Chapter 32.2
Viewers 339

Chapter 32.2



ရှောင်ဟွာက တံခါးထဲမှ ဦးအောင်အော်လိုက်သည်။ သူက ကြီးလာသည်နှင့်အမျှ သူ့အသံက ​ခြိမ်းခြောက်နိုင်စွမ်းမရှိသည့် ကလေးသံနှင့်မတူပဲ အင်အားကြီးလာပြီဖြစ်၏။

  

“ဒီထန်ဖူလန်ရဲ့အိမ်မှာ အစောင့်ခွေးကောင်းကောင်းရှိတာပဲ။” ဆိုင်ရှင်ချီက လှည်းပေါ်မှအရင်ဆင်းကာ သူနဲ့အတူ လိုက်ဆင်းလာသည့် သူ့သခင်လေးကို လှည့်ပြုံးပြလိုက်သည်။





ခြံထဲကလူတစ်ယောက်က ဟောင်နေသည့်ခွေးကို ရပ်ဖို့ပြောလိုက်သည်။ ခဏကြာတော့ တစ်ယောက်ယောက်က တံခါးလာဖွင့်ပေးသည်။ ဆိုင်ရှန်ချန်က အမျိုးသားကိုမြင်တော့ ချက်ချင်းပြုံးပြလိုက်သည်။ “မင်္ဂလာနံနက်ခင်းပါ။ ထန်ဖူလန်… မင်းကိုနှောင့်ယှက်မိသွားလား”

 

ဤလူက သူ့ကို ပိုက်ဆံပေးဖို့လာတာဖြစ်၍ ထန်ချွန်းမင်က လာလည်သူကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ သူက ခြံတံခါးဖွင့်ပေးပြီး ရှောင်ဟွာကို နှင်ထုတ်ပြီး ပြောလိုက်သည်။ “မြို့ပေါ်ကလူတွေက စောစောမထကြပေမယ့် ခင်ဗျားတို့ကတော့ မနက်စောစောစီးစီးရောက်လာကြတယ်။ မြန်မြန်လာပါ။ ကျွန်တော်ဟင်းရွက်တွေခူးနေတာ။ ခင်ဗျားတို့ လာကြည့်လိုက်ပါ။”

 

လူတွေကိုကြိုဆိုခဲ့တာကြောင့် ခြံတံခါးမပိတ်ထားပေ။ လူလွတ်တစ်ယောက်အနေဖြင့် သူက အတင်းအဖျင်းအပြောမခံချင်ပေ။ ကျန်းရှို့က သူ့ကို မကြာခဏ သတိပေးထား၍ ထန်ချွန်းမင်က အခြေအနေတစ်ချို့ဖြင့် စည်းခြားထားသည်။ 

  

“ဝိုး… မင်းရဲ့ခြံက အတော်လေးအသက်ဝင်တာပဲ။ မင်းဘာမင်း သန့်ရှင်းရေးလုပ်ထားတာလား? ထန်ဖူလန်အတွက် လွယ်မယ်မထင်ဘူး။” ဆိုင်ရှင်ချီက ခြံထဲဝင်လိုက်တာနဲ့ ခြံ၏အပြင်အဆင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ စားသောက်ဆိုင်၏ဆိုင်ရှင်တစ်ယောက်အဖြစ် သူက စားသောက်ဆိုင်၏ နေ့စဥ်လုပ်ငန်းဆောင်တာများအတွက် တာဝန်ရှိသည်။ သူက အနီးနားက ကျေးလက်တောရွာများကို သွားလည်​ကာ ပစ္စည်းတစ်ချို့ ရွေးချယ်ဝယ်ယူဖူးသည်။ လက်ရှိအခြေအနေကို အကဲဖြတ်ရလျှင် ထန်မိသားစုလောက် တက်ကြွပြီး စည်ကားသည့် မိသားစုမျိုးမရှိပေ။

  

 

“ဒီလိုပါပဲ။ ကျွန်တော်က ဆိုင်ရှင်ချီနဲ့ သူဌေးလေးတို့ကို ဘယ်လိုယှဥ်နိုင်မှာလဲ? ခင်ဗျားကမှ လုပ်ငန်းကြီးလုပ်နေတဲ့သူပါ။” ထန်ချွန်းမင်က ကျိုးနွံစွာ​ပြောလိုက်သည်။



