အပိုင်း ၄၈
Viewers 16k

Chapter 48


ရှေးဟောင်းစီရွှမ်မြို့ကိုရောက်လာကြသော ဧည့်သည်များကို အစီအစဥ်ရိုက်ကူးရေးအဖွဲ့က "လူနှစ်ယောက် ခြေသုံးချောင်း" ဂိမ်းကစားပြီး နေရမည့်အိမ်ကိုရွေးချယ်ခိုင်းသည်။


"ဟိုအိပ်ချင်မူးတူးသားအဖနှစ်ယောက်က ဘိတ်ဆုံးနေရာရမယ်ထင်တယ်"။


"ငါတော့ လင်းယိုနဲ့လင်းတုံတုံတို့ သားအဖကဘိတ်ချေးရမယ်လို့ထင်တယ်....သူတို့ကိုကြည့်လိုက်ဦး....ကြောင်တောင်တောင်နဲ့....ဂိမ်းမနိုင်နိုင်လောက်ဘူး"။


"အားလုံးက ဘယ်သူဘိတ်ချေးရမလဲဆိုတာခန့်မှန်းနေကြတော့ ပထမနေရာရမဲ့သူကို ငါခန့်မှန်းကြည့်မယ်....ချန်းရီနဲ့သူ့သားက ပထမရမယ်လို့ငါထင်တယ်....အကြိုရုပ်ရှင်ထဲမှာကြည့်ရသလောက်ဆို သူတို့သားအဖနှစ်ယောက်က ပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာအရမ်းတော်တယ်"။


နောက်ဆုံးတွင် "လူနှစ်ယောက် ခြေသုံးချောင်း" ဂိမ်းမှာ အတော်လေးမမျှော်လင့်ထားသောအရာများဖြစ်လာသည်။ ပထမနေရာဗိုလ်စွဲသွားသူမှာအော်ပရာအဆိုရှင် မင်းရှန်တို့သားအဖနှစ်ယောက်ဖြစ်သည်။ သီးသန့်ခြံဝင်းလေးနှင့် အိမ်ကြီးကြီးတစ်လုံးဖြစ်ကာ ဘက်ပေါင်းစုံမှအကောင်းဆုံးဖြစ်မည့်အိမ်ကို ခဏတာတည်းခိုနေထိုင်ရန်အတွက် သူတို့ရွေးချယ်လိုက်ကြသည်။ ဒုတိယနေရာရသူမှာ စန္ဒယားပညာရှင် လင်းယိုနှင့်သူ့သားလင်းတုံတုံဖြစ်သည်။ သူတို့ရွေးလိုက်သည့်အိမ်မှာ ရှေးဟောင်းမြို့တော်၏အငွေ့အသက်များနှင့်ပြည့်နှက်နေသော အိမ်နံပါတ်သုံးဖြစ်သည်။ တတိယနေရာမှာ ရုပ်ရှင်မင်းသမီးကျန်းဟွီကျင်းတို့ သားအမိဖြစ်သည်။ မြစ်ကြီးကိုမြင်ရသည့်လှပသောမြင်ကွင်းရှိသည့် အိမ်နံပါတ်နှစ်ကို ရွေးလိုက်သည်။


ထို့နောက် ချန်းရီတို့သားအဖကစတုတ္ထနေရာရပြီး ခဲ့ကျန်းယန်နှင့်ဆွေ့ဆွေ့နောက်ဆုံးဘိတ်ဖြစ်သည်။ စတုတ္ထနေရာရသူတို့က ကျင်းနန်မြို့ရှိ သာမာန်ဘန်ဂလိုပုံစံလေးဖြစ်သော အိမ်နံပါတ်လေးကို ရွေးချယ်ခဲ့သည်။ ရွေးချယ်စရာမကျန်တော့သော ကုဆွေ့ဆွေ့တို့မှာ ရိုက်ကူးရေးအဖွဲ့မှပြထားသောပုံထဲကအတိုင်း အိမ်နံပါတ်ငါးဖြစ်သော သက်ငယ်မိုးအိမ်လေးကိုသာရွေးချယ်လိုက်ရသည်။ 


"ထင်တဲ့အတိုင်းပဲ....နောက်ဆုံးဘိတ်ချီးကတော့ သူတို့သားအဖနှစ်ယောက်ပဲပေါ့"။


"သေစမ်း! သက်ငယ်မိုးအိမ်လေးတဲ့လား....လုံးဝမိုက်တယ်ကွာ.....ရိုက်ကူးရေးအဖွဲ့က တော်လိုက်တာ....ဟားဟား.....ဟိုပေါက်စလေးတို့သားအဖသက်ငယ်မိုးအိမ်ထဲမှာ နေတဲ့အခန်းကိုကြည့်ချင်လှပြီ"။


"ဆွေ့ဆွေ့လေးက ကြိုးကြီးပတ်ပြီး သူလမ်းမလျှောက်နိုင်တော့ဘူးလို့ ချွဲချွဲနွှဲ့နွှဲ့လေးပြောတုန်းက သူ့အမူအရာလေးက အရမ်းချစ်ဖို့ကောင်းတာပဲ...အား....ငါ့လက်နဲ့ပါးလေးကိုဖိညှစ်ပစ်ချင်လိုက်တာ....ပေါက်စလေးက ဘာလို့ အဲ့သလောက်ချစ်ဖို့ကောင်းရတာလဲ"။


