Chapter 4
"ချင်းယွီ၊ ဒီလို...ဒီလိုမျိုးလုပ်လို့တော့ ဘယ်ဖြစ်မလဲ"
ရှုယန်ယန်သည် သူမ၏ တည်ငြိမ်မှုကို ထိန်းသိမ်းကာ ဤအခြေအနေအားပြောင်းလဲသွားစေရန် နောက်ဆုံးအကြိမ် ကြိုးစားနေသည်။
“show အတွက် ကြော်ငြာဓာတ်ပုံတွေလည်း ရိုက်ပြီးနေပြီ၊ ကျွန်မနဲ့အတူပါဝင်မယ်ဆိုတဲ့ အကြောင်းလည်း ကြောငြာပြီးပြီ အခုနောက်ဆုံးအချိန် ကပ်နေမှ ပြောင်းလိုက်မယ်ဆို
.. ပရိတ်သတ်တွေက ဘယ်လိုထင်ကြမလဲ”
ရှုယန်ယန်သည် ပုံမှန်စကားပြောနေသည်ထင်ရသော်လည်း သူမ၏ စကားထဲတွင် အရေးအကြီးဆုံးအချက်ကို အသားပေး၍ ပြောသွားခဲ့သည်။
“ပရိတ်သတ်တွေကတော့ အစ်မနဲ့ ယန်ရှီ တို့နှစ်ယောက် ပေါင်းပြီး ကျွန်မရဲ့ အခွင့်အရေးတွေကို လုယူသွားကြတယ်လို့ ထင်ကြတော့မှာပဲ၊ အဲသလိုဆို အစ်မတို့ နှစ်ယောက်အတွက် မကောင်းဘူးနော်”
ဖျော်ဖြေရေးလောကတွင် တစ်စုံတစ်ယောက်သည် ပါဝင်ဖို့ ကြေငြာပြီးသည်နှင့် နောက်ဆုံးအချိန်တွင် ပြောင်းလဲလိုက်ရခြင်းမှာ အကြောင်းအရင်းနှစ်ခုထဲမှ တစ်ခုကြောင့်သာဖြစ်သည်။ ဖျော်ဖြေရေးလောကတွင် အမှားလုပ်မိ၍
show မှ ထုတ်ပယ်လိုက်ခြင်း သို့မဟုတ် မိမိ၏ အခွင်းအရေးအား တစ်စုံတစ်ယောက်မှ လုယူသွားခြင်းကြောင့် နှုတ်ထွက်လိုက်ရခြင်းဖြစ်သည်။
ရုတ်တရက် နေမကောင်းဖြစ်သောကြောင့် နှုတ်ထွက်လိုက်ရသည့် အခြေအနေများရှိပါသော်လည်း ထိုအခြေအနေမှာ ရှုယန်ယန်၏ အဆိုးဆုံးအခြေအနေဖြစ်မှသာ ဖြစ်သည်။ ယန်ရှီ အခွင်းအရေးရရန် သူ့မ အနေနှင့် နေမကောင်းသည့် အကြောင်းပြချက်အား လုံးဝ ပြောမည်မဟုတ်ပေ။
ကျုံချင်းယွီသည် အပေါက်ဆိုးသော်လည်း ရူးနေသူတော့ မဟုတ်ပေ။ ဖျော်ဖြေရေးလောကရှိ လူတို့၏ ရည်ရွယ်ချက်များအား ခဏလေးနှင့် အလွယ်တကူ သိနိုင်သည်။
“စိတ်မပူပါနဲ့ နင့်အတွက်လည်း အရှုံးမရှိစေရပါဘူး၊ နင်ဘယ်လိုအကြောင်းပြချက်ပေးပြီးတော့ နှုတ်ထွက်ရမလဲဆိုတာပဲ ကိုယ့်ဘာသာ စဉ်းစားထား .. ဒါပေမဲ့ အဲအကြောင်းပြချက်က ခိုင်လုံပြီး ငါ့ကို စိတ်ကျေနပ်စေရမှာနော်၊ ဒါဆို “ငါးဆားနူဘဝ”ဆိုတဲ့ ရသစုံရှိုးမှာ နင်ပါရလိမ့်မယ်”
ရှုယန်ယန်၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။
“အတူခရီသွားကြစို့”
နှင့် “ငါးဆားနူဘဝ” သည် ဖျော်ဖြေရေးလောကတွင်
S အဆင့်ရှိသည့် ရသစုံရှိုး များဖြစ်ကြပြီး သီအိုရီအရ ရှုယန်ယန်လို အနုပညာရှင်တစ်ယောက်အတွက်
ထိုရှိုးမှာ ပါဝင်ခွင့်ရခြင်းသည် ကြီးမားသော အောင်မြင်မှု ဖြစ်စေသည်။
သို့သော် “အတူခရီးသွားစို့”တွင် ရှုယန်ယန်အနေနှင့် ဖိတ်ခေါ်ခံရသည့် ဧည့်သည်၏ မိတ်ဆွေတစ်ယောက်အနေနှင့်သာ ပါဝင်ရမည်ဖြစ်ပြီး
