Chapter 33.2
Viewers 523

Chapter 33.2




ဦးလေးကျောက်က သူ့မြေးအကြီးဆုံးနဲ့ လိုက်လာသည်။ သူ့မြေးအကြီးဆုံးက ယခုနှစ်တွင် ခြောက်နှစ်သာရှိသေးပြီး အာမောင်းထက် အနည်းငယ်ကြီးသည်။ သူရောက်လာသောအခါ အလွန်ရှက်နေပုံရပြီး အာမောင်းကိုမြင်သောအခါ စိတ်သက်သာရာရသွားသည်။ သူတို့က ရွာမှာ မကြာခဏ အတူဆော့ကြသည်။ ထန်ချွန်းမင်က သူတို့ကိုဧည့်ခံရန် ကလေးသုံးယောက်အား မုန့်ယူလာဖို့ပြောလိုက်သည်။

 

ဦးလေးကျောက်က သူ့မြေးအကြီးဆုံးအတွက် စိတ်မကောင်းဖြစ်နေတာကို ​မြင်နိုင်သည်။ ဦးလေးကျောက်က ကောလေးအပေါ်ထားသည့် သူ့အချစ်တွေအားလုံးကို အကြီးဆုံးမြေးအပေါ် လွှဲပြောင်းပေးထား၍ သူ ဤနှစ်များတစ်လျှောက် တောင့်ခံနိုင်ခဲ့တာဖြစ်သည်။

 

“ဦးလေးကျောက်… ဝယ်မယ်မဝယ်ဘူးဆိုတဲ့ စကားကိုမ​ပြောနဲ့။ ရက်ပိုင်းအတွင်းထွက်လာရင် ကျွန်တော်ပို့ပေးမယ်။”

 

“မဟုတ်တာ…မဟုတ်တာ..” ဦးလေးကျောက်က ကမန်းကတန်း လက်ဝှေ့ယမ်းပြလိုက်သည်။ “ရွာထဲမှာစောင့်ကြည့်နေတဲ့သူအများကြီးရှိတာ။ ငါတို့ဒီစည်းမျဥ်းကို ဖောက်ဖျက်လို့မရဘူး။ နောက်ကျရင် မင်းရွာမှာ အခက်တွေ့အောင် လုပ်မိသွားလိမ့်မယ်။ ပြီးတော့ ငါ အပိုငွေနည်းနည်းလေးပဲ လိုချင်ရုံပါ။ ငါမြို့ကိုနေ့တိုင်းသွားတာမို့ လမ်းကြုံ ဟင်းသီးဟင်းရွက်ရောင်းရတာ အဆင်ပြေမယ်လို့ထင်တယ်။ မင်းရဲ့အသီးအရွက်တွေက စျေးကောင်းရနိုင်တယ်။”

 



“ကောင်းပြီ။ ဦးလေးလျိုက ဒီလိုပြောတော့လည်း ကျွန်တော်အားမနာတော့ဘူး။ ဘယ်လောက်လိုချင်လဲပြောပါ။ ကျွန်တော်ပြင်ပေးပါမယ်။”

  

“ဟုတ်ပါပြီ။” ဦးလေးလျိုက ပြုံးလိုက်သည်။



ထို့အပြင် ထန်ချွန်းမင်က ဟူလန်ကျုံးကိုမမေ့ပဲ ဟင်းပွဲတချို့ မကြာခဏပို့ပေးလေ့ရှိသည်။ သူ ဤနေရာကိုရောက်ခါက သူ့ကို ကယ်တင်ပေးခဲ့သူမှာ ဟူလန်ကျုံးဖြစ်သည်။ နောက်တော့ ကျောက်မိသားစုနဲ့ စကားများရာတွင် သူ့အတွက် ဖုံးကွယ်ပေးပြီး ကူပြောပေးခဲ့တာလည်း ဟူလန်ကျုံးဖြစ်၏။ ဒီလိုမှမဟုတ်ရင် သူ အဲ့နေ့က လွယ်လွယ်လွတ်မြောက်နိုင်ခဲ့ပါ့မလား?

