အပိုင်း ၃၅
Viewers 15k

Chapter 35


အစီအစဥ်အဖွဲ့မှ ဝန်ထမ်းက ခဲ့ကျင်းယန်အား  ကလေးကို မည်သို့ပွေ့ဖက်ရမည်ကို သင်ကြားပေးရင်း မနေနိုင်စွာပြောလာသည်။ "ဆရာခဲ့ ခင်ဗျားကလေးကိုဒီလိုမျိုးအရမ်းတင်းတင်းကြီး ဖက်ထားရင် ကလေးကသက်တောင့်သက်သာမဖြစ်ပဲနေလိမ့်မယ်"။


သူတို့ငှားထားသော ယာယီကလေးအဖေက မည်သည့်အခါမှ ကလေးကိုပွေ့ဖက်ဖူးသည့်ပုံမပေါ်ပေ။ ကလေးတစ်ယောက်ကိုပွေ့ထားသောပုံစံက တစ်ချက်ကြည့်လိုက်လျှင်ပင် အလွန်ထူးဆန်းနေသည်။ ကလေးပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရသွားမည်ကို သူတို့အားလုံးစိုးရိမ်မိကြသည်။


"ဒီလိုမျိုးချီရမှာလား....ဒီလိုဆိုအဆင်ပြေပြီလား....ဟုတ်ပြီ ငါသိပြီ"။


ကလေးကိုပထမဦးဆုံးပွေ့ချီဖူးသော ခဲ့ကျင်းယန်က တစ်အောင့်လောက်ကြာသောအခါ ကလေးမည်သို့ချီရမည်ကို နောက်ဆုံးတွင် အနည်းငယ်ပိုပြီးသိသွားခဲ့သည်။ 


ဤအရွယ်ကလေးများက အတော်ဒုက္ခပေးနိုင်လွန်းသည်။ အထူးသဖြင့် ရှက်ကြောက်တတ်လွန်းသော ကလေးမလေးများဖြစ်သည်။


မည်သို့ပင်ဖြစ်စေ သူထိုကလေးကို ပွေ့ချီရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။


ဤမိဘနှင့်ကလေး ရသစုံရှိုးအစီအစဥ်ကို သူလာရောက်ရိုက်ကူးတည်းက ကုဆွေ့ဆွေ့၏ယာယီအဖေအဖြစ်သရုပ်ဆောင်ရန် သူအကူအညီအနည်းငယ်လိုအပ်ကြောင်း ခံစားမိသည်။ အစီအစဥ်ရိုက်ကူးပြီး အပြန်တွင အများပြည်သူအပန်းဖြေသည့်နေရာမျိုးတွင် ခရီးထွက်လာသော လူတစ်ယောက်နှင့်တွေ့ခဲ့သည်။ နေ့တိုင်း ကလေးငယ်များနှင့် မနက်မှညအထိ အတူခရီးသွားခြင်းက အလွန်ခက်ခဲပေလိမ့်မည်။


ယနေ့အပြင်ထွက်ရာတွင် ခဲ့ကျင်းယန်က ရှပ်အင်္ကျီအဖြူနှင့် ကာကီရောင်ဘောင်းဘီကို ပေါ့ပေါ့ပါးပါးပုံစံမျိုးဖြင့်ဝတ်စားထားသည်။ မိုးရွာနေသောကြောင့် အကြည်ရောင်မိုးကာအင်္ကျီကိုလည်း ထပ်ဝတ်လိုက်သည်။ သူလက်တွဲထားသော ကလေးငယ်လေးများကိုလည်း မိုးကာဝတ်ပေးလိုက်သည်။ အဝါရောင်တောက်တောက် မိုးကာလေးကို သူ့လည်ပင်းတစ်ဝိုက်တွင် တင်းတင်းပတ်ထားသည်။ လူကြီးနှင့်ကလေးတစ်သိုက်အတွဲညီနေသော မြင်ကွင်းက အလွန်နွေးထွေးလှသည်။


အိမ်နံပါတ်တစ်၏ဘေးကပ်ရပ်ရှိအိမ်မှာ လင်းယိုနှင့်သူ့သားတို့နေမည့် အိမ်နံပါတ်နှစ်ဖြစ်သည်။ တစ်ခုခုလုပ်စရာရှိမှသာ သူတို့အပြင်ထွက်ရန် လိုအပ်ခြင်းဖြစ်သည်။ သူတို့အပြင်ထွက်လိုက်ချင်းချင်း ချစ်စရာကောင်းသောမြင်ကွင်းတစ်ခုကိုမြင်လိုက်ရသည်။


