Chapter 14
Viewers 82

Chapter 14


ထိုနေ့ နေ့လယ်တွင်တော့ မိုက်ကီရယ်သည် ယောလ်ကိုထားခဲ့ပြီး အချိန်အတော်ကြာအောင် အပြင်ထွက်သွား၏။ အဲဒီအစား သူက လယ်ဗီကို ယောလ်အား စောင့်ကြည့်ခိုင်းခဲ့သည်။

 

"လယ်ဗီရေ၊ မင်းက ဘယ်လိုလုပ်ပြီး အဲဒီလိုလူမျိုးဆီမှာ အလုပ်လုပ်ဖြစ်သွားတာလဲ? ကျွန်တော်ဆိုလိုတာက၊ မင်းက ဘယ်လိုလုပ်ပြီး အဲ့ဒီ့ မြိုစားမင်းဆီမှာ အလုပ်လုပ်ဖြစ်သွားတာလဲဟင်" ဟု ယောလ်က မေးလိုက်၏။

 

"သူက ကျွန်တော့်ကို ပိုက်ဆံအများကြီး ပေးတယ်လေ အော်၊ ပြီးတော့ မင်းက ကျွန်တော့်ကို ယဉ်ယဉ်ကျေးကျေး ပြောစရာမလိုပါဘူးနော်" 

 

"ဪ၊ ကောင်းပြီလေ။ ဒါဆိုရင်တော့ ငါ သက်သက်သာသာ ပြောတော့မယ် လယ်ဗီလည်း သက်သက်သာသာ ပြောသင့်တယ်" 

 

“ကျွန်တော်က ဒီလိုပုံစံနဲ့ပဲ သက်တောင့်သက်သာရှိပါတယ်" 

 

ယောလ်သည် နေရောင်ခြည်ထိုးနေသည့် ပြတင်းပေါက်ဘေးတွင် ထိုင်ကာ ပြတင်းပေါက်ကို ငေးကြည့်ရင်း စိတ်ထဲပေါ်လာသမျှကို မေးမြန်းနေ၏။ လယ်ဗီသည် လိပ်ထားသော သားရေစာရွက်ကို ဖတ်နေရင်း စာရွက်ပေါ်ကနေ မျက်လုံးမခွာဘဲ အတိုချုံး ပြန်ဖြေခဲ့သည်။ ထို့အပြင် ယောလ်ကို သက်တောင့်သက်သာ ပြောဆိုခွင့်ပြုထားသည့်အတွက် သူက ဒီအခြေအနေကို စောင့်နေခဲ့သလိုပင် ချက်ချင်း သက်သာရာရသွားခဲ့သည်။

 

"ဒါပေမဲ့ ဧကရာဇ်က မင်းကို ပိုက်ဆံအများကြီး ပေးမယ်လို့ ပြောထားတာ မလား" 

 

"ဒါပေမဲ့ အဲ့မှာ အလုပ်တွေက အရမ်းများနေလို့လေ" 

 

"ဟင်း..."

 

လယ်ဗီ၏ အဖြေကို ကြားရသောအခါ ယောလ်တစ်ယောက် အချိန်အတော်ကြာအောင် သက်ပြင်းချလိုက်သည်။ မိုက်ကီရယ်က မရူးသေးသည့်အတွက် ဧကရာဇ် အန်ဒရီဆီ သွားတာ ပိုစိတ်ချရမည်ဟု သူက ထင်ခဲ့သည်။

 

"ဒါပေမဲ့ သူက မင်းကို ပိုက်ဆံနှစ်ဆပေးမယ်လို့ ပြောထားတာလေ?" 