 

ထန်ချွန်းမင်က ခန်းပေါ်တွင်ထိုင်ကာ နေရာလွတ်ထဲမှ ပိုက်ဆံအိုးကိုထုတ်ပြီး သူ၏လက်ရှိပိုင်ဆိုင်မှုကို ထပ်မံရေတွက်ခဲ့သည်။ ကျင်းကျိက ရက်အနည်းငယ်ကြာတိုင်း ဟင်းသီးဟင်းရွက်တွေ လာရောက်ကောက်ယူခဲ့ပြီး သူက ကျင်းကျိထံမှ ငွေဆယ့်နှစ်ပြား စုဆောင်းမိခဲ့သည်။ ထိုကာလတွင် သူ့မှာ စရိတ်စခသိပ်မရှိပေ။ ခရိုင်မြို့မှ ရောင်းရငွေနဲ့ပေါင်းရင် စုစုပေါင်း ငွေပြားခြောက်ဆယ်နီးပါးရှိသည်။ ကျင်းကျိက စိုက်ခင်းဧရိယာကို အတတ်နိုင်ဆုံးအမြန်ချဲ့ထွင်ရန် သူ့ကိုတွန်းအားပေးနေသည်။ သူ့မှာ ငွေကြေးအခက်အခဲရှိလျှင် ကျင်းကျိက တစ်စိတ်တစ်ပိုင်း ကြိုတင်ပေးလို့ရတယ်လို့ ပြောခဲ့သေးသည်။






ထန်ချွန်းမင်က ငြင်းလိုက်ပေမယ့် တကယ်တော့ သူက မြေတစ်ချို့ကို ဝယ်ယူခဲ့သည်။ အနီးနားပတ်ဝန်းကျင်ရှိ မြေရိုင်းများက စျေးသိပ်မကြီးပေ။ မြေဝယ်ပြီး တံတိုင်းဆောက်ခြင်း၏ ကုန်ကျစရိတ်က လက်ရှိစုဆောင်းငွေ၏ တစ်စိတ်တစ်ပိုင်းသာရှိမည်။ ကံမကောင်းတာက သူ့လက်ထဲ၌ ငွေသိပ်မရှိပေ။ မဟုတ်ပါက သူ့နောက်က တောင်ကုန်းတစ်ခုလုံးကိုဝယ်ပြီး နေရာအတွက် စိတ်ပူစရာမလိုပဲ ကြက်နှင့် သိုးများမွေးနိုင်လိမ့်မည်။ 

 

ထန်ချွန်းမင်က ငွေပြားနှစ်ဆယ်ကိုထုတ်ကာ ကျန်တာကို နေရာလွတ်ထဲမှာ သိမ်းထားလိုက်သည်။ ထန်ချွန်းမင်က အခန်းထဲမှ လျှောက်ထွက်လာခဲ့သည်။ ရှောင်ဟွာနှင့် ကစားနေသော ထန်ချွန်းမင်က သူ့အားမူကို မော့ကြည့်လိုက်သည်။ ထန်ချွန်းမင်က လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။ “ဖေဖေ ရွာသူကြီးအိမ်ကိုသွားမယ်။ အားလင်း လိုက်ခဲ့မလား အိမ်မှာနေမလား?”

  

“သားလည်းလိုက်ချင်တယ်…သား ဖေဖေနဲ့လိုက်ချင်တယ်။ ရှောင်ဟွာကို အိမ်စောင့်ခိုင်းလိုက်ပါ။” အားလင်းက ခြေအလှမ်းအနည်းငယ်လှမ်းပြီး ထန်ချွန်းမင်ထံ ပြေးသွားကာ ထန်ချွန်းမင်၏ခြေထောက်ကို ကိုင်လိုက်သည်။