ဤအနုပညာအသိုင်းအဝိုင်းက မကြီးလွန်းလှပေ။ လင်းယိုကခဲ့ကျင်းယန်နှင့် ယခင်က အလုပ်လုပ်ခဲ့ဖူးသည်။ သီချင်းခွေကြမ်းသွင်းရာတွင် အကူအညီပေးရန် ချင်းဖျော်ဖြေရေးသို့သူသွားခဲ့သော်လည်း ခဲ့ကျင်းယန်နှင့်လူကိုယ်တိုင် တစ်ခါမှမတွေ့ခဲ့ဖူးချေ။ သူနှင့်ပတ်သတ်သော ကောလဟလအချို့ကိုသာ ကြားခဲ့ရသည်။ 


ခဲ့ကျင်းယန်၏ ဂီတအရည်အချင်းကို လင်းယိုအသိအမှတ်ပြုပါသည်။ သူရေးဖွဲ့သော သီချင်းနှင့်ဂီတသံစဥ်များက ကြည်လင်ရွှင်ပျသော ခံစားချက်မျိုးပေးစွမ်းသော်လည်း သူဒေါသကြီးပုံကမူ မကောင်းလှပေ။


ခဲ့ကျင်းယန်က အထက်စီးဆန်ပြီး ပေါင်းရသင်းရခက်သော စရိုက်မျိုးရှိမှန်း အနုပညာအသိုင်းအဝိုင်းရှိသူတိုင်းသိကြသည်။ သူစိတ်အခြေအနေမကောင်းတော့သည်နှင့် လူများကိုလှောင်ပြောင်သရော်တတ်သော သူ၏ကျွမ်းကျင်မှုကို ချက်ချင်းထုတ်သုံးတတ်ပြီး ယဥ်ကျေးမှုဆိုသည်မှာဘာမှန်းသူမသိချေ။များသောအားဖြင့်ထိုသို့သော စရိုက်ရှိသူများမှာ တုံးအလွန်းသောသူ သို့မဟုတ်နောက်ခံအင်အားတောင့်တင်းပြီး အကြောက်တရားမရှိသောသူများဖြစ်သည်။ ထိုကောင်လေးကမူ ဒုတိယအချက်ကြောင့်ဖြစ်နိုင်သည်။


ထိုသို့စိတ်လက်တစ်ဆစ်မျှသာရှိပြီး အဆိပ်ပြင်းသောသူက မိဘနှင့်ကလေး ရသစုံရှိုးတွင် ပါဝင်လာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ချေ။


အစီအစဥ်၏နောက်ဆုံးပိုင်းကို ရိုက်ကူးသည့်အခါ သူ့သားလေးနှင့်ကုဆွေ့ဆွေ့တို့က လမ်းပေါ်တွင်ကျနေသော ပစ္စည်းများပါဝင်သည့်ခြင်းသေးသေးလေးကို ထွက်ရှာကြရသည်။ ထို့နောက် ခဲ့ကျင်းယန်က ကလေးပျောက်သွားမည်ကိုစိတ်ပူနေကြောင်း အစီအစဥ်ရိုက်ကူးရေးအဖွဲ့ရှိ ဝန်ထမ်းတစ်ဦးဆီမှကြားလိုက်ရသည်။ သူလည်းစိုးရိမ်မိသောကြောင့် ကလေးနှစ်ယောက်ကို ထွက်ရှာလိုက်သည်။ လမ်းတစ်ဝက်တွင် ပရိသတ်များက အုပ်စုလိုက်ဓာတ်ပုံတွဲရိုက်ပြီးလက်မှတ်တောင်းကြကာ ကန်စွန်းဥဖုတ်များကျွေးနေကြသော ပလေးနှစ်ယောက်ကိုတွေ့လိုက်ရသည်။


ကလေးငယ်လေးအပေါ် နူးညံ့ညင်သာရန် အလိုရှိသောသူတစ်ယောက်အတွက် ကောလဟလများတွင်ပြောထားကြသော မကောင်းငတင်းအများစုက အမှန်မဖြစ်နိုင်ချေ။ ခဲ့ကျင်းယန်က ဒေါသကြီးသော်လည်း လူကောင်းတစ်ယောက်ဖြစ်နေဆဲပင်။ ခင်မင်ရင်းနှီးရန်တန်သော စိတ်ရင်းအမှန်ရှိသူပင်ဖြစ်သည်။


