အပိုင်း ၄၄
Viewers 15k

Chapter 44


နောက်ဆုံးတွင် ဖုန်းယောက်ချင်းတစ်ယောက် စုယွိင်လုံကို မွေးနေ့ပွဲအတူမခေါ်သွားနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ(မ) စုယွိင်လုံ၏ သမီးဖြစ်သူကို သွားကြိုသည့်အချိန်တွင် အသေးစားမတော်တဆလေးတစ်ခုဖြစ်သွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ(မ)ဆင်ခြေပေးပြီး အရင်ဆုံးထွက်လာခဲ့သည်။


 "ဟုတ်ကဲ့....ကျွန်တော်သိပါပြီ ဆရာမ"


သူ့သမီးကိုကျောင်းအထိလာကြိုပြီး အံ့သြသွားစေရန် ယနေ့မှ ပေါက်ပေါက်ရှာရှာ စိတ်ကူးရလာကာ အစီအစဥ်ဆွဲလိုက်ခြင်းပင်။ ယွီချင်းက လွန်ခဲ့သောနှစ်ရက်လုံးလုံး ကျောင်းမသွားသည်ကို စုယွိင်လုံသိသည်။


သူ(မ)အတန်းဖော်များ၏အပြောအရ သူ(မ)က လဝက်ခန့် အားလပ်ရက်ယူခဲ့ပုံရသည်။ အချို့ကလေးများ၏မိဘများက လူကိုယ်တိုင်လာပြီးခွင့်ရက်လာတောင်းကြသည်။ ယွီချင်းကလည်း ဤနှစ်ဝက်စာမေးပွဲကြီးတွင် ပထမရခဲ့သောကြောင့် ခွင့်ယူရန်အတွက် ကျောင်းအုပ်ကြီးက ကြည်ကြည်သာသာခွင့်ပြုခဲ့ခြင်းဖြစ်သည်။


စုယွိင်လုံ ကားထဲတွင်ထိုင်ကာ ယွီချင်း၏ကျောင်းအုပ်ကြီးပြောခဲ့သောစကားကို 


စဥ်းစားနေမိသည်။ သို့သော် သူ့စိတ်မှာ အချိန်အတန်ကြာအောင် ဆောက်တည်ရာမရဖြစ်နေသည်။ သူကအရည်အချင်း မပြည့်မီသော ဖခင်တစ်ဦးဟု တွေးနေမိသည်။ ထိုသို့မဟုတ်လျှင် သမီးဖြစ်သူက ရက်ပေါင်းများစွာ ကျောင်းပျက်နေသည်ကို မည်သို့သောဖခင်မျိုးက သတိမထားမိပဲ နေနိုင်လိမ့်မည်နည်း။


စုယွိင်လုံက အသက်ပြင်းပြင်းရှုလိုက်ပြီး နောက်ဆုံးတွင် စုယွီချင်းနှင့် သူ(မ)၏အဒေါ်ကို ခေါ်လိုက်သည်။


"ယွီချင်းကျောင်းမှာရက်ရှည်ခွင့်ယူလို့ရအောင် နင်ကူညီခဲ့သေးလား"။ စုယွိင်လုံ မေးလိုက်သည်။


"ဟုတ်ပါတယ်....ခဲအို....ဘာဖြစ်လို့လဲ?"။


"အဲ့ကိစ္စငါ့ကိုအရင်က ဘာလို့တစ်ယောက်မှလာမပြောကြတာလဲ....ယွီချင်းကဘာလုပ်ဖို့ခွင့်ယူရတာလဲ....သူအခုဘယ်မှာလဲ"။ သူ့ကိုနှစ်ယောက်ပေါင်းပြီးအကြောင်ရိုက်သွားသောကြောင့် 


စုယွိင်လုံတစ်ယောက်ဒေါသထွက်နေရုံသာမကသူ့သမီး၏လုံခြုံဘေးကင်းမှုအတွက် စိတ်ပူနေမိသည်။  


သမီးဖြစ်သူယွီချင်း မည်သည့်နေရာတွင်ရှိနေမှန်း ၊ ဘာလုပ်နေမှန်း သူမသိပေ။ အန္တရာယ်ရှိနေလျှင်တောင် သူမသိနိုင်ပေ။