"ပြီးတော့ခဲ့ကျင်းယန်ကလည်း လူနှစ်ယောက် ခြေသုံးချောင်းဂိမ်းကိုကစားနေတုန်းက သူ့ပေါ်မှာအတင်းကပ်တွယ်နေတဲ့ ကလေးမလေး


ကြောင့် စိတ်မရှည်လာပုံပဲ....ဆက်တိုက်ခပ်ခွာခွာနေဖို့ပဲ ပြောနေတော့တာ"။


"ဒီသားအဖနှစ်ယောက်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်....ဇာတ်ရှိန်မြင့်လာလေလေ ငါသူတို့ကို ပိုချစ်မိသွားလေလေပဲ"။


ဂိမ်းရလဒ်ထွက်လာကာ လူတိုင်းလူတိုင်း ၎င်းတို့၏ကိုယ်ပိုင်အိမ်များကို ရွေးချယ်ပြီးနောက် ကုဆွေ့ဆွေ့က မျက်လုံးလေးများကို ပေကလတ်ပေကလတ်လုပ်ရင်း ဝန်ထမ်းလက်ထဲရှိအိမ်ပုံကို လက်ညှိုးထိုးကာ ညင်သာစွာပြောလာသည်။ "ဖေဖေခဲ့....ဒီတစ်ခုပဲကျန်တော့တာ...


သမီးတို့အိမ်နံပါတ်ငါးမှာနေရတော့မှာပေါ့"။


"ကုဆွေ့ဆွေ့ကတော့ ချစ်စရာအကောင်းဆုံး အပြစ်အကင်းစင်ဆုံးအမူအရာလေးနှင့် အချိုသာဆုံးစကားလေးတွေကို ပြောပြီး လူတွေရဲ့အသည်းကိုခြွေယူတတ်တာပဲ"။


"အခုတော့ ခဲ့ကျင်းယန်က သုံးနှစ်အရွယ်ကလေးနဲ့တူလာပြီ....သူ့စိတ်ရှိတိုင်းမလုပ်ရလို့ ဆူပုတ်နေလိုက်တာ....ဆွေ့ဆွေ့ကပဲ သူ့ကိုပြန်ထိန်းရတော့မယ်....ဒီလိုပြောင်းပြန်တွေဖြစ်ကုန်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး...ဟားဟား"။


ပရိသတ်ပြည်သူအတော်များများက ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့သားအဖကိုသဘောကျနေကြသည်။ ခဲ့ကျင်းယန်၏ ကလေးဆန်ဆန်အပြုအမူများကြောင့် သုံးနှစ်သားလေးဟုပင် နာမည်ပြောင်းခေါ်နေကြသည်။ သူ့အမူအရာများက သုံးနှစ်အရွယ်ကလေးငယ်လေး ကုဆွေ့ဆွေ့ထက်ပင် ငယ်နေသလိုထင်ရသည်။


နေထိုင်ရမည့်အိမ်ကိုခွဲပေးပြီးနောက် ဧည့်သည်များက သူတို့၏အိမ်သို့ ခရီးဆောင်လက်ဆွဲအိတ်များဖြင့် ကိုယ်စီကိုယ်စီ ပြန်သွားကြတော့သည်။


"အိမ်နံပါတ်တစ်ရဲ့အပြင်အဆင်က အရမ်းကြော့ရှင်းတယ်....ခြံဝင်းလေးနဲ့သစ်ပင်လေးတွေရယ်....မျက်စိပဒသာဖြစ်စရာကောင်းတဲ့ ပန်းချီကားတွေရယ်....နေချင်စရာလေးပဲ"။


"အိမ်နံပါတ်သုံးရဲ့ သစ်သားအိမ်ပုံစံလေးက အရမ်းသိသာတယ်....ဒီနှစ်နွေရာသီအားလပ်ရက်ခရီးထွက်ရင် စီရွှမ်ရှေးဟောင်းမြို့က သစ်သားအိမ်လေးတွေမှာ ငါသွားတည်းဦးမယ်"။


ထိုအခိုက်တွင် သက်ငယ်မိုးအိမ်လေးရှေ့ မတ်တပ်ရပ်နေသော ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။ သူနှင့်အတူလိုက်လာသော ကလေးမလေးက အိမ်ရှေ့ရောက်မှအခြေအနေကို သဘောပေါက်သွားကာ တိုးညင်းသောအသံလေးဖြင့်ပြောလာသည်။ "ပါပါး....သမီးတို့ရဲ့အိမ်က အရမ်းကိုစုတ်ချာနေတာပဲနော်"။ 


"ကလေးလေးရဲ့အသံက အရမ်းဝမ်းနည်းနေသလိုပဲ"။


"အား.....ဆွေ့ဆွေ့က ကြည့်ရင်းကြည့်ရင်းနဲ့ပိုပိုပြီး ချစ်ဖို့ကောင်းလာတာပဲ"။


"ခဲ့ကျင်းယန်ပုံစံက အခုဖြစ်ပျက်နေတာတွေကို မယုံနိုင်သေးဘူးထင်တယ်....သူဒီအစီအစဥ်မှာမပါခင်တုန်းက ဒီလိုတွေကြုံရလိမ့်မယ်လို့ မမျှော်လင့်ထားလောက်ဘူး"။


