Chapter 11
အားကစားသမားတစ်ဦးဖြစ်သူ ကန်းပေါ်ယဲ့သည် အလွန်ကောင်းမွန်သည့် တုံ့ပြန်မှုစွမ်းရည်ရှိ၏။ မျက်စိတစ်မှိတ်အတွင်း၌ပင် သူသည် အလျင်အမြန် ပြေးထွက်ကာ ကိုယ်လုံးတောင့်တင်းသော အမျိုးသားအား မြေပြင်ပေါ် သို့ ဖိချုပ်လိုက်သည်။
ထိုအမျိုးသားသည် ကြွက်သားများ ပြည့်တင်းကာ ကန်းပေါ်ယဲ့ထက် ခန္ဓာကိုယ် ပိုမိုကြီးမား၏။ သို့သော် ကန်းပေါ်ယဲ့သည် အရပ်မြင့်ခြင်းကြောင့် အသာစီးရနေကာ သူ့ကြွက်သားများမှာလည်း ပြင်းထန်သော လေ့ကျင့်မှု၏ ရလဒ်များဖြစ်ပြီး အတုအယောင်ကြွက်သားများ မဟုတ်ချေ။ သူသည် ထိုအမျိုးသားအား လုံးဝမလှုပ်နိုင်အောင် ဖိချုပ်ထားနိုင်ခဲ့သည်။
ကံမကောင်းအကြောင်းမလှစွာဖြင့် ထိုအမျိုးသား၏ လက်ထဲမှ အနီရောင်ဆေးဘူးသည် လွတ်ကျသွားရာ ကျုံချင်းယွီထံသို့ စင်သွားသည်။
ပရိသတ်များ အသည်းအသန် အော်ဟစ်လိုက်ကြသည်။ အနံ့အရ ထိုဆေးမှာ သုတ်ဆေးသက်သက်ဖြစ်ကြောင်း သိနိုင်သော်လည်း ဤသို့ လူအများရှေ့တွင် ဆေးများဖြင့် စိုရွှဲသွားခြင်းသည် အိပ်မက်ဆိုးတစ်ခုပမာ ဖြစ်နေပေလိမ့်မည်။
သို့သော် ကျုံချင်းယွီထံသို့ ဆေးရည် စင်တော့မည် ဆဲဆဲတွင် ယန်ရှီသည် လျှပ်စီးပမာ မြန်ဆန်စွာဖြင့် သူ့အား လက်ကိုလှမ်းဆွဲ၍ ဘေးသို့ ဆွဲထုတ်လိုက်နိုင်ခဲ့သည်။
ထိုသုတ်ဆေးများသည် ကျုံချင်းယွီအား လုံးလုံးလျားလျား မစင်သွားခဲ့သော်လည်း သူ့အနောက်တွင် ရပ်နေသော ရဲ့လော့ယီပေါ်သို့ တည့်တည့်ကျသွားခဲ့သည်။
ရဲ့လော့ယီ အော်ဟစ်လိုက်ကာ သူမဘေးရှိ ဆုလင်းလင်းလည်း ဆေးများ စင်ကုန်သဖြင့် သူတို့နှစ်ဦးစလုံးမှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်နေကြသည်။
လေဆိပ်ရှိ လုံခြုံရေးသည် ချက်ချင်း ဝင်ရောက်လာကာ ကန်းပေါ်ယဲ့နှင့် ပူးပေါင်း၍ ခန္ဓာကိုယ်တောင့်တင်းသော လူအား ထိန်းသိမ်းခဲ့ကြသည်။
လက်များ ချုပ်နှောင်ခံထားရသဖြင့် ထိုလူသည် လုံးဝ စိတ်ရှုပ်ထွေးသွားသည်။
“ကျွန်တော် ကျုံချင်းယွီကိုပဲ ဆေးရည်နဲ့ ပက်ဖို့ ကြိုးစားတာ၊ ကျုံချင်းယွီ မင်း မိန်းမယုတ်! ရဲ့လော့ယီကို ဒိုင်းကာ တစ်ခုလို ထပ်သုံးပြန်ပြီ”
လေဆိပ်လုံခြုံရေးသည် ဖျော်ဖြေရေးနယ်ပယ်၏
ရှုပ်ထွေးမှုများကို မသိသောကြောင့် ထိုလူအား ချက်ချင်း ဆူပူကြိမ်းမောင်းလိုက်သည်။
