Chapter 2.2
Viewers 521

Note

Chapter တွေကို အဆက်အစပ်ညီအောင် ဖြတ်ထားရလို့ အတိုအရှည်မညီဖြစ်သွားနိုင်ပါတယ်ရှင့်။ 

Chapter 2.2


ရွာနောက်ဘက်ရှိ ကျောက်မိသားစုတွင်။


ဘိုးဘိုးကျောက် အိမ်ပြန်လာတော့ သူက သူ့အိပ်ကပ်ထဲက ပျံထွက်သွားသော ငွေဆယ့်ငါးပြားကိုကြည့်ကာ ဒေါသထွက်ရုံသာတတ်နိုင်သည်။ သူက အင်မတန်ဒေါသထွက်နေပြီး ခန်းအုတ်ကုတင်ပေါ်မှာ လှဲလိုက်သောအခါ သူ့ခေါင်းကနာကျင်လာခဲ့သည်။ သူက အော်ဟစ်လိုက်ချင်သည်။

(**ခန်းအုတ်ကုတင်က မီးလင်းဖိုပါပြီး အပူပေးလို့ရတဲ့ ရှေးခတ်အုတ်ကုတင်ပါ)

“ဖေဖေ…ဘာဖြစ်နေတာလဲ? ကျွန်တော်တို့ညီလေး သဘောတူလိုက်လား? ဖေဖေ အဆင်ပြေတယ်မလား?” ကျောက်မိသားစု၏ အကြီးဆုံးသမက် ဝမ်ချွန်းဟွာက လိုက်ကာဖွင့်ပြီး အိမ်ထဲဝင်လာသည်။ သူက ဘိုးဘိုးကျောက် ပြန်လာ​တာကိုတွေ့တော့ အမြန်ပြေးလာခဲ့တာပင်။ ငွေဆယ့်ငါးပြား.. ငွေအများစုကို အငယ်ဆုံးဦးလေးအတွက် သုံးမှာကိုသိသော်လည်း သူ့မိသားစုက တစ်ပိုင်းတစ်စလောက်တော့ ရနိုင်သေးသည်။ ယင်းမှာ ငွေပြားအနည်းငယ်သာဖြစ်သော်လည်း ဝမ်ချွန်းဟွာက မျှော်လင့်တကြီးရေတွက်နေခဲ့သည်။

ကျောက်မိသားစုက လူနှင့် လက်ထပ်ပြီး များမကြာမီ ဤမိသားစု၏ စိတ်နေစိတ်ထားကို သူ သေချာနားလည်လာခဲ့သည်။ သူ့ယောက္ခထီးက ရိုးသားသော လူတစ်ယောက်ဖြစ်ပေမယ့် ကံမကောင်းစွာပင် စောစောထွက်သွားခဲ့ရသည်။ သူ့ယောက္ခထီး(ကော)ကတော့ အမြဲလိုလို ကပ်စေးနည်းပြီး ယောက္ခထီးဖြစ်သူ၏ ဖိနှိပ်မှုမရှိတာကြောင့် ပို၍ပင် အစွန်းရောက်လာခဲ့သည်။ သူ့မျက်လုံးထဲမှာ ပိုက်ဆံ၊ သူ့အဖိုးတန်သားထွေးနှင့် မြေးလေးသာရှိသည်။ ကျောက်မိသားစုမှာ မြေးတစ်ယောက်သာရှိ၍ ဝမ်ချွန်းဟွာက ကျောက်မိသားစု၏ အကြီးဆုံးမြေးကို မျိုးရိုးဆက်ခံပေးခဲ့သော သူအဖြစ် ကျောက်မိသားစုထဲတွင် နေရာတစ်ခုထိန်းထားနိုင်ခဲ့သည်။

(T/N- ကျောက်မိသားစုမှာ မြေးသုံးယောက်ရှိပါတယ်။ လင်းအာနဲ့ တခြားတစ်ယောက်က ကောဖြစ်နေလို့ မြေးလို့မသတ်မှတ်ကြတာပါ/ အငယ်ဆုံးသား=သားထွေး)

သူ့သားက ဘိုးဘိုးပြန်ရောက်လာပြီလို့ လာပြောစဥ် သူ အပြင်က ပြန်ရောက်ခါစဖြစ်တာကြောင့် မစဥ်းစားပဲ အမြန်ပြေးလာခဲ့သည်။ ကြည့်လိုက်တော့ အ​ခြေအနေက ပုံမှန်မဟုတ်ချေ။

