အပိုင်း ၃၆
Viewers 15k

Chapter 36


အဆုံးမှာတော့ ပြဿနာဖြစ်စေသော ကြက်ဖကြီးက အသတ်မခံလိုက်ရပေ။


အစီအစဥ်ရိုက်ကူးရေးအဖွဲ့၏ဝန်ထမ်းက အချိန်မီရောက်ချလာပြီး ခဲ့ကျင်းယန် လုပ်တော့


မည့်အရာကို တားလိုက်သည်။ ကိစ္စများကို နမော်နမဲ့လုပ်တတ်သော နာမည်ကျော်မင်းသားခဲ့ကျင်းယန်က ကင်မရာရှေ့တွင် ကြက်အရှင်များအားသတ်ကာ ဆိုးရွားသောလုပ်ရပ်လုပ်လိုက်မည်ကို အားလုံးက စိုးရိမ်မိကြသည်။ လွန်ခဲ့သောအခေါက် စန်ဖန်းမတော်တဆမှုဖြစ်ပြီးတည်းက ဤသို့သောအရာမျိုးကို ခဲ့ကျင်းယန်လုပ်တတ်သည်ဟု သူတို့လုံးဝထင်သွားခြင်းဖြစ်သည်။


ထိုကြက်က သူကြီး၏ရွာရှိ အကြီးဆုံးကြက်ဖြစ်သည်။ ယောကျာ်းသားတစ်ယောက်အနေနှင့် ထိုသို့သောလုပ်ရပ်မျိုးမလုပ်ရန် တိုက်တွန်းကြသည်။


ဤသို့လုပ်ရခြင်းမှာ အရေးပေါ်အခြေအနေတွင် ကလေးကိုချော့ရန်လုပ်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း ကြက်ကြီးကို မသတ်လိုက်နိုင်သောကြောင့် ခဲ့ကျင်းယန်၏စိတ်ထဲတွင် အနည်းငယ်စိတ်ပျက်သွားမိသည်။


ထိုသို့ဝဝဖြိုးဖြိုးကြက်ကြီးကို ကြက်စွပ်ပြုတ်ချက်စားလိုက်လျှင် အလွန်အရသာရှိပေလိမ့်မည်။


"ကလေးလေး ကြက်စွပ်ပြုတ်လုပ်ဖို့ ကြက်ကီးမရှိတော့ရင်လည်း ကိစ္စမရှိပါဘူး....ငါတို့ဒီည ငါးစွပ်ပြုတ်ပဲ သောက်ကြတာပေါ့....အတူတူပဲလေ"။ ရွာအဝင်လမ်းတွင် ခဲ့ကျင်းယန် ငါးကန်တစ်ခုတွေ့လာခဲ့သည်။ ထိုကန်ထဲရှိငါးများမှာ အရွယ်အစားအတော်လေး ကြီးပုံရသည်။ ကြက်စွပ်ပြုတ်ထက်တော့ အရသာမဆိုးလောက်ပေ။


 ရိုက်ကွင်းရှိဝန်ထမ်းများက တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြသည်။ ဤတစ်ခေါက်တွင်မူ ခဲ့ကျင်းယန်အား တားရန် မည်သူ့ကိုမျှ မလွှတ်တော့ပေ။ ငါးသတ်ခြင်းက သူကြီးအိမ်မှ ကြက်ကိုသတ်ခြင်းထက် ပိုကောင်းသည်လေ။ မည်သို့ပင်ဖြစ်စေ ငါးကန်ထဲရှိငါးများကို ရွာသားများစားရန်အတွက် မွေးထားခြင်းဖြစ်သည်။ ကန်ထဲတွင်လည်း ငါးအမြောက်အမြားရှိနေသည်။ လုပ်ရိုးလုပ်စဥ်များကို မလိုက်နာသော နာမည်ကျော်ရုပ်ရှင်မင်းသား ခဲ့ကျင်းယန်အား စောင့်နေကြသလိုပင်။ ရွာအဝင်လမ်းရှိ ငါးကန်မှငါးများကိုဖမ်းပြီးနောက် အစီအစဥ်ရိုက်ကူးရေးအဖွဲ့က ရွာသားများကို ငါးပေါက်စျေးအတိုင်း ပိုက်ဆံပြန်ဖြည့်ပေးလိုက်ကြသည်။


