Chapter 14
ညသန်းခေါင်၌ တိုက်ရိုက်ထုတ်လွှင့်မှုပြီးသွားသော်လည်း
ယန်ရှီမှာ နာကျင်မှုမှ ရုန်းမထွက်နိုင်သေးချေ။
ကျုံချင်းယွီမှာမူ လေယာဉ်ပေါ်မှ အနှိပ်ဝန်ဆောင်မှုကြောင့်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေသည်။ယန်ရှီမှာ အိပ်မပျော်နိုင်သေးပေ။ဒါ့အပြင်
ငါးယောက် မြောက်လာကမ်းလှမ်းသော လေယာဉ်မောင်တစ်ယောက်ကိုလည်း ယဉ်ကျေးစွာပင်
ငြင်းဆိုလိုက်သည်။
ယန်ရှီ “ကျွန်မအဖော်မလိုပါဘူး၊
တစ်ယောက်တည်း အဆင်ပြေပါတယ်”
Systemသည် သိချင်ဇောနှင့် မေးလာသည်။
[Host!ငါးယောက် မြောက်ကောင်လေးက ချစ်စရာလေးလေ
သူ့မှာပေါင်မုန့်တွေလည်းရှိတယ် အပြုံလေးကလည်းချိုချက်]
ယန်ရှီ:?
“မင်းလို ခံစားချက်မရှိတဲ့အရူးက ဘာသိလို့လဲ”
လေယာဉ်မောင် ခြောက်ယောက်၊ ခုနှစ်ယောက်လောက် လာပြောသော်လည်း
ယန်ရှီမှာအကုန် ငြင်းလွှတ်လိုက်ကာ အခန်းထဲ၌ ခဏလောက်အနားယူပြီးနောက်
ပြန်ထွက်သွားခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်တွင် ကောင်းကင်ကြီးသည် မှောင်မိုက်နေပြီး
တိမ်များမှာလည်းနှေးကွေးစွာ ရွေ့လျားနေသည်။ခပ်ဝေးဝေးတွင် လင်းလက်နေသည့်
ကြယ်လေးတွေကို မြင်နေရသည်။
ယန်ရှီ မိမိတောင်သတိမထားမိလိုက်ဘဲနှင့် စာကြည့်ခန်းရှေ့မှာ
ရပ်နေခဲ့သည်။
စာကြည့်ခန်းတံခါးသည် အနည်းငယ်ဟနေသောကြောင့် တံခါးမှနေ၍
ကျုံယန်စီသူ့ စားပွဲအရှေ့တွင် အလုပ်လုပ်ခြင်းကို တွေ့နေရသည်။သူသည်
အဝေးမှုန်သမားဖြစ်ပြီး မျက်မှန်ပါဝါ တစ်ရာလောက်ရှိသည်။ပုံမှန်ဆိုလျှင်
မျက်မှန်တက်လေ့မရှိသော်လည်း အလုပ်လုပ်သည့်အချိန်တွင် ရွေရောင်ကွပ်ထားသော
မျက်မှန်ကိုတပ်လေ့ရှိသည်။
ယန်ရှီနာရီကြည့်လိုက်သည့်အချိန်တွင် တရုတ်စံတော်ချိန် မနက်
ဆယ့်နှစ်နာရီ ဖြစ်သည်။
ကျုံယန်စီ လေယာဉ်ပေါ်တတ်ပြီး 14နာရီတိုင်တိုင် အလုပ်လုပ်နေခဲ့သည်။
အလုပ်ကြိုးစား၍ သူဝတ္ထုထဲတွင် သေသွားလျှင်တောင် ဒါဟာ
ထူးဆန်းသည့် အရာတော့မဟုတ်ပေ။
ယန်ရှီသည် ကျုံယန်စီကိုကြည့်နေချိန် Systemမှ တိတ်တိတ်လေး အချက်ပေးလာသည်။
[Host
ဒါဆိုမင်းက အကိုအကြီးဆုံးပုံစံကို ကြိုက်တာပေါ့ ဟုတ်လား]
[ကြည့်ပါအုံး!ဝတ်စုံရဲ့သားနားမှု၊မျက်မှန်ကိုင်းအောက်ကညို့အားပြင်းတဲ့အကြည့်၊သန်မာတဲ့
လက်မောင်းတွေကမင်းကို အသာလေးအောက်ဆွဲချပြီးတော့ သူ့အောက်မှာ~]
ယန်ရှီ:?