"ဘယ်သူက အဲ့လိုမျိုးစုတ်ပြတ်သပ်နေတဲ့သက်ငယ်မိုးအိမ်ထဲမှာနေရမယ်ဆိုတာကို လွယ်လွယ်နဲ့လက်ခံနိုင်ပါ့မလဲ"။


နေ့လည်စာစားချိန်တွင် ဝန်ထမ်းအဖွဲ့တစ်ဦးက တာဝန်ကတ်ကိုကိုင်ကာ သူတို့ဆီသို့လျှောက်လာပြီး ပြောသည်။ "ဒီနေ့နေ့လည်မှာ အစီအစဥ်ရိုက်ကူးရေးအဖွဲ့က ဧည့်သည်တို့အတွက် နေ့လည်စာစီစဥ်ပေးမှာမဟုတ်ပါဘူး....ကိုယ်စားချင်တာကို ကိုယ့်ဘာကိုရှာဖွေပြီးချက်ပြုတ်ရပါမယ်....ဟင်းချက်ပစ္စည်းတွေအတွက် ရိုက်ကူးရေးအဖွဲ့က စာရင်းလုပ်ထားပါတယ်....ဧည့်သည်တို့နှစ်ယောက်က "လူနှစ်ယောက် ခြေသုံးချောင်း" ဂိမ်းမှာ နောက်ဆုံးဘိတ်ရတာမလို့ ဟင်းချက်ပစ္စည်းတစ်ခုပဲ ရွေးချယ်ရပါမယ်"။


ရိုက်ကူးရေးအဖွဲ့က ရွေးချယ်စရာ ဟင်းချက်ပစ္စည်းငါးမျိုးကို စီစဥ်ပေးထားသည်။ မုန်လာဥဖြူ ၊ ဝက်ဆားနယ်ခြောက် ၊ ခရူစီယမ်ငါး ၊ တိုဖူးနှင့် ဘန်းမုန့်တို့ဖြစ်သည်။


"ဟယ်...ဟင်းချက်ဖို့ရွေးစရာတွေက အရမ်းနည်းတာပဲ....ပထမတော့ သီးသန့်ဂျက်လေယာဥ်ကြီးအတွက် ပိုက်ဆံပေးရမယ်ပြောတယ်....သတင်းဆိုးတစ်ခုကမပြီးသေးဘူး နောက်တစ်ခုကလာပြန်ပြီ"။


"ခဲ့ကျင်းယန်တို့သားအဖကတကယ်ကို စိတ်မချမ်းမြေ့စရာပဲ"။


"ခဲ့ကျင်းယန်က နောက်ဆုံးဟင်းအမယ်ကို ရွေးလိမ့်မယ်လို့ ငါ့စိတ်ထင်နေတယ်"။


"ဟားဟား.....ငါလည်းအဲ့လိုထင်တယ်.....သူက ရွေးရမဲ့ဟာတွေဆိုရင် ဘယ်တော့မှသိပ်ပြီးမစဥ်းစားဘူးလေ"။


ခဲ့ကျင်းယန်က သူ့ဘေးတွင်ရပ်နေသော ပိန်ပိန်သေးသေးကလေးမလေးကိုကြည့်ပြီး အသာအယာသက်ပြင်းချကာ ဘန်းမုန့်ပူပူနှစ်ခုကို ပေးလိုက်သည်။ "အဲဒါတွေအကုန်လုံးနင့်ဟာပဲ....စားလိုက်"။


ကုဆွေ့ဆွေ့ကခေါင်းခါပြီး ခဲ့ကျင်းယန်သူ(မ)အားပေးသောဘန်းမုန့်ကိုပြန်ပေးလိုက်သည်။ ထို့နောက်နူးညံ့စွာဖြင့်ပြောလာသည်။ "ပါပါးခဲ့....သမီးဗိုက်မဆာပါဘူး....ဒါတွေအကုန်လုံး ပါပါးပဲစားပါ"။


"ဒီလိုဝမ်းနည်းစရာကောင်းတဲ့အခြေအနေကြီးမှာ ငါရယ်ချင်နေမိတယ်....ဘယ်လိုလုပ်ရပါ့မလဲ"။


"ရိုက်ကူးရေးအဖွဲ့ကအရမ်းရက်စက်လွန်းတယ်...


ဘန်းမုန့်ဖြူဖြူကြီးပဲကျွေးတယ်တဲ့....အအီပြေအောင် အချဥ်လေးဘာလေးတော့ထည့်ပေးသင့်တာပေါ့"။


"တစ်ခုဆိုစားမဝလောက်ဘူး....အနည်းဆုံးနှစ်ခုလောက်ပေးသင့်တယ်....သူတို့နှစ်ယောက်ကို


ကြည့်ပါဦး....သနားစရာလေးတွေ"။


ဘန်းမုန့်သာစားရသော ခဲ့ကျင်းယန်တို့သားအဖနှစ်ယောက် တံခါးပေါက်ဆီမှ အစားအသောက်အနံ့မွှေးမွှေးလေးရမိသည်။ ထိုသည်ကအခြားမဟုတ်။ အိမ်နံပါတ်တစ်တွင်နေသော ချွီမင်းရှန်တို့သားအဖဆီမှဖြစ်သည်။ ခဲ့ကျင်းယန်က ကုဆွေ့ဆွေ့ကို တစ်ချက်ကြည့်ပြီး လက်ကိုဆွဲကာ စိတ်ပိုင်းဖြတ်ထားသကဲ့သို့ပြောလာသည်။ "လာသွားမယ်....ငါတို့တစ်ခြားသူရဲ့အိမ်မှာ သွားစားရအောင်"။


