Chapter 29.2
Viewers 509

Chapter 29.2




အားလင်းက သူ့အားမူကို အနှောင့်ယှက်မပေးမိစေရန် သူ့အားမူနားမှာ နာခံမှုရှိရှိထိုင်နေသည်။ သူ့အားမူသွားတော့မှာမို့ သူက သူ့ကို စိတ်အားထက်သန်စွာကြည့်နေ၏။ ထန်ချွန်းမင်က အားလင်း၏ ပါးဖောင်းဖောင်းလေးကို ကိုက်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “အားလင်းလည်းလိုက်ခဲ့….ဖေဖေ့အတွက် လမ်းရှင်းပေး။”



ကျန်းရှို့က ရယ်စရာလို့ထင်ပြီး ထန်ချွန်းမင်ကို အသာလေးရိုက််လိုက်သည်။ အားလင်းက သူ့အားမူ၏ ခြင်းတောင်းကိုသယ်ရလို့ ဝမ်းသာနေ၏။ ကျန်းရှို့မြင်တော့ အမြန်ဆွဲယူလိုက်​လေသည်။ ထိုလူသေးသေး​လေးက ခြင်းတောင်းကြီး တစ်ကိုယ်လုံးဖုံးလုနီးပင်းပင်။



ဝမ်မော့က ကျန်းရှို့ကို သူ့ပန်းထိုးလက်ရာပေးလိုက်ပြီး ပန်းထိုးအလုပ်ရုံကို တစ်ခါတည်းပို့ပေးဖို့ ပြောခဲ့သည်။ သူတို့နှစ်ယောက်က မိသားစုဝင်ငွေကို ဖြည့်ဆည်းဖို့ လက်ရာတချို့ဖော်ကြသည်။ ယခင်က သူတို့သည် မင်ကောအာ၏လက်ရာကိုပါ ထည့်ပေါင်းခဲ့သော်လည်း ယခုမူ သူ့၌ အိမ်မှာ လုပ်စရာအများကြီးရှိနေတာကြောင့် သူတို့နှစ်ယောက်က သူ့ကိုသိပ်မဆွဲဆောင်တော့ပဲ ထိုကိစ္စနဲ့ပတ်သက်ပြီး အာရုံမစိုက်တော့ပေ။



ထန်ချွန်းမင်က အားလင်း၏လက်ကိုဆွဲကိုင်ပြီး လူအုပ်ထဲတိုးဝင်လိုက်သည်။ လမ်းတစ်လျှောက် သူက အားလင်းစာဖို့ သကြားလုံးထုတ်တိုးဝယ်ခဲ့သေးသည်။ သူနဲ့ ကျန်းရှို့က တံခါးဝမှာ ကျင်းကျိဆိုင်းဘုတ်ချိတ်ထားသော စားသောက်ဆိုင်ကို ဖြည်းဖြည်းချင်းလျှောက်သွားခဲ့သည်။



ကျန်းရှို့က စိတ်မရှည်သူဖြစ်သည်။ သူသာဆိုလျှင် ရလဒ်ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တတ်နိုင်သမျှ အမြန်ဆုံးရရန် စားသောက်ဆိုင်ကို အလျင်စလိုပြေးသွားမည်ဖြစ်၏။ သို့ပေမယ့် သူလှည့်ကြည့်လိုက်တော့ မင်ကောအာမှာ ဗိုက်တစ်လုံးဖြင့် ဘဲတစ်ကောင်လို ကားယားလျှောက်နေတာကြောင့် သူက ပြုံးပြီး သူ့ခြေလှမ်းတွေကို အရှိန်လျှော့လိုက်ရသည်။



ထန်ချွန်းမင်က သူ့ကို စကားမပြောပဲ စိုက်ကြည့်နေပြီး သူ ယခု ကြည့်ရဆိုးနေမှန်းသိသည်။ သူ​များတွေမပြောနှင့် သူကိုယ်နှိုက်က ဗိုက်နည်းနည်းကြီးလာသည်နှင့် အပြင်မထွက်ချင်တော့ပေ။



စကေးနှင့် မျက်နှာစာအရ ကျင်းကျိစားသောက်ဆိုင်သည် ခရိုင်မြို့ထဲက ထင်ကျင့်စားသောက်ဆိုင်နှင့် မင်လန်ကျွီလောက်မကြီးပေမယ့် မြို့ထဲက တခြားသော အ​ဆောက်အဦးများနှင့်ယှဥ်လျှင် အလွန်ဆွဲဆောင်မှုရှိ​လေသည်။ 