ဤတစ်ခေါက်ရိုက်ကူးရေးက ပိုမိုအဆင်ပြေကောင်းမွန်သောကြောင့် ခဲ့ကျင်းယန်အပေါ် လင်းယို၏သဘောထားကလည်း ကောင်းမွန်နေခြင်းဖြစ်သည်။ ယနေ့တွင် ခဲ့ကျင်းယန်အား သူအရင်ဆုံး နှုတ်ဆက်ရန် လက်ဦးမှုယူလိုက်သည်။ "ကျင်းယန်နဲ့ဆွေ့ဆွေ့က ဘယ်သွားမလို့လဲ"။


 ခဲ့ကျင်းယန်လက်တစ်ဖက်ဖြင့် ပွေ့ချီထားသော ဆွေ့ဆွေ့လေးက ထိုအသံကိုကြားသောအခါ ခေါင်းလေးပြူထွက်လာပြီး သူ့မိတ်ဆွေလေးကိုကြည့်လိုက်သည်။ ခဲ့ကျင်းယန်က မျက်ခုံးပင့်ရင်း ပြောလိုက်သည်။ "ကြက်ပေါက်လေးတွေကို အစာကျွေးဖို့ ဆွေ့ဆွေ့ကိုခေါ်သွားမလို့ပါ....ခင်ဗျားရောဘယ်လဲ"။


ယခင်အပိုင်းတွင် ခဲ့ကျင်းယန်က ကုဆွေ့ဆွေ့အား နာအည်အပြည့်အစုံတပ်ခေါ်လေ့ရှိသည်။ လွန်ခဲ့သောအပတ်က ကလေးပညာရေးဗွီဒီယိုကြည့်ခဲ့ရသောကြောင့် ဤအပိုင်းတွင် ကုဆွေ့ဆွေ့အား နာမည်အပြည့်အစုံမခေါ်ပဲ ဆွေ့ဆွေ့ဟုသာခေါ်ခြင်းဖြစ်နိုင်သည်။ သူ(မ)၏နာမည်အပြည့်အစုံမှ ချစ်စနိုးနာမည်သို့ ပြောင်းလဲခေါ်ဆိုလိုက်သောကြောင့် ဆွေ့ဆွေ့ရှက်ကိုးရှက်ကန်းဖြစ်နေမိသည်။


အခြားသူများက သူ(မ)ကို ဆွေ့ဆွေ့ဟုခေါ်ပြီး ယာယီအဖေအဖြစ်သရုပ်ဆောင်သူကမူ သူ(မ)အား နာမည်အပြည့်အစုံတပ်ခေါ်သည်က အဓိပ္ပါယ်မရှိချေ။ နှစ်ယောက်သားက ရင်းနှီးကြပုံမပေါ်ပဲ ကလေးကိုအနိုင်ကျင့်သည့်ပုံပေါက်နေသည်။


တည့်တည့်ကြီးပြောချလိုက်သော ခဲ့ကျင်းယန်က သူကိုယ်တိုင်အတွက် ဆင်ခြေရှိပြီးသားဖြစ်သည်။ ထိုဆင်ခြေကလည်း အလွန်ယုတ္တိတန်သည်ဟု ခံစားမိသည်။


လင်းယိုကပြုံးလိုက်ရင်း သူ့နောက်တွင်ရှိသော ဝါးခြင်းတောင်းလေးကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။ "မြက်ရိတ်ဖို့ တောင်အနောက်ကို ငါတို့သွားကြမလို့"။


ဆွေ့ဆွေ့တို့ကြက်ပေါက်များအစာသွားကျွေးမည်ဟု ပြောသံကို လင်းတုံကြားလိုက်သောအခါ သူ့အဖေကို တမ်းတမ်းတတကြည့်ရင်း ပြောလိုက်သည်။ "ဖေဖေ....သားလည်း ညီမလေးနဲ့အတူ ကြက်ပေါက်လေးတွေကို အစာလိုက်ကျွေးချင်တယ်....မြက်ရိတ်ဖို့ တောင်အနောက်ဖက်ကို သားမသွားချင်တော့ဘူး"။ ညီမလေးနှင့်ကြက်ပေါက်လေးများက အလွန်ချစ်ဖို့ကောင်းနေပေလိမ့်မည်။ သူလည်း ဆွေ့ဆွေ့တို့နှင့် လိုက်သွားချင်မိသည်။