“အင်းပါ… ဒါဆို ရှောင်ဟွာကို အိမ်စောင့်ခိုင်းလိုက်မယ်။ အားလင်းက ဖေဖေ့ကို အဖော်ပြုပေး။” ထန်ချွန်းမင်က ပြုံးလိုက်ပြီး သူ့သား၏ခေါင်းကိုထိလိုက်သည်။ ရှောင်ဟွာက အိမ်ကိုစောင့်ပြီး ကြက်နှင့် သိုးပေါက်များကို စောင့်ရှောက်ပေးထားမယ်လို့ ပြောထားသလိုပင် ခေါင်းကိုမော့ကာ နှစ်ကြိမ်ဟောင်လိုက်၏။



 

ထန်ချွန်းမင်က လက်ဗလာနဲ့ မသွားခဲ့ပေ။ သူက ဟင်းသီးဟင်းရွက်နှင့် လတ်​ဆတ်သော သခွားသီးခြင်းကို သယ်သွားခဲ့သည်။

 

ရွာသားတွေက ထန်ချွန်းမင်ကို နောက်တစ်ကြိမ်တွေ့သောအခါ သူတို့မျက်လုံးတွေက အနည်းငယ်ရှုပ်ထွေးနေ၏။ မူလက သူ ထိုစားသောက်ဆိုင်နဲ့ အလုပ်တွဲလုပ်နေတာကို စောင့်ကြည့်နေပေမယ့် စားသောက်ဆိုင်က ဟင်းသီးဟင်းရွက်များကို အမြဲတမ်းလာကောက်မယ်လို့ မမျှော်လင့်ခဲ့ပေ။ တချို့လူတွေက သူတို့၏ ကိုယ်ပိုင်ဟင်းသီးဟင်းရွက်များကိုခူးပြီး စားသောက်ဆိုင်လှည်းကိုတားကာ သူတို့ဟင်းသီးဟင်းရွက်တွေကိုပြဖို့ လမ်းမှာ​စောင့်​ကြည့်နေကြသည်။ 

 

သူတို့က သူတို့ပစ္စည်းကိုမြင်စေချင်ပြီး စျေးပေါလည်း ကိစ္စမရှိပေ။ ဒါပေမယ့် စားသောက်ဆိုင်က လူတွေက သူတို့ကို နားထောင်မှာတဲ့လား? ထန်ဖူလန်၏အစားအစာက သူတို့နဲ့အဆင့်မတူပေ။ ကျင်းကျိစားသောက်ဆိုင်က အခုချိန်တိုးတက်လာတာ ထန်ဖူလန်ရဲ့ ဟင်းသီးဟင်းရွက်တွေ​ကြောင့်ဆိုတာ သူတို့မသိကြဘူးလား?

 

လူတစ်ယောက်က ဟာသတစ်ခုကို ကြားခဲ့ရသလိုပင် ထန်ချွန်းမင်ကို ပြောခဲ့ပေမယ့် ထန်ချွန်းမင်က နားထောင်ပြီး လုံးဝအလေးအနက်မထားပေ။ ကိုယ့်လုပ်ငန်းက စီးပွားဖြစ်နေသရွေ့ တခြားသူတွေရဲ့ စကားကိုနားထောင်စရာမလိုပေ။ ရွာသားများက သူ့လုပ်ဆောင်မှုများကို အားကျအတုယူပြီး သူတို့၏လယ်ဧကအနည်းငယ်ကို ဂရုစိုက်နေမယ့်အစား ချမ်းသာဖို့ တခြားနည်းလမ်းများကို ရှာသင့်သည်။ သူက ကျေးလက်မှာကြီးပြင်းလာပြီး ကျေးလက်၏ အပြောင်းအလဲများကို သူ့မျက်လုံးဖြင့် မြင်တွေ့ခဲ့ရသည်။ ဆယ်နှစ်ကျော်အတွင်းမှာ ကျေးလက်ဒေသတွင် မြေငလျင်ကြီးများလှုပ်ခတ်ခဲ့သည်။ အရေးပါဆုံးက အတွေးအခေါ်ပြောင်းလဲဖို့ဖြစ်၏။ 