 

ဖျင်အန်းမြို့တစ်ဝိုက်၌ ရွာပေါင်းဒါဇင်လောက်ရှိသည်။ ​တောင်ပေါ်မှာ ပစ္စည်းများစွာမရှိသော်လည်း ဖျင်အန်းမြို့ထဲတွင် တောင်ပေါ်ထုတ်ကုန်အများအပြားရှိသည်။ တောင်နှင့်မြောက်မှ ကုန်သည်များက ကုန်ပစ္စည်းစုဆောင်းဖို့ ဖျင်အန်းမြို့ကို ရောက်ရှိလာကာ စီးပွားရေးလာလုပ်ကြသည်။ သို့ဖြစ်၍ စျေးနေ့မဟုတ်လို့ မြို့ထဲမှာ လူသိပ်မရှိလျှင်ပင် စားသောက်ဆိုင်၏စီးပွားရေးက နှောင့်နှေးခြင်းမရှိခဲ့ပေ။



နောက်ဆုံးအကြိမ် ခရိုင်မြို့ကိုသွားခဲ့တာ အတော်ကြာခဲ့လေပြီ။ ငွေလိုနေချိန်မှသာ ထန်ချွန်းမင်က သူ လိုသုံးလုပ်ခဲ့တာကို သတိရသွားသည်။ သူက ဆိုင်ရှင်ချန်ကို မေ့နေတာကြာခဲ့ပြီဖြစ်၏။ သူ ခရိုင်မြို့ရှိ ထင်ကျင့်စားသောက်ဆိုင်ကို မသွားမချင်း သူနဲ့ ဆိုင်ရှင်ချန် ပြန်တွေ့နိုင်မှာမဟုတ်သလို ဆိုင်ရှင််ချန်ကလည်း မြို့ငယ်လေးကို လာရသည်အထိ အချိန်ရှိမှာမဟုတ်ဘူးလို့ တိတ်တဆိတ်တွေးခဲ့သည်။



သေချာတာက ဆိုင်ရှင်ချန်လာမှာမဟုတ်ပေ။ ထင်ကျင့်စားသောက်ဆိုင်လုပ်ငန်းက ဦးဆောင်သူမပါပဲ လုပ်နိုင်မှာမဟုတ်ပေ။ သို့ပေမယ့် ဆိုင်ရှင်ချန်မရှိတာနဲ့ ထင်ကျင့်စားသောက်ဆိုင်မှ တခြားလူတွေ ဖျင်အန်းမြို့မှာ မပေါ်လာဘူးလို့ မဆိုလိုပေ။ ကံကြမ္မာက တစ်ခါတစ်ရံ တိုက်ဆိုင်မှုတစ်ခုသာဖြစ်သည်။ ကျင်းကျိစားသောက်ဆိုင်၏နောက်ကွယ်က သူဌေးသည် ထင်ကျင့်စားသောက်ဆိုင်မှ သူဌေးနဲ့ တူတူပင်ဖြစ်၏။



ထန်ချွန်းမင်ကတော့ ထင်ကျင့်၏ ဆိုင်ပိုင်ရှင်နာမည်ကို သတိမထားမိခဲ့ပေ။ ကျင်းကျိစားသောက်ဆိုင်ပိုင်ရှင်က ယခုနေ သူ့ရှေ့မှာရပ်နေလျှင်ပင် သူက သူ့ကို ထင်ကျင့်စားသောက်ဆိုင်နဲ့ ဆက်စပ်မိမှာမဟုတ်ပေ။



ကျင်းကျိစားသောက်ဆိုင်၏ ဆိုင်ရှင်က ချီဖြစ်သည်။ ထန်ချွန်းမင်က ကျောက်တာဟူပြောတာကို ကြားခဲ့ဖူးသည်။ ဆိုင်ရှင်ချီက ထန်ချွန်းမင်ကို တွေ့သောအခါ သူက တခဏမျှ အံ့အားသင့်သွားခဲ့သည်။ သူက​ ကျောက်တာဟူ တောင်ပေါ်မှာ ဆုံးသွားသည့်အကြောင်းကို သိထားသည်။ သူ သတင်းကြားတော့ တောရိုင်းတိရစ္ဆာန်များကို တင်သွင်းသူ မရှိတော့၍ စိတ်မကောင်းဖြစ်မိသည်။



