အပိုင်း ၃၂
Viewers 15k

Chapter 32 .1


 


ဖူရင်းယွီက ကုဆွေ့ဆွေ့နှင့်အတူ ထုပ်ပိုးထားသောစတော်ဘယ်ရီကိတ်လေးကို ဖုန်းယောက်ချင်း၏အလုပ်နေရာသို့ပို့ပေးလိုက်သည်။ ထို့နောက် ရှိန်နှုန်းမြင့်ရထားဘူတာသို့ သူ(မ)ကိုမောင်းပို့ပေးရန် လက်ထောက်အားပြောလိုက်သည်။ 


 


 "ဦးလေး ဘာဝယ်ချင်လို့လဲ"။ ၂၄ နာရီစတိုးဆိုင်ကသိပ်မကြီးလှသောကြောင့် တာဝန်ချိန်လဲရန် အလုပ်သမားတစ်ဦးသာ ထားလေ့ရှိသည်။ ဖုန်းယောက်ချိန်က ယနေ့တွင် မနက်ပိုင်းအရောင်းတာဝန်ကျပြီး နေ့ခင်းပိုင်းတွေတာဝန်ချိန်လဲရမည်ဖြစ်သည်။ 


 


ဖုန်းယောက်ချင်းက စတိုးဆိုင်ဝန်ထမ်းဝတ်စုံကိုလဲလိုက်ပြီး ကုန်ပစ္စည်းများကို စာရင်းကိုက်ရန် ဂိုဒေါင်သို့သွားလိုက်သည်။ သူ(မ)မရှိခိုင်တွင် ကုဆွေ့ဆွေ့က သူ(မ)အစား ငွေစက်ရှေ့တွင် တစ်ခဏမျှရပ်နေပေးသည်။ တာဝန်လဲချိန် ရောက်လာသောအခါ အလုပ်မှအချိန်မီထွက်ပြီး သူ(မ)သမီးကို နေ့လည်စာခေါ်ကျွေးနိုင်သည်။ 


 


ဝတ်စုံနက်နှင့်လူတစ်ယောက်က ငွေရှင်းစက်ရှေ့တွင်ရပ်နေသော ချစ်စဖွယ်ကလေးမလေးကိုတွေ့လိုက်ရသောအခါ ဟက်ဟက်ပက်ပက်ပြုံးပြရင်း ပြောလာသည်။ "ဦးဦးကပစ္စည်းတွေဝယ်ဖို့လာတာမဟုတ်ပါဘူး.....လူတစ်ယောက်ကိုရှာနေတာပါ"။ 


 


ကုဆွေ့ဆွေ့က အစတွင် ထိုသူအား မမှတ်မိချေ။ ထိုဦးလေးကြီး၏စကားကိုကြားသောအခါ ခပ်ပြတ်ပြတ်လေးပြန်မေးလိုက်သည်။ "ဦးလေး....ဒီမှာက သမီးနဲ့သမီးအမေပဲရှိတာပါ...ဦးကဘယ်သူ့ကိုရှာချင်တာလဲဟင်?"။ 


 


"....အမေလား?"။ ထိုအသုံးအနှုန်းကိုကြားလိုက်ရသောအခါ စုယွိင်လုံတစ်ယောက် ကြက်သေသေသွားသည်။ ထို့နောက် တစ်စုံတစ်ခုကို စဥ်းစားရင်း မေးလိုက်သည်။ "ကလေးလေး....သမီးရဲ့အမေက ဆံပင်ရှည်ရှည်ကောက်ကောက်နဲ့လား?"။ 


 


ကုဆွေ့ဆွေ့ကခေါင်းညိမ့်ကာ ယဥ်ယဥ်ကျေးကျေးနှင့်ပြန်ဖြေသည်။ "ဟုတ်.....အဲဒါဆိုရင် ဦးလေးကဒီမှာသမီးရဲ့အမေကိုလာရှာတာလား? မေမေက အခု....ဂိုဒေါင်ထဲမှာအလုပ်လုပ်နေတယ်....အခုသွားခေါ်ပေးရမလား....."။ 