“ငါးဆားနူဘဝ”တွင်မူ သူမကိုယ်တိုင် ဧည်သည်တစ်ယောက်အနေနှင့် ပါဝင်ရလိမ့်မည်။ ထို အခန်းကဏ္ဍနှစ်ခုသည် အနည်းငယ် ကွာဟမှုရှိနေ၏။
ရှုယန်ယန်သည် မျှော်လင့်ချက်အပြည့်နှင့် ဝမ်းသာနေသော်လည်း သူမ မျက်နှာပေါ်တွင် ဘာအမူအယာမှမပေါ်အောင် ထိန်းထားလေသည်။သူမသည် ကျုံချင်းယွီအပေါ် အမြတ်ထုတ်နေသည်ဟု မထင်စေချင်သောကြောင့် ပုံမှန်အတိုင်းသာ နေလိုက်သည်။
ထို့အပြင် ကျုံချင်းယွီအပေါ် အကြွေးတင်နေသေးသည်။ ခရီးအတွက် လွှဲပေးထားသည့် ယွမ် 1 million အကြွေးကို ရှင်းပြရန်အတွက် ရှုယန်ယန်အနေဖြင့် အဆင်သင့်မဖြစ်သေးပေ။ဖြစ်နိုင်မည်ဆိုလျှင်၊ ဤ luxury mall ထဲတွင် ကျုံချင်းယွီထံမှ ငွေနည်းနည်းပိုရရန် ကြိုးစားကြည့်ချင်သေးသည်။
“ချင်းယွီ၊ အစ်မရဲ့ သူငယ်ချင်းနဲ့ အတူ ပါဝင်ချင်တယ်ဆိုရင်လည်း အဲလိုပဲလုပ်လိုက်ပါ”
ရှုယန်ယန်သည် သဘောမတူချင်ဟန်ဖြင့် ပြောလိုက်သည်။
ဤကိစ္စသည် ရှင်းသွားလေပြီ။ ကျုံချင်းယွီသည်
Starlight Entertainment ၏
အရည်အချင်းစစ် ဒါရိုက်တာ ချောင်ယန်အား ဆက်သွယ်ကာ အခြေအနေအားလုံးကို ကိုင်တွယ်ဖြေရှင်းခိုင်းခဲ့သည်။
ကျုံချင်းယွီသည် ယခုအချိန်ထိ
shopping ထွက်ရင်သာ စိတ်ထဲရှိနေဆဲဖြစ်သည်။ ဖျော်ဖြေရေးလောကတွင် နာမည်ကြီးတစ်ယောက်ဖြစ်ဖို့ထပ် စီးပွားရေးလောကသာ သူမ အတွက် သင်တော်လေသည်။ ချောင်ယန်ကို ညွှန်ကြားပြီးသည့်နောက် ယန်ရှီအား နောက်ထပ်ဆိုင်တစ်ဆိုင်သို့ ဆွဲခေါ်သွားပြန်သည်။
ရှုယန်ယန်သည် ထွက်မသွားသေးဘဲ ကျုံချင်းယွီနောက်လိုက်ကာ သူမ၏ ဈေးဝယ်အိတ်များကို လိုက်ကိုင်ပေးလေသည်။
A ဘရန်း ဆိုင်ဘေးတွင် B ဘရန်း ဆိုင်တစ်ခုရှိကာ ရှုယန်ယန်အမြဲလိုချင်နေခဲ့သော မိကျောင်းသားရေအိတ်အသစ်ကို မကြာသေးခင်ကမှ ရောင်းချနေသော ဆိုင်ဖြစ်သည်။ ကျုံချင်းယွီနှင့် ဈေးဝယ်ထွက်တိုင်း သူမ အတွက် ကျုံချင်းယွီသည် အမြဲ တစ်ခုခုဝယ်ပေးတတ်သောကြောင့် ဤတစ်ကြိမ်တွင်လည်း သူမ အတွက် တစ်ခုခုတော့ ရလိမ့်မည်ဟု ထင်ခဲ့သည်။
Bဘရန်း ဆိုင်ထဲသို့ ဝင်လိုက်ချိန်တွင် ရှုယန်ယန်သည် ကျုံချင်းယွီမြင်စေရန်အတွက် သူမ သဘောကျနေသော မိကျောင်းသားရေ အိတ်ကို ခဏ ခဏ ထိကြည့်နေသည်။
အံဩစရာမှာ ဤတစ်ကြိမ်တွင် ကျုံချင်းယွီသည် ရှုယန်ယန်အား လှည့်တောင်မကြည့်ခဲ့ဘဲ ယန်ရှီတစ်ယောက်တည်းကိုသာ ဂရုတစိုက်နှင့် အိတ်တွေ စမ်းကိုင်ကြည့်ဖို့ တိုက်တွန်းနေခဲ့သည်။
ယန်ရှီမှာမူ ကျုံချင်းယွီနှင့် ဈေးဝယ်ထွက်တိုင်း သူမ အမြဲတမ်း လက်စကြီးတတ်တာသိသော်လည်း မျက်စိရှေ့တွင် အိတ် တစ်လုံးပြီးတစ်လုံး ဝယ်နေသည်အား မြင်နေရသောအခါ ဒါလွန်သွားပြီဟု ခံစားလိုက်ရသည်။
သူမက ရေဘဝဲမဟုတ်ဘူးလေ။ အဲတော့ အိတ်တွေအများကြီး ဘယ်လိုလုပ် တပြိုင်နက်တည်း အတူတူကိုင်နိုင်မှာလဲ။
