Chapter 28.2
Viewers 449


Chapter 28.2



ထန်ချွန်းမင်က အိမ်နောက်ဖေးမှ ဟင်းသီးဟင်းရွက်များကို သူရင်းနှီးသော မိသားစုများထံသို့ အကြိမ်ပေါင်းများစွာပေးဖူးသည်။ ၎င်းတွင် လီကျန့်မိသားစု၊ ဝမ်မော့မိသားစု၊ သူ့ကို မြို့ပေါ်မှာ ပစ္စည်းဝယ်ပေးလေ့ရှိသော ကျောက်လျို့မိသားစုနှင့် ကျန်းရှို့၏မိသားစုပါဝင်သည်။

 

ထိုအကြောင်းစဥ်းစားကြည့်တော့ ထန်ချွန်းမင်က မြို့ပေါ်မှာ ဟင်းသီးဟင်းရွက်တချို့သွားပြဖို့ ဆုံးဖြတ်လိုက်သည်။ ဟင်းသီးဟင်းရွက်တွေ လာရောက်သယ်ယူမည့် ရေရှည်ဖောက်သည်တစ်ယောက်ကို ရှာဖို့လိုသည်။ အကြောင်းမှာ သူက နေ့စဥ်နေ့တိုင်း မြို့ပေါ်တက်ပြီး ဟင်းသီးဟင်းရွက် မရောင်းနိုင်လို့ပင်။



ယခု သူ့ဗိုက်က ဘောလုံးတစ်လုံးလို ကြီးလာခဲ့သည်။ တစ်ခါတစ်ရံ သူက ဗိုက်ထဲရှိ ဆူညံသံတစ်ခုကို ကြားနိုင်လေသည်။ သူဘယ်လောက်လျစ်လျူရှုပါစေ သူ လက်တွေ့ကို ရင်ဆိုင်ဖို့လိုသည်။ သူ့ဗိုက်ထဲက ကလေး ပိုမိုလေးလံလာတဲ့အချိန်မှာ သူနေ့တိုင်းအပြင်ထွက်နိုင်မှာလား? ထန်ချွန်းမင်က ကလေးမွေးမှာကို မတွေးမိဖို့ ကြိုးစားနေသော်လည်း သူ ထိုအချိန်မှာ ပြင်ဆင်မှုတချို့လုပ်ရဦးမည်။



မမွေးဖွားခင်မှာတင် ဤက​လေး သူ့ကို ဘယ်လိုဒုက္ခပေးသလဲ စဥ်းစားကြည့်တော့ ထန်ချွန်းမင်က စိတ်တိုလာသည်။ သူဘယ်လိုကြည့်ကြည့် အားလင်းက လိမ္မာသိတတ်သည်။ ကလေးမွေးလာရင် ထန်ချွန်းမင်၏ရင်ထဲက သူ့နေရာမှာ အားလင်းနဲ့ ယှဥ်လို့ရမှာမဟုတ်ပေ။ ဟုတ်ပါသည်။ သူ ကျန်းရှို့ကို သူ့အတွေးတွေအကြောင်း ဘယ်တုန်းကမှမ​ပြောပြဖူးပေ။ မဟုတ်ပါက သူအဆူခံနေဦးမည်။



မြို့ပေါ်တွင် ငါးရက်နေ့နှင့် ဆယ်ရက်နေ့တိုင်း စျေးပွဲတော်ရှိ၏။ ဖြစ်ချင်တော့ ထိုနေ့က လဝက်မှာ ကျရောက်သည်။ ထန်ချွန်းမင်က စောစောထပြီး ဟင်းသီးဟင်းရွက် တောင်းကြီးနှစ်တောင်းကို ကောက်ယူလိုက်သည်။ သူက မြို့ကိုအတူသွားဖို့ ဝမ်မော့၊ကျန်းရှို့တို့နဲ့ ချိန်းထားသည်။ သူတို့နှစ်ယောက်ကလည်း ဥတချို့ကောက်ကာ သွားရောင်းကြမှာပင်။