ရွာထဲရှိပစ္စည်းများကို မည်သို့အကောင်းဆုံးအသုံးချရန် ဆွေးနွေးတိုင်ပင်နေကြသော သရုပ်ဆောင်သားအဖနှစ်ဦးလည်း ကြက်ပေါက်လေးများကိုအစာကျွေးပြီး လမ်းလျှောက်ပြန်လာသော လင်းယိုတို့ သားအဖနှင့် သွားဆုံကြသည်။ 


သူ့လက်ကိုကိုင်ထားပြီး တကျီကျီလုပ်နေသော လင်းတုံတုံကို ကြည့်ပြီး ခဲ့ကျင်းယန်က ယဥ်ယဥ်ကျေးကျေးလေး မေးလိုက်သည်။ "တုံတုံကဘာဖြစ်နေတာလဲ?"


ကလေးကိုအကြမ်းပတမ်းပြုစုလေ့ရှိသော လင်းယိုက ဂရုမစိုက်ဟန်ဖြင့်ပြောသည်။ "အိုး....ကလေးရဲ့လက်က တောင်ကုန်းနက်ပေါ်က မြက်ပင်တွေနဲ့ မတော်တဆရှမိတာလေ....ဘာမှပြင်းပြင်းထန်ထန်မဖြစ်ပါဘူး.....ဆွေ့ဆွေ့ကရောဘာဖြစ်တာလဲ.....သူ့မျက်လုံးတွေကိုကြည့်လိုက်ဦး.....နီရဲနေတာပဲ....ငိုထားတာလား?"။


ခဲ့ပျင်းယန်: "ကြက်လှောင်အိမ်ထဲက ကြက်ဖကြီး ဆိတ်လိုက်တာလေ....သူ့ရဲ့ခန္ဓာကိုယ်နဲ့စိတ်နုနုလေးကို ပြန်အားဖြည့်ပေးဖို့အတွက်.....အခုလေးတင် ရွာအဝင်မှာရှိတဲ့ ငါးကန်စီသွားပြီး ငါးနှစ်ကောင်သွားဖမ်းမလို့လေ"။


ထိုစကားများကိုကြားသောအခါ လင်းယိုက ဇဝေဇဝါဖြစ်နေပုံပေါ်သည်။ ကြက်ဖအဆိတ်ခံရသည်နှင့် ငါးစွပ်ပြုတ်သောက်သည်က မည်သို့သက်ဆိုင်သနည်း။


သူဇဝေဇဝါဖြစ်နေချိန်တွင် ဘေးတွင်ရှိနေသော လင်းတုံတုံက စိတ်လှုပ်ရှားစွာပြောလာသည်။ "ဦးဦး....သားလည်းသွားမယ်နော်....သားလည်းသွားမယ်....ညီမလေးရဲ့ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့အတွက် သားလည်းငါးလိုက်ဖမ်းမယ်နော်"။


သူ့သားကိုလင်းယိုသည်းမခံနိုင်တော့ပေ။ လွန်ခဲ့သောအခေါက်က စီရွှမ်ရှေးဟောင်းမြို့တွင် အစီအစဥ်၏ပထမဆုံးအပိုင်းကို ရိုက်ကူးတည်းက တုံတုံထံတွင် ညီမလေးများက ဘယ်တစ်ယောက် ညာတစ်ယောက် ဦးလေးများကလည်း ဘယ်တစ်ယောက် ညာတစ်ယောက်အမြဲရှိနေတတ်သည်။ ကန်စွန်းဥဖုတ်လေးတစ်လုံးစားရသည်နှင့် သူ့နံဘေးရှိ သားအဖနှစ်ဦးထံသို့ လုံးလုံးလျားလျားပါသွားပြီဖြစ်သည်။


သူသက်ပြင်းချပြီးပြောလိုက်သည်။ "ဒေါင်ဒေါင် ဟိုမှာရှိတဲ့ငါးကန်က အရမ်းနက်တယ်....မင်းဂရုမစိုက်ရင် ပြုတ်ကျသွားလိမ့်မယ်....မင်းတို့ကလေးတွေအတွက် ဘေးမကင်းဘူး....ဒါမှမဟုတ် သားနဲ့ဆွေ့ဆွေ့က ကစားဖို့တစ်ခြားကြက်တွေကိုပဲ သွားပြန်ရှာပြီး ဦးတို့နှစ်ယောက်ကငါးသွားဖမ်းလိုက်မယ်.....ငါရတာနဲ့ညီမလေးအတွက် ငါးစွပ်ပြုတ်ချက်ကြတာပေါ့"။