“ဒါက မင်းအပြစ်ဆိုတာ ရှင်းနေတာပဲလေ၊ အခု မင်းက တခြားသူတွေကို အပြစ်တင်နေတာလား၊ ဒီမိန်းကလေးက မင်းကို ဘာများလုပ်ဖူးလို့လဲ”
ထိုလူသည် သွားများဖြင့် သူ၏လက်သည်းများကို ကိုက်လိုက်သည်။
“သူက ရဲ့လော့ယီကို အနိုင်ကျင့်ခဲ့တာ၊
ကျွန်တော်က သူဖော်တဲ့ ဆေးကို သူ့ကိုယ်သူပြန်စမ်းကြည့်ခိုင်းခဲ့ရုံပဲ”
ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့သည် အဝတ်အစားသစ်များ လဲလှယ်ရန် သန့်စင်ခန်းသို့ သွားလိုက်ကြသည်။ ခရီးထွက်စဉ်ကတည်းက အဝတ်အစားများစွာ ယူဆောင်လာခဲ့ကြခြင်း ဖြစ်သည်။
လေဆိပ်ဧည့်ခန်းသို့
ပြန်ရောက်သောအခါ ထိုလူ၏စကားများကို မတော်တဆ ကြားလိုက်ရသည်။
ရဲ့လော့ယီ မျက်မှောင်ကြုတ်လိုက်သည်။
“ဘာမှမဆ်ိုင်ဘူး ၊ တခြားမင်းသမီးတစ်ယောက်ကို အနိုင်ကျင့်တာက မှားတဲ့လုပ်ရပ်ပဲ ၊ရှင့်လို ပရိတ်သတ်မျိုးကို ကျွန်မ ခွင့်မလွှတ်နိုင်ဘူး”
သူမသည် လုံခြုံရေးဝန်ထမ်းများအား ကြည့်ကာ ခိုင်မာပြတ်သားသော လေသံဖြင့် ပြောဆိုလိုက်သည်။
“သူ့ကို ရဲစခန်းကို ခေါ်သွားလိုက်ပါ၊
သူ အမှားလုပ်ခဲ့ရင် ဥပဒေရဲ့ အကျိုးဆက်ကို ရင်ဆိုင်ရမှာပဲ”
လုံခြုံရေးများသည် ခေါင်းငြိမ့်ကာ ထိုလူအား လေဆိပ်မှ ခေါ်ဆောင်သွားကြသည်။
[ငါတို့ရဲ့ နတ်ဘုရားမလေး ရဲ့လော့ယီက ထင်ထားတဲ့အတိုင်းပဲ သူမက ရာဇဝတ်သားတွေကို သဘောမကျဘူး]
[ငါတို့ရီရီလေးက အမြဲစည်းကမ်းရှိတယ်၊ အစောက လူက သူ့ဘာသာကြံစည်ပြီး လုပ်ခဲ့တာ ၊ ကျေးဇူးပြုပြီး ရဲ့လော့ယီကို ဆွဲမထည့်ကြပါနဲ့ ၊ သူမက အမျိုးသမီးကောင်းလေးပါ]
[အဲ ပရိသတ်ရဲ့လုပ်ရပ်က မှားနေပေမယ့်လည်း သူ လုံးဝမှားနေတာတော့
မဟုတ်ဘူးလေ၊ မနေ့က ရဲ့လော့ယီကို အနိုင်ကျင့်ခဲ့တဲ့အတွက် ကျုံချင်းယွီက တောင်းပန်သင့်တယ်မလား]
[သေချာပေါက်ပဲ၊ ကျုံချင်းယွီက ရဲ့လော့ယီကို တောင်းပန်ဖို့ အကြွေးတင်နေသေးတယ်]
[ရှင်းယောင်မှာ ကျုံချင်းယွီ
ပါးရိုက်လိုက်တာက ဇာတ်ညွှန်းရဲ့ တစ်စိတ်တစ်ပိုင်းလို့ ရှင်းပြပြီးပြီမဟုတ်လား၊ ဘာလို့ သူက တောင်းပန်ရမှာလဲ]
[ကျုံချင်းယွီရဲ့ ဖန်တွေရေ ဟန်ဆောင်နေတာ ရပ်သင့်ပြီ၊ ဇာတ်ညွှန်းထဲက ပါးရိုက်ချက်က ဘယ်လိုလုပ် အနီကွက်ကျန်နိုင်မှာလဲ၊
ဒါက ကိုယ်ရေးကိုယ်တာရန်ကြွေးကို ရှင်းဖို့ ဆင်ခြေသက်သက် မဟုတ်ဘူးလား၊အတုလုပ်လို့ မရခဲ့ဘူးလား ဘာလို့
တကယ်ရိုက်ရတာလဲ]