ထန်ယွီက ချမ်းသာသောမိသားစုမှ လူငယ်လေးတစ်ယောက်လိုပင် ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက လက်ထဲတွင် စက္ကူယပ်တောင်ကို ကိုင်ထားသည်။ သူက ခြံဝင်းထဲရှိ အရာအားလုံးကို စိတ်ဝင်တစားကြည့်နေပြီး ထန်ချွန်းမင်ကို ကြက်ဘယ်နှစ်ကောင်မွေးမြူထားလဲ မေးလိုက်သည်။ သူ့ကြက်တွေက ထိုဟင်းလျာများလို အရသာကောင်းရင် သူတို့စားသောက်ဆိုင်က ဝယ်မည်ဖြစ်ကြောင်း​ပြောလိုက်သည်။

  

“ဒါပေါ့၊ ထန့်သခင်လေး.. ခင်ဗျားလိုချင်ရင်ရပါတယ်။ အရသာက​တော့ သူတို့ကြီးလာလို့ စားပြီးမှ သိပါလိမ့်မယ်။ စျေးနှုန်းအဆင်ပြေရင် ခင်ဗျားတို့စားသောက်ဆိုင်ကို ရောင်းမှာပါ။ ဒါဆို ကျွန်တော့်အတွက် ဝယ်သူအသစ်ရှာဖို့ အချိန်မကုန်တော့ဘူး။” ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

 

ထန့်ယွိ၏မျက်ခွံများလှုပ်သွားကာ သူက ခြံစည်းရိုးနားရှိ ကြက်များကို လေးလေးနက်နက်ကြည့်လိုက်သည်။ ထိုလူ့အသံက ယုံကြည့်မှုရှိနေတော့ ဒီကြက်တွေက ဟင်းသီးဟင်းရွက်တွေထက် စားကောင်းလို့များလား? ဒီလိုဆိုရင် ဒီကြက်တွေကိုလည်း စားသင့်တယ်မလား? လုပ်ငန်းကအဆင်ပြေသွားပေမယ့် ထန်ဖူလန်က စျေးကောင်းကောင်းမရရင် ရောင်းမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အချိန်ရှိသေးတာမို့ ထန့်ယွီက အလျင်မလိုပေ။ သူက ဤကြက်များ ပြီးပြင်းလာသည်အထိစောင့်ရမည်။ ယခုချိန်မှာ သူတို့က အလွန်သေးနေသည်။

 

ထန်ချွန်းမင်ကလည်း ယခုချိန်မှာမရောင်းသေးပဲ မွေးမြူရေးစွမ်းရည်ကို ချဲ့ထွင်ဖို့ ပြင်ဆင်နေသည်။

 

အပြင်ကဆူညံသံတွေကို ကြားခဲ့သော ကျန်းရှို့က အကူအညီတောင်းဖို့ ပြေးလာခဲ့သည်။ ထန်ချွန်းမင် ဧည့်သည်များကို နှုတ်ဆက်နေတာတွေ့တော့ သူ​က အနောက်ဘက်ရှိ ဟင်းသီးဟင်းရွက်များကို ကူကောက်ပေးဖို့ ပြင်လိုက်သည်။ သူ အိမ်ထဲမဝင်လာခင် ရွာသားတွေက သူ့ကိုတားပြီး ဘာဖြစ်နေတာလဲမေးခဲ့သည်။ ဒီလိုထူးခြားတဲ့ဧည့်သည်က ထန်ချွန်းမင်ရဲ့အိမ်ကို ဘယ်လိုရောက်လာတာလဲ? ကျန်းရှို့က ဖုံးမကွယ်ထားနိုင်တော့ပဲ မြို့ပေါ်က စားသောက်ဆိုင်က ဟင်းသီးဟင်းရွက် လာကောက်တာဖြစ်ပြီး မင်​ကောအာက မြို့ပေါ်သွားပြီး ဝယ်သူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း ပြောပြလိုက်သည်။

 