သူလျှောက်လာသောအခါ သူ ကျင်းကျိစားသောက်ဆိုင်က ဘယ်လောက်ရခဲ့လဲ ရွာသားတွေဆွေးနွေးနေတာကို ထန်ချွန်းမင််သိသည်။ သူမြေဝယ်လိုက်ပြီဆိုသော သတင်းများထွက်လာသည်နှင့်အမျှ သူဟာ ရွာ၏ နာမည်အကြီးဆုံး သတင်းခေါင်းစဥ်တစ်ခု ဖြစ်လာပေမည်။

 

ရှန်းဖူလန်က သူ့လယ်ကွင်းမှပြန်ရောက်လာပြီး လူကြီးနဲ့ ကလေးကိုတွေ့လိုက်ရတော့ ပျော်သွားခဲ့သည်။ မြို့မှာအိမ်ထောင်ကျခဲ့သော သူ့ကောလေးက ယခုကိုယ်ဝန်ရှိနေ၏။ သူ့ကောလေးက ယောက္ခထီးအတွက် ယောကျာ်းလေးမွေးပေးနိုင်ဖို့ မျှော်လင့်ထားပေမယ့် ထိုကလေးက အားလင်းလို လိမ္မာရေးခြားရှိသော ကောလေးဖြစ်ခဲ့လျှင် သူက သူ့ကိုလည်း သဘောကျမှာဖြစ်၏။



မင်ကောအာသည်လည်း ကောင်းကောင်းရှင်သန်နိုင်ပြီဖြစ်၍ သူ့လောက်ပျော်ရွှင်တဲ့လူမရှိနိုင်တော့ပေ။ “မင်ကောအာ…မင်းဦးလေးကိုရှာနေတာလား? သူအိမ်မှာရှိလောက်တယ်။” ထို့နောက် သူက ခြံဘက်ကို လှည့်အော်လိုက်သည်။ “ယောကျာ်း….ခင်ဗျားဒီမှာရှိလား…မင်ကောအာ ရောက်နေတယ်။” ထန်ချွန်းမင်က လယ်ကွင်းထဲမှာ လုပ်စရာရှိသည်မှလွဲ၍ ရွာထဲလာခြင်းသိပ်မရှိပေ။ ထိုအစား သူနဲ့ တခြားအိမ်များမှ ကောတွေကသာ မင်ကောအာ၏အိမ်ကို သွားလေ့ရှိသည်။ မင်ကောအာ၏ လက်ရှိအခြေအနေဖြင့် အဆင်မပြေမှုများစွာရှိတာကြောင့် မင်ကောအာ သူ့အိမ်ကိုလာတာ သူ့ခင်ပွန်းကို ရှာဖွေဖို့ဖြစ်သည်ဟု ရှန်းဖူလန် သေချာသိသည်။

 

“မင်း.. လူပဲလာလို့ရတယ်။ ဟင်းသီးဟင်းရွက်တွေ ယူလာစရာမလိုဘူး။ မင်း ဟင်းသီးဟင်းရွက်တွေ ရောင်းချတာ ဘယ်သူကမသိလို့လဲ? နောက်တစ်ခါခွင့်မပြုဘူးနော်။” ရှန်းဖူလန်က ထန်ချွန်းမင်၏လက်ထဲက ခြင်းတောင်းကိုကြည့်ပြီး ဒေါသတကြီးပြောလိုက်သည်။ သို့ပေမယ့် ယင်းမှာ မင်ကောအာ၏ စေတနာဖြစ်ပြီး သူနောက်တစ်ကြိမ် ထပ်လုပ်ဦးမယ်ဆိုတာလည်း သိသည်။ သူ မင်ကောအာကို သဘောကျတာ မထူးဆန်းတော့ပေ။ သူက ရွာထဲက တခြားကောတွေထက် စွမ်းဆောင်ရည်ပိုရှိတာကြောင့် ရှန်းဖူလန်က သူ့ကို ပိုပြီးကူညီချင်မိသည်။



“ကျွန်တော်သိပါတယ်။” ထန်ချွန်းမင်က ပေါ့ပေါ့တန်တန် ဖြေလိုက်သည်။ “ဦးလေးလီကျန့်နဲ့ ခင်ဗျားကို သခွားသီး လတ်လတ်ဆတ်ဆတ် မြည်းစမ်းစေချင်ရုံပါ။” ရှန်းဖူလန်က သူ့ကိုကြည့်ကာ ထပ်ခါတလဲလဲ ကျေးဇူးတင်လိုက်သည်။