ကြက်များနှင့် သိုးများကို အစာကျွေးပြီး ရှောင်ဟွာအတွက် စားစရာနည်းနည်းချန်ထားခဲ့ပြီးနောက် ထန်ချွန်းမင်က အားလင်းကိုခေါ်ကာ တံခါးသော့ခတ်ပြီး တံခါးဝမှာစောင့်နေသော ကျန်းရှို့နဲ့အတူ ရွာဝင်ပေါက်ကို လျှောက်လာခဲ့သည်။ တာရှန်က ဟင်းသီးဟင်းရွက် တောင်းနှစ်တောင်းကိုသယ်ပြီး ဦးလေးကျောက်လျို့၏ နွားလှည်းပေါ်တွင် တင်လိုက်သည်။



“ဦးလေးကျောက်။”



“မင်ကောအာရောက်လာပြီ။ မင်းရဲ့ဟင်းသီးဟင်းရွက်တွေက တကယ်ကိုအရသာရှိတယ်။ မြို့ပေါ်သွားရောင်းရင် စျေးကောင်းကောင်းရလိမ့်မယ်။” ဦးလေးကျောက်လျို့က တာရှန်ကို တောင်းကူသယ်ပေးခဲ့သည်။ သူကိုယ်တိုင်မြည်းစမ်းဖူး၍ ဟင်းသီးဟင်းရွက် အရသာကောင်းတာကို သိနေလေ၏။



“ဒါဆို ဦးလေးလျို့ရဲ့စကားကို နားထောင်ပြီး စျေးကောင်းကောင်းရခဲ့ရင် အကြီးဆုံးမြေးအတွက် သကြားလုံးချိုချဥ်ဝယ်ပေးလိုက်မယ်။”



“ဟားဟား…ဟုတ်ပါပြီကွာ”



တာရှန်က ဟင်းသီးဟင်းရွက်များကို ကားပေါ်တင်ပြီးတာနဲ့ မပြန်ခင် ကျန်းရှို့ကို စကားပြောခဲ့သည်။ ဝမ်​မော့ကလည်း ခြင်းတောင်းတစ်လုံးနှင့် အမောတကောရောက်လာခဲ့သည်။ ထန်ချွန်းမင် လှည်းပေါ်မှာ သက်​တောင့်သက်သာ ထိုင်လို့ရစေရန် ကျန်းရှို့က ပိတ်သားခွေးခြေခုံယူလာပေးခဲ့သည်။ သူနဲ့ ဝမ်မော့က ထန်ချွန်းမင်ကို ဘယ်နဲညာကနေ ကာပေးထားသည်။ အားလင်းသည်လည်း ကျန်းရှို့လက်ထဲရောက်နေပြီး လူစုံတာကိုတွေ့တော့ ဦးလေးကျောက်လျို့က ကြာပွတ်ကိုဝှေ့ယမ်းကာ နွားလှည်းစတင်မောင်းနှင်လိုက်သည်။ 



နွားလှည်းပေါ်၌ လူဆယ်ဦးထက်မနည်း ပြည့်ကျပ်နေတာကြောင့် ၎င်း၏အရှိန်မှာ လီကျန့်မိသားစု၏ မြင်းကြီးနဲ့ ယှဥ်လို့မရပေမယ့် လမ်းက ပုံမှန်ရွေ့လျားနေ​၏။



နွားလှည်းပေါ်က လူတွေသည် ထန်ချွန်းမင်သယ်လာသော ခြင်းတောင်းနှစ်တောင်းကို စိတ်ဝင်စားနေသည်။ အရင်တုန်းက ကျန်းရှို့သည် ခြင်း​တောင်းများကို ရွာတစ်လျှောက်လုံး သယ်လာပြီး လီကျန့်၏အိမ်ကို ပို့ပေးခဲ့သည်။ သူက လမ်းခရီး၌ လူအများ၏အာရုံကို ဆွဲဆောင်ခဲ့သည်။



