အပိုင်း ၄၉
Viewers 15k

Chapter 49


ရသစုံရှိုးစစ်မှန်စေရန်အလို့ဌာ ဤကျွန်းသေးသေးလေးတွင် ရိုက်ကူးရန်လိုက်လာသောဓာတ်ပုံဆရာနှစ်ဦးနှင့် လူသူမရှိတဲ့ကျွန်းတွင် ကျွမ်းကျွမ်းကျင်ကျင်နေထိုင်နိုင်သော ဝန်ထမ်းအနည်းငယ်ကလွဲ၍ အခြားမည်သူမှမပါပေ။


ဇာတ်ညွှန်းအရသာဖြစ်ပြီး တကယ့်သဲကန္တရကျွန်းတော့မဟုတ်ပေ။ ရိုက်ကူးရေးအဖွဲ့က ရသစုံရှိုးအတွက် အထူးတလှယ်ပြင်ဆင်ပေးထားခြင်းဖြစ်သည်။


သူတို့နှစ်ယောက် ကျွန်းပေါ်သို့ရောက်ပြီးမကြာမီတွင် အစီအစဥ်အသင်းက ဂူတစ်ခုကိုစီစဥ်ပေးထားပြီး ထိုဂူလေးက ထူးခြားပြီးဆန်းသစ်သောနေရာလေးတစ်ခုဖြစ်သည်။ ဂူအနီးပတ်ဝန်းကျင်တွင် မြွေများ ၊ အင်းဆက်များ ၊ ကြွက်များနှင့်ပုရွက်ဆိတ်များရှိနိုင်သောကြောင့် ရိုက်ကူးရေးအဖွဲ့က ကြိုတင်ပြီး အင်းဆက်ပြေးဓာတုအမှုန့်များကို ဖြန်းထားပေးသည်။


ခဲ့ကျင်းယန် တစ်ခဏမျှကြက်သေသေသွားပြီး သူ့မျက်စိရှေ့တွင်ရှိနေသောအဖြစ်မှန်ကိုလက်ခံလိုက်ကာ အံကြိတ်ရင်းပြောလိုက်သည်။ "ကျွန်တော်တို့နှစ်ယောက်က တိုင်းသိပြည်သိအနုပညာရှင်တွေပဲ....အစီအစဥ်မှာ ကျွန်တော်တို့ကို ဒီထက်ပိုပြီးကောင်းကောင်းဆက်ဆံပေးလို့မရဘူးလား"။


ဒီညသူတို့အိပ်ရမည့်နေရာမှာ ဂူတစ်ခုထဲတွင်တဲ့လား?


ဘေးတွင်ရပ်နေသောဝန်ထမ်းက အနေရခက်စွာဖြင့်ပြုံးကာ ရှင်းပြလာသည်။ "ဆရာခဲ့....ဒါက


ဂိမ်းအနိုင်အရှုံးပေါ်မူတည်ပြီး ဆုံးဖြတ်လိုက်တာပါ....ရိုက်ကူးရေးအဖွဲ့က သေချာလေးပြင်ဆင်ပေးထားပါတယ်"။


ထိုကဲ့သို့ မကျေမနပ်ဖြစ်မည်စိုးသောကြောင့် ရိုက်ကူးရေးအဖွဲ့က သူတို့အတွက်သေသေချာချာပြင်ဆင်ပေးထားခြင်းဖြစ်သည်။ သူတို့ကို ကျွန်းသို့မပို့မီအထိ ဂရုစိုက်ခဲ့ကြသည်။


