Chapter 6
Viewers 62

Chapter 6

 

ပေယွဲ့ပိုင်သည် ပေမိသားစု၏ တရားမဝင်သားဖြစ်သည်။

 

ဤအကြောင်းကို ပေမိသားစုမှအပ မည်သူမျှမသိချေ။

ကျုံချင်းယွီ အပါအဝင်ပေါ့။

 

ယန်ရှီပင် ဝတ္ထုဇာတ်ကြောင်းအား အိပ်မက်ထဲတွင် မြင်လိုက်ရသောကြောင့် ပေယွဲ့ပိုင်၏ နောက်ခံအတိတ်ဇာတ်ကြောင်းကို သိလာခဲ့သည်။

 

ကျုံချင်းယွီအား ဝေးလံသည့်ကျွန်းတစ်ခုသို့ပို့ကာ ဇာတ်မြုပ်နေသည့်အချိန်ရောက်သည့်တိုင် ဤလျှို့ဝှက်ချက်မှာ ပေါက်ကြားလာခြင်း မရှိခဲ့ပေ။

 

ပေယွဲ့ပိုင်နှင့် သူ့အစ်ကို ပေဟန်လီတို့သည် ဖအေတူ အမေကွဲညီအစ်ကိုများဖြစ်ကြသည်။ ပေယွဲ့ပိုင်မှာ ဖခင်မှ တိတ်တိတ်ပုန်းယူထားသော မိန်းမတစ်ဦးမှ မွေးဖွားလာသူဖြစ်သည်။ သူ အသက်ဆယ်နှစ်အရွယ်တွင် ပေမိသားစုထဲသို့ ရောက်လာခဲ့ပြီး၊ သူ့မိခင်သည်လည်း တစ်ပြိုင်နက်တည်းအိမ်ရှင်မတစ်ဦး ဖြစ်လာခဲ့သည်။

 

ပေမိသားစုမှာ နေနေစဉ်တွင့် သူနှင့် သူ့မိခင်သည် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာနေထိုင်ခဲ့ရသည်။ သုံးနှစ်ခန့်အကြာတွင် မဒမ်ပေ ကွယ်လွန်သွားသည့်အခါမှသာ ပေယွဲ့ပိုင်သည် သူ့၏ ပုံစံအစစ်အမှန်ကို ထုတ်ပြကာ ပေဟန်လီနှင့် ပေမိသားစု၏ ပိုင်ဆိုင်မှုအပေါ် ယှဉ်ပြိုင်လာခဲ့သည်။

 

"တရားမဝင်သား" ဟူသော အဆင့်အတန်းကြောင့် ပေယွဲ့ပိုင်သည် ပေမိသားစု၏အာဏာကိုရရှိရန် သိပ်မလွယ်ကူလှပေ။ တစ်နှစ်အတွင်း  ပေကုမ္ပဏီမှာအောင်မြင်မှုကျဆင်းလာခြင်းကြောင့် ပေယွဲ့ပိုင်သည် အသစ်စတင်ရန် ဆုံးဖြတ်ခဲ့သည်။ သူဟာ အဖေပေ၏ ယုံကြည်မှုကို ရရန်အတွက် စီးပွားရေးစွမ်းရည်ကို ပြသခဲပြီးနောက် ပေကုမ္ပဏီထဲသို့ဝင်ရန် ရည်ရွယ်ခဲ့သည်။

 

ထို့နောက် သူသည် အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့ပြီး ထျန်းဟွေ့ Entertainment ကို တည်ထောင်ခဲ့သည်။ထျန်းဟွေ့ Entertainment CEO အနေနှင့် ဤကုမ္ပဏီအား ပေကုမ္ပဏီ၏ ထောက်တိုင်တစ်ခုအဖြစ် ဆောင်ရွက်ပေးခဲ့သည်။ ထို့ကြောင့် ထျန်းဟွေ့သည် ပေမိသားစုအတွင်းတွင် သူ၏ အခြေခံအင်အားဖြစ်လာခဲ့သည်။

 