 

"ပိုက်ဆံက ပိုက်ဆံပါပဲ။ ဒါပေမဲ့ အခုထက်ပိုပြီး အလုပ်လုပ်ရရင် ပင်ပန်းလွန်းလို့ သေနိုင်တယ်" 

 

"ကျစ် ကံမကောင်းလိုက်တာနော်" 

 

လယ်ဗီ၏ ပြတ်သားသော စကားများကို ကြားရသောအခါ ယောလ်သည် ခါးသက်သော အရသာကို ခံစားလိုက်ရသည်။ 

 

သူက လယ်ဗီ သူ့စကားကို နားထောင်ပြီး အန်ဒရီဆီ လွယ်လွယ်ကူကူ သွားလိမ့်မည်ဟု မထင်ထားပေ။ အကယ်၍ ထိုသို့သာ ဖြစ်သွားပါက ဝတ္ထု၏ ဇာတ်လမ်းက လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။

 

"မိုက်ကီရယ်ကရော?" 

 

"ဘာကို ဆိုလိုတာလဲ?" 

 

သို့တိုင် လယ်ဗီသည် စာရွက်များပေါ်ကနေ မျက်လုံးမခွာခဲ့ပါ။ အရေးကြီးသော အပိုင်းအချို့ကို ငှက်တောင်တံဖြင့် မှတ်သားထားသည်။ မိုက်ကီရယ်က ၎င်းတို့ကို စစ်ဆေးတော့မည် ဖြစ်ပုံရသည်။

 

အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေသော ယောလ်က သူ့တိုက်ခိုက်မှု၏ ဦးတည်ရာကို ပြောင်းလဲပြီး ထပ်ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။

 

"သူ့ရဲ့ စရိုက်ကရော အဆင်ပြေရဲ့လား?" 

 

"... ဘယ်လိုဖြစ်နိုင်မှာလဲ?" 

 

ပထမဆုံးအကြိမ်အဖြစ် လယ်ဗီသည် စာရွက်စာတမ်းများမှ မျက်လုံးကို ဖယ်လိုက်သည်။ သူသည် မခံမရပ်နိုင်ဖြစ်နေသလိုပင် တုန်လှုပ်ပြီး မျက်မှောင်ကြုတ်လိုက်၏။ 

 

ယောလ်သည် ထိုတုံ့ပြန်မှုမှ မျှော်လင့်ချက်ကို ရှာတွေ့လိုက်သည်။ ကောင်းပြီ၊ ဒီနည်းအတိုင်းပဲ သွားကြမယ်!

 

"ဟုတ်တယ်၊ အဲဒီလို ထင်တာပဲ။ မနက်က သူ ငါ့ကို ဘာပြောလဲ သိလား။ ငါ့ရဲ့ လက်ခြေတွေကို ဖြတ်ပြီး ပြန်ချုပ်ပေးမယ်လို့ ပြောတာ။ အဓိပ္ပာယ်ရောရှိရဲ့လား။ လူတစ်ယောက်ရဲ့ ကိုယ်လက်အင်္ဂါတွေကို ဘယ်လိုများ ဖြတ်ပြီး ပြန်ချုပ်နိုင်မှာလဲ?" 

 

"ဒါပေမဲ့ ယူရီက လူမှ မဟုတ်တာ" 

 

"ငါက ဒီလိုပုံစံဖြစ်နေရုံနဲ့ လူမဟုတ်ဘူးလို့ မဆိုလိုပါဘူးနော်"  

 

လာ်ဗီက ရိုးရိုးသာမာန်ပြန်ပြောမှုမှာ ယောလ်က အသံကို မြှင့်လိုက်သည်။ ထို့နောက် လယ်ဗီသည် "ဪ၊ ဟုတ်သား၊ မှန်သား" ဟု တီးတိုးပြောလိုက်ပြီး ခေါင်းကို ခါလိုက်၏။

 

သူ့ကို ကြည့်လိုက်ရုံဖြင့် ယောလ်သည် ခဏတာမျှ ထိုလူအကြောင်းကို စိုးရိမ်ခဲ့မိသည့်အတွက် မိုက်မဲသည်ဟု ခံစားလိုက်ရသည်။

 

"သူက ပြောရုံ ပြောတာပါ တကယ် ဖြတ်မှာမဟုတ်တာမို့  မစိုးရိမ်ပါနဲ့" 

 

"တကယ်လား"

 

"အင်း ဟုတ်တယ် သူက နည်းနည်းတော့ အေးစက်ပြီး ကျွန်တော် နားမလည်နိုင်တဲ့ အစိတ်အပိုင်းတွေရှိတယ်။ ဒါပေမယ့် သူက ဘယ်သူ့ကိုမှ တကယ်ကြီး ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး" 

 

သူ့စကားကို ကြားသောအခါ ယောလ်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

 

မင်းက ငတုံးပဲ ဒါ မဟုတ်ဘူးနော်။ မင်း မှားနေပြီ။ မင်းကို အများဆုံး ဒုက္ခပေးမယ့်သူက အဲဒီ အရူး မိုက်ကီရယ်ပဲ!