အိမ်နံပါတ်တစ်သို့ ဆွေ့ဆွေ့နှင့်လင်းတုံပြန်သွားသည်နှင့် သူတို့နှစ်ဦးလည်း ငါးဖမ်းပိုက်ယူပြီး ရွာအဝင်လမ်းရှိရေကန်ဆီသို့ သွားတော့သည်။ ဤတစ်ရွာလုံးတွင် ဝန်ထမ်းများ ရိုက်ကူးရေးအဖွဲ့သားများနှင့် ဓာတ်ပုံဆရာများရှိနေကြသည်။ ထို့ကြောင့် ကလေးနှစ်ယောက်အတွက် သူတို့စိတ်ပူစရာမလိုပေ။


"ညီမလေးဆွေ့ဆွေ့ ဖေဖေနဲ့ဦးဦးက ငါးဖမ်းဖို့သွားကြပြီ....အခုဘာလုပ်ကြမလဲဟင်"။ လင်းဒေါင်ဒေါင်က ကုဆွေ့ဆွေ့ထက် တစ်နှစ်ခွဲခန့်ကြီးသော်ငြားလည်း သူတို့နှစ်ဦးတည့်ရှိသည့်အချိန်တွင် များသောအားဖြင့် ဆွေ့ဆွေ့၏စကားကိုနားထောင်တတ်သည်။


ကုဆွေ့ဆွေ့၏မျက်ဝန်းများက ဝင်းလက်လာပြီး ပြောလိုက်သည်။ "ကိုကိုရွှီယွဲ့ကို အတူတူသွားရှာကြစို့"။ လွန်ခဲ့သောအခေါက်က ရွှီယွဲ့က သူ(မ)


နှင့်အတူလာကစားပေးခဲ့သည်။ ထို့ကြောင့် ပျော်စရာကိစ္စရှိတိုင်း သူ(မ)သူ့ကို မမေ့ထားနိုင်ပေ။


သူ(မ)ကဲ့သို့ဖျတ်လတ်တက်ကြွသော လင်းဒေါင်ကလည်း မငြင်းပဲ ချက်ချင်းသဘောတူလိုက်သည်။


သို့သော် ကိုကိုရွှီယွဲ့က မည်သည့်နေရာတွင်နေမှန်း သူတို့မသိပေ။ မည်သို့ရှာရမည်ကိုလည်း မသိ။


ကုဆွေ့ဆွေ့၏ခေါင်းသေးသေးလေးက လှည့်ပတ်ကြည့်လိုက်ပီး နံဘေးတွင်ရှိသောဝန်ထမ်းကိုမော့ကြည့်ကာ သိမ်မွေ့စွာဖြင့်မေးလိုက်သည်။ "မမရေ....အနောက်ပိုင်းဗီယက်နမ်ကလာတဲ့ကိုကို ကိုရှာဖို့အတွက် သမီးနဲ့တုံတုံကိုခေါ်သွားပေးပါလား"။


ဓာတ်ပုံဆရာ၏ဘေးတွင်ရပ်နေသော ကလေးများကိုစောင့်ရှောက်သည့်နေရာတွင် တာဝန်ကျသည့်ဝန်ထမ်းက တစ်ခဏမျှတုံ့ဆိုင်းသွားပြီး ခေါင်းညိမ့်ပြကာ ချွီမင်းရှန်နှင့်သူ့သားနေသော အိမ်ကိုညွှန်ပြပေးလိုက်သည်။


အပြင်ဘက်တွင်ရွာနေသောမိုးဖွဲလေးကတိတ်သွားသည်။ ဆွေ့ဆွေ့နှင့်လင်းတုံတုံတို့နှစ်ဦးသား ဘာမှမသိပဲ တစ်ယောက်လက်တစ်ယောက် တွဲထားကြသည်။ ဘယ်ပြန်ညာပြန်


ကြည့်ပြီး နောက်ဆုံးတွင် အိမ်နံပါတ်သုံး၏တည်နေရာကိုတွေ့သွားတော့သည်။


ထိုအချိန်အတွင် ခြောက်နှစ်အရွယ်ရွှီယွဲ့လေးက မီးဖိုချောင်ထဲတွင် သူ့အဖေအား မြေပဲခွံကူနွှာပေးနေသည်။


