Chapter 12
Viewers 60

အခန်း (၁၂)

 

 

သတင်းဖြန့်ချိရာတွင် ပရိသတ်များအထင်ကြီးစေမည့် ဆွဲဆောင်မှုရှိသော အချက်များ လိုအပ်သည်။

 

ဥပမာ - "ကျုံချင်းယွီက ရဲ့လော့ယီကို ပါးရိုက်လိုက်သည်" သို့မဟုတ် "ကျုံချင်းယွီက ပိုင်ရီတို့အတွဲကြားထဲကို ဝင်နှောင့်ယှက်သည်" စသည့် သတင်းခေါင်းစဥ်များသည် ဆွဲဆောင်မှုရှိပြီး အွန်လိုင်းသုံးသူများကို ဝင်ကြည့်စေရန် ဆွဲဆောင်နိုင်သည်။

  

သို့သော် ရှင်းလင်းချက်သတင်းများတွင် ထိုကဲ့သို့ဆွဲဆောင်မှုမရှိသဖြင့် ကြည့်ရှုသူနည်းပါးသည်။ ထို့အပြင် ရှင်းလင်းချက်များကို ဖုံးကွယ်မှုသဖွယ် ထင်မြင်ယူဆလေ့ရှိကြသည်။

 

ထို့ကြောင့် Starlight Entertainmentမှ ရိုက်ကူးမှုဇာတ်ညွှန်းအရသာဖြစ်ကြောင်း ချက်ချင်းရှင်းပြသော်လည်း အွန်လိုင်းသုံးစွဲသူများသည် ကျုံချင်းယွီ၏ ပရိသတ်များအတွက် ဖုံးကွယ်မှုသာဖြစ်သည်ဟုဆိုကာ မယုံကြည်ကြပေ။

   

သို့သော် အနုပညာလုပ်ငန်းအတွင်းမှ အနုပညာရှင်များသည် ထိုစကားကိုထပ်လောင်းပြောဆိုပြီး အပြည့်အစုံရှင်းလင်းသည့်အခါ ရလဒ်မှာ အလွန်ကွာခြားသွားသည်။

 

ကန်းပေါ်ယဲ့ရဲ့ က ရယ်မောလိုက်ပြီး စကားဆိုလိုက်သည်။

 

"ဒါဆို ဒါက နားလည်မှုလွဲမှားမှုတစ်ခုပဲပေါ့ ထွက်ရှင်းလိုက်တာလည်း ကောင်းပါတယ်"

   

သူက လူတိုင်း အဆင်ပြေစေရန် လမ်းကြောင်းဖော်ပေးနေသည်။ရဲ့လော့ယီ က ထပ်ဖြည့်ပြောသည်။

 

"ဒါက သတင်းထောက်တွေရဲ့ အခြေအမြစ်မရှိတဲ့ သတင်းတွေကြောင့်ပါ တကယ်တော့ မိန်းကလေးကျုံနဲ့ ကျွန်မတို့က ဇာတ်ကားအတွက်ပဲ ကြိုးစားနေတာပါ"

ချင်းလီကလည်း ထောက်ခံသည်။

 

"ဒီနေ့ခေတ် သတင်းထောက်တွေက မြင်တာနဲ့တင် သတင်းလုပ်တတ်ကြတယ် ကျွန်တော်သိတာတော့ လော့ယီနဲ့ ချင်းယွီတို့ ဆက်ဆံရေးကောင်းလို့ပဲ ရသစုံရှိုးအတူတူတက်ဖို့ သဘောတူကြတာနေမှာပေါ့"

   

ဤအဆင့်တွင် ရဲ့လော့ယီသည် အရှုပ်တော်ပုံကို ရှင်းချင်ခဲ့သည်။ ကျုံချင်းယွီမှာ စိတ်ရှုပ်ထွေးနေသည်။ မကြာသေးမီကပင် လူတိုင်းဟာ သူမအား တောင်းပန်ရန် ဖိအားပေးနေကြသော်လည်း ယန်ရှီမှ စကားအနည်းငယ်ပြောလိုက်သည်နှင့် အခြေအနေလုံးဝပြောင်းသွားသည်။ သူမအနေဖြင့် ဤသည်ကိုမှန်းဆ၍မရပေ။

  