"သူများအိမ်မှာသွားစားမလို့လား....ရိုက်ကူးရေးအဖွဲ့တောင် ခဲ့ကျင်းယန်ဒီလိုလုပ်လိမ့်မယ်လို့မထင်ထားလောက်ဘူး"။


"ဟားဟား....ဘန်းမုန့်အတင်းစားနေရတဲ့ ကလေးလေးက အခုတော့ပိုက်ဆံပျောက်နေသလို ငေးကြောင်ကြောင်လေးနဲ့"။


"တစ်ကယ်တော့ ခဲ့ကျင်းယန်က ဆွေ့ဆွေ့လေးအပေါ်ကောင်းရှာပါတယ်....ဘန်းမုန့်နှစ်ခုလုံးသူမစားပဲ ကလေးကိုပဲကျွေးတာလေ"။


"အကြိုရုပ်ရှင်မှာတည်းကထက် အခုခဲ့ကျင်းယန်က အဖေတစ်ယောက်ပုံစံနည်းနည်းပေါက်လာတယ်....နောက်ပြီးကျရင် ဆွေ့ဆွေ့လေးရဲ့အဖေနေရာကနေ ပိုချစ်ပြီးအလိုလိုက်ပေးဖို့ ငါမျှော်


လင့်မိတယ်"။


အိမ်နံပါတ်တစ်တွင်နေသော ချွီမင်းရှန်က သနားစရာသားအဖနှစ်ယောက်ကို နွေးထွေးစွာကြိုဆိုပြီး ဧည့်ခံကျွေးမွေးသည်။ သူဟင်းပွဲအတော်များများချက်ပြုတ်ထားသည်။ အမြဲတမ်းလိုလို အစားအသောက်ချေးများတတ်သောခဲ့ကျင်းယန်က ယခုတွင်မူ နှစ်ပန်းကန်လုံးကိုတစ်ခါတည်းအငမ်းမရစားသောက်နေသည်။ ယခုလေးတင်ဘန်းမုန့်စားပြီးလာသော ကုဆွေ့ဆွေ့ကလည်း မှိုစွပ်ပြုတ်တစ်ပန်းကန်လုံးပြောင်နေအောင်သောက်သည်။


ကြည့်ရှုနေကြသောပရိသတ်များလည်း ဖန်သားပြင်ထက်မှ အစားအသောက်များကိုကြည့်ပြီး ညဘက်ကြီး ညလယ်စာထစားချင်သည်အထိ ဗိုက်ဆာလာကြသည်။


"ငါတော့ ချွီမင်းရှန်ရဲ့ပရိသတ်ဖြစ်သွားပြီထင်ပါရဲ့....အရင်တုန်းက သူဗီလိန်နေရာမှာ သရုပ်ဆောင်တာကို ငါအမြဲတမ်းကြည့်ဖူးတယ်.....ဒါပေမဲ့ အပြင်မှာ သူဟင်းချက်တတ်


လိမ့်မယ်လို့တော့ ငါမထင်ထားခဲ့ဘူး....တကယ့်အပြင်မှာ သူ့စရိုက်ကနူးနူးညံ့ညံ့လေးပဲ"။


"ဟုတ်တယ်.....ရုပ်ရှင်ကားထဲမှာ သူဗီလိန်လုပ်တာအရမ်းပီပြင်လွန်းလို့ သူပေါ်လာတိုင်းငါ့မှာ


လန့်လန့်သွားရတယ်....ငါအဲဒီရုပ်ရှင်ကို မှတ်မိသေးတယ်....ခဲ့ကျင်းယန်လည်း အဲဒီရုပ်ရှင်ကားထဲမှာပါတယ်"။


"သေခြင်းနှင့်ရှင်ခြင်းကြားအကွာအဝေးဆိုတဲ့ ရုပ်ရှင်ကားကြီးမလား.....မနှစ်က အဲဒီကားကိုရုံတင်တော့ ရုံလက်မှတ်ရောင်းအားက အများဆုံးဖြစ်သွားပြီး အွန်လိုင်းပေါ်မှာလည်းလူအတော်ကြည့်ကြတယ်...တော်တော်ကောင်းတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကားကြီးပဲ"။


နေ့လည်စာစားပြီးနောက် ကလေးနှစ်ယောက်က လက်ချင်းတွဲပြီး ခြံထဲတွင်အသီးသွားခူးကြသည်။ ချွီရွှီယွမ်က ကလေးငါးယောက်အနက်အကြီးဆုံးဖြစ်သောကြောင့် အစ်ကိုကြီးတာဝန်ယူထားကာ ဘေးတွင်ရှိသောဆွေ့ဆွေ့ကို သစ်ပင်ပေါ်တက်ရန်ကူညီပေးလိုက်သည်။ ထို့နောက်ရက့်မှည့်နေသောအသီးများကို တပျော်တပါးကြီးအတူခူးကြသည်။


 "ကလေးနှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်းချစ်ဖို့ကောင်းတယ်"။