 


စုယွိင်လုံက လက်ကာပြပြီး အလျင်အမြန်ပြောလာသည်။ "မလိုဘူး....ဦးဒီမှာပဲစောင့်နေတော့မယ်....သူ(မ)အလုပ်ပြီးသွားမှပဲစကားပြောတော့မယ်"။ 


 


"အိုး" 


 


ကလေးမလေးက သူ့ကို ရဲရဲတောက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။ နှုတ်ဆိတ်နေသော စုယွိင်လုံက မသိချင်ယောင်ဆောင်လိုသော်လည်း ထိုသို့မလုပ်နိုင်ပေ။ သူမနေနိုင်ပဲမေးလိုက်သည်။ "သူငယ်ချင်းလေး.....သမီးနာမည်ဘယ်လိုခေါ်လဲ?"။ 


 


ဤဦးလေးကြီးက မည်သို့ပင်ဆိုစေ သူ(မ)အမေကိုသိသောသူဖြစ်သည်ဟု ကုဆွေ့ဆွေ့တွေးမိသောကြောင့် မဖုံးမကွယ်ပဲနှင့် သူ(မ)၏ပနည်ကို ဂုဏ်ယူဝံ့ကြွားစွာပြောလိုက်သည်။ 


 


"အဲဒါဆိုရင် ဦးထပ်မေးအုံးမယ်....သမီးကဘာလို့ဦးကို စိုက်ကြည့်နေရတာတုန်း"။ ဤကလေးမလေးက သူ့အကြောင်းတွေးနေလိမ့်မည်ဟု စုယွိင်လုံ မထင်ထားချေ။ သူအနည်းငယ်သိချင်စိတ်ဖြစ်မိသောကြောင့်သာဖြစ်သည်။ ဤချစ်စဖွယ် ကလေးမလေးက ဘာကိုအလိုရှိနေသနည်း။ 


 


ကုဆွေ့ဆွေ့က တစ်ခဏမျှတုံ့ဆိုင်းနေပြီး ခေါင်းကိုငဲ့စောင်းကာ စိတ်ရှုပ်ထွေးနေသော မျက်နှာထားလေးဖြင့် ပြောလာသည်။ "ဦးလေးကို...သမီးဘယ်မှာမြင်ဖူးပါလိမ့်"။ ထိုလူကြီးကို သူ(မ)ပထမဆုံးတွေ့လိုက်စဥ်တွင် ရင်းနှီးနေသော ခံစားချက်မျိုး ရမိသည်။ သူ(မ)သူ့ကိုတစ်နေရာရာတွင် မြင်ဖူးခဲ့လိမ့်မည်။ သို့သော် မည်သည့်နေရာတွင် မြင်ဖူးခဲ့မှန်း သူ(မ)မသိပေ။ 


 


နုနုနယ်နယ်ကလေးလေးက ထိုသူကို မမှတ်မိပေ။ 


 


စုယွိင်လုံရှေ့တွင်ရှိနေသော ကလေးမလေးက သိမ်သိမ်မွေ့မွေ့နှင့် လှလှပပလေးမွေးဖွားလာခြင်းဖြစ်ရမည်။ ယခင်ကသာ ဤကလေးမလေးကို မြင်ဖူးခဲ့လျှင် သူဘယ်တော့မှမေ့လိမ့်မည် မဟုတ်ပေ။ သူ(မ)နှင့် ယနေ့မှ ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်ကြော်း စုယွိင်လုံ သေချာလှသည်။ သူကပြုံးရင်းမေးလိုက်သည်။ "ဆွေ့ဆွေ့...အဲဒါဆိုရင် ဦးတို့ဘယ်မှာတွေ့ဖူးခဲ့တာတဲ့လဲ"။ 


 


ကုဆွေ့ဆွေ့ကခေါင်းယမ်းပြီးအမှန်အတိုင်းပြောလိုက်သည်။ "မေ့သွားပြီ"။ 


 