[ပြောချင်တာ ဒါပဲ! သူတို့က ဇာတ်ညွှန်းကို အကာကွယ်အဖြစ်သုံးနေတာ ၊ ကျုံချင်းယွီက ရဲ့လော့ယီကို တမင်တကာ အနိုင်ကျင့်ခဲ့တာ သိသာနေတာကို]
တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များသည် ရှုပ်ထွေးနေကာ Weiboတွင် ခေတ်စားနေသော အကြောင်းအရာများမှာလည်း အတူတူပင်ဖြစ်သည်။ ရဲ့လော့ယီ၏ ပရိသတ်များသည် ကျုံချင်းယွီကို ရဲ့လော့ယီအား တောင်းပန်ရန် hashtag
များနှင့် စာများ တင်ခဲ့ကြ၏။
ရဲ့လော့ယီ သူ့ဖုန်းထဲရှိ မှတ်ချက်များကို ကြည့်၍ တိုးတိုးလေးပြောလိုက်ပြီး မျက်လုံးများမှာ အနည်းငယ် နီရဲလာသည်။
“ကျေးဇူးတင်ပါတယ် ကျွန်မရဲ့ သစ်ရွက်လေးတွေ၊ မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်၊ ရပါတယ် ၊ သစ်ရွက်လေးတို့ ကျွန်မကို ဂရုစိုက်နေသရွေ့ ကျွန်မ နည်းနည်းပါးပါး သည်းခံရလည်း အဆင်ပြေပါတယ်”
ရဲ့လော့ယီသည် ဖန်သားပြင်ပေါ်တွင် အမြဲနှိမ့်ချပြီး ကြင်နာတတ်ကာ မည်သည့်အခါမျှ ပြဿနာ မရှာခဲ့ဖူးပေ။ဤကဲ့သို့ သနားစရာကောင်းသော အနေအထားမျိုးဖြင့် သူမကို မြင်လိုက်ရစဥ် ပရိသတ်များသည် သူတို့၏ တောင်းဆိုမှုများအား ပိုမို အားကောင်းလာအောင် လုပ်ဆောင်ခဲ့ကြသည်။
သူမဘေးတွင် ရပ်နေသော ဆုလင်းလင်းသည်လည်း ဒေါသထွက်နေသည်။
“ရဲ့လော့ယီ၊ အစ်မက အရမ်းကြင်နာလွန်းတယ်”
သူမသည် ကျုံချင်းယွီဘက်သို့ လှည့်ပြီးနောက် ပြောလိုက်သည်။
“တချို့လူတွေက တကယ်ကို အရှက်မရှိကြဘူး၊
အခုချိန်ထိ ဘာမှမဖြစ်ခဲ့သလိုပဲ၊ မနေ့က သူများကို ရိုက်တုန်းကရော ဒီလောက်ပဲသတ္တိရှိခဲ့တာလား”
ကျန်ဧည့်သည်များလည်း ကျုံချင်းယွီကို အာရုံစိုက်လာခဲ့ကြသည်။
ကျန်းတုံနှင့် သူ့ဇနီး အပြင် ကန်းပေါ်ယဲ့တို့သည် အကြောင်းအရင်းကို သေချာမသိကြသောကြောင့် တိတ်တဆိတ်နေရန်သာ ရွေးချယ်ခဲ့ကြသည်။ ချင်းလီမှာမူ ထိုသိူ့မဟုတ်ချေ။ သူသည် ရဲ့လော့ယီအတွက်ဆိုလျှင် အမြဲအထိမခံနိုင်ဖြစ်ခဲ့သောကြောင့်
သူမဘက်မှ သဘာဝအတိုင်း ရပ်တည်ခဲ့သည်။
“ဒါရိုက်တာယွီ၊ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ကျွန်တော်တို့ ဒီရသစုံရှိုးကို ရိုက်ကူးနိုင်မှာ မဟုတ်တော့ဘူး၊ ဘယ်သူက ဘယ်အချိန်မှာ ရုတ်တရက် ဒေါသပေါက်ကွဲပြီး တခြားတစ်ယောက်ကို ပါးရိုက်မယ်ဆိုတာ သိနိုင်မှာလဲ”
“နင်—!”
