Chapter 13
Viewers 85

Chapter 13


“အွတ်”

 

ယောလ်တစ်ယောက် ပါးစပ်ကို လက်ဖြင့် အုပ်၍ အန်ချင်သလို ဖြစ်လာသည်။ ထို့နောက် လက်ချောင်းမရှိသော ဂွမ်းလုံးလက်ဖြင့် တစ်ရက်၊ နှစ်ရက်၊ သုံးရက်… ဟု ရေတွက်စပြုလိုက်တော့၏။ 

 

ထိုခရီးက ထိုမျှနှင့် မပြီးဆုံးသေးချေ။ ရေတွက်ပြီးနောက် ဂွမ်းများဖြင့် ပြည့်နေသော သူ့ဗိုက်ပေါ် လက်ကို တင်လိုက်ပြီး မျက်နှာတွင် လေးနက်သော အမူအရာဖြင့် ရပ်တန့်နေခဲ့၏။ ဤအဖြစ်အပျက်က နံနက်စာ စားချိန်တွင် ဖြစ်ခဲ့သည်။

 

ထိုအရာအားလုံးကို ပေါင်းစပ်ကြည့်လိုက်သော် ‌ယောလ်၏ လက်ရှိပုံပန်းသဏ္ဌာန်သည် ဇာတ်လိုက်မင်းသမီး ကိုယ်ဝန်ရှိကြောင်း ဖော်ပြသည့် ဒရာမာဇာတ်လမ်းတစ်ပုဒ်မှ ပုံမှန်မြင်ကွင်းနှင့် တူနေတော့၏။

 

တစ်ခါမျှ တီဗီဒရာမာ မကြည့်ဖူးသော်လည်း မိုက်ကီရယ်သည် သူ့အလိုလို ခံစားမိသော ထူးဆန်းမှုကြောင့် ယောလ်အား အံ့သြသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

 

“...ဘာတွေဖြစ်နေတာလဲ?”

 

မိုက်ကီရယ်၏ မေးခွန်းကို ယောလ်သည် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။ မိုက်ကီရယ်၏ သံသယများက တဖြည်းဖြည်း ကြီးထွားလာသည်။ ထို့ပြင် သူတို့နှစ်ဦးကို ဝန်းရံထားသော ထူးဆန်းသည့် လေထုတစ်ခုလည်း ရှိနေပါ၏။

 

သူသည် အရုပ်တစ်ရုပ်ကို ကိုယ်ဝန်ရှိအောင် ဘယ်တော့မှ မလုပ်ခဲ့ပါ။ ထို့အပြင် မည်သူ့ကိုမျှ ကိုယ်ဝန်ရှိစေရန် ရှေးအဆင့်များကိုပင် မလုပ်ခဲ့ပေ။ သူသည် လက်ကိုပင် တစ်ခါမျှ မကိုင်ဖူးခဲ့ပါ။ လက်တွေ့အားဖြင့် ထိုအရာက မဖြစ်နိုင်သည့် ကိစ္စပင်။

 

ပထမဆုံးအနေဖြင့် လက်ဖဝါးအရွယ် အရုပ်လေးနဲ့ သူ ဘာလုပ်နေတာလဲ?

 

မိုက်ကီရယ်သည် သူ့ခေါင်းထဲတွင် ပေါ်လာသော မတည်ငြိမ်သည့် ဖြစ်နိုင်ခြေများကို ဖျက်ဆီးပစ်ရန် ကြိုးစားနေခဲ့၏။

 

တစ်ချိန်တည်းမှာပင် သူ စကားပြောနိုင်၊ လှုပ်ရှားနိုင်၊ စားသောက်နိုင်သော အရုပ်တစ်ရုပ် မလုပ်နိုင်သည့်အရာကို သူ စိုးရိမ်ပူပန်နေမိသည်။

 

“အာ… မိုက်ကီရယ် ကျွန်တော် ပြောတာကို နားလည်မှုလွဲမသွားပါနဲ့နော်"

 

"...ကျွန်တော် ကြိုးစားကြည့်ပါ့မယ်”

 

