အပိုင်း ၄၀
Viewers 15k

Chapter 40


"ခဲ့ကျင်းယန်....အင်တာနက်ပေါ်မှာ မင်းကို ဆူပူကြိမ်းမောင်းနေတဲ့ လူတွေအများကြီးရှိတာကို သိလား.....ကလေးတွေကိုအနိုင်မကျင့်ဖို့ ငါမင်းကိုပြောခဲ့သားပဲ....အခုတော့ ရသစုံရှိုးမှာ မင်းကလေးဆီကနေ ငှက်သိုက်မုန့်လုလို့.....အစွပ်စွဲခံနေရပြီ....သိရဲ့လား"။


ခဲ့ကျင်းယန်က ကားထဲရှိ ကလေးထိုင်ခုံပေါ်တွင် လဲနေပြီး ဂရုမစစိုက်ဟန်ဖြင့် ပြောလာသည်။ "ဒီနှစ်အတွင်းမှာ ကျွန်တော်နဲ့ပတ်သတ်ပြီး ကောင်းတဲ့သတင်းရောရှိသေးရဲ့လား....အမြဲတမ်း ဒီလိုသတင်းတွေပဲလေ.....ခင်ဗျားက ကျွန်တော့်ရဲ့ကိုယ်စားလှယ်အခုမှ စလုပ်ဖူးတာလည်းမဟုတ်ဘူး....စိတ်လျှော့စမ်းပါ"။


သူ့စကားများကြောင့် လုယွင်ကျီနင်သွားရသည်။ ထို့နောက်မှင်တက်စွာပြောလာသည်။ "အခုတော့ အဲဒီအကြောင်းစဥ်းစားနေပြီပေါ့....အရင်တစ်ခေါက် ကလေးမလေးနဲ့ပုံက ရေပန်းအစားဆုံးရှာဖွေမှုထဲမှာရောက်သွားတော့ ဂရုမစိုက်သလိုလိုနဲ့"။


ခဲ့ကျင်းယန်၏လူများကို အီသွားအောင်လုပ်နိုင်သည့်စွမ်းရည်ကို သူအလွန်ဘဝင်ကျမိသည်။


အကျော်အမော်များထဲတွင် ဤသို့သော ထူးဆန်းသည့်သူနှင့် သူလည်းထိပ်ဆုံးအလုပ်တွဲလုပ်ဖူးခြင်းဖြစ်သည်။ သူသာဆိုလျှင် တစ်စုံတစ်ယောက်က သူ့အကြောင်း မကောင်းသတင်းရေးထားလျှင် စိုးရိမ်သောကရောက်မိမည်ဖြစ်သည်။ ခဲ့ကျင်းယန်နှင့်ပတ်သတ်သည့် မကောင်းသတင်းကိုမြင်ရသောအခါ သူကိုယ်တိုင်ပင် ကသိကအောက်ဖြစ်မိသည်။ သို့သော် ထိုထူးဆန်းသော ကောင်လေးက သူလုယွင် လက်အောက်ရှိ အနုပညာရှင်တစ်ယောက်ဖြစ်နေသေးသည်။


ဤကိစ္စနှင့်ပတ်သတ်၍ ခဲ့ကျင်းယန်နှင့်ဆက်လက်ဆွေးနွေးရန် လုယွင်ကျီပျင်းလွန်းလှသည်။ ခဲ့ကျင်းယန်ပြောသလိုပင် မည်သို့ပင်ဖြစ်စေ သူနေသားကျသွားပေလိမ့်မည်။


ခဲ့ကျင်းယန်က မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်ကာ ပြောသည်။ "ဆွေ့ဆွေ့ဘာလုပ်ခဲ့လဲဆိုပြီး လုချီက လာမေးနေတယ်....သူတို့နှစ်ယောက်က အရင်တည်းက သိကြတာလား"။


ချင်းဖျော်ဖြေရေး၏ အင်အားအရှိဆုံး သရုပ်ဆောင်မင်းသားနှစ်ဦးဖြစ်သောကြောင့် ခဲ့ကျင်းယန် နှင့် လုချီတို့က တစ်ယောက်နှင့်တစ်ယောက် အစေးမကပ်ကြဖို့ ကံပါလာပုံရသည်။


