အပိုင်း ၂၈
Viewers 15k

Chapter 28


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအစီအစဥ်တွင်ပါဝင်မည့် ဧည့်သည်အနုပညာရှင်စာရင်းက ဆိုရှယ်မီဒီယာပေါ်တွင် တစ်မုဟုတ်ချင်းပြန့်သွားသည်။


ရသစုံရှိုး၏ဧည့်သည်အနုပညာရှင်စာရင်းက ဒိတ်ဒိတ်ကြဲအနုပညာရှင်ချည်းစုနေခြင်းမဟုတ်ပေ။ နိုင်ငံတကာဆုပေးပွဲတွင် လောလောလတ်လတ်ဆုရထားသည့် စန္ဒယားပညာရှင် လင်းယို ၊ ဒါရိုက်တာချန်းရီနှင့်သရုပ်ဆောင်မင်းသားကြီးတစ်လက်ဖြစ်သည့် ချွီမင်းရှန်တို့က ရသစုံရှိုးများတွင် တစ်ကြိမ်မကပါဝင်ဖူးသည်။ ဒိတ်ဒိတ်ကြဲအနုပညာရှင်ဟုဆိုနိုင်သည့် ခဲ့ကျင်းယန်နှင့် အနုပညာလုပ်ငန်းများမှယာယီအနားယူထားသည့် ကျန်းဟွီကျင်တို့မှာ လူထုရှေ့တွင် ရသစုံရှိုးကိုပထမဆုံးအကြိမ်ရိုက်ကူးခြင်းဖြစ်သည်။


ကျန်းဟွီကျင်က အနုပညာလောကထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်လာသူဖြစ်သည်။ ထျန်းဟောင်ဖျော်ဖြေရေး၏ ဝါရင့်သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်သလို ငါးနှစ်တာခန့် အနုပညာအလုပ်များကိုရပ်နားထားသော်လည်း ပရိသတ်များက သူ(မ)ကိုအားပေးနေမြဲဖြစ်သည်။ ယနေ့တွင် ရိုက်ကူးရေးအဖွဲ့က ကျန်းဟွီကျင် ဤရသစုံရှိုးတွင်ပါဝင်မည်ဟု ကြော်ငြာလိုက်သည်နှင့် သူ(မ)၏ဝေဘိုအကောင့်ထဲတွင် ပရိသတ်များက ပြန်လည်ကြိုဆိုကြောင်းကော


မန့်များ သောင်းသောင်းဖြဖြရေးထားကြသည်။ 


တစ်ဖက်တွင် ခဲ့ကျင်းယန်၏ ဝေဘိုအကောင့်ကမူ တစ်မူထူးခြားလှသည်။


"ရိုက်ကူးရေးအဖွဲ့က....လူမှားပြီးခေါ်မိတာမဟုတ်ဘူးလား....ဘုရင်ကြီးက ဘာလို့ကလေးမိဘရသစုံရှိုးမှာပါရတာလဲ"။ ဘုရင်ကြီးဟူသောအမည်မှာ ပရိသတ်များက ခဲ့ကျင်းယန်ကိုချစ်စနိုးခေါ်သည့် အမည်တစ်ခုဖြစ်သည်။ ခဲ့ကျင်းယန်က စင်ပေါ်တွင်ရပ်နေချိန်တွင် အတောက်ပဆုံးတည်ရှိမှုလေးတစ်ခုဖြစ်သည်။ စတိတ်စင်အတွက် မွေးဖွားလာသူဖြစ်ကာ စင်


မြင့်၏ဘုရင်တစ်ပါးဟု ခေါ်ဝေါ်ထိုက်ပေသည်။


"ဟုတ်တယ်.....ခင်းန်က ကလေးအဖေတစ်ယောက်ဖြစ်လာမှာကို ငါဖြင့်စိတ်တောင်မကူးမိဘူး.....သူ့နဂိုပုံစံပျက်သွားမှာပဲ စိုးရိမ်မိတယ်"။


"အပေါ်ကတစ်ယောက်....အတွေးလွန်နေပြီနဲ့တူတယ်.....ခင်းန်နဲ့အတူတွဲရိုက်ရမဲ့ ကလေးကိုပဲစိုးရိမ်စမ်းပါ....သူ့ဒေါသကြောင့် ကလေးလေးဘာဖြစ်သွားမယ်မှန်း မသိနိုင်ဘူး"။