နှလုံးသားမီးတောက်နေသော ဘိုးဘိုးကျောက်က ဝမ်ချွန်းဟွာ၏စကားကိုကြားတော့ ခန်းကုတင်မှထရပ်လိုက်၏။ သူက ဝမ်ချွန်းဟွာကို လက်ညိုးထိုးကာ ကြိမ်းမောင်းလိုက်သည်။ “မင်းဘယ်သွားနေတာလဲ? ငါအိမ်ပြန်လာတော့ သောက်စရာဆိုလို့ ငါ့တံတွေးပဲရှိတယ်။ ခန်းကုတင်က အေးစက်နေတာပဲ။ ဒီမသေမျိုးအဘိုးကြီးကို အသေသတ်ပြီး မင်းက ငွေတွေအကုန်ယူသွားချင်တာလား? ငါမင်းကိုပြောလိုက်မယ်… မဖြစ်နိုင်ဘူး…”

သူသည် ကနဦးက လဲလျောင်းနေပြီး ညည်းတွားနေသော်လည်း ယခုချိန်မှာ မတ်တပ်ရပ်ကာ တရစပ်ပြောဆို​နေ၏။ သူ့အသံက ကျယ်လွန်းတာကြောင့် အိမ်နီးချင်းတွေတောင် ကြားနိုင်လေသည်။ ဝမ်ချွန်းဟွာက ဘိုးဘိုးကျောက်၏ ဤပုံစံကို ကျင့်သားရနေ၍ သည်စကားလုံးများကို နားထောင်ရခက်ခဲသော ထန်ချွန်းမင်နှင့်မတူစွာ သူကတော့ နားတစ်ဖက်ကထည့်ပြီး တစ်ဖက်ကထုတ်ပစ်လိုက်သည်။ တံခါးဘောင်ကိုမှီရင်း သူက တခြားအခန်းကို လှည့်ကြည့်လိုက်သည်။ စကားလုံးတွေက ဘယ်လောက်ခက်ထန်ပါစေ ခန်းကုတင်ပေါ်က လူမှာ သူ့ယောက္ခထီးဖြစ်တာကြောင့် သူက မေးခွန်းမထုတ်ရဲပေ။

ဒီမသေမျိုးအဘိုးကြီး… ခင်ဗျားနောင်မှာ ဒုက္ခရောက်ရင် ခင်ဗျားရဲ့အငယ်ဆုံးသားက ခင်ဗျားကိုသိတတ်တယ်ထင်နေတာလား?

သို့သော် သူ့ခင်ပွန်းနဲ့သူကလည်း အငယ်ဆုံးဦးလေး ဝင်ခွင့်ရပြီး ဆက်လက်ကြီးပွားလာဖို့ မျှော်လင့်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အိမ်ခွဲနေတာမဟုတ်၍ အနာဂတ်မှာ အကျိုးခံစားခွင့်ရှိနိုင်သည်။ သူတို့ ဘာမှ ​ပြောလို့မရပေ။ နောင်မှာ သူတို့မိသားစု ဒီထက်မက တိုးတက်လာပြီး မြို့ထဲမှာ အတူနေဖို့ ဆွေးနွေးလို့ရသည်။

ဘိုးဘိုးကျောက် ကြိမ်းမောင်းရတာ ပင်ပန်းလာတော့ ဝမ်ချွန်းဟွာက ရှက်ရှက်ဖြင့် ရှေ့တိုးလာသည်။ “ဖေဖေ… အခုဘာဖြစ်သွားလို့လဲ? လင်းကောအာနဲ့ပတ်သက်ပြီး တစ်ဖက်မိသားစုက ကျွန်တော်တို့အကြောင်းပြန်မှာကို စောင့်နေတုန်းလေ။ ဖေဖေ… သူတို့ပြောတော့ ငွေဆယ်ပြားပေးပါမယ်ဆို။ ဦးလေးငယ်က နွေဦးစာမေးပွဲမှာ ဝင်ဖြေဖို့ ငွေလိုတယ်လို့ ပြောခဲ့တယ်မလား?” တကယ်တော့ သူတို့က ဆယ့်နှစ်ပြားလို့ပြောခဲ့ပေမယ့် နှစ်ပြားကို သိုသိုသိပ်သိိပ်ပေးခဲ့တာဖြစ်၏။ သူက အပိုထပ်မယူရဲပေ။ ဤကိစ္စပေါက်ကြားသွားရင်လည်း ကိစ္စမရှိပေ။ ဝမ်ချွန်းဟွာက ဤနေရာတွင် ထက်မြက်၏။


