Chapter 23
Viewers 486

Chapter 23



“ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း”



ကျန်းရှို့က အဝတ်အစားဖုန်ခါပြီး နောက်ကထွက်လာသည်။ သူက မြင်းလှည်းပေါ်က လူတွေကို ပြုံးပြီးပြောလိုက်သည်။

 

“မင်းတို့လှည်းပေါ်မှာ ပစ္စည်းအများကြီးပါလာတာပဲ။ အို…ငါတို့လင်းအာလေးက ခရိုင်မြို့ကို သွားလည်ခဲ့တာလား။ ရှို့အားမော့က မနာလိုဖြစ်သွားပြီ။” သူက အားလင်းကိုဖက်ကာ စနောက်လိုက်သည်။



အားလင်းက အိပ်ရာနိုးခါစရှိသေးသည်။ သူက အတန်ငယ်ရှုပ်ထွေးနေပြီး ရှက်သွားသည်။ အကြိမ်အနည်းငယ်ရုန်းပြီးနောက် သူက သူ့ဖေဖေ​ဆီ ပြန်လှည့်လာကာ ပြောလိုက်သည်။ “ဖေဖေ…သကြားလုံး”





သူက တာမောင်းနှင့် အာမောင်းကို သူဝယ်လာသော သကြားလုံးကျွေးချင်နေသည်။





ထန်ချွန်းမင်က ခြင်းထဲမှ သကြားလုံးနှစ်လုံးထုပ်ကာ တာမောင်းနှင့် အာမောင်းကိုပေးပြီး ပြုံးလိုက်သည်။ “အားလင်းဝယ်လာပေးတာ။ မနက်ဖြန် မင်းတို့လာတဲ့အခါ ပိုကောင်းတာတွေတွေ့လိမ့်မယ်။”



အာမောင်းက အရမ်းပျော်နေပြီး တာ​မောင်းက နည်းနည်းလောဘကြီးသည်။ ပုံမှန်အားဖြင့် သူ့ဖေဖေက သူတို့အတွက် သကြားလုံးချိုချဥ်များ ဝယ်လာပေးပြီး သူက အကြီးဖြစ်တာကြောင့် တိုက်ရိုက်မယူနိုင်ပေ။ ထန်ချွန်းမင်က ကျန်းရှို့ကို မျက်ခုံးပင့်ပြကာ ပြောလိုက်၏။ “ဒါ အားလင်း လမ်းမှာဝယ်လာတာမို့ မင်းတို့ငြင်းလို့မရဘူး။”



“မင်း… မင်း ငွေဘယ်လိုစုရမလဲမသိဘူးလား… တာမောင်းနဲ့ အာမောင်း… အားလင်းကို ကျေးဇူးတင်စကားပြောလိုက်လေ။ စားစရာကို ချွေတာဖို့မမေ့နဲ့။”



ကျန်းရှို့က သူတို့ကို ယူခိုင်းလိုက်တော့ နှစ်ယောက်လုံးက အားလင်းကို ​ကျေးဇူးတင်ကာ ကျန်းရှို့က အားလင်းကို အောက်ချပေးလိုက်သည်။



သူတို့စကားပြောနေစဥ် လီဖုန်းက လှည်းပေါ်က ခုန်ဆင်းလာပြီး ထန်ချွန်းမင်၏ ခြင်းတောင်းကို ခြံဝသို့ ချပေးလိုက်သည်။ သူက ယွိမုကိုလည်း ခေါ်ထားပြီး ပစ္စည်းသယ်ခိုင်းခဲ့သည်။ ရှန်းဖူလန်ကလည်း ထန်ချွန်းမင်နှင့် စကားဝင်ပြောပြီး နောက်တော့ လီဖုန်းက သူ့ကိုပြန်ပို့ပေးခဲ့သည်။



ကျန်းရှို့က ခြံထဲဝင်ကာ ထန်ချွန်းမင်ကို ပြောလိုက်၏။



“ဒီခွေးလေးကို လျော့မတွက်နဲ့ လူကိုဖမ်းလို့တောင်ရတယ်။ ငါက သူဗိုက်ဆာမှာစိုးလို့ စားစရာကျွေးလိုက်တာကို လှည့်တောင်မကြည့်ဘူး။ ဒါပေမယ့်လည်း အဆင်ပြေပါတယ်လေ၊ ခုကစပြီး မင်းနဲ့ အားလင်း ကျွေးလို့ရပြီ။”