"ဟုတ်ပါ့....အဲ့ကလေးကို သနားလိုက်တာ"။


"ကလေးအတွက် မျက်ရည်နှစ်စက်"။


အချို့ပရိသတ်ပြည်သူများကလည်း ကောမန့်ထဲတွင် ခဲ့ကျင်းယန်ရသစုံရှိုးတွင် ခေါ်လာမည့်ကလေးက သူ့ကလေးအရင်းလား သို့မဟုတ် သွေးမတော်သားမစပ်သည့်ကလေးလားဟု အငြင်းပွားနေကြသည်။ သို့သော် ခဲ့ကျင်းယန်၏ပရိသတ်များက ချက်ချင်းဆိုသလို ခဲ့ကျင်းယန်ဘက်မှနေ၍ ကာကွယ်ပြီးပြောဆိုပေးကြသည်။


ရိုက်ကူးရေးအဖွဲ့လည်း ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့က သွေးသားမတော်စပ်ကြောင်း ဝေဘိုတွင် ကြော်ငြာလိုက်သည်။ ခဲ့ကျင်းယန်ကို အမဲဖျက်ချင်သူတို့က အခွင့်အရေးရသည်နှင့်ချောင်းမြောင်းတိုက်ခိုက်လိုသောကြောင့် မဟုတ်မမှန်ကောလဟလများထွက်နေခြင်းဖြစ်သည်။


ခဲ့ကျင်းယန်၏ ပရိသတ်များကအတော်အင်အားတောင့်သည်။ ကောလဟလဖြန့်သူများကို တစ်ခွန်းမှထပ်မဟရဲတော့အောင် လုပ်နိုင်သည်။


ထိုစဥ်တွင် ခဲ့ကျင်းယန်နှင့်ပတ်သတ်သည့် ပို့စ်တစ်ခုက အုတ်အော်သောင်းနင်းဖြစ်စေပြန်သည်။ ပို့စ်တင်သူမှာ နာမည်ကျော်ဓာတ်ပုံဆရာရှောင်ရှောင်ဖြစ်သည်။ 


ရှောင်ရှောင်: " စီရွှမ်မြို့ဟောင်းကိုသွားတဲ့အချိန်တုန်းက....ရိုက်ကူးရေးလုပ်နေတဲ့ ခင်းန်နဲ့တွေ့ခဲ့တယ်....သူ့အပြင်ကလေးနှစ်ယောက်လည်းပါသေးတယ်....ကလေးတွေနဲ့သူ့ပုံစံက သိပ်ချစ်ဖို့ကောင်းတာပဲ"။


ရှောင်ရှောင်က ပရိသတ်ပေါင်းမြောက်မြားစွာရှိသည့် ဓာတ်ပုံဆရာတစ်ဦးဖြစ်သလို ခရီးသွား ဘလော့ဂါတစ်ဦးလည်းဖြစ်သည်။ သူ(မ)နှင့်သူ(မ)၏ချစ်သူကောင်မလေးတို့ ပြည်တွင်းပြည်ပခရီးသွားစဥ်ရိုက်ကူးခဲ့သည့် ရှုခင်းပုံများ


နှင့်အခြားပုံများကို ဝေဘိုတွင်မကြာမကြာတင်လေ့ရှိသည်။ သူ(မ)၏ဓာတ်ပုံလက်ရာများမှာ လွတ်လပ်သည့်လူနေမှုဘဝကိုလှစ်ဟပြပြီး စိတ်ဝင်စားဖွယ်ကောင်းသောကြောင့် လူအတော်များများက အာရုံစိုက်လာကြသည်။ အချိန်အနည်းငယ်အတွင်းတွင် ပရိသတ်အတော်များများကိုဆွဲဆောင်နိုင်ခဲ့သည်။


သို့သော် ယနေ့ညနေငါးနာရီအချိန်တွင် ရှောင်ရှောင်က ဝေဘိုတွင်ပို့စ်တစ်ခုတင်လာခဲ့သည်။ သူ(မ)နှင့်သူ(မ)၏ချစ်သူကောင်မလေးတို့တွဲရိုက်ထားသည့် ရိုးရိုးသာမာန်ပုံတစ်ခုဟု လူအများကထင်ခဲ့ကြသော်လည်း အနီးကပ်ကြည့်လိုက်သည့်အခါ ထိုပုံထဲတွင် ခဲ့ကျင်းယန်ပါကပ်ပါလာသည်ကို တွေ့လိုက်ရသည်။