ဒီအချိန်အတွင်းမှာပဲ ကျုံချင်းယွီသည် ပေယွဲ့ပိုင်နှင့် တွေ့ဆုံခဲ့ပြီး သိပ်မကြာခင်မှာပင် ချစ်မိသွားခဲ့သည်။ သူ့နှင့် ပိုနီးကပ်နိုင်စေရန် ကျုံမိသားစု၏ စီးပွားရေးလုပ်ငန်းခွဲတစ်ခုဖြစ်သော Starlight Entertainment ကို ဝင်ရောက်ခဲ့ပြီး Starlight အရင်းအနှီးများကို ထျန်းဟွေ့သို့ လွဲပြောင်းပေးခဲ့သည်။ ထိုအရာမှာ ကျုံချင်းယွီ၏ ဖခင်အား အမှန်တကယ်ပင် စိတ်ပျက်စေခဲ့သည်။

 

အချစ်မှာ နစ်မွန်းနေသောကြောင့် ကျုံချင်းယွီသည် အခြားအရာများအား မထောက်ထားဘဲ ပေယွဲ့ပိုင်အောင်မြင်မှုရရန်အတွက်သာ ဆုတောင်းနေခဲ့သည်။

 

ထိုင်ကြောင့်ပင် ပေယွဲ့ပိုင်တည်ထောင်ထားသော Entertainment ကုမ္ပဏီသည် နှစ်နှစ်အတွင်းအလျင်အမြန် ကြီးထွားလာကာ စီးပွားရေးလောအတွင် နာမည်ရလာခဲ့သည်။ ထိုကုမ္ပဏီ၏ ထိပ်တန်းအနုပညာရှင်မှာ ဝတ္ထုအတွင်း အဓိကဇာတ်ဆောင်ဖြစ်သော မင်းသမီး ရဲ့လော့ယီ ဖြစ်သည်။

 

ကျုံချင်းယွီသည် ပေယွဲ့ပိုင်အား အပြည့်အဝ ရင်းနှီးမြှုပ်နှံပေးခဲ့ပြီး ညနေသူ့နှင့် တွေ့ချင်တိုင်း ထျန်းဟွေ့ Entertainmentသို့ အမြဲသွားလေ့ရှိသည်။

 

ပေယွဲ့ပိုင်သည် ကျုံချင်းယွီကို ဖုန်းခေါ်လာပြီးရသစုံရှိုးပွဲအကြောင်းပဲ ဆွေးနွေးစရာရှိတာ အချိန်မကြာဘူး" ဟုပြောသည်။ တစ်ညနေလုံး ယန်ရှီနဲ့အတူ အချိန်ဖြုန်းပြီးပြီးဖြစ်သောကြောင့် ယန်ရှီ စိတ်ပြေလက်ပျောက်ဖြစ်သွားလောက်ပြီဟု ထင်ခဲ့သည်။ ကျုံချင်းယွီသည် စဉ်းစားမနေတော့ဘဲ တွေ့ဖို့ သဘောတူလိုက်သည်။

 

Bentley ကားသည် ထျန်းဟွေ့  Entertainmentရှေ့တွင် ရပ်သွားသည်။ ကျုံချင်းယွီသည် ယန်ရှီအား ကားထဲမှာစောင့်ရန် ပြောပြီးနောက် သူမ မှာမူ တစ်ယောက်တည်းအဆောက်အအုံထဲသို့ ဝင်သွားခဲ့သည်။

 

ကျုံချင်းယွီ၏ နောက်ကျောကိုကြည့်နေချိန်မှာပင် ယန်ရှီ၏ရင်ထဲ၌ မကောင်းသောခံစားချက်များ ထိန်းမရနိုင်အောင် လှုပ်ရွလာခဲ့သည်။

 

ထိုအချိန်တွင် system သည် ထပ်၍ပို့လာသည်။

 

[ကျုံချင်းယွီက ဇာတ်လမ်းရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်နေပြီ။ ဘယ်လောက်ဆိုးမလဲတော့ ငါမသိဘူး စိတ်မပူပါနဲ့၊ ကျုံမိသားစု ပျက်စီးဖို့က အဝေးကြီးလိုပါသေးတယ် ကျုံချင်းယွီလည်း ဒီလောက်မြန်မြန် မပျက်စီးလောက်သေးဘူး]

 

System မှ ပြောသော်ငြားလည်း ယန်ရှီ၏ စိတ်ထဲတွင် မသက်မသာဖြစ်နေဆဲပင်။

 