ထို့အပြင် စုဆောင်းထားသည့် ကံကောင်းမှုရမှတ်များသည် နှစ်မှတ်တွင် ရပ်တန့်နေသောကြောင့် ယန်ရှီသည် ထိုအမှတ်မှာ အကန့်အသတ်နှင့်ဟု ထင်လိုက်သည်။
ကျုံချင်းယွီအား ဈေးဝယ်တာ ရပ်ရန်နှင့် ကျုံမိသားစု၏ ပိုက်ဆံများအား ချန်ထားရန် အကြံပေးတော့မည်အချိန်တွင် ရှုယန်ယန်သည် ကျုံချင်းယွီအနားကပ်၍
“ချင်းယွီ၊ ဒီအိတ်လေးကို ဘယ်လိုထင်လဲ မိကျောင်းသားရေနဲ့လုပ်ထားတာလေ၊ သေးသေးလေးပေမဲ့ တောက်ပြီး အကန့်အသတ်နဲ့ ထုတ်ထားတာတဲ့”
ကျုံချင်းယွီသည် တစ်ချက်လှည့်ကြည့်ပြီးနောက်
“ဝယ်လိုက်”
ရှုယန်ယန်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားမိသည်။ ကျုံချင်းယွီသည် ဘာမှမပြောသော်လည်း ဤအိတ်ကို စိတ်ဝင်စားမှု မရှိကြောင်း သူမ သိသည်။ ဘေလ်ရှင်းပြီးသည့်အခါတွင် ဤ
အိတ်သည် သူမ အပိုင်ဖြစ်သွားပေမည်။
ကျုံချင်းယွီသည် ဆက်တိုက်ဝယ်ယူနေခဲ့ပြီး အရောင်းဝန်ထမ်းမှာ ဂဏန်းတွက်စက်ဖြင့် အမြန်ဆုံး စုပေါင်းတွက်နေစဉ်တွင် မျက်လုံးများမှာ တောက်ပနေသည်။
ထိုအချိန်တွင် ရှုယန်ယန်သည်
limited Edition အိတ်ကို ဆွဲယူကြည့်ကာ ထိုအိတ်သည် သူမ အပိုင်ဖြစ်သည်ဟု တွေးနေဆဲဖြစ်သည်။
ယန်ရှီသည် ရှုယန်ယန်ကို အကဲခတ်ကြည့်ေနသည်။ သူမက Starlight Entertainment တွင် ကျုံချင်းယွီကိုတွေ့ရန်အတွက် သွားရာမှ ရှုယန်ယန်နှင့် တစ်ကြိမ်တွေ့ဖူးပြီးသားဖြစ်သည်။ ရှုယန်ယန်သည် လှပသော မင်းသမီးအနုပညာရှင်တစ်ယောက် ဖြစ်ပြီး ကျုံချင်းယွီ နောက်လိုက်နေတာကြောင့် ယန်ရှီသည် သူတို့နှစ်ယောက်မှာ သူငယ်ချင်းတွေဟု ထင်ခဲ့သည်။
သို့သော် သူမအိပ်မက်ထဲတွင် ရှုယန်ယန်သည် ကျုံမိသားစု၏ ချမ်းသာမှုကိုသာ လိုချင်နေသော လူတစ်ယောက်ဖြစ်ကြောင်း မက်ခဲ့သည်။
ကျုံချင်းယွီကို မိသားစု ငွေကြေးအခြေအနေကြောင့် လာကပ်သူများ ရှိခြင်းမှာ မမှားသော်လည်း ယန်ရှီအနေနှင့် ဒါဟာ ဘာမှမဟုတ်ဘူးလို့ တွေးလိုက်သည်။
အမှန်တွင် ချမ်းသာကြွယ်ဝမှုဟာ အားသာချက်တစ်ခုဖြစ်သည်။
သို့သော် ကျုံမိသားစု ဒုက္ခရောက်ပြီးနောက်တွင် ကျုံချင်းယွီအား ကူညီပေးမည့်လူ မရှိခြင်းသည် တကယ့်ကို ဆိုးရွားလှသည်။
အိမ်မက်ထဲတွင် ကျုံချင်းယွီသည် ရှူယန်ယန်အား မီလီယမ်များစွာတန်သည့် ပစ္စည်းများကို ပေးခဲ့ခြင်းဖြစ်သော်လည်း ကျုံမိသားစု ပျက်စီးသွားချိန်တွင် ရှုယန်ယန်သည် ကျုံချင်းယွီကို လူပုံအလည်တွင်အရှက်ခွဲခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ဖိအားပေးခဲ့သည်။ ယန်ရှီသည် ဤအကြောင်းတွေးမိတိုင်း စိတ်ထဲ နေ၍ မကောင်းပေ။