အနီးအနားပတ်ဝန်းကျင်၌ မုဆိုးပြတ်လတ်မှုမရှိပါပေ။ ကျောက်တာဟူမရှိလည်း သူတို့ကို တောရိုင်းတိရစ္ဆာန် တင်သွင်းထောက်ပံ့ပေးမယ့် မုဆိုးတွေရှိပါသေးသည်။



“မင်းက တာဟူမိသားစုရဲ့ ကောလား? ဒါက တာဟူရဲ့ ကလေး ကောအာလေးလား?” ဆိုင်ရှင်ချီက ကျောက်တာဟူ အိမ်ထောင်ပြုခဲ့တာကို ကြားဖူး၍ ယခု သူ့ရှေ့မှာတွေ့ခဲ့သော လူအစစ်ကိုတွေ့လိုက်ရသောအခါ တာဟူ ကံမကောင်းဘူးလို့ ခံစားလိုက်ရသည်။ သူက ဤမျှလောက်ကောင်းသော ကောတစ်ယောက်ကိုရထားပြီး ဆက်မနေနိုင်ပဲ ထွက်သွားခဲ့ရသည်။



“ဟုတ်ပါတယ်။ ကျွန်တော် ဒီကိုလာလည်ချင်တာ ကြာပါပြီ။ ဒါပေမယ့် အချိန်မရခဲ့လို့ပါ။ အရင်တုန်းက ခင်ဗျား တာဟူကို ဂရုစိုက်ပေးခဲ့လို့ ကျွန်တော်တို့မိသားစု ကောင်းကောင်းနေခဲ့ရပါတယ်။ ကျွန်တော့်မျိုးရိုးနာမည်က ထန်ပါ။ ပြီးတော့ ဒါကျွန်တော်ရဲ့သားလေး အားလင်း။ အားလင်း…. ဒါက ဦးလေးချီ။”





ထန်ချွန်းမင်က ကျောက်တာဟူ၏နာမည်ကို အရှက်မဲ့စွာ အသုံးချပြီး တခြားသူတွေနဲ့ နီးစပ်ခဲ့သည်။



“ဦးလေးချီ” အားလင်းက တိုးတိုးလေးခေါ်လိုက်သည်။ သူက မင်ကောအာ၏ရုပ်ရည်ကို အမွေဆက်ဆံထားပြီး မကြာသေးခင်က သူ့အားမူသည် သူ့ကို ကောင်းကောင်းပြုစုပျိုးထောင်ခဲ့သည်။ သူ့ဆံပင်က ခြောက်မနေတော့ပဲ ဝါရောင်သမ်းနေသည်။ တစ်ချက်ကြည့်ရုံဖြင့် သူဟာ ချစ်ဖို့ကောင်းပြီး လှပသည့် ချစ်စရာကောလေးတစ်​ယောက်ဖြစ်၏။

“လိမ္မာတဲ့ကောင်လေး။” ဆိုင်ရှင်ချီက မုန့်ယူလာပေးဖို့ အလုပ်သမားကောင်လေးကို မှာလိုက်သည်။ အားလင်းက သူ့အားမူကို ရှက်ကိုးရှက်ကန်းကြည့်ပြီး ထန်ချွန်းမင်က ခေါင်းညိတ်ပြမှသာ သူက ဆိုင်ရှင်၏ကြင်နာမှုကို လက်ခံခဲ့သည်။ ဤသည်မှာ ကျောက်တာဟူနှင့် ထိုသူကြားက ကောင်းမွန်သောဆက်ဆံရေးကို မြင်နိုင်လေသည်။ ၎င်းက မှန်ကန်သော ချဥ်းကပ်နည်းဖြစ်၏။



ဆိုင်ရှင်ချီက တာဟူ၏ကောအာလေး ဤနေရာမှာ ဘာလုပ်နေလဲ သိချင်သဖြင့် တိုက်ရိုက်မေးလိုက်သည်။ “ထန်အားမော့ရဲ့ လိုအပ်ချက်က ဘာများလဲ။ ကျုပ်ကူညီနိုင်ရင် ကူညီပါ့မယ်။” သူက စကားသိပ်မပြောပဲ နောက်ထပ်ဆွေးနွေးဖို့ နေရာချန်ထားခဲ့သည်။ သို့ပေမယ့် အနှီကော၏ ကြည်လင်သော မျက်ဝန်းကိုတွေ့သောအခါ ပြဿနာရှာမည့်လူမဟုတ်ကြောင်း သိလိုက်ရ၍ သူက အကြောင်းအရင်းကို သိချင်နေမိသည်။