သို့သော် တောင်းပန်စရာမလိုသည်က ပိုကောင်းသည်။ သူမတကယ်ပင် ရဲ့လော့ယီကို တောင်းပန်ချင်ပေ။ ကျုံချင်းယွီ စိတ်သက်သာရာရသွားပြီး ယန်ရှီကို ကူတွဲပေးလိုက်သည်။

  

သို့သော် ယန်ရှီ က မပြီးသေးပေ။ သူမက ကျုံချင်းယွီ ကို ရိုးသားစွာကြည့်ကာ ဆိုလိုက်ပြန်သည်။

 

"ချင်းချင်း မနေ့ကဖြစ်ရပ်က ဒီလောက်ကြီးဖြစ်သွားတာ ဇာတ်ညွှန်းကို မှားနားလည်မိတာမျိုးမဟုတ်ဘူးဆိုတာ သေချာတယ်မလား ကျွန်မက အနုပညာလောကအပြင်ဘက်က လူဆိုတော့ မသိဘူး၊ ဒါပေမဲ့ ကျွန်မတို့က ရသစုံရှိုးအတူတူတက်ရမှာဆိုတော့  အစ်မရဲ့ကို ဒုက္ခရောက်အောင်လုပ်ခွင့်မပြုနိုင်ဘူးလေနော်"

   

ရဲ့လော့ယီ ရင်ထဲ တစ်ခုခုဆိုးလာတော့မည်ဟု ခံစားရသည်။

 

"မဟုတ်ပါဘူး ချင်းယွီက မှန်ပါတယ် ပရိသတ်တွေ နားလည်မှုလွဲတာပါ"

   

ရဲ့လော့ယီသည် ကျုံချင်းယွီ နှင့် ရင်းနှီးစေရန် မိန်းကလေးကျုံဟုမခေါ်ဘဲ ရင်းနှီးစွာဖြင့် ခေါ်ဝေါ်လိုက်သည်။

 

"တကယ်လား ဒါဆိုရင်"

 

ယန်ရှီ က ဦးခေါင်းငဲ့ကာ အပြစ်ကင်းသည့် ကလေးတစ်ယောက်ပုံစံဖြင့်ပြောပြန်သည်။

 

ဒါက နားလည်မှုလွဲတာမှန်းသိရဲ့သားနဲ့ မနေ့ညနေက ပရိသတ်တွေ ဆူပူနေတုန်း အစ်မရဲ့က ဘာလို့မရှင်းခဲ့တာလဲ၊ အစ်မကျုံကို အပြစ်တင်ခံရအောင် တမင်လုပ်ထားတာမျိုးလား"

   

သူမ ပြောပြီးနောက် တစ်ခုခုမှားပြောမိသလိုဟန်မျိုးဖြင့် ပါးစပ်ကို လက်ဖြင့် လျင်မြန်စွာအုပ်လိုက်သည်။ တမင်သက်သက်ပင် အသံကိုနိမ့်‌‌၍ပြောလိုက်သော်လည်း လူတိုင်းကြားအောင် ပြောလိုက်သည်။

 

"အစ်မရဲ့က မကောင်းတဲ့လူမဟုတ်ဘူးလို့တော့ထင်ပါတယ် အနုပညာလောကက ရှုပ်တော့ရှုပ်တယ်နော် နားကိုမလည်နိုင်ပါဘူး"

  

သို့သော် နားလည်စရာမလိုတော့ပါ။ ပရိတ်သတ်အားလုံးက ရှင်းနေကြပြီဖြစ်သည်။

   

အထူးသဖြင့် ကျန်တုံနှင့်ဇနီး၊ ကန်းပေါ်ရဲနှင့် အစီအစဉ်အဖွဲ့ဝင်များသည် ရဲ့လော့ယီ ကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်နေကြသည်။

  

ယန်ရှီ က အနုပညာလောကအပြင်ကလူဖြစ်သော်လည်း အခြေခံပြဿနာကို မြင်နေသည်။ သူမကိုယ်တိုင်တောင် သတိမထားမိဟန်ရှိသည်။

   

ရဲ့လော့ယီသည် ကျုံချင်းယွီ အတွက် ကောလဟာလကို ကူညီ၍ ဖြေရှင်းပေးနိုင်ခဲ့သည်။ သူမ Weibo တွင် ဒါရိုက်တာမှ အမှန်တကယ်ရိုက်ဖို့ ညွှန်ကြားကြောင်း ရေးနိုင်သည်။ ဒါဟာ မနေ့ကမှားယွင်းမှုကို ဖြေရှင်းနိုင်သည်။ ဤသည်မှာ ခက်ခဲသည့်အလုပ်မဟုတ်ချေ။

