အပိုင်း ၄၇
Viewers 15k

Chapter 47


အလုပ်များကိုလက်စသတ်ပြီးနောက် လုယွင်ကျီတစ်ယောက် ကြောက်လန့်နေသောကုဆွေ့ဆွေ့ကိုအရင်ဆုံးအိမ်ပြန်ပို့လိုက်ပြီး ခဲ့ကျင်းယန်ကို ကားထဲတွင် ဆုံးမတော့သည်။


"ဒီနေ့ဖြစ်သွားတာ ဘယ်လောက်အန္တရာယ်များလဲ မင်းသိရဲ့လား....စုပြုံနေတဲ့ လူတွေကနေတွန်းလိုက်လို့ ကြမ်းပြင်ပေါ်ကလေးရော မင်းရောလဲကျသွားရင် ဘယ်လိုလုပ်မလဲ"။


"ကျွန်တော် ဆွေ့ဆွေ့ကိုမလဲသွားအောင် ပွေ့ထားတာပဲလေ....ပရိသတ်တွေပြုံပြီးလိုက်တာမျိုး ကျွန်တော် ခဏခဏကြုံခဲ့ဖူးလို့ အတွေ့အကြုံရှိပါတယ်"။


လုယွင်ကျီက ရွှေရောင်မျက်မှန်ကိုင်းကို အပေါ်သို့အသာအယာတွန်းတင်လိုက်ပြီး အသံတိုးတိုးဖြင့်ပြောလာသည်။ "ဒီလိုမျိုး နောက်ထပ်မဖြစ်စေနဲ့.....မင်းကလူကြီးမလို့ လူများတဲ့နေရာတွေကို သွားချင်ရင်တစ်ယောက်တည်းသွား....ကုဆွေ့ဆွေ့ကို မခေါ်သွားနဲ့....သူက ငယ်သေးတယ်.....မင်းရဲ့ပရိသတ်တွေကြောင့် သူတော်တော်လန့်သွားတာ သိရဲ့လား"။


ကံကောင်းသည်က ယနေ့မတော်တဆမှုကြောင့် ကြီးကြီးမားမားမဖြစ်ပျက်သွားပေ။ ကိုယ်စားလှယ်ဖြစ်သောသူကိုယ်တိုင်လည်း တာဝန်ရှိပါသည်။ ကလေးငယ်၏ပူဆာမှုကို သူမလိုက်လျောပေးခဲ့သင့်ပေ။ သူသာ ထိုကလေးနှစ်ယောက်ကို အလိုမလိုက်ခဲ့လျှင် ယနေ့လို မတော်တဆမှုမျိုးဖြစ်လာမည်မဟုတ်ပေ။


လုယွင်ကျီ၏စကားကို အမြဲကလန်ကဆန်လုပ်တတ်သော ခဲ့ကျင်းယန်တစ်ယောက် ဤတစ်ခေါက်တွင်တော့ လေသံဖျော့ဖျော့ဖြင့်ပြောလာသည်။ "ကျွန်တော်သိပါပြီ.....ဆွေ့ဆွေ့ကို လူများတဲ့နေရာတွေဆီ ဘာ်တော့မှခေါ်မသွားတော့ပါဘူး"။


သူသာတစ်ယောက်တည်းရှိနေလျှင် မိန်းကလေးပရိသတ်များလည်း သူ့ကိုသတိမထားမိနိုင်ချေ။ ကလေးပါလျှက်နှင့် သူလုပ်ချင်ရာဇွတ်လုပ်မိသောကြောင့် သူ့အမှားမှန်းသူသိသည်။ တစ်ခုခုသာဖြစ်သွားခဲ့လျှင် ကိုယ်စားလှယ်နှင့်ကလေးအမေကို မည်သို့ရှင်းပြရမည်မှန်းသူမသိချေ။


သူ့အမှားကိုသူ စိတ်မသက်မသာနှင့်ဝန်ခံလာသော ခဲ့ကျင်းယန်ကို လုယွင်ကျီကြည့်နေမိသည်။ ယခင်က အမှားလုပ်တိုင်း သူပြောသောစကားများကို ဘယ်သောအခါမှနားမထောင်သလို ပေါ့ပျက်ပျက်သဘောထားခဲ့သော ကောင်လေးက ယခုတစ်ခေါက်တွင်တော့ အနည်းငယ်တိုးတက်လာသည်ဟု ဆိုရမည်။


မည်သူကများ ဤအခြေအနေကို ကြိုတင်ပြီးသိလိမ့်မည်နည်း။ ယနေ့အခြေမနေကဲ့သို့ အနုပညာရှင်တိုင်းကြုံဖူးကြသည်။ စျေးဝယ်ထွက်သည်မှအစ လေဆိပ်သွားသည်အထိ နေကာမျက်မှန်နှင့်နှာခေါင်းစည်းက မရှိမဖြစ်လိုအပ်သောအရာများဖြစ်သည်။