"ခဲအို....စိတ်မပူပါနဲ့....ယွီချင်းက လောလောဆယ်ရိုက်ကူးရေးအဖွဲ့တစ်ခုမှာ ရုပ်ရှင်ရိုက်နေတာပါ....ခဲအိုသဘောမတူမှာစိုးလို့ ကလေးက ကျွန်မကိုလျှို့ဝှက်ထားခိုင်းတာပါ"။ တစ်ဖက်တွင်ဖုန်းပြောနေသော လန်ချူဝမ်လည်း စုယွိင်လုံစိတ်ပူနေသည်ကို တွေးမိပုံရသည်။ ကလေး၏အဖေအရင်းဖြစ်သူကို ကြိုမပြောထားသော်လည်း မည်သို့ပင်ဖြစ်စေ နောက်ပိုင်းတွင်ဖုံးကွယ်ထားသမျှ အကုန်ပေါ်လာမည်ပင်။


"ယွီချင်းလေးက ရုပ်ရှင်ရိုက်ရတာကိုသဘောကျတယ်....အရင်တစ်ခေါက်တုန်းက ရိုက်ကူးရေးအဖွဲ့ကိုသူကိုယ်တိုင်သွားပြီး ဇာတ်ကောင်နေရာတစ်ခုမှာ သရုပ်ဆောင်ခွင့်ရဖို့ပြောခဲ့တာ....သူကခဲအိုကိုမပြောပြထားတာမလို့ စာချုပ်ချုပ်ဖို့ အုပ်ထိန်းသူလိုတော့....အဒေါ်ဖြစ်တဲ့ကျွန်မက လက်မှတ်ထိုးပေးခဲ့တာပါ"။


လန်ချူဝမ်လည်း အလွန်ရှုပ်ထွေးနေခဲ့သည်။ သူ(မ)အစ်မဖြစ်သူ ချန်ရစ်ထားခဲ့သောကလေးလေးက လိမ္မာသောတူမလေးတစ်ယောက်ဖြစ်သည်။ ထိုကလေးလေးက သူ(မ)ကို အကူအညီလာတောင်းသောအခါ မငြင်းနိုင်ခဲ့ပေ။


ခဲအိုက ယွီချင်းရုပ်ရှင်ရိုက်လျှင်သဘောတူမည်မဟုတ်သည်ကို သူ(မ)သိသည်။ သို့သော် တူမလေးက ရုပ်ရှင်ရိုက်ရန် အလွန်စိတ်အားထက်သန်နေခဲ့သည်။ ထို့ကြောင့် သူ(မ)လျှို့ဝှက်ကာ ကူညီပေးခဲ့သည်။ သို့သော် ကြာကြာမဖုံးထားနိုင်ခဲ့ချေ။


ထိုအကြောင်းကိုကြားသောအခါ လွန်ခဲ့သောလက လန်ချူဝမ်က ယွီချင်းအား သူ(မ)အိမ်တွင်တစ်ပတ်ခန့်ခေါ်နေမည်ဟုပြောခဲ့သည်ကို စုယွိင်လုံရုတ်တရက်သတိရသွားသည်။ ထိုအချိန်တွင် သူက အလုပ်ကိစ္စဆွေးနွေးရင်းအလုပ်များနေခဲ့သဖြင့် ယွီချင်းအိမ်တွင်တစ်ယောက်တည်းပျင်းနေလိမ့်မည်ဟုတွေးကာ ဂရုမစိုက်ခဲ့ပေ။


ထိုအချိန်တည်းက ယွီချင်းက သူ့ကွယ်ရာတွင် ရုပ်ရှင်စတင်ရိုက်ကူးနေခဲ့ပုံရသည်။


သမီးဖြစ်သူကို သူလုံးဝနားမလည်ခဲ့မှန်း စုယွိင်လုံခံစားလိုက်ရသည်။


ဆွေ့ဆွေ့ကို ချင်းဖျော်ဖြေရေးနှင့်စာချုပ်ချုပ်ပေးရန် နောက်ဆုံးတွင် ဖုန်းယောက်ချင်းရွေးချယ်ဆုံးဖြတ်လိုက်သည်။


လုယွင်ကျီ၏ အလုပ်လုပ်နိုင်စွမ်းကလည်း အလွန်မြင့်သည်။ စာချုပ်ချုပ်ပြီးနောက်မနက်တွင် လုယွင်ကျီက ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့ကို မဂ္ဂဇင်းဓာတ်ပုံအတူတွဲရိုက်ရန်အတွက် စီစဥ်ပေးသည်။