အင်တာနက်ပေါ်တွင် လူအများအပြားက သူတို့


နှစ်ဦးကို နှိုင်းယှဥ်လေ့ရှိကြသည်။ ရုပ်ရည် ၊ ကျော်ကြားမှု ၊ ကိုယ်ရည်ကိုယ်သွေးမှစ၍ စီးပွားရေးအရည်အချင်းအထိ သူတို့နှစ်ယောက်၏ပရိသတ်များက အမြဲတမ်းလိုလို ရန်သတ်လေ့ရှိသည်။


"ဘာကိုမေးတာလဲ? မင်းဆွေ့ဆွေ့ကို အနိုင်ကျင့်သေးလားဆိုတာကို မေးဖို့နေမှာပေါ့"။ လုယွင်ကျီက ပြောလိုက်သည်။ "သူတို့နှစ်ယောက်က အရင်တုန်းက ရုပ်ရှင်အတူတူရိုက်ဖူးကြတယ်နဲ့တူတယ်....ဒါရိုက်တာချန်းရိုက်တဲ့ တိမ်မြှုပ်နေသော ရုပ်ရှင်ဇာတ်ကားကြီးလေ....မကြာခင်မှာ ရုံကြီးတွေမှာ ပြတော့မယ်"။


ကုဆွေ့ဆွေ့၏ အရည်အချင်းက သူ့အနေနှင့် အတော်လေး မမျှော်လင့်ထားမိသော အရာဖြစ်သည်။ နောက်ပိုင်းတွင် ဒါရိုက်တာချန်းက သူ(မ)အား ဒါရိုပ်တာဟဲ့ကျီလျန်ရိုက်ကူးမည့် "ပါးကိုက်နားကိုက်" ရုပ်ရှင်ဇာတ်ကားကြီးနှင့် မိတ်ဆက်ပေးခဲ့ပုံပင်။


ဒါရိုက်တာချန်းက အရည်အချင်းရှိသူများကို တန်ဖိုးထားသောကြောင့် ကျော်ကြားသည်။ ကုဆွေ့ဆွေ့က သူ့ရုပ်ရှင်တွင် ကောင်းကောင်းသရုပ်ဆောင်ခဲ့သဖြင့် အခြားဒါရိုက်တာများထံ သူ(မ)ကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ 


ခဲ့ကျင်းယန်က မျက်ခုံးပင့်လိုက်ရင်း ဘာကြောင့်မှန်းမသိ စိတ်မသက်မသာဖြစ်လာမိသည်။ "ဆွေ့ဆွေ့က လုချီနဲ့အတူတူ ရုပ်ရှင်ရိုက်ခဲ့တာလား"။


ရုပ်ရှင်အတူရိုက်တော့လည်းဘာဖြစ်သလဲ။ ရသစုံရှိုးအတူတူရိုက်ဖူးလို့လား။


ထို့အပြင် ယနေ့လည်း ကုဆွေ့ဆွေ့က သူနှင့်အတူ သီချင်းအသံသွင်းဦးမည်ဖြစ်သည်။


ဇာတ်ဝင်တေးအသံသွင်းရန်လုံးဝစိတ်မဝင်စားသော ခဲ့ကျင်းယန်က ယနေ့မူ ကလေးများအားသီချင်းအဆိုသင်ပေးရန် ဆုံးဖြတ်လိုက်သည်။


မည်သို့ပင်ဖြစ်စေ သူလုချီကို ရှုံးလို့မဖြစ်ပေ။


သစ်သီးရုပ်သံက အလွန်ကြီးသည်။ အသံသွင်းသည့်စတူဒီယိုက ဧရိယာဘီတွင်ရှိသည်။ ခွင့်ပြုချက်ရသော ထန်းကျူက ဆွေ့ဆွေ့နှင့်ကလေးများကို ငါးထပ်မြောက်သို့ ဦးဆောင်ခေါ်သွားပေးသည်။


လူသားဘဝတွင်အချိန်အတန်ကြာအောင်နေခဲ့ပြီးသော်လည်း ဓာတ်လှေကားကဲ့သို့သောအရာများကို ကုဆွေ့ဆွေ့ နေသားမကျသေးပေ။ 


ကျဥ်းကြပ်ပြီးရွေ့နေသောနေရာမျိုးတွင်နေခြင်းက သူ(မ)ကို အနည်းငယ်လန့်စေသည်။ သူ(မ)၏လက်သေးသေးလေးဖြင့် အနီးအနားရှိလူများကို ဂရုတစိုက် လှမ်းဆွဲထားလိုက်သည်။ 