ထန်ချွန်းမင်က တက်ကြွသောလူတစ်ဦးဖြစ်သည်။ သူက ကျန်းရှို့ထံမှ ခြင်းတောင်းကိုယူပြီး ဆိုင်ရှင်ချီကို တိုက်ရိုက်ကမ်းပေးလိုက်သည်။ သူက ပြောလို​က်သည်။ “ကျွန်တော်အိမ်မှာအားနေတဲ့အချိန် ဟင်းသီးဟင်းရွက်နည်းနည်းလောက် စိုက်ပျိုးထားပါတယ်။ ဆိုင်ရှင်ချီ စိတ်ဝင်စားရင် ကျွန်တော်ပေးပါ့မယ်။ ခင်ဗျားက စားဖိုမှူးကိုချက်ခိုင်းပြီး မြည်းစမ်းကြည့်လိုက်ပါ။ အရသာကောင်းရင် ကျွန်တော်တို့ဆွေးနွေးကြမယ်။ ဆိုင်ရှင်ချန်က တာဟူမျက်နှာကြောင့် အားနာစရာမလိုပါဘူး။ ဟင်းသီးဟင်းရွက်တွေအတွက် ကျွန်တော်ယူတဲ့စျေးက မနည်းဘူး။ ဒါကြောင့် ဆိုင်ရှင်ချီ​က သေချာစစ်ဆေးပါ။ ခင်ဗျားဆုံးဖြတ်ပြီးမှ ကျွန်တော့်ကို​ စျေးထဲမှာလာရှာပါ။”



သူပြောသမျှက ဆိုင်ရှင်ချီကို အံ့အားသင့်စေခဲ့သည်။ ကျောက်တာဟူက သူ့ဇနီးကို အပြင်သို့ တစ်ခါမျှမခါ်ခဲ့ဖူးပေ။ သူက သိချင်စိတ်ဖြင့် မေးလိုက်သေးသည်။ သူ့ကောအာလေးက တစ်သီးတစ်သန့်ဆန်ပြီး သူစိမ်းတွေနဲ့တွေ့ရတာမကြိုက်ဘူးလို့ ကျောက်တာဟူ ပြောခဲ့ဖူးသည်။ သို့ပေမယ့် သူနဲ့တွေ့ပြီးသောအခါ သူ၏ ယခင်အမြင်ရှုထောင့်က ပြောင်းလဲသွားခဲ့သည်။ ဒါက တစ်သီးတစ်သန့်ဆန်ပြီး လူစိမ်းတွေနဲ့ မတွေ့ချင်တဲ့ ပုံစံလား? သူက သူနဲ့ရင်းနှီးသလို ဆက်ဆံခဲ့သေးသည်။ တာဟူမျက်နှာကိုထောက်ပြီး သူတို့ကို အားနာစရာမလိုဘူးဆိုတာ ဘာကိုဆိုလိုတာလဲ? ပြီးတော့ စျေးမလျှော့ဘူးဆိုတာကရော?



ဆိုင်ရှန်ချီက ကျယ်လောင်စွာ ရယ်မောမတတ်ပင်။ ဤကောအာလေးက တကယ်ကို စိတ်ဝင်စားဖို့ကောင်းပြီး တာဟူထွက်သွားပြီးနောက် သူက ဝမ်းနည်းပုံမပေါ်သလို သူ့ကလေးကိုလည်း ကောင်းကောင်းဂရုစိုက်ထားသည်။