"အစ်ကိုရွှီယွဲ့"


"အစ်ကိုရွှီယွဲ့ အိမ်မှာရှိနေလား.....ညီမလေးဆွေ့ဆွေ့နဲ့သားက ကိုကိုနဲ့လာကစားတာပါ"။


"ငါအိမ်မှာရှိတယ်!" သူ့သူငယ်ချင်းများ၏ ရင်းနှီးနေသော အသံများကို ချွီရွှီယွဲ့ကြားလိုက်ရသောအခါ တံခါးပေါက်ရှိရာသို့ အံ့သြတကြီး လှမ်းကြည့်လိုက်သည်။


ထွက်ကစားရန်မစောင့်နိုင်တော့သောသူ့သားကိုကြည့်ရင်း ချွီမင်းရှန်ပြုံးပြီး ပြောလိုက်သည်။ "ကောင်းပြီ....သားဒီမှာဖေဖေနဲ့နေပေးစရာမလိုပါဘူး.....သူတို့နဲ့သွားကစားလို့ရတယ်"။


ချွီရွှီယွဲ့က "အမ်း" တစ်ခွန်းသာပြန်ဖြေနိုင်ပြီး သူ့လက်ထဲရှိပစ္စည်းများကို ချကာ ပျော်ရွှင်စွာဖြင့် ထွက်သွားတော့သည်။


လတ်တလောရက်များတွင် အင်တာနက်ပေါ်မှသတင်းတိုင်းက မကောင်းသောသတင်းများသာဖြစ်သည်။ အိမ်တွင်ဆေးချသောကြောင့် သရုပ်ဆောင်မင်းသားတစ်ယောက်ဖမ်းဆီးခံလိုက်ရသည့်သတင်း သို့မဟုတ် နာမည်ကြီးရုပ်ရှင်မင်းသမီးနှစ်ယောက်၏ ပရိသတ်များ ရန်ပွဲဖြစ်ကြသည့်သတင်းများသာဖြစ်သည်။ သရုပ်ဆောင်များ၏ ပြစ်မှုများက မုန်တိုင်းတစ်ခုကဲ့သို့ ထိန်းမနိုင်သိမ်းမရစွာပေါ်ထွက်လာပြီး ထိုကြားထဲမှ ရေပန်းအစားဆုံးရှာဖွေမှုအသစ်တစ်ခု ရုတ်ချည်းထွက်ပေါ်လာသည်။


အကျော်အမော်မိဘနှင့်ကလေးအတူတူ အပြင်ထွက်ကာ ခရီးသွားကြသည့် ရသစုံရှိုး အစီအစဥ်


၏ နမူနာအပိုင်းတိုလေးက ယနေ့နေ့လည်ခင်းတွင် ထွက်လာပြီဖြစ်သည်။


အစီအစဥ်အသင်းမှတည်းဖြတ်ထုတ်လိုက်သော နမူနာအပိုင်းတိုလေးက သုံးမိနစ်နှင့်စက္ကန့်နှစ်ဆယ်စာမျှသာရှိသည်။ ထိုရသစုံရှိုးထဲတွင် ပါဝင်သော ချစ်စဖွယ်ကလေးငယ်ငါးဦးလုံးက ပထမဆုံးအကြိမ်အဖြစ် ပွဲဦးထွက်ခြင်းဖြစ်သည်။ နမူနာအပိုင်းတိုလေးထဲတွင် ကလေးတစ်ဦးချင်းစီကိုယ်တိုင် အတိုချုပ်မိတ်ဆက်မှုလေးများကို ထည့်ထားပေးသည်။


တစ်ချိန်တည်းမှာပင် နမူနာအပိုင်းတို၏အဆုံးပိုင်းနားလေးတွင် နေ့လည်ခင်း ငါးနာရီခွဲခန့် ဝက်ဘ်ဆိုပ်ပေါ်တွင် လေယာဥ်အကြောင်းရိုက်ကူးထားသည့်ရုပ်ရှင်ဇာတ်ကားရှည်တစ်ခု ထုတ်


လွှင့်ပေးမည်ဖြစ်ကြောင်း အစီအစဥ်ရိုက်ကူးရေးအဖွဲ့က အရိပ်အမြွက်ပေးထားသည်။ 


"ဘုရားရေ အချိန်အကြာကြီးစောင့်ခဲ့ရပြီးနောက်ဆုံးတော့ ဒီမိဘနဲ့ကလေးရသစုံရှိုးကို စလွှင့်တော့မှာပေါ့"။ 


"အား....အဲ့ဒီအစီအစဥ်ကိုကြည့်ပြီး တစ်ခါတည်းကလေးငါးယောက်ယူချင်သွားရင် ဘယ်လိုလုပ်မလဲ"။


"ကလေးလေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲ...."