ကျုံချင်းယွီ၏ မျက်နှာမှာ ဒေါသကြောင့် ဖြူဖျော့သွား၏။ ရဲ့လော့ယီသည် ပေယွဲ့ပိုင်၏ ကုမ္ပဏီမှ အနုပညာရှင်တစ်ဦးမဟုတ်လျှင် သူမ လွန်ခဲ့သည့် အချိန်များကတည်းကပင် ဖြေရှင်းလိုက်ပြီ ဖြစ်သည်။
“တစ်ခုခု နားလည်မှုလွဲနေကြတာရော ဖြစ်နိုင်လား”
ကျန်းတုံသည် ကြားဝင်ဖြန်ဖြေဖို့
ကြိုးစားလိုက်သည်။
“ဒါပေမဲ့ ရဲ့လော့ယီကို
ကျုံချင်းယွီ ရိုက်လိုက်လို့ အရာတောင်ထင်ကျန်ခဲ့တာဆိုတော့ သူ တောင်းပန်သင့်တာပဲလေ မဟုတ်လား”
ကန်းပေါ်ယဲ့လည်း ဝင်ပြောလိုက်သည်။
“ဟုတ်တယ်၊ ရိုက်ကူးနေရင်း မတော်တဆဖြစ်တာ ဖြစ်နိုင်တယ်ဆိုပေမဲ့ အခြားလူကို ရိုက်မိပြီဆိုရင်တော့ တောင်းပန်သင့်တာပဲလေ”
အားလုံးက သဘောတူညီပုံရပြီး ကျုံချင်းယွီကို ဝေဖန်နေကြ၏။
ကျုံချင်းယွီ မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။ သူမသည် လူအများရှေ့တွင် မျက်ရည်ကျခဲသည်။ သိူ့သော
ဧည့်သည်အားလုံးမှ သူမအား တောင်းပန်ရန် တောင်းဆိုနေကြသောကြောင့် မျက်ရည်များ ဝဲလာကာ မကျစေရန်မနည်း ထိန်းချုပ်ထားရသည်။
ဇာတ်ညွှန်းထဲတွင် ပါသည့်အတိုင်း ဒါရိုက်တာ၏ တောင်းဆိုမှုတစ်ခုဖြစ်သည်။ အဘယ်ကြောင့် သူမ အမှားဖြစ်သွားရသလဲ။
ဒါပေမဲ့ လူတိုင်းက မင်းမှားတယ်လို့ ပြောတဲ့အခါ အမှန်တရားက အရေးမကြီးတော့ဘူး။ လူတိုင်းက မင်းမှားတယ်လို့ ပြောရင် မင်းမှားနေလို့ပဲ။
အားလုံး၏ အကြည့်များအောက်တွင် ကျုံချင်းယွီသည် မချင့်မရဲနှင့် တစ်လှမ်းချင်းစီ ရဲ့လော့ယီထံသို့ လျှောက်သွားသည်။
ရဲ့လော့ယီသည် အစပိုင်း အံ့အားသင့်သွားပုံရသော်လည်း နောက်ပိုင်းတွင် သူမ၏ အမူအရာမှာ
ကြင်နာ၍ မြင့်မြတ်သော ပုံစံမျိုး ပြောင်းသွား၏။
ဤကဲ့သို့ မာနထောင်လွှားနေသော အမူအရာကြောင့် ကျုံချင်းယွီ၏ မကျေနပ်မှုများကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ ရဲ့လော့ယီအပေါ် နောင်တရခြင်းမျိုး လုံးဝမရှိတော့သည့်အပြင် သူမကို ပို၍ ရွံရှာလာ၏။
ကျုံချင်းယွီသည် အသက်ပြင်းပြင်းရှူသွင်းကာ ရင်ထဲမှ မပါသည့်
စကားလုံးများကို ထုတ်ပြောရန် သတ္တိ စုစည်းလိုက်သည်။
“အို!”
