Chapter 34.1
Viewers 331

Chapter 34.1


ဖျင်ရှန်ရွာရှိ ထန်မိသားစု၌။

လယ်ကွင်းထဲမှာ အလုပ်များနေသူများက ကျောက်မိသားစုထဲသို့ သွားလာနေသူများကိုကြည့်ကာ ကျောက်မိသားစုထဲမှ ရယ်မောသံများကို ကြားနေရသည်။ ယင်းမှာ ထန်မိသားစုနှင့် အပြတ်အသတ် ကွာခြားနေသည်။

 

တာရှန်က မြေပြင်ရှိ ကျောက်တုံးများကို တိတ်တဆိတ်ခြစ်ထုတ်ကာ ကျောက်တုံးကြီးများကို မလိုက်ပြီး စုစည်းသယ်ဆောင်သွားခဲ့သည်။ ဤအလုပ်မျိုးက သိပ်ပင်ပန်းတာမဟုတ်သော်လည်း ငြီးငွေ့ဖွယ်ကောင်းသည်။ ကံအားလျော်စွာ အမျိုးသားဆယ်ယောက်က အလုပ်လုပ်နေကြ၍ ပျင်းရိမနေခဲ့ပေ။ သူတို့က တစ်ရက်တည်းဖြင့် ရှင်းလင်းနိုင်ခဲ့ပြီး ကျန်တာတွေကို တဖြေးဖြေးသယ်ယူနေသည်။

 



တခြားသူများက ကျောက်မိသားစုကို အားကျသည့်အကြောင်း ရံဖန်ရံခါပြောဆိုကြသည်။ တခြားအရာများကို မပြောလျှင်ပင် ကျောက်ဖျင်ချွမ်က စာမေးပွဲအောင်ခဲ့တာကြောင့် ကျောက်မိသားစုက တစ်နှစ်ပတ်လုံး အခွန်ချွေတာနိုင်ပြီး လုပ်အားပေးစရာမလိုတော့ပေ။ လူတစ်ယောက်က ရုတ်တရက် ထပြောခဲ့သည်။ “ ကျောက်မိသားစုက လုပ်အားပေးခွန်အတွက် ငွေပေးခဲ့တယ်မဟုတ်ဘူးလား? မျက်စိတစ်မှိတ်အတွင်းမှာ ကျောက်ဖျင်ချွမ်က စာမေးပွဲအောင်ပြီး သူတို့မိသားစုက တိုင်းပြည်အတွက် လုပ်အားပေးစရာမလိုတော့ဘူးလို့ ပြောလာတယ်။ သူတို့မိသားစု ယာမန်ကိုသွားပြီး ငွေပြန်တောင်းလို့ရလား?”

 

သူတို့က ကျောက်မိသားစု၏ လက်ရှိအခြေအနေကို အားကျသော်လည်း တချို့လူတွေက ထိုစကားကြားပြီး ရယ်မောနေသည်။ ဘိုးဘိုးကျောက် ဘယ်လိုလူလဲဆိုတာ တစ်ရွာလုံးသိတာမို့ သူတို့ ထိုသို့လုပ်နိုင်သည်။





တာရှန်က ခေါင်းမော့ကာ ကျောက်မိသားစုအိမ်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူက သူ့ဘေးမှာ ငြိမ်ငြိမ်လေး အလုပ်လုပ်နေသော လီဖုန်းကိုတွေ့တော့ တိုးတိုးလေးခေါ်လိုက်သည်။ “ဟေး…. ဖုန်းရှောင်ကျစ်… မင်ကောအာ ဒါကိုမြင်ပြီး စိတ်ညစ်နေမယ်လို့ ထင်လား? ပြီးတော့ ကျောက််မိသားစုက သူ့ကို ထပ်ပြီး နှောင့်ယှက်လာမှာလား?”