"ကြည့်ရမယ်ဆိုရင် ရွှီယွမ်က အကြီးပီသတယ်....အငယ်တွေကိုထိန်းကျောင်းပေးတတ်တာပဲ....သူနဲ့ဆိုရင် တခြားကလေးတွေကိုစိတ်ချလို့ရလောက်တယ်"။


"ဆွေ့ဆွေ့က အဖွဲ့ထဲမှာအငယ်ဆုံးဆိုတော့ ဘယ်သူမဆိုသူ့ကို ဂရုစိုက်ပေးချင်ကြမှာပဲ....ငါသာဆိုလည်း ချစ်စရာသိပ်ကောင်းတဲ့ဆွေ့ဆွေ့လေးကို သေချာပေါက်အလိုလိုက်မိမှာ"။


ညနေပိုင်းတွင် ပါဝင်ရိုက်ကူးသူဧည်သည်များကို အသေအချာကြိုဆိုရန် ရိုက်ကူးရေးအဖွဲ့က မီးပုံပွဲစီစဥ်ပေးထားသည်။ ကြက် ၊ ဝက် ၊ ဘဲ ၊ ငါးအစရှိသည့်စားကောင်းသောက်ဖွယ်များပြင်ဆင်ပေးထားသလို ပျော်ရွှင်စေရန်အဆိုအကများပါ စီစဥ်ပေးထားသည်။


ဒေသခံများက သူတို့လူမျိုးစု၏ရိုးရာအကဖြင့်ကပြဖျော်ဖြေကြသည်။ အနုပညာရှင်ဧည့်သည်များလည်း အတူပါဝင်ပြီးကခုန်ကြသည်။ ရယ်မောကာ မီးပုံဘေးတွင် အတူတူသီချင်းဆိုပြီးပျော်ရွှင်နေကြသည်။


အပိုင်းတစ်၏ပထမအပိုင်းကို ရုပ်သံလှိုင်းက ထိုမီးပုံပွဲဇာတ်ဝင်ခန်းတွင်အဆုံးသတ်လိုက်သည်။ ကျန်ရှိတဲ့ဒုတိယအပိုင်းကို မနက်ဖြန်ညရှစ်နာရီမှ ထုတ်လွှင့်ပေးမည်ဖြစ်သည်။ ကြည့်ရှုသူများက မကျေမနပ်ဖြစ်ကြတော့သည်။


"အား....အမြဲတမ်းဒီတိုင်းပဲ....ငါသစ်သီးရုပ်သံကိုမုန်းလိုက်တာ....တစ်ခါတည်း အပိုင်းပြည့်


လွှင့်ပေးပါတော့လား"။


"အဲဒီသစ်သီးရုပ်သံလှိုင်းက ဒီလိုအချိုးမျိုးပဲ"။


"ရသစုံရှိုးတွေက တော်တော်ကောင်းပါတယ်....ဒါပေမဲ့ တစ်ချို့မလိုအပ်တဲ့အပိုင်းတွေကို တည်းမဖြတ်ပဲထည့်ထားတော့ အရမ်းရှည်သွားတာလေ.....တစ်ပိုင်းကို တစ်နာရီခွဲမကဘူး 


အဖွင့်သီချင်းနဲ့အရင်အပိုင်းတွေကိုပြန်ပြတာပါထည့်လိုက်ရင် အချိန်တော်တော်များသွားပြီ....ရုပ်သံလှိုင်းတွေက တစ်ခြားအစီအစဥ်တွေလွှင့်ဖို့လည်းရှိသေးတယ်လေ....သူ့တစ်ခုတည်းမှမဟုတ်တာ"။


"ဖြစ်နိုင်ရင် ဆွေ့ဆွေ့နဲ့ခဲ့ကျင်းယန်တို့ကို ငါနေ့တိုင်းထိုင်ကြည့်ချင်တာ....ကြည့်ရတာမဝတဲ့ပရိသတ်တွေကို သနားပါဦးဟဲ့"။


"ခဲ့ကျင်းယန်က ဆွေ့ဆွေ့ကိုဓာတ်ပုံရိုက်ပေးတဲ့အခန်းကိုထုတ်လွှင့်မှာတဲ့....အဲဒါကိုကြည့်ရဖို့အတွက် ငါမျှော်နေတာတစ်လလောက်ရှိပြီ"။


ရှောင်ရှောင်က "ကလေးငယ်နှင့်အတူခရီးသွားခြင်း" ရသစုံရှိုးကို သစ်သီးရုပ်သံလှိုင်းတွင်ပထမဆုံးကြည့်ခွင့်ရသော ကြည့်ရှုသူများမှတစ်ယောက်ဖြစ်သည်။ ကြိုတင်ကြည့်ခွင့်ရအောင် ဗီအိုင်ပီအဖွဲ့ဝင်အဖြစ် သူ(မ)တမင်တကာဝင်ထားခြင်းဖြစ်သည်။ ရသစုံရှိုးတစ်ခုကို အရှိန်မမြှင့်ပဲ မကျော်လိုက်ပဲ နဂိုအတိုင်းကြည့်ခြင်းမှာ ဤရသစုံရှိုးက ရှောင်ရှောင်အတွက်ပထမဆုံးအကြိမ်ဖြစ်သည်။ ရသစုံရှိုးများကြည့်ရာတွင် သူ(မ)က ၁.၂၅ ဆမျှအရှိန်မြန်ပြီး ကြည့်လေ့ရှိသည်။ ရှိုးကပျင်းစရာကောင်းလွန်းနေလျှင် ၁.၅ သို့မဟုတ် နှစ်ဆအထိမြန်ပြီးကြည့်လေ့ရှိသည်။