ကုဆွေ့ဆွေ့က ယခင်က ကလေးအဝတခအစားကြော်ငြာမော်ဒယ်တစ်ယောက်ဖြစ်ခဲ့ကြောင်း ဖုန်းယောက်ချင်းထံမှ လုယွင်ကျီသိခဲ့ရသည်။ ထို့ကြောင့် မဂ္ဂဇင်းပုံများ ကြော်ငြာပုံများကို ဆွေ့ဆွေ့က အလွယ်တကူရိုက်ကူးနိုင်ခြင်းဖြစ်သည်။


စာချုပ်ချုပ်ပြီးနောက် ပထမဆုံးအလုပ်ကိုစီစဥ်ထားပြီးသားဖြစ်သော်လည်း ဆွေ့ဆွေ့အတွက် လက်ထောက်ကိုမရွေးရသေးချေ။ မည်သို့ပင်ဆိုစေ ဘက်စုံသင့်တော်သော လက်ထောက်ကိုရွေးချယ်ရန်မှာ ခက်ခဲလှသည်။


လုယွင်ကျီ၏စိတ်ထဲတွင် ကြိုစဥ်းစားထားလိုက်သည်။ ဆွေ့ဆွေ့၏လက်ထောက်က ကလေးများအပေါ်စိတ်ရှည်သည်းခံတတ်သော အသက်နှစ်ဆယ်ကျော် သုံးဆယ်ပတ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ယောက်ဖြစ်ရမည်။


ဆွေ့ဆွေ့အတွက် လက်ထောက်ရှာမတွေ့သေးသောကြောင့် ခဲ့ကျင်းယန်၏လက်ထောက်ကို ယာယီကြည့်ထားခိုင်းရသည်။


"မစ္စတာလု....ကလေးကိုအရင်သွားမခေါ်ပဲနဲ့ ကျွန်တော့်ကို ဘာလို့အစောကြီးအရင်လာနိုးရတာလဲ...."။ ကားနောက်ခန်းတွင်ထိုင်နေသော ခဲ့ကျင်းယန်က သမ်းဝေရင်းပြောလာသည်။


သူ့ကိုအရင်လာမခေါ်ပဲ ကလေးကိုသွားခေါ်လျှင် နောက်နာရီဝက်ခန့် အိပ်ရန်အချိန်ရသေးသည်။


လုယွင်ကျီက "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုး၏ တတိယအပိုင်းရိုက်ကူးရေးအတွက် ခရီးစဥ်ကို လှန်လှောကြည့်လိုက်ရင်း ပြောလာသည်။ "မင်းကငယ်တော့တာလည်း မဟုတ်ပဲနဲ့......အိပ်ချင်နေသေးတာလား.....ကလေးငယ်ကိုပဲ ပေးအိပ်လိုက်စမ်းပါ....မင်းလိုလူကြီးက ကားပေါ်မှာပဲ တစ်ရေးတစ်မောအိပ်လို့ရတာပဲ....အစောကြီးမထနိုင်တာလဲမပြောနဲ့....ညနက်တဲ့အထိ ဂိမ်းတွေဆော့နေပြီးတော့"။


ခဲ့ကျင်းယန်က နေ့တိုင်းလိုလို ညနက်သည်အထိ ဂိမ်းဆော့တတ်သော အကျင့်ဆိုးရှိသည်။ ထိုအကျင့်ကိုပြင်ရန် လုယွင်ကျီက အကြိမ်ပေါင်းများစွာပြောလေ့ရှိသော်လည်း ဘယ်သောအခါမှ နားမထောင်ခဲ့ချေ။


ခဲ့ကျင်းယန်: "အင်းလေ....ထားပါတော့....သူအိပ်ပါ့စေ....ဘယ်လိုပဲဖြစ်ဖြစ်....ကားထဲမှာ ထိုင်ရတာလည်း သက်တောင့်သက်သာရှိပါတယ်"။


နာရီဝက်ခန့်ကြာပြီးနောက် သူတို့ကားလေးက ကုဆွေ့ဆွေ့တို့ အိမ်ရှေ့တွင် ထိုးရပ်သွားသည်။


လုယွင်ကျီက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့


ကြည့်လိုက်ပြီး မနေနိုင်မထိုင်နိုင်ပဲ မျက်မှောင်ကြုတ်လိုက်မိသည်။ ကုဆွေ့ဆွေ့တို့သားအမိကို အိမ်ပြောင်းရန် သူကူညီပေးရမည့်ပုံပေါ်သည်။ ယခုရပ်ကွက်၏ပတ်ဝန်းကျင်နှင့်လုံခြုံရေးမှာ စိတ်မချရပေ။