 

လီဖုန်းက ခေါင်းမော့ပြီး အပြင်ကို စောင်းကြည့်လိုက်သည်။ ထိုအချိန်တွင် တာရှန်က သူဘယ်လိုခံစားရလဲဆိုတာ မပြောနိုင်ခဲ့ပေ။ ဖုန်းရှောင်ကျစ်က သူတို့လို ကျေးလက်နေအမျိုးသားတွေနဲ့ ကွာခြားပြီး သူ့အမြင်က ကွဲပြားသည်။ “သူက ပညာရှင်တစ်ယောက်ပါပဲ။”

 

ထိုစကားတွေက တာရှန်ကို ​အေးခဲသွားစေသည်။ ရွာသားများအတွက်မူ ပညာရှင်ဆိုတာ ဂုဏ်သိက္ခာကြီးမားသော အဆင့်အတန်းတစ်ခုဖြစ်သည်။ ဖုန်းရှောင်ကျစ် ပြန်မလာခင်က ဘာတွေများလုပ်ခဲ့လဲ သူသိချင်သွားသည်။ ဤအရောင်အဝါက ဗိုလ်မှူးယွီမုထက်ပင် ကြောက်ဖို့ကောင်းလေသည်။

  

“စိတ်မပူပါနဲ့။ ပညာရှင်တစ်ယောက်က လုပ်ချင်တာလုပ်လို့မရဘူး။ ပြီးတော့ သူ အရာရှိဖြစ်လာရင်တောင် ရာထူးချခံရပြီး ခေါင်းဖြတ်ခံရမယ့် အချိန်ရှိလာလိမ့်မယ်။ အဲ့ထက်ပိုတာက သူက ပညာရှင်တစ်ယောက်သာသာပဲ” သူက ​အေးစက်စက်ထပ်ပြောလိုက်သည်။

 

တာရှန်က ဖုန်းရှောင်ကျစ်အပေါ် အတန်ငယ် ​ကြောက်ရွံ့မှုရှိလာခဲ့သည်။ မင်ကောအာနဲ့ ပတ်သက်ပြီး သူ၏စိုးရိမ်သောကများက ပျောက်ကွယ်သွားသလိုပင်။ ဖုန်းရှောင်ကျစ်က မင်ကောအာကို ကာကွယ်ပေးနိုင်တယ်လို့ သူအမြဲတမ်း ခံစားခဲ့ရသည်။ ကျောက်မိသားစုက ကိုယ့်ဒုက္ခကိုယ်ရှာပြီး ဖုန်းရှောင်ကျစ်ကို မနှောင့်ယှက်မိဖို့ မျှော်လင့်သည်။



သူက အလုပ်ကိုမရပ်နားပဲ စကားပြောနေ၏။ ခြင်းတောင်းနှစ်တောင်းက ကျောက်တုံးများဖြင့် ပြည့်နေပြီး ကျောက်တွေစုထားသော နေရာကို သယ်မလို့လုပ်စဥ်မှာ ဦးလေးကျောက်က လမ်းဘေးကနေ နွားလှည်းတစ်စီးမောင်းနှင်လာသည်။ ထိုနေရာမှာ အလုပ်လုပ်နေသော အမျိုးသားများက ဝမ်းသာအားရနှုတ်ဆက်လိုက်သည်။ “ဦးလေးကျောက်လျိို ထပ်ရော​က်လာပြီလား? ကျွန်တော်တို့ ခင်ဗျားကိုစောင့်နေတာ။” သူတို့အားလုံးက လုပ်အားခရဖို့ အလုပ်လုပ်နေပေမယ့် ဦးလေးကျောက်လျိုကတော့ ကွာခြားသည်။ သူက မင်ကောအာ၏ လုပ်အားခကို လက်မခံခဲ့ပေ။ သူမြို့ကပြန်လာတာနဲ့ နေ့တိုင်းနွားလှည်းမောင်းပေး​ကာ ကျောက်ခဲတွေကို နွားလှည်းပေါ်တင်ပြီး လူအင်အားကိုချွေတာပေးခဲ့သည်။





ယနေ့ ကျောက်မိသားစုအိမ်ရှိ စိတ်လှုပ်ရှားမှုကိုကြည့်ကာ ဦးလေးလျိုက ထိုဘက်ကို အာရုံစိုက်နေမယ်လို့ ထင်ခဲ့ပေမယ့် ယခုမူ ဦးလေးလျိုက တစ်ချက်တောင် လှည့်မကြည့်ခဲ့ပဲ နွားလှည်းတိုက်ရိုက်နှင်လာခဲ့သည်။ ရွာထဲက လူတွေက ဦးလေးလျိုနှင့် ကျောက်မိသားစုကြားရှိ အာဃာတ​ကိုသိသည်။