ခဲ့ကျင်းယန်နှင့်သူ(မ)ကလေးတွဲရိုက်ထားသောပုံကို ဝေဘိုတွင်တင်လိုက်သောအခါ ရှောင်ရှောင်၏ဝေဘိုအကောင့်တွင် ဖော်လိုဝါအများအပြားတိုးလာခဲ့သည်။ ယခင်နှစ်က ဝေဘိုတွင်တင်ထားသည့် သူ(မ)သူငယ်ချင်းများနှင့်ခရီးသွားစဥ်က ရိုက်ထားသည့်ပုံများထက် အာရုံစိုက်မှုပိုရခဲ့သည်။


ထိုပုံလေးက ဝေဘိုတွင်အတော်နာမည်ကြီးသွားကာ လိုက်ခ်ပေါင်းထောင်သောင်းနှင့်ချီရသည့်အပြင် ပြန်တင်သူများလည်းအများအပြားရှိသည်။ သူ(မ)ကိုယ်တိုင်ပင် ရိုးရိုးရှင်းရှင်းပုံလေးတစ်ပုံက ထိုမျှလောက်နာမည်ကြီးပြီးရေပန်းစားသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။


 "ကလေးငယ်နှင့်အတူခရီးသွားခြင်း" ရသစုံရှိုးပထမပိုင်းစတင်ထုတ်လွှင့်တည်းက သူ(မ)ဆက်တိုက်ရယ်နေရသည်။ ပစ္စည်းသိမ်းသည့်အချိန်မှ အိမ်ရွေးရန် ဂိမ်းဆော့သည့်အချိန်အထိသူ(မ)အူတက်နေရသည်။ အရယ်ရဆုံးသားအဖမှာခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့ပင်ဖြစ်သည်။ သူတို့နှစ်ဦးက ရသစုံရှိုးနှင့်အလွန်လိုက်ဖက်သည်ဟု သူ(မ)ထင်သည်။ အခြားဧည့်သည်လေးဖွဲ့က တကယ့်သားအဖအရင်းများဖြစ်ကြသော်လည်း သိပ်မရယ်ရပေ။ အပြုအမူများကလည်း သာမာန်တွေ့နေကျအတိုင်းရိုးစင်းလွန်းသည်။


မည်သို့ပင်ဆိုစေ သူ(မ)၏အာရုံအားလုံးက ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့ဆီမှာပင်။ ကြည့်နေရင်း ကြည့်နေရင်းနှင့် ခဲ့ကျင်းယန်တို့သားအဖကိုချွီမင်းရှန်က ထမင်းခေါ်ကျွေးသည့်အပိုင်းတွင် သူ(မ)ချွီမင်းရှန်ကိုသဘောကျသွားမိသည်။


ယနေ့လွှင့်သည့်အပိုင်းကြည့်ပြီးသော်လည်း သူ(မ)မကျေနပ်နိုင်သေးပေ။ သို့သော် ဘာမှမတတ်နိုင်။ မနက်ဖြန်ဒုတိယအပိုင်းမလွှင့်ခင်အထိ ထပ်စောင့်ရပေဦးမည်။


ဗွီဒီယိုအောက်က မက်ဆေ့ချ်များနှင့်ကောမန့်များကို သူ(မ)တစ်ချက်လှမ်းကြည့်လိုက်သည်။ လူအတော်များများက လွန်ခဲ့သောအပတ်က ဖြစ်ပျက်သွားသည့်မတော်တဆမှုနှင့်ပတ်သတ်၍ သိချင်နေကြသည်။


ထိုကိစ္စနှင့်ပတ်သတ်ပြီး သူ(မ)အနည်းငယ်သိသည်။ သူ(မ)နှင့်သူ(မ)သူငယ်ချင်းများ စီရွှမ်မြို့ဟောင်းသို့ အလည်သွားကြချိန်တွင် ချစ်စဖွယ်ကလေးငယ်နှစ်ယောက်နှင့်ရိုက်ကူးရေးလုပ်နေသော ခဲ့ကျင်းယန်ကိုတွေ့ခဲ့ကြသည်။ ခဲ့ကျင်းယန်က အပေါက်ဆိုးသော်လည်း စိတ်ထားနူးညံ့သည်။ သူတို့နှင့်အတွဲဓာတ်ပုံတွဲရိုက်ပြီး လက်မှတ်ထိုးပေးသလို ကလေးငယ်များကိုလည်း ကန်စွန်းဥဖုတ်များကျွေးနေသေးသည်။


ယခုမူ ရှောင်ရှောင်လည်း ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့တို့၏ ပရိသတ်လုံးလုံးဖြစ်လာခဲ့သည်။ သူတို့နှစ်ယောက်၏ နေ့စဥ်ဘဝနှင့်အမူအကျင့်လေးများကို တီဗွီဖန်သားပြင်မှတစ်ဆင့်သိမြင်