ယခု ရှုယန်ယန်သည် အိတ်ကို ပခုံးပေါ်တင်၍ လွယ်လိုက်ခြင်းအား ကြည့်ပြီးနောက် ယန်ရှီသည် မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။
“အို ၊
ချင်းယွီ ဒီအိတ်က အရမ်းလှတာပဲ၊ ဒီလိုအိတ်မျိုး ငါတစ်ခါမှ မကိုင်ဖူးဘူး”
သူမသည် ရှုယန်ယန်၏ မိကျောင်းသားရေအိတ်ကို ညွှန်ပြလိုက်သည်။
ကျုံချင်းယွီသည် ကတ်ကိုကိုင်၍ အလုပ်ရှုပ်နေကာ လှည့်မကြည့်အားပဲ ပြောလိုက်သည်။
“နင် သဘောကျတယ်ဆို ယူလိုက်နော်”
“အို… မယူတော့ပါဘူး၊ ယန်ယန်ကြိုက်တဲ့ အိတ်ဆိုတော့ ငါက အဝေးကနေ ကြည့်ရုံလေးပါ”
ရှုယန်ယန်သည် ခနဲ့စွာ ရယ်မောသံ ထွက်လာသည်။ ယန်ရှီသည် အိတ်အကြောင်း ပြောသောအခါတွင် ယန်ရှီက သူနှင့် ယှဉ်ပြိုင်ရန် ကြိုးစားနေခြင်းဟု ထင်ခဲ့သော်လည်း သူမ ကိုယ့်နေရာကိုယ်သိတာဟာ စိတ်ကျေနပ်စရာကောင်းသည်။
ကျုံချင်းယွီသည် ငွေချေပြီးနောက် ရှုယန်ယန်၏ ပခုံးပေါ်ရှိအိတ်ကို ယန်ရှီ လက်ထဲသို့ ဆွဲထည့်ပေးလိုက်သည်။
“ကြိုက်ရင် ယူလိုက်နော်၊ ငါတို့ကြားမှာ ဒီလို အားနာနေစရာ လိုလို့လား”
“ချင်းယွီ, နင်က အကောင်းဆုံးပဲ” ယန်ရှီသည် ကျုံချင်းယွီကို လှမ်းဖက်လိုက်သည်။
ရှုယန်ယန်; ???
ဟေး၊ ငါရှိနေသေးတာရော သိကြသေးရဲ့လား။
ကျုံချင်းယွီ က
ငွေချေပြီးနောက်တွင် ယန်ရှီလက်ထဲမှ အိတ်ကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် အရင်က ရှုယန်ယန်၏ အိတ်အကြောင်း ပြောသည့် စကားများကို မေ့လျော့သွာကာ ယန်ရှီ တစ်ယောက် ရည်းစားကိစ္စအား မေ့လျော့သွားပြီး ဈေးဝယ်ထွက်နေခြင်းအပေါ် အာရုံရောက်သွားသောကြောင့် ဝမ်းသာ နေမိသည်။
ကျုံချင်းယွီသည် အရောင်းဝန်ထမ်းကို ပစ္စည်းပို့ရန် ပြောကြားပြီးနောက်တွင် ယန်ရှီ လက်ကိုဆွဲကာ နောက်တစ်ဆိုင်သို့ သွားပြန်သည်။
ရှုယန်ယန်မှာမူ စိတ်တို၍ ကျန်ခဲ့လေသည်။
ဒါ သက်သက်လုပ်တာ။ ယန်ရှီက ငါ့ကိုအရှက်ခွဲချင်လို့ လုပ်တာ။
အိတ်တွေ အများကြီးရှိတာကို ဘာလို့ သူကြိုက်တဲ့ အိတ်ကိုမှရွေးယူသွားရတာလဲ။
ရှုယန်ယန်၏ နီရဲနေသောမျက်နှာမှာ အလိုမကျမှုတွေနှင့် ပြည့်နေပြီး တဆတ်ဆတ် တုန်ခါနေသည်။
ဆိုင်ထဲရှိ ဝန်ထမ်းများသည် သူမကို အံ့ဩစွာကြည့်နေကြသည်။ အကြည့်များအား သတိထားမိသည့် ရှုယန်ယန်မှာ စိတ်လျော့၍ ဟန်ဆောင်ပြုံးကာ ကျုံချင်းယွီနှင့် ယန်ရှီ၏ နောက်သို့ အမြန်လိုက်နေရသည်။
အိတ်တစ်လုံးလေးပါပဲ။
ယန်ရှီက ဒီတစ်ခေါက် အောင်မြင်ခဲ့ပေမယ့် နောက်အခါတွေကျ ဒီလိုမျိုး ရနိုင်ပါ့မလား။
နောက်ကျ ဈေးဝယ်ထွက်တဲ့အခါမှ တန်ဖိုးတူတဲ့ ပစ္စည်း တစ်ခုရှာရမှာပဲ။
နာရီဝက်ကြာပြီးနောက် ရှုယန်ယန်သည် ယန်ရှီဟာ သူမကို လိုက်ဖျက်ခြင်းအား သတိထားမိသွားသည်။
အချိန်တိုင်း ယန်ရှီသည် သူမကို လိုက်နှောင့်ယှက်နေသည်။