ကုဆွေ့ဆွေ့နည်းတူ စိတ်လှုပ်ရှားနေသော လင်းဒေါင်ကိုကြည့်ရင်း ခဲ့ကျင်းယန်က ရှေ့နောက်မညီစွာပြောလိုက်သည်။ "မင်းကမြက်ရိတ်ဖို့အတွက် ဟောင်ရှန်ကိုသွားရမှာမဟုတ်ဘူးလား....အစီအစဥ်ကမင်းကို ပေးထားတဲ့အလုပ်ကိုပဲ ပြီးအောင်အရင်လုပ်လိုက်ပါ....ဆွေ့ဆွေ့နဲ့ငါနှစ်ယောက်တည်း ကြက်စာကျွေးလို့ရတယ်"။


ကလေးနှစ်ယောက်လုံးကို တစ်ခါတည်းသူမခေါ်သွားချင်ပေ။


လွန်ခဲ့သောအခေါက်တွင် ခဲ့ကျင်းယန်တစ်ယောက် ကလေးနှစ်ယောက်ကို သူနှင့်အတူခေါ်သွားခဲ့ရသည်။ ထိုအကြောင်းကိုပြန်စဥ်းစား


ကြည့်လျှင်ပင် စိတ်မသက်မသာဖြစ်လာရသည်။ ထိုသို့သောခံစားချက်မျိုးကို သူနှစ်ခါမကြုံလိုတော့။


 ဆီဘူးတစ်ဘူးတည်းပင်လျှင် ဒုက္ခများဖို့လုံလောက်နေပြီဖြစ်သည်။ နောက်ဆီဘူးတစ်ဘူးကို ယူမသွားလိုတော့ပေ။


ခဲ့ကျင်းယန် ထိုသို့ပြောလာလိမ့်မည်ဟု လင်းယိုမမျှော်လင့်ခဲ့ပေ။ သူတို့အတွက် ရိုက်ကူးရေးအဖွဲ့က တာဝန်ပေးထားခြင်းမျိုးမဟုတ်ပဲ အခြားသူများနှင့် အပျော်သဘောဖြင့်သာ လုပ်ခိုင်းခြင်းဖြစ်သည်ဟု သူထင်ထားခဲ့သည်။ ထို့ကြောင့် ခဲ့ကျင်းယန်ပြောသောအရာက အဓိပ္ပါယ်ရှိသည်ဟု သူလည်းခံစားမိသည်။ သူခေါင်းညိမ့်ပြလိုက်ပြီး သူ့သားကိုပြောလိုက်သည်။ "တုံတုံ ဖေဖေတို့ မြက်ရိတ်ဖို့အတွက် တောင်အနောက်ဖက်ကို အရင်ဆုံးသွားရအောင်....မြက်ရိတ်ပြီးတာနဲ့ အချိန်ရသေးရင် တစ်ခြားသူတွေကို ကူဖို့အချိန်ရပါသေးတယ်"။


"ဟုတ်....ဟုတ်"။


လင်းတုံက ဆွေ့ဆွေ့ကို အင်တင်တင်ဖြင့် နှုတ်ဆက်စကားပြောလိုက်ပြီး သူတို့နှစ်ဖွဲ့လုံး လားရာတစ်ခုစီသို့ ဦးတည်သွားလိုက်ကြသည်။


သူနှင့်အတူလိုက်ချင်နေသော ကလေးတစ်ယောက်ကို ခဲ့ကျင်းယန် နှင်လွှတ်လိုက်သည်။ ဖက်ထုပ်လုံးလေးကို သူ့လက်ထဲတွင် ပွေ့ထားပြီး အိမ်များကိုပတ်သွားလိုက်သည်။ ကြက်ဒါဇင်နှင့်ချီကို ပတ်လည်ဝန်းရံထားသော မကျဥ်းမကျယ်လှသည့် သစ်သားခြံလေးတစ်ခုကိုတွေ့လိုက်ရသည်။