ကျန်းရှို့က ထိုအချိန်တွင် ဘာကိုမှမဖုံးကွယ်ထားပဲ မင်ကောအာ စိုက်ပျိုးထားတာလို့ တခြားသူတွေကို ပြောခဲ့သည်။ သူက သူ့မိသားစုကိုထောက်ပံ့ဖို့ ဟင်းသီးဟင်းရွက်ရောင်းပြီး ငွေရှာချင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။ မင်ကောအာ၏ စိတ်ကူးကို မနှောင့်ယှက်ဖို့ တည့်ပြောလုနီးပါးဖြစ်ခဲ့​သည်။ လူတစ်ယောက်၏ ဝင်ငွေအရင်းအမြစ်ကို ဖြတ်တောက်လျှင် ဘုရားသခင်၏ ကျိန်ဆဲခံရမည်ပင်။



ထန်ချွန်းမင်​က စကားလုံးအနည်းငယ်ပဲ တုံ့ပြန့်ခဲ့ပြီး မျိုးစေ့ကို ကောင်းကောင်းစိုက်ပျိုးထားခြင်းလို့သာ ပြောခဲ့သည်။ တချို့လူတွေက အ​ခြေအနေကို သေချာမသိရလို့ မကျေမနပ်ပြောခဲ့သည်။ “ရှို့အာ.. မင်းနဲ့ မင်ကောအာက အရမ်းရင်းနှီးတာပဲ။ မင်းတို့က အတူတူ မစိုက်ပျိုးခဲ့ပဲ အခု တူတူရောင်းဖို့ မြို့ကိုသွားနေတာပေါ့။ မင်းတို့ ပိုက်ဆံနည်းနည်းရနိုင်မယ်လို့တော့ ငါထင်တယ်။”

ထန်ချွန်းမင်က ရယ်မောမိသွားသည်။ သူက ရန်တိုက်ပေးခြင်းတစ်မျိုးဖြစ်၏။ ကျန်းရှို့ကလည်း မယဥ်ကျေးတော့ပေ။ “ဟင်းသီးဟင်းရွက်တွေကို တူတူမစိုက်ခဲ့ဘူးလို့ ဘယ်သူပြောလဲ။ မင်ကောအာရဲ့ ပိုနေတဲ့ပျိုးပင်တွေကို ငါနဲ့ မော့အာကို ခွဲပေးခဲ့တာ။ ငါတို့က မင်ကောအာလို သတ္တိမရှိလို့ ဒီရာသီမှာ ကောက်ပဲသီးနှံမရှင်သန်နိုင်မှာကို စိုးရိမ်ပြီး မစိုက်ရဲခဲ့တာ။ ပြီးတော့ အဲ့ဒါက လူတွေရဲ့ ကျွမ်းကျင်မှုအပေါ်လည်း မူတည်သေးတယ်။ ပျိုးပင်တူရင်​တောင် မင်ကောအာက ငါတို့ထက် ပိုရိတ်သိမ်းနိုင်တယ်။”

 

တချို့လူတွေက အမြတ်အစွန်းများပြီး တချို့ကတော့ ကံမ​ကောင်းပဲ အမြတ်အစွန်းနည်းသည်။ ဒီအတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပေ။ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းကလည်း အလားတူပင်။

“ဟုတ်တယ်… ရှို့အာနဲ့ ငါက ကောက်ပဲသီးနှံ သိပ်မစိုက်ရဲဘူး။ အဲ့ဒီတုန်းက မင်ကောအာက ကူစိုက်ပေးမယ်လို့​တောင် ပြောခဲ့တယ်။ ငါတို့မိသားစုက မင်ကောအာလောက် မစိုက်နိုင်ပေမယ့် သူ့ဟင်းသီးဟင်းရွက်တွေက ပိုအရသာရှိတယ်။” ဝမ်မော့က ပြုံးပြီး ဆက်ပြောလိုက်သည်။

 

သူ့ဘိုးဘိုးနဲ့ ကလေးတွေအားလုံးကြိုက်ကြလို့ သူတို့မှာ မိသားစုစားဖို့ပင်မလောက်ပဲ ရောင်းဖို့ဆိုဝေးလေသည်။