အစားအသောက်ကောင်းများနှင့်လည်း ဧည့်ခံကျွေးမွေးခဲ့သေးသည်။ 


ခဲ့ကျင်းယန်က ဝန်ထမ်း၏ရှင်းပြချက်ကို မကျေနပ်သည်မှာ သိသာလှသည်။ သူ့မျက်ခုံးကိုအသာပင့်လိုက်ပြီး မကြည်သာသောလေသံဖြင့်ပြောလာသည်။ "တစ်ခြားဧည့်သည်အဖွဲ့တွေကျတော့ သက်တောင့်သက်သာနဲ့နေရတယ်...ကျွန်တော်တို့နှစ်ယောက်ကိုတော့ ဒီမှာပစ်ထားမယ်ပေါ့ ဟုတ်လား....တစ်ခြားအဖွဲ့တွေလို ကျွန်တော်တို့ကိုဘာလို့တန်းတူမထားရတာလဲ"။


ဝန်ထမ်း: "ဒီရသစုံရှိုးအစီအစဥ်မှာပါတဲ့ အနုပညာရှင်ဧည့်သည်တိုင်းကို တန်းတူညီတူဆက်ဆံတာပဲလေ.....တစ်ခြားလူတွေက အပူချိန်သုံးဆယ်ဒီဂရီလောက်ရှိတဲ့ ဝိုင်မြို့ရဲ့နေပူကျဲတောက်အောက်တွင် သူတို့လုပ်ရမဲ့တာဝန်တွေကို လုပ်နေကြတာ.....ခင်ဗျားတို့နှစ်ယောက်က ဒီမှာ အားလပ်ရက်အပန်းဖြေခရီးထွက်သလိုနေချင်လို့လား"။


ကုဆွေ့ဆွေ့က ဘယ်ပြန်ညာပြန်ကြည့်နေသည်။ သူ(မ)၏သူငယ်ချင်းများကို မတွေ့ရသောအခါ စိတ်ပျက်နေဟန်ဖြင့် မေးလာသည်။ "ဖေဖေခဲ့....တစ်ခြားသူတွေရော....ဘယ်သွားကြတာလဲဟင်"။


ခဲ့ကျင်းယန်က အခြေအရပ်ကိုနားမလည်သေးပုံရသော ကလေးငယ်ကိုကြည့်ရင်း သက်ပြင်းချကာ ရိုက်ကူးရေးဝန်ထမ်းနှင့်စကားဆက်မများနေတော့ပေ။ သူ(မ)၏ပါးဖောင်းဖောင်းလေးများကို ဆွဲညှစ်ပြီး မေးလိုက်သည်။ "ဆွေ့ဆွေ့....တစ်ခြားသူတွေက ကိုယ်တို့ကို ဒီကျွန်းကနေ ကယ်ထုတ်နိုင်ဖို့အတွက် ကြိုးကြိုးစားစားနဲ့သဲလွန်စတွေရှာနေကြတာ....သိပ်မကြာခင် သူတို့ရောက်လာပါလိမ့်မယ်"။


"ဘုရင်ကြီးနှင့်မင်းသမီးလေးက မကောင်းဆိုးဝါးနဂါးကြီးအဖမ်းခံလိုက်ရပြီ" ဟူသော ဆက်တင်ပုံစံမျိုးကို ခဲ့ကျင်းယန်မကျေနပ်သော်လည်း ကျွန်းပေါ်သို့ရောက်နှင့်နေပြီဖြစ်သောကြောင့် မထူးတော့ပေ။ ပြန်ထွက်ရန်လည်း နောက်ကျနေပြီ။ ထို့ကြောင့် ကျွန်းပေါ်တွင်အိပ်စက်ရန်သာလမ်းနည်းရှာရပေတော့မည်။ 


လွန်ခဲ့သောရှစ်နာရီက ဝိုင်မြို့တော်တွင်....