 

ယောလ်တစ်ယောက် အသံထွက် မပြောနိုင်သော စကားလုံးများကြောင့် စိတ်ပျက်သွားခဲ့ရသည်။

 

"အင်း၊ သူ့ရဲ့ သဘောထားက နည်းနည်းပြင်းထန်ပေမယ့်... သူက သိပ်တော့မဆိုးပါဘူး" 

 

"...လီးကို မဆိုး" 

 

"ဗျာ?" 

 

"မဟုတ်ဘူး၊ ဘာမှ မဟုတ်ဘူး" 

 

ယောလ်တစ်ယောက် တီးတိုးပြောနေရာမှ လယ်ဗီက မေးလိုက်သောအခါ ဘာမှမသိသလို ဟန်ဆောင်လိုက်သည်။ ဒီလို အပြစ်ကင်းပြီး အလိုက်အထိုက် နေတတ်တဲ့ ငတုံး ကို ဘာလုပ်ရမှန်းမသိတော့ဘဲ ယောလ်က နာကျင်သလို အသံ ထွက်လာခဲ့သည်။

 

"ဒါနဲ့လေ၊ ယူရီလည်း မူရင်းခန္ဓာကိုယ်ဆီကို အမြန်ဆုံး ပြန်သွားသင့်တယ်နော် ဘာမှ မမှတ်မိတော့ဘူးလား?" 

 

"အင်း... အမ်း... လုံးဝ မမှတ်မိဘူး" 

 

လယ်ဗီ၏ ရုတ်တရက် မေးခွန်းကြောင့် ယောလ် မျက်မှောင်ကြုတ်လိုက်၏။ တကယ်တော့ ဒါတွေ အားလုံးက လုံးဝလိမ်ညာထားခြင်း ဖြစ်သည်။ သူ့ဘဝကို လုံးဝပြောင်းလဲပစ်ခဲ့တဲ့ အဲဒီအချိန်ကို သူ ဘယ်လိုများ မေ့နိုင်မှာလဲ?

 

သို့သော် သူက တမင်တကာ ဟန်ဆောင်ခဲ့ရပေသည်။ ဘာဖြစ်လို့လဲဆိုတော့ သူသာ တကယ် အမှန်အတိုင်း ပြောလိုက်ပါက လယ်ဗီက ယောလ်သည် တခြားကမ္ဘာမှ လာသည်ကို သတိထားမိသွားနိုင်ပြီး၊ ထို့နောက် ဤကမ္ဘာသည် ဝတ္ထုတစ်ပုဒ်ထဲက ကမ္ဘာဖြစ်သည်ကိုပင် သူ သိရှိသွားနိုင်ခြင်းကြောင့်ပင်။

 

"အားတင်းထား ယူရီ။ အဆင်ပြေသွားမှာပါ မင်းက မင်းရဲ့ မူရင်းကိုယ်ခန္ဓာဆီ ပြန်သွားနိုင်မှာ သေချာတယ် အဲဒီအခါကျရင် ငါတို့ အတူတူ သောက်ကြတာပေါ့နော်" 

 

"အာ... ဟုတ် ကျေးဇူးပါ" 

 

လယ်ဗီ၏ တောက်ပသော အကြံပြုချက်ကို တုံ့ပြန်ရင်း ယောလ်တစ်ယောက် ထစ်အသွားခဲ့သည်။ သူ မူရင်းကိုယ်ခန္ဓာဆီ ပြန်သွားပါက သူတို့ ထပ်မတွေ့ရတော့မည်ကို သူက သိနေခြင်းကြောင့်ပင်။