ယခုလက်ရှိတွင် ဆွေ့ဆွေ့ကနာမည်မကြီးသေးသည့်အပြင် ကလေးအရွယ်သာရှိသေးသောကြောင့် သွားလေရာရာတကောက်ကောက်လိုက်နေမည့် ပရိသတ်များနှင့်ပါပါရာဇီများကို စိတ်ပူစရာမလိုသေးပေ။ သို့သော် သူ(မ)အရွယ်ရောက်ပြီး နာမည်ကြီးလာချိန်တွင် စိုးရိမ်စရာကိစ္စတစ်ရပ်ဖြစ်လာပေလိမ့်မည်။


ပါပါရာဇီကဲ့သို့သော တရားမဝင်သတင်းထောက်များက နေရာတကာနောက်ယောင်ခံလိုက်တတ်ကြသည်။ နာမည်ကြီးလာလေလေ အန္တရာယ်ပိုများလေလေပင်။ ဤသို့သော် အိုဟောင်းနေသည့်ရပ်ကွက်တွင် ဆက်နေနေပါက တစ်စက်ကလေးမှ ငြိမ်းငြိမ်းချမ်းချမ်းနေရမည်မဟုတ်ပေ။


ဖုန်းယောက်ချင်းက ကိုယ်စားလှယ်ဖြစ်သော လုယွင်ကျီ၏အားထုတ်မှုကြောင့်သာ ချင်းဖျော်ဖြေရေးနှင့်စာချုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။


လုယွင်ကျီက ကုဆွေ့ဆွေ့တက်ရမည့်ကျောင်း


နှင့်ပတ်သတ်၍ အချက်အလက်များထုတ်ပေးလာတည်းက အလွန်ယုံကြည်စိတ်ချရသော ကိုယ်စားလှယ်ဖြစ်လိမ့်မည်ဟု ဖုန်းယောက်ချင်းခံစားမိသည်။ ထို့ကြောင့် သူ(မ)စိတ်မပြောင်းသွားခင်တွင် အမြန်စာချုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။


"မေမေ....တာ့တာ"။ ကုဆွေ့ဆွေ့၏ ဝါကျင့်ကျင့်မျက်လုံးလှလှလေးများတွင် မျှော်လင့်ချက်များပြည့်လျှမ်းနေပြီး ခေါင်းလေးမော့ကာ သူ(မ)၏မိခင်ကို နှုတ်ဆက်လိုက်သည်။


ဖုန်းယောက်ချင်းက ပြုံးလိုက်ပြီး ကားထဲမပို့မီတွင် ကိုယ်ကိုညွှတ်ကိုင်းကာ ကလေးငယ်လေး၏ပါးမို့မို့လေးကို ငုံ့နမ်းလိုက်သည်။


ကားစက်နှိုးလိုက်ပြီးနောက် နောက်ခန်းထဲတွင် ထိုင်နေသော ကလေးငယ်နှင့်ကလေးကြီးနှစ်ယောက်ကိုကြည့်ရင်း ရွှေရောင်မှန်ကိုင်းကိုပင့်တင်ကာ လုယွင်ကျီပြုံးလိုက်မိသည်။ "အခုကနေစပြီး....မင်းတို့နှစ်ယောက်က မောင်နှမတွေပဲ....တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေကြနော်"။


ကိုယ်စားလှယ်ကြီးထံမှ နောက်တောက်တောက်စကားလေးကိုကြားလိုက်ရချိန်တွင် ခဲ့ကျက်းယန်၏မျက်နှာအမူအရာမှာ ရှုံ့တွသွားတော့သည်။


မောင်နှမတဲ့လား။ သူနှင့်ကုဆွေ့ဆွေ့က အသက်အရမ်းကွာသည်လေ။


လုယွင်ကျီ၏လုပ်ပိုင်ခွင့်က အလွန်ကြီးမားသည်။ လွန်ခဲ့သည့်အပတ်က ဆွေ့ဆွေ့နှင့်စာချုပ်ချုပ်လိုကြောင်းဆုံးဖြတ်လိုက်ပြီးနောက် ယခုအပတ်တွင် ချက်ချင်းစာချုပ်ချုပ်နိုင်ခဲ့သည်။