ကလေးမလေး၏ စဥ်းစားမရသောကြောင့် စိတ်ရှုပ်ထွေးနေသော အမူအရာနှင့် သူ(မ)၏ တုံ့ပြန်ချက်ကို တွေ့လိုက်ရသောအခါ စုယွမ်းလုံ ရယ်မိတော့မလိုဖြစ်သွားသည်။ သူ့ပါးစပ်ကိုကာလိုက်ပြီး ချောင်းဟန့်ကာပြောသည်။ "အဲဒါက သမီးအမှတ်မှားသွားတာ ဖြစ်မှာပေါ့....ဒါမှမဟုတ် မှတ်ဥာဏ်မကောင်းတဲ့ ဦးကပဲမေ့သွားတာနေမယ်....ဒါပေမဲ့ ရပါတယ်...အခုဦးတို့ပြန်တွေ့ကြပြီပဲမလား....ဒါဆိုရင် နောက်တစ်ခေါက် သမီးဦးကိုတွေ့ရင် ဦးကဘယ်သူဆိုတာသမီးမမေ့တော့ဘူးပေါ့...ဟုတ်တယ်မလား"။ 


 


"မဟုတ်ဘူး"။ ထိုဦးလေးကြီး၏စကားက မလုံလောက်ဟု ကုဆွေ့ဆွေ့ခံစားမိသောကြောင့် သူ(မ)၏ လက်သီးသေးသေးလေးကိုဆုပ်ကာ မြှောက်လိုက်ရင်း အားရစဖွယ်လေသံလေးနှင့်ပြောလိုက်သည်။ "သမီးကမှတ်ဥာဏ်ကောင်းတယ်....ဒီတစ်ခေါက်မမှတ်မိတာက မတော်တဆဖြစ်သွားရုံပဲ"။ 


 


"ဟားဟားဟား.....သမီးမှတ်ဥာဏ်ကောင်းတာ ဦးသိပါတယ်"။ စုယွိင်လုံက ဤကလေးမလေးကို ချစ်ခင်လာပြီး ရုတ်တရက် သူ့သမီးလေးကိုတွေးမိသွားသည်။ 


 


မိခင်ဖြစ်သူက စောစောကွယ်လွန်သွားပြီး ဖခင်ဖြစ်သူ စုယွိင်လုံကိုယ်တိုင်ကလည်း အလုပ်ရှုပ်နေခဲ့သောကြောင့် အိမ်သို့မပြန်လာဖြစ်ခဲ့ပေ။ ထို့ကြောင့် မူလတန်းကျောင်းအပြီးတွင် သမီးဖြစ်သူယွီချင်း၏ အကျင့်စရိုက်က သူ(မ)၏သက်တူရွယ်တူ ကလေးများထက် ရင့်ကျက်နေပြီး ဖခင်အပေါ်လည်း နဂိုကဲ့သို့ ချွဲနွဲ့ခြင်းမျိုး မလုပ်တော့ချေ။


သူ့သမီးစုယွီချင်းကလည်း ငယ်စဥ်ကလေးဘဝက ဤကလေးမလေး ကုဆွေ့ဆွေ့ကဲ့သို့ပင် အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းခဲ့ပါသည်။ ယွီချင်းလေးကိုတွေ့သော လူကြီးတိုင်းက  မနေနိုင်မထိုင်နိုင်ပဲ ဖိညှစ်ပြီးပွေ့ဖက်ချင်ကြသည်အထိ ချစ်စဖွယ်ကလေးငယ်တစ်ယောက်ဖြစ်ခဲ့သည်။ 


 


ငယ်စဥ်ကလေးဘဝက သူ့အားအမြဲတမ်းပုံပြင်ပြောပြရန် တောင်းဆိုတတ်သော ချစ်စရာကောင်းပြီး အလွန်နူးညံ့သိမ်မွေ့သည့်သမီးဖြစ်သူကို တွေးမိသွားသောအခါ စုယွိင်လုံ၏မျက်ဝန်းထဲတွင် အတိတ်ကိုတမ်းတလွမ်းဆွတ်နေသော အရိပ်အယောင်များ ထင်ဟပ်သွားသည်။ 