ထိုထဲ၌ တာလျန်၏ဘဝပါဝင်သော်လည်း ဦးလေးလျိုက ထိုအာဃာတကို စွန့်လွတ်ဖို့မဖြစ်နိုင်ပေ။ မိသားစုအားလုံးက သူတို့၏ကောတွေကို အလေးမထားကြပေ။

ဦးလေးလျိုက ပြုံးပြီး ​ပြောလိုက်သည်။ “ငါဒီကိုရောက်နေပြီမို့ မင်းတို့ပျင်းလို့ရပြီ။ နွားလှည်းရောက်လာရင် မင်းကသယ်လိုက် ငါကဆွဲလိုက်မယ်။”

 

“ဟားဟား…ကျေးဇူးပါ။ ဦးလေးလျို” ဦးလေးလျို၏မိသားစုရှေ့၌ ကျောက်မိသားစုအကြောင်းကို ဘယ်သူမှထပ်မဟရဲ​တော့ပေ။



ညနေစောင်းနေပြီး နွေရာသီမရောက်သေးသော်လည်း လူတိုင်းက ချွေးပျံနေသည်။ လူတစ်​ယောက်က ချွေးသုတ်ရင်း ခြံတံခါးဝကို ကြည့်လိုက်သည်။ သူက ဝမ်းသာအားရပြောလိုက်၏။ “အိုအချစ်လေးး…. ကလေးတွေက ငါတို့စားဖို့သောက်ဖို့ စားစရာတွေယူလာတာပဲ။”  



အားလုံးက လုပ်နေတာကိုရပ်ပြီး မော့ကြည့်လိုက်တော့ တာရှန်၏မိသားစုမှ တာမောင်းကဦးဆောင်ကာ ရေအိုးအကြီးတစ်လုံးသယ်လာသည်။ သူ့နောက်မှာ အာမောင်းနဲ့ ဦးလေးလျို၏မြေးလေး ရှောင်ကျိုးက ခြင်းတောင်းအကြီးကြီးကို နှစ်ယောက်အတူသယ်လာသည်။ အထဲမှာ စားစရာရှိလောက်သည်။ စားပြီးတာနဲ့ ရေကအလွန်အရေးကြီးတာကို သိတာ​ကြောင့် ယင်းကို အကြီးဆုံးကလေးက သယ်လာသည်။ နောက်တွင် အနက်ညီုရောင်ခွေးတစ်ကောင်က တံခါးဝမှာရပ်ကာ နှစ်ကြိမ်ဟောင်လိုက်ပြီး ကျားရုပ်ကိုင်လာသော နောက်ဆုံးကလေးမှာ ထန်ချွန်းမင်မိသားစု၏ ​ကလေးဖြစ်သည်။ 

 

ကလေးများစွာက အလုပ်ခွင်သို့ ခွေးတွေခေါ်လာသည်။ ထန်ချွန်းမင်က ​တံခါးနားမှာရပ်ပြီး ကူညီဖို့ရှေ့မတိုးရဲပေ။ သူက ပစ္စည်းသယ်တာ ခက်ခဲနေသော ကလေးတွေကို ကြည့်လိုက်သည်။ ထိုလူတွေက တစ်ဝက်တစ်ပျက်ဖြင့် အလုပ်ရပ်နားလိုက်ကြသည််။ သူတို့က လုပ်နေတာကိုပစ်ချကာ တာဟူ၏လက်ထဲက အိုးကိုယူသွားပြီး တာမောင်းနှင့် အာမောင်းက သူတို့ကို ကျေးဇူးတင်လိုက်သေးသည်။