အထူးသဖြင့် ခဲ့ကျင်းယန်ကဲ့သို့သော နာမည်ကြီးအကျော်အမော်တစ်ယောက်က ပရိသတ်များ၏အာရုံကို အလွယ်တကူဖမ်းစားနိုင်သည်။ အစွဲအလမ်းကြီးပြီးရူးလွန်းသောပရိသတ်များ


နှင့်ကြုံရလျှင် အလွန်ကြောက်စရာကောင်းလှသည်။ လေယာဥ်လက်မှတ် ၊ ဟိုတယ်လိပ်စာအထိ လိုက်စုံစမ်းတတ်ကြပြီး သွားလေရာရာကားနောက်အထိ နောက်ယောင်ခံလိုက်တတ်ကြသေးသည်။


"ငါဆွေ့ဆွေ့အမေကို အခြေအနေရှင်းပြပြီး.....


လန့်နေတဲ့ကလေးကို ချော့ခိုင်းလိုက်မယ်.....မင်းလည်းဒီနေ့ပြန်ပြီး ကောင်းကောင်းနားတော့ ဂိမ်းတွေဆော့ပြီး ညနက်တဲ့အထိမနေနဲ့....မနပ်ဖြန်ကျရင် ရသစုံရှိုးတတိယအပိုင်းရိုက်ကူးဖို့ ဝိုင်မြို့ကိုသွားရလိမ့်မယ်"။


သူ့လက်အောက်ရှိ အနုပညာရှင်နှစ်ယောက်က အချိုပွဲဆိုင်သို့သွားပြီး မုန့်စားခဲ့ရာမှ ပရိသတ်များသတိထားမိသွားပြီး အစုလိုက်အပြုံလိုက် လိုက်လာကြတော့သည်။ ထိုကိစ္စကြောင့် သူတို့၏တာဝန်ခံကိုယ်စားလှယ်ဖြစ်သည့် လုယွင်ကျီတစ်ယောက် အလုပ်ရှုပ်ရပေဦးမည်။


ထိုမတော်တဆမှုက ရေပန်းအစားဆုံးရှာဖွေမှုဖြစ်သွားခဲ့သည်။ ဖြစ်စဥ်တစ်ခုလုံးကို ဗွီဒီယိုရိုက်ထားမိသော ဖြတ်သွားဖြတ်လာများလည်းရှိသည်။ သတင်းပိုပြီးမပြန့်သွားခင် ဖုံးဖိနိုင်အောင် သူနည်းလမ်းရှာရမည်ဖြစ်သည်။


နောက်တစ်နေ့.....


စီနီယာကျလာပြီဖြစ်သော ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့နှစ်ယောက်လုံး ဝိုင်မြို့သို့လေယာဥ်တစ်စီးတည်းအတူစီးရန် မြို့တော်လေဆိပ်မှထွက်ခွာ


လာကြသည်။


ဝိုင်မြို့တော်မှာ ကျွန်းပေါင်းများစွာဖြင့် ပတ်လည်ဝန်းရံထားကာ တိုးတက်လာသောစီးပွားရေးနှင့် ခရီးသွားများကိုဆွဲဆောင်နိုင်


သည့် ပင်လယ်ကမ်းခြေမြို့လေးဖြစ်သည်။


"ပါပါးခဲ့....လက်နာနေသေးလား"။ ကုဆွေ့ဆွေ့က ခရီးသွားနေစဥ်အတွင်း တစ်ရေးတစ်မောအိပ်တတ်သောအကျင့်ရှိသည်။ သူ(မ)တစ်ရေးနိုးလာချိန်တွင် ခဲ့ကျင်းယန်လက်မောင်းပေါ်ရှိ ပတ်တီးဖြူဖြူကိုမြင်လိုက်ရသောကြောင့် မနေ့က အဖြစ်အပျက်ကိုရုတ်တရက် သတိရသွားသည်။


ယခုဒဏ်ရာမှာ ယခင်က ကျောင်းရန်ပွဲတွင် သူခံစားခဲ့ရသော ဒက်ရာများနှင့်နှိုင်းစာလျှင် အသေးအဖွဲမျှသာဖြစ်သည်။ သူ့အား စိတ်ပူ


သည့်အမူအရာဖြင့်ကြည့်နေသော ကလေးမလေးကိုကြည့်ပြီး ပြုံးလိုက်မိသည်။ ရယ်သွမ်းဟန်လေးဖြင့် ပြောလိုက်သည်။ "ကိုယ့်လက်ကနာနေသေးရင်.....ဆွေ့ဆွေ့က ဘာလုပ်ပေးမှာလဲ"။