 


"ရီဆွေ့က မှတ်ဥာဏ်သိပ်ကောင်းတာပဲ"။ ဖုန်းယောက်ချင်းတစ်ယောက် ဂိုဒေါင်မှ ထွက်လာချင်းချင်း ဆွေ့ဆွေ့၏ အသံကိုကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ သူ(မ)သမီးက အမျိုးသားတစ်ယောက်နှင့်စကားပြောနေသည်ကို တွေ့လိုက်ရသည်။ နှစ်ဦးသားက အချိန်အတန်ကြာ စကားပြောနေခဲ့ပုံရသည်။ သူ(မ)၏မျက်ခုံးများက အနည်းငယ် ရှုံ့တွသွားသည်။ မသိစိတ်၏စေ့ဆော်မှုအရ စတိုးဆိုင်ရှိမြောက်မြားလှစွာသော ကင်မရာများကိုတစ်ချက်ကြည့်မိပြီးမှ သူ(မ)စိတ်သက်သာရာရသွားတော့သည်။ သို့သော် ပစ္စည်းအပျက်များကိုပြင်ဆင်ရန် စတိုးဆိုင်ကောင်တာကို ထားလေ့ရှိသော ခွရှင်ကို လိုရမယ်ရ သူ(မ)လက်ထဲတွင် ယူထားလိုက်သည်။ 


 


မည်သို့ပင်ဖြစ်စေ သူ(မ)သမီးလေးနှင့်ဘာမှ ပတ်သတ်စရာမရှိသော လူတစ်ယောက်က စတိုးဆိုင်ထဲတွင် ရှိနေသည်မဟုတ်လား။ 


 


"မေမေ ထွက်လာပြီလား....ဒီဦးလေးက မေမေ့ကိုလာရှာတာလို့ ပြောတယ်"။ ကုဆွေ့ဆွေ့က သူ(မ)အမေထွက်လာသည်ကို တွေ့လိုက်ရသောအခါ ပျော်ရွှင်စွာနှင့်ပြောလာသည်။  


 


ဖုန်းယောက်ချင်းက သူ(မ)သမီးပြောသောစကားများကို ကြားလိုက်ရသောအခါ လက်ထဲတွင်ခွရှင်ကို ဆုပ်ကိုင်ထားရင်း မျက်နှာချင်းဆိုင်ရှိ အမျိုးသားကို မယုံသင်္ကာနှင့် ကြည့်လိုက်သည်။ ပထမတော့ သူ(မ)ရင်းနှီးနေသလို ခံစားမိသည်။ နောက်ထပ်စက္ကန့်ပိုင်းလောက် ထပ် 


ကြည့်မိသောအခါ အဘယ်ကြောင့် ထိုရင်းနှီးနေသော ခံစားချက်မျိုးရနေမှန်း သိလိုက်ရသည်။ ထို့နောက် သူ(မ) အံ့အားသင့်နေသော လေသံဖြင့်ပြောလိုက်သည်။ "မစ္စတာစုပဲကိုး.....ရှင်ကဒီကိုဘာကြောင့် ရောက်နေရတာလဲ"။ 


 


စုယွိင်လုံက သူတစ်ကယ်သိသော ကလေးမလေး၏ မိခင်ဖြစ်သူကို တွေ့လိုက်ရသောအခါ သူ့မျက်နှာကအနည်းငယ်ပိုပြီး ရွှင်မြူးသွားပြီး ပြောလာသည်။ "မစ္စစ်ဖုန်း မနေ့နေ့လည်ပိုင်းက ဖြစ်ခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်"။ 


 