မြို့ထဲတွင်သာနေဖူးခဲ့သောကုဆွေ့ဆွေ့က တိရစ္ဆာန်ငယ်လေးများကို တွေ့နိုင်ရန် အခွင့်အရေးရခဲလှသည်။ များသောအားဖြင့် တီဗွီထဲတွင်သာ သူ(မ)မြင်ဖူးခဲ့သည်။ ယခုတွင်မူ တိရစ္ဆာန်အစစ်များကို မြင်ဖူးနိုင်ပြီဖြစ်သည်။ မြေပြင်ပေါ်တွင် ပြေးလွှားနေသော ကြက်ကလေးများနောက် လိုက်ပြီးနောက် သူ(မ)ဝတ်ထားသော မိုးကာအင်္ကျီ၏အနားသတ်က ရှည်လွန်းနေကြောင့် သူ(မ)၏ခြေတံတိုများက မရွေ့နိုင်တော့ချေ။


"ပါပါးခဲ့....ဒီကြက်လေးတွေအားလုံးက ပြေးနေကြတာ....သမီးလိုက်မမှီနိုင်တော့ဘူး"။ ကုဆွေ့ဆွေ့တစ်ယောက် သူ(မ)ကိုယ်တိုင် မဖြေရှင်းနိုင်တော့သောကြောင့် ဘေးတွင်ရပ်နေသောသူကိုသာ မော့ကြည့်ပြီး အင်္ကျီစွန်းကို သူ(မ)၏လက်ကလေးနှင့် အသာလေးဆွဲနေသည်။


မိုးကာအင်္ကျီကို ဆွဲတင်နေသောကလေးမလေးကို ကြည့်လိုက်ရင်း ခဲ့ကျင်းယန် အသာလေးသက်ပြင်းချမိသည်။ ထို့နောက် သူ(မ)၏ မိုးကာအင်္ကျီကို ကူဆွဲတင်ပေးလိုက်သည်။ မိုးကာအင်္ကျီ၏ လက်ရှိအရှည်ကိုကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ "ဒီနေရာကိုကိုင်ထားနော်....မလွှတ်လိုက်နဲ့.....အဲဒါဆိုရင် အဝတ်စိုမှာစိုးရိမ်စရာမလိုပဲ ပုံမှန်အတိုင်းလမ်းလျှောက်သွားလို့ရပြီ"။


ကုဆွေ့ဆွေ့က သူ့လှုပ်ရှားမှုများကို အချိန်အကြာကြီးစိုက်ကြည့်နေပြီး အံ့အားသင့်စွာပြောလိုက်သည်။ "ဖေဖေခဲ့က အရမ်းတော်တာပဲ"။


ခဲ့ကျင်းယန်: "မင်းပြောတော့ ငါကတုံးတယ်ဆို....အခုတော့ တော်တယ်လို့ပြောနေပြန်ပြီ"


ကလေးမလေးက သူ့အား ကပ်ဖားရပ်ဖားလုပ်နေတာဖြစ်သည်။


ကုဆွေ့ဆွေ့က သူ(မ)၏လက်သေးသေးလေးနှင့် မိုးကာအင်္ကျီအနားစွန်းကို ဖိညှစ်လိုက်ပြီး မချင့်မရဲနှင့် ရှေ့သို့ခြေလှမ်းနှစ်လှမ်းလှမ်းလိုက်သည်။ ထိုသို့လုပ်မှ သူ(မ)ပုံမှန်အတိုင်းလမ်းသွားနိုင်မည်ကို သိသွားပြီးနောက် ပျော်ရွှင်စွာဖြင့် ကြက်လှောင်ခြံထဲသို့သွားကာ ကြက်ပေါက်လေးများ


နှင့်သွားကစားတော့သည်။


ထိုအခြင်းအရာကိုတွေ့သောအခါ ခဲ့ကျင်းယန်ခေါင်းခါလိုက်မိသည်။ ကြက်များကိုကျွေးရန် အစီအစဥ်ရိုက်ကူးရေးအဖွဲ့က ချန်ထားသော ပြောင်းစံနှင့် ထမင်းအကျန်ကိုသူတွေ့လိုက်ပြီး အရေးကြီးသောအရာကို ရုတ်ချည်းသတိရသွားသည်။


