Chapter 12.2
“လှည့်ဖြားခြင်း”
ဒါကြောင့် ထန်ချွန်းမင်က ရှုပ်ထွေးနေသော အမူအရာဖြင့် အပ်နှင့်ချည်ကိုကိုင်ကာ အမျိုးသားတစ်ယောက်မှ ကောတစ်ယောက်အသွင် ေပြာင်းလိုက်၏။
.
“အားမော့… ဦးလေးကမ်းရဲ့ မိသားစုက အခုဘာဖြစ်သွားပြီလဲ? သူတို့ အိမ်နဲ့မြေကို မလွှဲပေးသေးဘူးလား?” ကျန်းရှို့၏ပိုက်ဆံအိတ်ပေါ်တွင် ဇာလီပန်းပွင့်ပုံ တဖြည်းဖြည်းပေါ်လာခဲ့သည်။
“သူ့မိသားစုက ပြန်ပေးပါ့မလား!” ရှန်းဖူလန်က မကျေမနပ်ပြောပြီး သူ့လက်ထဲက ကြိုးကို အားဖြင့်ဆွဲကာ ဒေါသပုံချစရာ ပစ်မှတ်လို့သတ်မှတ်လိုက်သည်။ “သူတို့ လန့်သွားလို့ လင်မယားနှစ်ယောက်လုံး အိပ်ရာပေါ်မှာလဲနေတယ်။ သူ့မိသားစုရဲ့သားက သူ့အတွက် တရားမျှတမှုရှာပေးဖို့ ငါတို့အိမ်က လူကြီးကို တောင်းဆိုထားတယ်။”
“သူတို့နေမကောင်းတာ တကယ်လား အတုအယောင်လား?” ကျန်းရှို့က သံသယဝင်နေသည်။ အားမော့က တိတ်ဆိတ်သည့် နေရာမှာ နေချင်တာလည်း မဆန်းတော့ပေ။ ရွာလူကြီးက အိမ်မှာ ပြဿနာဖြေရှင်းနေလို့ သူတို့အိမ်က ခေါင်းကိုက်စရာကောင်းလှသည်။
“မှန်လား မမှန်ဘူးလားတော့ မသိပေမယ့် သူတို့က ဒါကိုသုံးပြီး လီဖုန်းနဲ့ အဲ့ဒီလူကို ထိုးနှက်ချင်တာလေ။ ဒီတွက်ချက်မှုက အမှားပါပဲ။ အင်း သူ့အိမ်က ကောလေးက လီဖုန်းကိုတွေ့တော့ လန့်အော်ခဲ့တယ်။ လီဖုန်းကို အမှားလုပ်ခဲ့တဲ့ သူ့မိသားစုကိုတော့ အပြစ်မမြင်ဘူး။” ရှန်းဖူလန်က ပြောလေ ဒေါသထွက်လေပင်။ သူ့လက်ထဲက လျှော်ကြိုးက အသံထွက်လာပြီး ထန်ချွန်းမင်တောင် လန့်သွားခဲ့သည်။
“သူက ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာလား? အရမ်းဆိုးလား?” ကောတစ်ယောက်ကို အော်ဟစ်စေသည်အထိ ထိတ်လန့်စေသော ထိုလူက ဘယ်လောက်ကြောက်စရာကောင်းလဲ ထန်ချွန်းမင်သိချင်သည်။
ရှန်းဖူလန်က သေချာမဖော်ပြနိုင်၍ အပ်ကိုချကာ ထန်ချွန်းမင်နှင့် ကျန်းရှို့ကို မျက်လုံးမှိတ်ပြလိုက်သည်။ “ဒီမှာ.. သူ့မျက်လုံးထိပ်ကနေ မျက်လုံးတစ်ဖက် ပျက်စီးလုနီးပါးပဲ။ ဒါပေမယ့် အမာရွတ်ကြီးက ပျောက်သွားလ်ို့ အမာရွတ်သေးေသးလေးတွေပဲ ကျန်တော့တယ်။ ငါကတော့ ရုပ်ဆိုးတယ်လို့မထင်ပေမယ့် သူက စစ်မြေပြင်မှာ သွေးထွက်သံယိုဖြစ်လာတော့ ပိုပြီး မသက်မသာဖြစ်စေတယ်။”