ယောလ်၏ စကားများကို မိုက်ကီရယ်တစ်ယောက် တံတွေးများအား ခြောက်ကပ်စွာ မျိုချလိုက်ပြီး ပြန်ဖြေရန် ရုန်းကန်နေရ၏။ သူ စိတ်ကူးနိုင်သည့် အဆိုးဆုံးအခြေအနေ မဟုတ်ပါစေနှင့်ဟု မျှော်လင့်နေခဲ့သည်။

 

“အစားအစာ၊ ကျွန်တော် တစ်ခုခု စားချင်တယ်၊ မိုက်ကီရယ်”

 

နံနက်စောစောတွင် ထိုစကားများသည် မြို့စားမင်းမိသားစု၏ နံနက်စာစားပွဲမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် နိုင်ငံတော်တွင် အချမ်းသာဆုံး မိသားစုဖြစ်သော မြို့စားမင်း အိုလော့ဗ် မိသားစုမှလည်း ဖြစ်ပါ၏။

 

သူ စိုးရိမ်နေသည့်အရာ မဟုတ်သောကြောင့် စိတ်သက်သာရာရသွားသော်လည်း မိုက်ကီရယ်သည် သူ့တစ်သက်တာတွင် ပထမဆုံးကြားဖူးသည့် အစားအစာနှင့် ပတ်သက်သော တိုင်ကြားချက်ကို ကြားသောအခါ မျက်ခုံးတွန့်ချိုးလိုက်သည်။ ပန်းရောင်ဆံပင်ရှိပြီး အဓိပ္ပာယ်မရှိတာများ ပြောတတ်သော ဂွမ်းအရုပ်လေးကို ကြည့်၍ပင်။

 

“အစားအစာ၊ နော် အစားအစာလို… ကျွန်တော် ကင်မ်ချီ စွပ်ပြုတ်စားချင်တယ် မဟုတ်ဘူး၊ ကင်မ်ချီ စားချင်တယ် မစားချင်တော့ဘူး၊ ရာမန်၊ ကင်မ်ချီ ရာမန် အား… ကင်မ်ချီ ရာမန် အပေါ်မှာ ကြက်ဥနဲ့ အား… ကျွန်‌တော် အစပ်စားချင်တယ် နီနီရဲရဲနဲ့ ခရမ်းချဉ်သီးဆော့စ် မဟုတ်ဘူး!”

 

ယောလ်သည် လက်ဖက်ရည်ဇွန်းတစ်ချောင်းကို ပစ်ပေါက်လိုက်ပြီး ကိုရီးယားအစားအစာအတွက် ငိုယိုလေတော့၏။ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ ဆယ်ရက်ကျော်ပြီ။ ဝမ်းနည်းဖွယ် အငတ်ဘေးကာလကို ဖယ်ထုတ်လိုက်ပါက သူသည် အနောက်တိုင်းအစားအစာများကို အကြိမ် ၂၀ အပြည့် စားခဲ့ရသည်။

 

မြို့စားမင်း အိုလော့ဗ် ၏ ဂုဏ်သတင်းနှင့်အညီ စားပွဲပေါ်တွင် တင်ဆက်ထားသော အစားအစာတိုင်းသည် အထူးအဆန်းများဖြင့် ပြည့်နှက်နေသော ပွဲတော်ကြီးတစ်ခုသဖွယ် ဖြစ်ပါ၏။

 

ခရင်မ်စွပ်ပြုတ်၊ ဟင်းသီးဟင်းရွက်စွပ်ပြုတ်၊ ကြက်သားစွပ်ပြုတ်၊ ချိစ်‌ေဂါ်ဖီထုတ်စွပ်ပြုတ်၊ မှိုစွပ်ပြုတ်၊ ကမာစွပ်ပြုတ် အစရှိသည်ဖြင့် စွပ်ပြုတ်အမျိုးအစားများက အစားအစာတိုင်းတွင် ပြောင်းလဲနေသည်။

 

ယခုချိန်တွင် ပြောနေရုံဖြင့်ပင် ယောလ်သည် ခရင်မ်စွပ်ပြုတ် သူ့လည်ချောင်းအထိ ရောက်လာသလို ခံစားရသည်။ သူသည် စွပ်ပြုတ်အမျိုးအစားများစွာ ရှိသည်ကို ဘယ်တုန်းကမှ မသိခဲ့ဖူးပေ။