လက်တင်ခံပေါ်တင်ထားသည့် သူမဖုန်း  တစ်ချက်လင်းလာပြီးနောက်

 

"အတူတူခရီးသွားကြစို့"ဟူသည့် ရသစုံရှိုးပွဲနှင့် ပတ်သက်သော အသိပေးချက်တစ်ခု ဝင်လာသည်။

 

ယန်ရှီသည် ရှုယန်ယန်မှာ ဒဏ်ရာရသွားခြင်းကြောင့် ရှိုးမှ နှုတ်ထွက်သွားခြင်းကို သိပြီးသားဖြစ်သည်။ သိူ့သော် ရှုယန်ယန်သည် ဤရှိုးတွင် အရေးပါသည့် အနုပညာရှင်တစ်ယောက်မဟုတ်ပေ။ သူမနှုတ်ထွက်တာ ဒီလောက်ထိလုပ်ဖို့ လိုလို့လား?

 

ယန်ရှီသည် ဖုန်းကိုဖွင့်လိုက်ပြီး notification ကိုနှိပ်လိုက်သည်။ ထို့နောက် Weibo ပေါ်ရှိ နာမည်ကြီးသတင်းတစ်ပုဒ်ကို တွေ့လိုက်ရသည်

 

 

ပေယွဲ့ပိုင် ရသစုံရှိုးမှ နှုတ်ထွက်ခဲ့ပြီး ရဲ့လော့ယီသည် သူ့အစားထိုး ဧည့်သည် သရုပ်ဆောင်ဖြစ်လာ

 

ရသစုံရှိုးပွဲ၏ တရားဝင်ကြေညာချက်သည် ချက်ချင်းကို နာမည်ကြီးသွားခဲ့ပြီး လူမှုကွန်ယက်တွင် မှတ်ချက်အများအပြားလည်းရရှိခဲ့သည်။

 

အံ့သြဖို့ကောင်းလိုက်တာ လော့ယီက ရသစုံရှိုးမှာပါလာမှာလား၊ ကြည့်ချင်လိုက်တာ"

 

လော့ယီက လှပပြီး ကြင်နာတက်တယ် ရှိုးမှာတောက်ပနေတော့မှာပဲ!"

 

"ပေယွဲ့ပိုင်က ထျန်းဟွေ့ ရဲ့ CEO မလို့ အချိန်မရှိတာကို နားလည်နိုင်တယ်၊ လော့ယီရဲ့ ဖျော်ဖြေမှုကို မျှော်လင့်နေမိပြီ"

 

"ဘုရားရေ ကျုံချင်းယွီလည်း ဒီပွဲမှာပါတယ်မလား၊ ပွဲတော့လှပြီ

 

"ဘာလဲ  သခင်မလေးနဲ့ ဇနီးရဲ့ ပြဿနာပဲမလား ဘယ်သူက စိတ်ဝင်စားလို့လဲ"

 

"ကျုံချင်းယွီ အနုပညာလောကထဲက ထွက်သွားပေးလို့ရလား သူမကိုနေရာတကာတွေ့နေရတာ စိတ်ပျက်ဖို့ကောင်းတယ်!"

 

"ပေယွဲ့ပိုင်အစား ကျုံချင်းယွီပဲ နှုတ်ထွက်လိုက်သင့်တယ် သူ့ကို ရသစုံရှိုးမှာ ဘယ်သူကကြည့်ချင်လို့လဲ ငါတကယ်ကြည့်ချင်တာကတော့ ငါတို့ ပိုင်-ယီ စုံတွဲပဲ"

 

********

ဝတ္ထုဇာတ်လမ်းသည် တစ်ဝက်ပင် ကျိုးနေလေပြီ။ဗီလိန်ဇာတ်ကောင်ဖြစ်သည့်  ကျုံချင်းယွီမှာ ပရိတ်သတ်များစိတ်ထဲတွင် ငြင်းပယ်မှုများ ရရှိနေခဲ့ပြီး၊ ရဲ့လော့ယီနှင့် ပေယွဲ့ပိုင်ကတော့ ချီးကျူးမှုနဲ့ ဆုတောင်းမှုတွေကိုသာ ရရှိနေခဲ့ကြသည်။