 

“လိမ္မာတဲ့အားလင်းလေး… လာဖက်ပေးပါဦး။ အို…ငါတို့မတွေ့ရတာ ရက်နည်းနည်းကြာသွားပြီ။ ငါတို့အားလင်းလေးက နည်းနည်းလေးလာတာပဲ။ ဒီလိုမျိုးလေးလာရင် ငါအားလင်းကို ချီနိုင်တော့မှာမဟုတ်ဘူး။” ရှန်းဖူလန်က အားလင်းကိုချီကာ ဖက်လိုက်သည်။ ထန်ချွန်းမင်က သူတို့နောက်ကနေ ခြံထဲကို လိုက်သွားခဲ့သည်။



“အားလင်းက မြန်မြန်ကြီးပြင်းလာပြီး ညီလေးကို ချီထားချင်တာ။” အားလင်းက မြန်မြန်ကြီးလာချင်တာကြောင့် အများကြီးစားဖို့ စိတ်အားထက်သန်နေပြီး ယခုဆိုရင် သူ့မျက်နှာလေးက ဝိုင်းစက်ပြီး ပြည့်လာခဲ့သည်။



“ငါတို့အားလင်းလေးက အနာဂတ်မှာ အသိဉာဏ်အရှိဆုံးနဲ့ အကောင်းဆုံးအစ်ကိုကြီးဖြစ်လာမှာ။” ရှန်းဖူလန်က ချီးကျူးလိုက်သည်။ လီကျန့်က အခန်းထဲကထွက်လာပြီး အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ “မင်ကောအာ…မင်းဘာရှာနေတာလဲ? ပြဿနာတစ်ခုခုရှိလို့လား?”



“ဦးလေးလီကျန့်..” ထန်ချွန်းမင်က ရိုးရှင်းစွာမေးလိုက်ပြီး “ကျွန်တော့်အိမ်ဘေးက မြေကွက်မှာပိုင်ရှင်ရှိလား? ဘယ်သူမှမရှိရင် ကျွန်တော်ဝယ်ချင်လို့။ ခြံထဲမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးပြီး တင်သွင်းဖို့ မြေနည်းနည်းလေးပဲရှိတယ်။”



ရှန်းဖူလန်နှင့် လီကျန့်က ထန်ချွန်းမင်ကိုကြည့်ကာ အံ့အားသင့်နေပြီး သူနောက်နေတာမဟုတ်မှန်း သေချာသွားမှ ထိုကာလအတွင်း သူ ကျင်းကျိဆိုင်က ငွေအများကြီးရခဲ့မှန်း သိလိုက်ရသည်။ ယခု လီကျန့်တောင် ထန်ချွန်းမင်ကို မနာလိုဖြစ်မိသည်။ သူက အံ့အားသင့်မှုကို ဘေးချိတ်ကာ ပြုံးပြီးပြောလိုက်သည်။ “အခန်းထဲမှာ စကားသွားပြောရအောင်။” စိတ်မပူပါနဲ့… အဲ့ဒီမြေကို ဘယ်သူမှစိတ်မဝင်စားဘူး။ မင်းလိုချင်ရင် ရဖို့လွယ်တယ်။”

“ ကျေးဇူးပါ.. ဦးလေးလီကျန့်..” ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ​ဖြေလိုက်သည်။



အိမ်ထဲရောက်သောအခါ လီကျန့်က သူ့အမူအရာကိုပြောင်းပြီး မင်ကောအာကို မိသားစုဝင်တစ်ယောက်လို ဆက်ဆံခဲ့သည်။ သူက အများကြီးမလုပ်တတ်ပေမယ့် လီကျန့်၏အမြင်မှာ မင်ကောအာက ရွာထဲက အမျိုးသားတစ်ချို့ထက် ပိုသန်မာသည်။