 

ထိုမျှသာမက အသုပ်စုံများလည်း ပါဝင်သည်။ အဆာပလာများနှင့် ဆော့စ်များသာ မပြောင်းလဲသည်မဟုတ်ဘဲ အသုပ်စုံ၏ အဓိကပါဝင်ပစ္စည်းဖြစ်သော ဟင်းသီးဟင်းရွက်များကလည်း ပြောင်းလဲနေသည်။

 

ထို့ကြောင့် အစားအစာနှင့်အတူ ပါလာသော မုန့်ဖုတ်ထားသော ပေါင်မုန့်သည်လည်း အဆင်ပြေသည်။ တစ်ခါတစ်ရံတွင် ပြားပြီးဝါးရခက်သော ပေါင်မုန့်ဖြစ်ပြီး တစ်ခါတစ်ရံတွင် ဖြတ်ရန်မလိုသော ပူနွေးသည့် ပေါင်မုန့်ဖြစ်သည်။ တစ်ခါတစ်ရံတွင် မာကျောပြီး ရှည်လျားသော ဘက်ဂက် (baguette) ကဲ့သို့သော ပေါင်မုန့်မျိုးလည်း ဖြစ်နေတတ်သည်။

 

ပင်မ ဟင်းလျာများကလည်း ကောင်းမွန်လှ၏။ အခြေခံအားဖြင့် အသားကင်ကို အစားအစာတိုင်းတွင် စားရလေ့ရှိသည်။ ထို့အပြင် သူ လိုက်ဗ်စထရိမ်း (livestream) တွင်သာ မြင်ဖူးသည့် တိုမာဟော့ခ် (tomahawk) ကို မွတ်ဘမ် (mukbang) ရှိုးတွင် စားနေသည်ကိုလည်း မြင်ခဲ့ရသည်။ နောက်တစ်ရက်တွင် မိုက်ကီရယ်၏ လက်ဖျံအရွယ် ငါးတစ်ကောင်ကို ကင်ထားသည်ကိုလည်း စားခဲ့ရသည်။

 

ကြက်သား၊ ငန်းသား၊ သိုးသား၊ ပုစွန်တို့လို ရင်းနှီးသော ပါဝင်ပစ္စည်းများမှအစ၊ နာမည်ကိုသာ ကြားဖူးသော ဇိမ်ခံဟင်းပွဲအမျိုးမျိုးသည် စားပွဲပေါ်တွင် နေ့တိုင်း ပေါ်လာခဲ့သည်။

 

ပထမတော့ သူ ဝမ်းသာခဲ့သည်။ မြို့စားမင်း ၏ အိမ်တော်သို့ ရောက်ရှိပြီး ရက်အနည်းငယ်ကြာ အငတ်ခံပြီးနောက် သူသည် မည်သည့်အရာမဆို စားနိုင်ခဲ့သည်။

 

ထို့နောက် ရက်အနည်းငယ်ကြာတော့ သူသည် အတော်လေး ကောင်းမွန်သော အစားအစာများကို စားခဲ့ရ၏။ သူ ပထမဆုံးအကြိမ် မြည်းစမ်းရသော ဇိမ်ခံအစားအစာများကို ပျော်ရွှင်နေခဲ့သည်။ လက်ဖဝါးအရွယ် လက်သုတ်ပဝါတစ်ထည်ကို ရင်စည်းကဲ့သို့ ပတ်ပြီး သူ့အစားအစာကို 

အငမ်းမရ စားခဲ့တော့သည်။

 

တစ်ခါတစ်ရံတွင် အစားအစာများ သူ့နှုတ်ခမ်းပေါ် ရောက်သွားတတ်သည်။ ထိုသို့ဖြစ်သောအခါ မိုက်ကီရယ်သည် ယောလ်၏ နှုတ်ခမ်းများကို ရေစွတ်ထားသော လက်သုတ်ပဝါဖြင့် သက်ပြင်းရှည်ကြီးချကာ သုတ်ပေးသည်။