ကျုံချင်းယွီ၏ တောင်းပန်စကားကို ရုတ်တရက် အော်သံတစ်သံမှ ဖြတ်တောက်လိုက်၏။ ရင်းနှီးသော အသံကြောင့် သူမ လျင်မြန်စွာ လှည့်ကြည့်လိုက်စဉ် ယန်ရှီသည်
သူ့ခြေချင်းဝတ်ကို ကိုင်၍ မျက်ရည်များကျကာ ကြမ်းပြင်ပေါ် တွင် လဲကျနေသည်ကို တွေ့လိုက်ရသည်။
ကျုံချင်းယွီသည် ရဲ့လော့ယီကို မေ့ပြီး ယန်ရှီထံ အပြေးအလွှားသွားလိုက်၏။
“ယန်ရှီ၊ ဘာဖြစ်တာလဲ”
တခြားသူများမှာလည်း
ယန်ရှီ လဲကျနေသည်အား မြင်လိုက်သောကြောင့် သူမထံ ဝိုင်းလာကြသည်။ လွန်ခဲ့သော အချိန်တွင်
ရဲ့လော့ယီအပေါ် ကျရောက်နေသည့်
အာရုံစိုက်မှုများသည် ယခုတွင်မူ ယန်ရှီထံ လုံးလုံးလျားလျား ကျရောက်သွားသည်။
ဤကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ရဲ့လော့ယီမှာ စိတ်မသက်မသာ ဖြစ်သွားသော်လည်း သူမသည် နူးညံ့ သိမ်မွေ့သော
အမူအရာကို ဆက်ထိန်းထားပြီး ဂရုမစိုက်ဟန်ဆောင်ကာ ယန်ရှီထံ သွားလိုက်သည်။
ယန်ရှီသည် ကြမ်းပြင်ပေါ် ထိုင်ရင်းဖြင့် သူ့ခြေချင်းဝတ်ကို ပွတ်သပ်နေကာ မျက်လုံးများမှာ နီရဲနေ၏။
“ခုနက ပရိတ်သတ်ကြောင့် လန့်သွားပြီး ခြေချင်းဝတ်လည်သွားတာ၊ စဖြစ်တုန်းက ဘာမှမဖြစ်လောက်ဘူးလို့ ထင်ထားပေမဲ့ လှုပ်ရှားကြည့်မှ မတ်တပ်မရပ်နိုင်တော့ဘူး”
ရှောင်းယွီသည် သူ့အိတ်ထဲမှ ခြေချင်းဝတ်လည်ခြင်းအတွက် ဖြန်းဆေးဘူးတစ်ဘူး ထုတ်လိုက်သည်။
“ခြေချင်းဝတ်လည်တာအတွက် ဖြန်းဆေးရှိတယ်၊ ဖြန်းပေးမယ်နော်”
နေရာမှာရှိသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ
ယန်ရှီကို စစ်ဆေးလိုက်ကာ သာမန်ခြေချင်းဝတ်လည်တာလေးဖြစ်ပြီး
စိုးရိမ်စရာမရှိဘူးဟု အတည်ပြုခဲ့သည်။
ကျုံချင်းယွီမှာမူ မျက်မှောင်ကြုတ်ပြီး ရဲ့လော့ယီကို စူးစိုက်ကြည့်လိုက်၏။
“ရဲ့လော့ယီ၊ နင်က ငါ့ကို တောင်းပန်ခိုင်းနေပေမဲ့ နင် ယန်ရှီကို အရင်ဆုံး တောင်းပန်သင့်တယ် မဟုတ်ဘူးလား
၊ နင့် ပရိတ်သတ်သာ ဒုက္ခမပေးခဲ့ရင် ယန်ရှီ ထိခိုက်မှာ မဟုတ်ဘူး”