ထိုပုံထဲတွင် ခဲ့ကျင်းယန်က သာမာန်ပေါ့ပေါ့ပါးပါးအဝတ်အစားမျိုးဝတ်ထားပြီး တစ်ဖက်တစ်ချက်စီတွင်လည်း ကလေးတစ်ယောက်စီကိုလက်တွဲထားသေးသည်။ ကလေးများကို ငုံ့ကြည့်နေသည့် သူ့အမူအရာမှာနူးညံ့ညင်သာနေပြီး ငွေရောင်ဆံပင်တောက်တောက်ကို အနက်ရောင်ပြန်ဆိုးထားသောကြောင့် သူ့နဂိုပုံစံနှင့်ကွဲထွက်ကာ ရင့်ကျက်တည်ငြိမ်နေသည်။


"အား....ငါဘာမြင်လိုက်ရတာလဲ"။


"အိုး....ခင်းန်ရဲ့မျက်နှာပုံစံက အရမ်းအချိုးကျတယ်....ဘာဝတ်ဝတ်လိုက်ဖက်နေရောပဲ....ဒါနဲ့သူ ဘာအစီအစဥ်ရိုက်နေတာလဲ.....တစ်ယောက်ယောက်သိကြလား.....ဘယ်တော့ လွှင့်မှာတဲ့လဲ"။


"ဘလော့ဂါကြီးရေ....လာကြည့်ပါဦး....ရှင်တင်ထားတဲ့ ပို့စ်ကနာမည်ကြီးနေပြီ.....ခင်းန်ရဲ့ပုံတွေ ရှိသေးရင် ထပ်တင်ပေးပါဦး"။


ထိုပို့စ်က နာမည်အလွန်ကြီးကာ ရေပန်းအစားဆုံးရှာဖွေမှုစာရင်းတွင် ထိပ်ဆုံးနေရာရောက်သွားသည်။


ခဲ့ကျင်းယန်မှတစ်ဆင့် လူအတော်များများလည်း "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအကြောင်းကိုသိသွားပြီးဖြစ်သည်။ ခဲ့ကျင်းယန်၏ လွှမ်းမိုးသက်ရောက်မှုက ရိုက်ကူးရေးအဖွဲ့ကို အံ့အားသင့်သွားစေသည်။ ခဲ့ကျင်းယန်အနေနှင့် ဤသို့သောရသစုံရှိုးတွင် ပထမဆုံးအကြိမ်ပါဝင်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် ပရိသတ်များလည်း အလွန်အမင်းအံ့သြနေကြသည်။


နောက်တစ်နေ့မနက်တွင် "ကလေးငယ်နှင့်ခရီးသွားခြင်း" အစီအစဥ်ရိုက်ကူးရေးကို ယာယီရပ်နားလိုက်သည်။


ဧည့်သည်အနုပညာရှင်များလည်း မနက်စောစောထပြီး ရိုက်ကူးရေးအဆုံးသတ်ကိုဝန်ထမ်းများနှင့်အတူ ပူပေါင်းဆောင်ရွက်ရသည်။ အုပ်စုလိုက်ဓာတ်ပုံရိုက်ပြီးနောက် ကိုယ်စီတည်းခိုရာအိမ်များသို့ပြန်ကာ ထုပ်ပိုးကြသည်။ အလာတွင်လေယာဥ်တစ်စီးတည်းအတူစီလာခဲ့ကြသော်လည်း အပြန်တွင်မူလူတိုင်း လူတိုင်းပြန်မည့်နေရာမတူသောကြောင့် သီးသန့်လေယာဥ်တစ်စီးစီနှင့်ထွက်ခွာကြသည်။


"အန်တီရှောင်....အခု သမီးမေမေနဲ့ပြန်တွေ့ရတော့မှာလား"။ ကုဆွေ့ဆွေ့က အပြစ်ကင်းစင်


သည့်သူ(မ)၏မျက်လုံးဝိုင်းဝိုင်းလေးများကို ပေကလတ် ပေကလတ်လုပ်ရင်းမေးလာသည်။


ထန်းကျူကဆောင့်ကြောင့်ထိုင်ချလိုက်ကာ ဆွေ့ဆွေ့၏ခေါင်းလေးကိုညင်သာစွာ ပွတ်သပ်ရင်းပြောလိုက်သည်။ "အင်း.....အန်တီတို့ မကြာခင်မှာ သမီးမေမေကိုတွေ့ရတော့မှာ"။