ယန်ရှီ လန့်သွားပြီး အလင်းလုံးလေး ဘက်သို့ လှည့်ကြည့်လိုက်သည်။
“မင်းအခုနောက်ပိုင်းဘာဖြစ်နေတာလဲ၊ မင်းက ငါသိတဲ့ System
တော့ ဟုတ်ပါသေးတယ်နော်”
အလင်းလုံးလေးသည် ခေါင်းမော့ကာ ဂုဏ်ယူနေဟန်ဖြင့်
[ငါမနေ့က ပျင်းလို့ မင်းတို့ကမ္ဘာက ဝတ္ထုတွေကိုဖတ်ကြည့်လိုက်တာ
ငါတော်တော်များများသိသွားပြီ]
ယန်ရှီ: “...”
System
ဖတ်ခဲ့သည့် ဝတ္ထုများသည် တမျိုးဖြစ်နေသောကြောင့်
ယန်ရှီမနေနိုင်တော့ပေ။
ယန်ရှီ: “ငါ့ကို
ဖတ်ခဲ့တာတွေ ပြကြည့်”
System
သည် သူ့၏ စာအုပ်စုစည်းမှုတွေကို ဂုဏ်ယူစွာ ပြသလာသည်။
သူဖတ်ခဲ့သည့် ပထမဆုံးစာအုပ်မှာ မထင်ထားလောက်အောင်
“ဗီလိန်ကိုကယ်တင်ဖို့အတွက် ငါသူ့အိပ်ရာပေါ်ကို တွယ်တတ်ခဲ့တယ်”
အတည်ပြုချက်: နိုင်ငံရပ်ခြား
လူကြီးအကြောင်းအရာပါဝင်သည့် website တစ်ခုမှ။
ယန်ရှီ: “...”
ကလေးတွေက ဒီလိုစာအုပ်မျိုး မဖတ်သင့်ဘူး။
System
ဖတ်သည့် စာအုပ်များကို ဖျက်စီးပြစ်လိုက်သည့်အခါ သူ့ခမျာ
ဖြူဖျော့၍ မျက်ရည်များပင်ကျနေသည်။
ယန်ရှီ၏ အာရုံသည် ကျုံယန်စီ ထံသို့ ထပ်မံရောက်ရှိသွားသည်။
အမှန်တိုင်းပြောရလျှင် ယန်ရှီနှင့် ကျုံယန်စီသည်
ရင်းနှီးသူများမဟုတ်ကြချေ။ကျုံချင်းယွီနှင့် ကျုံယန်စီတို့ မောင်နှမနှစ်ယောက်၏
ဆက်ဆံရေးဟာလည်း အဆင်မပြေကြချေ။ကျုံယန်စီ အလုပ်ဝန်ပိပြီး သေသွားလျှင်တောင်
ဒါဟာယန်ရှီအလုပ် မဟုတ်ပေ။
သို့သော် ကျုံချင်းယွီမှာ စီးပွားရေးအကြောင်း နားလည်သူမဟုတ်ပေ။
ကျုံလုပ်ငန်းစုသည် ဟိုင်မြို့တွင် အချမ်းသာဆုံးဖြစ်လာခြင်းဟာလည်း ကျုံယန်စီ၏
စီမံခန့်ခွဲမှုကြောင့်ပင် ဖြစ်သည်။
ကျုံယန်စီသည် ကျုံချင်းယွီ၏ ဘဝလမ်းတွင်
ပါရမီဖြည့်ပေးနိုင်မည့်သူဖြစ်သည့်အတွက် သူသေလို့မရပေ။
—
ယန်ရှီ ထမင်းစားခန်းသို့ သွားကာ နွားနို့ပူပူလေး မှာလိုက်သည်။
ထို့နောက် ကျုံယန်စီ၏ လက်ထောက်ကို ခေါ်လိုက်သည်။
“မစ္စတာကျုံ အလုပ်လုပ်နေတာ အရမ်းကြာနေပြီ အဲဒါကြောင့်ကျွန်မ