"ဒီအစီအစဥ်ကို တရားဝင်ထုတ်လွှင့်ဖို့ ဘာလို့တစ်ပတ်ထက်မက စောင့်လိုက်ရတာလဲ.....ငါကြည့်ချင်လွန်းလို့ မစောင့်နိုင်တော့ဘူး! ဖရုချန်နယ်ရေ ဗီအိုင်ပီအဖွဲ့ဝင် အကြိုအော်ဒါတင်ရအောင် မြန်မြန်ဖွင့်ပေးပါတော့.....ငါတို့ကလေးလေးငါးယောက်နဲ့ နာမည်ကြီးဖေဖေတွေအတွက် ပိုက်ဆံသုံးချင်လှပြီ"


"တစ်"


"နှစ်"


"မှတ်ပုံတင် နံပါတ်"


အတွေ့အကြုံမရှိသေးသော ကလေးတစ်ယောက်ဖြစ်သောကြောင့် ကုဆွေ့ဆွေ့၏မိတ်ဆက်စကားကို နောက်ဆုံးတွင်ထည့်ပေးထားသည်။ ကလေးငယ်လေး၏ နူးနူးညံ့ညံ့အသံလေးက အလွန်ချစ်စရာကောင်းလှသည်။ 


ကီကျီယန်က လတ်တလောတွင် နာမည်အကြီးဆုံးဖြစ်နေသောကြောင့် သုံးမိနစ်စာခန့်မျှသာရှိသော နမူနာအပိုင်းတိုလေးတွင် သူနှင့်ကုဆွေ့ဆွေ့တို့ ပထမဆုံးအကြိမ်တွေ့ဆုံသည့်အခန်းလေးကိုလည်း ထည့်ထားပေးသည်။ ငွေရောင်ဆံပင်တိုနှင့်အမျိုးသားငယ်တစ်ဦးက ကပွဲရုံရှေ့တွင်ရပ်နေပြီး ဒေါသတကြီးနှင့်ပြောလာသည်။ "ဒီမှာ ငှက်သိုက်မုန့်......ငါပန်းရောင်တစ်ခုယူမယ်"။


ဤဇာတ်ဝငင်ခန်းပါလာသောအခါ ဝေဖန်ချက်များနှင့်တရစပ်မေးခွန်းများ ပေါ်ထွက်လာသည်။


"နမူနာအပိုင်းတို အတုကိုကြည့်လိုက်ရသလို ငါခံစားမိတယ်.....ခဲ့ကျင်းယန်က ကလေးမလေးအတွက် မုန့်ချိုတွေဝယ်ပေးတာလား.....စတော်ဘယ်ရီအရသာနဲ့တောင် အထူးမှာထားပေးတယ်.....ချစ်လိုက်တာနော်"


"ငါတို့ရဲ့မင်းသားလေးက ဒီလိုမျိုး ကြင်နာတဲ့လုပ်ရပ်မျိုးလုပ်လိမ့်မယ်လို့ ငါစိတ်တောင်မကူးထားခဲ့ဘူး....ပထမဆုံးတွေ့တဲ့အချိန်မှာတောင် ကလေးအတွက် လက်ဆောင်တွေပြင်လာပေးတယ်"။


"ဟားဟားဟား.....ဒီဇာတ်ဝင်ခန်းမှာ သူကလေးမလေးကို ငိုအောင်လုပ်လိုက်မိလို့ ချိုချဥ်နဲ့ပြန်ချော့နေတာ မဟုတ်ဘူးလား"။


"!!!"


