အပိုင်း ၄၂
Viewers 15k

Chapter 42


တိုင်းပြည်နယ်စပ်အနီးအနားရှိ မြို့ငယ်လေးတစ်မြို့တွင်ဖြစ်သည်။


ဖုန်း၏အခြားတစ်ဖက်အဆုံးမှလူက ဖုန်းကဒ်ကို ထုတ်ယူလိုက်ပြီး ချိုးပစ်ကာ ပစ်ထုတ်လိုက်သည်။ ထို့နောက် သူ့ဘောင်းဘီအိတ်ကပ်မှ နောက်ထပ်ဖုန်းကဒ်တစ်ခုကို ထုတ်လိုက်ကာ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။


"တီ" ဟူသောအသံနှစ်ခေါက်လောက်မြည်ပြီးနောက် ဖုန်းဝင်သွားသည်။ သူ့အသံကိုတိုးလိုက်ပြီး အချိန်နှင့်နေရာကို အလျင်အမြန်ပြောလိုက်သည်။ ထို့နောက် စကားစမပြတ်သေးခင် ဖုန်းချလိုက်သည်။


မနီးမဝေးရှိ လမ်းမီးတိုင်၏ ကျိုးတဲကျိုးတဲအလင်းရောင်က ထိုလူပေါ်တွင် အလင်းမပေးနိုင်ချေ။ အမှောင်ထုထဲတွင် ထိုလူက သူ့နှုတ်ခမ်းကို အသာအယာစေ့ထားပြီး အေးတိအေးစက်မျက်နှာချောချောတွင် စိတ်ခံစားချက်အရိပ်အယောင်တစ်စုံတစ်ရာမှ မရှိပေ။


သူအသုံးပြုပြီးသောဖုန်းကဒ်ကိုလည်း ဖျက်ဆီးလိုက်ပြီး နေရာပြောင်းကာ လွှတ်ပစ်လိုက်သည်။


အားလုံးရှင်းထုတ်ပြီးသောအခါ သူ့အင်္ကျီ၏အတွင်းအလွှာမှ ဓာတ်ပုံတစ်ပုံကို ဂရုတစိုက်ထုတ်လိုက်သည်။ သူ၏ထင်ရှားသော လက်ဆစ်များကရှင်းသန့်နေပြီး အနည်းငယ်အဖြူရောင်သန်းနေသည်။ သူ့ညာဘက်လက်ညှိုးပေါ်တွင် အသားမာလေးတက်နေသည်။


သူထုတ်လိုက်သောဓာတ်ပုံက လသားအရွယ်ကလေးလေး၏ ဓာတ်ပုံတစ်ပုံဖြစ်သည်။ ဓာတ်ပုံကို ကောင်းကောင်းထိန်းသိမ်းထားကြောင်း မြင်လိုက်ရုံနှင့်သိနိုင်သည်။ ဓာတ်ပုံထောင့်များက နဂိုအတိုင်းရှိနေပြီး အဖြူရောင်တင်ထားသည်။


တစ်ခဏမျှစောင့်နေလိုက်ပြီး အချိန်ပြည့်ခါနီးတွင် အစောင့်အကြပ်အားလုံးကိုတမင်တကာ ရှောင်ကွင်းကာ အနီးအနားရှိ အများပြည်သူပိုင်နေရာအျားနှင့်လမ်းဆုံများကို ဖြတ်သွားရင်း နောက်ဆုံးတွင် စက်ရုံအလွတ်တစ်ခုအနီးသို့ရောက်လာသည်။


"ပစ္စည်းတွေကို လက်ခံတဲ့သူဘယ်တော့ရောက်လာမလဲ"။ စုတ်ဖွားဖွားနှင့်သက်လတ်ပိုင်းအရွယ်ရှိလူကြီးတစ်ယောက်က တိုးညှင်းသေယလေသံဖြင့်ပြောလာသည်။ 


"မနက်သုံးနာရီမှာရောက်လာမှာ"


"ဒီအချိန်အတွင်းမှာ တစ်လှည့်စီနားကြစို့"