“ချင်းယွီ၊ ဒီအကျီက အရမ်းလှတယ်ပဲ၊ ဒီလိုအင်္ကျီ လှလှလေး တစ်ခါမှမဝတ်ဖူးဘူး”
“ချင်းယွီ၊ ဒီဆွဲကြိုးက စိန်တွေက အစစ်တွေလား အိုး လှလိုက်တာ”
“ချင်းယွီ၊ ဒီဖိနပ်က
Limited Editionမလား၊ မိုက်လိုက်တာ ငါစီးကြည့်လို့ရလား”
ကျုံချင်းယွီသည် အားရဝမ်းသာနှငိ့ လုံးဝမငြင်းဆန်ဘဲ ပြောလိုက်သည်။
“ဝယ် ဝယ်၊ ငါအကုန်ရှင်းပေးမယ်”
ယခင်က ကျုံချင်းယွီမှာ ယန်ရှီအား လက်ဆောင်များ ပေးသည့်အခါတွင် ယန်ရှီသည် တန်ဖိုးကြီးသည့် အရာတွေအား လက်မခံခဲ့ပေ။ သို့သော် ယနေ့တွင်မူ ရည်းစားနှင့် ပြတ်သွားသောကြောင့် ခံစားမှုများအား ဖျောက်ရန် ယန်ရှီ စိတ်ပြောင်းသွားခြင်း ဖြစ်လိမ့်မည်။
ဒီလိုပဲ ဖြစ်သင့်တာပေါ့!
ယောက်ျားတစ်ယောက်ကြောင့်အသဲကွဲရတာ တန်မှမတန်ဝာာ!
သူတို့ သုံးယောက်အတူတူ ဈေးဝယ်ထွက်နေသော်လည်း ရှုယန်ယန်သည် လူပိုတစ်ယောက်ကဲ့သို့ ဘေးထွက်နေသည်။ ရှုယန်ယန်သည် သူ့အတွက် သူဝယ်ရန် ဘဏ်ကတ်ထဲတွင် ပိုက်ဆံများစွာရှိသော်လည်း luxury မောလ် ထဲမှ ပစ္စည်းများသည် ဈေးကြီးလွန်းသောကြောင့် သူမ မဝယ်နိုင်ပေ။
ယန်ရှီသည် ရှုယန်ယန်၏ အလိုမကျမှုများကို သတိထားမိပြီး ခနဲ့သောအသံဖြင့်
” အစ်မယန်ယန်၊ ကျွန်မက လက်ရှိရည်းစားနဲ့ပြတ်ထားတာကို ချင်းယွီကသိလို့ ကျွန်မအပေါ်ကောင်းပေးနေတာပ၊ ။တစ်မျိုးမထင်ဘူး မလား”
ရှုယန်ယန်မှာ ဆွံအ,သွားပြီး အလိုမကျသောမျက်နှာထားဖြင့်”မထင်ပါဘူးကွယ်”ဟု ပြောလိုက်သည်။
ယန်ရှီသည် ချိုမြိန်စွာ ပြုံးလိုက်ပြီး
“အစ်မ ယန်ယန် နားလည်မယ်ဆိုတာ ကျွန်မသိသားပဲ”
ညနေပိုင်းတွင် ယန်ရှီသည် ရှုယန်ယန်အတွက် ကျုံချင်းယွီ ဝယ်ပေးရန် လိုချင်သည့် အရာအားလုံးကိုသာ လိုက်လုနေရုံမဟုတ်ဘဲ၊ ကျုံချင်းယွီ၏ ကံကောင်းမှုအမှတ်ကို နောက်ထပ် ၁ အမှတ် တိုးရန်ကြိုးစားနေခဲ့သည်။ ကျုံချင်းယွီအား မကောင်းသည့် သူငယ်ချင်းထံမှ တားဆီးနိုင်ခြင်းဟာလည်း သူ့ကံကို အထောက်အကူဖြစ်စေသည်။
ပေယွဲ့ပိုင်နှင့် ကျုံချင်းယွီ၏ ချိန်းတွေ့ခြင်းကို တားဆီးနိုင်ခြင်းမှာ ၁
မှတ်၊ ကျုံချင်းယွီ၏ လက်ဆောင်တွေဟာ ၂ မှတ်ဖြစ်ပြီး ယန်ရှီသည် တစ်နေ့တာအတွင်း ကျုံချင်းယွီအတွက် ၄ မှတ် စုဆောင်းနိုင်ခဲ့သည်။
တစ်နေ့ထဲမှာတင် ဤကဲ့သို့ အောင်မြင်မှု ရသောကြောင့် ယန်ရှီမှာ အလွန် စိတ်ကျေနပ်နေသည်။
ညနေ ၅
နာရီခန့်တွင် ယန်ရှီ၏ ခြေထောက်တွေ အတော်ညောင်းနေပြီ ဖြစ်သည်။သူမဟာ နဂိုတည်းက အားနည်းကာ၊ ကျောင်းမှာလည်း ကွန်ပျူတာရှေ့တွင် နေ့စဉ်စာတမ်းရေး၍ ပရောဂျက်လုပ်တာများသည့် အတွက် ကျုံချင်းယွီကဲ့သို့ ကြယ်ပွင့်တွေလို ကျန်းမာရေးပြည့်စုံဖို့လိုအပ်သူတွေနှင့် နှိုင်းယှဉ်၍ မရပေ။သူမ၏ ကိုယ်ခံအားသည် နည်းလွန်းသည်။