ထန့်ယွီက အရာရာကို စူးစမ်းချင်ပြီး သိုးခြံထဲရှိ သိုးသုံးကောင်ကိုပင် စိတ်ဝင်စားဖွယ် ကြည့်ရှုခဲ့သည်။ သူက သိုးမကိုလက်ညိုးထိုးကာ မေးလိုက်သည်။ “မင်း ဒီသိုးမကို မမွေးသေးတဲ့ကလေးအတွက် မွေးမြူထားတာလား?” ထန့်သခင်လေးကလည်း ကလေးနို့တိုက်ဖို့လို​ကြောင်း သိသေးတာပဲ။ ကောတစ်ယောက်မှာ နို့ရှိ၍ ကလေးတွေသော​က်ဖို့ လုံလောက်သည်။ ချမ်းသာတဲ့မိသားစုမှာရော နို့ရှိလား? သို့ပေမယ့် ကျေးလက်နေပြည်သူများက နို့ဖိုးမတတ်နိုင်တာကို သူသိသည်။ ဒါကြောင့် သိုးနို့သောက်ကြတာလား?

 

ဆိုင်ရှင်ချီက ဘာပြောရမှန်းမသိပဲ သူ့နောက်လိုက်သွားခဲ့သည်။ သူ့သခင်လေး ဘယ်တုန်းက ဒီလောက်စပ်စုတတ်သွားတာလဲ? သူက ကောတစ်ယောက် ကလေးမွေးတာကိုပင် မေးခဲ့သည်။ ထန်ဖူလန်က လောလောလတ်လတ် ခင်ပွန်းသည်ကို ဆုံးရှုံးထားရပြီး ဝတ်ပြုဆုတောင်းနေဆဲဆိုတာ သိရဲ့လား?

  

“သိုးမက နို့ကုန်လုနီးပါးဖြစ်နေပြီ။ ကျွန်တော့်ကလေးက လအနည်းငယ်မှာမွေးတော့မှာ။” ထန်ချွန်းမင်က ဖြေလိုက်သည်။ “ဒါက အားလင်းသောက်ဖို့အတွက်ပါ။”

  

“အင်းဟုတ်ပါပြီ။ ကောအာလေးက ငယ်သေးတယ်။ လောင်ချီ… ခင်ဗျားရဲ့မြေးလည်း သုံးနှစ်အထိ နို့သောက်တယ်မလား” ထန့်ယွီက သူ့နဖူးသူရိုက်ကာ နားလည်သလိုပြောလိုက်သည်။

 

ဆိုင်ရှင်ချီက သူ့မျက်နှာကိုအုပ်လိုက်သည်။ သခင်လေးက ကိစ္စတော်တော်များများကို စပ်စုနေလို့ သူ သူ့သခင်လေးနောက်ကို မလိုက်ချင်တော့ပေ။

 

ထန်ချွန်းမင်က ပြောစရာပျောက်ရှသွား၏။ “သိုးနို့က ကျန်းမာရေးကောင်းလို့ အသက်အရွယ်မရွေး သောက်လို့ရတယ်။ ကျွန်တော့်ရဲ့အားလင်းလည်း သောက်တယ်။ ပြီးတော့ အိမ်နီးချင်း ရှစ်နှစ်အရွယ်ကလေးလည်း သောက်တယ်။ ဆိုင်ရှင်ချီလည်း သူ့အသက်အရွယ်နဲ့ သိုးနို့သောက်လို့ရတယ်။ အဲ့ဒါက ကျန်းမာရေးကောင်းမယ်လို့ ကျွန်တော်အာမခံတယ်။”

  



“တကယ်လား?” ထန့်ယွီက ဆိုင်ရှင်ချီကို လှည့်မေးလိုက်တော့ ဆိုင်ရှင်ချီ မျက်နှာနီရဲနေတာကို တွေ့လိုက်ရသည်။

 

ဆိုင်ရှင်ချီက ဒေါသထွက်နေပေမယ့် ငိုလို့မရတာကြောင့် သူက သခင်လေးကို ​ပြောဖို့သာ ရွေးချယ်လိုက်သည်။ “သခင်လေး… ဟင်းသီးဟင်းရွက်ဥယျာဥ်ကို စစ်ဆေးဖို့ ​နောက်ဖေးလိုက်သွားတာကောင်းမယ်။ ကျုပ်တို့ စားသောက်ဆိုင်ကို အမြန်ပို့ပေးရမယ်လေ။”