"ဟုတ်ပြီလေ"


တစ်အောင့်လောက်အကြာတွင် စက်ရုံကြီးက ပြန်လည်တိတ်ဆိတ်သွားသည်။ 


ဖုန်းယောက်ချင်းက အချိန်းအချက်လုပ်လိုက်ပြီး ချင်းဖျော်ဖြေရေး၏ တာဝန်ရှိသူနှင့် တွေ့ဆုံခဲ့သည်။


"မင်္ဂလာပါ....မစ္စစ်ဖုန်း....ကျွန်တော်က လုယွင်ကျီပါ"။ မျက်နှာချင်းဆိုင်ရှိ အမျိုးသားက ပေါ့ပေါ့ပါးပါးအဖြူရောင်ဝတ်စုံကိုဝတ်ထားပြီး ရွှေရောင်မျက်မှန်တစ်လက်တပ်ထားသည်။ လုယွင်ကျီက ညင်သာသောစရိုက်ရှိပြီး အခြားသူများကို အလွယ်တကူ သက်တောင့်သက်သာဖြစ်စေသည်။


ဖုန်းယောက်ချင်းက လုယွင်ကျီနှင့်လက်ဆွဲနှုတ်ဆက်ပြီး "မင်္ဂလာပါ" ဟုပြန်လည်ခွန်းတုံ့ပြန်လိုက်သည်။


လုယွင်ကျီက ဤနေရာကို ရှင်းလင်းသောရည်ရွယ်ချက်တစ်ခုကြောင့် လာခဲ့ခြင်းဖြစ်ပြီး အချိန်များများစားစား မဖြုန်းလိုပေ။ သူကတံခါးဖွင့်ရင်း ပြောလိုက်သည်။ "မစ္စစ်ဖုန်း....အရင်တုန်းက ကျွန်တော့်ရဲ့နာမည်ကို ကြားဖူးလားတော့မသိဘူး....ကျွန်တော်က ချင်းဖျော်ဖြေရေးရဲ့ကိုယ်စားလှယ်ပါ....ပြီးတော့ ခဲ့ကျင်းယန်ကလည်း ကျွန်တော့်လက်အောက်မှာရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲ....ဒီတစ်ခေါက်မှာတော့ ကျွန်တော်ဆွေ့ဆွေ့နဲ့စာချုပ်ချုပ်ချင်လို့ပါ"။


ဘာ? ခဲ့ကျင်းယန်ရဲ့ကိုယ်စားလှယ်လား?


ပထမတွင် ချင်းဖျော်ဖြေရေးမှ လွှတ်လိုက်သောသူကို သာမာန်ဝန်ထမ်းတစ်ဦးဟုသာ သူ(မ)ထင်ခဲ့မိသည်။ သို့သော်ထိုသူက ခဲ့ကျင်းယန်၏ကိုယ်စားလှယ်ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူ(မ)အံ့အားသွားသလို အထင်ကြီးသွားမိကာ ပြောလိုက်သည်။ "အဲ့လိုကိုး"။


 မျက်နှာချင်းဆိုင်တွင်ထိုင်နေသောအမျိုးသား၏ အားသာချက်ကို သူ(မ)မသိသော်လည်း ခဲ့ကျင်းယန်ကဲ့သို့သော အကျော်အမော်တစ်ယောက်ကို မွေးထုတ်ပေးနိုင်သောကြောင့် ထိုသူက တမူထူးခြားနေသည်မှာ အမှန်ပင်ဖြစ်သည်။


အနည်းဆုံးတော့ သူနှင့်လက်တွဲလျှင် သူ(မ)သမီးအနာဂတ်အတွက် အာမခံချက်ရှိပေလိမ့်မည်။


ထိုအကြောင်းကို စဥ်းစားရင်း ဖုန်းယောက်ချက်းစိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်သည်။