ခဲ့ကျင်းယန်၏ စနောက်နေသောလေသံကို ကုဆွေ့ဆွေ့သတိမထားမိပဲ အမှန်တကယ်နာနေသည်ထင်ကာ ဒဏ်ရာပေါ်ကို ခပ်ဖွဖွလေးမှုတ်ပေးပြီး ညင်ညင်သာသာလေးပြောလာသည်။ "အဲဒါဆိုရင် နောက်ထပ်မနာတော့အောင် သမီးမှုတ်ပေးမယ်နော်"။


ခဲ့ကျင်းယန်က ဆွေ့ဆွေ့လေး၏ နူးညံ့သောဆံနွယ်များကို အသာအယာလေးပွတ်သပ်ပေးရင်း ပြောလာသည်။ "ရပြီ ကလေးလေး.....မှုတ်ပေးစရာမလိုတော့ဘူး.....ကိုယ့်လက်က အနာသက်သာသွားပြီ"။


ခဲ့ကျင်းယန်တစ်ယောက် သူ့လက်မှပတ်တီးကိုဖြည်လိုက်ပြီး သွေးတိတ်သွားသော ဒဏ်ရာကို ကုဆွေ့ဆွေ့အားပြလိုက်သည်။ 


 "ဒီမှာကြည့်.....တကယ်မနာတော့ဘူး"။


ကုဆွေ့ဆွေ့က ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွှတ်ပြီး အနီးကပ်ကြည့်လိုက်သောအခါမှ သွေးတိတ်နေသော ဒဏ်ရာကိုမြင်လိုက်ရသည်။ထိုအခါ ပြုံးယောင်သန်းပြီး ပျော်ရွှင်သွားဟန်ရှိသည်။


ယနေ့မှာ ဝိုင်မြို့တွင် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအစီအစဥ်၏တတိယအပိုင်းကို ရိုက်ကူးရမည်ဖြစ်သည်။


သို့သော် ယခက်အပိုင်းရိုက်ကူးရေးများနှင့်မတူပဲ သူတို့သားအဖနှစ်ယောက်နှစ်ယောက် ရိုက်ကွင်းနေရာသို့ရောက်လာချိန်တွင် အခြား


ဧည့်သည်လေးဖွဲ့ကိုမတွေ့ရချေ။


"ကျန်တဲ့သူတွေရော ဘယ်မှာလဲ"။ ရိုက်ကွင်းနေရာတစ်ခုလုံးတွင် ရိုက်ကူးရေးဝန်ထမ်းများ


နှင့်သူတို့နှစ်ဦးသာရှိပြီး အခြားဧည့်ငည်များပျောက်နေသည်ကို ခဲ့ကျင်းယန်တွေ့လိုက်ရသည်။ သူ့မျက်ခုံးများအလိုလိုတွန့်ချိုးသွားသည်။ အစီအစဥ်အဖွဲ့က ဘာတွေကြံစည်နေမှန်း သူမတွေးတတ်တော့ချေ။


ခါတိုင်းရိုက်ကူးရေးများတွင် မနက်ပိုင်းမှ စတင်ရိုက်ကူးကြတာများသည်။ သို့သော် ယခုတစ်ခေါက်တွင် ရိုက်ကူးရေးအဖွဲ့က သူတို့၏လေ


ယာဥ်လက်မှတ်များကို နေ့လည်ပိုင်းသို့ပြောင်းလဲစီစဥ်လိုက်သည်။ အစီအစဥ်အဖွဲ့က သူတို့ကို တမင်တကာလုပ်နေမှန်း ခဲ့ကျင်းယန်သတိထားမိသည်။ သို့သော် သူနှင့်ဆွေ့ဆွေ့ကိုသာ ဤကဲ့သို့စီစဥ်သည်လား အခြားသူများကိုပါလူစုခွဲလိုက်လား မပြောတတ်ပေ။


"ဆရာခဲ့....ဒါကရိုက်ကူးရေးအဖွဲ့ကနေပြီးတော့ ခင်ဗျားတို့အတွက်စီစဥ်ပေးထားတဲ့စပရိုက်စ်လေးပါ....ဆရာတို့နှစ်ယောက်တစ်နေရာကိုရောက်တာနဲ့ အကြောင်းစုံသိရမှာပါ"။