ထန်းကျူ၏စကားကြောင့် ကုဆွေ့ဆွေ့အလွန်စိတ်လှုပ်ရှားသွားသည်။ လွမ်းနေခဲ့ရသော သူ(မ)၏မေမေကိုပြန်တွေ့ရတော့မည် မဟုတ်လား။


လေယာဥ်ပေါ်မှဆင်းလာသော ခဲ့ကျင်းယန်တစ်ယောက် နေကာမျက်မှန်ကောက်တပ်ကာ VIP ဖြတ်လမ်းမှတစ်ဆင့် မြေအောက်ကားပါကင်သို့တန်းသွားလိုက်ပြီး ထောင့်တစ်နေရာတွင်ရပ်ထားသည့် သူ့ကားပေါ်သို့တက်လိုက်သည်။


ခဲ့ကျင်းယန်ကိုမြင်သောအခါ နောက်ခုံတွင်ထိုင်နေသည့် သူ့လက်ထောက်က တစ်ခုခုကိုသတိရသွားဟန်ဖြင့် စကားပြောရန်ပြင်လိုက်သည်။ ထို့နောက် ခဲ့ကျင်းယန်အား ယမန်နေ့က ရေပန်းအစားဆုံးရှာဖွေမှုအကြောင်းပြောပြလိုက်သည်။


ကလေးနှစ်ယောက်ကိုလက်တွဲထားသည့် သူ့ပုံက အလွန်နာမည်ကြီးသွားကြောင်း ခဲ့ကျင်းယန်ကြားသောအခါ လူတစ်ကိုယ်လုံးလည်း မွန်းကြပ်သလို ပိုပြီးခံစားလာရသည်။


အစပိုင်းတွင် သူ့နေရာသို့ပြန်နားရန်စီစဥ်နေသော ခဲ့ကျင်းယန်တစ်ယောက် စိတ်ပြောင်းသွားကာ မြို့လယ်ကောင်တွင်ရှိသည့် ကိုယ်စားလှယ်ကြီး၏အိမ်သို့ ကားကိုချိုးကွေ့လိုက်သည်။


"ခဲ့ကျင်းယန်....ဒီတစ်ခါလည်း ရေပန်းအစားဆုံးရှာဖွေမှုစာရင်းထဲ ရောက်သွားပြန်ပြီ"။ လုယွင်ကျီက သူ၏ရွှေရောင်မျက်မှန်ကိုင်းကို လက်ကလေးနှင့် အသာအယာတွန်းတင်ရင်းပြောလာသည်။ 


လုယွင်ကျီ၏ပြောင်ချော်ချော်လေသံကို ခဲ့ကျင်းယန်ကြားသောအခါ မျက်စောင်းထိုးကာ စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလာသည်။ "ခင်ဗျားပဲ.....အဲဒီရသစုံရှိုးမှာ ကျွန်တော့်အတွက်စာချုပ်ချုပ်ပေးခဲ့တာလေ"။


ရှူးရှူးရှားရှားဖြစ်နေသော ခဲ့ကျင်းယန်၏အမူအရာကြောင့် လုယွင်ကျီ ဟန်မဆောင်နိုင်ပဲ ပြုံးလိုက်မိသည်။ "ဟားဟားဟား...


ရိုက်ကူးရေးမှာ မင်းအရမ်းတော်တယ်....ငါမင်းကို သိလာခဲ့တာကြာပါပြီ.....ဒါပေမဲ့ ကလေးထိန်းတာအဲ့လောက်တော်လိမ့်မယ်လို့ မထင်ထားမိဘူး"။


ခဲ့ကျင်းယန်ဟူသည့် အနှီလူသားလေးမှာ ငယ်


စဥ်တည်းက ပြဿနာမရှာရလျှင်မနေနိုင်သူဖြစ်သည်။ သို့သော် ကလေးနှစ်ယောက်ကိုတစ်ပြိုင်တည်းထိန်းနေရသဖြင့် အီးမှန်နေသည့်သူ့ရုပ်က ဝေဘိုတွင်တင်ထားသည့်ပုံထဲတွင် အလွန်ပေါ်လွင်နေသည်။


လောကကြီးအကြောင်းဘာဆိုဘာမှနားမလည်သေးသည့် ကလေးငယ်ကုဆွေ့ဆွေ့က ထိုကောင်စုတ်လေးကို ခြေငြိမ်သွားအောင်တော့လုပ်နိုင်လောက်သည်။