ကုမ္ပဏီက မူကြမ်းထုတ်ထားသော စာချုပ်ကို လုယွင်ကျီထုတ်ကာ ပြောလိုက်သည်။ "ဆွေ့ဆွေ့က ငယ်သေးသောကြောင့် စာချုပ်တွင် ပြင်ဆင်ညှိနှိုင်းမှုများပြုနိုင်ရန် ကုမ္ပဏီက မူကြမ်းထုတ်ထားခြင်းဖြစ်သည်။


ကလေးသရုပ်ဆောင်ကုဆွေ့ဆွေ့ကို စာချုပ်ချုပ်ဆိုရန် လုယွင်ကျီ ကုမ္ပဏီကို အချိန်အတော်အတန်ကြာအောင် ဖျောင်းဖျခဲ့ရသည်။ ဆယ်နှစ်ဟူသောအချိန်ကာလမှာသူရနိုင်သည့် အနည်းဆုံးအချိန်ကာလဖြစ်သည်။ နဂိုတွင် ကုမ္ပဏီက စာချုပ်သက်တမ်း အနည်းဆုံးဆယ့်ငါးနှစ်ခန့် ချုပ်ဆိုလိုခြင်းဖြစ်သည်။


အပေါ်ယံကြည့်လျှင် ဆယ်နှစ်ဟူသောစာချုပ်သက်တမ်းက များလွန်းသည်ဟု ထင်ရသော်လည်း အသက်သုံးနှစ်အရွယ်မျှသောရှိသေးသော ကုဆွေ့ဆွေ့က နောင်ဆယ်နှစ်တွင် 


ဆယ်လေးနှစ်ခန့်သာရှိပေဦးမည်။ ထိုအချိန်တွင်ပင် အရွယ်ငယ်နေသေးသည်။ ဖျော်ဖြေရေးအနုပညာလောကတွင် မျက်နှာသစ်များကို ကုမ္ပဏီများက အနည်းဆုံးဆယ်နှစ်သက်တမ်းမျှ စာချုပ်ချုပ်လိုကြသည်။ မျက်နှာသစ်အများစုမှာ အသက်နှစ်ဆယ်ဝန်းကျင်အရွယ်ရောက်ပြီးသူများဖြစ်ကြပြီး စာချုပ်သက်တမ်းဆယ်နှစ်အပြီးတွင် အသက်သုံးဆယ်ဝန်းကျင်လောက်ဖြစ်ကုန်ကြသည်။


သို့သော် ကုမ္ပဏီက လူသစ်လေးကို ပြုစုပျိုးထောင်ပေးချင်သည်။ လူသစ်တစ်ယောက် နာမည်ကျော်ကြားလာရန် လိုအပ်သည့် ငွေကြေးနှင့်အင်အားက ရေတွက်၍ပင်မရနိုင်ချေ။ ထိုအနုပညာနာမည်ကြီးလာပြီးနောက် ပျိုးထောင်ပေးခဲ့သော ကုမ္ပဏီ၏ပြိုင်ဘက်ကုမ္ပဏီသို့ ပြောင်းသွားတတ်မြဲပင်ဖြစ်သည်။ အနုပညာလောကတွင်မူ ဤသည်က သာမာန်ပင်။ ထို့ကြောင့် ကုမ္ပဏီအများစုက စာချုပ်သက်တမ်း


နှင့်လျော်ကြေးငွေပမာဏကိုကြိုတင်ပြင်ဆင်ထားလာကြသည်။


လုယွင်ကျီမှာမူ ထိုသို့မပြင်ဆင်ထားပေ။


မည်သို့ပင်ဆိုစေ ကုဆွေ့ဆွေ့၏ အခြေအနေက ပို၍ ထူးခြားသည်။ သူ(မ)နာမည်ကြီးလာပြီး


သည့်နောက်တွင် ပြိုင်ဘက်ကုမ္ပဏီများမှ လုယူမသွားရန် ကြိုတင်ကာကွယ်ထားဖို့လိုအပ်သည်။သို့သော် တစ်ချိန်တည်းတွင် သူ(မ)၏နေ့စဥ်ဘဝနှင့်ပညာရေးကို ဂရုစိုက်ပေးရမည်ဖြစ်သည်။ ဤအချိန်တွင်မူ သူ(မ)နှင့်ပတ်သတ်ပြီး မည်