 

ယန်ရှီသည် သတင်းများမှ ထွက်လိုက်ပြီး ကျုံချင်းယွီ၏ အကောင့်ကို ဝင်ကြည့်လိုက်လိုက်သည်။

 

Starlight Entertainment ကတော့ ကျုံချင်းယွီနဲ့ ရဲ့လော့ယီတို့သည် "Fallen Glory" ဒွရမ်မာတွင် အတူသရုပ်ဆောင်နေကြပြီး၊ ဇာတ်ညွှန်းထဲတွင်ပါသည့် ပါးရိုက်ရသောအခန်းဟာ ဒါရိုက်တာခိုင်း၍ လုပ်ရခြင်းဖြစ်ကြောင်း အတိအလင်းရှင်းပြထားသည်။

 

ထို့အပြင် Starlight တရားဝင်အကောင့်တွင် ကျုံချင်းယွီနှင့် ပေယွဲ့ပိုင်တို့ဟာ မိသားစုချင်း ရင်းနှီးသော သူငယ်ချင်းများသာ ဖြစ်ကြပြီး မည်သည့်သက်ဆိုင်မှုမျှမရှိကြောင်းကိုလည်း ထပ်မံထုတ်ပြန်ခဲ့သည်။ သို့သော် ပရိသတ်များမှာ မယုံကြည်ကြပေ။

 

"လာနောက်မနေနဲ့ အဲလောက်ထိပြင်းပြင်းထန်ထန် ရိုက်စရာလိုလို့လား ရဲ့လော့ယီမျက်နှာမှာ အရာထင်တဲ့အထိလေ

 

ဇာတ်ညွှန်းထဲကအတိုင်းဆိုရင်တောင် သရုပ်ဆောင်တဲ့အနေနဲ့ပဲ ရိုက်လို့မရဘူးလား ဒါက ကျုံချင်းယွီက ဒီအခြေအနေကို အခွင့်ကောင်းယူနေတာပဲ

 

"အရင်တုန်းက ကျုံချင်းယွီကို တတိယလူ ဟုတ်မဟုတ်မသိပေမဲ့ ရဲ့လော့ယီကို ရိုက်လိုက်တဲ့အခန်းမှာတော့ သူ ပေယွဲ့ပိုင်ကို မရလို့ မနာလိုပြီးရိုက်လိုက်တာသေချာသွားပြီ၊ ကြောက်စရာကောင်းလိုက်တဲ့ မိန်းမပဲ!"

 

"လော့ယီအတွက်စိတ်မကောင်းလိုက်တာ ကျုံချင်းယွီလို မိန်းမမျိုးနဲ့ ထိပ်တိုက်တွေ့ရတာ ကံဆိုးတာပဲ

 

ဒီလို မုန်းတီးမှုနှင့် ပြည့်နှက်နေသည့် မှတ်ချက်များအကြားတွင် ကျုံချင်းယွီအတွက် ရပ်တည်ပေးသူအချို့လည်းရှိသည်။

 

ဇာတ်ညွှန်းထဲကအတိုင်းလုပ်ရတာပါဆိုတာကို

လော့ယီပရိသတ်တွေက သိပ်အကဲပိုတာပဲ

 

ကျုံချင်းယွီရဲ့ ရုပ်ရည်က မျိုးဆက်သစ်တွေရဲ့ ထိပ်ဆုံးမှာပဲ သူမလိုရုပ်ရည်မျိုးနဲ့ ကြိုက်တဲ့ယောကျာ်းကို ယူလို့ရတယ် ပြိုင်လုဖို့တောင် မလိုဘူး"

 

"ရဲ့လော့ယီနဲ့ ပေယွဲ့ပိုင်က ချစ်သူဆိုတာ တရားဝင်တောင် မထုတ်ပြန်ရသေးဘူး ကျုံချင်းယွီက တတိယလူဖြစ်စရာ အကြောင်းကိုမရှိဘူး"

 

ကျုံချင်းယွီကို ကာကွယ်သည့် မှတ်ချက်များရှိသော်လည်း မကောင်းသည့် မှတ်ချက်တွေသာ များနေသောကြောင့် ထင်သာမြင်သာ မဖြစ်လာနိုင်ခဲ့ချေ။