လုပ်အားခပေးပြီး စားစရာမကျွေးဘူးလို့ သဘောတူထားသော်လည်း နေ့လည်ခင်းမှာ ထန်ချွန်းမင်က မုန့်ပေါင်းနှင့်ရေကိုပြင်ဆင်ကာ ပို့ပေးခဲ့ပြီး တစ်ခါတစ်လေ အရိုးစွပ်ပြုတ်ပါ လုပ်ကျွေးသေးသည်။ ဤအရာတွေကို သူ၊ ကျန်းရှို့နဲ့ ဝမ်မော့တို့ အတူပြင်ဆင်ထားပြီး ဝမ်မိသားစု၏ အိမ်ထောင်ဦးစီးကလည်း ဤနေရာမှာအလုပ်လုပ်သည်။ 



သူတို့လူငှားရာတွင် မိသားစုနှစ်စု၏ အမျိုးသားများက ထန်ချွန်းမင်က အကဲဖြစ်ခွင့်မပေးပဲ ရွေးချယ်ခဲ့သည်။ မိသားစုနှစ်စုရဲ့ ကောလေးတွေက မင်ကာအာနဲ့ ရင်းနှီးတယ်ဆိုတော့ တခြားလူများက ဘာမှပြောစရာမရှိချေ။



ဝမ်​မော့၏ခင်ပွန်းက တာရှန်ထက်ပင် စကားများသည်။ ထန်ချွန်းမင်ကိုတွေ့ပြီးနောက် သူက သူ့ကောလေးကို ဂရုစိုက်ပေးသည့် ထန်ချွန်းမင်ကို ပြုံးပြခဲ့၍ ထန်ချွန်းမင်က စိတ်ရွှင်သွားခဲ့သည်။



ကလေးတွေက ယခုချိန််မှာ လွတ်လပ်နေပြီး ပြုံးနေသည်။ တာမောင်းနှင့်အာမောင်းက ဦးလေးလီဖုန်း၏ ပိတ်ရက်နှစ်ရက်​ကြောင့် အလွန်ပျော်ရွှင်နေ၏။ အရင်တုန်းက သူတို့သည် ဦးလေးယွိမုနဲ့ ကိုယ်ခံပညာလေ့ကျင့်လေ့ရှိပြီး ကစားရင်းဖြင့် သင်ယူခဲ့သည်။



သို့ပေမယ့် ယွိမုထွက်သွားတော့ လီဖုန်းအစားထိုးရောက်လာပြီး သူတို့ဘဝခက်ခဲခဲ့သည်။ ဦးလေးလီဖုန်းက ဦးလေးယွိမုလောက် စကား​ပြောရမလွယ်ကူပဲ အကြာကြီးဆောင့်ကြောင့်ထိုင်ခိုင်းပြီး ပျင်းရိဖို့ခွင့်မပြုပေ။ တာမောင်းက ဉာဏ်ကောင်းလို့ အံကြိတ်ကာ သည်းခံသော်လည်း အာမောင်းကတော့ နောက်ဆုတ်ချင်သည်။ ကျန်းရှို့ မူလက အာမောင်းအတွက် ဝမ်းနည်းခဲ့သည်။ အကြောင်းမှာ သူကငယ်လွန်းပြိး ကိုယ်ခံပညာလေ့ကျင့်ရတာ ခက်ခဲနေသည်။ သို့ဖြစ်၍ သူက တာရှန်ကို လီဖုန်းနဲ့စကားပြောခိုင်းပေမယ့် တာရှန်က လီဖုန်းနဲ့စ​ကားပြောပြီးနောက် အာမောင်းကို စည်းကမ်းရှိလာအောင် သင်ပေးဖို့ပို့ခဲ့သည်။ လီဖုန်းဆီမှ အကြိမ်ရေအနည်းငယ် ဆုံးမပဲ့ပြင်ခံရပြီးနောက် အားကျမနာလိုအဖြစ်ခံရသည်မှာ အားလင်းဖြစ်သည်။ ဦးလေးလီဖုန်းက အားလင်းကိုတော့ သဘောကောင်းပြီး သူတို့အပေါ်ရက်စက်သည်။ ဦးလေးလီဖုန်းက အားလင်းကို သစ်သားမြင်းရုပ်ပေးခဲ့၍ သူတို့ကလည်း ဦးလေးလီဖုန်းလုပ်ပေးသော အရုပ်ကိုလိုချင်ခဲ့ပေမယ့် ဦးလေးလီဖုန်းက အတော်လေးဘက်လိုက်သည်။!