နွားနို့ပူပူလေးတစ်ခွက် သူ့အတွက်မှာထားလိုက်တယ်၊ ညဥ့်နက်တဲ့အထိ အလုပ်လုပ်တာ
ကျန်းမာရေးအတွက် မကောင်းဘူး၊ သူ့ရဲ့လက်ထောက်အနေနဲ့
သူ့ကိုခဏလောက်အနားယူဖို့သွားဖျောင်းဖျပေးပါဦး”
ယန်ရှီမှာ တည်ငြိမ်သည့် အသံနှင့် ပြောလိုက်သောကြောင့် လက်ထောက်
ဆန်မှာ တော်တော်လေးရှုပ်ထွေးသွားပုံရသည်။
သူမက မစ္စကျုံရဲ့ သူငယ်ချင်းမလား။ဘယ်တုန်းကတည်းက မစ္စတာကျုံကို
ဂရုစိုက်တက်သွားတာလဲ။သူမ စိတ်လွတ်သွားတာများလား။
သို့သော် CEO၏
လက်ထောက်တစ်ယောက်အနေနှင့် သူယန်ရှီရှေ့တွင် သူ့အတွေးများအား ချမပြခဲ့ချေ။သူသည်
နွားနို့ကိုယူကာ
“မစ္စယန်၊ မစ္စတာကျုံကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်”
စာကြည့်ခန်းထဲတွင် ကျုံယန်စီသည် အစည်းအဝေးကို
လတ်စသတ်လိုက်သည်။သူ့လက်ထောက် နွားနို့ယူလာခြင်းအား ကြည့်၍ တစ်ယောက်ကိုတစ်ယောက်
နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။
“မင်းပြောချင်တာက ယန်ရှီက ငါ့ဆီကို နွားနို့ပို့ခိုင်းပြီး
နောက်ကျတဲ့အထိ အလုပ်မလုပ်ဖို့ မှာလိုက်တယ်ပေါ့”
“ဟုတ်ပါတယ်”
ကျုံချင်းယွီ ခဏလောက် တိတ်ဆိတ်သွားသည်
။“သူမ
စိတ်လွတ်သွားတာများလား”
ကျုံယန်စီနှင့် ကျုံချင်းယွီတို့မှာ မတည့်ကြသောကြောင့်
ယန်ရှီသည်လည်း ကျုံယန်စီအပေါ် တွင် တစ်ခါမျှ ကောင်းကောင်းမဆက်ဆံဖူးပေ။
လမ်းမှာတွေ့လျှင်တောင် နှုတ်မဆက်ကြပေ။ သူတို့သည် အပြန်အလှန် စိတ်ဝင်စားမှုမရှိသည့်
ဆက်ဆံရေးမျိုးပင် ဖြစ်သည်။
ပိုအရေးကြီးသည်မှု ကျုံယန်စီဟာ နို့နှင့် ဓါတ်မတည့်သူဖြစ်သည်။
နို့နည်းနည်းလေးသောက်လိုက်မိလျှင်တောင် သူ့အား ရေဓါတ်ခမ်းခြောက်မှုကြောင့်
ဆေးရုံတင်ရနိုင်သည်။
လက်ထောက်ဆန်က ခဏလောက်စဉ်းစားပြီး ပြောလာသည်
“မစ္စတာကျုံ ၊ မစ္စကျုံက နည်းဗျူဟာပြောင်းလိုက်တာလို့များ
ထင်သလားဟင်၊ သူက မစ္စတာကို စီးပွားရေးလောကမှာ အနိုင်မယူနိုင်မှန်းသိလို့
သူမရဲ့သူငယ်ချင်းကို ချဉ်းကပ်ခိုင်းပြီး မစ္စတာကို နို့နဲ့ အဆိပ်ခတ်တာများလား”
ကျုံယန်စီ: ?