 သူ့ကုမ္ပဏီက ဤစတိုးဆိုင်နှင့် မနီးမဝေးတွင်ရှိသည်။ စာချုပ်အတွက်ဆွေးနွေးညှိနှိုင်းရန် ဤစတိုးဆိုင်လေးနားဖြတ်အသွားတွင် သူလိုအပ်သောပစ္စည်းကို ကားပေါ်မှဆင်းဝယ်လိုက်သည်။  


အကျိုးဆက်အနေနှင့် အလွန်အရေးကြီးသော ယူအက်စ်ဘီ ဒရိုက်တစ်ခုကို စတိုးဆိုင်ထဲတွင် မေ့ကျန်ခဲ့မိသည်။ စတိုးဆိုင်တွင်အလုပ်လုပ်နေသော ဝန်ထမ်းကသာ ထိုယူအက်စ်ဘီဒရိုက်ကို တွေ့ပြီး မသိမ်းထားပေးခဲ့လျှင် သူ၏အသေးအဖွဲအမှားတစ်ခုကြောင့် အရေးကြီးသောကိစ္စတစ်ခုကို ရွှေ့ဆိုင်းလိုက်ရမည်ဖြစ်သည်။ 


 


ဖုန်းယောက်ချင်းကပြုံးရင်းပြောသည်။ "ကျေးဇူးတင်စရာမလိုပါဘူး....အဲဒါကဒီတိုင်းဘာမှမဟုတ်တဲ့အကူအညီလေးပါ....ပြီးတော့ မစ္စတာစုက ကျွန်မကိုတစ်ခါကျေးဇူးတင်စကားပြောပြီးသွားပြီလေ"။ တစ်ကယ်တမ်းတွင် သူ(မ)က သူတစ်ပါးကိုအကူအညီပေးလိုသောသူမျိုးမဟုတ်ပေ။ မနေ့ကသူ(မ)သမီးလေးက နေ့လည်ပိုင်းတွင် အစီအစဥ်ရိုက်ကူးပြီးပြန်လာသောကြောင့်ဖြစ်သည်။ သူ(မ)စိတ်အခြေအနေကောင်းမှသာ သူတစ်ပါးကို ကူညီလိုခြင်းဖြစ်သည်။ 


 


"မစ္စစ်ဖုန်း ဒီလိုဆိုရင်ရောဘယ်လိုလဲ.....ခင်ဗျားနဲ့ခင်ဗျားရဲ့သမီးကို ဒီနေ့နေ့လည်ကျရင် နေ့လည်စာတူတူစားကြဖို့အတွက် ဖိတ်ကျွေးပါ့မယ်....မနေ့က ကျွန်တော့်ကို ကူညီတဲ့အတွက် ကျေးဇူးတင်ချင်လို့ပါ"။ စုယွိင်လုံက တစ်ခဏမျှစဥ်းစားပြီး ပြောလိုက်သည်။ 


 


ထိုယူအက်စ်ဘီဒရိုက်က သူ့အတွက် အလွန်အရေးကြီးသောအရာတစ်ခုဖြစ်သည်။ သူကျေးဇူးတင်စကားလေးသာပြောပြီး ထွက်သွားလိုက်လျှင် သူ(မ)ကိုအားနာနေမိမည်ဖြစ်သည်။ 


 


ဖုန်းယောက်ချင်းက သူ(မ)ရှေ့တွင်ရပ်နေသော အရပ်အမောင်းမြဂ့်မြင့်နှင့်ချောမောသော လူကြီးကိုတစ်လှည့် ထိုသူအား မမှိတ်မသုန်စိုက်ကြည့်နေသော ဆွေ့ဆွေ့ကိုတစ်လှည့်ကြည့်လိုက်မိသည်။ သူ(မ)စိတ်ထဲတွင် တစ်ခဏမျှတုံ့ဆိုင်းနေပြီးသည့်နောက် စိတ်ကိုပြောင်းလိုက်ကာ အပြုံးလေးနှင့်ပြောလိုက်သည်။ "ကဲ အဲဒါဆိုရင် ခဏလောက်တော့စောင့်ပါဦး....ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်ရောက်လာရင် သွားကြတာပေါ့"။ 