“အဲ့ဒါကအဆင်ပြေပါတယ်။ အဲ့ဒီမိသားစုက ကောက ပုံကြီးချဲ့နေတာပါ။” ထန်ချွန်းမင်က ထိုကိစ္စ သိပ်မလေးနက်မှန်းနားလည်သွားသည်။ သူ့မျက်နှာမှာ ကြောက်စရာကောင်းသော အမာရွတ်တစ်ခုရှိတယ်လို့ သူထင်ခဲ့သည်။ ရှန်းဖူလန်၏စကားအရ လူသေအလောင်းများကြားမှာ ဖြတ်လျှောက်လာသည့် လီဖုန်းကို ရန်စဖို့မလွယ်ပေ။
“မဟုတ်ဘူး။ အဲ့ဒီမိသားစုက ကောလေးက သူ့နာမည်ကို ဖျက်လိုက်တာလေ ပျံ့သွားတယ်လေ။ အနာဂတ်မှာ ဇနီးလေးတစ်ယောက်ရှာဖို့တောင် ခက်ခဲတယ်။” ရှန်းဖူလန်က ထိုကောလေးကို အမြင်မကြည်ပေ။
ထန်ချွန်းမင်က သိပ်အလေးအနက်မထားပေ။ သူ့အမြင်တွင် လီဖုန်းက စွမ်းဆောင်ရည်ရှိပြီး ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ရင် အိမ်ထောင်ပြုဖို့ လိုမှာမို့လား? ခေတ်မီလူ့အဖွဲ့အစည်းမှာ ပိုက်ဆံ၊ ဒုတိယဇနီးနှင့် မယားငယ်ရှိတဲ့လူတွေက ရုပ်ချောကြလို့လား? သို့ပေမယ့် သူက ကျန်းရှို့ပြောခဲ့သော လူကြီးကို ပိုစိတ်ဝင်စားသည်။ သူက ခြံတံတိုင်းကို လက်သီးတစ်ချက်ဖြင့် အပေါက်ပေါက်ခဲ့သည်လေ။ သူ့အားဘယ်လောက်တောင် သုံးနိုင်ခဲ့လဲ? ရှေးခေတ်မှာ အုတ်တံတိုင်းပေါ်ပျံနိုင်တဲ့ သိုင်းပညာရှင်တွေရှိနေတာလား?
နှစ်ရက်နေတော့ ထန်ချွန်းမင်က သတင်းအပြည့်စုံကို ကြားခဲ့ရသည်။ မျှော်လင့်ထားသလိုပင် လီစုန့်ကမ်း၏မိသားစုက ရှုံးသွားပြီး လယ်ကွင်းနဲ့ အိမ်များကို ပြန်ပေးခဲ့ရသည်။ ရွာလူကြီးက ယခင်နှစ်များရှိ မိသားစု၏ထွက်ကုန်များကို ပြန်မတောင်းခဲ့ပေ။ သူတို့က အရှက်ကွဲနေပြီဖြစ်ရာ လီစုန့်ကမ်း၏မိသားစု ပြဿနာရှာဖို့က မဖြစ်နိုင်ပေ။ လီမိသားစုအကြီးအကဲက ရွာလူကြီး၏သဘောထားကို လက်ခံခဲ့သည်။ လီမိသားစု၏ ဂုဏ်သတင်းကို လီစုန့်ကမ်းက မဖျက်စီးနိုင်ပေ။ ဖျင်ရှန်ရွာဘေးတွင် နေထိုင်ကြသော လူတွေက လီမိသားစုကို စောင့်ကြည့်နေသည်။