ထန်ချွန်းမင်၏အိမ်အနီးတစ်ဝိုက်က မြေတွေသည် မြုံနေပြီး အပျက်အစီးအစအနတွေ အများကြီးရှိသည်။ လူအများစုက အိမ်ဆောက်ရန် ထိုမြေကွက်ကိုဝယ်ယူပြီး တချို့လူတွေက တခြားနေရာမှာသုံးဖို့ ဝယ်ယူလိုကြသည်။ ထိုနေရာကို သန့်ရှင်းဖို့ အများကြီးအားထုတ်ရမှာပင်။ လီကျန့်က ထန်ချွန်းမင်ကို အနိမ့်ဆုံးစျေးဖြင့် မြေတစ်ဧကလျှင် ငွေသုံးပြားပေးသည်။ ထန်ချွန်းမင်က စျေးမှန်တယ်လို့မြင်ပြီး နောင်မှာ တခြားသူတွေ ထိုမြေကိုလိုချင်လာမှာစိုး၍ သူက အကုန်ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ လက်ကျန်ငွေပြားနှစ်ဆယ်ကို တံတိုင်းဆောက်လို့ရသည်။ ဒါကြောင့် သူက လီကျန့်ကို ထိုကိစ္စပြောပြီး လယ်​မြေတွေကို သန့်ရှင်းရေးလုပ်ဖို့ လူရှာပေးရန်ပြောလိုက်သည်။ အချိန်ရောက်လာလျှင် သူက လစာ​ပေးမှာဖြစ်ပြီး လီဖုန်း အိမ်ဆောက်ခဲ့တုန်းကလိုပင် သူကပိုက်ဆံပေးပြီး အစားအသောက်ကျွေးမှာမဟုတ်ပေ။ မဟုတ်ပါက သူတစ်ယောက်တည်း အားလုံးကို စီမံနိုင်မှာမဟုတ်ပေ။



“ကောင်းပါပြီ။ ရွာလူကြီးက အားလပ်ချိန်မှာ အမြန်ရှင်းပေးမယ်။ မင်ကောအာ စိတ်မပူနဲ့။ ဒီအချိန် ရွာထဲမှာ အားနေတဲ့ယောကျာ်းလေးတွေက လာကူပေးလိမ့်မယ်။” တချို့အမျိုးသားတွေက အခွန်လုပ်အားပေးဖို့သွားကြပေမယ့် တချို့ကတော့ ကျန်နေသေးတယ်လို့ သူ့နောက်မှာထိုင်နေသော ရှန်းဖူလန်က ပြောခဲ့သည်။ ကျန်နေခဲ့သူများက လုပ်အားခွန် ပေးဆောင်ခဲ့တာကြောင့် လက်ထဲမှာပိုက်ဆံမရှိတော့ပေ။ လူတိုင်းက ယခုချိန်မှာ ကျပ်တည်းနေတာကြောင့် မိသားစုဝင်ငွေကို ဖြည့်ဆည်းပေးနိုင်မယ့် အလုပ်တချို့ရှိလာဖို့ မျှော်လင့်နေသည်။



“ကောင်းပြီ။” လီကျန့်က ဆေးလိပ်ခြောက်ကို မှုတ်ထုတ်လိုက်ပြီး “ငါဂရုစိုက်လိုက်မယ်။ ငါမြေစာရင်းလုပ်ဖို့ အရင်ဆုံးမြို့ကိုသွားမယ်။ ပြီးရင် သန့်ရှင်းရေးလုပ်ဖို့ လူငှားပေးမယ်။ အလုပ်ကို အမြန်အပြီးသတ်ရအောင်။”



“ ကျေးဇူးပါ…ဦးလေးလီကျန့်…ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်။” ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။



“ရပါတယ် …ဒါ လုပ်ရမယ့်ကိစ္စပါ။ မင်းတစ်ခုခုလိုအပ်တာရှိရင် သူ့ကိုပြောလိုက်။ သူငြင်းရင်….ဟင်း” ရှန်းဖူလန်က ပြောလိုက်သည်။ ရွာလူကြီးက ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ သူ မင်ကောအာကို မကူညီဘူးလို့ ပြောလိုက်မိလို့လား?