ထိုအချိန်တွင် "ကလေးငယ်နှင့်ခရီးသွားခြင်း" အစီအစဥ်၏ဧည့်သည်အနုပညာရှင်များဖြစ်သော အခြားအဖွဲ့လေးဖွဲ့က အစည်းအဝေးနေရာတွင် ရောက်ရှိနေနှင့်ပြီဖြစ်သည်။ 


လင်းတုံတုံက "ညီမလေးဆွေ့ဆွေ့ ဘယ်မှာလဲ" ဟု တတွတ်တွတ်မေးနေသောကြောင့် ခဲ့ကျင်းယန်နှင့် ကုဆွေ့ဆွေ့တို့ရောက်မလာသေးသည်ကို လင်းယိုသတိထားမိသွားသည်။


"အားလုံးကို သတင်းဆိုးတစ်ခုပြောချင်ပါတယ်....ခဲ့ကျင်းယန်နဲ့ကုဆွေ့ဆွေ့တို့နှစ်ယောက် ဒီနှစ်ရက်အတွင်း ရိုက်ကူးရေးလုပ်နိုင်လောက်မှာမဟုတ်ဘူး"။ ဒါရိုက်တာနှင့်ထုတ်လုပ်သူတစ်ယောက်ဖြစ်သော ရီကျောက်က စိတ်ထိခိုက်စွာပြောလာသည်။


ထိုအကြောင်းကိုရုတ်တရက်ကြားလိုက်ရသောအခါ သူတို့လည်းတစ်ယောက်နှင့်တစ်ယောက် အချင်းချင်းကြည့်ရင်း ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့တို့ အစီအစဥ်မှနှုတ်ထွက်သွားပြီဟု တွေးထင်နေကြသည်။


ဤအပိုင်းတစ်ပိုင်းတည်းအတွက် မပါခိုင်းသည်လား သို့မဟုတ် အစီအစဥ်တစ်ခုလုံးမှနှုတ်ထွက်သွားသည်လား သူတို့မပြောတတ်ပေ။


အရေးကြီးသောကိစ္စကြီးကို ဘာကြောင့်အခုမှပြောရသနည်း။


ခဲ့ကျင်းယန်နှင့် အနည်းငယ်ခင်မင်ရင်းနှီးသော ချူမင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။ လွန်ခဲ့သောနှစ်ရက်ကမှ သူခဲ့ကျင်းယန်၏ ကိုယ်စားလှယ်ဆီသို့ မက်ဆေ့ချ်ပို့ခဲ့သေးသည်။ သူအဘယ်ကြောင့် ထိုအကြောင်းကို စိုးစဥ်းမျှမကြားမိသနည်း။


မနေ့က သတင်းကြောင့်များလား? ရေပန်းအစားဆုံးရှာဖွေမှုသတင်းထဲတွင် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့ စားသောက်ဆိုင်တစ်ခုတွင် အချိုပွဲစားနေကြစဥ် ပရိသတ်များစုအုံလာမှုကြောင့် ထွက်မရပဲ ပိတ်မိနေခဲ့သည်ဟူသော သတင်းကနာမည်ကြီးသွားသေးသည်။


ထိုကိစ္စကြောင့် သူတို့နှစ်ဦး ထိခိုက်ဒဏ်ရာရသွားလေသလား။ ထို့ကြောင့် အစီအစဥ်မှ ခေတ္တခဏရပ်နားလိုက်ခြင်းလား။


ချူမင်းရှန်တစ်ယောက် ဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့ကို ထပ်တူဝမ်းနည်းရကြောင်း လှမ်းပြောရန် ဖုန်းခေါ်နေစဥ်တွင် အခြားသူများနှင့်ဟာသပြောနေသော ရီကျောက်က အစီအစဥ်၏ဆက်တင်အကြောင်းစပြောလာသည်။


"ဘုရင်ကြီးနဲ့မင်းသမီးကို မကောင်းဆိုးဝါးနဂါးကြီးက ဖမ်းထားတာဆိုတော့ ခင်ဗျားတို့လာကယ်မှာကိုစောင့်ပြီး....အခုတစ်နေရာရာမှာ ပိတ်မိနေတယ်"။


ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့ အစီအစဥ်မှနှုတ်ထွက်ခြင်းမဟုတ်ပဲ ရိုက်ကူးရေး၏အကြံတစ်ခုသာဖြစ်ကြောင်း သိလိုက်ရသောအခါ ချွီမင်းရှန်စိတ်သက်သာရာရသွားသည်။


အခြားသူများလည်းထိုသို့ပင်ဖြစ်သည်။


ပြုံးနေသောဝန်ထမ်းများက နောက်ကျောဘက်တွင် ပုံစံများထွင်းထားသောကတ်လေးကတ်ကိုယူထုတ်လာသည်။ "ဟုတ်ပြီ....အခုတစ်ယောက်ချင်းစီလာပြီး သရုပ်မှန်ကတ်တစ်ကတ်ကိုဆွဲထုတ်လိုက်....တစ်ကတ်ချင်းစီတိုင်းမှာ မတူတဲ့မစ်ရှင်တွေရှိတယ်....ပေးထားတဲ့တာဝန်တွေကို ပြီးအောင်လုပ်မှသာ ဘုရင်ကြီးနဲ့မင်းသမီးလေးအကြောင်း သဲလွန်စရမှာဖြစ်တယ်"။


ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့၏ ဇာတ်ကောင်များက ဘုရင်ကြီးနှင့်မင်းသမီးလေးဖြစ်ပြီး အခြားဇာတ်ကောင်လေးခုမှာ တော်ဝင်အစောင့်  


စစ်သည်တော် ၊ လက်သမားနှင့် အရပ်သားတို့ဖြစ်ကြသည်။


ကတ်ကိုအလှည့်ကျဆွဲပြီးနောက် လင်းယိုနှင့်သူ့သားက တော်ဝင်အစောင့်ဇာတ်ကောင်နေရာကျသည်။ ကျန်းဟွီကျင်တို့သားအမိက လက်သမားဖြစ်ပြီး ချန်းရီနှင့်သူ့သားက စစ်သည်တော် ၊ ချွီမင်းရှန်တို့သားအဖကအရပ်သား စသဖြင့် အသီးသီးကျကြသည်။


သရုပ်မှန်ကတ်တစ်ခုချင်းစီ၏နောက်ကွယ်တွင် 


လုပ်ဆောင်ရမည့်မစ်ရှင်၏သဲလွန်စအချို့ပါရှိသည်။ ထိုသဲလွန်စများမှ ဘုရင်ကြီးနှင့်မင်းသမီးလေးကိုဖမ်းထားသည့် ကျွန်းတည်နေရာကို သိရှိနိုင်မည့်ဖြစ်သည်။


"မကောင်းဆိုးဝါးနဂါးကြီးအဖမ်းခံထားရတဲ့ ဘုရင်ကြီးနဲ့မင်းသမီးလေးကို အရင်ရှာတွေ့တဲ့သူကို သူရဲကောင်းတံဆိပ်ချီးမြှင့်မယ်"။ သူရဲကောင်းတံဆိပ်ဆိုသည်မှာ ရိုးရိုးရှင်းရှင်းဆုလာဒ်တစ်ခုမျှသာဖြစ်သည်။ မစ်ရှင်၏ အဓိကအချက်မှာ ကျွန်းပေါ်တွင်ပတ်မိနေသူများကို ကယ်တင်ရန်ဖြစ်သည်။


"ဖေဖေ....ညီမလေးကို တကယ်ပဲ မကောင်းဆိုးဝါးနဂါးကြီးက ဖမ်းခေါ်သွားတာလားဟင်"။ လေးနှစ်အရွယ်မျှသာရှိသေးသော လင်းတုံတုံက မယုံသင်္ကာလေသံလေးဖြင့်မေးလာသည်။