 


ထိုအချိန်တွင် ဖုန်းယောက်ချင်း၏လုပ်ဖော်ကိုင်ဖက်က သူ(မ)နှင့် တာဝန်အချိန်လဲရန် ရောက်လာသည်။ သားအမိနှစ်ဦး၏ အကြိုက်ကို မေးမြန်းပြီးနောက် စုယွမ်းလုံက အိမ်ချက်စတိုင် စားသောက်ဆိုင်သို့ ဦးဆောင်ခေါ်သွားသည်။ ဤစားသောက်ဆိုင်ရှိ အိမ်ချက်ဟင်းပွဲများကို မဖြစ်မနေစားကြည့်သင့်သောဟင်းလျာများဖြစ်ပြီး သူ့သမီးစုယွီချင်းကိုလည်း ဤနေရာသို့ထမင်းအတူစားရန် တစ်ခါတစ်ရံတွင် ခေါ်လာလေ့ရှိသည်။ 


 


သူတို့သုံးဦး နေ့လည်ပိုင်းမှ ထိုစားသောက်ဆိုင်သို့လာသောကြောင့် လူအတော်ကျနေသည်။ စားသောက်ဆိုင်က အတော်လေး နာမည်ကြီးသောကြောင့်ဖြစ်သည်။ ဒုတိယထပ်တွင် နေရာလွတ်ပင် မရှိတော့ချေ။ နောက်ဆုံးမှ ပထမထပ်ခန်းမကြီးတွင် ရှုခင်းကောင်းကောင်းနှင့် နေရာတစ်ခုကိုတွေ့သွားတော့သည်။


စုယွိင်လုံက စားပွဲထိုးပေးသော မီနူးစာအုပ်ကို မျက်နှာချင်းတွင်ထိုင်နေသော သားအမိနှစ်ဦးအား ကမ်းပေးလိုက်ပြီး ပြောသည်။ "ကျွန်တော်ဖိတ်ကျွေးတာမလို့....မှာချင်တာမှာစားလို့ရပါတယ်"။ 


 


ဧည့်ခံကျွေးမွေးသည့်နေရာတွင် ကျွေးမွေးခံရ 


သည့်သူက မကောင်းလှချေ။ ဘာစားရမည်မှန်းမသိလျှင် အဆင့်အတန်းမရှိသူဟု အခြားသူများကထင်ကြပေလိမ့်မည်။ ဖုန်းယောက်ချင်းက တုံးအ သူတစ်ယောက်မဟုတ်ပေ။ သူ(မ)က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ "ကျွန်မတို့လည်း ဒီစားသောက်ဆိုင်ကို ပထမဆုံးရောက်ဖူးတာပါ....ဘာကအရသာရှိလည်း ကျွန်မမသိဘူး....မစ္စတာစုက လာဖူးနေကျနဲ့တူတယ်...ကျွန်မတို့ကိုညွှန်းပေးပါဦး"။ 


 


သူ(မ)၏အကြံအစည်အတွက်သာ မဟုတ်လျှင် ဆွေ့ဆွေ့ကို လူစိမ်းတစ်ယောက်အနေနှင့်အတူ ညစာစားရန် ခေါ်မသွားချင်ပေ။ ယနေ့နေ့လည်တွင် သူ(မ)သမီး အချိန်အကြာကြီးတည်းက စားချင်နေခဲ့သော ဂဏန်းပေါင်းစားရန် ခေါ်သွားမလို့ဖြစ်သည်။ လွမ်ခဲ့သောအပတ်က "ကြယ်ပွင့်တို့၏သီးသန့်မီးဖိုချောင်" ဟူသော အစားအသောက်ရသစုံရှိုးတွင် ဂဏန်းပေါင်းချက်ပြခဲ့သည်။ ထိုအစီအစဥ်ကြည့်ပြီးနောက် ဆွေ့ဆွေ့ပိုပိုပြီး သရေကျလာခဲ့သည်။ 


