုံရှိုးတစ်ခုရိုက်နေတာပါ....အခုဒီကလေးနှစ်ယောက်က ကန်စွန်းဥဖုတ်စားချင်လို့....ကျွန်တော့်ကိုဂျီကျနေကြတာ....ဒါပေမဲ့ ကျွန်တော့်ပိုက်ဆံအိတ်ကို ရိုက်ကူးရေးအဖွဲ့က သိမ်းထားတာ....ညီမတို့နှစ်ယောက်က....ကလေးတွေကို ကန်စွန်းဥဖုတ်ဝယ်ကျွေးလိုက်လို့ရမလားဗျ"။
ကောင်မလေးနှစ်ယောက်လုံး ကြောင်သွားကာ စကားပင်ပြန်ပြေောနိုင်တော့ချေ။
ခဲ့ကျင်းယန်က ခဏမျှစဥ်းစားကာ သူ့ပရိသတ်များကိုဆက်ပြောလိုက်သည်။ "ဒီကလေးနှစ်ယောက်ကို....ညီမတို့မုန့်ဝယ်ကျွေးမယ်ဆိုရင်....ကျွန်တော်က လက်မှတ်လည်းပေးမယ်...ဓာတ်ပုံလည်းရိုက်ပေးမယ်လေ"။
ထိုအခါ ဆံပင်အတိုနှင့်ကောင်မလေးက ချက်ချင်းခေါင်းညိမ့်ပြီး ပြန်ပြောလာသည်။ "ရ...ရပါတယ်....ညီမတို့ဝယ်ကျွေးလိုက်ပါ့မယ်"။
"ကလေးလေးတွေ....ကန်စွန်းဥဖုတ်စားချင်ကြတယ်မလား.....မမဝယ်ကျွေးမယ်နော်"။
ကုဆွေ့ဆွေ့က ခဲ့ကျင်းယန်ကိုတစ်ချက်လှမ်း
ကြည့်လိုက်ပြီး မမနှစ်ယောက်ဘက်သို့လှည့်၍ ပါးချိုင့်လေးခွက်ဝင်သွားအောင်ပြုံးပြပြီး ပြန်ဖြေလိုက်သည်။ "သမီးအတွက်တစ်ခု....ကိုကိုလင်းတုံအတွက်တစ်ခု....ပြီးတော့ ပါပါးခဲ့အတွက်ရောပဲ"။
"သမီးတို့ကို ကန်စွန်းဥဖုတ်သုံးခုပေးပါ....
ကျေးဇူးတင်ပါတယ်ရှင့်"။
ယနေ့တွင် ပရိသတ်သန်းပေါသ်းငါးဆယ်ကျော်ခန့်ရှိသည့် ခဲ့ကျင်းယန်တစ်ယောက် ကန်စွန်းဥဖုတ်ကြောင့် စီရွှမ်မြို့ဟောင်းရှိလမ်းကြားလေးထဲတွင် ပရိသတ်များကိုလက်မှတ်ထိုးပေးပြီး ဓာတ်ပုံလည်းအတူရိုက်ပေးခဲ့ရသည်။
လုယွင်ကျီလည်းယုံနိုင်မည်မဟုတ်သလို သူ့ကိုယ်သူလည်း မယုံနိုင်ပေ။ သူ့လက်မှတ်ကထိုမျှလောက်တန်ဖိုးမဲ့သွားပြီလား။ ကန်စွန်းဥအတွက်နှင့် လက်မှတ်ကိုအလဲအလှယ်လုပ်ခဲ့ရသည့်သူ့အဖြစ်ကိုပြန်တွေးရင်း ယူကြုံးမရဖြစ်မိသည်။
ရှောင်ရှောင်တို့နှစ်ဦးလည်း ကလေးများအတွက် ကန်စွန်းဥဖုတ်ဝယ်ပေးလိုက်ပြီး သူတို့လိုချင်သည့်လက်မှတ်နှင့် ဓာတ်ပုံကိုလည်းရခဲ့ပြီးဖြစ်သည်။ ဤနေရာတွင်ထပ်ပြီးရှိနေစရာအကြောင်းမရှိတော့သောကြောင့် သူတို့လည်းအင်တင်တင်နှင့်ထွက်လာခဲ့ရသည်။