 

ထန်ချွန်းမင်က အ​ခြေအနေကိုမသိပဲ ဆိုင်ရှင်ချီကို ရှက်ဒေါသဖြစ်စေမယ့် တစ်ခုခုကို ပြောလိုက်ပုံရသည်။ သူက ခေါင်းကိုကုတ်ပြီး နောက်ဖေးခြံကို လမ်းပြလိုက်သည်။ ကျွန်တော် စောစောက ခူးပြီးပါပြီ။ ခင်ဗျားတို့က ဟင်းသီးဟင်းရွက်အမျိုးအစားကို လိုက်ကြည့်လိုက်ပါ။ ဒီမှာမရှိတဲ့အမျိုးစားရှိနေရင် ကျွန်တော်ပြန်စိုက်ပေးလို့ရပါတယ်။ ကျွန်တော်သူ့ဘေးမှာ ​မြေချဲ့ပြီး အရေအတွက် တိုးစိုက်ဖို့ ပြင်ထားပါတယ်။” ပြောပြီးသည်နှင့် သူက ဆိုင်ရှင်ချီကို လှည့်ကြည့်လိုက်သည်။ သူမပြောသင့်တာကို ပြောမိလိုက်လို့လား?

 

ဆိုင်ရှင်ချီက အသက်ကြီးနေပြီး သူ ထိုကောလေးကို ကြည့်လိုက်သောအခါ သူ့မျက်နှာသူအုပ်ထားပြီး ဘယ်သူ့ကိုမှထပ်မတွေ့ချင်တော့ပေ။ မမျှော်လင့်ထားစွာပင် ရိုးသားသည့် ​ကျောက်တာဟူက ထိုကောကိုလက်ထပ်ခဲ့ပြီး ထိုကော၏ အမူအရာက ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းပူဆွေးနေခြင်း လုံးဝမရှိပေ။ ကျောက်တာဟူ၏ညွှန်းဆိုပုံအရ ဆိုင်ရှင်ချီက သူတို့နှစ်​ယောက်ကြားရှိ ဆက်ဆံရေးကိုပင် သံသယဖြစ်မိသည်။

 

ထန့်ယွီ မူလက ခဏလောက်နေချင်သေးပေမယ့် ဆိုင်ရှင်ချီက ထွက်ခွာဖို့ မစောင့်နိုင်ခဲ့​ပေ။ ထန့်ယွီက ရွေးချယ်စရာမရှိပဲ ထန်ချွန်းမင်ကို နှုတ်ဆက်ပြီး စိုက်ခင်းဧရိယာကို အမြန်တိုးချဲ့ဖို့သာ ပြောလိုက်သည်။ ခြံထဲက ဟင်းသီးဟင်းရွက်များမှာ သူ့လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ပေ။

 



ထွက်မခွာခင် သူက ထန်ချွန်းမင် မြေဝယ်ပြီး ဟင်းသီးဟင်းရွက် အမြန်ဆုံးစိုက်ပျိုးလို့ရအောင် ငွေတစ်စိတ်တစ်ပိုင်းကို ပျော်ပျော်ကြီး ပေးချေခဲ့သည်။

  

ထန်ချွန်းမင်နှင့် ကျန်းရှို့က သူတို့ကို ခြံဝင်းဂိတ်ပေါက်ဝသို့ လိုက်ပို့ခဲ့ပြီး စောင်ဲကြည့်နေခဲ့သည်။ 

 

သူတို့ထွက်သွားတာနဲ့ ရွာသားတွေက ထန်မိသားစုကို စိတ်ဝင်တစားကြည့်ရှူနေသည်။ ဘရိုကိတ်ဝတ်ထားပြီး လူချမ်းသာတစ်ယောက်လို ဝတ်ဆင်ထားသော ထန့်ယွီကိုတွေ့တော့ တံခါးနားမှာ စုဝေးနေသော လူအုပ်ကြီးက မေးမြန်းဖို့ ရှေ့မတိုးရဲပေ။ သူတို့ထွက်သွားမှသာ ရှေ့တိုးပြီး လာမေးကြသည်။

 

သူတို့က ဘရိုကိတ်ဝတ်ထားသည့် လူငယ်လေး၏ဇစ်မြစ်ကို သိချင်နေသည်။ မင်ကောအာက အဲ့လိုမိသားစုနဲ့ ဘယ်လိုသိတာလဲ?