 

လယ်ဗီသည် လွန်လွန်ကဲကဲ ပုံမှန်အတိုင်းပင် နေခဲ့သည်။ သို့သော် သေချာကြည့်လိုက်တော့ သူ့လူကိုယ်တိုင်က မဆိုးပါဘူး။ တစ်ဖက်မှာဆိုရင်တော့ သူက ဖော်ရွေသော လူတစ်ယောက်ပင်။

 

ယောလ် ဒီလိုကောင်းမွန်တဲ့လူရဲ့ မှောင်မိုက်တဲ့ အနာဂတ်အကြောင်းကို တွေးမိတဲ့အခါ ရင်ထဲမှာ မွန်းကျပ်လာခဲ့သည်။

 

"ဪ၊ ငါတော့ သွားပြီနောမ ဧည့်သည်တစ်ယောက်ကို မျှော်နေတာမို့လို့" 

 

လယ်ဗီသည် သူ့အိတ်ကပ်ထဲမှ နာရီအိတ်ကို ဆွဲထုတ်ပြီး အချိန်ကို စစ်ဆေးလိုက်သည်။ ထို့နောက် သူ ဖတ်နေသော စာရွက်များကို ချက်ချင်း စတင် စီစစ်တော့၏။ နေရာအနှံ့ ပြန့်ကျဲနေသော သားရေစာရွက် အများအပြားကို လျင်မြန်စွာ သပ်သပ်ရပ်ရပ် စီစဉ်လိုက်သည်။ ယောလ်သည် သူ စုံလင်အောင် လုပ်ဆောင်ခဲ့သော အလုပ်ကို ချီးကျူးရင်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

 

"သွားပြီနော်" 

 

"အင်း၊ တာ့တာ" 

 

အမြန် စီစဉ်ပြီးနောက် လယ်ဗီသည် သူ့အဝတ်အစားများကို စစ်ဆေးကာ စာရွက်စာတမ်းများနှင့်အတူ အခန်းထဲကနေ ထွက်သွား၏။ ယောလ်သည် အခန်းထဲကနေ ထွက်သွားသည်အထိ လက်တိုလေးဖြင့် ညင်သာစွာ နှုတ်ဆက်လိုက်၏။

 

"သနားစရာ လယ်ဗီလေး..."

 

သူ လုံးဝပျောက်ကွယ်သွားပြီးနောက် ယောလ်သည် တိုးညှင်းသော အသံဖြင့် တီးတိုးပြောလိုက်၏။ သူ ဘာအကြောင်းကြောင့်မှန်းမသိ စိတ်ဓာတ်ကျနေခဲ့သည်။

 

ယောလ်သည် စိတ်ဖြေဖျောက်ရန် လပ်ကီးဘက်သို့ လှည့်လိုက်၏။

 

လယ်ဗီ မထွက်ခွာမီက ယောလ် လပ်ကီးကို မြင်နိုင်စေရန် အမြင့်တူ ကုလားထိုင်တစ်လုံး ယူလာခဲ့သည်။ ကျေးဇူးတင်စရာပင်၊ ယောလ်သည် သူ့ကုလားထိုင်တွင် သက်တောင့်သက်သာ ထိုင်ပြီး လပ်ကီးကို ငုံ့ကြည့်လိုက်၏။

 

"လပ်ကီးရေ၊ လပ်ကီး ဘာလုပ်ရမလဲ? ဖေဖေက မင်းနဲ့ အကြာကြီး အတူရှိတော့မှာ မဟုတ်ဘူးထင်ပါရဲ့ ဒီအိမ်ရဲ့ ပိုင်ရှင်က စောက်ရူးကြီးတစ်ယောက်နော်..."  