တစ်ဖက်တွင် မောင်နှမဟူသောစကားလုံးကို ကြားလိုက်ရသောအခါ ကုဆွေ့ဆွေ့အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။ ခဲ့ကျင်းယန်တွင် ခေါ်စရာနာမည်များလွန်းသည်ဟုပင် သူ(မ)တွေးလိုက်မိသည်။ ဖေဖေဟုခေါ်ရမည်လား သို့မဟုတ် ကိုကိုဟုပဲခေါ်ရမည်လား။ ဆွေ့ဆွေ့တွေးရင်းတွေးရင်း စိတ်ရှုပ်လာသည်။


ခဲ့ကျင်းယန်စိတ်ထဲတွင် မကျေမနပ်ပြောလိုက်ရင်း "ညီမငယ်လေး" ဆွေ့ဆွေ့ဟုသာ သတ်မှတ်လိုက်သည်။


"တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီး မထွက်လာခင် ဆွေ့ဆွေ့၏အစ်ကိုနေရာတွင် သူအသိအမှတ်ပြုခံချင်မိသည်။ 


ထိုနေ့က ခဲ့ကျင်းယန် ဝေဘိုတွင် ကောမန့်တစ်ခုကိုတွေ့လိုက်မိသည်။ ထိုအကြောင်းစဥ်းစားလေလေ သူဒေါသထွက်လာရလေလေဖြစ်သည်။ ကောမန့်တွင် ပရိသတ်များက သူနှင့်ဆွေ့ဆွေ့ထက် လုချီနှင့်ဆွေ့ဆွေ့ကို မောင်နှမနေရာတွင် ပိုမျှော်ကြသည်ဟု ပြောထားခြင်းဖြစ်သည်။


ယခုမူ ဆွေ့ဆွေ့ကသူနှင့် မဂ္ဂဇင်းဓာတ်ပုံအတူရိုက်ကူးရမည်သာမကရသစုံရှိုးရိုက်ကူးရန်လည်း ရှိသေးသည်။ မည်သူက ဆွေ့ဆွေ့၏အစ်ကိုနေရာတွင် ပို၍လိုက်ဖက်မည်ကို ပရိသတ်များအား သူပြချင်ပါသေးသည်။


စတူဒီယိုသို့ရောက်သောအခါ ဆွေ့ဆွေ့ကို အခြားအဝတ်လဲခန်းသို့ခေါ်သွားပေးရန် လုယွင်ကျီက လက်ထောက်အားအကူအညီတောင်းလိုက်သည်။ ထိုအဝတ်လဲခန်းတွင် မဂ္ဂဇင်းဓာတ်ပုံရိုက်ကူးရေးအတွက် အဝတ်အစားဆင်ပေးသူများနှင့်မိတ်ကပ်ဆရာများအားလုံး အဆင်သင့်ဖြစ်နေကြသည်။ ခဲ့ကျင်းယန်က ဇီဇာကြောင်လွန်းသောကြောင့် သူ့ကိုယ်ပိုင်အဖွဲ့


နှင့်ပင် ရိုက်ကူးရေးအတွက်ပြင်ဆင်သည်။


ကုဆွေ့ဆွေ့က အဝတ်လဲခန်းရှိ ထိုင်ခုံပေါ်တွင် ထိုင်နေရင်း အခန်းထဲသို့ဝင်လာသော အဒေါ်ကြီးက သူ(မ)အားစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအဒေါ်ကြီး၏ ထက်သန်သောအကြည့်ကို သူ(မ)ခံစားမိသည်။


ထူးဆန်းသောအဒေါ်ကြီးပင်။ အလွန်ရှုပ်ထွေးသောခံစားချက်မျိုးဖြင့် သူ(မ)ကို စိုက်ကြည့်နေခြင်းဖြစ်သည်။


ထိုအဒေါ်ကြီး၏ယခုလက်ရှိစိတ်ခံစားချက်များမှာ စိတ်လှုပ်ရှားမှုများလည်းပါသလို ပျော်ရွှင်ဝမ်းသာမှုလည်းပါသည်။ တစ်ချိန်တည်းတွင် ရောထွေးနေသောခံစားချက်များကြောင့် သူ(မ)ပင် နားမလည်နိုင်တော့ပေ။


သို့သော် ကုဆွေ့ဆွေ့မသိလိုက်သည်က သူ(မ)ကိုအဝတ်အစားဆင်ပေးမည့်သူမှာ သူ(မ)၏ပရိသတ်အဖွဲ့ ဒုတိယခေါင်းဆောင်ဖြစ်သည်။