ဖုန်းထဲတွင် မက်ဆေ့ချ်များကို စစ်နေသော ထန်းကျူက ကလေးမလေး၏ စိတ်လှုပ်ရှားမှုကို ခံစားမိပြီး ခဏရပ်လိုက်သည်။ ထို့နောက် ဆွေ့ဆွေ့၏လက်ကိုကိုင်ကာ ညင်သာစွာဖြင့်ပြောလိုက်သည်။ "ကလေးလေး.....အဆင်ပြေသွားမှာပါ....အန်တီရှိတယ်လေ"။


ကုဆွေ့ဆွေ့၏မျက်နှာအမူအရာက ဖျော့တော့နေပြီး ခံစားချက်အတက်အကျရှိပုံမပေါ်ပဲ "အမ်း" ဟုတစ်ခွန်းထဲသာပြန်ပြောလာသည်။


နုံးခွေနေဟန်ရှိသော ကလေးငယ်ကိုမြင်ရသောအခါ ထန်းကျူလည်း စိတ်မသက်မသာဖြစ်ပြီး ပွေ့ဖက်လိုက်သည်။


"အန်တီရှောင်....သမီးအဆင်ပြေပါတယ်....ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် ကလေးငယ်က သူ(မ)၏နဂိုပုံစံအတိုင်း ပြန်လည်ရွှင်လန်းတက်ကြွလာပြီး တောက်ပသောအပြုံးလေးဖြင့်ပြောလာသည်။


"ကလေးလေး....နောက်တစ်ခေါက်ကျရင် သမီးဓာတ်လှေကားစီးဖို့ကြောက်နေသေးရင် အန်တီ့ကိုပြောနော်....အန်တီက ရိုးရိုးလှေကားနဲ့ပဲ သမီးကိုခေါ်သွားပေးမယ်"။ ဆွေ့ဆွေ့အမှန်တကယ် အဆင်ပြေပုံရသောကြောင့် သူ(မ)တိတ်တခိုးသက်ပြင်းချလိုက်မိသည်။


ဆွေ့ဆွေ့၏အမေက ယခင်က သူ(မ)ကို မပြောပြထားခဲ့ဖူးချေ။ ကလေးငယ်လေးက ဓာတ်လှေကားစီးရန် ကြောက်နေခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် ဆွေ့ဆွေ့၏ လက္ခဏာများက အထူးတလှယ် ပြင်းထန်ပုံမရပေ။


အခြားသူများထက် သူတို့အနည်းငယ်စောရောက်နေသည်။ အသံသွင်းခြင်းကလည်း မစသေးပေ။ ထို့ကြောင့်ထန်းကျူက ကုဆွေ့ဆွေ့အား နားနေခန်းသို့ ခေါ်သွားလိုက်သည်။


"ပါပါးခဲ့"။ နားနေခန်းတွင်ရှိနေသူကို မြင်သောအခါ ကုဆွေ့ဆွေ့လေးက စိတ်လှုပ်ရှားစွာဖြင့် ထိုသူရှိရာသို့ ခပ်သော့သော့သွားလိုက်သည်။


ထိုအခေါ်အဝေါ်ကြီးကို ခဲ့ကျင်းယန် အသားမကျသေးပေ။ လူအများရှိသည့်နေရာတွင် ကြားလျှင်ပင် ပျက်ယွင်းသွားသောသူ့မျက်နှာကို မထိန်းနိုင်ချေ။


တစ်ဖက်ရှိလုယွင်ကျီက နီထွေးထွေးကလေးမလေးကိုကြည့်လိုက်ရင်း ပြုံးကာပြောလိုက်သည်။ "ဆွေ့ဆွေ့.....သမီးဦးကိုမှတ်မိသေးလား"။


ကုဆွေ့ဆွေ့က သူ့အားကြည့်ရင်း ချိုသာစွာပြန်ပြောလာသည်။ "ဟုတ်ကဲ့....ဦးဦးလုမလား"။


လုယွင်ကျီအား ကုဆွေ့ဆွေ့ခေါ်လိုက်သော အခေါ်အဝေါ်ကိုကြားတိုင်း ခဲ့ကျင်းယန်ရယ်ချင်နေမိသည်။ ထိုကလေးမလေးက သူ့ကိုလည်း အဖေဟုသုံးနှုန်းပြီး ခေါ်တတ်သေးသည်။