သည့်ကြော်ငြာချက်မျိုးမှ မထုတ်ပြန်နိုင်သေးချေ။ သူ(မ)က အခြားတက်သစ်စကလေးသရုပ်ဆောင်များထက် အနုပညာကြေးပိုရနိုင်သည်။


လုယွင်ကျီသာ ချင်းဖျော်ဖြေရေးကုမ္ပဏီ၏ အထွေထွေမန်နေဂျာဖြစ်သူနှင့် ဆက်တံရေးမကောင်းခဲ့လျှင် တစ်ကြိမ်တည်းတွင်တောင်းဆိုချက်များလွန်းသော ကလေးသရုပ်ဆောင်တစ်ယောက်နှင့် စာချုပ်ချုပ်ရန် သူ့အားရုံးခန်းထဲသို့ပင် လွှတ်လိမ့်မည်မဟုတ်ပေ။


ဖုန်းယောက်ချင်းက ချိန်းဆိုသည့်နေရာသို့ မလာခင်တည်းကပင် စာချုပ်ကိစ္စနှင့်ပတ်သတ်၍ လေ့လာစုံစမ်းထားပြီးသားဖြစ်သည်။ သူ(မ)က လုယွင်ကျီ ထင်သကဲ့သို့မအပေ။ စာချုပ်ပါအကြောင်းအရာများနှင့်ပတ်သတ်၍ သူ(မ)စိတ်တိုင်းမကျလျှင် အငြင်းအခုံပြုနိုင်သည်။


စာချုပ်ပါအချက်အလက်များက နှစ်ဦးနှစ်ဖက်အတွက် မျှမျှတတဖြစ်နေသောကြောင့်သာ အဆင်ပြေပြေဖြစ်သွားခြင်းဖြစ်သည်။


ဖုန်းယောက်ချင်းတစ်ခဏတာမျှ စိတ်လှုပ်ရှားသွားပြီးနောက် သူ(မ)ထံသို့ကျရောက်လာသော လေးလံသည့်ဝန်ထုပ်ကြီးက မလွယ်ကူလှကြောင်း ခံစားမိလိုက်သည်။ သူ(မ)တုံ့ဆိုင်းနေကာ ပြန်မေးလိုက်သည်။ "ဒါပေမဲ့....ဘာလို့လဲ....ဘာလို့ကျွန်မရဲ့သမီးလေးကို ရွေးလိုက်ရတာလဲ"။


ဖုန်းယောက်ချင်း၏စိတ်ထဲတွင် သူ(မ)သမီးက အတော်ဆုံး ၊ ကမ္ဘာပေါ်တွင်အထူးခြားဆုံး တည်ရှိမှုကလေးဟု မှတ်ယူထားသော်လည်း ယခုတွင် ဆွေ့ဆွေ့က နာမည်မကြီးသေးမှန်း သူ(မ)သိပါသည်။ ဝေဘိုရှိဖော်လိုဝါတစ်သန်းဟူသောပမာဏက ခဲ့ကျင်းယန်ကိုယ်စားလှယ်၏မျက်လုံးထဲတွင်တော့ ဘာမှမဟုတ်သလောက်ပင်ဖြစ်သည်။ သို့သော် သူ(မ)ကို ကောင်းကောင်းဆက်ဆံပေးပြီး ဆွေ့ဆွေ့နှင့်စာချုပ်ချုပ်ရန် ကမ်းလှမ်းလာခြင်းက သူ(မ)ကိုပို၍ စဥ်းစားရခက်စေသည်။


တက်သစ်စတစ်ဦးအား စာချုပ်ချုပ်ရန် အကျိုးအမြတ်ကောင်းကောင်းနှင့်ကမ်းလှမ်းလာခြင်းမျိုးက ကုမ္ပဏီကြီးများနှင့်စံနှုန်းမဟုတ်ပေ။