ယခုမူ သူတို့ လီဖုန်းကိုမြင်လိုက်ရတော့ ​ကြောင်နဲ့ကြွက်ဆုံသွား​သလိုပင်။ သူတို့က သူတို့ဖခင်နဲ့သာ စကားပြောပြီး လီဖုန်းကိုတွေ့သောအခါ နှုတ်ဆိတ်သွားပြီး နာခံမှုရှိရှိ နှုတ်ဆက်လိုက်သည်။



ထန်ချွန်းမင်က ကလေးတွေကို အပြင်မှာထားခဲ့ပြီး အိမ်ထဲပြန်ဝင်သွားခဲ့သည်။ ကျန်းရှို့နှင့်ဝမ်မော့က လက်ဆေးပြီး လက်ကျန်မုန့်ပေါင်းများကို စားပွဲပေါ်တင်ကာ စားလိုက်သည်။ သူတို့က ကျောက်မိသားစုကို မသွားခဲ့ပေ။ ယခုချိန်၌ ကျောက်မိသားစုအိမ်ကိုသွားပြီး ပျော်ဖို့က မင်ကောအာ၏စိတ်ကို ကစားသလိုဖြစ်လိမ့်မည်။ ရှန်းဖူလန်သာဆိုလျှင် သူက ရွာလူကြီးနဲ့အတူ ရှိ​နေလို့ နားလည်နိုင်သေးသည်။ သို့သော် သူက မနက်အစောကြီးမြို့ထဲသွားကာ သူ့ကောအာလေးထံလည်ပတ်ခဲ့သည်။



ကျန်းရှို့က ထန်ချွန်းမင်ကို မုန့်ပေါင်းတစ်လုံးပေးပြီး သူ့ရှေ့မှာ စွပ်ပြုတ်တစ်ခွက်ချပေးလိုက်သည်။ ထန်ချွန်းမင်က မုန့်ပေါင်းကိုဖဲ့စားပြီး ပြောလိုက်၏။ “ကျောက်မိသားစု အလုပ်ရှုပ်နေတာကို ကျွန်တော်တွေ့တယ်။ သူတို့တံခါးရှေ့မှာ ရထားလုံးတစ်စီးနဲ့ လှည်းတွေအများကြီး ရပ်သွားတယ်။ ဟေ…. ခင်ဗျားရဲ့အမူအရာကိုလည်းကြည့်ပါဦး။ ပြောပြပါရစေ… ကျောက်မိသားစုရဲ့ ဂုဏ်သတင်းက သူတို့ကိစ္စပါ။ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ? ကျောက်လောင်စန်း အင်ပါယာစာမေးပွဲအောင်ပြီး အရာရှိဖြစ်သွားရင်တောင် ကျွန်တော့်အတွက် ဘာမှမထူးခြားဘူး။”

 

အရိပ်အကဲကြည့်နေသော လူနှစ်ယောက်၏ မျက်နှာကို တွေ့လိုက်ရတော့ ထန်ချွန်းမင်က ပေါ့ပေါ့တန်တန် လက်ဝှေ့ယမ်းပြလိုက်သည်။ သူစိတ်ထဲမထားပေ။ ယင်းက ပညာရှင်တစ်ယောက်သာဖြစ်၏။ သူကတော့ နာမည်ကြီးတက္ကသိုလ်တစ်ခုက ဘွဲ့ရတစ်ယောက်ဖြစ်သည်။ သူ့ညီလေးချွန်းရုံကလည်း စာတော်တာမို့ ကျောက်လောင်စန်းထက်မနိမ့်ပေ။ သူက လူကောင်းတစ်ယောက်လည်းဖြစ်လို့ ကျောက်လောင်စန်းထက် အများကြီးသာလွန်သည်။

 