အစောတွင် အသာစီးရနေခဲ့သော ရဲ့လော့ယီသည် ယခုအချိန်တွင် တရားခံဖြစ်နေသည်။ သူ့အပြုံးမှာ တုံ့ဆိုင်းသွား၏။
ခဏတာ တုံ့ဆိုင်းပြီးနောက် သူမသည်
မချင့်မရဲနှင့် ယန်ရှီကို ခေါင်းငုံ့ကာ တောင်းပန်လိုက်သည်။
“ယန်ရှီ၊ အဲဒီလူကို ကျွန်မ မသိပေမဲ့ သူက ကျွန်မရဲ့ ပရိတ်သတ်လို့ ပြောတာမလို့ ကျွန်မ တာဝန်ယူပါတယ်…”
သူမ၏ စကားများမှာ သေချာစီစဉ်ထားခြင်းဖြစ်သည်။ တောင်းပန်ပုံ ဟန်ဆောင်၍ အစောက အဖြစ်အပျက်မှာ
သူမနှင့် မသက်ဆိုင်ကြောင်း သွယ်ဝိုက်စွာ ပြောလိုက်ခြင်းဖြစ်သည်။
[ပရိတ်သတ်တစ်ဦးချင်းစီရဲ့ လုပ်ရပ်အတွက် အနုပညာရှင်ကိုပဲ အပြစ်တင်မနေကြနဲ့]
[ငါတို့သစ်ရွက်လေးတွေက ရဲ့လော့ယီလိုပဲ ငြိမ်းချမ်းပြီး ဒုက္ခရှာတတ်တဲ့သူတွေ မဟုတ်ဘူး၊ အစွန်းရောက်ပရိတ်သတ် အနည်းငယ်က ငါတို့ကို ဘယ်လိုလုပ် ကိုယ်စားပြုနိုင်မှာလဲ၊ ကျုံချင်းယွီက ရဲ့လော့ယီကို သက်သက်မဲ့နာမည်ဖျက်ဖို့ ကြိုးစားနေတာ]
[ရဲ့လော့ယီက သူ့ပရိသတ်တွေရဲ့ အမှားအတွက်တောင် တာဝန်ယူတယ်၊ ကျုံချင်းယွီကရော ဘယ်လိုလဲ၊ နင်
တောင်းပန်ဖို့ အလှည့် မရောက်သေးဘူးလား]
ဘောလုံးမှာ ကျုံချင်းယွီထံ ပြန်ရောက်လာသည်။ ယန်ရှီ၏ ဒဏ်ရာမှာ သေးငယ်ပေသော်လည်း အာရုံစိုက်မှု သူ့ထံ ပြန်ရောက်ရန်အတွက် လုံလောက်ခဲ့သည်။
တစ်ဖန် အားလုံး၏ အကြည့်များသည် ကျုံချင်းယွီထံ ရောက်လာ၏။
ရဲ့လော့ယီ တောင်းပန်ပြီးနောက် ကျုံချင်းယွီ၏ အလှည့် ရောက်လာသည်။
ကျုံချင်းယွီ တကယ်ကို ဘာလုပ်ရမှန်း မသိတော့ပေ။ ဘာကြောင့်မှန်းမသိ ရဲ့လော့ယီနှင့် တွေ့သည့်ခါတိုင်း သူမမှာ အမြဲ အားနည်းချက်တွေ ရှိနေတတ်၏။ အမြဲ နောက်ကျကျန်ရစ်ခဲ့သည်။
သူမ ယန်ရှီကို ထူပေးရင်းဖြင့် ရဲ့လော့ယီကို တောင်းပန်ရန်ပြင်လိုက်စဉ် ယန်ရှီသည် သူမပခုံးကို စိတ်ချလက်ချ ပုတ်လိုက်သည်။