ရိုက်ကူးရေးအဖွဲ့ကြောင့် ဇာတ်လမ်းဇာတ်ကွက်ဖန်တီးမှုကကောင်းမွန်လွန်းသည်ဟု လင်းယိုခံစားမိသောကြောင့်ပြုံးရင်းပြောလိုက်သည်။ "အင်း....ညီမလေးနဲ့ဦးဦးခဲ့တို့ကို နဂါးကြီးကဖမ်းသွားတာ....အဲဒါကြောင့် ဒို့တွေမြန်မြန်သွားကယ်ရမယ်"။


"ငါတို့က အရင်ဆုံးသွားကယ်နိုင်မှာ....ဘာလို့လည်းဆိုတော့ ငါ့အဖေနဲ့ငါက စသ်သည်တော်ကတ်ရထားလို့လေ။ ဘေးတွင်ရှိသောချန်ချင်းယန်က တည်ကြည်လေးနက်စွာဖြင့်ပြောလာသည်။ "နတ်သမီးပုံပြင်တွေထဲမှာဆိုရင် စစ်သည်တော်တွေကပဲ နောက်ဆုံးနဂါးကိုအနိုင်ယူနိုင်တာ"။


ချန်ချင်းယန်၏စကားကို လင်းတုံတုံကလျှာထုတ်ကာပြောင်ပြရင်း ပြန်ငြင်းဖို့ကြိုးစားသည်။ "မဟုတ်ဘူး....ညီမလေးက ငါကယ်လာဖို့ကိုပဲ စောင့်နေမှာ"။


ကလေးနှစ်ယောက်က ကလေးဆန်စွာငြင်းခုံစကားများနေကြသောကြောင့် ချန်းရီနှင့်လင်းယိုတို့သည် တစ်ယောက်နှင့်တစ်ယောက်လှမ်း


ကြည့်ရုံသာတတ်နိုင်တော့သည်။ 


ထို့အပြင် လွန်ခဲ့သောအခေါက်ချောကလက်ပေးသည့်ကိစ္စမှစတင်၍ ကုဆွေ့ဆွေ့နှင့်ခင်မင်ရင်းနှီးသွားသော ဟုန်းလင်းအာကလည်းဆွေ့ဆွေ့လေးကို ကယ်တင်ချင်နေသည်။ သူ(မ)ကမိခင်ဖြစ်သူ၏ အင်္ကျီစကိုလှမ်းဆွဲပြီး စိုးရိမ်တကြီးနှင့်ပြောလာသည်။ "မေမေ....သမီးတို့မြန်မြန်သွားရအောင်လေ.....မဟုတ်ရင် ညီမလေးကို မကောင်းဆိုးဝါးနဂါးကြီးကစားသွားလိမ့်မယ်"။


သူ(မ)သမီးက ဥာဏ်မကောင်းလှသော်လည်း ရိုက်ကူးရေးအဖွဲ့၏စီစဥ်မှုကို ကျန်းဟွီကျင်အ


လွန်ကျေနပ်အားရမိသည်။


လတ်တလောတွင် "ကလေးငယ်နှင့်အတူခရီးသွားခြင်း" ရသစုံရှိုးအစီအစဥ်၏ကျော်ကြားမှုက ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့တို့ကိုသာ အာရုံစိုက်ထားသည်။ အခြားသူများကို ပရိသတ်များက နည်းနည်းမှအာရုံမစိုက်ကြပေ။ ထိုသို့ဆိုလျှင် ရိုက်ကူးရေးကမည်သို့အဆင်ပြေပါတော့မည်နည်း။


"ဘုရင်ကြီးနှင့်မင်းသမီးလေးကိုကယ်တင်ခြင်း" ဇာတ်လမ်းကိုဖန်တီးလိုက်သည့်အခါ အားလုံး၏အာရုံက သူတို့ဆီရောက်လာပေလိမ့်မည်။ လက်ရှိအခြေအနေကို ဟန်ချက်ညီစေရန် ရိုက်ကူးရေးအဖွဲ့ကလှည့်ကွက်သုံးလိုက်သည်ဟု ကျန်းဟွီကျင်ထင်မိသည်။