ဤအတွေးများမှာ ထူးဆန်းသော်လည်း ယန်ရှီသည် သူ့အား ဂရုစိုက်ပြီး
ညဉ့်နက်သည့်အထိမနေရန်ပြောခြင်းထက်တော့ မထူးဆန်းသေးပေ။
ကျုံယန်စီ နွားနို့ခွက်ကို ဘေးဖယ်ပြီး အလုပ်သာဆက်လုပ်နေခဲ့သည်။
---
F
နိုင်ငံစံတော်ချိန် ည၇နာရီတွင် ယန်ရှီနှင့် ကျုံချင်းယွီတို့
လိုင်မြို့လေဆိပ်သို့ ရောက်ရှိလေသည်။
ကျုံယန်စီ လိုင်မြို့သို့
စီးပွားရေးကိစ္စဖြင့်လာမည်ဆိုသည်နှင့် ယန်ရှီနှင့် ကျုံချင်းယွီတို့ ခရီတွင်
သက်သောင့်သက်သာဖြစ်ရန် လက်ထောက်ဆန်သည် ဟိုင်မြို့မှ လိုင်မြို့အထိ
သီးသန့်အထူးလေယာဉ်ကို စီစဉ်ပြီးသားဖြစ်သည်။
ည၈နာရီတွင် ယန်ရှီနှင့် ကျုံချင်းယွီတို့သည် ထုတ်လုပ်ရေးသမားများ
ကြိုတင်စီစဉ်ထားသည့် မိုတယ်အသေးစားလေးသို့ ရောက်လာခဲ့ကြသည်။
ရိုက်ကူးရေးအဖွဲ့သားအားလုံး တစ်နေကုန်လေယာဉ်ပေါ်တွင်
ပင်ပန်းနေသောကြောင့် အကုန်လုံးအနားယူနိုင်ရန် တိုက်ရိုက်ထုတ်လွှင့်မှုကို
ခဏရပ်ထားလိုက်သည်။နောက်နေ့မနက် ၈နာရီမှ ပြန်လည်ရိုက်ကူးမည်ဖြစ်သည်။
ယန်ရှီနှင့် ကျုံချင်းယွီတို့သည် မပင်ပန်းကြပေ။သူတို့မှာ
သီးသန့်လေယာဉ်ဖြင့် လာသောကြောင့် အိပ်ကာ တီဗီလည်းကြည့်လို့ရသလို
ရေတောင်ချိုးလို့ရလေသည်။တစ်နေကုန်ခရီးသွားရခြင်းသည် မပင်ပန်းသော်လည်း
နောက်နေ့ရိုက်ကူးရေးရှိသည့်အတွက်ကြောင့် အပြင်မသွားဖို့ဆုံးဖြတ်လိုက်သည်။
ဒါရိုက်တာ ယွီသည် နောက်လာမည့် အပိုင်းများတွင်
ဧည့်သည်တွေကိုယ်တိုင်စီစဉ်ရမည် ဟု ပြောသည်။အဖွဲ့တိုင်း၏ ဧည့်သည်များသည် ခရီးကို
ကိုယ်တိုင်စီစဥ်ရမည် ဖြစ်သည်။တစ်ခါတစ်ရံ ရိုက်ကူးရေးအဖွဲ့မှ
ကူညီပေးမည်ဖြစ်သော်လည်း ဧည့်သည်များ၏ ခရီးသွားအစီအစဉ်မှာ တိုက်ရိုက်ပါဝင်မည်မဟုတ်ချေ။
ဆိုလိုသည်မှာ အဖွဲ့တိုင်း၏ ဧည့်သည်များသည် သူတို့၏ခရီးစဉ်အား
ကိုယ်တိုင်သတ်မှတ်၍ မနက်ဖြန်မနက်တွင် ပရိတ်သတ်များအား ချပြရမည်ဖြစ်သည်။
ဝတ္ထုထဲတွင် ရှုယန်ယန် ကျုံချင်းယွီအတွက် လုပ်ပေးထားသော
ငွေကုန်သက်သာသည့် ခရီးသွားအစီအစဉ်ကို သတိရသော်လည်း သူမ သဘောမကျပေ။
ယန်ရှီသည် ကျုံချင်းယွီကို မေးလိုက်သည်။
“ငါတို့ရော ခရီးစဥ် ပြင်ထားဖို့ လိုသေးလား”