 

ယန်ရှီသည် မှတ်ချက်များကို အခါခါဖတ်ပြီးနောက် Trending Page ထံပြန်သွားသည်။

 

အတူတူခရီးသွားကြစို့" ရသစုံရှိုး အစီအစဉ်အဖွဲ့သည် ပေယွဲ့ပိုင်၏ နုတ်ထွက်မှုနှင့် ရဲ့လောယီအား အစားထိုးပါဝင်မှုကို တရားဝင်ကြေညာခဲ့သည်။ ထို့အပြင် ရှုယန်ယန်လည်း နာမကျန်းဖြစ်သောကြောင့် နုတ်ထွက်ခဲ့သည့်အကြောင်းလည်းပါဝင်သည်။ သို့သော် ရဲ့လော့ယီ၏ နာမည်ကျော်မှုနှင့် နှိုင်းယှဉ်မယ်ဆိုရင် ရှုယန်ယန်၏ ကျော်ကြားမှုသည် မပြောပလောက်အောင် သေးငယ်သည်။

 

ယန်ရှီသည် system ကို မေးလိုက်သည်။

 

"ဝတ္ထုထဲမှာကျတော့ ပေယွဲ့ပိုင်က မနက်ဖြန် တိုက်ရိုက်ထုတ်လွှင့်တဲ့အခါမှ နုတ်ထွက်တာကြေညာမယ်ဆို ဘာလို့ ဒီနေ့ ကြေညာသွားတာလဲ

 

System  [Butterfly Effect ကြောင့်ပါ ရှုယန်ယန်က ဒီနေ့နှုတ်ထွက်တာကြေညာပြီးပေယွဲ့ပိုင်က မနက်ဖြန်မှကြေညာမယ်ဆိုရင် အစီအစဉ်အပေါ် သက်ရောက်မှုကြီးမားနိုင်လို့လေ အဲတာကြောင့် ထုတ်လုပ်ရေးအဖွဲ့က နှစ်ယောက်စလုံးကို တပြိုင်နက်တည်း ကြေညာလိုက်တာ]

 

ဤကဲ့သို့ အသေးစိတ်အချက်လက်များသည် ဇာတ်လမ်း၏ အဓိက ဇာတ်ကြောင်းကို မထိခိုက်သဖြင့် ဝတ္ထုဟာ သိပ်မတင်းကြပ်ထားခြင်းဖြစ်သည်။

 

ယန်ရှီမျက်နှာပျက်သွားသည်။

 

"ပေယွဲ့ပိုင် မပါတော့ဘူးဆိုရင်၊ ချင်းချင်းလည်း နုတ်ထွက်သွားလောက်လား"

 

***********

နောက်တစ်ဖက်တွင် ကျုံချင်းယွီသည် ပေယွဲ့ပိုင်အား အစီအစဥ်မှာ ပါဝင်ရန်အတွက် အတင်းအကြပ်တောင်းဆိုနေသည်။ သူမသည် ထုတ်လုပ်ရေးအဖွဲ့၏ ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားမည့် သူမျိုးမဟုတ်ပေ။။လိုအပ်လျှင်င် အခြားလူများ၏ နှုတ်ထွက်သတင်းကို ကြေညာဖို့လည်း သူမအနေဖြင့် ဝန်မလေးနေမည်မဟုတ်ပေ။

 

ကျုံချင်းယွီရဲ့ လက်ရှိကံတရားအတိုင်းဆိုရင်တော့ ဇာတ်လမ်းရဲ့ အကြပ်အတည်းကို ကျော်ဖြတ်ဖို့ မဖြစ်နိုင်ဘူး

 

အချို့သောအစိတ်အပိုင်းတွေရဲ့ ဇာတ်လမ်းအစီအစဉ်အရ ကျုံချင်းယွီက အစီအစဉ်ကို တက်ရောက်ပြီး ရဲ့လော့ယီကို ဖြုတ်ချဖို့ကြိုးစားရမှာ၊ ဒီလိုဖြုတ်ချတာကပဲ ရဲ့လော့ယီကို ပိုပြီး နာမည်ကျော်ကြားစေလိမ့်မယ်

 