ဆိုင်ရှင်ချန်က ထန်ကောအာ ဘာကြောင့်ယုံကြည်မှုပြည့်ဝနေလည်း မသိသော်ငြား သူက ဤဟင်းသီးဟင်းရွက်ခြင်း​တောင်းကို ပေးမယ်လို့ ပြောခဲ့တာကြောင့် လက်ခံလိုက်ဖို့က အမှားအယွင်းမရှိပါချေ။ စားသောက်ဆိုင်တစ်ခုအဖြစ် သူတို့မှာ တင်သွင်းပို့ဆောင်ရေးလမ်းကြောင်းများရှိ၍ ပေါ့ပေါ့တန်တန် ကုန်ပေးသွင်းသူ ပြောင်းလဲလိုက်လျှင် လုပ်ငန်းတစ်ခုအနေဖြင့် ယုံကြည်စိတ်ချရတော့မှာမဟုတ်ပေ။ လက်ခံပြီးနောက် ထပ်မံညှိနှိုင်းမှုရှိမရှိနှင့် စပ်လျဥ်း၍ ၎င်းက စားသောက်ဆိုင်ပေါ်၌ မူတည်သည်။ မဟုတ်ပါက ချက်ချင်းငြင်းလိုက်လျှင် တခြားသူတွေကို အရှက်ရစေလိမ့်မည်။ ဆိုင်ရှင်ချီက တ​ခြားသူများကို ခက်ခဲအောင်မလု​ပ်ချင်ပေ။



သူက အပြုံးတစ်ခုဖြင့် ချက်ချင်းတုံ့ပြန်လိုက်သည်။ “ကောင်းပါပြီ။ ဒါဆိုရင်တော့ ထန်အားမော့ကို ကျေးဇူးတင်ပါတယ်။ အခုချိန်မှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်သိပ်မရှိလို့ စမ်းကြည့်ဖို့ စားဖိုမှူးကို ပြောလိုက်ပါမယ်။” ထန်ချွန်းမင်က အာမခံချက်မရှိ၍ ပို့ပြီးတာနဲ့ ဘာမှထပ်မလုပ်ပဲ ထွက်သွားခဲ့သည်။ အားလင်းက ဦးလေးချီကို နှုတ်ဆက်ပြီး ကျန်းရှို့နဲ့အတူ ကျင်းကျိစားသောက်ဆိုင်မှ ထွက်သွားခဲ့သည်။



“မင်ကောအာ… မင်းပြောတော့ အဲ့ဒါတွေကို ရောင်းမှာဆို? ဘာလို့ အလကားပေးလိုက်တာလဲ? မင်းဒီလိုနဲ့ စီးပွားရေးလုပ်မှာလား?” ကျန်းရှို့က ကြီးမားသော မြင်ကွင်းများစွာကို မတွေ့ခဲ့ရပဲ မင်ကောအာ၏ အစီအစဥ်ကို သူမသိပေ။ သို့ဖြစ်၍ စားသောက်ဆိုင်က ထွက်ပြီးပြီးချငးမေးလိုက်တော့သည်။

“အားမူ…” အားလင်းက မုန့်ကိုကိုင်ရင်း ဝမ်းသာအားရပြောလိုက်သည်။ “သား တာမောင်း၊အာမောင်းတို့နဲ့ တူတူစားလို့ရအောင် ယူသွားချင်တယ်။”



“ငါတို့အားလင်းလေးက လိမ္မာလိုက်တာ။ လာပါ… အားမော့ကို လာဖက်ပါဦး။” ကျန်းရှို့က အားလင်းကို ဝမ်းသာအားရဖက်လိုက်သည်။



ထန်ချွန်းမင်က ကျန်းရှို့လက်ထဲက ပစ္စည်းတွေကိုကိုင်ပြီး လမ်းလျှောက်လာရင်း ရှင်းပြလိုက်သည်။ “ကျွန်တော်စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေက ဘယ်လိုအရသာရှိလဲ အစ်ကိုလည်းသိပါတယ်။ သူတို့က အကောင်းဆုံးထဲကတစ်ခုလို့တောင် ပြောလို့ရတယ်။ သူစားလို့အဆင်ပြေရင် သေချာပေါက်လာဝယ်လိမ့်မယ်။ အသီးအရွက်တွေကို မစားပဲ တိတ်တိတ်လေး လွှင့်ပစ်လိုက်ရင်တော့တစ်မျိုးပေါ့”



ကျန်းရှို့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “ဒီအချိန်က လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ စျေးကွက်ထဲရောက်တဲ့အချိန်မဟုတ်ဘူး။ ဘယ်သူက လွှင့်ပစ်မှာလဲ? ဟုတ်ပါပြီ… ငါလည်း မင်းနဲ့အတူတူ ဆိုင်ရှင်ကို စောင့်ပေးပါမယ်။”

 