ဝန်ထမ်းပြောသောစကားကိုကြားလိုက်ရသောအခါ ခဲ့ကျင်းယန်တုံ့ဆိုင်းသွားသည်။


အံ့သြသွားအောင်ဒီလိုစီစဥ်တာတဲ့လား။


ကြောက်သွားအောင်ခြောက်နေတာတဲ့မဟုတ်ဘူးမလား။


အစပိုင်းတွင် သူရိုးရိုးရှင်းရှင်းသာ ခန့်မှန်းလိုက်ခြင်းဖြစ်သည်။ သို့သော်ဝန်ထမ်းများက အတည်ပေါက်နှင့်ပြောနေကြသောကြောင့် ခံကျင်းယန်လန့်လာမိသည်။


ဘေးတွင်ရှိနေသောကုဆွေ့ဆွေ့ကမူများများစားစားမတွေးချေ။ ကားထဲရောက်သည်နှင့် ပတ်ပတ်လည်ရှိပင်လယ်ကြီးကြောင့် သူ(မ)မှင်တက်သွားရသည်။ ပြတင်းပေါက်အစွန်းကိုမှီရင်း အပြင်ဘက်ရှိရှုခင်းကြီးကို မျက်တောင်မခတ်ပဲ ကြည့်နေသည်။ "ပါပါးခဲ့ရေ...ကြည့်ပါဦး....အပြင်ဘက်က ပင်လယ်ကြီးကလှလိုက်တာ"။


ရသစုံရှိုး၏တတိယအပိုင်းရိုက်ကူးရေးတည်နေရာမှာ ပင်လယ်ကမ်းခြေဘက်တွင်ဖြစ်သည်။ နေသာနေကာ ပင်လယ်လေညင်းလေးများကလည်း တိုက်ခတ်နေပြီး ပင်လယ်ပြင်ပေါ်တွင် မြောက်များစွာသော ပင်လယ်ဇင်ယော်များပျံဝဲနေသည်ကိုမြင်နိုင်သည်။


"အင်း....ငါတွေ့သားပဲ"။ ပင်လယ်ပြင်ကိုတအံ့တကြီးငေးမောနေသော ကလေးငယ်ကိုကြည့်ပြီး ခဲ့ကျင်းယန်ခေါင်းအသာခါလိုက်ကာ အခြေအနေများကို ခဏမျှဘေးဖယ်ထားပြီး ကားထဲတွင်ကလေးငယ်နှင့်အတူ သဘာဝကြီး၏အလှတရားအား တမေ့တမျောခံစားနေမိတော့သည်။


မည်သို့ပင်ဆိုစေ ရိုက်ကူးရေးအဖွဲ့က သူတို့နှစ်ဦးအားပစ်ထားတာတော့မဖြစ်နိုင်။ သူတို့ဘေးကင်းကင်းနှင့်ရှိနေမှာဖြစ်သည်။ သုံးနှစ်အရွယ်ကလေးပင်စိတ်မပူသော်လည်း သူ့လိုအရွယ်ရောက်ပြီးအသိဥာဏ်ရင့်သန်သောလူကြီးတစ်ယောက်က အဘယ်ကြောင့်များစိတ်ပူနေရပါလိမ့်။


သောကြာနေ့ညရှစ်နာရီတွင် "ကလေးငယ်နှင့်အတူခရီးသွားခြင်း" ရသစုံရှိုး၏ပထမအပိုင်းကို ထုတ်လွှင့်မည်ဖြစ်သည်။ လူအတော်များများက အပိုင်းမလွှင့်မီကြိုတင်စောင့်မျှော်နေကြသည်။


သစ်သီးရသစုံရုပ်သံလှိုင်း၏ ရုပ်သံလွှင့်စက်က ပြဿနာတက်သွားသဖြင့် မူလပထမအပိုင်းကို နှစ်ပိုင်းခွဲပြီးထုတ်လွှင့်ရသည်။ ပထမအပိုင်း၏ အပိုင်းတစ်ကို သောကြာနေ့ညရှစ်နာရီတွင်ထုတ်လွှင့်ပြီး ပထမအပိုင်း၏အပိုင်းနှစ်ကို စနေနေ့ညရှစ်နာရီတွင်ထုတ်လွှင့်သွားမည်ဖြစ်သည်။ 


"ညစာစားပြီးတည်းက ငါတီဗွီရှေ့မှာထိုင်စောင့်နေခဲ့တာ....မြန်မြန်လွှင့်ပါတော့"။


"ဒီနေ့အပိုင်းက ကြာချိန်မိနစ်တစ်ရာလောက်ပဲရှိတာ....အရမ်းတိုတာပဲ....သစ်သီးရုပ်သံလှိုင်းက အပိုင်းတစ်ပိုင်းတည်းကို တစ်ခါတည်းလွှင့်ပေးလိုက်လို့မရဘူးလား"။


"အဲ့လောက်အချိန်တိုတိုလေးနဲ့ကြည့်ရတာမဝပါဘူးဟယ်....ပေါက်စလေးတွေကြောင့်သာမဟုတ်ရင် ကြည့်မနေဘူး"။