 

သူ့ကြောင့် ယောလ်သည် အနည်းငယ် သတိရှိသွားသော်လည်း သူတို့သည် ကိုယ်ပိုင်နည်းလမ်းများဖြင့်  အစားအစာများကို စားခဲ့ကြသည်။

 

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူသည် အစားအစာကို ကြည့်ရုံဖြင့် ပျို့အန်ချင်စိတ် ပေါ်လာတော့၏။

 

သူသည် ထောပတ်နှင့် နို့ထွက်ပစ္စည်းများကဲ့သို့သော အရသာရှိသည့် အစားအစာများအစား ကိုရီးယားအစားအစာများကို စားချင်နေသည်။ 

ဓာတ်ခွဲခန်းတွင် နေ့တိုင်း စားခဲ့ရသော တြိဂံပုံ ကင်မ်ဘက်နှင့် ခွက်ခေါက်ဆွဲများကို လွမ်းဆွတ်နေခဲ့သည်။

 

စားပွဲပေါ်တွင် ကောက်နှံ၊ အသုပ်စုံ၊ မုန့်ဖုတ်ထားသော ပေါင်မုန့်၊ ဝက်ပေါင်ခြောက်၊ အနှစ်ခဲနေသော ကြက်ဥကြော်၊ စွပ်ပြုတ်နှင့် အုတ်ဂျုံတို့အပြင် အမည်မသိ အနောက်တိုင်း ဟင်းပွဲမျိုးစုံလည်း ရှိနေသည်။

 

အစားအစာကို ကြည့်ရုံမျှဖြင့် သူ၏ ဗိုက်ကို ထိန်းချုပ်ကာ လက်ဖက်ရည်ဇွန်းဖြင့် ဖရုံသီးစွပ်ပြုတ်အနည်းငယ်ကို အတင်းအကျပ် ဇွန်းခပ်လိုက်သည်။ သို့သော် သူသည် ချက်ချင်း ပျို့အန်ချင်စိတ် ဖြစ်လာတော့၏။

 

သူ ဒီလို မလုပ်နိုင်တော့ချေ။ သူ သေလောက်အောင် မူးဝေလာသည်။ နောက်ဆုံးတွင် ယောလ်သည် သူ့စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ကလေးလေးတစ်ယောက်လို ချွဲနွဲ့ကာ ငြီးတွားတော့သည်။

 

ဤသည်ကို မြင်သောအခါ မိုက်ကီရယ်သည် ရှုပ်ထွေးသွားသည်။ ကင်မ်ချီဆိုသည်မှာ ဘာလဲ၊ ရာမန်ဆိုသည်မှာ ဘာလဲဆိုတာ သူ နားမလည်ခဲ့ပေ။

 

သူနှင့်အတူ အစားအစာစားနေစဉ် ခွက်ယောက်များကို ပစ်ပေါက်သူကို သူ ပထမဆုံးအကြိမ် မြင်ဖူးသည်။ ရိုးရိုးသားသားပြောရလျှင် ထိုပုဂ္ဂိုလ်သည် လူသားမဟုတ်ခဲ့ပေ။

 

ယောလ်၏ တည်ရှိမှုကို ‌မြိုစားမင်း၏ အိမ်တော်ရှိ အစေခံများက မသိနိုင်သောကြောင့် သူသည် ထမင်းစားခန်းအစား သူ့ကိုယ်ပိုင် အခန်းထဲတွင် စားစေခဲ့သည်။ သူသည် ယောလ်ကို ရက်အနည်းငယ်ကြာ ငတ်ပြတ်အောင် မတော်တဆလုပ်မိခဲ့သောကြောင့် သူ့နည်းသူ့ဟန်ဖြင့် ဂရုစိုက်ပေးခဲ့သည်။

 

“အရုပ်ဖြစ်ရတာ တော်တော် အဆင်‌ပြေတာပဲ”

 