အသီးအရွက်တွေကောင်းတာ ကျန်းရှို့သိသော်လည်း တခြားသူတွေကတော့ မသိပေ။ ထန်ချွန်းမင်က ဘယ်လိုနည်းလမ်းနဲ့ စီးပွားရေးလုပ်ရမလဲသိ၍ သူက အကြာကြီးစောင့်မှာတော့မဟုတ်။ တစ်ရက်ဆိုလုံလောက်သည်။ ဆိုင်ရှင်ချန်ရောက်မလာခဲ့ရင် သူနောက်တစ်ဆိုင်မှာ ကြိုးစား​ကြည့်မည်။ ဤဟင်းသီးဟင်းရွက်များကို မရောင်းရဘူးဆိုတာ မဖြစ်နိုင်ပေ။ တကယ်တော့ ၎င်းတို့က ချိုမြိန်သလို ထင်ကျင့် ဆိုင်ရှင်ချန်၏ ကြင်နာတတ်ပုံကလည်း ဥပမာပင်။





အန်ဖျင်ခရိုင်မြို့ရှိ ထင်ကျင့်စားသောက်ဆိုင် ကောင်တာအနောက်ဘက်၌ ရပ်နေသော ဆိုင်ရှင်ချန်က ရုတ်တရက်နှာချေလိုက်ပြီး နှာခေါင်းကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။ ဘယ်သူက သူ့နောက်ကွယ်မှာ အတင်းပြောနေတာလဲ?



သူတို့နှစ်​ယောက်က စျေးဆီကိုလျှောက်သွားခဲ့သည်။ ထင်ကျင့်စားသောက်ဆိုင်၏ ဆိုင်ရှင်ချန်နဲ့ နှိုင်းယှဥ်ခံလိုက်ရသော ကျင်းကျိစားသောက်ဆိုင်မှ ဆိုင်ရှင်ချီက ထန်ချွန်းမင်ပေးခဲ့သော ခြင်းတောင်းကို မီးဖိုချောင်ထဲယူသွားပြီး ဟင်းလျာတချို့ချက်ပြုတ်ပေးဖို့ မှာလိုက်သည်။ ဖြစ်ချင်တော့ ယခုတစ်ကြိမ်တွင် သူဌေးလည်း ဤနေရာမှာရှိနေသဖြင့် သူတို့တူတူမြည်းစမ်းကြည့်လို့ရသည်။ အမှန်တိုင်းပြောရလျှင် သူက သူဌေး၏ညွှန်းဆိုပုံကို မယုံနိုင်ခဲ့ပေ။ စားပြီးမေ့လို့မရလောက်အောင် အရသာရှိတဲ့ဟင်းလျာဆိုတာ ရှိလို့လား? သူဌေးဖြစ်သူက မှော်ဆန်သည့်ဟင်းလျာအကြောင်း ပြောနေတာပင်။



“သခင်လေး” ဆိုင်ရှင်ချန်လိုပင် ဆိုင်ရှင်ချီကလည်း သူဌေး၏နောက်လိုက် အဘိုးကြီးတစ်ယောက်ဖြစ်၏။ သခင်လေး၏အားမူက သခင်​လေးအတွက် ချန်ထားပေးခဲ့သော ဝန်ထမ်းတစ်ဦးဖြစ်သည်။ သို့ရာတွင် သူဌေး၏ပိုင်ဆိုင်မှုများက အင်မတန်ပျံ့ကျဲနေပြီး ပေါင်းစည်းမှုဆိုင်းဘုတ်လည်းမရှိပေ။ သို့ဖြစ်၍ အန်ဖျင်ခရိုင်ရှိ ထင်ကျင့်စားသောက်ဆိုင်ကလွဲရင် လူတော်တော်များများက တင်းကျိုးခရိုင်တစ်ဝိုက် ပျံ့ကျဲနေသော ဆိုင်များကို သူတို့သူဌေးနှင့် ဆက်စပ်မိမှာမဟုတ်ပေ။





“ဦးလေးချီ. ထိုင်ပါဦး.. ဘာဖြစ်လို့လဲ? ဘာမှားနေလို့လဲ?” ၎င်းမှာ ထန်ချွန်းမင်ရောက်လာစဥ်က ဆိုင်ရှင်ချီကို အောင်ဆင်းလာဖို့ ခေါ်ပေးခဲ့သည်မှာ စားပွဲထိုးဖြစ်သည်။