ထို့ကြောင့် ပေယွဲ့ပိုင်သည် ကျုံချင်းယွီနှင့် ဒီညတွေ့ဖို့ ချိန်းခဲ့တာဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ ကျုံချင်းယွီ အစီအစဥ်ကို မနက်ဖြန်ဆက်လက်ပါဝင်ဖို့ ဆွေးနွေးဖို့ဖြစ်သည်။ အဓိကဇာတ်လမ်းကို တည်မြဲစေရန်လိုသည်။

 

ဒီညတော့ ကျုံချင်းယွီ အိပ်ပျော်နိုင်လိမ့်မည်မထင်။

 

ယန်ရှီသည် ထျန်းတွေ့ အဆောက်အဦးကို ငေးရင်းဖြင့် တွေးနေရာမှ ရုတ်တရတ် ထမေးလေသည်။

 

"ငါ့အနေနဲ့ မေးချင်တာတစ်ခုရှိတယ် အစကတည်းကမေးချင်ပေမဲ့ မမေးဖြစ်ခဲ့တာ

 

"အိပ်မက်ထဲမှာ ဝတ္ထုအကြောင်းအရာကိုပဲ ငါမြင်ခဲ့တာက ဘာလို့ မြင်ရတာလဲ၊ ချင်းချင်းသာတစ်ခုခုဖြစ်ရင် ငါအေးအေးဆေးဆေး မနေနိုင်ဘူး ငါက သာမာန်လူတန်းစားတစ်ယောက်ဆိုပေမဲ့ ငါသူ့ကိုကူညီနိုင်တယ် ငါက ဘာလို့ ပေယွဲ့ပိုင်သူ့ကို ပစ်သွားတာကို ကြည့်နေနိုင်ရတာလဲ

 

System [မင်းရဲ့ကျောင်းမှာ ပညာရေးဖလှယ်တဲ့ပွဲရှိတယ်။ မင်းရဲ့ မဟာဘွဲ့နှစ်နှစ်မြောက်အတန်းမှာ နိုင်ငံခြားကို တစ်နှစ်စာသွားတက်ခဲ့ပြီး မင်းပြန်လာချိန်မှာတော့ ကျုံမိသားစုက ပျက်စီးသွားပြီ၊ မင်းက ကျုံချင်းယွီကို ရှာဖို့ သွားတဲ့အချိန်မှာ ကားအက်ဆီဒင့် ဖြစ်သွားခဲ့တာ]

 

ဒါယန်ရှီ၏ ကံကြမ္မာဖြစ်သည်။ဝတ္ထုမှာ အတိုချုပ်မျှသာ ဖော်ပြခြင်းခံရသော သူမကိုယ်တိုင်တောင်မသိသည့် ကံကြမ္မာဖြစ်သည်။

 

ညမိုးချုပ်သွားစဥ် ကြယ်အစုံက လင်းလက်တောက်ပနေသည်။

 

ကျုံချင်းယွီသည် ထွက်သွားတာဟာ အတော်ကြာနေလေသည်။ ယန်ရှီသည် WeChat မှ စာပို့သော်လည်း စာမပြန်လာပေ။

 

ထို့ကြောင့် ယန်ရှီသည် ထျန်းဟွေ့ အဆောက်အဆုံထဲသာ ဝင်သွားရန် ဆုံးဖြတ်လိုက်သည်။

 

သူမ ရောက်ချင်းမှာပင် လုံခြုံရေးဝန်ထမ်းနှစ်ဦးသည် သူမကို တားဆီးလိုက်သည်။

 

"တောင်းပန်ပါတယ်၊ ဝင်ခွင့်ကဒ်မရှိရင် ဝင်လို့မရပါဘူး။"

 

Entertainment ကုမ္ပဏီများသည် ပရိတ်သတ်များ သတင်းထောက်များကြောင့် လုံခြုံရေးတင်းကြပ်လေ့ရှိသည်။ကျုံချင်းယွီသည် ဤနေရာသို့ မကြာခဏလာလေ့ရှိသောကြောင့် လုံခြုံရေးဝန်ထမ်းများမှာ သိနေသော်လည်း ယန်ရှီကိုမူ ဘယ်သူမှ မသိကြပေ။

 