"ကလေးငယ်နှင့်အတူခရီးသွားခြင်း" ရသစုံရှိုး၏ရိုက်ကူးရေးအဖွဲ့လည်း ရေပန်းအစားဆုံးရှာဖွေမှုစာရင်းထဲဝင်နေသည်။ သောကြာနေ့လည်က ထုတ်ခွှင့်ခဲ့သောအကြိုရုပ်ရှင်ကလည်း စံချိန်အတော်မြင့်သည်။ သစ်သီးရုပ်သံမှထုတ်လွှင့်ခဲ့ဖူးသော ယခင်ရသစုံရှိုးအားလုံးထက် အောင်မြင်သည်ဟုဆိုရမည်။ ရုပ်မြင်သံကြားမှမဟုတ်ပဲ အွန်လိုင်းပေါ်မှကြည့်ရှုသူအရေအတွက်ကလည်း မနည်းမနောပင်။


စိတ်အားထက်သန်သောကြည့်ရှုသူအတော်များများမှာ ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့၏ပရိသတ်များဖြစ်သောကြောင့် အပိုင်းစစချင်းဇာတ်ဝင်ခန်းကို သူတို့နှစ်ဦးအားပေးရသည်။


ခဲ့ကျင်းယန်က သူ၏ငွေရောင်ဆံပင်ကို ဤတစ်ခေါက်တွက် အနက်ရောင်ပြန်ဆိုးထားသည်။ ဂျစ်ကန်ကန်ပုံစံပေါက်သော်လည်း ယခင်အတိုင်းချောမြဲချောဆဲပင်။ သုံးနှစ်အရွယ်ကလေးငယ်လေးကုဆွေ့ဆွေ့က သူနှင့်အတူရပ်နေသဖြင့် သူတို့နှစ်ဦး၏ အရပ်အမြင့်ကွာခြားချက်မှာ အလွန်သိသာလှသည်။


"ဆွေ့ဆွေ့ရဲ့ အဝါရောင်ဘဲပုံစံအဝတ်အိတ်လေးက ချစ်စရာကောင်းလိုက်တာ....ဘယ်မှာဝယ်လဲမသိဘူးနော်....ငါလည်းငါ့သားအတွက်ဝယ်ပေးချင်လို့....ဟားဟား"။


"ငါလည်းပေါက်စလေးကိုင်ထားတဲ့ အဝတ်အိတ်လေးနဲ့တစ်ပုံစံတည်းလိုချင်လိုက်တာနော်"။


"ဆွေ့ဆွေ့ကလေ အပန်းရောင်အရမ်းကြိုက်တယ်နဲ့တူတယ်....အရင်တစ်ခါကလည်းအပန်းရောင်ဝတ်စုံလေးဝတ်ထားသေးတယ်"။


"သုံးနှစ်အရွယ်မိန်းကလေးတွေက အပန်းရောင်မကြိုက်တာ ရှားပါတယ်"။


"သူတို့နှစ်ယောက်ကို သားအဖအနေနဲ့တွဲပေးလိုက်တာ တကယ်ကောင်းတယ်....အတူတူရပ်နေတာတောင် ချစ်စရာလေးတွေ"။


"မသိရင် တကယ့်အဖေနဲ့သမီးအတိုင်းပဲနော်"။


အကြိုရုပ်ရှင်ထုတ်လွှင့်ပြီးတည်းက ကုဆွေ့ဆွေ့၏ပရိသတ်များတစ်ဟုန်ထိုးတိုးလာခဲ့သည်။ အချို့က ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့က အပြစ်ပြောစရာမရှိအောင်ချစ်ဖို့ကောင်းပြီးလိုက်ဖက်လွန်းသည်ဟုပြောကြသော်လည်း အချို့ကမူ ဒေါသကြီးသည့်ခဲ့ကျင်းယန်ကြောင့် ကုဆွေ့ဆွေ့ကိုစိုးရိမ်ပေးနေကြသည်။


"လေယာဥ်ပေါ်မတက်ခင် အဝတ်အိတ်တွေကို ကျေးဇူးပြုပြီးဖွင့်ပေးပါ....လူကြီးတွေရဲ့ ဖုန်းတွေ ပိုက်ဆံအိတ်တွေရယ် ကလေးတွေရဲ့မုန့်တွေနဲ့အရုပ်တွေအကုန်လုံးကို သိမ်းပါမယ်....ဒီပစ္စည်းတွေကို ရိုက်ကူးရေးအဖွဲ့ဆီခဏတစ်ဖြုတ်လွှဲပေးထားပါမယ်....အားလုံးရဲ့ ပစ္စည်းတွေက သေသေချာချာသိမ်းထားပေးမှာပါ....စိတ်မပူကြပါနဲ့"။