ဆယ်နှစ်စာချုပ်ချုပ်ပြီးလျှင် သူ(မ)သမီးက တစ်နေကုန်တစ်နေခန်း နေ့တိုင်းလိုလိုရိုက်ကူးရေးလုပ်ရမည်များလားဟုပင် သူ(မ)တွေးမိသည်။


သတင်းထဲတွင်ပါလာသော အကျော်အမော်များအကြောင်း ဖုန်းယောက်ချင်းရုတ်တရက်တွေးမိသွားသည်။ သူတို့နာမည်ကြီးနေစဥ်တွင် ကုမ္ပဏီက အနုပညာကြေးကောင်းကောင်းပေးသည်။ သူတို့အတွက် ပိုက်ဆံများများပိုရှာပေးရန်ဖြစ်သည်။ နောက်ဆုံးတွင် ထိုအနုပညာရှင်များက ခြေကုန်လက်ပန်းကျပြီး ဆေးရုံတင်လိုက်ရသည်အထိဖြစ်သွားခဲ့သည်။ စိတ်ကယောင်ချောက်ခြားဖြစ်ကုန်ကြသည်။


ထိုအတွေးများကြောင့် ဖုန်းယောက်ချင်းတစ်ယောက် ချင်းဖျော်ဖြေရေးနှင့် စာချုပ်ပင်မချုပ်လိုတော့။


သူ(မ)လက်ထဲတွင် ကုတ်ခြစ်စုထားသောပိုက်ဆံလေးနှင့် အိမ်တစ်လုံးဝယ်နိုင်ရန် ခက်ခဲသေးသော်လည်း သူ(မ)လည်း အချိန်ပိုင်းအလုပ်များကို ပိုကြိုးစားလုပ်ပြီး ဆွေ့ဆွေ့လေးလည်း ရုပ်ရှင်ပိုရိုက်ရလျှင် အဆင်ပြေသွားပေလိမ့်မည်။ အရစ်ကျပေးပြီးဝယ်ရလျှင်လည်း ကိစ္စမရှိပေ။ သူ(မ)တို့တစ်သက်လုံးတော့ အိမ်ဌားနေ၍မဖြစ်နိုင်ချေ။ သူ(မ)သမီးကို ချက်ခြင်းအောင်မြင်ကျော်ကြားသွားအောင် မလုပ်နိုင်လည်း ကိစ္စမရှိပေ။ ကုမ္ပဏီကြီးနှင့်သာ စာချုပ်ချုပ်လိုက်လျှင် နေ့နေ့ညညနားရတော့မည်မဟုတ်။


"ဘာကြောင့်လည်းဆိုတော့.....ဆွေ့ဆွေ့လေးက ဒီအသက်အရွယ်မှာ အလားအလာကောင်းတယ်လို့ ကျွန်တော်ထင်မိလို့ပါ"။ ဖုန်းယောက်ချင်းက တောင်စဥ်းစားမြောက်စဥ်းစားပြီး မရေမရာဖြစ်နေသည်ကို လုယွင်ကျီ သူ(မ)၏မျက်ဝန်းများထဲတွင် တွေ့လိုက်ရသည်။


အနည်းငယ်စိတ်မကြည်မသာဖြစ်သွားရပြီး သူ၏မျက်မှန်ကိုင်းကို အသာတွန်းတင်ကာ စကားဆက်လိုက်သည်။ "ဆွေ့ဆွေ့က အသက်သုံးနှစ်ခွဲလောက်ရှိပြီနော်....သူ့ကို ဘယ်သူငယ်တန်းကျောင်းပို့မယ်လို့စဥ်းစားထားလဲ.....