တချို့လူတွေက ထိုစကားကြားတော့ ပိုလို့တောင် မနာလိုဖြစ်သွားသည်။ ကျန်းရှို့နှင့် ဝမ်မော့က မင်ကောအာနှင့် ရင်းနှီးသောသူငယ်ချင်းတွေဖြစ်လို့ မိသားစုနှစ်စုက သူ့ကို အကြွင်းမဲ့ကူညီပေးတာကို သူတို့သိသည်။



တခြားရွာသားများက ပုံမှန်အားဖြင့် ခပ်ဝေးဝေးနေလေ့ရှိပြီး မင်ကောအာတစ်ခုခုဖြစ်လာလျှင် သူတို့ကိုပါငြိစွန်းစေမှာ စိုးရိမ်လို့ပင်။ ယခုမူ သူတို့က ကြည့်နေရုံသာတတ်နိုင်သည်။ လူတစ်​ယောက်က ထန်ချွန်းမင်ကို ဘယ်ချိန်ပျိုးပင်ထပ်စိုက်မှာလဲလို့ အရှက်မရှိမေးလာခဲ့သည်။ ကျန်းရှို့က ထိုလူကို အပြုံးတစ်ခုဖြင့် ကြည့်လိုက်ပေမယ့် ထန်ချွန်းမင်က တိုက်ရိုက်လက်မခံပဲ ပေါ့ပေါ့တန်တန် တုံ့ပြန်လိုက်သည်။

ဤဟင်းသီးဟင်းရွက်များကို မြို့ထဲမှာ စျေးကောင်းကောင်းနဲ့ ရောင်းနိုင်လျှင် သူက တခြားသူတွေကို ပျိုးပင်ကူစိုက်ပေးဖို့လိုလို့လား? သူတို့ ပျိုးပင်လိုချင်ရင် ငွေနဲ့ဝယ်လိုက်လေ။



ထန်ချွန်းမင်က လမ်းတစ်လျှောက်လုံး အိပ်လာခဲ့သည်။ အားလင်းကလည်း သူ့လိုပင်။ သူတို့မြို့ကိုရောက်တော့ ကျန်းရှို့နှင့် ဝမ်မော့က သူတို့ကိုနှိုးခဲ့သည်။



သူက မနက်အစောကြီးထပြီး အသီးအရွက်ကောက်ကာ ကြက်ပေါက်လေးများကို အစာကျွေးရတာကြောင့် ထန်ချွန်းမင်က ပုံမှန်ထက်စောပြီးထခဲ့ရသည်။ အားလင်းကလည်း သူနဲ့အတူ အမြဲအိပ်တာကြောင့် လှုပ်ရှားမှုတစ်ခုရှိတာနဲ့ သူ့အားမူနဲ့အတူ နိုးထလာခဲ့သည်။ သူတို့က လမ်းပေါ်မှာသာ အိပ်နိုင်တော့သည်။



ဦးလေးလျို့က အလွန်စိတ်အားထက်သန်သူဖြစ်ပြီး သူပြန်လှည့်မထွက်ခင်မှာ ထန်ချွန်းမင်ကို ဆိုင်ခင်းထားသော နေရာ၌ချပေးပြီး နေ့လည်မှာပြန်ဆုံဖို့ ပြောခဲ့သည်။ ဦးလေးကျောက်က သူ့ကို မတူကွဲပြားစွာ ဆက်ဆံနေတာတွေ့တော့ ထန်ချွန်းမင်က အနည်းငယ်အံ့သြသွားသည်။ ဦးလေးလျို့က သူ့ကို သနားနေပြီး သူနဲ့ ကျောက်မိသားစု ပြိုကွဲသွားလို့ သူ့ကို ဂရုစိုက်ပေးနေတာဖြစ်၏။



ကျန်းရှို့​က တာလျန်၏နာမည်ကိုပြောကာ ရွာသား၏ပါးစပ်ကိုပိတ်ခဲ့သည်။ သူပြန်ရောက်ပြီးနောက် အမှတ်မထင်မေးလိုက်သည်။ အခြေအနေကို သိရှိပြီးနောက်တွင် သူက ကျောက်လျိို့၏ စိိတ်နေသဘောထားကွာခြားနေမှုကို နားလည်ခဲ့သည်။ ဦးလေးကျောက်ကလည်း သနားစရာကောင်းတဲ့လူလို့ ပြောလို့ရသည်။