ခဲ့ကျင်းယန်၏ အထင်အမြင်နှင့်ကွဲလွဲစွာပင် လုယွင်ကျီက "ဦးလေးလု" ဟူသောဆွေ့ဆွေ့၏အခေါ်အဝေါ်ကို တည်တည်ငြိမ်ငြိမ်ပင် လက်ခံသည်။ သူကပြုံးရင်းကလေးငယ်လေး၏ နူးညံ့သောပါးမို့မို့လေးကိုဆွဲညှစ်လိုက်သည်။ "သမီးလေး.....ဦးမရှိတုန်း အဲဒီပါပါးခဲ့ကျင်းယန်က သမီးကိုအနိုင်ကျင့်သေးလား"။


ခဲ့ကျင်းယန်နှင့်ရိုက်ကူးရေးလုပ်သည့်နေ့များက စိုပြည်ကြည်တောက်နေသည်။ ဤပြဿနာကောင်လေး၏ သရုပ်ဆောင်မှုက တိုးတက်လာပုံရသည်။


ကုဆွေ့ဆွေ့က နှုတ်ခမ်းလေးကိုစေ့ထားရင်း ရှက်ကိုးရှက်ကန်းဖြင့်ပြုံးရင်းပြောသည်။ "ပါပါးခဲ့က သမီးအပေါ်အရမ်းကောင်းပါတယ်"။


"အရမ်းကောင်းတယ်ဆိုတာလောက်ပဲ သမီးပြောနိုင်တယ်ထင်တယ်"။ လုယွင်ကျီလည်း မနေ့ညက "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအစီအစဥ်ကိုကြည့်ခဲ့ပါသည်။


ဆွေ့ဆွေ့လေးကအလွန်ချစ်စရာကောင်းပြီး ကလေးမုန့်ကိုဖြတ်လုသောအရှုပ်ထုပ်ထက်ပင် ပို၍ဆွဲဆောင်မှုရှိကာ နာမည်ကျော်ကြားနေသေးသည်။


"ဒါနဲ့ ဆွေ့ဆွေ့လေး.....သမီးကုမ္ပဏီနဲ့စာချုပ်လက်မှတ်ထိုးပြီးသွားပြီလား"။ လုယွင်ကျီ၏လက်အောက်တွင် ခဲ့ကျင်းယန်ကဲ့သို့သောအနုပညာရှင်များရှိသည်။ ကုမ္ပဏီကလည်း နောက်ထပ်တက်သစ်စအနုပညာရှင်တစ်ယောက်အား သူ့လက်အောက်သွင်းစေချင်နေသည်။ သို့သော် ကုမ္ပဏီရှိ တက်သစ်စများတွင် သူသဘောကျသည့်သူမရှိသေးသော


ကြောင့် နောက်တွန့်နေမိသည်။


သို့သော် ကုဆွေ့တွေ့သာဖြစ်လျှင် သူစဥ်းစားပေးနိုင်သည်။


ကုဆွေ့ဆွေ့က သူ(မ)၏ လှပသောဝါကြင့်ကြင့် မျက်လုံးတစ်စုံကို ပေကလတ် ပေကလတ်လုပ်ရင်း ဇဝေဇဝါဖြင့်မေးလိုက်သည်။ "ဦးဦးလု....အကျိုးဆောင်ကုမ္ပဏီဆိုတာ ဘာလဲဟင်"။


သူ(မ)၏အမေးကြောင့် လုယွင်ကျီနင်သွားရသည်။ ထိုကဲ့သို့သော အကြောင်းအရာများက သုံးနှစ်အရွယ်ကလေးအတွက် အလွန်နက်နဲနေပေလိမ့်မည်။


ကလေးတစ်ယောက်အတွက် ပိုမိုလွယ်ကူစွာ နားလည်နိုင်စေရန် ပြောင်းလဲရှင်းပြပြီးမေးလိုက်သည်။ "သမီးရဲ့နေ့စဥ်ဘဝမှာ.....ရိုက်ကူးရေးအဖွဲ့တွေ....ရသစုံရှိုးအစီအစဥ်တွေနဲ့ ဆက်သွယ်တဲ့အခါမှာ.....ဘယ်သူကတာဝန်ယူပြီး ဂရုစိုက်ပေးလဲ"။