မြေစာရင်းက အလျင်အမြန်ထုတ်ပေးလာပြီး လူတချို့က မြေကို လာတိုင်းတာခဲ့သည်။ မိသားစုခွဲပြီး သိပ်မကြာခင်မှာ မင်ကောအာ မြေဝယ်လိုက်တာကိုတွေ့တော့ ဖျင်ရှန်တစ်ရွာလုံးက ရုတ်ရုတ်သဲသဲဖြစ်သွားပြီး မင်ကောအာ ချမ်းသာလာပြီဟု ဆိုကြသည်။ သူကျင်းကျိစားသောက်ဆိုင်ကနေ ငွေဘယ်လောက်ရခဲ့လဲမသိပါပေ။ မဟုတ်ပါက ဤမျှလောက်ငွေများကို တစ်ခါတည်း မည်သို့သုံးစွဲနိုင်မည်နည်း။



ပုံမှန်လိုပင် တချို့လူတွေက ပြဿနာရှိကြသည်။ ကျောက်တာနျိုနဲ့ ဝမ်ချွန်းဟွာက သူ့ကို အလွန်တရာမုန်းတီးနေ၏။ ထန်ချွန်းမင် ဟင်းသီးဟင်းရွက်ရောင်းပြီး မြေဝယ်နိုင်တယ်ဆိုတာ သူတို့မယုံပေ။ အရင်က ကျောက်တာဟူ၏ပိုက်ဆံကို သူစုထားတာပဲဖြစ်မည်။ သူတို့က ပြဿနာသွားမရှာသည်မှာ တတိယဦးလေး၏ သတိပေးချက်ကြောင့်ဖြစ်သည်။ ထန်ချွန်းမင်က ပို၍ပင် မုန်းစရာကောင်းလာသည်ဟု သူတို့ထင်သည်။



တချို့လူတွေက ထိုကောလာဟလများကို ဖြန့်နေပေမယ့် လူအများစုက ထိုစကားကြားပြီး ရယ်သာရယ်လိုက်ကြသည်။ ဘိုးဘိုးကျောက်က ထန်ချွန်းမင်ကို မနာလိုဖြစ်နေလို့ ထိုစကားမျိုးပြောတာလို့ သူတို့ထင်သည်။ တာဟူက သူတို့ကို နှစ်တွေကြာအောင် ပိုက်ဆံပေးခဲ့တာပဲမလား? ထန်ချွန်းမင်အတွက် ပိုက်ဆံချန်ထားရင်တောင် သူတို့နဲ့ဘာမှမဆိုင်ပေ။ ကျောက်တာဟူက ကျောက်မိသားစုနဲ့ ကွဲသွားတာကြာပြီဖြစ်၍ သူ့ကိုယ်ပိုင်ဝင်ငွေသာဖြစ်သည်။






လီကျန့်က ထန်ချွန်းမင်ကို အလုပ်ကူလုပ်ပေးရန် လူဆယ်ယောက်ကို ခေါ်လာပေးခဲ့သည်။ လီဖုန်းနဲ့ တာရှန်ကလည်း ရောက်လာခဲ့သည်။ ထန်ချွန်းမင်က လီတာရှန်ကိုပဲ ပြောခဲ့တာဖြစ်ပေမယ့် လီဖုန်းက သူ့နောက်မှလိုက်လာခဲ့သည်။ ရွာလူကြီးက တစ်ခုခုပြောချင်သော်လည်း သူ့ဇနီးဖြစ်သူက တားခဲ့သည်။ ယခုချိန်တွင် လီဖုန်းက ထန်ချွန်းမင်ကို သဘောကျနေကြောင်း ရှန်းဖူလန် သေချာသွားခဲ့သည်။ ထို့အပြင် လီဖုန်းက မင်ကောအာကို လက်ထပ်ခွင့်တောင်းရန် မင်ကောအာ၏ ဝတ်ပြုဆုတောင်း​ကာလ ပြီးမြောက်မှုကို စောင့်နေပုံရသည်။