ကျုံချင်းယွီကလည်း ဒီအကြောင်း သတိထားမိပြီး ယန်ရှီ ကို spa သို့ ခေါ်လာခဲ့သည်။
ကျုံချင်းယွီသည်
“မနက်ဖြန် တိုက်ရိုက် ပြသမယ့် ရသစုံရှိုး ရိုက်ကူးမှာမလို့ တော်တော်လေး ပြင်ဆင်ထားဖို့ လိုတယ်”ဟု ပြောလိုက်သည်။
ရှုယန်ယန်လည်းလိုက်ပါလာခဲ့ပြီး
ယန်ရှီသည် သူမကို တားဆီးခြင်း မလုပ်ခဲ့ပေ။
ရှုယန်ယန်သည်
Starlight Entertainment လက်အောက်ရှိ အနုပညာရှင်တစ်ဦးဖြစ်သည်။ သူမ လှပလျှင်
Starlight Entertainment ၏
ငွေကြေးတိုးတက်လိမ်မည်၊ထိုအခါတွင် ကျုံချင်းယွီအတွက် ငွေပိုရလိမ့်မည်။
ထို့ကြောင့် ယန်ရှီသည် ရှုယန်ယန် စူပါစတားတစ်ယောက် ဖြစ်လာရန်အတွက် မျှော်လင့်နေခဲ့မိသည်။
spa ရောက်ပြီးနောက်တွင် ဧည့်ကြိုသည် ကျုံချင်းယွီကို
Membership ကတ် ပြပေးရန် တောင်းဆိုနေသည်။
ကျုံချင်းယွီသည် သူမ အိတ်ထဲ ရှာခဲ့သော်လည်း မတွေ့တော့ချေ။
“မေ့ကျန်ခဲ့တယ်၊ ဖုန်းနံပါတ်နဲ့ စာရင်းသွင်းလိုက်”
ဧည့်ကြိုသည် ကျုံချင်းယွီ၏ ဖုန်းနံပါတ်နှင့် ကျွန်းကျင်စွာ
Membership စာရင်းသွင်းပေးခဲ့သည်။ ထိုအချိန်တွင်
Spa မန်နေဂျာသည် အပြင်ထွက်လာ၍ ကျုံချင်းယွီကို အမြန်ဆုံး လာရောက်ခေါ်ဆောင်သွားခဲ့သည်။
“Ms.ကျုံ၊မင်းေရာက်လာပြီလား”
“အင်း,”
ကျုံချင်းယွီသည် စိတ်မပါဟန်ဖြင့်
“ကတ် မပါလာလို့ ဧည့်ကြိုကို ဖုန်းနံပါတ်နဲ့ စာရင်းသွင်းပေးဖို့ ပြောထားတယ်”
“ဘယ်လို! မင်းလို VVIP တစ်ယောက်ကတော့ စာရင်းသွင်းစရာ မလိုပါဘူး၊ ဒါက ဧည့်ကြိုဝန်ထမ်းအသစ်ရဲ့ မှားယွင်းမှုပါ၊ ဒီဘက်ကို ကြွပါခင်ဗျ”ဟု အံ့ဩစွာပြောလိုက်သည်။
မန်နေဂျာသည် တိုက်ရိုက်ပင် ကျုံချင်းယွီနှင့် တစ်ခြားသူများကို ကုသမှု အခန်းထံ ခေါ်သွားပေးသည်။
အိပ်ယာပေါ်လှဲပြီးနောက် ယန်ရှီသည် ကျုံချင်းယွီကို စိတ်ဝင်တစား မေးလိုက်သည်။
“ဒီကို ခဏ ခဏ လာတာလား”
ယန်ရှီသည် ကျုံချင်းယွီဟာ အိမ်မှာအလှပြင်ရခြင်းအား ပိုကြိုက်သည် ဆိုတာ သတိရသွားသည်။ သူမလည်း ကျုံချင်းယွီအိမ်တွင် ထို ဝန်ဆောင်မှုအား ပြုလုပ်ဖူးသည်။
“ခဏ ခဏ မဟုတ်ဘူး၊ ဒီဆိုင် ပထမဆုံးစဖွင့်တုန်းက လာခဲ့ဖူးတာ”
ကျုံချင်းယွီ ပြန်ပြောလ်ိုက်သည်။
ရှုယန်ယန်သည် အခွင့်အရေးယူကာ မိုက်တယ်ဟု ချီးမွမ်းဖို့ ကြိုးစားလိုက်သည်။
“အစ်မကတကယ်ကို နာမည်ကြီးတာပဲ၊ ဒီက မန်နေဂျာကတောင် အစ်မကို မှတ်မိနေတယ်”
ကျုံချင်းယွီသည် သူ့မေးစေ့ကို ပွတ်သပ်လိုက်ကာ
“ဒီ spa ကို ဆယ်လီတွေအများကြီး လာဖူးတယ်၊ နောက်ဆုံးတစ်ကြိမ်လာတုန်းက ယွမ်တစ်သိန်းဖိုးလောက် သုံးခဲ့တာ အဲတာကြောင့်မလို့ သူတို့ ငါ့ကို ကောင်းကောင်း မှတ်မိနေတာ ထင်တယ်”
ယန်ရှီ ၊
ရှုယန်ယန်: !!!