“ငါ အိမ်စောင့်ပေးဖို့ တာဝန်ယူထားတယ်။ မင်းရဲ့ ခန်းကုတင်ကိုလည်း မီးမွှေးပေးခဲ့တယ်။ ရေနွေးအိုးတည်ပြီး ဆန်ပြုတ်လည်းပြုတ်ထားတယ်။ ကြက်နဲ့သိုးနို့လည်း ညှစ်ပေးထားတယ်။ မင်း တစ်နေကုန်သွားရတော့ ပင်ပန်းနေမှာပေါ့။ ညစာစောစောစားပြီး အနားယူလိုက်ပါ။ မင်းခန္ဓာကိုယ်က ခရီးသွားထားလို့ မအီမသာဖြစ်နေလိမ့်မယ်။ ငါ နက်ဖြန်မနက်လာကြည့်ပေးပါ့မယ်။”



အိမ်က သပ်ရပ်သန့်ရှင်းနေပြီး ကျေးလက်နေပြည်သူများက မြို့နဲ့မတူစွာပင် ထိုနေရာ၌တော်၏။ ထန်ချွန်းမင်က သူ့အရင်ဘဝမှာ ကျေးလက်တောရွာ၌ နေဖူးသည်။ ကျေးဇူးတရားအများကြီး ဖော်ပြဖို့မလိုပေ။ သူသည်လည်း ကျန်းရှို့မှာ လုပ်စရာရှိနေလျှင် ကူညီပေးနိုင်လို့ပင်။ 



ကျန်းရှို့က အရာအားလုံးကို သေချာရှင်းပြပြီးနောက် သူက တာမောင်းနှင့် အာမောင်းကို ခေါ်သွားခဲ့သည်။ ကျန်းရှို့က အားလုံးလုပ်ပေးခဲ့၍ ထန်ချွန်းမင်က စိတ်သက်သာရာရသွားပြီး နွေးထွေးသော ခန်းကုတင်ပေါ်တွင် ထိုင်ချကာ မလှုပ်ချင်တော့ပေ။



ဆန့်ကျင်ဘက်အနေဖြင့် အားလင်းက တစ်လမ်းလုံးအိပ်လာပြီး ယခုအခါ ​ပို၍ပင်လန်းဆန်းကာ နိုးကြားနေ၏။ သို့ပေမယ့် သူက သူ့ဖေဖေကို စောင့်ရှောက်ဖို့ ငယ်သေးသည်။ ထန်ချွန်းမင်က ပင်ပန်းနေသော်လည်း ဆန်ပြုတ်နဲဲ့ အရွက်​ကြော်နည်းနည်းချက်လိုက်ပြီး နှစ်ယောက်လုံး ဗိုက်ပြည့်တာနဲ့ သူက အားလင်းကို စောင်ခြုံပေး​ကာ အိပ်ရာဝင်ခဲ့သည်။



တာမောင်းနှင့် အာမောင်းက မနက်စောစောရောက်လာခဲ့ပြီး စားပွဲပေါ်တွင် ထန်ချွန်းမင် မနေ့က ဝယ်လာသော မုန့်နှင့်အတူ သိုးနို့လည်းရှိနေ၏။ ထန်ချွန်းမင်က ကျန်းရှို့နှင့် တာရှန်အတွက် အိတ်တစ်လုံးချန်ထားလိုက်သည်။ သူတို့နှစ်ယောက် စားနေစဥ်မှာ ထန်ချွန်းမင်က မနေ့ကဝယ်လာသော စာရွက်နဲ့စုတ်တံတစ်စုံကို ထုတ်လိုက်သည်။ မှင်နှင့်မှင်ကျော​က်က စျေးကြီး၍ သူက သူ့အစုံဟောင်းကိုပဲ အသုံးပြုခဲ့သည်။ သူ​က ပုံဆွဲစာအုပ်ကိုတော့ ရအောင်ဝယ်ခဲ့သည်။



တာမောင်းနဲ့အာမောင်းက သိုးနို့နှင့် မုန့်စားပြီးနောက် ခန်းကုတင်ပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေသည်။ သူတို့က ထန်ချွန်းမင်၏ လမ်းညွှန်မှုအောက်မှာ ပုံစတင်ဆွဲခဲ့သည်။ အားလင်းကတော့ ဘေးကကြည့်နေသည်။





တာမောင်းနှင့် အာမောင်းက အလွန်လေးနက်ပြီး စိတ်လှု​ပ်ရှားနေသည်။ သူတို့က စာရွက်ညစ်ပတ်သွားမှာ စိုးရိမ်ပြီး သူတို့လက်ကို ထပ်ခါထပ်ခါသုတ်နေ၏။ နောက်တော့ သူတို့ဖေဖေလည်း ရောက်လာခဲ့သည်။ 