မစ္စစ်ဖုန်းမှာ အထူးစီစဥ်ထားတာတွေများရှိလား"။ 


လုယွင်ကျီက စကားဝိုင်းအစမှအဆုံး ချင်းဖျော်ဖြေရေးစာချုပ်ကိစ္စအပြင်အခြားအကြောင်းအရာများကိုလည်း ဆွေးနွေးကာ စာချုပ်လက်မှတ်ထိုးရန် သူ(မ)အားမျှားခေါ်နေသည်ကို ဖုန်းယောက်ချင်းရိပ်မိသည်။ သို့သော် ဖုန်းယောက်ချင်း၏ စိတ်ကူးက မပြောင်းလဲသွားခဲ့ပေ။


ရုတ်တရက် မိဘအုပ်ထိန်းမှုအကြောင်းကြားလိုက်ရချိန်တွင် ဖုန်းယောက်ချင်း တစ်ခဏမျှ ကြောင်အသွားမိပြီး "မစီစဥ်ရသေးပါဘူး" ပြန်ဖြေလိုက်သည်။ အိမ်ဌားနေရဆဲဖြစ်သော


ကြောင့် ဆွေ့ဆွေ့အတွက် မူလတန်းကျောင်းကောင်းကောင်းရှာရန် ခက်ခဲနေသေးသည်။ ထိုကိစ္စကိုစဥ်းစားရန်ပင် သူ(မ)အခွင့်အရေးမပေးနိုင်သေးချေ။


"မစ္စစ်ဖုန်း....ကျွန်တော် ခင်ဗျားကိုပေးတဲ့ အချက်အလက်တွေကို အရင်ဆုံးကြည့်သင့်တယ်လို့ထင်တယ်"။


ကုဆွေ့ဆွေ့နှင့်လွန်ခဲ့သောအခေါက်က ညစာအတူသွားစားသည့်အချိန်တွင် လုယွင်ကျီ ထိုကလေးငယ်နှင့် စကားပြောဖြစ်ခဲ့သည်။ ဆွေ့ဆွေ့က အခြားကလေးသရုပ်ဆောင်များနှင့် အခြေအနေချင်းကွာခြားသည်။ အနည်းဆုံးတော့ သူ(မ)၏မိခင်က သူ(မ)ကို ပိုက်ဆံရှာသည့်ပစ္စည်းတစ်ခုကဲ့သို့မသတ်မှတ်ထားချေ။ မိသားစုအခြေအနေခက်ခဲသောကြောင့်သာ မိခင်ဖြစ်သူက ဆွေ့ဆွေ့ကို ရုပ်ရှင်ကားကြီးများတွင် ပါဝင်စေခဲ့ခြင်းဖြစ်သည်။ ဖုန်းယောက်ချင်းလည်း သူ(မ)၏သမီးလေးကို ကောင်းမွန်သော ဘဝတွင်တင့်တောင့်တင့်တယ်နှင့် နေစေလိုခဲ့သည်။


ကိုယ်စားလှယ်ကောင်းတစ်ယောက်အနေနှင့် သူ့အနုပညာရှင်အတွက် ဘက်ပေါင်းစုံမှ ကြိုတင်ပြီး တွေးတောကြံစပေးရပေမည်။ လုယွင်ကျီက အတန်းဖော်ဟောင်းတစ်ဦးနှင့်တွေ့ဆုံခဲ့ပြီး အကူအညီယူကာ အချက်အလက်များကိုစုပေးရန် တောင်းဆိုခဲ့သည်။


လုယွင်ကျီတောင်းထားသော အချက်အလက်များမှာ များများစားစားမဟုတ်သော်လည်း ဆွေ့ဆွေ့တက်ရမည့်ကျောင်းအတွက် အချက်အလက်များပါဝင်သည်။


အချက်အလက်ပေါ်တွင် ဆွေ့ဆွေ့တက်ရမဘ့်ကျောင်းနာမည်ရေးထားသည်ကို ဖုန်းယောက်ချင်းတွေ့လိုက်ရသောအခါ မျက်လုံးအရောင်လက်သွားပြီး အကြမ်းဖျင်းကောက်ဖတ်လိုက်သည်။ ထိုအခါ နာမည်ကြီးနိုင်ငံတကာကျောင်းတစ်ကျောင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။