ဆိုင်ရှင်ချီက ကျောက်တာဟူမျက်နှာကြောင့် ချက်ချင်းမငြင်းခဲ့တာလို့ ရှင်းပြလိုက်သည်။ ဟုတ်သည်။ သူက ဟင်းသီးဟင်းရွက်က ကြည့်ကောင်းနေ၍ စမ်းကြည့်ဖို့လည်း ဆုံးဖြတ်ခဲ့သည်။ အရသာကောင်းလျှင် မျက်နှာသာပေးမည်ဖြစ်၏။ ပုံမှန်အားဖြင့် သူတို့က ကုန်ပေးသွင်းသူဟောင်းများကို စော်ကားမည်မဟုတ်ပေ။ ကျင်းကျိစားသောက်ဆိုင်က မြို့ထဲမှာ ဖွင့်ထားတာကြာပြီဖြစ်၍ နာမည်ကောင်းရှိလေသည်။




“ကောတစ်ယော​က်လား? ဟင်းသီးဟင်းရွက်လာပို့တာလား?” သခင်လေးက ပြတင်းပေါက်ကိုမှီကာ မတ်တပ်ရပ်နေပြီး အပြင်ဘက်လမ်းပေါ်က လူသွားလူလာကို ဘာရည်ရွယ်ချက်မှမရှိပဲ စိုက်ကြည့်နေပြီး သူ့စိတ်က ဗလာဟင်းလင်းဖြစ်ကာ အတွေးထဲမှာ နစ်မြှုပ်နေ၏။ သူက ထိုအချိန်ကာလတွင် အချိန်အတော်ကြာအောင် လှည့်ပတ်ပြေးလွှားခဲ့ပေမယ့် အဘိုးကြီးချန် ဖော်ပြသည့် နက်မှောင်သောအသားအရေနှင့် လူတစ်ယောက်ကိုရှာဖို့ မဖြစ်နိုင်ခဲ့ပေ။ ထိုအရသာရှိသည့် ဟင်းလျာကိုတော့ ထည့်မပြောလေနှင့်။ ကြည့်ရတာ ထိုလူက လေထဲကပေါ်လာပြီး ပျောက်ကွယ်သွားသလိုပင်။ ၎င်းက သူ့ကိုစိတ်ဓာတ်ကျစေခဲ့သည်။




ထိုအချိန်တွင် သူက ကောတစ်​ယောက် ဟင်းသီးဟင်းရွက်လာပို့တယ်ဆိုသည့် ဆိုင်ရှင်ချီ၏စကားကို​ ကြားလိုက်ရသည်။ ၎င်းက သူ့အာရုံကြောကို ထိမိသွားခဲ့သည်။ အရင်ကဆို သူ ထိုကိစ္စကို လုံးဝဂရုစိုက်မှာမဟုတ်ပဲ ဆိုင်ရှင်ချီကို ဆုံးဖြတ်ခိုင်းလိုက်မှာပင်။ လောင်ချန်နှင့် လောင်ချီက သူ့အပေါ်သစ္စာရှိပြီး ဆိုင်ကို ကောင်းကောင်းထိန်းသိမ်းသည်။ သို့ပေမယ့် ယခင် ထင်ကျင့်စားသောက်ဆိုင်၏ ဖြစ်ရပ်နှင့် သူရှာနေတာကို ရဖို့ခက်ခဲနေပြီးနောက် သခင်လေးက “လက်လွှတ်လိုက်တာထက် စွန့်စားလိုက်မယ်”ဆိုသည့် စကားကိုကိုင်ဆောင်ထားပြီး မီးဖိုချောင်ရှိလူများအား ဟင်းလျာအမြန်ချက်ပြုတ်ပေးဖို့ ဆိုင်ရှင်ချီနှင့် ပြောခိုင်းလိုက်သည်။



ဆိုင်ရှင်ချီက သခင်ငယ်၏ညွှန်ကြားချက်ကို မငြင်းတာကြောင့် သူက ပြောသည့်အတိုင်းလုပ်ကာ သခင်လေးနှင့်အတူ ဟင်းလျာများကို ထိုင်စောင့်နေလိုက်သည်။ သူဌေး၏မျိုးရိုးနာမည်မှာ ထန့်ယွီဖြစ်ပြီး သူက အန်ဖျင်ခရိုင်ရှိ ထန့်မျိုးနွယ်ဝင်ဖြစ်၏။ သို့ပေမယ့် သူ့အားမူဆုံးသွားတော့ သူက တခြားမိသားစုမှာ ကြီးပြင်းလာရသဖြင့် မိသားစုကြားက ဆက်ဆံရေးမှာ လေးနက်မှုမရှိပါချေ။