ထုတ်လုပ်ရေးအဖွဲ့သည် ဤအကြောင်းကို
ဧည့်သည်များထံပြောထားပြီးသားဖြစ်သည်။ ထို့ကြောင့်အများစုမှာ
ပြင်ဆင်ပြီးသားဖြစ်နေသည်။ ကျုံချင်းယွီသည် သိသော်လည်း သူမသည် ရှုယန်ယန်ကိုသာ ပြင်ဆင်ထားဖို့ပြောခဲ့သည်။
ထို့ကြောင့် ယန်ရှီမေးချိန်တွင် ကျုံချင်းယွီ သူမ မပြောခင် ခဏ
စဉ်းစားလိုက်သည်။
“ငါ နင့်ကို အနားယူဖို့ ခေါ်လာတာလို့ ပြောထားတယ်လေ၊ ဘာလို့
ခရီးစဥ်ကြောင့်စိတ်ညစ်ခံနေမှာလဲ …ငါ့တာဝန်ထားလိုက်”
—
နောက်တစ်ရက်မနက် ခုနစ်နာရီမိနစ်ငါးဆယ်တွင် ဧည့်သည်များသည်
ဧည့်ခန်းထဲတွင် ကြိုရောက်နေလေသည်။
သူတို့ မနေ့ညတွင် အစောကြီးအိပ်ကြသော်လည်း
အမျိုးသားဧည့်သည်များငည် အချိန်ကွာဟမှုကြောင့်
အဆင်မပြေဖြစ်နေကြသည်။ကင်မရာထဲတွင်တောင် သူတို့မှာ ပင်ပန်းသည့် ပုံပေါက်နေသည်။
ရှောင်ယွီသည် က ကျန်းတုံကို ဆူလိုက်သည်။
“ငါမင်းကိုမနေ့ညက ဇာတ်ညွန်းတွေဖတ်မနေဘဲ
စောစောအိပ်လို့ပြောတယ်လေ၊ အခုတော့ အိပ်ချင်နေပြီမလား”
အလုပ်ကြိုးစားသည့် ကျန်းတုံမှာ ရှောင်ယွီ နားတွင် ကလေးကဲ့သို့
အမူအယာလုပ်၍
“မင်းရေးထားတဲ့ ဇာတ်ညွှန်းက ဖတ်လို့ကောင်းတာကို ငါမဖတ်ဘဲမနေနိုင်ဘူးလေ”
ကန်းပေါ်ယဲ့နှင့် ချင်းလီမှာမူ မနေ့ညတွင် နောက်ကျသည်အထိ
ဂိမ်းဆော့နေခဲ့ကြသည်။
ဧည့်ခန်းထဲရှိ ထမင်းစားပွဲပေါ်တွင် စားချင်စဖွယ် မနက်စာများကို
ခင်းကျင်းထားသည်။အိမ်တော်ထိန်းပုံစံ ဝတ်ဆင်ထားသည့်
အသက်လတ်ပိုင်းအရွယ်အမျိုးသားသည် စားဖိုမှူးညွှန်ကြားသည့်အတိုင်း
ချက်ပြုတ်ပြီးဟင်းလျာများကို စားပေါ်ပွဲ၌ နေရာချနေသည်။
ဧည့်သည်များသည် ဟင်းလျာများ၏ အနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရကာ
ဗိုက်တော်တော်ဆာနေလေသည်။
သို့သော် ဧည့်သည် ရှစ်ယောက်တွင် ခြောက်ယောက်သာ
ရောက်သေးသည်။ကျုံချင်းယွီနှင့် ယန်ရှီမှာ ယခုအထိထွက်မလာကြသေးပေ။
ဆုလင်းလင်းမှာ မကျေနပ်ချက်ဖြင့်
“သူတို့က လေယာဉ်ချိန်ကိုလည်းနောက်ကျတဲ့အပြင် အခုလည်း
ပေါ်မလာသေးဘူး၊ ငါတို့ကိုနောက်ကျအောင် လုပ်နေတာပဲ”
ရဲ့လော့ယီသည် ကျုံချင်းယွီအား တိုက်ရိုက်ကြီးပြောခြင်းမဟုတ်ဘဲ
သွယ်ဝိုက်ကာဖြင့်