 



ဦးလေးကျောက်က မျိုးရိုးအမည်ကျောက်ဖြစ်သည့် ရွာသားတစ်ယောက်ဖြစ်၏။ သူက တတိယဦးလေး၊ ကျောက်တာနျို့နဲ့ ဆွေမျိုးတော်သည်။ ယုတ္တိရှိရလျှင် ဦးလေးကျောက်က ထိုမိသားစုနှစ်ခုနဲ့ ပိုနီးစပ်သင့်သော်လည်း ဦးလေးကျောက်က ကျောက်မိသားစုမှာ လက်ထပ်ခဲ့သော မင်ကောအာအပါအဝင် ကျောက်မိသားစုဝင်များအပေါ် ​အေးစက်သော သဘောထားရှိသည်။ သူတို့က လှည်းငှားလိုလျှင် သူက အဆင်ပြေသည်။ သူတို့ ပိုက်ဆံပေးနေသရွေ့ တစ်​ယောက်ကိုတစ်ယောက် စကားပင်မပြောပဲ အလုပ်လုပ်ပေးနိုင်သည်။



သို့ပေသိ ထန်ချွန်းမင် ကျောက်မိသားစုနှင့် အဆက်ဖြတ်ပြီးနောက် ဦးလေးကျောက်က သူ့​အပေါ် သိသိသာသာ ဂရုစိုက်လာခဲ့သည်။ သူ မြို့ပေါ်က အသားဝယ်ပေးဖို့ပြောတိုင်း အပိုပေးချေစရာမလိုပဲ တစ်ပြားပိုရင်တောင် ဦးလေးကျောက်က ပြန်ပေးခဲ့သည်။ ထိုအချိန်က ထန်ချွန်းမင်သည် အကြောင်းပြချက်ကို မသိပေမယ့် ဦးလေးကျောက်လျို့က သူနဲ့ ကျောက်မိသားစုကို သီးခြားဆက်ဆံနေကြောင်း ရှင်းရှင်းလင်းလင်းသိခဲ့သည်။



တာလျန်အကြောင်းပြောရလျှင် သူက ကျောက်လျို့၏ လူလတ်ပိုင်းအရွယ်ကောတစ်ယောက်ဖြစ်သည်။ သူနဲ့ သူ့ဇနီးက ထိုကောလေးကို ရတနာတစ်ခုလို ပျိုးထောင်ခဲ့သော်လည်း အဆုံးမှာ ဆံဖြူလူသားက ဆံနက်လူသားကို လက်လွှတ်ပေးရမှာပင်။ သူ့ဇနီးကလည်း ထိုကိစ္စကြောင့် စိတ်ဓာတ်ကျခဲ့ပြီး ဝမ်းနည်းပူဆွေးကာ ဆုံးပါးသွားခဲ့သည်။ ရလဒ်အနေဖြင့် ဦးလေးကျောက်၏မိသားစုက ရွာထဲက ကျောက်မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး ဘယ်တော့မှ ပြန်လည်သင့်မြတ်ခြင်းရှိလာတော့မှာ မဟုတ်ပေ။ 



ကျန်းရှို့၏စကားအရ တာလျန်က အလွန်တိတ်ဆိတ်ပြီး ရှက်တတ်သူဖြစ်သည်။ ဦးလေးကျောက်က ကောငယ်လေးကို လက်ထပ်ပေးဖို့ တွန့်ဆုတ်နေရင်း သူ့အသက်ခြောက်ဆယ်ကျော်အထိ စောင့်ခဲ့ပြီးမှ ကောင်းမွန်သော မိသားစုတစ်ခုမှာ အိမ်ထောင်ချပေးခဲ့သည်။ သူ့ကောလေးကို ယခုလို ဂရုစိုက်ပေးတဲ့လူက ရှားသည်။ ထိုအချိန်တုန်းက လူတော်တော်များများက ဦးလေးကျောက်ကို လှောင်ပြောင်ခဲ့ကြသေးသည်။