 

ယောလ်တစ်ယောက် မှိုင်တွေစွာ တီးတိုးပြောလိုက်သည်။ လပ်ကီးကတော့ မကြားနိုင်သော်လည်း ဒါက ဒီလိုပြောလိုက်ရတဲ့အတွက် သေရမလို ဝမ်းနည်းနေပုံရသည့် အသံတစ်ခုပင်။

 

ဟုတ်ပါသည်။ ဥမည်းလေးများက သူ၏ လှပသော အရောင်များကိုသာ ပြသနေပြီး မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပါ။

 

သူ တိတိကျကျ မသိသော်လည်း ၎င်းသည် ဝတ္ထုမစတင်မီ အချိန်ဖြစ်မည်ဟု သူ ထင်ခဲ့သည်။ ထို့ကြောင့် မိုက်ကီရယ်သည် ထိုအချိန်က ရူးသွပ်မသွားသေးဘဲ၊ ဝတ္ထုထဲတွင် မပါဝင်သော ဇာတ်ကောင်ဖြစ်သည့် လပ်ကီးက ပေါ်လာခဲ့သည်။

 

သို့သော် တစ်နေ့တွင်တော့ ဝတ္ထု စတင်တော့မည် ဖြစ်သည်။ ထိုအချိန် ရောက်လာသောအခါ မိုက်ကီရယ်သည် လယ်ဗီကို မြတ်နိုးပြီး စာသားအတိုင်း အရူးတစ်ယောက် ဖြစ်လာကာ အမျိုးမျိုးသော ရူးသွပ်သည့် အလုပ်များကို လုပ်ဆောင်တော့မည်ပင်။

 

လယ်ဗီသည် အကျဉ်းချခံရပြီး မပြောကောင်းသော အရာများကို လုပ်ဆောင်ခံရပေမည်။ ထို့နောက် လွတ်မြောက်လာသော လယ်ဗီက အကူအညီတောင်းရန် ဧကရာဇ်ဆီ သွားခဲ့ပေလိမ့်မည်။ မိုက်ကီရယ်ကတော့ ရူးသွပ်သွားပြီဖြစ်ရာ သူ့ညများနှင့် အခြား မှူးမတ်မျိုးနွယ်စုများမှ သူရဲကောင်းများကို နန်းတော်သို့ စေလွှတ်တော့မည်ပင်။

 

"ဘာလို့ အဲဒီနောက် ဖြစ်ပျက်ခဲ့တာတွေကို ငါ မမှတ်မိနိုင်ရတာလဲ…?" 

 

ယောလ်သည် သူ့ခေါင်းကို စောင်းပြီး လက်လျှော့လိုက်သလိုပင် ခေါင်းညိတ်လိုက်၏။

 

သူသည် ယခုအချိန်အထိ ဖတ်ခဲ့သော စိတ်ကူးယဉ်ဝတ္ထုအချို့ကို ဖတ်ခဲ့သည်မှာ မှန်သော်လည်း စာအုပ်များ၏ အကြောင်းအရာ အားလုံးကို မမှတ်မိနိုင်ခဲ့ပေ။

 

သို့သော် “သွေးနီရောင် ထောင်” မှာမူ အလွန်ထိတ်လန့်စရာကောင်းလွန်းသောကြောင့် သူ အတော်အတန် မှတ်မိနေခဲ့သည်။ အခြားဝတ္ထုဖြစ်ခဲ့ပါက ဇာတ်ကောင်များ၏ အမည်များကို ကြားရုံဖြင့်ပင် ဝတ္ထု၏ ခေါင်းစဉ်ကိုပင် သူ တွေးတောနိုင်မည် မဟုတ်ပေ။

 

 

ဇာတ်သိမ်းပိုင်း ဘယ်လိုဖြစ်မလဲဆိုတာ သူ မသိခဲ့ပါ။ သို့သော် ဝတ္ထုမစတင်မီ ထွက်ပြေးခြင်းသည် ပို၍ ဘေးကင်းပါသည်။ ဤခန္ဓာကိုယ်နှင့် ဘာလုပ်ရမည်ဆိုတာကို မခွဲခြားဘဲ၊ မူရင်းခန္ဓာကိုယ်ဆီ ပြန်သွားရန် နည်းလမ်းရှာသည်ဖြစ်စေ၊ အခြားအိမ်သို့ သွားပြီး ချစ်မြတ်နိုးရသော အရုပ်တစ်ခု ဖြစ်လာသည်ဖြစ်စေ၊ စွဲလမ်းနေသော အရူး၏ လက်ထဲတွင် ရှိနေသည်ထက်တော့ ပို၍ ဘေးကင်းပေမည်။

 

“လယ်ဗီကိစ္စ ဘာလုပ်ရမလဲ…?”