  

သို့သော် သူမဘက်မှ ဘာမှမလုပ်ဘဲ နောက်ဆုံးတွင်တော့ ကျုံချင်းယွီကို တောင်းပန်ပေးစေချင်နေသည်။

 

နစ်နာသူက ပြစ်မှုကျုးလွန်သူကို ပြန်တောင်းပန်ရခြင်း။

 

ဤသည်မှာ ကျန်းတုံ တို့အဖွဲ့အတွက် ပထမဆုံးကြုံတွေ့ရသော ထူးဆန်းလှသည့် အခြေအနေဖြစ်ပေသည်။တိုက်ရိုက်ထုတ်လွှင့်မှုကြည့်နေကြသော အွန်လိုင်းပေါ်မှ လူများသည်လည်း စိတ်ရှုပ်ထွေးသွားကြတော့သည်။

 

[အထင်မသေးနဲ့ ယန်ရှီက ဘာမှမသိတဲ့ တက္ကသိုလ်ကျောင်းသူပုံပေါက်နေပေမဲ့ အရေးကြီးတဲ့အချက်တွေကိုကျတော့ အမြဲတမ်းကိုထိထိမိမိပြောတတ်တယ်]

 

[တက္ကသိုလ်ကျောင်းသူတွေက နေရာတိုင်းမှာရှိတယ်]

 

[ကျုံချင်းယွီက တကယ်ကံမကောင်းဘူးနော် ဘာအမှားမှလည်း မလုပ်ခဲ့ဘဲနဲ့ လူတွေက ဇွတ်ကိုတောင်းပန်ခိုင်းနေကြတာ၊ ယန်ရှီသာ မရှိလို့ကတော့ သူ့နာမည်ပျက်ဖို့အတွက် နောက်ထပ်ကောလာဟလတစ်ခုထပ်ဖြစ်သွားတော့မှာ]

 

[ရဲ့လော့ယီက သူ့ပရိတ်သတ်တွေ ကျုံချင်းယွီကိုဆဲတာကို ထွက်မရှင်းဘဲထားခဲ့တာ သူလည်း တောင်းပန်သင့်တာပဲလေ]

 

[ရဲ့လော့ယီ ကျုံချင်းယွီကို တောင်းပန်ပါ]

 

ရဲ့လော့ယီသည် အမြဲတမ်းဆိုသလို ကျုံချင်းယွီထက် ပိုပြီး အာရုံခံစားမှုမြန်ပြီး အခြေအနေအလိုက် လိုက်လျောညီထွေဖြစ်အောင် နေတတ်သူဖြစ်သည်။

   

ယန်ရှီ၏စကားများနှင့် ကျန်းတုံတို့၏ ရှုပ်ထွေးသောအကြည့်များကို တွေ့ရပြီးနောက် ရဲ့လော့ယီနားလည်သွားသည်မှာ  ယန်ရှီ၏ စကားအနည်းငယ်နှင့်ပင် အွန်လိုင်းပေါ်မှ လူအများစုကအကြောင်းအရာအားလုံးကို နားလည်သွားပြီဖြစ်သည်။

   

ယခင်က ကျုံချင်းယွီသည် နာမည်ဆိုးများ မကြာခဏထွက်ခြင်းကြောင့် အကြောင်းတစ်ခုခုဖြစ်လျှင် လူတိုင်းသည် သူ့အမှားဟုထင်ခဲ့ကြသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ယန်ရှီသည် သူမဘက်မှ အသာစီးရအောင် လိမ္မာပါးနပ်စွာဖြင့် စကားစစ်ထိုးနိုင်လိုက်သည်။

  

ရဲ့လော့ယီတစ်ယောက် ဒေါသထွက်ထွက်ဖြင့် အံကြိတ်နေမိသည်။ လက်သီးဆုပ်ထားသည်မှာ တင်းကျပ်လှသဖြင့် လက်ဖဝါးထဲသို့ပင် လက်သည်းများစူးဝင်နေသည်။

   

သို့သော် မျက်နှာတွင်မူ ဘာမှမပြချေ။ သူမသည် ကျက်သရေရှိစွာဖြင့် ကျုံချင်းယွီထံသို့လျှောက်သွားပြီး တောင်းပန်ရန်ပြင်လိုက်သည်။

 