ထိုနိုင်ငံတကာကျောင်းနှင့်ပတ်သတ်ပြီး လူအတော်များများ၏ပြောစကားကို သူ(မ)ယခင်က ကြားဖူးပါသည်။ ထိုကျောင်းတွင် မြို့တော်ကြီးတွင် အကောင်းဆုံးကျောင်းတစ်ကျောင်းဖြစ်သည်။ ခက်ခဲလွန်းသောသူ(မ)တို့၏အခြေအနေကြောင့် ဆွေ့ဆွေ့ကို ထိုသို့သောကျောင်းကြီးသို့ ပို့နိုင်ရန် စိတ်ပက်မကူးရဲခဲ့ချေ။


"မစ္စတာလု....ဒါကအမှန်ပဲလား....ကျွန်မရဲ့သမီးလေးက ဒီနိုင်ငံတကာကျောင်းကို တကယ်ပဲတက်ရမှာတဲ့လား?"။ အဆုံးနားလေးတွင် ကျောင်းသားစာရင်းသွင်းခြင်းကို အတူယှဥ်တွဲပြထားသောကြောင့် သူ(မ)၏လေသံက သိသိသာသာပင် စိတ်လှုပ်ရှားမှုတို့နှင့်ရောစွက်နေသည်။


လုယွင်ကျီ: "ဒါပေါ့....ကျွန်တော်တို့ ချင်းဖျော်ဖြေရေးနဲ့သာစာချုပ်ချုပ်လိုက်ရင်....နိုင်ကံတကာသူငယ်တန်းကျောင်းတင်မကဘူး....မြို့တော်ထဲမှာရှိတဲ့ အကောင်းဆုံးမူလတန်းကျောင်းမှာပါ တက်ခွင့်ရမယ်"။


အကျော်အမော်တစ်ယောက်ဖြစ်ခြင်းက ပညာအရည်အချင်းပါ လိုအပ်သေးသည်။ ပညာအရည်အချင်းမြင့်လျှင် အနာဂတ်တွင် ပြိုင်ဘက်များက မိမိကိုလွယ်လွယ်ကူကူမထိုးနှက်နိုင်ချေ။ လုယွင်ကျီက ဆွေ့ဆွေ့နှင့်အသည်းအသန်စာချုပ်ချုပ်ချင်နေသောကြောင့် သူ(မ)လည်းအဆုံးထိသွားရန် ဆုံးဖြတ်လိုက်သည်။


ယခုတွင် ကုဆွေ့ဆွေ့ကအလွန် အခြေအနေကောင်းနေသည်။ သူ(မ)ပါဝင်သော "ကလေးငယ်နှင့်အတူခရီးသွားခြင်း" ရသစုံရှိုးကလည်း အောင်မြင်နေသည်။ သူ(မ)သရုပ်ဆောင်ထား


သည့် ရုပ်ရှင်ကားကြီးနှစ်ကားလုံးသာထွက်လာလျှင် ကုမ္ပဏီကြီးများက အလုအယက် ကုဆွေ့ဆွေ့နှင့် စာချုပ်ချုပ်ရန်ကမ်းလှမ်းလာကြမည်ဖြစ်သည်။


ယခုခေတ်အခါတွင် အနုပညာရှင်များကို ဆိုးဆိုးရွားရွားဆက်ဆံသော ကုမ္ပဏီများစွာရှိသည်။ ဖုန်းယောက်ချင်းတို့သားအမိနှစ်ဦး အလိမ်ခံရမည်ကို လုယွင်ကျီစိုးရိမ်နေမိသည်။ ဆွေ့ဆွေ့လေးကိုလည်း သူချစ်ခင်နေမိသောကြောင့်ဖြစ်သည်။


သူနှင့်ချင်းဖျော်ဖြေရေးကုမ္ပဏီက ကုဆွေ့ဆွေ့အတွက် အကောင်းဆုံးရွေးချယ်မှုဟု လုယွင်ကျီတစ်ထစ်ချပြောရဲသည်။ သူက အကျိုးလိုလို့ညောင်ရေလောင်းပြီး ကိုယ့်အနုပညာရှင်ထံမှ ရှိသမျှဖောက်စားသော အခြားကိုယ်စားလှယ်များကဲ့သို့မဟုတ်ပေ။