ယောလ် အစားအစာတောင်းသောအခါ ထူးဆန်းသော အဖြေပြန်လာသည်။ ယောလ်သည် ခေါင်းကို စောင်းပြီး “ဒီကောင် ဘာတွေပြောနေတာလဲ” ဟု တွေးလိုက်သည်။ ဟုတ်တာပေါ့၊ သူ ဘာမိုက်မဲတဲ့အရာမှ မလုပ်ဘဲ အသံထွက်ပြီး မပြောလိုက်ပါ၏။

 

“ခြေတွေ လက်တွေ ဖြတ်လိုရင်တောင် ပြန်ချုပ်လို့ရတယ်လေ”

 

“ဟွတ်…”

 

မိုက်ကီရယ်၏ စကားများကြောင့် ယောလ်တစ်ယောက် ထိတ်လန့်သွားကာ လက်သေးသေးလေး နှစ်ဖက်စလုံးဖြင့် ပါးစပ်ကို အုပ်လိုက်သည်။

 

ဟုတ်ပါသည်။ သီအိုရီအရ ၎င်းသည် အရုပ်၏ ခန္ဓာကိုယ်ဖြစ်သောကြောင့် ချုပ်လိုက်ပါက ပြန်တွဲသွားမည်ပင်။ သို့သော်လည်း သူ မြင့်မားသော နေရာမှ ပြုတ်ကျသောအခါ အနည်းငယ် နာကျင်ခဲ့သည်။ ခြေလက်များ ဖြတ်တောက်ခံရပါကလည်း နာကျင်မှု ခံစားရမည်ပင်။

 

မိုက်ကီရယ်သည် ဤအချက်ကို မသိဘဲ နေမည်မဟုတ် သို့သော် သူသည် ကြောက်မက်ဖွယ်ကောင်းသော စကားများကို ပေါ့ပေါ့ပါးပါး ပြောနေခဲ့သည်။

 

မျှော်လင့်ထားသည့်အတိုင်း ဤလူက ရူးသွပ်နေသည်။ အရူး၊ ရူး‌နေတဲ့ ဂေါက်သီး!

 

ယောလ်၏ ခန္ဓာကိုယ်လေးသည် ကြောက်ရွံ့မှုကြောင့် တုန်ရီနေသည်။ မိုက်ကယ်သည် သူ့ကို အေးစက်သော မျက်လုံးနီများဖြင့် စိုက်ကြည့်နေသည်။ သူ့ပုံရိပ်သည် သွေးများဖြင့် ရွှဲစိုနေသော မျက်လုံးနီများထဲတွင် နစ်မြုပ်နေသကဲ့သို့ပင်။ ယောလ်သည် ကြောက်ရွံ့မှုကြောင့် တံတွေးအား ခြောက်ကပ်စွာ မျိုချလိုက်သည်။

 

“ဒီဓားနဲ့တောင် အဲဒီကိုယ်လုံးသေးသေးလေးက ပြတ်ထွက်သွားလိမ့်မယ်”

 

သူ့ခြေလက်များကို ဖြတ်တော့မည့်အလား မိုက်ကီရယ်သည် ပေါင်မုန့်ဓားကို ယူပြီး လက်ချောင်းဖြင့် ညင်သာစွာ လှည့်လိုက်သည်။

 

လျင်မြန်ပြီး ကျွမ်းကျင်သော ဓားရွေ့လျားမှုကို မြင်သောအခါ ယောလ်သည် ဓားက သူ့ဆီမရောက်မီ သူ့ဒေါသကို ငြိမ်သက်အောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။

 

ယောလ်သည် သူ့ပါးစပ်ကို ဂရုတစိုက် ဖွင့်လိုက်၏။

 

“က-ကျွန်တော် တိတ်တိတ်လေး စားပါ့မယ်”

 

“ကောင်းလိုက်တဲ့ အကြံ”

 

“ဟုတ်ကဲ့”

 

ယောလ်သည် နောက်ထပ် ဘာတိုင်ကြားမှုမှ မရှိဘဲ တိတ်ဆိတ်စွာ ဆက်စားနေသည်။ သူသည် ပေါင်မုန့်ကို သူ့လက်သည်းခွံလေးများ အရွယ်အထိ သေးငယ်အောင် လှီးဖြတ်လိုက်သည်။ အသုပ်စုံမှ ဆလတ်ရွက်ကို ပဲစေ့တစ်စေ့အရွယ် စားလိုက်သည်။ စွပ်ပြုတ်ကို လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့် စားခဲ့သည်။