ခွင့်ရသည်မှာအလွန်ကျေနပ်စရာကောင်းလှသည်။


ရှောင်ရှောင်ကဲ့သို့သော ပရိသတ်အတော်များများရှိသည်။ "ကလေးငယ်နှင့်အတူခရီးသွားခြင်း" ရသစုံရှိုး၏ပထမပိုင်းက ပရိသတ်များကို အကြိုက်တွေ့စေသည်။ မိသားစု၏နွေးထွေးသောအငွေ့အသက်များပါသလို ပျော်ရွှင်စရာဟာသလေးများလည်းပါသဖြင့် ရသအစုံရစေသည်။ ထို့ကြောင့် ကြည့်ရှုသူအတော်များများကိုဆွဲဆောင်နိုင်သည်။


ကလေးငယ်ငါးယောက်၏ အကျင့်စရိုက်များမှအစ မိဘများ၏ကလေးထိန်းကျောင်းပုံအထိ ပရိသတ်များကို တစ်နည်းတစ်ဖုံပညာရစေသော ရသစုံရှိုးကြီးဖြစ်သည်။


အထူးသဖြင့် ကလေးဆန်ကာဇွတ်တရွတ်လုပ်တတ်သောခဲ့ကျင်းယန်နှင့် ပင်ကိုချစ်စရာကောင်းသောဆွေ့ဆွေ့တို့သားအဖကပရိသတ်အများ၏ စိတ်ဝင်စားမှုကိုအမြင့်ဆုံးမြင့်တက်စေသည်။


ရသစုံရှိုး၏ပထမဆုံးအပိုင်းကိုထုတ်လွှင့်ပြီးနောက် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့နှစ်ယောက်လုံး ရေပန်းအစားဆုံးရှာဖွေမှုစာရင်းသို့တန်းဝင်သွားသည်။


ရသစုံရှိုး၏ပထမအပိုင်းနှင့်ပတ်သတ်သည့်ထင်မြင်ချက်များ အင်တာနက်ပေါ်တွင်ပွထနေကြသည့်အချိန်တွင် ခဲ့ကျင်းယန်က ကုဆွေ့ဆွေ့အား ရိုက်ကူးရေးအဖွဲ့များပြင်ဆင်ပေးထားသည့်ရွက်လှေပေါ်သို့ခေါ်သွားသည်။


လှေပေါ်သို့တက်မဘ့်အချိန်တွင် ခဲ့ကျင်းယန်၏အမူအရာက အနည်းငယ်ချီတုံချတုံဖြစ်နေဟန်ရှိသည်။ အကြောင်းရင်းကာ သူလှိုင်းမူးတတ်သောကြောင့်ပင်ဖြစ်သည်။


"ပါပါးခဲ့.....အဆင်ပြေရဲ့လား"။


လှိုင်းမူးတတ်သောခဲ့ကျင်းယန်နှင့်ကွဲလွဲစွာ ကုဆွေ့ဆွေ့က စိတ်လှုပ်ရှားစွာဖြင့် ပင်လယ်လေညင်းလေးကိုခံစားရင်း လှေပေါ်တွင်ဝင်ထိုင်သည်။


သုံးနှစ်အရွယ်ကလေးငယ်ရှေ့တွင် ခဲ့ကျင်းယန်ကြောက်နေသည့်အမူအရာကိုမပြလိုသော


ကြောင့် သူဟန်ဆောင်လိုက်ရင်း အေးဆေးတည်ငြိမ်စွာပြန်ပြောလိုက်သည်။ "ရပါတယ်....ငါအဆင်ပြေတယ်"


သို့သော်ငြား သူ့ဖြူဖျော့ဖျော့မျက်နှာက သူ့အတွင်းစိတ်အမှန်ကို ဖော်ပြနေသယောင်။


သူ့ကိုအချိန်အကြာကြီးငေးစိုက်ကြည့်နေသော ကုဆွေ့ဆွေ့က သူ(မ)၏အင်္ကျီအိတ်ကပ်ထဲမှ တော်ဖီတစ်လုံးကို ယူထုတ်လိုက်ပြီး တိုးညင်းစွာပြောလာသည်။ "ပါပါးခဲ့....နေမကောင်းဘူးဆိုရင် ဒီချိုချဥ်လေးစားထားလိုက်နော်"။


ဖူရင်းယွီက ဆွေ့ဆွေ့ကိုတွေ့တိုင်း နို့ချိုချဥ်တစ်လုံးအမြဲပေးသည်။ နောက်ဆုံးတွေ့ခဲ့စဥ်က သူ(မ)ဆွေ့ဆွေ့အား ချိုချဥ်တစ်ဘူးလုံးပေးခဲ့ခြင်းဖြစ်သည်။ ရသစုံရှိုးရိုက်ကူးရန် အခြားနေရာများသို့သွားရသည့်အချိန်တွင် ကုဆွေ့ဆွေ့က ချိုချဥ်ခြောက်လုံးခန့်မျှသာယူသွားပြီး တစ်နေ့နှစ်လုံးစားလေ့ရှိသည်။


ဆွေ့ဆွေ့က အစားအစာနှင့်ပတ်သတ်လျှင်နှမြောတတ်သော်လည်း သူ(မ)အပေါ်ကောင်းသည့်သူများကိုတော့ စေတနာထားပြီးရက်ရက်ရောရောပေးတတ်သည်။ မျက်နှာမကောင်းသော ခဲ့ကျင်းယန်ကိုမြင်သောအခါ သူ(မ)စားမည့်ထဲမှ ချိုချဥ်တစ်လုံးကိုချက်ချင်းထုတ်ပေးလိုက်သည်။