ရိုက်ကူးရေးအဖွဲ့က ထိုသို့ပြောလိုက်သောအခါ ဧည့်သည်များအားလုံး၏ မျက်နှာအမူအရာနှင့်တုံ့ပြန်ချက်များကို ကင်မရာနှင့်အမိအရရိုက်ယူထားသည်။ လူကြီးငါးယောက်၏ မျက်နှာအမူအရာများက သာမာန်ပင်ဖြစ်သည်။ ဖုန်းနှင့်ပိုက်ဆံအိတ်များအသိမ်းခံရသည်ကသူတို့အတွက် ပြဿနာမရှိပေ။ သို့သော် မုန့်ထုပ်များ


နှင့်ကစားစရာအရုပ်များသိမ်းခံလိုက်ရသော ကလေးများအတွက်မူ အတော်လေးထိတ်လန့်သွားကြဟန်ရှိသည်။ ထိုအရာများက သူတို့အတွက် အရေးကြီးဆုံးအရာများမဟုတ်လား။


ကလေးငါးယောက်တွင် ချန်ချင်းယန်က အတည်ငြိမ်ဆုံးဖြစ်သည်။ ငြိမ်ငြိမ်လေးရပ်နေပြီးနောက် 


ပါလာသောအရုပ်နှင့်မုန့်များကို ထုတ်ကာရိုက်ကူးရေးအဖွဲ့ထံအပ်လိုက်ပြီး အခြားသူများအားနမူနာကောင်းပြလိုက်သည်။


"ချန်ချင်းယန်လေးက အရမ်းလိမ္မာပြီးသိတတ်တာပဲ.....အရင်တစ်ပတ်အကြိုရုပ်ရှင်မှာတုန်းက သူဒိုမီနိုဆက်တာကိုကြည့်ပြီး ငါ့အံ့သြသွားတယ်"။


"ဒီထဲမှာ ကျန်တဲ့ကလေးအဖေသုံးယောက်နဲ့ယှဥ်ရင် ချန်းရီအဖေက ကလေးထိန်းတာအတော်ဆုံးပဲ....တစ်ယောက်က ကလေးကိုခွေးနဲ့အတူလွှတ်ပြီး တစ်ရပ်ကွက်လုံးခွေးနောက်လိုက်ပြေးခိုင်းတယ်.....နောက်တစ်ယောက်က ကလေးကိုလမ်းရှာခိုင်းတယ်....ဟိုတစ်ယောက်ကတော့ ကလေးမုန့်ကိုဖြတ်လုတယ်....ဟုတ်နေတာပဲ"။


"ခဲ့ကျင်းယန်နဲ့လင်းယိုကတော့ ထားလိုက်ပါ....သူတို့က ကလေးအဖေအနေနဲ့ အတွေ့အကြုံမရှိသေးဘူး....ဒါပေမဲ့ချွီမင်းရှန်ကမမှားဘူးလေ....လမ်းကအဲ့လောက်ရှုပ်တာ...ငါဆိုလည်း ကားမောင်းရင် တစ်ခါတစ်လေ လမ်းမမှတ်မိတဲ့အချိန်တွေရှိတယ်.....အဲဒီအခါမှာ ငါ့သားကပဲ လမ်းမှတ်မိတာ....အဲဒါကြောင့် ကလေးကိုလမ်းရှာခိုင်းတဲ့ ချွီမင်းရှန်မမှားဘူး"။


ချန်ချင်းရီက သူ့မုန့်နှင့်အရုပ်များကို ရိုက်ကူးရေးအဖွဲ့ထံအပ်လိုက်ပြီးနောက် လင်းတုံတုံနှင့်ရွှီယွဲ့တို့လည်း သူတို့၏မုန့်ပဲသရေစာများနှင့်အရုပ်များကို သွားအပ်ကြသည်။


 တစ်ဖက်တွင်ကုဆွေ့ဆွေ့က ဖွင့်ထားသောသူ(မ)၏အဝါရောင်ဘဲရုပ်အဝတ်အိတ်လေးကို 


ညှိုးငယ်စွာဖြင့်ကြည့်နေသည်။ 


"စားစရာတွေအရုပ်တွေအသိမ်းခံရတော့မယ်ဆိုတော့ ပေါက်စလေးကဘယ်စိတ်ကောင်းပါ့မလဲ"။


"သူတိုဖြစ်သွားတဲ့ရုပ်လေးတွေက အရမ်းချစ်စရာကောင်းတယ်....ဟားဟားဟား"။


"အနောက်မှာရပ်နေတဲ့ ဘုရားဟူးကလေးအဖေ ခဲ့ကျင်းယန်ကိုလည်း ကြည့်လိုက်ကြပါဦး....ငါကလေးတုန်းက ချိုချဥ်ခိုးစားတာမိသွားလို့ အရိုက်ခံရတော့ ငါ့အစ်ကိုရဲ့ကျေနပ်အားရမေတဲ့ရုပ်အတိုင်းပဲ"။