“ကျုံချင်းယွီနဲ့ ယန်ရှီတို့ ပင်ပန်းနေလို့နေမှာပါ၊
ဒီနေ့ရိုက်ကူးမယ့် အဖွဲ့လိုက်အစီအစဉ်က ငါတို့ခရီးမှာရိုက်ကူးရမယ့်အခန်းလေ၊
သူတို့ပေါ်မလာဘူးဆိုရင် ကျန်တဲ့အပိုင်းတွေကို ရိုက်ကူးဖို့ ခက်သွားလိမ့်မယ်”
[
ကျုံက လူတိုင်းကိုနောက်ကျအောင်လုပ်နေတာပဲ၊ သူနဲ့အတူခရီးသွားရတာ
စိတ်ကုန်ချင်စရာပဲ]
[ငါအချိန်မလေးစားတဲ့သူတွေကို မကြိုက်ဘူး၊ လူတိုင်း ခရီးသွားဖို့
အစီအစဉ်ရှိနေတာတောင် သူတစ်ယောက်တည်းကြောင့် လူတိုင်းနှောင့်နှေးရတယ်]
[၈ နာရီမှလူစုမှာမဟုတ်ဘူးလား၊ အချိန်လိုသေးတယ်လေ]
[စောပြင်ထားရမှာ လူ့ကျင့်ဝတ်ပဲလေ၊ ကျုံက အခြေခံ
လူကျင့်ဝတ်လေးတောင် မရှိဘူး]
F
နိုင်ငံသားဖြစ်သော်လည်း တရုတ်စကားကျွမ်းကျင်သည့် လူးဝစ်မှာ
အနားတွင်ရပ်၍ ဧည့်သည်များအား မနက်စာ စားတော့မလား ဟု မေးလိုက်သည်။
စားပွဲမှလာသည့် ဟင်းအနံ့များသည် မွှေးလွန်းသောကြောင့် ကျုံချင်းယွီနှင့်
ယန်ရှီကို မေ့သွားကာ စားပွဲတွင်ထိုင်လိုက်ကြသည်။
ချင်းလီ ပြောလိုက်သည်။
“
ငါအရင်က ရိုက်ခဲ့ဖူးတဲ့ ရသစုံရှိုးတွေက စိတ်ပျက်ဖို့ကောင်းတယ်၊
အဲရှိုးတွေမှာ ငါတို့လို ဧည့်သည်တွေကို မနက်စာမကျွေးဘူးလေ၊ ဒါရိုက်တာ ယွီက
တကယ်စဉ်းစားပေးတက်တာပဲ”
“ဒါပေါ့” ရဲ့လော့ယီသည်
ပေါင်မုန့်မီးကင်ပေါ်တွင် ထောပတ်သုတ်နေရင်းဖြင့် ထောက်ခံလိုက်သည်။
“ရိုက်ကူးရေးအဖွဲ့က ကိုယ့်ခရီးစဥ်ကို
ကိုယ့်ဘာသာကိုယ်စီစဉ်လို့ပြောတော့ အစားအသောက်ကိုလည်း ကိုယ့်ဘာသာကိုယ်စီစဉ်ရမယ်လို့
ထင်နေတာ”
ဆုလင်းလင်း သူမခွက်ထဲသို့ ကော်ဖီငဲ့ထည့်ပြီးနောက် သူမ၏
ရှုပ်ထွေးနေသောစိတ်များ ပြောလျော့သွားသည်။
“ဒီကော်ဖီကသိပ်ကောင်းတာပဲ၊လေယာဉ်ပေါ်က ကော်ဖီထက်တောင်
ကောင်းသေးတယ်”
ဒါရိုက်တာယွီ ဧည့်ခန်းထဲသို့ ဝင်လာသည့်အခါ ဧည့်သည်များ၏
ချီးကျူးစကားအားကြားစဥ် အနည်းငယ်ရှက်နေသည်။
ဒါရိုက်တာယွီ ခေါင်းကုတ်ပြီး
“ဒီ မိုတယ်အသေးစားလေးက ရိုက်ကူးရေးအဖွဲ့တွေ စီစဉ်ပေးတာပါ”
ထို့အပြင် ရသစုံရှိုးဖြစ်သည့်အတွက် ဧည့်သည်များ စုဝေးရန်
နေရာသည် အရေးကြီးသောကြောင့်ဖြစ်သည်။
”ဒါပေမယ့် ဒီမနက်စာတွေကတော့ မစ္စတာကျုံ စီစဉ်ပေးထားတာပါ”