 

“...ကောင်းကောင်း စားပြီးပါပြီ”

 

အစားအစာကို အနည်းငယ်သာ မြည်းစမ်းခဲ့သော ယောလ်သည် အစားအစာကို အလျင်အမြန် စားပြီးစီးလိုက်သည်။

 

မိုက်ကီရယမသည် ယောလ် စားထားသော အစအနများကို တိတ်ဆိတ်စွာ ကြည့်နေသည်။

 

ပေါင်မုန့်ကို တတ်နိုင်သမျှ သေးငယ်အောင် လှီးဖြတ်ထားသော်လည်း သူ့လက်သည်းခွံလေးများ အရွယ်ဖြစ်သောကြောင့် သူ ဘာတွေ စားထားသည်ကို ပြောပြရန် ခက်ခဲသည်။

 

သူ စားခဲ့သော အစားအစာ ပမာဏသည် သူ့အစာစားချင်စိတ်နှင့် နှိုင်းယှဉ်ပါက မယုံနိုင်လောက်အောင် နည်းပါးသည်။ ပုံမှန်အားဖြင့် အစားအစာကို ကြည့်လိုက်တိုင်း သူ့မျက်လုံးများ တောက်ပလာလေ့ရှိသည်။ သို့သော် ယနေ့မူ အထူးသဖြင့် ဆိုးရွားနေသည်။

 

စဉ်းစားကြည့်မည်ဆိုပါက လွန်ခဲ့သော ရက်အနည်းငယ်ကပင် အစားအစာစားချိန် ဖြစ်သော်လည်း သူသည် ယခင်ကလို ပျော်ရွှင်မှု လက္ခဏာကို မပြသခဲ့ပေ။

 

“စားလို့ပြီးပြီလား?”

 

“ဟုတ်ကဲ့ အများကြီး စားခဲ့ပါတယ် ဒီလောက် အသုပ်စုံစားတယ် ဒီလောက် စွပ်ပြုတ်စားပြီး ဒီလောက် ပေါင်မုန့်လည်း စားခဲ့ပါတယ်”

 

သူ ပြောနေသည်ကို သက်သေပြသလို ယောလ်သည် လက်ဖြင့် သူ စားခဲ့သော အစားအစာတစ်ခုစီကို လက်ညှိုးထိုးပြလိုက်သည်။ သို့သော် မိုက်ကီရယ်၏ မျက်လုံးများက သူ စားခဲ့သည်များကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။

 

“...အင်း ကောင်းပြီ”

သို့သော် သူသည် ယခုအခါ နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ ဒီထက်ပိုပြီး မေးမြန်းလိုက်ပါက ထိုလူသည် အဝတ်ကို ရေစွတ်ကာ အော်ဟစ်ငိုယိုနိုင်ပါ၏။

 

မိုက်ကီရယ်၏ အဖြေကြောင့် ယောလ်တစ်ယောက် သက်ပြင်းချကာ စိတ်သက်သာရာရသွားသည်။ သူ အသက်ရှင်ခဲ့သည်။ သူ့ခြေလက်များ မပြတ်မရှ မပျက်မစီးဘဲ နောက်ထပ် အနည်းငယ်ကြာအောင် ခံနိုင်ရည်ရှိခဲ့သည်။ သို့သော် ထိုလူသည် မည်သည့်အချိန်၊ မည်သည့်အချက်တွင် ရူးသွပ်လာမည်ကို သူ မသိခဲ့သောကြောင့် ထွက်ပြေးရန် ပြင်ဆင်ထားရတော့မည်ပင်။

 

ယောလ်သည် သူ့စကားများကြောင့် စိတ်သက်သာရာရသွားသော်လည်း ထိုအန္တရာယ်ရှိသော လူဆိုးထံမှ ထွက်ပြေးရန် ဆုံးဖြတ်ချက်ချထားလိုက်တော့သည်။