ကုဆွေ့ဆွေ့က နားလည်သွားဟန်ရှိပြီး နူးနူးညံ့ညံ့အသံလေးနှင့်ပြန်ဖြေလာသည်။ "ပြောရမယ်ဆိုရင်....ဒီလိုကိစ္စတွေကို မေမေကပဲ....တာဝန်ယူပြီးဂရုတစိုက်လုပ်ပေးတာ"။


လုယွင်ကျီက တစ်ခဏမျှစဥ်းစားပြီး ပြောလိုက်သည်။ "ကလေးလေး....သမီးအမေရဲ့ ဖုန်းနံပါတ်ကို မှတ်မိလား.....ဦးကိုပြောပြလေ.....ဦးကသမီးမေမေကိုပြောစရာလေးရှိလို့ပါ"။


ကုဆွေ့ဆွေ့နှင့်စာချုပ်ချုပ်မည့်စိတ်ကူးက ရုတ်တရက် သူ့အတွေးထဲတွင် ပေါ်ထွက်လာသည်။ စဥ်းစားလေလေ သူထိုကလေးမလေးနှင့် စာချုပ်ချုပ်လိုလေလေဖြစ်သည်။


ကုဆွေ့ဆွေ့က သူ(မ)ဘေးရှိ ဦးလေးချောချောကိုကြည့်လိုက်ရင်း ဖုန်းနံပါတ်အရှည်ကြီးကို ရွတ်ပြလိုက်သည်။ "1385556xxxx"။


လုယွင်ကျီနှင့်ကုဆွေ့ဆွေ့တို့ပြောနေသောစကားများကို ခဲ့ကျင်းယန်ကြားလိုက်သောအခါ ကိုယ်ကိုအနည်းငယ်ညွှတ်ကိုင်းလိုက်ပြီး ကလေးမလေး၏ပုခုံးကိုဆွဲကိုင်ကာ လုယွင်ကျီအား ပြောလိုက်သည်။ "မစ္စတာလု....တော်လောက်ပြီ.....ကုမ္ပဏီမှာ ခင်ဗျားတပည့်အနေနဲ့ရွေးဖို့ စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်တွေအများကြီးပဲ....ကျွန်တော့်ရှေ့မှာ ကလေးကိုအတင်းအဓမ္မဖြားယောင်းဖို့လုပ်နေတာလား"။


လုယွင်ကျီက ကလေးငယ်လေးပေးလိုက်သော သူ(မ)အမေ၏ဖုန်းနံပါတ်ကိုငုံ့ကြည့်ပြီး ပေါက်စလေးကိုကာဆီးကာဆီးလုပ်နေသော ခဲ့ကျင်းယန်အားမျက်ခုံးပင့်ကြည့်ကာ စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်သည်။ "ခဲ့ကျင်းယန်.....ဘာတဲ့....ကလေးကိုဖြားယောင်းတယ် ဟုတ်လား.....ဘာလို့အဲ့လောက် ဆိုးဆိုးရွားရွားပြောရတာလဲ....ငါက ဆွေ့ဆွေ့အမေရဲ့ဖုန်းနံပါတ်လေး တောင်းလိုက်ရုံပါ"။


ခဲ့ကျင်းယန်က နှုတ်ခမ်းတွန့်ချိုးကာ မကြည်သာသောလေသံဖြင့် ပြန်ပြောသည်။ "ခင်ဗျားက ဆွေ့ဆွေ့ကို ခင်ဗျားရဲ့လက်အောက်မှာထားဖို့....စာချုပ်ချုပ်ချင်နေတာမလား....ကျေးဇူးပြုပြီး နည်းနည်းပါးပါး စာနာပေးပါဦး....ကလေးက အခုမှလေးနှစ်တောင်ပြည့်သေးတာမဟုတ်ဘူး"။


လုယွင်ကျီက ရွှေရောင်မျက်မှန်ကိုင်းကို ပင့်တင်ရင်း ပြောသည်။ "လေးနှစ်မပြည့်သေးတော့ရော ဘာဖြစ်လဲ......အကျော်အမော်တစ်ယောက် ဖြစ်ဖို့ဆိုရင် အသက်ငယ်ငယ်လေးထဲက စရမှာပဲ"။ ကိုယ်စားလှယ်တစ်ယောက်အဖြစ် သူ၏နှစ်ပေါင်းများစွာ အတွေ့အကြုံများမှ သုံးနှစ်အရွယ်ကုဆွေ့ဆွေ့လေးက အလားအလာကောင်းသည်ကို လုယွင်ကျီတပ်အပ်ပြောနိုင်သည်။ သူ့ရှေ့တွင်ရပ်နေသော အမြဲတမ်းပြဿနာရှာတတ်