ထိုနည်းလမ်းကို သူအဘယ်ကြောင့်မသုံးခဲ့ပါသနည်း။ ကံကောင်းထောက်မစွာဖြင့် ကုဆွေ့ဆွေ့အယးသူတစ်လမ်းလုံး ပွေ့ချီလာခဲ့သည်။ ကလေးငယ်၏ကိုယ်အလေးချိန်က နှစ်ဆယ်ကီလိုခန့်သာရှိသောကြောင့် သူပွေ့လာခြင်းဖြစ်သည်။ သူသာပွေ့မလာခဲ့လျှင် ကလေးမလေးကိုယ်တိုင် ဤနေရာအထိ လမ်းလျှောက်လာနိုင်မည်မဟုတ်ပေ။


ယခင်က ကုဆွေ့ဆွေ့၏ အဓိပ္ပါယ်မရှိသော လုပ်ရပ်များကြောင့် သူအံ့အားသင့်ခဲ့ရသည်။


တိရစ္ဆာန်အကောင်သေးလေးများကို သဘောကျသော ကုဆွေ့ဆွေ့က ကြက်ခြံကိုလာသောအခါ ရေကန်ထဲထည့်ထားသောငါးကလေးတစ်ကောင်နှင့်တူနေသည်။ ကြက်ခြံတစ်ခုလုံးအနှံ့ ကြက်ပေါက်လေးများကိုလိုက်ဖမ်းနေပြီး စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ်ရေရွတ်နေသေးသည်။ အစပိုင်းတွင် သူ(မ)တစ်ယောက်တည်း ပျော်ရွှင်မြူးထူးစွာဖြင့် ကစားနေခြင်းဖြစ်သည်။ ထို့နောက် ဘယ်ကနေမှန်းမသိ အမောက်အနီနှင့်ကြက်ဖကြီးတစ်ကောင် ခုန်ထွက်လာသည်။ ၎င်း၏ခန္ဓာကိုယ်က ကြက်ပေါက်လေးများတစ်အုပ်စုလုံးပေါင်းထက်ပင် ကြီးသည်။


အဆုံးတွင် ကြက်ခြံထဲမှမြင်ကွင်းက ကြက်ဖကြီးတစ်ကောင်က ကလေးမလေးနောက်လိုက်နေ


သည့်မြင်ကွင်းအဖြစ် ပြောင်းလဲသွားသည်။ ကုဆွေ့ဆွေ့က ငယ်သေးသည့်အပြင် ခြေတံတိုများကြောင့် ကြာကြာမပြေးနိုင်ပေ။ ကြက်ဖကြီးက အားသွန်ခိုက်စိုက် ခပ်မြန်မြန်ပြေးကာ ဆွေ့ဆွေ့နောက်ကိုလိုက်တော့သည်။


ကြမ်းတမ်းလှသော ကြက်ဖကြီးက သူ(မ)နောက်ကိုလိုက်နေသောကြောင့် ကုဆွေ့ဆွေ့အနည်းငယ်ကြောက်သွားပြီး သူ(မ)၏ယာယီအဖေဖြစ်သူနောက် အလျင်အမြန်ပြေးပုန်းလိုက်ကာ ခေါင်းလေးကာထွက်ကြည့်ရဲသည်။


ခဲ့ကျင်းယန်က နဖူးကိုရိုက်လိုက်ပြီး သက်ပြင်းချကာပြောသည်။ "ဆွေ့ဆွေ့.....မင်းရဲ့ကြောက်နေတဲ့ရုပ်ကိုလည်း ကြည့်လိုက်ဦး......အဲဒါကဒီတိုင်းကြက်ဖကြီးတစ်ကောင်ပဲမဟုတ်လား.....ဘာတွေအဲ့လောက်ကြောက်နေတာလဲ?"


ကုဆွေ့ဆွေ့၏ နှုတ်ခမ်းလေးကတွန့်တက်သွားသည်။ "ဖေဖေခဲ့....အဲဒီကြက်ဖကြီးက အရမ်းကြမ်းမဲ့ပုံပဲ......သူသမီးနောက်ကို ပြေးပြီးလိုက်နေတာ"


ခဲ့ကျင်းယန်က သူ(မ)၏ညည်းညူသံလေးကို ကြားသောအခါ မနေနိုင်ပဲပြောလိုက်သည်။ "အခုလိုမျိုးကြက်ပေါက်လေးတွေနောက်လိုက်ပြီး မင်းကိုဘယ်သူကပတ်ပြေးခိုင်းလို့လဲ.....ကြက်ပေါက်လေးတွေရဲ့အဖေက မင်းသူ့ကလေးတွေကိုလိုက်ဖမ်းနေတာတွေ့တော့.....သူလည်းမင်းကိုပြန်လိုက်မှာပေါ့"။