ခဲ့ကျင်းယန်က အပြာရောင်နှက့်အဖြူရောင်ချိုချဥ်စက္ကူကိုခွာလိုက်ပြီး အတွင်းမှအဖြူရောင်တော်ဖီကြီးကို ကြည့်လိုက်သည်။ တုန်လှုပ်နေပြီး စိတ်မသက်မသာဖြစ်ကာ အော့အန်ချင်နေသည့်သူ့စိတ်တို့ အနည်းငယ်ပြေပျောက်သွားသယောင်ပင်။


ကုဆွေ့ဆွေ့က သူ့နဖူးကို သူ(မ)၏နူးနူးညံ့ညံ့လက်ကလေးများဖြင့်လာထိပြီး မေးလာသည်။ "ပါပါးခဲ့....တော်ဖီကချိုရဲ့လား....နေကောင်းသွားပြီလား"။


"ပါပါးမျက်နှာမကောင်းဘူးရော်....အများကြီးနေမကောင်းဖြစ်နေတာလား.....ဆေးရုံသွားရမယ်မဟုတ်လား"။


ခဲ့ကျင်းယန်ကပြုံးပြီး နားထင်စပ်နားလေးကိုလက်ဖြင့်ဖိကာ ပြောလိုက်သည်။ "တော်ဖီကအရမ်းချိုတယ်....အခုနေခို့ကောင်းသွားပြီ....ကျေးဇူးပါ ဆွေ့ဆွေ့"။


ကုဆွေ့ဆွေ့က ရှက်ကိုးရှက်ကန်းလေးဖြင့် ပြုံးရင်း သူ(မ)အိတ်ကပ်ထဲမှ နောက်ထပ်တော်ဖီတစ်လုံးကိုယူပြီး သူ့လက်ထဲထည့်ပေးပြန်သည်။ 


ထို့နောက် တီးတိုးပြောလာသည်။ "ပါပါးခဲ့....ဝန်ထမ်းဦးဦး ဒေါ်ဒေါ်တွေက မြင်သွားရင် လာသိမ်းလိမ့်မယ်.....ပါပါးစားချင်ရင် တိုးတိုးတိတ်တိတ်စားနော်"။


အစားအသောက်နှင့်ပတ်သတ်ပြီးအသည်းအသန်ဖြစ်နေသောကုဆွေ့ဆွေ့ကိုကြည့်ပြီး ခဲ့ကျင်းယန်က လက်လှမ်းကာ သူ(မ)ခေါင်းလေးကိုပွတ်သပ်ပေးလိုက်သည်။ 


မိနစ်နှစ်ဆယ်ကြာပြီးနောက် ကောင်းကင်တစ်ပြင်လုံး ပိတ်ပိန်းအောင်မှောင်နေဆဲအချိန်တွင် သူတို့နှစ်ဦးကျွန်းသေးသေးလေးတစ်ခုပေါ်သို့ရောက်လာသည်။ ကမ်းခြေတွင်ညစာစားပြီးနောက် ရိုက်ကူးရေးအဖွဲ့ဝန်ထမ်းတစ်ချို့နှင့် သူတို့ကို ဤနေရာသို့လွှတ်လိုက်ခြင်းဖြစ်သည်။


ကျွန်းပေါ်သို့ရောက်သောအခါ လှေပေါ်မှဆင်းပြီးနောက် သူတို့ကိုလာနှုတ်ဆက်သောဝန်ထမ်းတစ်ဦးက ရှင်းပြလာသည်။ ရိုက်ကူးရေးအဖွဲ့က ဇာတ်လမ်းတစ်ခုဖန်တီးရန် စီစဥ်နေခြင်းဖြစ်သည်။


အခြားဧည့်သည်အဖွဲ့များလည်း ကိုယ်ပိုင်ဇာတ်ကောင်နေရာရှိကြသည်။ ဇာတ်လမ်းမှာ မကောင်းဆိုးဝါးနဂါးကြီးက ဖမ်းထားသော ဘုရင်ကြီးနှင့်မင်းသမီးလေးကို အခြားသူများက ကယ်တင်ရန်ဖြစ်သည်။


သူတို့နားမရှင်းမည်စိုးသောကြောင့် ထိုဝန်ထမ်းက အထူးတလှယ်ထပ်ရှင်းပြသည်။ "ဟုတ်ပါတယ်.....အစ်ကိုတို့နှစ်ယောက်က နဂါးအဖမ်းခံလိုက်ရတဲ့ ဘုရင်ကြီးနဲ့မင်းသမီးလေးပါ"။


ရိုက်ကူးရေးဝန်ထမ်းရှင်းပြသော အကြောင်းအရာတစ်ခုလုံးကိုနားထောင်ပြီးနောက် ခဲ့ကျင်းယန်စိတ်အခြေအနေမကောင်းတော့ပေ။


ဤကျွန်းပေါ်သို့ရောက်မလာခင်တည်းက ရိုက်ကူးရေးအဖွဲ့တစ်ခုခုကြံစည်နေသည်ကို သူရိပ်စားမိသည်။ သို့သော် ဤမျှလောက်ကြီးကျယ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။


Xxxxxxx