ကုဆွေ့ဆွေ့က သူ(မ)၏နောက်ဆုံးလက်ကျန်အာလူးကြော်ထုတ်လေးကိုယူပြီး ရွှန်းရွှန်းတောက်နေသောမျက်လုံးဝိုင်းလေးများဖြင့်ပြောလာသည်။ "အန်တီ....သမီးဒီတစ်ထုပ်လေးပဲယူထားလို့မရဘူးလား....အများကြီးမယူပါဘူး....ဒီတစ်ထုပ်ပဲလေနော်"။


"ပေါက်စလေးချွဲနေတဲ့ပုံက သိဏ်ချစ်ဖို့ကောင်းတာပဲ.....ငါသာအဲ့ဝန်ထမ်းနေရာမှာသာဆိုရင် အာလူးကြော်ထုတ်မကလို့ဘာပဲဖြစ်ဖြစ် ကလေးကိုအကုန်ပေးယူလိုက်မှာ"။


"ငါ့ကလေးလေးကသနားဖို့ကောင်းလိုက်တာ.....အဲဒီအာလူးကြော်ထုပ်လေးကို ချန်ထားပေးလိုက်ပါ....နောက်ဆုံးအထုပ်ကလေးကို သိမ်းမနေနဲ့တော့လေ"။


နောက်ဇာတ်ဝင်ခန်းတစ်ခုတွင် ခဲ့ကျင်းယန်က "အခြားသူများကိုကူညီခြင်း" ဂိမ်းကစားရာတွင် 


ကလေးငယ်ကို မုန့်ထုပ်များသိမ်းထားသည့်နေရာသို့ တွန်းလွှတ်လိုက်ပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။ "အကြော်အလှော်တွေအများကြီးစားရင် ကလေးတွေအတွက်မကောင်းဘူး"။


"ဟ....ခဲ့ကျင်းယန်ရဲ့လှည့်ကွက်က လုံးဝပြီးပြည့်စုံတယ်....ဒါနဲ့အဲ့လိုတွန်းလွှတ်လိုက်တော့ ကလေးကငိုနေတော့မှာပဲ"။


"ခဲ့ကျင်းယန်က ကလေးကိုဘာလို့အမြဲတမ်းအနိုင်ကျင့်နေရတာလဲ....အရင်တစ်ခေါက်တုန်းကလည်း ကလေးမုန့်ကိုလုတယ်....အခုလည်းဒီလိုလုပ်ပြန်ပြီ"။


"ခဲ့ကျင်းယန်က မရင့်ကျက်သေးဘူးလို့ငါထင်တယ်....အရင်တစ်ခေါက် ဆွေ့ဆွေ့ဆီက မုန့်လုတုန်းကရော ဒီတစ်ခေါက်ကလေးမုန့်ကို ပစ်


ထည့်လိုက်တာကရော....ကလေးဆီကနေ သူအာရုံစိုက်ခံချင်နေတာပဲ"။


"ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့ရဲ့ ဆက်ဆံရေးလေးက ချစ်စရာကောင်းပါတယ်ဟယ်....ငါတော့ဘာပြဿနာမှမတွေ့ပါဘူး....အွန်လိုင်းပေါ်ကလူတွေက တစ်ခုခုဆိုရင် အစ်ကိုကျင်းယန်ကိုပဲ တိုက်ခိုက်ချင်နေကြတာ.....မနေ့က ဝေဘိုမှာတောင် အစ်ကိုကျင်းယန်က ဆွေ့ဆွေ့ကိုခေါ်ပြီးအချိုပွဲဆိုင်မှာလိုက်ကျွေးတဲ့ပုံတွေတက်လာသေးတာပဲမဟုတ်လား....သူတို့နှစ်ယောက်က ဆက်ဆံရေးကောင်းပါတယ်"။


တစ်ဖက်တွင် ငါးနှစ်အရွယ်ဟုန်းလင်းအာတစ်ယောက် သူ(မ)၏မုန့်နှင့်အရုပ်များအသိမ်းခံရမည်ဟုကြားသောအခါ အတော်လေးမပျော်မရွှင်ဖြစ်နေသည်။ သို့သော်သူ(မ)ကဆွေ့ဆွေ့ကဲ့သို့ဝန်ထမ်းကို တိုးလျှိုးတောင်းပန်မနေပဲ ဒေါသကြောင့် စကားတစ်ခွန်းမှမပြောပဲ ဒီတိုင်းရပ်နေသည်။