ဘိုးဘိုးကျောက်က သူ့ပေါင်ကိုရိုက်လိုက်​တော့ ဝမ်ချွန်းဟွာ တိတ်ဆိတ်သွားသည်။ အငယ်ဆုံးသားလေး ကျောက်ဖျင်ချွမ်က ဧပြီလမှာ စာမေးပွဲဖြေဖို့ တင်းကျိုးစီရင်စုကို သွားရမည်။ သူစာမေးပွဲအောင်လျှင် ဖျင်ချွမ်က ပညာတော်သင်ဘွဲ့ချီးမြှင့်ခံရပြီး ဘိုးဘိုးကျောက်က ပညာရှင်၏ဖခင်ဖြစ်လာမည်။ ဖျင်ရှန်ရွာ၌ သူတို့ကို ပထမတန်းစားမိသားစုအဖြစ် သတ်မှတ်လိမ့်မည်။ ရွာထဲက ဘယ်သူကများ သူ့ကို အားမကျပဲ နေနိုင်မှာလဲ….

ကံအားလျော်စွာ တာဟူဆုံးသွားခဲ့ပြီး ဝတ်ပြုခြင်းကာလက သူမသား၏စာမေးပွဲကို မနှောင့်နှေးစေခဲ့ပေ။ မဟုတ်ပါက ဘိုးဘိုးကျောက်က မုန်းစရာကောင်းသော တာဟူကို မြေကြီးထဲက တူးထုတ်ပြီး ဆူပူကြိမ်းမောင်းနေဦးမည်။ ညီငယ်က သူ့အစ်ကိုလတ်အတွက် ဝတ်ပြုဆုတောင်းရန် ရက်တစ်ရာပဲလိုအပ်သည်။ ဤဝတ်ပြုဆုတောင်းခြင်းက ဧပြီလမှာ ကွက်တိပြီးဆုံးသွားလိမ့်မည်။ ဘိုးဘိုးကျောက်၏ မျက်လုံးထဲမှာ သားထွေး၏စာမေးပွဲက ထိုအသုံးမကျသောသား၏ သေရေးရှင်ရေးထက် ပိုအရေးကြီးသည်။ 

တင်းကျိုးစီရင်စုခရီးက အလွန်စျေးကြီးသည်။ သူ့လက်ထဲမှာရှိသော ငွေကိုစဥ်းစားရင်း ဘိုးဘိုးကျောက်​က တာဟူကို သတ်ခဲ့သော ကံဆိုးကောင်ဆီက ငွေညှစ်ထုတ်ဖို့ တွေးလိုက်သည်။ ဘိုးဘိုးကျောက်က ခန်းကုတင်အစွန်းမှာထိုင်ကာ တရစပ်ကြိမ်းမောင်းနေပြီး သူ့မျက်လုံးက မှေးစဥ်းလာ၏။ ဝမ်ချွန်းဟွာက မသေမျိုးအဘိုးကြီး ဘာတွေးနေလဲရိပ်မိသည်။ သူက စိတ်ထဲကနေ အောင်ပွဲခံသလိုပြုံးကာ သွားပြောလိုက်သည်။ “ဒီဦးလေးငယ်ကလည်း မကြာခင်လက်ထပ်တော့မှာဆိုတော့ သူ စာမေးပွဲအောင်သွားရင် ကျောက်မိသားစုက ပထမတန်းစားဖြစ်လာမှာ။ ဒီလက်ထပ်ပွဲကို ဖြစ်ကတတ်ဆန်းလုပ်လို့မရဘူး.. ဖေဖေ… ဒီအိမ်ဟောင်းကြီးကိုကြည့်ပါဦး ကျွန်တော့်ရဲ့ အနာဂတ်ယောက်ဖအတွက် ရှက်စရာကောင်းလွန်းတယ်။” ဘိုးဘိုးကျောက်က ထန်ချွန်းမင်၏ ခန်းဝင်ပစ္စည်းကို မယူနိုင်ခဲ့လို့ သူ့စိတ်ထဲမှာ မွန်းကြပ်ခဲ့တာကို ဝမ်ချွန်ဟွာသိသည်။ နောက်တော့ သုံးခန်းတွဲအိမ်ကြီးကိုဆောက်ဖို့ ထန်ချွန်းမင်က သူ့ခန်းဝင်ပစ္စည်းများကို သုံးနေတာတွေ့သောအခါ သူ့ရင်ထဲမှာ အကြံတစ်ခုပေါ်လာခဲ့သည်။ ဝမ်ချွမ်းဟွာက အိမ်ကို တစ်ယောက်တည်းအပိုင်သိမ်းဖို့ မတွေးထားပေမယ့် ဦးလေးငယ်က အိမ်ကြီးကို လွှဲယူပြီးရင် သူ့မိသားစုနဲ့လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေမှာဖြစ်၏။**