“ကျုံချင်းယွီ၊ ဒါက ငါတို့အမှားပါ ဇာတ်ညွှန်းက ပါးရိုက်တာကို အတုလုပ်ခိုင်းတာဆိုတော့ နင် ရဲ့လော့ယီကို တကယ်ရိုက်လိုက်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျုံချင်းယွီ အံ့အားသင့်သွားပြီးနောက် ယန်ရှီကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“နင် ဘာတွေပြောနေတာလဲ ၊ ဇာတ်ညွှန်းက တကယ်ရိုက်ခိုင်းတာ ၊ ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ”
“ကျဆုံးခြင်းမှ ကြီးပွားခြင်း” ဆိုသော ဇာတ်ကားမှာ ချမ်းသာသည့် မိသားစုများအကြောင်း ပုံဖော်ထားသော ရိုမန်တစ်ဒရမ်မာတစ်ကား ဖြစ်သည်။ ရဲ့လော့ယီသည် မင်းသမီးနေရာတွင် ပါဝင်ပြီး ကျုံချင်းယွီမှာမူ ဧည့်သည်သရုပ်ဆောင်နေရာမှ ပါဝင်ထား၏။ ဇာတ်ညွှန်းထဲတွင် မင်းသားသည် ရဲ့လော့ယီ၏ ဇာတ်ကောင်ကို ကာကွယ်ရင်းဖြင့် ဒဏ်ရာရပြီးမေ့မြောသွားကာ ကျုံချင်းယွီ ဇာတ်ကောင် မင်းသား၏ ညီမနေရာမှ ဒေါသထွက်ကာ ရဲ့လော့ယီကို ပါးရိုက် အပြစ်တင်ခဲ့သည်။
ဇာတ်ညွှန်းထဲတွင် ညီမဖြစ်သူ၏ ဒေါသနှင့်
စိတ်ပျက်အားငယ်မှုများကို ဖော်ပြရန် အမှန်တကယ်ရိုက်ရမည်ဟု သေချာပြောထား၏။
ယန်ရှီသည် တကယ်ါကို အံ့အားသင့်ဟန်နှင့် မျက်လုံး ပြူးကျယ်ပြီး အပြစ်ကင်းတဲ့ အမူအရာနဲ့ ကြည့်လိုက်သည်။
“ဒါပေမဲ့ ဇာတ်ညွှန်းက တကယ်ရိုက်ခိုင်းတာလား၊ ဒါရိုက်တာကလည်း ခိုင်းတာဆိုရင် ဘာလို့ တောင်းပန်နေရတာလဲ၊ နင် ဇာတ်ညွှန်းအတိုင်း မလုပ်လို့ ပရိသတ်တွေ စိတ်ဆိုးတာလို့ ငါထင်ခဲ့တာ”
ယန်ရှီ အကြည့်မှာ ကောလိပ်ကျောင်းသူတစ်ယောက်၏ အပြစ်ကင်းသော ရူးသွပ်မှုများ ရောယှက်နေ၏။ ဘာမျှနားမလည်ဘဲနှင့် အဖြစ်အပျက်ကို သာမန်အတိုင်း ပြန်ပြောနေသလိုပင်ဖြစ်သည်။
သို့သော သူ့ဘေးတွင်
ရပ်နေသည့် ကျန်းတုံနှင့် ရှောင်းယွီတို့မှာ အခြေအနေကို ချက်ချင်း သဘောပေါက်လိုက်ကြသည်။ သူတို့နှစ်ယောက်စလုံးသည် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလုပ်ငန်းကို ကျွမ်းကျင်ပြီး ဇာတ်ညွှန်းများနှင့် ရိုက်ကူးရေးနည်းစနစ်များကို ရင်းနှီးကြသည်။
ရှောင်းယွီမှ ဝင်ပြောလိုက်သည်။
“ဒါရိုက်တာတချို့က ရုပ်ရှင်အထူးပြုလုပ်ချက်အတွက် သရုပ်ဆောင်တွေဆီကနေ တကယ့်ရုပ်ပိုင်းဆိုင်ရာ