ဖုန်းယောက်ချင်း၏ သံသယနှင့်စိတ်မချမှုများက တဖြည်းဖြည်းနှင့် အနည်ထိုင်သွားသည်။ သို့သော်ချင်းဖျော်ဖြေရေးနှင့် အဆောတလျင်စာချုပ်မချုပ်လိုသေးပေ။ သူ(မ)ကြားရသော သတင်းများကကောင်းလွန်းလှသောကြောင့် အနည်းငယ်ကြောင်အမ်းအမ်းဖြစ်နေမိသည်။ ဆုံးဖြတ်ချက်ချရာတွင် စိတ်လိုက်မာန်ပါမလုပ်မိစေရန် စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချလိုက်ရသည်။


"မစ္စတာလု....ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်မပြန်


စဥ်းစားလို့ရလား"။ အကောင်းနှင့်အဆိုးဒွန်တွဲနေတတ်သောအရာများကြောင့် ဖုန်းယောက်ချင်းတုံ့ဆိုင်းနေပြီး စဥ်းစားရန်အချိန်လိုသေးကြောင်းထပ်ပြောလိုက်သည်။ "သိပ်မကြာပါဘူး....နှစ်ရက်လောက်ပါပဲ......ကျွန်မသမီးကို သေသေချာချာမေးကြည့်ချင်သေးလို့ပါ"။


လုယွင်ကျီကပြုံးရင်းပြောလိုက်သည်။ "ရတာပေါ့....မစ္စစ်ဖုန်း.....အလောတကြီးဆုံးဖြတ်ဖို့မလိုပါဘူး.....ဒီအချက်အလက်တွေကိုယူသွားပြီး သေချာလေ့လာကြည့်လို့ရပါတယ်....ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ ကျွန်တော့်ကိုအချိန်မရွေးခေါ်လိုက်ပါ"။


လုယွင်ကျီက တစ်ပါးသူများကို အတင်းအကြပ်မလုပ်လိုပေ။ သူပေးနိုင်သော အကျိုးအမြတ်တစ်ခုချင်းစီကို စာရင်းပြုစုထားပြီးသားဖြစ်သည်။ ကလေးငယ်မိခင်၏ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းရပေတော့မည်။


လုယွင်ကျီ၏အရည်အချင်းနှင့်ထက်သန်တက်ကြွသော သဘောထားတို့က ဖုန်းယောက်ချင်း၏ လေးစားမှုကိုနှစ်ဆတိုးစေသည်။ ဆွေ့ဆွေ့၏ ကိုယ်စားလှယ်အဖြစ် ထိုလူကအသင့်တော်ဆုံးဖြစ်လိမ့်မည်ဟု ဖုန်းယောက်ချင်းခံစားမိသည်။


ကလေးငယ်ကိုတန်ဖိုးထားချစ်ခင်သောမိခင်တစ်ယောက်အနေနှင့် သူ(မ)သမီး၏အနာဂတ်တက်လမ်းအတွက် ချင်းဖျော်ဖြေရေးကလုပ်ဆောင်ပေးမည့်အရာများက သူ(မ)ကို ဆွဲဆောင်နေသည်။


မည်သို့သောမိခင်မျိုးက ဂုဏ်သတင်းကြီးမားပြီး အရည်အသွေးမြင့်မားသောကျောင်းမျိုးတွင် မိမိသားသမီးကို မထားချင်ပဲနေနိုင်လိမ့်မည်နည်း။


လုယွင်ကျီရွေးပေးထားသော ကျောင်းများက သူ(မ)အနှစ်နှစ်ဆယ်ခန့်မျှ ရုန်းကန်ကြိုးစားလျှင်ပင် မတက်နိုင်လောက်သော ကျောင်းများဖြစ်သည်။


သူ(မ)သမီးလေး၏ အနာဂတ်အတွက် သေချာပေါက် စာချုပ်ချုပ်သင့်ပေသည်။


Xxxxxxxxx