ကန်စွန်းဥဖုတ်များက ဒေသထွက်လတ်လတ်ဆတ်ဆတ်များဖြစ်သည့်အပြင် ပလတ်စတစ်အိတ်မသုံးပဲ စက္ကူအိတ်လေးနှင့်ထုပ်ပိုးထားသည်။
ကုဆွေ့ဆွေ့က စက္ကူအိတ်ထဲမှ ကန်စွန်းဥတစ်လုံးကို ထုတ်ယူလိုက်သည်။ သို့သော်ဖုတ်ထားသည့်ကန်စွန်းဥကပူနေဆဲဖြစ်သောကြောင့် ဆွေ့ဆွေ့၏နူးညံ့သောအသားအရေလေးက တစ်ခဏချင်းတွင်နီရဲလာသည်။ ထိုအခါ ဆွေ့ဆွေ့က ခဲ့ကျင်းယန်ဘက်သို့လှည့်၍ နှုတ်ခမ်းလေးဆူကာပြောလိုက်သည်။ "ကန်စွန်းဥကပူလိုက်တာ....ပါပါးခဲ့ ဆွေ့ဆွေ့စားဖို့ကန်စွန်းဥကိုမှုတ်ပေးပါလားဟင်"။
သူ့ရှေ့ဖြန့်ထားသည့် နီရဲရဲလက်ကလေးကိုကြည့်ရင်း ခဲ့ကျင်းယန်တစ်ယောက်မကြည်မသာဖြင့်ပြောလိုက်သည်။ "မီရဲရဲနဲ့ဖုတ်ထားတဲ့ ကန်စွန်းဥပါဆို.....မပူပဲရှိမလား....မစားခင်မှာ အအေးခံရမယ်ဆိုတာ မသိဘူးလား"။
ခဲ့ကျင်းယန်က ထိုသို့ရေရွတ်ရင်း ဆွေ့ဆွေ့၏နီရဲရဲလက်ကလေးများကို ဂရုတစိုက်မှုတ်ပေးလိုက်သည်။
လင်းတုံတုံလည်း ပူပူလောင်လောင်ကန်စွန်းဥကိုကိုင်လိုက်သောကြောင့် လက်ထိပ်ကလေးများရဲရဲနီသွားသည်။ ခဲ့ကျင်းယန်က ဆွေ့ဆွေ့၏လက်အား ဂရုတစိုက်မှုတ်ပေးနေသည်ကိုမြင်သောအခါ သူ့ညာဘက်လက်ကို ခဲ့ကျင်းယန်ရှေ့ဖြန့်ပေးကာ အားကိုးတကြီးပြောလိုက်သည်။
"ဦးဦး....သားလေးလက်နာသွားတယ်....မှတြ်ပေးပါလားဟင်"။
ခဲ့ကျင်းယန်က လင်းတုံတုံ၏နီရဲရဲလက်ကလေးကိုကြည့်ကာ သက်ပြင်းချရင်းပြောလိုက်သည်။
"ကောင်လေး....ကိုယ့်ကိစ္စကိုယ့်ဘာသာကိုယ် လုပ်ပါလား....မင်းမှုတ်တာနဲ့ ငါမှုတ်တာနဲ့အတူတူပဲလေ....တစ်ယောက်ပြီးတစ်ယောက် ပြီးကိုမပြီးနိုင်ဘူး....အလုပ်ကိုရှုပ်တယ်"။
"ဟုတ်ပြီ....စားပြီးတာနဲ့ပြန်ကြတာပေါ့....ဒီမှာတစ်ခါတည်းအပြီးစားသွားနော်....မင်းတို့ဟိုအထိ ယူသွားရင် တစ်ခြားကလေးတွေလည်းစားချင်နေမှာ"။ ပလုတ်ပလောင်းစားနေဆဲဖြစ်သော ထိုကလေးနှစ်ယောက်ကို ခဲ့ကျင်းယန်သတိပေးလိုက်သည်။
ကန်စွန်းဥတစ်ထုပ်လုံးကို ထိုကလေးနှစ်ယောက်လုံး မည်သို့စားလိုက်သည်မသိ။ ပြောင်သလင်းခါသွားသည်။ စားသောက်ပြီးနောက် သူတို့လည်း မူလတည်းခိုရာနေရာသို့ပြန်သွားကြတော့သည်။