တာရှန်​က မြို့ပေါ်မှာ အလုပ်ပြီးသွားခဲ့ပြီး နေ့စဥ်နေ့တိုင်း စောစောထွက်ပြီး နောက်ကျမှ ပြန်လာစရာမလိုတော့ပေ။ သူက အိမ်မှာနေပြီး နွေဦးထွန်ယက်ဖို့ ပြင်နေ၏။



တာရှန်အိမ်မှာရှိတော့ ကျန်းရှို့က ပိုလွတ်လပ်သွားတာကြောင့် ထန်ချွန်းမင်၏အိမ်ကိုသွားပြီး ကူလုပ်ပေးရန် ဖို့စီစဥ်ခဲ့သည်။



ကျန်းရှို့က မရယ်မိအောင် ထိန်းချုပ်နေတာ​ကြောင့် ထန်ချွန်းမင်က ရွာမှာတစ်ခုခုဖြစ်နေပြီဆိုတာ သိလိုက်သည်။ သူက မနေ့က မြင်းလှည်းပေါ်မှာ ဖြစ်ပျက်ခဲ့တာကို စဥ်းစားလိုက်ပြီး ကျန်းရှို့အား မေးလိုက်သည်။ “ကျန်းလန်ဟွာနဲ့ လီစုန့်ကမ်းရဲ့မိသားစု ပြဿနာတက်လို့လား?”



“ဟမ်? မင်းကဘယ်လိုသိတာလဲ?” ကျန်းရှို့က စိတ်ဝင်တစား မေးလိုက်သည်။



ထန်ချွန်းမင်က မနေ့ကလှည်းပေါ်မှာ ဖြစ်ခဲ့တာကို ပြန်ပြောပြလိုက်သည်။



“ဒီလိုမိုက်မဲတဲ့လူ ရှိပါဦးမလား? သူပြောသမျှက ကျန်းလန်ဟွာရဲ့နားထဲမရောက်ဘူး ထင်နေတာလား ဒါမှမဟုတ် အဲ့ဒီစကားတွေက ဘာမှမဟုတ်ဘူးလို့ ထင်နေလို့လား”



ထန်ချွန်းမင်က ထိုလူ၏ ဦးနှောက်ပတ်လမ်းကို နားမလည်ဘူးလို့ ထင်လိုက်ပြီး ကမ္ဘာပေါ်က ကျေးလက်နေ လူလတ်ပိုင်းအမျိုးသမီးများ၏ တွေးခေါ်ပုံလိုပင် လန့်စရာကောင်းလှသည်။

“ဟေး…” ကျန်းရှို့က လက်ခါယမ်းကာ ပြောလိုက်သည်။



“အရင်တိုင်းပဲ ခဏစောင့်ကြည့်လိုက်။ ကျန်းလန်ဟွာက လီစုန့်ကမ်းရဲ့အိမ်ကို ပြဿနာသွားရှာလိမ့်မယ်။ ပြီးရင် သိပ်မကြာခင်မှာ ပြန်တည့်သွားမှာပဲ။ ဒါကြောင့် ကျန်းလန်ဟွာလို လူမျိုးကို ငါမသနားတာ။ သူ အရိုက်ခံဖို့ ထိုက်တန်တယ်။ ငါ လက်ထပ်ခါစက သူ သူ့ယောကျာ်းရဲ့အရိုက်ခံနေရလို့ လူတစ်ချို့က တားခဲ့ကြသေးတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျန်းလန်ဟွာက သူ့ယောကျာ်း ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက်စဥ်းစားပေးတတ်ကြောင်း၊ သူတို့ကြားဝင်တဲ့သူတွေက နှောင့်ယှက်နေတာလို့ ပြောခဲ့တယ်။”



ထန်ချွန်းမင်က ကောင်းကင်ကိုကြည့်ကာ ပြောစရာပျောက်ရှသွားသည်။ သူက ထိုလူစားမျိုးကို တွေ့ဖူးသည်။ ကျေးလက်မှာ လင်မယားနှစ်ယောက်ရှိခဲ့သည်။ သူတို့ရန်ဖြစ်လျှင် အမျိုးသမီး၏လက်သည်းက ခင်ပွန်းဖြစ်သူ၏လည်ပင်းနှင့် မျက်နှာကြား၌ အမာရွတ်ကျန်သည်အထိ သွေးထွက်သံယို တိုက်ခိုက်လေ့ရှိသည်။ မကြာခင်မှာပဲ သူတို့ကပြန်ချစ်သွားပြီး ရန်ပွဲဝင်တားပေး​သော လူတွေကို အပြစ်တင်လေ့ရှိသည်။



နောက်တော့ သူတို့ရန်ဖြစ်ရင် လူတိုင်းက ပွဲကြည့်နေပြီး သူတို့ကိုတားဖို့ ရှေ့မတိုးကြတော့ပေ။

.