 


သူတို့သုံးဦးရှိသော်လည်း စုယွိင်လုံက ကျွေးမွေးဧည့်ခံမည်ဟု ပြောထားသောကြောင့် တွန့်တိုမနေတော့ပေ။ ဟင်းပွဲခုနစ်ပွဲ ရှစ်ပွဲခန့်ကို တစ်ခါတည်းမှာလိုက်ပြီး ဆွေ့ဆွေ့ကြိုက်သော သောက်စရာများကိုလည်း မှာလိုက်သည်။ 


 


သူတို့သုံးဦး နေ့လည်စာအတူတူစားရာတွင် ကုဆွေ့ဆွေ့က အလွန်ပျော်ရွှင်နေသည်။ 


 


နေ့လည်စာစားပြီးနောက်တွင် စုယွိင်လုံက သားအမိနှစ်ဦးအား ရပ်ကွက်ဝင်ပေါက်အထိ ဂရုတစိုက်မောင်းပို့ပေးသည်။ 


 


မောင်းထွက်သွားသောကားလေးကို ဖုန်းယောက်ချင်းကြည့်ပြီး သူ(မ)သမီး ကုဆွေ့ဆွေ့ကိုကြည့်ကာ မေးလိုက်သည်။ "ဆွေ့ဆွေ့.....မေမေတို့ကိုအိမ်ပြန်ပို့ပေးတဲ့ ခဏကဦးလေးကြီးကို သမီးသဘောကျလား"။ 


 


ကုဆွေ့ဆွေ့က စားပွဲပေါ်ရှိဟင်းပွဲများကို တွေးလိုက်ပြီး ထိုဦးလေးကြီးကိုတွေ့သောအခါ တူညီသောခံစားမျိုးပြန်ရလာသည်။ ထို့ကြောင့် ခေါင်းညိမ့်ကာ ပြောလိုက်သည်။ "သမီးသဘောကျပါတယ်!"။ 


 


ဖုန်းယောက်ချင်း၏ မျက်လုံးများက တဖျပ်ဖျပ်လှုပ်ခတ်သွားပြီး ဆက်မေးသည်။ "အဲဒါဆိုရင်....အဲဒီဦးလေးကြီးက သမီးအဖေဖြစ်ရင်ရော...ဘယ်လိုထင်လဲ?"။ 


 


ဖခင်ဖြစ်သူမရှိလျှင် မပျော်ရွှင်နိုင်ဟု ကုဆွေ့ဆွေ့ပြောခဲ့သောစကားကို သူ(မ)စိတ်ထဲတွင် မှတ်ထားဆဲပင်။ အဖေဟူသော စကားလုံးကို ဆွေ့ဆွေ့ကြားလိုက်ရသောအခါ သူ(မ)၏ မျက်ဝန်းများက ခါတိုင်းထက် ပိုမိုတောက်ပဝင်းလက်လာသည်။ သူ(မ)သဘောကျနေသည်မှာ သိသာလှသည်။ 


 


ထို့ကြောင့် ဆွေ့ဆွေ့ကို မေတ္တာပေးနိုင်မည့် ဖခင်တစ်ယောက်ကိုရှာရန် သူ(မ)စဥ်းစားဆုံးဖြတ်လိုက်သည်။ နေ့လည်စာကျွေးမွေးဧည့်ခံသည့်အချိန်တွင်လည်း ကလေးနှင့်ပတ်သတ်ပြီး သူ(မ)တမင်တကာ ဆွေးနွေးလိုက်သောအခါ ထိုသူ၏ ဇနီးဖြစ်သူက လွန်ခဲ့သောနှစ်များစွာတည်းက ကွယ်လွန်သွားခဲ့ပြီး မိသားစုဟူ၍ သမီးလေးတစ်ယောက်သာ ကျန်ရစ်ခဲ့ကြောင်း သိလိုက်ရသည်။ 


 