ယန်ရှီသည် ကျုံမိသားစုကြီးဟာ ဟိုင်မြို့၏ လူကုန်ထံ မိသားစုတစ်ခုဖြစ်ကြောင်း အမြဲ သိထားခဲ့သော်လည်း ဝတ္ထုဇာတ်လမ်းကို ပြန်လည်တွေးလိုက်သည့်အခါ ကျုံမိသားစုသည် ဘယ်လောက် ချမ်းသာကြောင်း ပိုမို နားလည်သွားခဲ့သည်။
ကျုံ ကော်ပရေးရှင်း
(Corporation)သည် ဟန်မြို့၏ အဆင့်မြင့်ဆုံး စီးပွားရေး ကုမ္ပဏီဖြစ်ပြီး ကမ္ဘာတစ်ဝန်း ထိပ်တန်း ၁၀ ကြားတွင် ပါဝင်သည်။ ကျုံကော်ပရေးရှင်း၏ ဥက္ကဋ္ဌသည် တစ်နေ့တည်းမှာပင် ရှယ်ယာသန်းပေါင်းများစွာ ဝင်ငွေ ရနိုင်သူဖြစ်သည်။
ကျုံကော်ပရေးရှင်း၏ ဥက္ကဋ္ဌဖြစ်သူသည် ကျုံချင်းယွီ ဖခင်ဖြစ်ပြီး
CEOမှာ သူ့အစ်ကို ကျုံယန်စီ ဖြစ်သည်။ ကျုံချင်းယွီနှင့် သူအစ်ကိုဟာ လုပ်ငန်းယှဉ်ပြိုင်မှုကြောင့် မကြာခဏ သဘောထားကွဲလွဲမှုများရှိသော်လည်း သူ့အဖေ၏ ငွေများဟာ သူမထံကိုပဲ အမြဲ လည်ပတ်နေသည်။
ကျုံချင်းယွီကဲ့သို့ လူတစ်ယောက်အတွက် ငွေကြေးဟာ နံပါတ်တစ်ခုသာဖြစ်သည်။ သူမမှာ ကျုံကော်ပရေးရှင်း ရှယ်ယာ ရှိနေပြီး နေ့စဉ် ဝင်ငွေ၊ ချေးငွေများမှာလည်း ယွမ်တစ်သိန်းကျော်ရှိသည်။
ထို့ကြောင့် spaတွင်
ယွမ်တစ်သိန်းလောက်သုံးလိုက်ခြင်းဟာ သူမအတွက် ဘာမှမဟုတ်ချေ။
ရှုယန်ယန်သည် ကျုံချင်းယွီကို ပို၍ မြှောက်ပင့်ရန် ကြိုးစားသည်။ မကြာခင် အလှအပ ပညာရှင်များသည်
spa စတင်လုပ်ဆောင်သည့်အချိန်
အခန်းထဲတွင် အပင်အမျိုးမျိုး၏ အနံ့အသက်များဖြင့် ပျံ့နှံ့သွားသည်။
ဤspa ဟာ ဟိုင်မြို့၏ အထက်တန်း Luxury Spa တစ်ခုဖြစ်ပြီး လူကုန်ထံ လူကြီးမင်းတစ်ဦး ပိုင်ဆိုင်သည်။ အဓိကအားဖြင့် ဆယ်လီတွေနှင့် လူမှုအဆင့်မြင့်သူများအား စနစ်တကျ ဝန်ဆောင်မှုပေးပြီး တစ်ကြိမ်ကို သန်းပေါင်းများစွာ ကျသင့်သည်။
ယန်ရှီနှင့် တစ်ခြားသူများသည်
spa ရှိ အိပ်ယာပေါ် တွင် သက်သောင့်သက်သာ အိပ်နေကြပြီး တစ်ယောက်ချင်းစီအတွက် မာစတာ ၃ ဦးက မျက်နှာ၊ ခန္ဓာကိုယ်၊ လက်၊ ခြေတို့ကို ပြည့်စုံစွာ ပြုစုကူညီနေသည်။
Spaသည် အဆင့်မြင့် တံဆိပ်ကောင်းများပါသော
masksနဲ့ skincare products များကို အသုံးပြုပေးသည်။ ယန်ရှီသည် သိပ်နားမလည်သော်လည်း အဆိပ်များအား သိသည်။ ရှုယန်ယန်သည် သူ့ဖုန်းနှင့် QR ကုဒ် တစ်ခုကို လျှို့ဝှက် scan ဖတ်ပြီးနောက် စျေးကြီးကြောင်း သိသွားသည်။ maskတစ်ခုစျေးသည် ယွမ်၅၀၀ ဖြစ်သည်။
ဒါဟာ သူမ သုံးခဲ့သော maskများထက် ပို၍ ကြီးစျေးကြီးလွန်းသည်။ ရှုယန်ယန်သည် ဖြစ်နိုင်လျှင်င် ဒါတွေအကုန်လုံးအား အိမ်သို့ သယ်သွားချင်မိသည်။