ကျန်းရှို့က အရာအားလုံးကို သူ့မျက်လုံးနဲ့မြင်ခဲ့သလို ကွက်ကွက်ကွင်းကွင်း ပြောပြခဲ့သည်။ လီစုန့်ကမ်းတို့ လင်မယားက ဖျားနေတယ်လို့ ဟန်ဆောင်ခဲ့ပြီး သူတို့ ခန်းကုတင်ပေါ်မှာ လှဲနေစဥ် သူတို့သားက ရွာလူကြီးအိမ်မှာ ပြဿနာရှာခဲ့သည်။ လူသန်ကြီးက ငွေဆယ်ပြားထုတ်ကာ မြို့ပေါ်က အကောင်းဆုံးသမားတော်ကို ဖိတ်ခိုင်းခဲ့သည်။ ထိုလင်မယားက ထိုငွေကို လိုချင်ခဲ့ပေမယ့် လူသန်ကြီးက သူတို့ကိုပေးမယ့်အစား ဆေးဖိုးအဖြစ်သာ ပေးချေခဲ့သည်။
ကိစ္စက အံ့အားသင့်စရာပင်။ လူတစ်ယောက်က အမှန်တကယ်ပင် မြို့ပေါ်တက်ကာ သမားတော်ဖိတ်ခဲ့သည်။ သမားတော်က ရောဂါရှာဖွေပြီး စကားအများကြီးပြောခဲ့ပေမယ့် ယင်းမှာ ထိုလင်မယားကို စိတ်ဓာတ်ကျစေခဲ့သည်။ သမားတော်က ဆေးမညွန်းပဲထွက်သွားသဖြင့် ဘေးကြည့်ပရိသတ်များက ရယ်မောခဲ့ကြသည်။ ထိုပြဇာတ်က ထန်ချွန်းမင်၏ပြဇာတ်ထက်ပင် ပိုအသက်ဝင်နေခဲ့သည်။
“လူသန်ကြီး ဘယ်လောက်သန်မာလဲ မင်းမသိပါဘူး။ သူ စားပွဲပေါ်ကို ငွေပြားတွေ ရိုက်ချလိုက်တော့ စားပွဲပေါ်မှာ လွင့်ပျံသွားတယ်။ ကမ်းမိသားစုရဲ့သားက အဲ့ဒီငွေကိုပဲကြည့်နေပြီး ငွေကို မြင်လိုက်ရတဲ့အချိန် လင်မယားနှစ်ယောက်က မျက်ခွံလှန်ပြီး မူးမေ့မတတ်ဖြစ်သွားတယ်။ ဟားဟားဟား…” ကျန်းရှို့က ထန်ချွန်းမင်ကို အမူအရာလုပ်ပြတော့ ထန်ချွန်းမင်က သူနဲ့အတူ ရယ်မောလိုက်သည်။
“လီစုန့်ကမ်းမိသားစုက အိမ်မရှိတာဖြစ်နိုင်ပါ့မလား? သူတို့က သူတို့တူနဲ့ နေချင်တာလား?” ထန်ချွန်းမင်က သူတို့မှာ ထိုနေရာပဲရှိတယ်လို့ သိထားသည်။
“မဟုတ်ဘူး။ ကလေးလေးလီဖုန်းက ထွက်သွားတော့ သူတို့က သူတို့သားလေး လက်ထပ်ချင်လို့ နေစရာမရှိဘူးလို့ ပြောခဲ့တယ်။ သူတို့က လီဖုန်းရဲ့အိမ်ကို ငှားပြီး ပြန်လာရင် ပြန်ပေးပါ့မယ်လို့ ပြောခဲ့တယ်။ နှစ်နှစ်ကြာတော့ လူတိုင်းပြန်လာပေမယ့် လီဖုန်းကပြန်မလာခဲ့ဘူး။ လီဖုန်းက ကျရှုံးသူစာရင်းထဲမပါကြောင်း သိခဲ့ပေမယ့် စစ်မြေပြင်က ပြန်လာတဲ့ လူတွေက လီဖုန်းရဲ့အခြေအနေကို မသိတော့ ရွာလူကြီးက လီဖုန်းရဲ့ အိမ်နဲ့ခြံကို ခဏပေးခဲ့တယ်။ အခုတော့ အဲ့ဒါတွေက လီဖုန်းလက်ထဲပြန်ရောက်သွားလို့ လီမိသားစုက ဘာမှလုပ်လို့မရတော့ဘူး။”
ထန်ချွန်းမင်၏ ရွာလူကြီးအပေါ်ထားရှိသော အမြင်က ပိုကောင်းလာပြီး အနာဂတ်မှာ သူတို့မိသားစုနဲ့ ဆက်ဆံရေးကောင်းရမယ်လို့ ဆုံးဖြတ်လိုက်သည်။