Chapter 13.2
“လီဖုန်း”
စကားလုံးအနည်းငယ်မျှဖြင့် ထိုလူက ကောလာဟလများနှင့် မကိုက်ညီသော လူတစ်ဦးဖြစ်ကြောင်း သူသိခဲ့ရသည်။ ထိုလူက စာရင်းစာအုပ်သုံးပြီး ကျောက်မိသားစုနှင့် စာရင်းရှင်းရဲသည့် အသွင်ပေါ်ပေမယ့် စိတ်ဓာတ်ကျနေပုံမပေါ်ပေ။ ဘိုးဘိုးကျောက်က ငွေဆယ့်ငါးပြားအတွက်နဲ့ ထိုလူအား နောက်အိမ်ထောင်ချပေးဖို့ ကြိုးစားခဲ့တာကို တွေးလိုက်အခါ လီဖုန်းက ဒေါသထွက်လာခဲ့သည်။
“ဟေး… ဘာလို့ရာသီဥတုက ရုတ်တရက်အေးစက်လာတာလဲ? အထဲဝင်ခဲ့..ငါတံခါးပိတ်လိုက်မယ်။ ထန်ချွန်းမင် ထွက်သွားပြီဖြစ်၍ ရှန်းဖူလန်က ရုတ်တရက် ချမ်းစိမ့်လာပြီး ရာသီဥတု ပြောင်းလဲသွားတာလို့ပဲ တွေးလိုက်လေ၏။
လီဖုန်းက ရှန်းဖူလန်နောက်ကနေ ခြံထဲလိုက်သွားသည်။ ရွာသူကြီးက သူ့ကို နှုတ်ဆက်လာပြီး အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ “လီဖုန်း တစ်ခုခုဖြစ်လို့လား? အိမ်မှာစားဖို့ရောရှိရဲ့လား? မရှိရင် မင်းသူငယ်ချင်းကို ဦးလေးအိမ်ကိုခေါ်လာခဲ့။ ဦးလေး တူနှစ်စုံပိုပြင်ထားလိုက်မယ်။” အိမ်နဲ့မြေပြန်ပေးပြီးသွားသော်လည်း လယ်ကွင်းထဲမှ သီးနှံထွက်ဖို့ အချိန်ကြာဦးမည်။ ရွာလူကြီးက လီဖုန်း၏ လက်ရှိအခြေအနေကို သိပ်မသိပဲ သူစားစရာမရှိမှာစိုး၍ ထိုစကားကိုပြောလိုက်သည်။ မိသားစုကြားက ဆက်ဆံရေးအကြောင်း ပြောရရင် ရွာလူကြီး၊ လီစုန့်ကမ်းနှင့် လီစုန့်ရှူတို့၏အဘိုးက ညီအစ်ကိုတွေဖြစ်၏။ လီစုန့်ရှုက ဆုံးသွားတာ ကြာခဲ့ပြီဖြစ်သလို သူ့သားလီဖုန်းကလည်း ယခုမှ ပြန်ရောက်တာပင်။ ယခု သူ လီဖုန်းကို စောင့်ရှောက်ဖို့ အချိန်ကျပြီလို့ ရွာလူကြီးကတွေးလိုက်သည်။
လီဖုန်း၏မျက်နှာအမူအရာက အနည်းငယ်ပြေလျော့သွားပြီး သူက သူ့ပါးစပ်ထောင့်ကို တွန့်ကွေးလိုက်သည်။ “ဦးလေး… စိတ်မပူပါနဲ့။ ကျွန်တော် ပိုက်ဆံနည်းနည်းစုထားပါတယ်။ ဒါကြောင့် ဦးလေးကို ဒုက္ခပေးဖို့ မလိုပါဘူး။ ဒါပေမယ့် ဦးေလးကူညီနိုင်တာ တစ်ခုတော့ရှိတယ်။ ကျွန်တော် လက်ရှိအိမ်မှာနေလို့မရလို့ အိမ်ပြန်ဆောက်ဖို့ လူအနည်းငယ်ရှာပေးလို့ရမလား… ကျွန်တော် ယွိမုနဲ့ မြို့ထဲမှာပဲ ခဏနေပြီး အိမ်ပြင်ပြီးမှ ပြန်လာခဲ့မယ်။”
လီစန်းနှင့် သူ့ဇနီးက ဘယ်လောက်ထိပျင်းရိလဲ သူသိသည်။ ငပျင်းကို ငပျင်းဖခင်(ကော)က ပျိုးထောင်ခဲ့၍ အိမ်ပြောင်းသွားသောအခါ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်သည်။ ဒါကြောင့် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အခုချိန်မှာ အားနေတဲ့လူတွေ အများကြီးရှိတယ်။ အလုပ်ကြိုးစားတဲ့ လူနည်းနည်းလောက်ရှာပေးမယ်။ မြို့ထဲမှာနေဖို့ အဆင်မပြေရင် မင်းဦးလေးရဲ့အိမ်မှာလာနေ။ နှစ်ယောက်လုံး ခရိုင်မြို့ကိုပြန်သွားရင် အိမ်ကလွတ်နေလိမ့်မယ်။”