ကျုံချင်းယွီသည် ရှုယန်ယန်၏ အပြုံးကို သတိထားမိပြီး ပြောလိုက်သည်။
“နင်က Starlight
Entertainment ရဲ့ အနုပညာရှင်တစ်ယောက်နော်၊ ဒီလို masksေလးတစ်ခုေတာင်မဝယ်နိုင်ဘူးလား”
ရှုယန်ယန်သည် ရှုက်ကိုးရှက်ကန်းဖြစ်သွားသည်။
နှိပ်နှယ်နေစဉ်အတွင်းမှာ အမျိုးမျိုးသော အရက်နှင့် မုန့်မျိုးစုံ၊ အသစ်သစ်သော အသီးများကိုလည်း လာချပေးသည်။ သူတို့လာချေပးေသာမုန့်များမှာ သကြားနည်းပြီးကယ်လိုရီနည်းသော အစားအစာများသာ ဖြစ်သည်။
spa ပြီးဆုံးချိန်မှာ ယန်ရှီ၏ ခြေထောက်နှင့် ခြေဖဝါးတို့ဟာ နာကျင်မှုမရှိတော့ပေ။ သူမ၏ အရေပြားမှာ တောက်ပ နူးညံ့ပြီး ရေကဲ့သို့ပင် ကြည်ရှင်းတောက်ပြောင်နေသည်။
ယန်ရှီသည် ချမ်းသာသည့် လူ့အသိုင်းအဝိုင်း၏ ပျော်ရွင်မှုကို နားလည်သွားသည်။ ညနေခင်းတွင်စျေးဝယ်ထွက်တာ၊ အိတ်ဝယ်တာနှင့်
spaသွားရခြင်းများသည် အရမ်းပျော်စရာကောင်းသည်။
ကျုံချင်းယွီသည် ဒီလို ရိုးရိုးရှင်းရှင်းနှင့် စိတ်ချမ်းသာစေသည့် ဘဝကို အရင်ကတည်းက ခံစားဖူးပြီးသားဖြစ်သည်။သို့သော် ပေယွဲ့ပိုင်နှင့် တွေ့ဆုံပြီးနောက် ဇာတ်လမ်းသည် စီစဉ်မှုအတိုင်း ဖျော်ဖြေရေးလုပ်ငန်းထဲ ဝင်ရောက်ခဲ့ရခြင်းဖြစ်သည်။
spa လုပ်ပြီးတဲ့နောက် သူတို့သည် spa ဧည့်ဝင်ပေါက်သို့ လမ်းလျှောက်သွားကြသည်။ အပြင်တွင် အနည်းငယ် မှောင်နေပြီး ယန်ရှီ နာရီကြည့်လိုက်သည်။ည ၇ နာရီ၊ ညစာစားဖို့ အချိန်ဖြစ်သည်။
ယန်ရှီနှင့် ကျုံချင်းယွီတို့သည် အပြင်ရောက်နေပြီဖြစ်သော်လည်း ရှုယန်ယန်မှာတော့ ထွက်မလာသေးပေ။
ခဏအကြာတွင် ကျုံချင်းယွီ ဖုန်းမြည်လာသည်။ ရှုယန်ယန်သည် ညနေမှာ လုပ်စရာရှိသောကြောင့် ညစာအတူမစားနိုင်တော့ကြောင်း ပြောလာသည်။
ကျုံချင်းယွီသည် ရှုယန်ယန် ပါမလာခြင်းအား ဂရုမစိုက်တော့ဘဲ ယန်ရှီ၏
လက်ကို ဆွဲကာ စားသောက်ဆိုင်ရှာဖို့ ထွက်သွားသည်။
သူမ၏ စိတ်ထဲတွင် system၏ အချက်ပြမှုပေါ်လာသည်။
【host ရှုယန်ယန်က ထွက်မလာသေးဘူး၊ သူမ spa ထဲမှာ ကျန်နေသေးတယ်။】
ယန်ရှီ မေးလိုက်သည်၊ “သူမ ဘာလုပ်နေတာလဲ”
【ဘာလုပ်ရမှာလဲ ကျုံချင်းယွီက ဒီ spa ကို ထပ်မလာတော့ဘူးလေ Membership cardထဲမှာ ကျုံချင်းယွီရဲ့ငွေတွေရှိနေသေးတယ်၊ ရှုယန်ယန်က သူ့ပိုက်ဆံတွေကို လှည့်သုံးဖို့ ကြိုးစားနေတာ ဒါပေမဲ့ ကဒ်ထဲမှာ ယွမ်၈ရှစ်သိန်းလောက်ပဲရှိတာ သူမ မမွဲသွားလောက်ပါဘူး】