တုံ့ပြန်မှုတွေကို တောင်းဆိုတတ်တယ်၊ ကျုံချင်းယွီက ဒါရိုက်တာရဲ့ ညွှန်ကြားချက်အတိုင်းပဲ လုပ်ခဲ့တာဆိုတော့ သူ့စိတ်ခံစားမှုတွေက ဒေါသနဲ့ ကိုက်ညီနေပြီး သူ့လုပ်ရပ်တွေက ပိုပြင်းထန်လာမှာပဲ”
ကျန်းတုံက ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
“ဒီလိုသာဆို ကျုံချင်းယွီရဲ့ အမှားမဟုတ်ဘူး
၊ တကယ်တော့ သူက အကောင်းဆုံး သရုပ်ဆောင်ခဲ့တာပဲ”
ကျန်းတုံနှင့် ရှောင်းယွီတို့မှ ရှင်းပြလိုက်သောကြောင့် ပတ်ဝန်းကျင်ရှိ လူများ နားလည်လာကြသည်။ ကျုံချင်းယွီသည်
တစ်ယောက်ယောက်ကို အနိုင်ကျင့်တာ မဟုတ်ပဲနှင့် ဇာတ်ညွှန်း၏ လိုအပ်ချက်များကို
လိုက်နာရုံသက်သက်ပင်ဖြစ်သည်။
[ငါ ထင်သားပဲ! ရှင်းယောင်ရဲ့ ရှင်းလင်းချက်ကို မြင်တော့ ငါ ရှုပ်ထွေးသွားသေးတယ်၊ ‘ဇာတ်ညွှန်းထဲကဆိုရင် ဘာလို့ ကျုံချင်းယွီကို အပြစ်တင်နေကြတာလဲ’ လို့ ထင်မိနေတာ အခုတော့ ရှင်းသွားပြီ ဒါက ကျုံချင်းယွီရဲ့ အမှား လုံးဝမဟုတ်ဘူး]
[ဒါပေမဲ့ ရဲ့လော့ယီမျက်နှာမှာ အနီကွက်ကြီး ကျန်ခဲ့တယ်လေ]
[ဒါက ကျုံချင်းယွီရဲ့ သရုပ်ဆောင်မှုက ယုံကြည်မှုရှိတယ်ဆိုတာကို
သက်သေပြတာပဲ မဟုတ်ဘူးလား၊ နောက်ပြီး ဇာတ်ညွှန်းကို ဇာတ်ညွှန်းရေးဆရာက ရေးတာ၊ ဒါရိုက်တာက လက်တွေ့ကျမှုကို တောင်းဆိုတာ ၊ စိတ်ဆိုးမယ်ဆိုရင် တွဲဖက်သရုပ်ဆောင်ကို ဒေါသမထွက်ဘဲ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာကို ဦးတည်သင့်တာ မဟုတ်ဘူးလား]
[ကျုံချင်းယွီမှာ မကောင်းသတင်းတွေ အများကြီး ရှိနေတာမလို့ မကောင်းတဲ့ ကိစ္စတစ်ခု ပေါ်လာတာနဲ့ လူတွေက အလိုလို သူ့အပြစ်လို့ ယူဆကြတာပဲ၊
ဒီဒရမ်မာကို ငါ သေချာလိုက်ကြည့်ခဲ့တာ၊ ရိုးရိုးသားသားပြောရရင် ကျုံချင်းယွီက ဒီနေရာမှာ အပြစ်မရှိဘူး။]
[ရဲ့လော့ယီက ပါးရိုက်တာ မခံချင်ရင် ရိုက်ကွင်းမှာတင် ကန့်ကွက်သင့်တာ
၊ နောက်မှ ကျုံချင်းယွီကို လိုက်အပြစ်ရှာတာက တကယ်ကို အဆင့်အတန်းနိမ့်လွန်းတယ်]