ကျန်းရှို့က ထန်ချွန်းမင် ပြင်ထားသော ပျိုးပင်ကို ကူသယ်ပေးရင်း 



“မင်းဒီလောက်တော်မယ်လို့ မထင်ထားဘူး။ နောက်တစ်ခါ ငါလည်းလုပ်ချင်တယ်။”







နေရာလွတ်၏တည်ရှိမှုနှင့် ထူးခြားသောစမ်းရေကို ဖုံးကွယ်ရန် ထန်ချွန်းမင်က ကျိုးပဲ့နေသော ခြင်းတောင်းနည်းနည်းလောက်ရှာပြီး​ မြေအပြည့်ဖြည့်ကာ အိမ်ထဲသွင်းခဲ့သည်။ အိမ်၏အပူချိန်က အပြင်ကထက် ပိုမြင့်သည်။ နေရာလွတ်ထဲက စမ်းရေထဲတွင် အစေ့စိမ်ပြီးနောက် သူက မြေကြီး​ထဲသို့ ကျဲချလိုက်သည်။ နှစ်ရက်သုံးရက်အတွင်း အစေ့များက တစ်ခုပြီးတစ်ခု အညှောက်ပေါက်လာခဲ့သည်။ 



ယခုအခါ အစေ့များက နှစ်ရက်ကျော်အတွင်း ကြီးထွားလာပြီး အပြင်အပူချိန်က ပိုမြင့်လာသည်။ ထန်ချွန်းမင်က စိုက်ပျိုးထားသော ပျိုးပင်အားလုံးကို နောက်ဖေးက လယ်ကွင်းထဲ၌ ပြောင်းစိုက်ဖို့ ပြင်ခဲ့သည်။



ကျန်းရှို့က ၎င်းတို့မရှင်သန်နိုင်မှာ စိုးရိမ်နေပေမယ့် ခြင်းတောင်း၏ အပေါ်ဆုံးအလွှာကို နေရာလွတ်မှ မြေဆီလွှာနဲ့ ဖြည့်ထားကြောင်း ထန်ချွန်းမင်သာသိသည်။ နေရာပြောင်းစိုက်ပြီးနောက် နေ့တိုင်းရေလောင်းပေးဖို့လိုသည်။ အပူချိန်က နိမ့်နေလျှင်ပင် သူတို့ကောင်းကောင်း ရှင်သန်နိုင်လိမ့်မည်။





“နေရာက အရမ်းကျဥ်းနေလို့ နောက်အသုတ်တွေ ထပ်စိုက်ပြီးရင် အစ်ကို့ကိုပေးမယ်။” ထန်ချွန်းမင်က ပြောလိုက်သည်။







ယခုမူ အိမ်က ပျိုးပင်နှင့် သားပေါက်များဖြင့် ပြည့်နေသည်။ ယင်းမှာ အတော်လေးရှုပ်နေ၍ မကြာခင်မှာ ပြောင်းရွှေ့ရပေမည်။





“အင်းပါ။ ဒီဟင်းသီးဟင်းရွက် ပျိုးပင်တွေက အရမ်းကောင်းတယ်လို့ ငါထင်တယ်။ မင်းဘယ်လိုစိုက်ပျိုးခဲ့တာလဲ… ထားလိုက်ပါတော့ မင်း ကောင်းကောင်း စိုက်ပျိုးနိုင်မှ ငွေရှာလို့ရမှာ။”



ကျန်းရှို့က အားကျသော်လည်း ထိုကိစ္စ၏အရေးပါပုံကိုသိသည်။ အထူးသဖြင့် မင်ကောအာ​က သူ့သားအတွက် လုံလုံလောက်လောက် မြှုပ်နှံထားတာကြောင့် မင်ကောအာ၏ ဝင်ငွေအရင်းမြစ်ကို ဖြတ်ယူတာမကောင်းပေ။ 



“ဒါပေါ့ ဘယ်သူမှမလုပ်နိုင်ဘူးလေ။” ထန်ချွန်းမင်က ဂုဏ်ယူစွာပြောလိုက်သည်။ “ပျိုးပင်စိုက်တဲ့အခါ မြေဆီလွှာကို တစ်ခုခုထည့်ထားလို့ သူတို့ကြီးထွားတဲ့အခါ ပြဿနာမရှိတော့ဘူး။” ကျန်းရှို့က ထိုစကားကိုယုံသည်။