မိခင်တစ်ယောက်အနေနှင့် ကျန်းဟွီကျင်လည်းမနေနိုင်တော့ပဲ ဝင်ရှင်းပြရတော့သည်။ သူ(မ)သမီးကညအိပ်လျှင် သူ(မ)အကြိုက်ဆုံးအရုပ်ကိုဖက်အိပ်မှ အိပ်ပျော်သောကလေးဖြစ်သည်။


"တကယ်တမ်းဆို အဲဒီအဝတ်ရုပ်လေးက အရုပ်လို့တောင်ပြောလို့မရဘူး.....တစ်ချို့ကလေးတွေက ညအိပ်ရင် တစ်ခုခုကိုဖက်ထားမှအိပ်တတ်တာ.....ငါ့သမီးဆိုလည်း အဲ့လိုပဲ"။


"ဒါပေမဲ့....တစ်ခြားကလေးတွေက သူတို့ရဲ့အရုပ်တွေနဲ့စားစရာတွေကို ဝန်ထမ်းတွေဆီအပ်လိုက်ပြီလေ....သူ့တစ်ယောက်တည်းမအပ်ဘူးဆိုရင်မကောင်းဘူးလေ"။


"ဟုန်းလင်းအာကကလေးသာသာလေးပဲရှိသေးတယ်...အဲ့လောက်တင်းကြပ်စရာလိုလို့လား....သူ့မုန့်တွေကိုပေးလိုက်ပြီးပြီပဲ.....ဒီအရုပ်လေးပဲ သူယူထားချင်တာလေ"။


"တစ်ခြားကလေးတွေက လွယ်လွယ်နာခံတတ်ပြီး ဟုန်းလင်းအာကစကားနားမထောင်တဲ့ပုံစံလေးနော်"။


ဟုန်းလင်းအာကအဆုံးအထိ သူ(မ)အရုပ်ကိုမပေးသောကြောင့် ရိုက်ကူးရေးဝန်ထမ်းလည်းလက်လျှော့လိုက်ရသည်။


မိဘနှင့်ပလေးများအားလုံးပစ္စည်းအပ်ပြီးနောက် ရိုက်ကူးရေးအဖွဲ့ကထွက်ခွာရန် စတင်ပြင်ဆင်တော့သည်။ သူတို့၏ရိုက်ကွင်းနေရာမှာ နိုင်ငံအဆင့်သတ်မှတ်ချက် 5A ရှိသော ကမ္ဘာလှည့်ခရီးသွားများဝင်သည့် ရှေးဟောင်းမြို့တော်စီ


ရွှမ်ဖြစ်သည်။


လေယာဥ်ပေါ်သို့မတက်ခင် ရိုက်ကူးရေးအဖွဲ့က စျေးကြီးကြီးနှင့်ဌားရမ်းထားသော သီးသန့်ဂျက်လေယာဥ်ကြီးကို အနီးကပ်ရိုက်ပြသည်။


"ဝါး....ရိုက်ကူးရေးအဖွဲ့က အရမ်းစေတနာကောင်းတာပဲ"။


"တီဗွီကြည့်လာတဲ့သက်တမ်းရင့်အတွေ့အကြုံအရဆိုရင်.....ရသစုံရှိုးမှာသီးသန့်ဂျက်လေယာဥ်ကိုတွေ့ရတာ ဒါပထမဆုံးပဲ"။


"ရိုက်ကူးရေးအဖွဲ့စီစဥ်ထားတဲ့ဟာကြောင့် ဧည့်သည်တွေလည်း အံ့သြသွားပုံပဲ"။


"အပိုင်းစလာတည်းက စည်းကမ်းတင်းကြပ်နေတာကိုကြည့်ရရင် နောက်ပိုင်းကျ ငါတို့ဧည့်သည်တွေရဲ့ ဘဝကမလွယ်ကူလောက်ဘူးလို့ ငါခံစားမိတယ်....သဲကန္တာရထဲမှတစ်နေ့တာရှင်သန်ခြင်း စိန်ခေါ်ပွဲ....အဲဒီရသစုံရှိုးတွေကို စဥ်းစားကြည့်လေ.....အဲဒီမှာဆိုရင် ရိုက်ကူးရေးအဖွဲ့က ဧည့်သည်တွေကို ပိုးကောင်အကင်တွေ အတင်းစားခိုင်းတာ"။


"ဒီရှိုးလည်းအတူတူပဲထင်တယ်.....ဒါပေမဲ့ ဘယ်သူကံဆိုးမလဲကြည့်ကြတာပေါ့"။


Xcxxxxxx