“ကောင်းပြီ…အထဲမှာစကားပြောရအောင်… အပြင်က မအေးဘူးလာ?” သူ့ခင်ပွန်းက ခြံထဲမှာ ဧည့်တွေ့နေတာကို ရှန်းဖူလန်မြင်သည်။ သူက သူတို့နှစ်ယောက်ကို အိမ်ထဲခေါ်ပြီး လက်ဖက်ရည်ဖျော်ပေးလိုက်သည်။ သူတို့မိသားစုက ခရိုင်မြို့ကို ခဏခဏသွားလေ့ရှိပြီး အိမ်မှာ ဧည့်သည်တွေကို ဧည့်ခံဖို့ ပစ္စည်းကောင်းများရှိသည်။
လီဖုန်းက လုပ်အားခအကြောင်း ဆွေးနွေးစရာရှိ၍ မငြင်းပဲ အိမ်ထဲဝင်ခဲ့သည်။ သူက ခန်းစားပွဲပေါ်မှ ကိတ်မုန့်ကို မြင်လိုက်ပြီး ယင်းမှာ သူ့သူငယ်ချင်းပို့လိုက်တာဖြစ်ပေမည်။ တစ်နေကုန် လုပ်အားခအကြောင်းဆွေးနွေးပြီးနောက် လီဖုန်းက ထမင်းမစားသွားပဲ လက်ဖက်ရည်သောက်ကာ ပြန်သွားသည်။
“လီဖုန်းအတွက်လည်း တကယ်မလွယ်ပါလား” ခန်းပေါ်က ရှန်းဖူလန်က သက်ပြင်းချသည်။ သူ့အမြင်အရ လီဖုန်းက အိမ်ကိုပြန်မပြင်ပဲ ပြန်ဆောက်သင့်သည်။ သူက လီဖုန်းစုထားသော ပိုက်ဆံတွေ ကုန်သွားမှာစိုးရိမ်သည်။ သူ နောင်မှာ ဇနီးတစ်ယောက် ဘယ်လိုရှာလို့ရတော့မလဲ?
“သိပ်စိတ်မပူပါနဲ့။ ဒီကိစ္စက အဆင်ပြေတယ်လို့ ငါထင်တယ်။ လီဖုန်းရဲ့သူငယ်ချင်း ငွေဆယ့်နှစ်ပြားထုတ်ခဲ့တာ မေ့သွားပြီလား… သူ့မှာ ပိုက်ဆံအများကြီးရှိလောက်တယ်။ သူက ကိုယ်ခံပညာတော်ပြီး သာမန်စစ်သားမဟုတ်လောက်ဘူး။ သူက အရာရှိတစ်ယောက်ဖြစ်နိုင်လို့ လီဖုန်းသူ့ကိုအားကိုးလို့ရတယ်။” ရွာလူကြီးက တရစပ်ပြောလိုက်လေသည်။
ရှန်းဖူလန်က သရော်လိုက်သည်။ “ဒါက ရှင့်ရဲ့လီမိသားစုကိစ္စလေ။ ကျွန်မ လီဖုန်းအတွက် စိတ်မကောင်းဖြစ်မိတယ်။ သူက ငယ်ငယ်လေးနဲ့ စစ်မှုထမ်းခဲ့ရတာ။”
ရွာလူကြီးက ထိုစကားကြားတော့ ခေါင်းကိုက်လာသည်။ လီမိသားစုဟောင်းမှာ မကောင်းတဲ့လူတွေ အများကြီးရှိသည်။ ကံအားလျော်စွာ လီဖုန်းက မျိုးနွယ်စုအကြီးအကဲများ၏ လက်အောက်မှာ ကြီးပြင်းလာခဲ့သည်။ ထိုလူတွေက လီစုန့်ကမ်းမိသားစုကို ဘက်မလိုက်ပေ။ ဒီလိုမှမဟုတ်ရင် တခြားမိသားစုက လီမိသားစုကို ပြဿနာလာရှာနိုင်သည်။ ယခင်က မင်ကောအာနှင့် ပတ်သက်သမျှ ကိစ္စမှာ ကျောက်မိသားစုနဲ့သက်ဆိုင်တာကြောင့် သူက တရားမျှတစွာ ရပ်တည်ပေးခဲ့သည်။ သူ့စကားက တတိယဦးလေးအပေါ် သက်ရောက်မှုရှိပြီး ထန်မိသားစု၏ ဝင်စွက်ဖက်မှုဖြင့် ကိစ္စတွေကို ဖြေရှင်းနိုင်ခဲ့သည်။
ရွာလူကြီးက သူ့သားနှစ်ယောက်ကို အများကြီးမျှော်လင့်ထားသည်။ သူတို့ထဲက တစ်ယောက်က အင်ပါယာစာမေးပွဲကို အောင်မြင်ခဲ့လျှင် သူက ရွာနဲ့ လီမိသားစုကြားမှာ အာဏာပိုရှိလာပေမည်။
ရှန်းဖူလန်က အခြေအနေကိုမြင်နိုင်ပြီး လီမိသားစု၏ ကပ်ပါးကောင်များလို့ သတ်မှတ်လို့ရသော လီစုန့်ကမ်း၏မိသားစုနဲ့ ပတ်သက်၍ သူ့ခင်ပွန်းခေါင်းကိုက်နေမှန်း သိသည်။ သူက ပုံမှန်ဆိုရင် လီမိသားစု ဘယ်လောက်မြင့်ကြောင်း ပြောလေ့ရှိပေမယ့် ထိုလူတွေက လီမိသားစု၏ ဂုဏ်သိက္ခာကို ဖျက်စီးခဲ့သည်။