"ကျွန်မက ကျုံမမလေးရဲ့ လက်ထောက်တစ်ယောက်ပါ။ သူမအိတ်မေ့သွားလို့ ကျွန်မ ယူလာပေးတာ

 

 ယန်ရှီသည် အိတ်ကိုမြှောက်၍ မမလေး၏ အကူအဖြစ်ဝင်ခွင့်ရဖို့ ကြိုးစားသည်။

 

လုံခြုံရေးဝန်ထမ်းတွေသည် သူမဝတ်ထားတဲ့ ဒီဇိုင်နာချုပ်ဝတ်စုံကို ကြည့်ပြီးနောက်။

 

"မင်းလိုလက်ထောက်က ဒီဇိုင်နာချုပ်အကျီကို ဝတ်နိုင်တာလား မင်းက ရဲ့လော့ယီကို လာထောက်လှမ်းတာမလားညသူဒီကိုလာမယ်ဆိုတာ မင်းသိလို့ လိုက်လာတာမလား

 

ယန်ရှီက ဘာပြောရမှန်းမသိဖြစ်သွားသည်

သူမဝတ်ထားသည့် အင်္ကျီမှာ ကျုံချင်းယွီ နေ့လည်ကမှဝတ်ပေးထားတဲ့ ဈေးကြီးသောအင်္ကျီတစ်စုံဖြစ်သည်။ လုံခြုံရေးဝန်ထမ်းသည်  ဈေးကြီးသည့်အမှတ်တံဆိပ်တွေအကြောင်းသိနေခြင်းကြောင့် ယန်ရှီ တကယ် အံ့ဩမိသည်။

 

ယန်ရှီ တော်တော် စိတ်ပျက်သွားသည်။ ထိုအချိန် ထျန်းဟွေ့ Entertainment ရှေ့ကို အမည်းရောင် ကားတစ်စီးရောက်လာသည်။

 

လက်ထောက်တစ်ယောက်သည် ကားတံခါးဖွင့်ပေးလိုက်သည်။ ကားထဲမှ တန်ဖိုးကြီးသော ဒီဇိုင်နာချုပ်အင်္ကျီဝတ်ထားသည့် ရဲ့လော့ယီသည် သိမ်မွေ့စွာဆင်းလာသည်။

 

"နောက်ဆုတ်၊ မမလေး ရဲ့လော့ယီ အနားကို မကပ်နဲ့!"

 

 လုံခြုံရေးသည် ယန်ရှီကို ချက်ချင်းဆွဲထုတ်ပြီး

 

 "မမလေးလော့ယီ ကြွပါ..." ဟု ပြောလေသည်။

 

ရဲ့လော့ယီသည် ဝင်ပေါက်ဘက်သို့ ရောက်လာပြီး သူမ၏ မျက်လုံးမှာ ယန်ရှီ၏ အခြေအနေကို တစ်ချက်ကြည့်လိုက်သည်။

 

"မမလေးလော့ယီ၊ ဒီကောင်မလေးက မင်းရဲ့ ပရိသတ်တစ်ယောက်ပါ၊ မင်းကိုတွေ့ချင်လို့ အထဲဝင်ဖို့ ထပ်ခါတလဲလဲကြိုးစားနေလို့ ဒီလိုတွေမဖြစ်ရလေအောင် ကျွန်တော်တို့ တားနေတာပါ"

 

လော့ယီသည် လူအများကြားတွင် ဂုဏ်သိက္ခာရှိကာ ယဉ်ကျေးပြီး ပညာရှိသည့် အမျိုးသမီးတစ်ဦးအဖြစ်ပုံဖော်ထားသူဖြစ်သည်။ ပရိတ်သတ်များအား မျက်နှာချင်းဆိုင်ဖြေရှင်းသည့် အခါမျိုးတွင် မကြမ်းတမ်းဘဲ ညှာတာမူထားတတ်သည်။ သူမသည် သူမလက်ထောက်ကို ပြန်လှည့်ကြည့်ပြီးနောက်

 

"ငါ့နာမည်ရေးထားတဲ့ ဓာတ်ပုံတစ်ခုပေးလိုက်ပါဟု ပြောလေသည်။

 