ဆိုင်ရှင်ချီ ထိုင်ချပြီးနောက် ထန့်ယွီက အ​ခြေအနေအကြောင်း အသေးစိတ်မေးလိုက်သည်။ ထိုကော၏အသွင်အပြင် ဖော်ပြချက်ကိုကြားတော့ ထန့်ယွီ၏မျက်ဝန်းက စိတ်ပျက်မှုပေါ်လာသည်။ ကွာခြားချက်က အလွန်ကြီးမားပြီး ထိုဖြစ်နိုင်ချေက ရှားပါးမှန်း သူသိသော်ကြား သူ့၌ မျှော်လင့်ချက်ရေးတေးတေးရှိပြီး ရလဒ်ကိုလည်း မျှော်မှန်းထားသည်။ တစ်ယောက်က အသားအရောင်နက်မှောင်ပြီး တစ်ယောက်ကတော့ ကျောက်စိမ်းလိုဖြူဖွေးကာ တစ်ယောက်က အဝတ်စားထူထူဝတ်ထားပြီး တစ်ယောက်က ကိုယ်ဝန်လွယ်ထားရသည်။ တစ်ယောက်က သာမန်လူတွေနဲ့ မသက်ဆိုင်သော ဖန်လုံအိမ်ရှိပြီး နောက်တစ်ယောက်က လောလောလတ်လတ် ခင်ပွန်းသည်ကို ဆုံးရှုံးထားရသည့် ဆင်းရဲသား လယ်သမားမိသားစုဖြစ်၏။ ထန့်ယွီက သူတို့ကြားမှာ တူညီချက်တစ်စုံတစ်ရာမတွေ့ခဲ့ပေ။



ဟင်းပွဲများက အမြန်ချက်ပြီးသွားပြီး ထန့်ယွီက အကြာကြီး မစောင့်ခဲ့ရပေ။ တခြားပါဝင်ပစ္စည်းမပါသည့် မွှေကြော်အိုးနှစ်အိုး ရောက်လာခဲ့သည်။ ၎င်းတို့ကို စားပွဲပေါ်မချခင် ထန့်ယွီ၏နှာခေါင်းက တွန့်ရှုံ့သွားပြီး တစ်ခုခုကို ရှုရှိုက်မိလိုက်သလိုပင်။ ရင်းနှီးသောရနံ့လည်းရှိပြီး အရောင်အဆင်းက စိမ်းစိုနေကာ သူ၏နှလုံးက တစ်ဖန်ပြန်ခုန်လာခဲ့သည်။ ဆိုင်ရှင်ချန် ဘာမှမပြောနိုင်ခင်မှာ သူက တူတစ်စုံကို ကောက်ယူကာ ဟင်းခပ်လိုက်ပြီး အပူလောင်မှာမကြောက်ပဲ ပါးစပ်ထဲထည့်လိုက်လေ၏။



“သခင်လေး… ပူတယ်.. သတိထားပါ…ဖြည်းဖြည်း…” ဆိုင်ရှင်ချီက သူ့သခင်လေး ကြီးပြင်းလာတာကိုကြည့်ပြီး သူတို့ဆက်ဆံရေးက သာမန် သခင်နဲ့ကျွန်ဆက်ဆံရေးမဟုတ်ပဲ အလွန်ရင်းနှီးပါ၏။



“ဟုတ်တယ်။ ဒီအရသာပဲ။ မဟုတ်သေးဘူး…နည်းနည်းလိုနေသေးတယ်။ မြန်မြန် ပြန်လုပ်စမ်း… မဟုတ်ဘူး. အဲ့ဒီကောကို မြန်မြန်ရှာကြ။ ဒီဟင်းလျာက နည်းနည်းလွဲနေပေမယ့် လက်လွှတ်ပေးလို့မရဘူး။” ထန့်ယွီက ခါတိုင်းလို တည်ငြိမ်မှုမရှိပဲ စိတ်မရှည်စွာ အော်လိုက်​လေသည်။