“မင်း…ငါဘာပြောရမလဲမသိတော့ဘူး။ ကျောက်မိသားစုမှာ ပညာရှင်ရှိလာတော့ ရွာထဲက ရေစီးကြောင်းက ပြောင်းသွားမှာ။ အခုကစပြီး ကျောက်မိသားစုက မင်းနာမည်ကိုဖျက်ဖို့ ဘာတွေလုပ်လာမလဲမသိဘူး။ သူတို့မိသားစုကဘယ်လိုလဲ ငါတို့သိပေမယ့် တချို့လူတွေက မင်းနဲ့ပတ်သက်ပြီး မဟုတ်တာတွေ မလွဲမသွေပြောကြတော့မှာ။ ဘိုးဘိုးကျောက်ကို အားပေးဖို့အတွက်လေ” ကျန်းရှို့က စိုးရိမ်တကြီးပြောလိုက်ပေမယ့် သူက ကျောက်လောင်စန်း စာမေးပွဲအောင်သွားမယ်လို့ မထင်ထားခဲ့ပေ။ သူအရင်က မင်ကောအာ၏လက်ထဲတွင် ရှုံးနိမ့်ခဲ့ဖူးသည်။ ဘိုးဘိုးကျောက်ရဲ့စိတ်ဓာတ်နဲ့ဆို သူ့ကိုအလွတ်ပေးပါ့မလား?



ထန်ချွန်းမင်က နှာမှုတ်ကာပြောလိုက်သည်။ “ကျွန်တော်တံခါးပိတ်ပြီး အသီးအရွက်တွေစိုက်၊ ကိုယ့်ဘဝကိုယ်ရှင်သန်နေတာ။ သူတို့ဘာပြောပြောကိစ္စမရှိဘူး။ ပြီးတော့ ကျောက်လောင်စန်းက ပညာရှင်တစ်ယောက်မို့ ​တခြားသူတွေထက် သူ့ဂုဏ်သိက္ခာကို ပိုဂရုစိုက်ရမှာ။ သူ ဘာမှလုပ်ရဲမှာမဟုတ်ဘူး။ မဟုတ်ရင်တော့ သူ့ဂုဏ်သတင်းပဲ ပျက်စီးသွားလိမ့်မယ်။” ထန်ချွန်းမင်အတွက် ဤအရာများက အရေးမကြီးပေ။

  

“မင်းက ​တော်တော်ပွင့်လင်းတယ်။” ဝမ်မော့ကပြောခဲ့သည်။ ထန်ချွန်းမင်က စိတ်ထဲမထားပေမယ့် ထိုအရာက ကျန်းမာရေးကို ထိခိုက်နိုင်၍ ဤနည်းကသာ အကောင်းဆုံးဖြစ်၏။



ထိုနေ့တွင် အလုပ်သမားများ လူစုမခွဲမီ ထန်ချွန်းရုံက ဖျင်ရှန်ရွာကို အလောတကြီးရောက်လာခဲ့သည်။ ထင်သည့်အတိုင်းပင် သူက ပညာရှင်စာမေးပွဲရလဒ်ကို ကြားခဲ့ရသည်။ ဖျင်အန်းမြို့မှ ကလေးခုနှစ်​ယောက်၊ ရှစ်ယောက်က ပညာရှင်စာမေးပွဲဖြေဖို့ ရောက်လာခဲ့သည်။ အဆုံးမှာ နှစ်ယောက်သာအောင်မြင်ခဲ့သည်။ တစ်​ယောက်က ဖျင်ရှန်ရွာရှိ ကျောက်ဖျင်ချွမ်ဖြစ်၏။ ထန်ချွန်းရုံကြားတော့ စိုးရိမ်လာခဲ့သည်။ သူက ကျောက်မိသားစုနှင့် သူ့အစ်ကိုကြားရှိ ပဋိပက္ခကို ကောင်းကောင်းသိသည်။

 

ယခု ကျောက်မိသားစုက အသာစီးရသွားတော့ သူ့အစ်ကိုကို ဘယ်လိုအနိုင်ကျင့်မလဲ သူမသိပေ။ သို့ဖြစ်၍ သူက ကျောင်းပြီးသည်နှင့် ဖျင်ရှန်ရွာကို အပြေးလာပြီး သူ ဖျင်ရှန်ရွာမှာ တစ်ညနေမည့်အကြောင်း သူ့အားမူအား တစ်ယောက်ယောက်နှင့် မှာခဲ့သည်။