"ချင်းယွီ ငါတောင်းပန်ပါတယ်၊  မနေ့က ငါ့ပရိတ်သတ်တွေ ငါ့ကိုကာကွယ်ဖို့ ဆူပူနေတုန်းမှာ ငါရှင်းပြခဲ့သင့်တာ ဒါပေမဲ့ ငါလည်း ဒဏ်ရာရပြီး ဆေးရုံတက်နေရတာနဲ့ အချိန်မီမရှင်းနိုင်ခဲ့ဘူး ဆရာဝန်ကလည်း ငါ့ဒဏ်ရာက တအားပြင်းလို့ ခဏ လောက်စောင့်ပြီးမှ ပြန်ဖို့ ပြောလို့ပါ၊ ဒီကိစ္စကိုလည်း အခုမှသိရတာပါ ချင်းယွီ ငါ့ကိုမကျေမနပ်ဖြစ်နေတာမျိုး မရှိပါဘူး ဟုတ်တယ်မလား"

 

သူမ၏စကားသည် အကွက်ကျသည်။

  

တောင်းပန်ထားသည်။ သို့သော် သူမ၏ဘက်တွင် ဘာအပြစ်မှမရှိဟုလည်း ပြနေသည်။

  

ဒဏ်ရာရပြီး ဆေးရုံတက်နေရသောကြောင့် အချိန်မီမရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ပရိသတ်များမှာ အဖြစ်မှန်မသိဘဲ အရှုပ်ထုပ်ဖြစ်အောင်လုပ်ခဲ့ခြင်းမျိုးသာဖြစ်ပါသည်။

  

ဤကိစ္စမျိုးအတွက် သူမကိုအဘယ်သို့ အပြစ်ဖို့နိုင်မည်နည်း။

  

ကျုံချင်းယွီသည် ပြင်းပြင်းထန်ထန်ပြန်ပြောလိုနေသော်လည်း ယန်ရှီက သူမကိုတားလိုက်သည်။

  

ရဲ့လော့ယီ၏ တောင်းပန်မှုသည် ပရိသတ်များအတွက်သာဖြစ်သည်။အမှန်တွင် သူမမှာ နစ်နာမှုမှမရှိချေ။ သို့သော် ရဲ့လော့ယီက ဤသို့သဘောထားပြပြီး ကင်မရာရှေ့တွင် ယဉ်ကျေးစွာနေသည့်ပုံစံနှင့်ဆိုလျှင် ကျုံချင်းယွီသာ အခြေအတင်ဆက်ပြောနေကြပါက ပရိသတ်များ၏ ပြန်ပြီးဝေဖန်တိုက်ခိုက်ကြမည်သာဖြစ်သည်။

  

ထို့အပြင် ယန်ရှီလိုချင်သည်မှာ ရဲ့လော့ယီတောင်းပန်ရန်သာဖြစ်သည်။

   

အွန်လိုင်းပေါ်မှ လူအများစုသည် ဇာတ်လမ်းကိုသာကြည့်သည်၊ အပြည့်အစုံကိုမကြည့်ချေ။ လုပ်ငန်းစဉ်မဟုတ်ဘဲ ရလဒ်သာအရေးကြီးသည်။

 

ဤအကြောင်းကြောင့်လည်း ပေယွဲ့ပိုင်သည် ကျုံချင်းယွီအား ရဲ့လော့ယီထံတောင်းပန်ခိုင်းခဲ့ခြင်းဖြစ်သည်။ ကျုံချင်းယွီတောင်းပန်လိုက်ပါက ရိုက်သည်မှာ သူမ၏အမှားဟု အတည်ဖြစ်သွားမည်ဖြစ်သည်။

  

ယခု ယန်ရှီသည် ရဲ့လော့ယီအား တောင်းပန်ခိုင်းလိုက်သည့်အတွက် နောင်တွင် ဤအကြောင်းပြန်ပြောပါက လူတိုင်းသိသွားပြီး တကယ့်အမှားရှိသူမှာ ရဲ့လော့ယီဖြစ်ကြောင်းထင်မှတ်သွားကြေတာ့မည်သာဖြစ်ပါသည်။

  

ထို့ကြောင့် ဤအရိုက်ခံရမှုသည် ကျုံချင်းယွီအတွက် နာမည်ပျက်သတင်းမဟုတ်တော့ချေ။

 