ဆွေ့ဆွေ့ကိုလူကိုယ်တိုင်တွေ့လိုက်ရသော


ကြောင့် လွီလီပျော်နေမိသည်။


ဆွေ့ဆွေ့လေးက ဓာတ်ပုံထဲကထက် အပြင်မှာ ပို၍ချစ်ဖို့ကောင်းပြီး နူးညံ့သည့်အသွင်ရှိသည်။ လူတိုင်းမနာလိုပြီးအားကျသွားရအောင် ဆွေ့ဆွေ့နှင့်အတူတွဲရိုက်ပြီး ဝေဘိုတွင် သူ(မ)ပုံတင်လိုက်ချင်သည်။


လတ်တလောတွင် ဆွေ့ဆွေ့က ဝေဘိုတွင်မည်


သည့်ပုံမှမတင်သောကြောင့် အပြင်မှာရုတ်တရက်တွေ့လိုက်ရသောအခါ သူ(မ)ရူးမတတ်ပင်ဖြစ်သွားရသည်။


သို့သော်မထက်မှတ်ထားပဲ ယနေ့သူ(မ)၏အလုပ်တွင် ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့တို့က မဂ္ဂဇင်းဓာတ်ပုံရိုက်ရန်အတွက် အတူလာကြသည်။


အိုင်ဒေါပေါက်စလေးကိုတွေ့လိုက်ရသော


ကြောင့် သူ(မ)၏စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံးတည်ငြိမ်စေလိုက်ပြီး အခြားမိတ်ကပ်ဆရာတစ်ဦးနှင့်အတူ ပေါက်စလေးအား စတင်ပြင်ဆင်ပေးတော့သည်။


လွီလီက ဆွေ့ဆွေ့၏ဆံပင်ကို နှစ်ဖက်ခွဲကာ ကျွမ်းကျင်စွာဖြင့် ကျစ်ဆံမြီးကျစ်ပေးလိုက်ပြီး ဆံထိုးလေးဖြင့်အလှဆင်ပေးလိုက်သည်။ ထို့နောက် လက်ကျန်ဆံနွယ်များကို ပခုံးတစ်လျှောက် သဘာဝကျကျချထားပေးလိုက်သည်။


ဆွေ့ဆွေ့၏ထိုဆံပင်ပုံစံက အလွန်ကြည့်ကောင်းပြီး ရိုက်ကူးမည့်မဂ္ဂဇင်းဓာတ်ပုံ၏ အာဘော်နှင့်လည်း ကိုက်ညီသည်။


ဆွေ့ဆွေ့အတွက်မဂ္ဂဇင်းဓာတ်ပုံအဖွဲ့မှပြင်ဆင်ပေးထားသော အဝတ်အစားများမှာ ဒီဇိုင်းမြင့်မော်ဒယ်လျှောက်လမ်းတွင်ဝတ်ဆင်သော ကလေးအဝတ်အစားဒီဇိုင်းများဖြစ်သည်။ အလွန်လှပသိမ်မွေ့သော မျက်နှာပေါက်ရှိသည့်ကုဆွေ့ဆွေ့က မိတ်ကပ်နှင့်ဆံပင်ပြင်ဆင်အပြီး လက်မှုပန်းထိုးများပါဝင်သည့် အဆင်မြင့်ဖက်ရှင်ကျကျ ဝတ်စုံကိုဝတ်ဆင်လိုက်သောအခါ လူတိုင်းကိုမှင်တက်သွားစေနိုင်သည်။


ဘေးတွင်ကြည့်နေသော လွီလီတစ်ယောက် ဝတ်စားထားသောပေါက်စလေးကိုမြင်သောအခါ ကြက်သေသေသွားသည်။


ယခုဝတ်စုံက "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးတွင်ဝတ်ဆင်ခဲ့သော မင်းသမီးလေးဝတ်စုံထက်အဆပေါင်းများစွာ ဆွေ့ဆွေ့နှင့်ပို၍ လိုက်ဖက်သည်။


မဂ္ဂဇင်းထွက်လာသည်နှင့် သူ(မ)သေချာပေါက် ဆယ်အုပ်လောက်ဝယ်စုထားမည်ဖြစ်သည်။


ဟင့်အင်း....တစ်ခါတည်းအအုပ်နှစ်ဆယ်လောက် ဝယ်လိုက်လျှင်ကောင်းမည်လား။


Xxxxxxxxxx