လူကြီးတစ်ယောက်စီ၏အတွေးကမတူသော်လည်း ကလေးများကမူ ဇာတ်လမ်းထဲတွင်စျာန်ဝင်ကာ ဆွေ့ဆွေ့တို့ကိုအလျင်အမြန်ကယ်တင်ရန်သာ တာဆူနေကြသည်။


"ဒါရိုက်တာရီကျောက်....ကျွန်တော်တို့အစီအစဥ်ကြီးကို တကယ်ပဲဒီလိုလုပ်လို့ဖြစ်ပါ့မလား"။


ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့ကိုသာ လူအများက အာရုံရောက်နေကြသည့်အတွက် အခြားသူများအပေါ်လည်းအာရုံစိုက်လာစေရန် ဒါရိုက်တာတစ်ယောက်အနေနှင့် သူလုပ်ဆောင်ရပေမည်။


"အဆင်ပြေမှာပါ....ကြိုးစားကြည့်မှသိနိုင်မှာပေါ့"။ ဤဇာတ်လမ်းကို ရီကျောက်ဖန်တီးလိုက်ရသည့်အကြောင်းရင်းရှိသည်။


ကြည့်ရှုသူပရိသတ်များကိုဆွဲဆောင်နိုင်ရန် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့အပေါ်တွင်သာအမှီပြုခြင်းက ရေရှည်အတွက်မကောင်းနိုင်ပေ။ အစီအစဥ်လည်းနာမည်ပျက်လိမ့်မည်။ ပါဝင်


သည့်အနုပညာရှင်ဧည့်သည်တိုင်းကိုလည်း ထင်းထွက်နေအောင် သူလုပ်ပေးမှဖြစ်မည်။


ဇာတ်လမ်းတစ်ခုဖန်တီးပြီးဂိမ်းကစားစေခြင်းက ဧည့်သည်များကို တစ်ယောက်နှင့်တစ်ယောက်ပိုမိုရင်းနှီးစေရုံသာမက ကြည့်ရှုသူပရိသတ်များကိုလည်း ဤအခြေအနေမှတစ်ဆင့်အခြားဧည့်သည်များ၏အရေးပါပုံကိုလည်း နားလည်လာစေရန်ဖြစ်သည်။


ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့၏ဇာတ်ကောင်များမှာ သူတို့ကိုယ်ပိုင်နာမည်များပင်ဖြစ်သည်။ ခဲ့ကျင်းယန်ကို သူ့ပရိသတ်များက ဘုရင်ကြီးဟုခေါ်လေ့ရှိကြပြီး ကုဆွေ့ဆွေ့ကလည်း တိမ်မြှုပ်နေသောရုပ်ရှင်ကားကြီးတွင် မင်းသမီးငယ်လေးအဖြစ်သရုပ်ဆောင်ခဲ့သောကြောင့်ဖြစ်သည်။


ထို့ကြောင့် သူတို့နှစ်ဦးကို ပရိသတ်များရင်းနှီးပြီးသားဖြစ်သော ဇာတ်ကောင်နေရာများပေးလိုက်ခြင်းဖြစ်သည်။


ဤဇာတ်လမ်းဖန်တီးရန် ရီကျောက်ရဲရဲဝံ့ဝံ့ဆုံးဖြတ်နိုင်ခြင်းမှာလည်း ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့ကြောင့်ဖြစ်သည်။ 


ကျွန်းတစ်ခုလုံးတွင် သူတို့နှစ်ယောက်သာရှိသော်လည်း စိတ်ဝင်စားဖွယ်ကောင်းနေဆဲပင်။ ထိုသို့ဇာတ်သွင်းလိုက်ခြင်းကြောင့်လည်း ကြည့်ရှုနှုန်းကျဆင်းမည်ကို စိုးရိမ်စရာမလိုပေ။ 


Xxxxxxxx