လက်ထောက်မှာ နားလည်သွားကာ ရဲ့လော့ယီ လက်မှတ်ရေးထိုးထားသည့် ဓာတ်ပုံတစ်ကဒ်ကို ထုတ်၍ ယန်ရှီကို ပေးလိုက်သည်။

 

လော့ယီသည် ထပ်မံ၍ ယန်ရှီကို တစ်ချက်ကြည့်လိုက်သည်။ သူမဝတ်ထားသည့် ဒီဇိုင်နာချုပ်အင်္ကျီကို သတိထားမိသွားသည်။ပိုက်ဆံရှိသည့် ပရိသတ်တစ်ယောက်ဖြစ်မှန်း ခန့်မှန်းမိသူဖြစ်သောကြောင့် သူမအသံပိုမိုချိုသာလာသည်။

 

"မင်းက ကျောင်းသူလေးတစ်ယောက်မလား

 ငါ့ကိုသဘောကျရုံလောက်ဆိုရပါပြီ ဒီလိုအချိန်မတော်ကြီး လျှောက်သွားနေတာက ငါ့ကိုစိတ်ပူစေတယ်နော်

 

 

ယန်ရှီသည် လက်မှတ်ရေးထိုးထားတဲ့ဓာတ်ပုံကို ကိုင်ထားချိန်မှာပင် စိတ်ထဲမှာ ခံစားချက်တွေရောပြွမ်းလာသည်။ သူမသည် ဓာတ်ပုံကို ကြည့်ရုံသာကြည့်လိုက်ပြီး လက်ထောက်၏ လက်ထဲသို့ ပြန်ပေးလိုက်သည်။

 

"ရှင် အထင်လွဲနေပြီ၊ ကျွန်မက ရှင့်ပရိတ်သတ်မဟုတ်ဘူး

 

"ဒီမှာ! မင်းကလေးမလေး၊ မင်း လော့ယီကိုတွေ့ပြီးတာတောင် ကုမ္ပဏီထဲဝင်ဖို့ကြိုးစားနေသေးတာလား

 

လုံခြုံရေးဝန်ထမ်းသည် စိတ်မရှည်စွာပြောသည်။

 

မင်းဒီလိုလုပ်တာက တရားမဝင်ဘူးဆိုတာ သိတယ်မလား မမလေးရဲ့က မင်းကိုအပြစ်မပြောဘဲ လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံပေးပြီးပြီပဲ၊ ဒီထက်ပိုဆိုးလာရင်တော့ ကျွန်တော်တို့ ရဲစခန်းကိုဖုန်းခေါ်ရလိမ့်မယ်

 

ယန်ရှီ ဆွံအသွားသည်။

 

"ရှင်တို့လေ ပရိတ်သတ်တစ်ယောက်က သူချစ်တဲ့သူနဲ့ပတ်သက်တဲ့အရာတစ်ခုတောင် မပါဘဲလာတာ မြင်ဖူးလား"

 

လုံခြုံရေးဟာ ချက်ချင်း ပြန်ချေပသည်။

 

"မင်းလိုပရိသတ်တွေက အနုပညာရှင်တွေရဲ့ ကိုယ်ပိုင်ဘဝကိုစွပ်ဖက်ဖို့ အမျိုးမျိုး ကြိုးစားနေကြတာမလား မင်းကို ပရိသတ်တစ်ယောက်မှန်း မသိစေချင်လို့ ဘာပစ္စည်းမှမယူလာတာမလား"

 

ယန်ရှီ "...”

 

ယန်ရှီ ဘာဆက်ပြောရမလဲကို မသိတော့ချေ။ရဲ့လော့ယီသည် အလွန်ကြင်နာတက်သောပုံစံဖြင့်။

 

"ဒီလိုလုပ်ရအောင်၊ ငါနဲ့ ဓာတ်ပုံအတူရိုက်မယ်၊ ဟုတ်ပြီလား ကျေနပ်လိုက်တော့နော် ညီမလေး၊ ညနက်နေပြီဆိုတော့ အိမ်ပြန်ရတော့မယ်လေ မင်းတို့လို ပရိတ်သတ်ကောင်းလေးတွေက ကောင်းကောင်းမပြုမူရင် ကျွန်မလည်း စိတ်ထဲမကောင်းဘူးရယ်~”