ထို့အပြင် သူ(မ)ခန္ဓာကိုယ်သေးသေးလေးနှင့် ထိုကြက်ပေါက်လေးများကို လိုက်ဖမ်းနိုင်မည်မဟုတ်ပေ။


"အဲဒါဆို သမီးဘာလုပ်ရမှာလဲ"။ ကုဆွေ့ဆွေ့ သူ(မ)၏ မျက်လုံးဝိုင်းလေးများကို ပေကလတ် ပေကလတ်လုပ်ရင်း ရိုရိုကျိုးကျိုး အကြံဥာဏ်တောင်းလာသည်။


ခဲ့ကျင်းယန်က လက်ဆန့်ထုတ်လိုက်ပြီး ဆွေ့ဆွေ့အား မိုးကာပြန်ဝတ်ပေးပြီး ဦးထုပ်ပါဆောင်းပေးလိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "နောက်တစ်ခါ အဲဒီကြက်ဖကြီးက....သမီးကိုထပ်လိုက်ရင်.....ကျားယောင်ဆောင်ပြီး ခြောက်လွှတ်လိုက်နော်"။


"အိုး သမီးသိပြီ"။ ကုဆွေ့ဆွေ့က နားလည်သွားပုံရပြီး လက်တွေ့အသုံးချရန် ကြက်ဖကြီးဆီသို့ ချက်ချင်းသွားကာ "ဝိုး" ဟုခြောက်လွှတ်လိုက်တော့သည်။


သို့သော် ဤနည်းလမ်းက အသုံးဝင်ပုံမရပေ။


ရန်စသလိုဖြစ်သွားသောကြောင့် ကြက်ဖကြီးက အတောင်ပံတဖျပ်ဖျပ်ခတ်ကာ ခုန်ပျံလိုက်ရင်း ဆွေ့ဆွေ့၏ ခြေသလုံးကို ထိုးဆိတ်လိုက်သည်။


နုနုနယ်နယ်ကလေးလေး၏ မျက်ရည်ကြိတ်က ဖွံ့ဖြိုးနေဆဲဖြစ်ပြီး ဝါကျင့်ကျင့်မျက်ဝန်းအိမ်လေးများက ချက်ချင်းပင် မျက်ရည်များနှင့် ရွှဲရွှဲစိုသွားတော့သည်။ ထို့နောက် သနားစဖွယ်ပြောလာသည်။ "ပါပါးခဲ့...ကြက်ဖကြီးက အခုလေးတင် သမီးကိုဆိတ်လိုက်တယ်"။ သူ(မ)၏အသံမှ မကျေနပ်ချက်များ လျှံထွက်လာသည်။


ခဲ့ကျင်းယန်က အစပိုင်းတွင် ဆွေ့ဆွေ့အား ပျော်ပျော်ရွှင်ရွှင်ဖြင့် ကြည့်နေခြင်းဖြစ်သည်။ သို့သော် ငိုတော့မလိုဖြစ်နေသော သူ(မ)ကိုတွေ့သောအခါ အလျင်အမြန်အပြေးသွားတော့သည်။ အထူးသဖြင့် ကလေးငိုသွားမည်ကို သူကြောက်ပါသည်။ ကြက်ဖကိုအရင်ဆုံး ဘေးသို့ယမ်းထုတ်လိုက်ပြီး ဆွေ့ဆွေ့အားသူ့ဘက်တွဲခေါ်လာလိုက်သည်။ သူ့ရင်ခွင်ထဲထည့်ဖက်ထားကာ လေသံတိုးတိုးလေးဖြင့် ချော့လိုက်သည်။


 "မောင်းထုတ်လိုက်ပြီ.....အဲ့ကြက်ကြီးက သမီးကိုထပ်ပြီးမဆိတ်နိုင်တော့ပါဘူး....မငိုနဲ့တော့နော်....သမီးကိုအနိုင်ကျင့်တဲ့ အဲဒီအကောင်ကြီးကို သတ်ပြီး ညကျရင် သမီးအတွက် ကြက်စွပ်ပြုတ်ချက်ပေးမယ်"။


Xxxxxxxx