ထိုလူကြီးမောင်းသော ကားပုံစံမှအစ ဝတ်စားထားသော ဝတ်စုံအထိ ထိုသူ၏ဝင်ငွေက အလွန်မြင့်ကြောင်းသိနိုင်သည်။ မျက်ခုံးထူထူ မျက်ဝန်းကြီးကြီးနှင့် ထိုသူက ရုပ်ရည်လည်းမဆိုးလှချေ။ 


ပညာတတ်ပြီး လူကြီးလူကောင်းတစ်ယောက်ဖြစ်ဟန်ရှိသည်။ 


 


 မည်သို့ပင်ဆိုစေ ဖုန်းယောက်ချင်းလူကဲခတ် မမှားနိုင်ပေ။ သူ(မ)၏ ပထဆုံးထိုလူ့အပေါ် ထင်မြင်ချက်က အလွန်ကောင်းသည်။ 


 


သူ့ထံတွင် ကားရှိသည် ၊ အိမ်ရှိသည်။ သူ(မ)သဘောကျသော ပုံစံမျိုးဖြစ်သည်။ ထို့အပြင် ထိုသို့နေရန်က သူ(မ)သမီးအားအမြဲတမ်း နေစေလိုခဲ့သော ဘဝမျိုးဖြစ်သည်။ 


 


ကုဆွေ့ဆွေ့၏ အာရုံက အလွန်ထူးဆန်းနေပြီး ဘာမှနားမှလည်သည့်ဟန်ဖြင့် စိတ်အားထက်သန်စွာမေးလိုက်သည်။ "သမီးဖေဖေက ဦးလေးကြီးလောက် အရပ်ရှည်လား"။ လူတိုင်းက အရပ်ရှည်ကြပြီး သူ(မ)ကအပုဆုံးဖြစ်နေသည်။ ကိုကို တုံတုံပင်လျှင် သူ(မ)ထက်အရပ်ရှည်သေးသည်။ 


 


ဆွေ့ဆွေ့လေး၏ဖခင်ကို သူ(မ)မတွေ့ရသည်မှာ သုံးနှစ်ကျော်ခန့်ရှိနေပြီဖြစ်သည်။ သူ့အရပ်အမောင်းမည်မျှရှိမှန်း သူ(မ)အမှန်တကယ် မမှတ်မိတော့ချေ။ သို့သော် ဖခင်ဖြစ်သူအပေါ်လေးလေးစားစားရှိသော သူ(မ)သမီးလေးကို စိတ်ကျေနပ်စေရန်အတွက် စဥ်းစားပြီးပြောလိုက်သည်။ "အင်း....သမီးလေးရဲ့ ဖေဖေက အရမ်းပဲ အရပ်ရှည်တယ်"။ 


 


ထိုစကားကို ကုဆွေ့ဆွေ့ကြားလိုက်ရသောအခါ သူ(မ)ချက်ချင်းပင် ကျေနပ်အားရသွားသည်။ ကြားဝင်ပြောလိုက်သောကြောင့် သူ(မ)အမေမေးသော မေးခွန်းကို မေ့သွားခဲ့သည်။ 


 


ဖုန်းယောက်ချင်းက ဆက်မမေးတော့ချေ။ သူ(မ)သမီးက မစ္စတာစုကို သဘောကျလား မကျလား ပထမဆုံးသိချင်မိသောကြောင့်ဖြစ်သည်။ ယခုတွင် ပထွေးဟူသော သဘောထားကို ဆွေ့ဆွေ့လက်ခံလာအောင် မဖြစ်မနေလုပ်ဖို့မလိုပေ။ 


 


ကိစ္စများအမှန်တကယ်မဖြစ်လာသေးခင်တွင် သူ(မ)သမီးလေးကို လျှို့ဝှက်ထားရမည်ဖြစ်သည်။ ထိုဦးလေးက သူ(မ)အဖေမဖြစ်လာမှန်း နောက်ဆုံးမှသိသွားခဲ့လျှင် သူ(မ)ထပ်ပြီး စိတ်ပျက်သွားပေလိမ့်မည်။