သည့်သူထက်တော့ ထိုကလေးမလေးကသာပါသည်။


ခဲ့ကျင်းယန်က ကလေးငယ်အား တန်ဖိုးဖြတ်သော သူ့စကားကိုကြားလိုက်သောအခါ လန့်သွားပုံရပြီး ရုတ်တရက်ပြန်လည်တုံ့ပြန်လာသည်။ "ကိုယ်စားလှယ်ကြီး....ကျွန်တော့်လို အကျော်အမော်အနုပညာရှင်တစ်ယောက် ရှိနေတာတောင် မလုံလောက်သေးဘူးလား"။


"ဒီစကားကို မင်းပါးစပ်ကနေ ပြောထွက်တာရော...မရှက်ဘူးလား"။


လုယွင်ကျီ အနုပညာလောကထဲသို့ ဝင်လာချိန်တွင် ရုပ်ရှင်မင်းသား ၊ မင်းသမီးအများအပြားကို သူ့လက်အောက်သို့ခေါ်သွင်းခဲ့ဖူးသည်။ ထိုအထဲတွင် ခဲ့ကျင်းယန်က စိတ်ပျက်စရာအကောင်းဆုံးပင်။


လုယွင်ကျီက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ပြန်ပြောလိုက်သည်။ "အိုး....အဲ့လိုအဓိပ္ပါယ်ပေါက်သွားခဲ့ရင် ဆောရီးပါ....ငါက ငါ့ရဲ့ကိုယ်စားလှယ် အရည်အချင်းကို ထိန်းသိမ်းထားချင်ရုံပါ....ပြီးတော့ ဆွေ့ဆွေ့လေးကို ငါ့လက်အောက်က အနုပညာရှင်တစ်ယောက် ဖြစ်စေချင်ရုံပဲ....အနာဂတ်မှာ သူနာမည်မကြီးခဲ့ရင်တောင်မှ....ငါသူ့ကို အကောင်းဆုံးလေ့ကျင့်ပေးချင်မိတယ်....မင်းကရော?....ငါ့ကိုအမြဲတမ်း ဒုက္ခရောက်အောင်လုပ်တာကလွဲပြီး မင်းဘာလုပ်တတ်သေးလဲ"။


ခဲ့ကျင်းယန်: ".....အနည်းဆုံးကျွန်တော်တို့နှစ်ယောက်က ဝမ်းကွဲတော်တယ်လေ.....ခင်ဗျား ကျွန်တော့်ကို မပစ်ထားနိုင်ပါဘူး"။


"ဦးဦးလုနဲ့ဖေဖေခဲ့....ရန်မဖြစ်ကြပါနဲ့တော့"။ ကုဆွေ့ဆွေ့က လူကြီးနှစ်ယောက်ကို ငေးကြောင်ကြောင်လေးကြည့်ရင်း အင်္ကျီစကိုလှမ်းဆွဲလာသည်။


ဘာစကားများနေကြမှန်း ကုဆွေ့ဆွေ့မသိသော်လည်း ပိုမဆိုးလာစေရန် သူ(မ)အချိန်မှီတားရမည်မှန်း သိသည်။


နားနေခန်းထဲတွင် ဘေးမှရပ်ကာ ဖြစ်စဥ်တစ်ခုလုံးကိုနားထောင်လိုက်ရသော ထန်းကျူတစ်ယောက် အလွန်အမင်းထိတ်လန့်သွားရသည်။


လုယွင်ကျီက ချင်းဖျော်ဖြေရေးကုမ္ပဏီ၏ အဖိုးတန်လူတစ်ယောက်ဖြစ်သည်။ အနုပညာရှင်များကို သူကြိုက်သလို သူ့လက်အောက်သို့ခေါ်သွင်းနိုင်ပြီး ထွန်းထွန်းပေါက်ပေါက်ဖြစ်အောင်လုပ်ပေးနိုင်သူဖြစ်သည်။


သို့သော် ထင်မှတ်မထားစွာပင် ထိုသို့သောသူက သုံးနှစ်အရွယ်ကလေးမလေးကို စိတ်ဝင်စားနေသည်တဲ့လား။


Xxxxxxxx