 

ဤကမ္ဘာကြီးသည် "သွေးနီရောင် ထောင်" ဖြစ်ကြောင်း ပထမဆုံးအကြိမ် သိရှိလိုက်သောအခါ ယောလ်သည် လယ်ဗီ၏ ဆိုးရွားသော အနာဂတ်အတွက် စာနာမိသည်။ သို့သော် သူ အထူးတလည် စိုးရိမ်ပူပန်ခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် လယ်ဗီသည် ဝတ္ထုထဲမှ ဇာတ်ကောင်ဖြစ်ပြီး၊ ကမ္ဘာကြီးသည် ဝတ္ထုစီးဆင်းမှုအတိုင်း ဖြစ်ပေါ်လာလိမ့်မည်ဟု သူ ယူဆခဲ့သည်။ ထို့ကြောင့် လယ်ဗီ၏ ကြေကွဲဖွယ်ဘဝသည် ရှောင်လွှဲမရပေ။

 

သို့သော် လယ်ဗီနှင့် စကားပြောပြီး ကိုယ်တိုင် အချိန်ကုန်လွန်ပြီးနောက် လယ်ဗီ၏ အနာဂတ်အတွက် သူ စတင်စိုးရိမ်လာသည်။

 

လယ်ဗီကို အမှန်အတိုင်း ပြောပြပြီး ထွက်ပြေးခိုင်းသင့်လား? ပြီးတော့ သူ့ကိုပါ ခေါ်သွားခိုင်းရင် ကိစ္စမရှိဘူးမလား?

 

မဟုတ်ဘူး၊ ယောလ်ကို ရူးနေတယ်လို့ ထင်ကောင်းထင်လိမ့်မည်။ အဆိုးဆုံးကတော့ သူ မိုက်ကီရယ်ကို ပြောပြကောင်းပြောပြပေမည်။ သို့သော်… သူက ပါးစပ်ဖွာပုံ မပေါ်ပေ။

 

ယောလ်တသ်ယောက် တွေဝေစိတ်ဖြင့် လမ်းပျောက်နေသည်။ လယ်ဗီက သူ့ကို ယုံကြည်ပြီး ထွက်ပြေးလွတ်မြောက်ခွင့်ပေးကာ အတူတူ ထွက်ပြေးနိုင်လျှင် သူတို့နှစ်ဦးစလုံးအတွက် အကောင်းဆုံးပင် ဖြစ်ပေမည်။ သို့မဟုတ်ပါက အန္တရာယ်က အလွန်ကြီးမားပေသည်။

 

“အာ့... စိတ်ရှုပ်စရာကြီး… ဘာလဲဟာ?…”

 

ယောလ်သည် သက်ပြင်းချလိုက်ပြီး ခေါင်းကို ဝေ့ပတ်လိုက်သည်။ မျက်လုံးများကို ကျယ်ကျယ်ဖွင့်လိုက်သည်။ ပေါက်ဖွားဖိုထဲရှိ လပ်ကီး က အကြီးအကျယ် လှုပ်ယမ်းသွားပုံရသည်။

 

လပ်ကီး လှုပ်ရှားသွားပုံရသည့် အကြိမ်ပေါင်းများစွာ ရှိခဲ့သော်လည်း ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ် အကြီးအကျယ် လှုပ်ရှားခြင်းဖြစ်ပြီး ယောလ်၏ နှလုံးသားမှာ တဒုန်းဒုန်းခုန်နေသည်။  ‌ယောလ်သည် ပေါက်ဖွားမည့် ကာလနှင့် အနီးဆုံး ဖြစ်နိုင်သမျှ နီးကပ်စွာ ရောက်ရှိခဲ့သည်။

 

ထိုအချိန်တွင် သူ့ဥထဲ၌ ကျွီခနဲ အသံဖြင့် ကြီးမားသော အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။