(**သူပြောချင်တာက ဝမ်ချွန်းဟွာနဲ့ သူ့ခင်ပွန်းက အငယ်ဆုံးဦးလေးနဲ့ အိမ်ခွဲမနေရင် သူတို့လည်း အိမ်ကြီးထဲကို ပြောင်းရွှေ့သွားလို့ရတာကိုပါ)

မူလကတော့ ဝမ်ချွန်းဟွာက ကောငယ်လေး ထန်ချွန်းမင်ကို မနာလိုဖြစ်ခဲ့ပြီး ထန်ချွန်းမင်က သူ့ထက်ကြည့်ကောင်းသည်။ သူ့ဖေဖေ ဆုံးသွားပြီး သူ့အဖေက မိထွေးကို ကာကွယ်ပေးနေခဲ့သော်လည်း သူက သူ့ဖခင်(ကော)၏ပိုင်ဆိုင်မှုအားလုံးကို ရခဲ့သေးသည်။ သူ့ဖခင်(ကော) ချန်ခဲ့သည့် ခန်းဝင်ပစ္စည်းအားလုံးက ကျောက်မိသားစုထဲကို ယူလာခဲ့​ပြီး ကျောက်မိသားစု၏ အကြီးဆုံးသမက်ဖြစ်သည့် သူ့ကို အရှက်ရစေခဲ့သည်။ ထိုအဘိုးကြီး (ထန်ချွန်းမင်အဖေ) က သူ့ကောငယ်လေးကို ဘာပြောခဲ့လဲ ဝမ်ချွန်းဟွာမသိပေမယ့် နောက်ပိုင်းမှာ ဘိုးဘိုးကျောက်နဲ့ ကျန်းတာဟူဘာပြောပြော ထန်ချွန်းမင်က သူ့ခန်းဝင်ပစ္စည်းများကို လက်လွှဲပေးဖို့ ငြင်းဆိုခဲ့လေသည်။


ဝမ်ချွန်းဟွာက ဂုဏ်ယူနေသည်။ ထန်ချွန်းမင်က အခု သူ့ကို ယှဥ်နိုင်ပါ့မလား? သူ နောက်တစ်ကြိမ်ကိုယ်ဝန်ရှိနေရင်တောင် ယင်းက သူမွေးနိုင်လား မမွေးနိုင်လားအပေါ်မူတည်သည်။ အဆုံးမှာ ဘိုးဘိုးကျောက်က သူ့ကို နောက်အိမ်ထောင်ပြုခိုင်းနေတုန်းပင်။ ဝမ်ချွန်းဟွာသည် ခြေမသန်သော မုဆိုးဖိုအိုကြီးအား ရှာပေးရန် သူ့မိသားစုကို အချိန်အတော်ကြာ တောင်းဆိုခဲ့ရသည်။ 


AuthorNote- 

ထန်ချွန်းမင်ရဲ့ဖခင် (ကော)က ထန်ချွန်းမင် ကျောက်မိသားစုအိမ်နဲ့လက်ထပ်ပြီး သိပ်မကြာခင်မှာ ဆုံးသွားတာပါ။ လင်းအာလေးကို မမွေးခင် သူ့ဖခင်အတွက် တစ်နှစ်တိတိ ဝတ်ပြုဆုတောင်းခဲ့ပါတယ်။ ထန်ချွန်းမင်က သူ့ခင်ပွန်းအတွက် တစ်နှစ်တိတိ ဝတ်ပြုဆုတောင်းပေးဖို့လိုပြီး အပေါ်စာသားမှာပါတဲ့အတိုင်း အငယ်ဆုံးသားက သူ့အစ်ကိုအတွက် သုံးလတိတိ ဝတ်ပြုဆုတောင်းဖို့လိုပါတယ်။