  

“မင်ကောအာ.. မြို့ပေါ်က ကျင်းကျိစားသောက်ဆိုင်နဲ့ တကယ်အလုပ်တွဲလုပ်နေတာလား?”

  

“သူတို့လှည်းပေါ်မှာ တင်သွားတဲ့ ဟင်းသီးဟင်းရွက်တောင်းကို မင်းမတွေ့ဘူးလား? အဲ့ဒါက အတုလား?” ထန်ချွန်းမင်ဖြေဖို့မလိုပဲ တစ်ယောက်ယောက်က ဝင်ရှင်းပြခဲ့ပြီး ထန်ချွန်းမင်ကို အပြုံးတစ်ခုဖြင့် မေးလာသည်။ “မင်ကောအာ…. မင်းက ကျင်းကျိစားသောက်ဆိုင်က လူတွေနဲ့ ဘယ်လိုသိတာလဲ? ကြည့်ရတဲ့ အဲ့ဒီသခင်လေးက သာမန်လူမဟုတ်လောက်ဘူး။ မင်ကောအာ… သူတို့က ဟင်းသီးဟင်းရွက်တွေ ရိတ်သိမ်းနေတာလား? ငါတို့မှာလည်း အိမ်မှာစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေရှိတယ်။ ခဏကြာရင် ခူးပေးလို့ရတယ်။ သူတို့က မင်းကို တစ်ပေါင်ဘယ်လောက်ပေးလဲ?”

 

ထန်ချွန်းမင်က အလယ်မှာညှပ်နေပြီး မေးခွန်းများ ဆက်လက်မေးမြန်းခံနေရသည်။ သူက ရယ်ရမလား ငိုရမလားမသိတော့ပေ။ ဒါကဘာလဲ? သူတို့က ထန်သခင်လေးရဲ့ အထောက်အထားကိုရှာပြီး ဟင်းသီးဟင်းရွက်တွေ ရောင်းချချင်လို့လား? သူတို့ပိုက်ဆံရှာချင်တာကို နားလည်ပေမယ့် သူတို့က ဘယ်လိုရှာရမလဲသိလို့လား? သူက တခြားသူတွေကို ဒီလိုနည်းနဲ့ လမ်းဖွင့်ပေးရမှာလား? မင်ကောအာက တခြားသူတွေမျက်လုံးထဲမှာ အရမ်းသဘောကောင်းလို့လား?

 



“ကြည့်ရတာ အရင်က တာဟူ တောရိုင်းတိရစ္ဆာန်တွေသွားရောင်းခဲ့တဲ့ ကျင်းကျိထင်တယ်။ တာဟူက မင်းအတွက် လမ်းကြောင်းချန်ပေးခဲ့တာလား?” လူတစ်ယောက်က ရုတ်တရက် သတိရသွားပြီး အ​​​​ဖြေရသွားပြီလို့ ထင်လိုက်သည်။ ဒါပဲလေ… မင်ကောအာက သူတို့လိုပဲ ကျေးလက်မှာမွေးလာတာ။ သူက ပညာတတ်ပေမယ့် ကမ္ဘာကြီးကိုတော့ သိပ်မသိသေးဘူး။ သူက ဒီလိုအထက်တန်းလွှာကို ဘယ်လိုသိမှာလဲ?

  

“ကောင်းပြီ..ကောင်းပြီ…မင်းတို့ဘေးဖယ်ပြီး မင်ကောအာကို လွှတ်လိုက်တော့။ စားသောက်ဆိုင်က ဟင်းသီးဟင်းရွက် လိုချင်လား မလိုချင်လားဆိုတာ မင်ကောအာ ဆုံးဖြတ်ရမယ့်အရာမဟုတ်ဘူး။ သူမနေ့က စျေးရောင်းရင်း စားသောက်ဆိုင်နဲ့ ညှိုနှိုင်းခဲ့ရုံပဲ။”