ခဏအကြာတွင် ဝမ်းမော့ကလည်း ကူညီဖို့ရောက်လာသည်။ ထန်ချွန်းမင်က ခြံကိုပိတ်လိုက်ပြီး သုံးယောက်သားက အချိန်အတော်ကြာအလုပ်ရှုပ်နေကာ စိုက်ပျိုးထားသော ပျိုးပင်များကို ပြောင်းရွှေ့နေသည်။ အပြင်လူတွေက ဘာဖြစ်နေလဲမသိပေမယ့် ရှင်းဖူလန်က ထိုအကြောင်းကို ရေးရေးမျှသိသည်။







နောက်တော့ သူလည်းရောက်လာပြီး ထန်ချွန်းမင်၏ ခြံထဲက ဟင်းသီးဟင်းရွက်မျာက တခြားလူတွေထက် ကြီးထွားနှုန်းပိုမြင့်တာကို တွေ့ခဲ့ရသည်။ ထန်ချွန်းမင်က ဟင်းသီးဟင်းရွက်ဥယျာဥ်မှ သခွားသီးကိုခူးပြီး မြို့ပေါ်မှာရောင်းဖို့ ပြင်လိုက်သည်။



ရွာထဲက လူတွေက အံ့အားသင့်သွားသည်။ လူတော်တော်များများက အခြေအနေကိုစုံစမ်းဖို့ လာခဲ့ပေမယ့် ကျန်းရှို့နဲ့ ရှန်းဖူလန်က သူတို့ကို ပြန်လွှတ်ခဲ့သည်။



ဟင်းသီးဟင်းရွက်အပင်များကို စိုက်ပျိုးပြီးနောက် ထန်ချွန်းမင်က ကြွယ်ဝချမ်းသာမှု၏လမ်းကို စတင်လှမ်းနေပြီလို့ ခံစားခဲ့ရသည်။



သူက ရင်ဖိုစရာကောင်းသော ဟင်းသီးဟင်းရွက် ရောင်းချနည်းကို ထပ်မလုပ်နိုင်ပေ။ သူ နောက်တစ်ကြိမ် ထပ်ပေါ်လာရင် ထင်ကျင့်စားသောက်ဆိုင်က သူ့ကို သတိထားမိသွားနိုင်ပြီး လန်ကျွီစားသောက်ဆိုင်ကလည်း သူ့ကိုစောင့်ကြည့်နေနိုင်သည်။



ထိုစဥ် လီဖုန်းက အခြေချနေထိုင်ပြီးနောက် သူ့ကို ကူညီပေးခဲ့သော ရွာလူကြီးနဲ့ အကြီးအကဲများကို ဖိတ်ခဲ့တယ်လို့ ကျန်းရှို့ထံမှ ကြားခဲ့ရသည်။ လီတာရှန်၏မိသားစုကလည်း အဖိတ်ခံရသည်။ တာရှန်ပြန်ရောက်တော့ သူက ကျန်းရှို့၏ အကြံဉာဏ်ကိုနားထောင်ပြီး အကြိမ်ရေအနည်းငယ် ကူညီပေးခဲ့သေးသည်။



ထိုနေရာ၌ အခြေချပြီးနောက် တာမောင်းနှင့် အာမောင်းတို့က နေ့လည်ပိုင်းတွင် အားလင်ကို လာခေါ်သွားတတ်သည်။ ထန်ချွန်းမင်နဲ့ ကျန်းရှို့က ခွင့်ပြုခဲ့ပြီး ယခုဆိုလျှင် ယွိမု၏ အတိုက်အခိုက်စွမ်းရည်က ရွာ၌ နာမည်ကြီးလေ၏။




သူ့သားနှစ်ယောက်က တောင်ပေါ်မှာအမဲလိုက်ဖို့ လုံလုံလောက်လောက် သင်ယူရင်ရပြီလို့ ကျန်းရှို့ခံစားရပေမယ့် မုဆိုးဖြစ်ဖို့တော့ မလိုအပ်ပေ။ တောရိုင်းတိရစ္ဆာန်များကိုဖမ်းဖို့ ရံဖန်ရံခါ တောင်ပေါ်တက်ခြင်းက မိသားစုအတွက် အသားနည်းနည်းရပြီး အနာဂတ်မှာ မိသားစုထူထောင်ဖို့ ကျွမ်းကျင်မှုတစ််ခုဖြစ်လာလိမ့်မည်။