[ ကျုံချင်းယွီတောင်းပန်ရမဲ့ ဇာတ်လမ်းကိုပြောင်းလဲပစ်နိုင်ပြီ ကျုံချင်းယွီရဲ့ ကံကြမ္မာအမှတ် မှတ် ရရှိပါပြီ လက်ရှိကံကောင်းမှုအမှတ် မှတ်ဖြစ်ပါတယ်]

 

Systemမှ အသံထွက်ကာ ယန်ရှီအား အတည်ပြုလိုက်သည်။

  

ယန်ရှီသည် ဤတောင်းပန်မှုဇာတ်လမ်းသည် ဝတ္ထုထဲကအစိတ်အပိုင်းဖြစ်မည်ဆိုသည်ကို ကြိုသိနေပြီးဖြစ်သောကြောင့် မအံ့သြမိချေ။ သူ့ကိုပျော်ရွှင်စေသည်မှာ ဤတစ်ကြိမ် ဇာတ်လမ်းပြောင်းပြန်လှန်ရသည့်အတွက် ကံကောင်းမှုအမှတ် မှတ်ရခြင်းပင်ဖြစ်သည်။

 

ယခင်ကရသည့်အမြင့်ဆုံးမှာ မှတ်သာရှိခဲ့သည်။

  

ဝတ္ထုဇာတ်လမ်းကိုပြောင်းပြန်လှန်ပြီး ကံကြမ္မာအမှတ်ရယူခြင်းသည်  အမှန်တကယ်ပင်   အဓိကသော့ချက်ဖြစ်သည်။

   

ရိုက်သည့်ကိစ္စပြီးဆုံးသွားသောအခါ ဧည့်သည်အားလုံးသည်လည်း ကျေကျေနပ်နပ်ဖြင့် ရသစုံရှိုးဆက်ရိုက်ကြပြန်သည်။

   

ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့သည် ဤအကြိမ် လေယာဉ်လက်မှတ်များကို တာဝန်ယူကြပြီး လူတိုင်း၏မှတ်ပုံတင်နံပါတ်များကို လိုက်ကောက်ကြသည်။ ကျုံချင်းယွီနှင့် ယန်ရှီတို့၏မှတ်ပုံတင်နံပါတ်များကို ကောက်သောအခါ ဆုလင်းလင်းက သူတို့အား အေးစက်သောအကြည့်ဖြင့်ကြည့်လိုက်သည်။

  

ဇာတ်ညွှန်းအရရိုက်ရခြင်းဆိုလျှင်လည်း ဘာဖြစ်သနည်း။

   

ဆုလင်းလင်း၏ မျက်လုံးထဲတွင် ကျုံချင်းယွီသည် ရဲ့လော့ယီနှင့်ပေယွဲ့ပိုင်တို့၏ဆက်ဆံရေးကြားသို့ မတရားဝင်စွက်ဖက်နေသူပင်ဖြစ်သည်။ ဇာတ်ညွှန်းအရရိုက်ရသည်ကို အခွင့်ကောင်းယူပြီး ရဲ့လော့ယီအားနှိပ်စက်သည်ကို သည်းမခံနိုင်ပေ။

  

ရဲ့လော့ယီသည် အလွန့်အလွန်ပင်ကြင်နာလွန်းလှသည်။ ထို့ကြောင့်သာ ကျုံချင်းယွီဟာ သူမအားနှိပ်စက်နိုင်ခြင်းဖြစ်သည်။

  

ရဲ့လော့ယီနှင့်ဆုလင်းလင်းတို့သည် မှတ်ပုံတင်နံပါတ်အားလုံးကိုစုဆောင်းပြီး ဝန်ဆောင်မှုဌာနသို့သွားကာ လေယာဉ်စီးသူစာရင်းသွင်းခြင်းနှင့် ခရီးဆောင်အိတ်များကို စစ်ဆေးရေးဌာနသို့ သွားရောက်ပို့ဆောင်ကြသည်။

   

သို့သော် ထိုင်ခုံရွေးချယ်သည့်အခါတွင် ဝန်ထမ်းမှ ညှိုးငယ်သော မျက်နှာဖြင့် သတိပေးလိုက်သည်။

 

"ဝမ်းနည်းပါတယ် အစ်ကိုတို့အစ်မတို့က ဒီခရီးစဉ်အတွက် လက်မှတ်ခုနစ်စောင်ပဲ ယူထားတာမလို့ ရှစ်နေရာရွေးချယ်လို့မရပါဘူး"