"ဟားဟား ဒီရှင်းပြချက်ကို အဓိပ္ပါယ်ရှိတယ်လို့ ငါထင်တယ်"


"လူရိုးကြီးက ကလေးလေးကိုရိုက်ကွင်းပေါ်မှာ ငိုအောင်လုပ်မိသွားတာလား"


"အစက သူတို့နှစ်ယောက်ရဲ့ အဖေနဲ့သမီးကြားမှာရှိတဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာကို ခံစားမိသေးတယ်....ဒါပေမဲ့ နင်တို့အဲ့လိုတွေပြောလိုက်တော့ နွေးထွေးတဲ့လေထုကြီးက ပျောက်သွားပြီ"။


"ငါတို့ရဲ့ခဲ့ကျင်းယန်နဲ့ သားအဖနေရာမှာ သရုပ်ဆောင်တဲ့ကလေးမလေးက တိမ်မြှုပ်နေသော ရုပ်ရှင်ကားထဲက မင်းသမီးလေးနေရာမှာ သရုပ်ဆောင်တဲ့ကလေးလေးပဲဆိုတာ ငါအခုမှသိသွားတာ"။


ပရိသတ်ပြည်သူအချို့က "တိမ်မြှုပ်နေသော" ရုပ်ရှင်တွင် ကုဆွေ့ဆွေ့ပါဝင်ရိုက်ကူးခဲ့စဥ်က ရိုက်ကွင်းပုံများကို ဝေဘိုတွင်တင်ကြသည်။ ထိုပုံများထဲတွင် မင်းသားချောလုချီက ကျော့ရှင်းလှပသည့်နန်းတွင်းဝတ်စုံဝတ်ထားပြီး အပြစ်ကင်းစင်သည့်မျက်ဝန်းလေးများနှင့် ကုဆွေ့ဆွေ့ကို လက်တစ်ဖက်ဖြင့်ပွေ့ထားသည်။ နှစ်ယောက်လုံးက ချစ်ဖို့ကောင်းပြီး စွဲမက်စရာကောင်းကြသည်။


"ငါငိုနေပါပြီ.....အိုး.....သရုပ်ဆောင်နတ်ဘုရားနှစ်ယောက်လုံးကို သုံးနှစ်အရွယ်သာသာလေးပဲရှိသေးသည့် ကလေးမလေးက တစ်ချိန်တည်းမှာ အပိုင်သိမ်းသွားတယ်တဲ့လား.....ဒီလိုကံကောင်းမှုမျိုးက လက်မခံနိုင်စရာပဲ.....ညီမလေးရေ မမအတွက် တစ်ယောက်လောက်တော့ချန်ထားပေးလေကွယ်"။


"သေချာပါတယ်....အဲဒီချစ်စရာကောင်းတဲ့ ကောင်မလေးရဲ့မိသားစုက တစ်ကယ်ကံကောင်းတာနေမယ်"


"ဆွေ့ဆွေ့က တစ်ကယ်ချစ်ဖို့ကောင်းတယ်.....ငါ့ကလေးသာ ဒီလိုရုပ်လေးဖြစ်ရင် ဘာပဲပေးရရကိစ္စမရှိဘူး"


"ဒီပေါက်စလေးကို အိမ်ကိုခိုးပြီးခေါ်သွားချင်လိုက်တာ....ချစ်စရာကလေးလေးကို သွားခိုးချင်တဲ့သူတွေရှိလား.....ဒီညချိန်းပြီး သွားခိုးကြရအောင်...."


ခဲ့ကျင်းယန်နှင့်သားအဖနေရာတွင်သရုပ်ဆောင်သော ချစ်စဖွယ်ကလေးမလေး၏ သရုပ်မှန်ကိုသိသွားပြီး မကြာမီတွင် ကုဆွေ့ဆွေ့၏ဝေဘိုအကောင့်တွင်လည်း ပရိသတ်များတိုးလာသည်။ နမူနာအပိုင်းတိုလေးက ပရိသတ်ပြည်သူအများအပြားကို ဆွဲဆောင်နိုင်သည်။


 "ကလေးငယ်နှင့်အတူခရီးသွားခြင်း" အစီအစဥ်၏ နမူနာအပိုင်းတိုကို လွှင့်ပြီးနောက် ကုဆွေ့ဆွေ့၏ဝေဘိုက ဖော်လိုဝါ ငါးသိန်းမှခြောက်သိန်းအရေအတွက်သို့ ချက်ချင်းတိုးသွားခဲ့ပြီး ဆက်တိုးနေဆဲပင်ဖြစ်သည်။


Xxxxxx