 

“အစ်ကို၊ အစ်ကို…အဆင်ပြေရဲ့လား?” အပြေးအလွှားလာရလို့ နဖူးချွေးပျံနေသော ထန်ချွန်းရုံက ထန်ချွန်းမင်ကိုတွေ့သောအခါ ထိတ်လန့်တကြား​မေးလိုက်သည်။



ထန်ချွန်းမင်က သူ့နဖူးကိုသူရိုက်လိုက်သည်။ လူတိုင်းက သူ့ကို ထိရှလွယ်သည့် ကြွေလွှာအပိုင်းအစလို သတ်မှတ်ထား၏။ သူက သူ့နဖူးကို ဒေါသတကြီးပုတ်ကာ ပြောလိုက်သည်။ “ကျောက်မိသားစုရဲ့ တတိယသား ပညာရှင်ဖြစ်သွားရုံပဲ မဟုတ်ဘူးလား? သူ စာမေးပွဲအောင်ပြီး ပညာရှင်ဖြစ်ဖို့ စောင့်နေတာ သုံးနှစ်ရှိပြီ။ နောက်နှစ်ဆိုမင်းလည်း ပညာရှင်ဖြစ်လာမှာ။ ပညာရှင်ဖြစ်တာ ဘာများကြီးကျယ်နေလို့လဲ? ကျောက်မိသားစု တ​ခြားလူတွေကို အနိုင့်ကျင်မှာစိုးရိမ်ရင် မင်းလည်းပညာရှင်ဖြစ်လာမှ သူ့ကိုလာရိုက်လိုက်။”

 

ဝမ်မော့က ကလေးထိန်းဖို့ အိမ်ပြန်သွားပေမယ့် ကျန်းရှို့ရှိနေသေးသည်။ သူက ထန်ချွန်းမင်၏စကားကိုကြားပြီး ဟက်ဟက်ပက်ပက် ထရယ်သည်။



ထန်ချွန်းရုံက ရှက်ရှက်ဖြင့် မျက်နှာနီရဲသွားပေမယ့် သူက စိတ်ထဲမှာတွေးနေ၏။ သူ ကျောက်မိသားစုကို အနိုင်ရချင်ရင် ကျောက်လောင်စန်းထက် အမှတ်မြင့်ဖို့လိုတာကြောင့် သူ ပိုကြိုးစားဖို့ဆုံးဖြတ်လိုက်သည်။ သူ ကျောက်လောင်စန်းကို မရှုံးချင်ပေ။ ထန်ချွန်းရုံက ကျောက်လောင်စန်းကို အထင်သေးသည်။ “အစ်ကို…စောင့်ကြည့်နေပါ။ ကျွန်တော် အစ်ကို့ကိုထောက်ပံ့ဖို့ စာမေးပွဲအောင်စေရမယ်!”

 

“အင်းပါ… ဒါမှ ရည်မှန်းချက်လို့ခေါ်တာ။ မင်းရှေ့မှာ ရှိနေတာတွေက အရေးမပါဘူး။ မင်းစာမေးပွဲအောင်ရင် ကမ္ဘာကြီးကို ပိုသိလာလိမ့်မယ်။ ဒီလိုလူမျိုးက အချိန်အများကြီးပေးဖို့ မတန်ဘူး။” ထန်ချွန်းမင်က သူ၏သင်ကြားရေးမုဒ်ကို ဖွင့်လိုက်သည်။



ထန်ချွန်းရုံက နားမလည်နိုင်ဖြစ်သွားပြီး သူ့အစ်ကိုပြောတာကို ရှုပ်ထွေးနေသည်။ ထန်ချွန်းမင်က ဆက်ပြောလိုက်သည်။ “ကျောက်လောင်စန်းလို လူမျိုးက ဘာကို ဂရုအစိုက်ဆုံးလဲသိလား? ငါ ကျောက်မိသားစုနဲ့ ဘာလို့ခွဲထွက်ခဲ့တာလဲ?”